🤚Chapter 112
Extra - After Marriage 6
ရှောင်ဝမ်က သူ၏စိတ်ဆန္ဒကို လွှတ်ထုတ်လိုက်သည်နှင့် သဘာဝအတိုင်းပင် တားဆီးမရဖြစ်လာသည်။
သူက ရုံးခန်း၏အသံလုံမှုနှင့်ပတ်သတ်ပြီး ထပ်ခါတလဲလဲ အာမခံသော်ငြားလည်း အန်းနဉ်က အသံမထွက်ရဲရှာပေ။ သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ညည်းညူသံတစ်စွန်းတစ်စ လွတ်ထွက်သွားမည်ကို စိုးထိတ်နေခဲ့သည်။
ရုံးခန်းတွင်း Role-playလုပ်ခြင်းက လျှို့ဝှက်စွာလုပ်ဆောင်နေရသည့်အတွက် အတိုင်းမသိ စိတ်လှုပ်ရှားမှု၊ သာယာမှုတို့ ဖြစ်ပေါ်လာစေသည်။
သုံးနှစ်တာ အောင့်အီးခဲ့ရသည့် ရှောင်ဝမ်က နောက်ဆုံးတွင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သည့်အပေါ် စိတ်ကျေနပ်နေသည်မှာ ပြောမပြတတ်လောက်အောင်ပင်။
တစ်နာရီကြာပြီးနောက် အန်းနဉ်က ရှောင်ဝမ်၏ရုံးခန်းမှ ဖိုင်တွဲတစ်ခုကို ကိုင်ကာ ပြန်လာခဲ့သည်။
ကိုးယို့ကားယားနိုင်သည့်ကိစ္စမျိုးစုံနှင့် ကျင့်သားရပြီးသားဖြစ်သော အတွင်းရေးမှူးများအနေနှင့် မျက်လုံးများက ဘေးဘီကြည့်ကာ အလုပ်တွင် နစ်မွန်းနေဟန်ပြုသည်။ သူတို့က မစ္စဝမ်အတွက် ငြိမ်သက်ပြီး ဝီရိယရှိသည့် သဘာဝဆန်ဆန်လေထုမျိုးကို ပေးစွမ်းနေကြသည်။
အလွန်ပင် သဘာဝဆန်လွန်းနေသည်။
အန်းနဉ်က လှေကားမှ ပြန်ဆင်းလာကာ ဒါရိုက်တာဝူအား ဖိုင်တွဲပေးလိုက်သည်။ ဒါရိုက်တာဝူကိုကြည့်ရသည်မှာ စိတ်ဝေဝါးနေပုံပင်။
“တအားမကြာလွန်းဘူးလား…”
“ဟုတ်ကဲ့…မစ္စတာ ဝမ်က အတော်လေး စိတ်ဝင်စားနေလို့ပါ… သူက တစ်ခုချင်းစီ အသေးစိတ် မေးမြန်းနေတာလေ… သူက အားလုံးကောင်းတယ် လို့ပြောလိုက်ပါတယ်…ဒါကြောင့် ဒါရိုက်တာဝူ့မှာ အလုံးစုံဆုံးဖြတ်ခွင့် ရှိပါတယ်တဲ့…”
ဒါဆို ရှောင်ဝမ်က ဘာအပြောင်းအလဲတစ်ခုမှ မလုပ်ဘဲနဲ့ အသစ်လေးကို ရုံးတစ်ပတ် လျှောက်ခိုင်းလိုက်တာများလား…
ဒါရိုက်တာဝမ် ကြောင်အသွားသည်။
သူက ဖိုင်တွဲကို ပိတ်ကာ မျက်လုံးတစ်ချက်ဝင့်၍ အန်းနဉ်အား ကြည့်လိုက်ရာ ပြောမည့်စကားပင် ရပ်သွားသည်။
ဒီအသစ်လေးက ကြည့်ကောင်းတယ်ဆိုတာသိပေမဲ့….ဒါကြီးက တအားလှလွန်းမနေဘူးလား…
သူ့ကိုယ်သူ ရိုးသားဖြောင့်မတ်သည်ဟု ယူဆထားသည့် ဒါရိုက်တာဝူပင် အန်းနဉ်အား နောက်တစ်ဖန် ထပ်မကြည့်မိဘဲ မနေနိုင်ချေ။
