အပိုင်း၂၈၀
Viewers 67k

🍵Chapter 280




အစီအစဉ်ကို အတည်မပြုမီ နောက်ဆုံးတွင် စုပေါင်းဆန္ဒပြမှုသည် ကျောင်းအသီးသီး၏ ခေါင်းဆောင်ရုံးခန်းများသို့ ရောက်ရှိလာသည်။


ပညာရေးဝန်ကြီးဌာနကလည်း အဆိုပါသတင်းကို လက်ခံရရှိခဲ့ပြီး အစည်းအဝေးများနှင့် ဆွေးနွေးမှုများအပြီးတွင် ယင်းလမ်းကြောင်းကို ထိန်းချုပ်ရန် လူတိုင်းက သဘောတူညီခဲ့ကြသည်။


အကယ်၍ သင်သည် အခြားသူတစ်ဦး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ကို အယောင်ဆောင်ခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အရည်အချင်းမပြည့်မီရုံသာဖြစ်ပါက ၎င်းသည် လူများစွာအတွက် သတိပေးချက်အဖြစ်မည်မဟုတ်သည့်အပြင် လူပေါင်းများစွာသည်လည်း စွန့်စားကာ ဆက်လက်လုပ်‌ဆောင်ကြပေလိမ့်မည်။


ဆွေးနွေးပြီးနောက် ပညာရေးဝန်ကြီးဌာနသည် ချန်ကျစ်ယဲ့ကို အခြားသူများ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲရမှတ်များကို ခိုးယူကာ မှားယွင်းသော အထောက်အထားများ အတုပြုလုပ်မှုဖြင့် ပြည်သူ့လုံခြုံရေးဗျူရိုသို့ ပို့ရန် ဆုံးဖြတ်ခဲ့သည်။ စီရင်ချက်ချမှတ်ပြီးနောက် ချန်ကျစ်ယဲ့သည် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည်။


ချန်ကျစ်ယဲ့၏ဖခင်ဖြစ်သူ၊ ပြည်သူ့လုံခြုံရေးဗျူရို၏ ဒါရိုက်တာဖြစ်သူ ချန်၀မ်ယောင်ကိုလည်း စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး နောက်ဆုံးတွင် သားအဖနှစ်ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။


ရုတ်​တရက်​အ​ပြောင်းအလဲနှင့်​ရင်​ဆိုင်​​သည့်အခါ ချန်မိသားစု လုံးလုံး ရှုပ်ထွေးသွားတော့သည်​။


ချန်၀မ်ယောင်နှင့် ချန်ကျစ်ယဲ့တို့ သားအဖနှစ်ယောက်ကို ရဲများက ဖမ်းဆီးလိုက်ကြသည်။ 


ချန်ရှို့ယွင်မှာ အလွန်ထိတ်လန့်သွားပြီး ခြေထောက်များပင် အားပျော့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။


မူလက သူမသည် ထုံရွှယ်လူကို ကျောင်းအပြင်ဘက်တွင် တွေ့ဆုံရန် ပိတ်ရက်ရောက်သည်အထိ စောင့်ဆိုင်းလိုခဲ့သော်လည်း ယခုအခါ မစောင့်နိုင်တော့ချေ။ သူမက တံခါးကို သော့ခတ်ပြီးနောက် ထုံရွှယ်လူကိုရှာရန် ပေကျင်းတက္ကသိုလ်သို့ သွားလိုက်သည်။


သူမသည် ထုံရွှယ်လူကို ဝမ်မိသားစုဆီသို့ ပြန်သွားစေကာ ချန်၀မ်ယောင်နှင့် ချန်ကျစ်ယဲ့တို့အား လွှတ်ပေးရန် စည်းရုံးရပေမည်။


အိပ်ဆောင်မှ မိန်းကလေးတစ်‌ယောက်က ထုံရွှယ်လူကို အကြောင်းကြားလာသည့်အခါမှာတော့ သူမသည် တစ်ရေးတစ်မော အိပ်ရန်ပင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


မက်ဆေ့ချ်ယူလာသည့်သူကို ကြည့်လိုက်ပြီး မျက်ခုံးများကို ပင့်တင်လိုက်သည်။


 " ချန်ဆိုတဲ့ အမျိုးသမီးက ကျွန်မကို လာတွေ့တာလို့ ဆိုလိုတာလား "


ကောင်မလေးက ခေါင်းညိတ်ပြသည်။ " အဲဒီသူက နင် သူမကို သိတယ်လို့ ပြောတယ်၊ အဒေါ်က အရမ်းသပ်သပ်ရပ်ရပ်၀တ်စားထားတယ်၊ သာမာန်လူတစ်ယောက်လို မဟုတ်ဘူး "


ထုံရွှယ်လူသည် အခြားသူ၏ အထောက်အထားကို ချက်ချင်း ခန့်မှန်းမိလိုက်ပြီး သူမ၏နှုတ်ခမ်း နီရဲရဲက  အနည်းငယ် ကွေးတက်သွားကာ ပြောလိုက်သည်။