ဤအမျိုးသမီးလေးကား ဖြောင့်မတ်သင့်လျော်စွာ နေထိုင်တတ်ပြီး သူမ၏ အပြုအမူများက လွန်ကဲခြင်းမရှိသည့်အပြင် မပြောသင့်သည်စကားတစ်ခွန်းမျှ မဟခဲ့ချေ။ သူမက သူ့အရှေ့၌ ရပ်နေပြီး ညွှန်ကြားချက်များကို စောင့်ဆိုင်းနေပုံရသည်။
ဒါရိုက်တာဝူက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ဒီမှာ တခြားကိစ္စမရှိတော့ဘူး… နေရာကို ပြန်သွားလို့ရပြီ…”
ထို့နောက် အချိန်ကို ကြည့်လိုက်ရာ နေ့လည်စာစားချိန် ရောက်မှန်း သိလိုက်ရသည်။
အန်းနဉ်က သူမနေရာသို့ ပြန်သွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များက နေ့လည်စာအတူစားရန် ခေါ်ကြသည်။
ကုမ္ပဏီကို ရှောင်ဝမ် လက်လွှဲယူလိုက်သည့်အချိန်မှစ၍ ရုံးချုပ်တွင် အကောင်ကြီးများနှင့် ပြည့်နှက်နေပြီး ထိုအကောင်ကြီးများ၏ အရှိန်အဝါကြောင့် လူတိုင်းက ရိုကျိုးနေပုံရသည်။ အန်းနဉ်က ရုံးခွဲပေါင်းမြောက်များစွာတွင် အလုပ်လုပ်ဖူးသဖြင့် စရိုက်မျိုးစုံကို တွေ့ကြုံခဲ့ဖူးသည်။ သို့သော် ရုံးချုပ်က ရုံးခွဲများနှင့် မတူဘဲ ငြိမ်းချမ်းနေသည်မှာ သူမထင်ထားသည်နှင့် တက်တက်စင်အောင် လွဲနေသည့်အချက်ပင် ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်များနှင့် ရယ်ရယ်မောမော ပြောနေကြရင်း ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။ နေ့လည်စာစားချိန်ဖြစ်၍ ဓာတ်လှေကားမှာ လူကြပ်သိပ်နေပြီး အကုန်လုံးကိုစုကာ ထုပ်ထားသည့်အတိုင်းပင်။ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးက အန်းနဉ်အနားတွင် ရပ်နေပြီး မသိစိတ်အရ အန်းနဉ်၏မျက်နှာအား ကြည့်လိုက်မိသည်။
“ကျိအန်းနဉ် နင့်အသားအရေက ဘာလို့ ဘာမှမရှိအောင်ကောင်းနေရတာလဲ…”
အန်းနဉ်၏ အသားအရေမှာ အနည်းငယ် ပန်းရောင်သန်းနေပြီး အခွံခွာကာစ ကြက်ဥပြုတ်လေးကဲ့သို့ ပြစ်ချက်တစ်ချက်မှ မရှိချေ။ မိတ်ကပ်ဖောင်ဒေးရှင်းနှင့် ပါးနီလိမ်းထားသည့်အရိပ်အယောင်ကို တစိုးတစိမှ မတွေ့ရပေ။ သူမ၏ ပင်ကိုယ်အသားအရေ ဖြစ်ရမည်။
“ဘုရားရေ နင့်မှာ ဝက်ခြံလည်းမရှိဘူး…ငါကျတော့ ဘာလို့ဝက်ခြံတွေ ပေါက်နေရတာလဲ…”
လုပ်ဖော်ကိုင်ဖက်အမျိုးသမီးမှ အားကျကာ ညည်းညူလိုက်သည်။
အကြောင်းရင်းကတော့ မင်းက Singleဖြစ်နေသေးလို့လေ မိန်းကလေးရဲ့…..
အန်းနဉ်၏ သူတော်ကောင်းယောင်ဆောင်မှုမှာ ယခုအချိန်၌ အထွပ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူမက လေးလေးနက်နက်နှင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ပေါ့ပေါ့ပါးပါး အစားအသောက်မျိုး စားရမယ်…ဆီများတာနဲ့ အစပ်ရှောင်ရမယ်လေ…”
ထို့ကြောင့် နေ့လည်စာစားချိန်တွင် သူမလုပ်ဖော်ကိုင်ဖက်အမျိုးသမီးများ၏ နေ့လည်စာမှာ အလွန်ပင် ပေါ့ပါးနေပေသည်။
အန်းနဉ်တစ်ဦးတည်းသာ ဝက်သားနှပ်ပန်းကန်နှင့်ပင်။
ညနေအိမ်ပြန်ရောက်ပြီးနောက် စကားစမြည်ပြောကြတာ အန်းနဉ်က ဝမ်ယွီအား မေးရန်သတိရသွားသည်။
“ရှင့်အတွင်းရေးမှူးက ဘာလို့ အမျိုးသားတွေ ဖြစ်နေရတာလဲ…”
“အိုး…ဘာကိုဆိုလိုတာလဲ…ကိုယ့်ကို အမျိုးသမီး အတွင်းရေးမှူး ရှာစေချင်လို့လား…”
ဝမ်ယွီက ပြုံးလိုက်သည်။
“သွားစမ်းပါ…ဒီတိုင်း ရှင့်အကျင့်နဲ့ ရှားရှားပါးပါး မတူဘူးလို့ ထင်လိုက်လို့ပါ…”
ကျိအန်းနဉ်က သူ့ကိုပြန်စနောက်သည်။
ဝမ်ယွီ၏ ပရောပရည်ကျသော အကျင့်အရ ရုံးခန်းကို အလှဆင်နိုင်ရန် ဆွဲဆောင်မှုရှိသည့် အမျိုးသမီး အတွင်းရေးမှူး တစ်ယောက်နှစ်ယောက်ခန့် ထားသည်က ပုံမှန်ဖြစ်သည်ဟု ခံစားရသည်။ ထိပ်ဆုံးတစ်လွှာလုံးကို ယောကျာ်းသားများဖြင့် ဖြည့်ထားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ပျင်းရိစွာ အကြောဆန့်လိုက်ပြီးနောက် ဝမ်ယွီက ပြောလိုက်သည်။
“ကိုယ့်အမေက အရင်တုန်းက ကိုယ့်အဖေရဲ့ အတွင်းရေးမှူးလေ…အဖေက ကိုယ့်ကို အစောကြီးကတည်းက သတိပေးပြီးသား…အလုပ်ကိုအာရုံစိုက်ပြီး ဇနီးနဲ့ကလေးကို ချစ်ပေးရမယ်တဲ့….ရုံးခန်းထဲ အရှုပ်မလုပ်နဲ့…သူ့လိုအမှားမျိုး မလုပ်မိစေနဲ့တဲ့…”
အန်းနဉ်က စိတ်ထဲမှ သူမ၏ယောက္ခထီးအား လက်မပေးလိုက်ချင်သည်။
ဝမ်ယွီက စတင်ကြွားဝါလာတော့သည်။
“ပြီးတော့ ကိုယ်သာ အတွင်းရေးမှူးချောချောလေး လိုချင်တယ်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ သူ့ကို……ဟီးဟီး….”
“သူ့ကို ဘာလုပ်မှာလဲ….”