 " ငါသိပြီ၊ အခု ဆင်းသွားလိုက်မယ်၊ ကျေးဇူးတင်ပါတယ် " 


သူမသည် သူမ၏ ပုံပန်းသွင်ပြင်ကို သပ်ရပ်စွာ ပြုပြင်လိုက်ပြီး အံဆွဲထဲမှ အထုပ်တစ်ထုပ်ကို ထုတ်ကာ ကျောပိုးအိတ်ထဲသို့ ထည့်၍ အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။


အိပ်ဆောင်အဆောက်အဦးမှ ထွက်လာသည်နှင့် နောက်ဆုံးအကြိမ်က ဝမ်ရူကွေ့ရပ်နေခဲ့သည့် သစ်ပင်ကြီးအောက်တွင် အမျိုးသမီးတစ်ဦး အိပ်ဆောင်ဘက်သို့ လှမ်းကြည့်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။


ထုံရွှယ်လူက သူမဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။  ထိုအမျိုးသမီး၏ အကြည့်များက သူမဆီသို့ ကျရောက်ပြီးနောက် အိပ်ဆောင်ဝင်ပေါက်ဆီသို့ ပြန်သွားခဲ့သည်။


ထင်ရှားစွာပင် သူမသည် ထုံရွှယ်လူက မည်သို့သောပုံစံဖြစ်သည်ကို မသိပေ။


ထုံရွှယ်လူသည်  သူမ၏ယခင်ဘဝ၌ ၀မ်ရူကွေ့အား အဆုံးထိရောက်အောင် တွန်းပို့ခဲ့သော ဤအမျိုးသမီးကို ကြည့်လိုက်သည်။


ချန်ရှို့ယွင်သည် ယခုနှစ်တွင် အသက် လေးဆယ့်ခြောက်နှစ်ရှိပြီဖြစ်သော်လည်း သူမ၏ ပုံစံမှာ အသက်သုံးဆယ်ကျော်ဟုသာ ထင်ရသည်။ ဖြူ‌ဖွေးသည့် အသားအရည်၊ နူးညံသည့် သွင်ပြင်လက္ခဏာနှင့်သူမသည် အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် သားတစ်‌ ယောက်၏ မိခင်ဖြစ်ကြောင်း အရိပ်အယောင်မရှိပေ။


ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် ချန်ရှို့ယွင်သည် အမှန်တကယ်ပင် လှပသည်။  ဤအရွယ်မှာပင် မီးခိုးရောင်အဝတ်အစားများက သူမ၏ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ပေ။


စာအုပ်ထဲရှိ အကြောင်းအရာကို မသိထားလျှင် ထုံရွှယ်လူသည် စာအုပ်ထဲမှ အဆိပ်အတောက်ဖြစ်သည့် မိန်းမနှင့် သူမ ရှေ့က မိန်းမလှကို ဆက်စပ်နိုင်မည်မဟုတ်ပေ။


နောက်ဆုံးတွင် ချန်ရှို့ယွင်သည် ထုံရွှယ်လူ၏ အကြည့်ကို သတိပြုမိပြီး သူမကို လှည့်ကြည့်ကာ " မင်းက ထုံရွှယ်လူ ဟုတ်တယ်မလား။ ရူကွေ့ရဲ့ စေ့စပ်ထားသူလေ "


သူမ၏ အသံသည် ကျောက်စိမ်းပြားပေါ်ကျရောက်သော ပုလဲများကဲ့သို့ ပြေပြစ်သာယာပြီး မျက်နှာပေါ်တွင် ရန်လိုမှုအရိပ်အမြွက်မျှ မရှိချေ။


ဤအရည်ထူသော မျက်နှာထားကို ထုံရွှယ်လူက လက်မထောင်ဘဲ မနေနိုင်ပေ။


ထုံရွှယ်လူသည် သူမ၏အကဲဖြတ်အကြည့်ကို ဖယ်ရှားလိုက်ပြီး စိတ်လှုပ်ရှားကာ ရှက်ရွံ့သောအကြည့်ဖြင့် " ဒေါ်ဒေါ်က ရူကွေ့ရဲ့အမေလား "


ချန်ရှို့ယွင်သည် စိတ်လှုပ်ရှားနေပြီး နီမြန်းနေသော သူမ၏ပါးပြင်များကို ကြည့်ကာ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်မှုအရိပ်အမြွက် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ 


" ဟုတ်ပါတယ်၊ ဒေါ်ဒေါ်က ရူကွေ့ရဲ့အမေပါ။ ရူကွေ့ စေ့စပ်သွားတဲ့အကြောင်း ဒေါ်ဒေါ်ကြားခဲ့ပြီး သမီးကို ပြန်လာတွေ့ချင်နေခဲ့တာ။  ဒါပေမယ့်..."