အန်းနဉ်က သူ့အပေါ် မှီချလိုက်ပြီး မျက်စောင်းထိုးကာ မေးလိုက်သည်။
ဝမ်ယွီက အရှက်မရှိစွာ ပြန်ဖြေသည်။
“မင်းယောကျာ်းရဲ့ လုပ်နိုင်စွမ်းကို မသိဘူးလား…”
“ဟက်…”
အန်းနဉ်က ပြန်တုံ့ပြန်လိုက်သည်။
အနေနီး၍ အကျင့်စရိုက်များ ကူးစပ်သွားခြင်းဖြစ်ရမည်။ အန်းနဉ်က အိပ်ရာဘေးရှိ စားပွဲ၏အံဆွဲကို ဖွင့်ကာ လက်ထိပ်တစ်စုံကို ထုတ်လိုက်ပြီး ‘ကလစ်’ ဟူသည့် မြည်သံနှင့်အတူ ဝမ်ယွီ၏လက်တစ်ဖက်ကို ကုတင်လက်ရမ်းနှင့် တွဲကာ လက်ထိပ်ခတ်ထားလိုက်သည်။
“ရှင့်ရဲ့ လုပ်နိုင်စွမ်းကို သင်ယူပါရစေဦး…”
အန်းနဉ်၏ မျက်ဝန်းများက ငွေ့ရည်ဖွဲ့နေပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်။
သူမက ငယ်ရွယ်သေးသော်ငြားလည်း ဝမ်ယွီ၏ ပျိုးထောင်မှုအောက်တွင် ပိုမိုရင့်ကျက်လာခဲ့သည်။ နှစ်ဦးသားမှာ တွဲဖက်ညီနေပြီး လေထုက ရောထွေးယှက်တင်နေကာ တစ်ဦးနှင့် တစ်ဦး ပိုမိုနီးကပ်လာရင်း သဘာဝအတိုင်း ဟော်မုန်းများကို အစပျိုးနေကြသည်။
ဝမ်ယွီက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ ပြုံးလိုက်သည်။
“လာလေကွာ…”
‘ကလစ်’ ဟူသည့် အသံအရ နောက်လက်တစ်ဖက်ပါ အခတ်ခံလိုက်ရသည့်ပုံပင်…
သူတို့၏အသက်အရွယ်များက ဘဝကို စတင်သည့်အရွယ်ဖြစ်ပြီး အချစ်၏ သာယာမှု ချမ်းမြေ့မှုများကို ခံစားနေရမည့် အချိန်လည်းဖြစ်သည်။ တစ်ညကို သုံးလေးကြိမ်မျှ လုပ်ခြင်းက အံ့ဩစရာ မဟုတ်ပေ။
ယနေ့ ရုံးတွင် တစ်ကြိမ်ဆင်နွှဲခဲ့ရပြီး ၎င်းက စိတ်လှုပ်ရှားဖွယ်ကောင်းသော်ငြားလည်း ထိုအချိန်တွင် အလျင်စလိုဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာနှင့် ညတာက ရှည်နေဆဲပင်။
အန်းနဉ် ရုံးချုပ်သို့ ရောက်လာသည်မှာ ဝမ်ယွီအတွက် ဂိမ်းထဲ မြေပုံအသစ်ပွင့်သွားသည့်အလားပင်။ သူက မစ်ရှင်အသစ်များကို အောင်မြင်အောင် ကစားမည့်ပုံပင်။
ဥပမာအားဖြင့် သူက အန်းနဉ်အား ရုံးခန်းသို့ ခေါ်လိုက်ပြီး ထိုင်ခုံအနောက်ရှိ မျက်နှာကြတ်မှ ကြမ်းပြင်ထိတိုင်အောင် တပ်ဆင်ထားသော မှန်ပြတင်းပေါက်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမအား မှန်ကို ထိခိုင်းကာ ပြောလိုက်သည်။
“ဒီမှန်နံရံကို ကြည့်ကြည့်လိုက်…ရိုးရိုးမှန်မဟုတ်ဘူး…”
မှန်နံရံအရှေ့ ဆော့ကစားရန် တာဝန်သော့ပွင့်သွားသည်…
သူက အန်းနဉ်အား အချိန်ပိုဆင်းစေသည့်အနေနှင့် အတွင်းရေးမှူးမှတဆင့် တာဝန်ပေးလိုက်သည်။ ထို့နောက် အားလုံး ပြန်သွားသည်နှင့် သူမအား သူ့ကိုယ်ပိုင်ဓာတ်လှေကားထဲ ခေါ်လာခဲ့သည်။
ဓာတ်လှေကားထဲ၌ သူက ဖုန်းကို ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒီဓာတ်လှေကားရဲ့ စောင့်ကြည့်ရေးစနစ်ကို ကြည့်ပါဦး…ဒါကလည်း ရိုးရိုးသာမန်မဟုတ်ဘူးနော်…”
လက်တလောတွင် ဓာတ်လှေကား၏ စောင့်ကြည့်မှုစနစ်နှင့်ပတ်သတ်ပြီး အဆင့်မြှင့်ထားသဖြင့် စောင့်ကြည့်မှုများက လုံခြုံရေးဌာနအစား မစ္စတာဝမ်၏ ရုံးခန်းကွန်ပျူတာထဲသို့ တိုက်ရိုက်ရောက်လာမည် ဖြစ်သည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် ထိန်းချုပ်နိုင်သေးသည်။
ဖုန်းတွင် လုပ်ဆောင်ချက်တစ်ခုအား ချောမွေ့စွာ နှိပ်လိုက်ပြီး မစ္စတာဝမ်က ဓာတ်လှေကားကို အလယ်တွင် ရပ်လိုက်သည်။
ရုံးဓာတ်လှေကားထဲ ဆော့ကစားရန် တာဝန်သော့ပွင့်သွားသည်…
နောက်ပိုင်းတွင်….
ကားရပ်နားရာနေရာတွင် ဆော့ကစားရန် တာဝန်သော့ပွင့်သွားသည်…
နားနေခန်းအတွင်း ဆော့ကစားရန် တာဝန်သော့ပွင့်သွားသည်…
အရေးပေါ် လှေကားအနား ဆော့ကစားရန် တာဝန်သော့ပွင့်သွားသည်…
အနံ့အသက်ကြောင့် သန့်ရှင်းရေးပစ္စည်းသိုလှောင်ရာ စတိုခန်းတာဝန်အား ငြင်းပယ်လိုက်ပုံရ၍ ၎င်းတာဝန်မှာရှုံးနိမ့်သွားသည်…
မည်သည့်တာဝန်တွင်ဖြစ်စေ ဝမ်ယွီက လုံးဝတရားလွန်ဖြစ်နေသည်။
အဆိုးဆုံးဖြစ်ရပ်မှာ လက်ထောက်ဒုဥက္ကဌမှ ဝမ်ယွီအား အရေးကြီးကိစ္စ လာတင်ပြစဉ် အန်းနဉ်က သူ့စားပွဲအောက်တွင် ရှိနေခဲ့သည်။
ထိုအရှက်မရှိသည့် လူဆိုးက ဒုဥက္ကဌအား အခန်းထဲသို့ ဝင်ခွင့်ပင် ပြုလိုက်သေးသည်။
အန်းနဉ်မှာ ထိတ်လန့်သွားပြီး အသံပင် မပြုရဲခဲ့ချေ။
မစ္စတာဝမ်က တင်ပြချက်ကို လေးနက်သည့်အမူအရာဖြင့် နားထောင်နေခဲ့စဉ် သူမခေါင်းကို ဖိလိုက်ကာ မရပ်လိုက်ရန် အချက်ပြလိုက်သည်။
အန်းနဉ်က သူ့ပေါင်တွင် ကိုက်ရာကြီးတစ်ခု ပေါ်လာသည်အထိ ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။
ထို့ကြောင့် မစ္စတာဝမ်အား လာတင်ပြသည့် လက်ထောက်ဒုဥက္ကဌမှာ မစ္စတာဝမ် မျက်မှောင်ကြုံ့နေသည်ကို မြင်လိုက်ရသည်။
နာကျင်နေပုံရသော်လည်း ကျေနပ်စရာကောင်းနေသေးသည့်အတွက် သူ၏အမူအရာမှာ ထူးထူးခြားခြားဖြစ်နေသည်။
ဝန်ထမ်းသစ်ဖြစ်သည့် အန်းနဉ်အား ထိပ်တန်းအရာရှိများမှ မကြာခဏ ခေါ်နေခြင်းအပေါ် တခြားသူများ သတိမထားမိဘဲ မဖြစ်နိုင်ချေ။
ပထမဆုံးအနေနှင့် မစ္စတာဝူက မကျေနပ်ခဲ့ချေ။
အန်းနဉ်က အတွင်းရေးမှူးရှီနှင့် အမျိုးတော်စပ်ခဲ့လျှင်ပင် သူမက လက်ရှိ မစ္စတာဝူ၏ လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ အတွင်းရေးမှူးရှီမှ အန်းနဉ်အား မကြာခဏခေါ်ခြင်းက မစ္စတာဝူအား သူ၏နယ်မြေကို ထိပါးလာသည်ဟု ခံစားလာစေသည်။
ကံကောင်းထောက်မစွာနှင့် အန်းနဉ်က အလွန်သိမ်မွေ့ကာ လေးလေးနက်နက်ရှိသည့် မိန်းမပျိုလေးဖြစ်နေ၍ပင်။ ထိုအကြောင်းကိုတွေးလိုက်ပြီးနောက် သူ့အနေနှင့် တစ်ခုခုအားလွဲချော်ခဲ့သည်ကို တဖြည်းဖြည်းသိလာရသည်။
အတွင်းရေးမှူးရှီက မစ္စတာဝမ်ဘေးရှိ အတွင်းရေးမှူးချုပ်ဖြစ်သော်လည်း အတွင်းရေးမှူးများ၏ အလုပ်နေရာသည် မစ္စတာဝမ်၏ ရုံးခန်းအပြင်ဘက်တွင် ဖြစ်သည်။
ထို့ကြောင့် အတွင်းရေးမှူးရှီမှ ထိုကဲ့သို့ ညွှန်ကြားချက်မျိုးကို ပွင့်ပွင့်လင်းလင်း ချမှတ်ရန် မဖြစ်နိုင်ချေ။ တစ်ကြိမ်နှစ်ကြိမ်က မသိသာသော်လည်း အကြိမ်ရေများလာသည်နှင့် အခြားအတွင်းရေးမှူးများက သံသယဝင်လာပေလိမ့်မည်။ အတွင်းရေးမှူးများကြားတွင်လည်း ပြိုင်ဆိုင်မှုများက ရှိနေသေးသည်။
ထို့အပြင် အန်းနဉ်အခေါ်ခံရသည့်အချိန်တိုင်း သူမက မစ္စတာဝမ်၏ ညွှန်ကြားချက်များ၊ အမှာစကားများကို ပြန်သယ်လာခဲ့သည်။ ထိုအရာများက စစ်မှန်ပြီး သူ့အား မလှည့်ဖြားနိုင်ချေ။
မစ္စတာဝူက အရေးပါသူတစ်ဦးအား ထည့်မတွေးလိုက်မိမှန်း နားလည်လာသည်။
သူက အန်းနဉ်နှင့် အတွင်းရေးမှူးရှီအကြား ဆက်စပ်မှုကိုသာ တွေးနေခဲ့ပြီး မစ္စတာဝမ်ကဲ့သို့ အရေးပါသူအား လျစ်လျူရှုခဲ့မိသည်...မစ္စတာဝမ်က အသက်၂၆နှစ်ရှိပြီဖြစ်ကာ ထိုအရွယ်က လူငယ်ဘဝ၏ အဓိကအရွယ်ဖြစ်ပြီး တက်ကြွမှု ဟော်မုန်းများနှင့် ပြည့်နေဆဲပင်ဖြစ်သည်။
ထို့အပြင် ကျိအန်းနဉ်ဆိုသည်မှာ ၂၄နှစ်ရှိပြီဖြစ်ပြီး လှပသိမ်မွေ့သည်။ သူမအနားဖြတ်လျှောက်သွားသည့် လုပ်ဖော်ကိုင်ဖက်အမျိုးသားတိုင်း သူမအား နောက်ထပ်မကြည့်ဘဲ မနေနိုင်မိချေ။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ယူဆထားသော မစ္စတာဝူပင် ထိုကဲ့သို့မိန်းကလေးမျိုး ရုံးတွင်ရှိနေခြင်းက ကောင်းမွန်သည့်မြင်ကွင်းကို ဖြစ်ပေါ်စေပြီး စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်ဟု ခံစားမိသည်။
မစ္စတာဝူက ဆက်မတွေးဘဲ မနေနိုင်ချေ။
နှစ်စဉ်တွေ့ဆုံပွဲအတွက် ပြင်ဆင်သည်က တဖြည်းဖြည်း တိုးတက်လာပြီး hostရွေးသည့်ကိစ္စမှလွဲ၍ အများစုမှာ အဆင်ပြေချောမွေ့နေပြီဖြစ်သည်။
မစ္စတာဝမ်နှင့် နေ့လည်စာစားချိန်တွင် မစ္စတာဝူက ၎င်းကို ပေါ့ပေါ့ပါးပါးပြောခဲ့ရာ မစ္စတာဝမ်မှ မေးမြန်းလာသည်။
"နှစ်စဉ်တွေ့ဆုံပွဲအတွက် ဝန်ထမ်းတွေကို ဦးစားပေးလိုက်ပါ ပရော်ဖက်ရှင်နယ်hostငှားဖို့မလိုဘူး.... "
ဝန်ထမ်းတွေကို လုပ်ခိုင်းတာပေါ့ Marketingဌာနက ပုံရိပ်ကောင်းရှိတဲ့ သူကို ရှာလိုက်ပါ
မစ္စတာဝူက သူ၏ရည်ရွယ်ချက်ကို နားလည်နေသဖြင့် ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။
သို့သော် အခြားဒုဥက္ကဌတစ်ဦးက ပြောလာသည်။
" မင်းတို့ Marketingဌာနမှာ အရမ်းလှတဲ့မိန်းကလေး ရောက်နေတယ်ဆို... သူလည်း မဆိုးဘူးလားလို့..."
မစ္စတာဝမ်က ထိုလူအားစိုက်ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် အလွန်လေးနက်သည့် အဓိပ္ပာယ်တစ်ရပ်ပါဝင်နေသည်ကို မစ္စတာဝူ ခံစားမိသည်။
မစ္စတာဝမ်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ နာမည်တပ်မပြောခဲ့သဖြင့် သိုသိုသိပ်သိပ်နည်းကို သုံးလိုကြောင်း သိလိုက်သည်။ မစ္စတာဝူက ထိုအကြောင်းကို နားလည်သဖြင့် မစ္စတာဝမ်မှ အန်းနဉ်ကို ရွေးနိုင်ရန် သူ၏ဌာနမှ ပုံရိပ်ကောင်းရှိသည့် မိန်းကလေးနှစ်ဦးကို ရွေးလိုက်သည်။
ထင်ထားသည့်အတိုင်းပင် မစ္စတာဝမ်က အန်းနဉ်ကို ရွေးချယ်ခဲ့သည်။
မစ္စတာဝူ၏ ထိုးထွင်းသိမြင်နိုင်စိတ်က ပိုမိုရှင်းလင်းလာခဲ့သည်။
သူက အန်းနဉ်အား အရွေးခံရသည့်အကြောင်း ပြောပြလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ရှောင်ကျိ မင်းလက်ထပ်ပြီးပြီလား..."
အန်းနဉ်က ပြုံးကာပြန်ဖြေသည်။
" ဟုတ်ကဲ့ ကျွန်မလက်ထပ်ပြီးပါပြီ..."
သူမ၏အပြုံးက တောက်ပနေပြီး ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်မှာ ထင်ရှားသည်။
လှတဲ့မိန်းမတွေက တကယ်ကို ခန့်မှန်းလို့မရဘူးပဲ... ဒီလောက်ပျော်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးရှိနေတာတောင် သူမက ဘော့စ်နဲ့ ပတ်သတ်နေသေးတယ်...
မစ္စတာဝူက မယုံကြည်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူ့ဇနီးဖြစ်သူအကြောင်းတွေးမိသည်။ သူ့ဇနီးသည်က မလှသော်ငြားလည်း သူနှင့် အေးအတူပူအမျှ နေထိုင်ခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ သူ့အား စိတ်နှလုံးအကြွင်းမဲ့ ထောက်ပံ့ပေးခဲ့သည်။ အလုပ်ဆင်းချိန်တွင် သူက ဇနီးသည်အတွက် ပန်းတစ်စည်းဝယ်သွားခဲ့သည်။ နှစ်ပတ်လည်နေ့ သို့မဟုတ် ထူးခြားသည့်နေ့မဟုတ်သဖြင့် သူ့ဇနီးမှာ ကြောင်အသွားသည်။
နှစ်စဉ်တွေ့ဆုံပွဲအတွက် hostအဖြစ် အန်းနဉ်အရွေးခံလိုက်ရခြင်းက တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်စေခဲ့သည်။
အန်းနဉ်နှင့် အသက်တူသော်လည်း ရုံးချုပ်၌ နှစ်နှစ်ကျော် အတွေ့အကြုံရှိသည့် ရှုရွှမ်းက အထူးမကျေမနပ်ဖြစ်နေခဲ့သည်။ သူမက Marketingဌာနတွင် ပုံရိပ်ကောင်းရှိပြီး ဌာန၏အလှလေးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သို့သော် အလုပ်စဝင်ကာစ လူသစ်တစ်ယောက်ထံတွင် hostနေရာ အတွက် ရှုံးနိမ့်သွားသည်ကို မမျှော်လင့်ထားသဖြင့် အလွန်ပင် မကျေမနပ်ခံစားနေရသည်။
အန်းနဉ်က ထိပ်ဆုံးအလွှာသို့ မကြာခဏသွားနေရခြင်းကို သတိထားမိ၍ ပို၍ပင် စိတ်မချမ်းမသာဖြစ်လာရသည်။
ထိပ်ဆုံးလွှာတွင် မစ္စတာဝမ်နှင့် သူ၏အတွင်းရေးမှူးအဖွဲ့သာ ရှိသည်။
မစ္စတာဝမ်က ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိကာ သူ၏ပိုင်ဆိုင်မှုမှာ မရေတွက်နိုင်အောင်ပင်။ ထိုကဲ့သို့ လူချမ်းသာမိသားစုမှ အမျိုးသားလေးက ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းငယ်လေးများ၏ စိတ်ကူးယဉ်စရာ အိပ်မက်ချစ်သူ ဖြစ်လာခဲ့သည်။
သို့သော်လည်း သူက ထိပ်ဆုံးလွှာ၌သာ နေပြီး သာမန်ရုံးဝန်ထမ်းများအနေနှင့် သူ့အားတွေ့နိုင်မည့် အခွင့်အရေးမှာ ရှားပါးလှသည်။ ရှုရွှမ်းမှာ အလုပ်သက်တမ်း နှစ်နှစ်ကျော်သော်ငြားလည်း သူ့ကိုမြင်ခဲ့သည့်အခေါက်ရေကို လက်ချိုးရေနိုင်သည်။ သူ့ကိုဖြတ်ခနဲမြင်ရသည့် ကံကောင်းသည့်အခေါက်တိုင်း သူမနှလုံးသားလေးက ပုံမှန်မဟုတ်စွာ ခုန်လာပြီး ပါးစပ်ခြောက်ကပ်လာသည်ဟု ခံစားရသည်။
သို့ရာတွင် ဝန်ထမ်းအသစ်ဖြစ်သည့် အန်းနဉ်က ထိပ်ဆုံးအလွှာသို့ နေ့တိုင်းနီးပါးအခေါ်ခံရသည်။
သူက မစ္စတာဝမ်ကို နေ့တိုင်းတွေ့နေရတာလား...
ဒါမျိုးကိုတော့ ခွင့်ပြုထားလို့ ဘယ်ရမလဲ...
###