ထိုအချိန်တွင် သူမသည် ရုတ်တရက် ပါးစပ်ကိုအုပ်ကာ နူးညံစွာ ငိုသည်။


ထုံရွှယ်လူက စိုးရိမ်ဟန်ဆောင်ပြီး " ဒေါ်ဒါ် ဘာလို့ ငိုနေတာလဲ "


ချန်ရှို့ယွင်သည် လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး မျက်လုံးထောင့်များကို သုတ်ကာ မျက်လုံးအိမ်များ နီရဲနေလေသည်။ 


" ရွှယ်လူ၊ ဒေါ်ဒေါ်ရဲ့ နှလုံးသားက နာကျင်နေတယ်။ ရူကွေ့ငယ်တုန်းက ဒေါ်ဒေါ်နဲ့ ရူကွေ့အဖေတို့ ကွာရှင်းခဲ့ကြတယ်။ ဒေါ်ဒေါ် နောက်အိမ်ထောင်ပြုတဲ့အခါ ရူကွေ့ကို ခေါ်သွားချင်ခဲ့ပေမယ့် သူ့အဘိုးက ငြင်းခဲ့တယ် "


" ပိုဆိုးတာက လူကြီးမင်း၀မ်က ဒေါ်ဒေါ်ကို ရူကွေ့နဲ့ တွေ့ခွင့်မပေးရုံသာမက ရူကွေ့ ငယ်ငယ်က ရိုက်ခဲ့ဖူးတာကြောင့် ဒေါ်ဒေါ်က မိန်းမဆိုးတစ်ယောက်လို့ ရူကွေ့ကိုပြောခဲ့တယ်... ဒေါ်ဒေါ့်နှလုံးသားက ခါးသီးတဲ့ရေထဲ စိမ်နေရသလို ခံစားရတယ် "


ထုံရွှယ်လူက အံ့အားသင့်ဟန်ဆောင်ကာ ပါးစပ်ကိုဖုံးအုပ်လိုက်သည်။ 


" ကိစ္စတွေက ဒီလိုမျိုးဖြစ်မယ်လို့ သမီးမမျှော်လင့်ထားဘူး။ ဒေါ်ဒေါ့်အကြောင်းကို အဘိုးဝမ်ပြောတာ အရင်က သမီးကြားခဲ့ဖူးတယ်၊ သမီး ဒေါ်ဒေါ့်ကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့တာ။ အမှန်တရားက ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ အဘိုးဝမ်ရဲ့ လုပ်ရပ်တွေက လွန်လွန်းအားကြီးတယ်  မဟုတ်ဘူးလား "


ထုံရွှယ်လူ၏ အပြစ်ကင်းစင်ပုံကိုမြင်သည့်အခါ ချန်ရှို့ယွင်က ရှစ်ကျွင်းမင်၏ ပြောစကားများကို ချက်ချင်းဘေးဖယ်လိုက်ပြီး  " ကလေးရယ် ဒေါ်ဒေါ်ကို သမီးနားလည်နိုင်တာ ဒေါ်ဒေါ် ၀မ်းသာမိပါတယ်။  ရေကန်နားမှာထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောကြရအောင် "


ထုံရွှယ်လူက နာခံစွာ ခေါင်းညိတ်သည်။


 " သမီးလည်း အဲဒါကို တွေးနေတာ။ ဒီမှာ စကားပြောရတာ အဆင်မပြေဘူး "


ထို့ကြောင့် နှစ်ယောက်သား သဘောတူပြီး ရေကန်ဘက်ဆီသို့ လျှောက်သွားကြသည်။


နေ့လည်စာစားချိန်ဖြစ်၍ ရေကန်အနီးတစ်ဝိုက်တွင် မည်သူမျှမရှိဘဲ အလွန် တိတ်ဆိတ်နေသည်။


ချန်ရှို့ယွင်သည် ထုံရွှယ်လူ၏လက်ကို ကိုင်ထားပြီး "  သမီး‌လေး၊ ရူကွေ့နဲ့ သမီးရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။ သူ သမီးကို ကောင်းကောင်းဆက်ဆံရဲ့လား "


ထုံရွှယ်လူက ရှက်ရွံ့သည့်အမူအရာနှင့်  " ဟုတ် ကောင်းပါတယ်၊ ရူကွေ့က သမီးအပေါ်အရမ်းကောင်းပါတယ်။ သူက သမီးပြောသမျှကို နားထောင်တယ် "


ချန်ရှို့ယွင်၏ မျက်လုံးများက တောက်ပလာပြီး " ရူကွေ့က ငယ်ငယ်လေးကတည်းက နာခံတတ်သူပါ။ သမီးတို့ဆက်ဆံရေးကောင်းတာကို မြင်တော့ ဒေါ်ဒေါ် စိတ်သက်သာရာရသွားပါပြီ..."


ထုံရွှယ်လူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ " ရူကွေ့က ကလေးဘဝကတည်းက နာခံမှုရှိခဲ့ရင် ဘာလို့ သူ့ကို နှိပ်စက်ခဲ့ရတာလဲ ။ ကျားတောင် သူ့ရဲ့ သားပေါက်တွေကို မစားဘူးလို့ ဆိုရိုးစကားရှိတယ်။ ရှင်က ဘာလို့ တိရစ္ဆာန်ထက်တောင် ပိုဆိုးရတာလဲ "


ချန်ရှို့ယွင်သည် ထုံရွှယ်လူ၏ သဘောထားရုတ်တရက်ပြောင်းလဲခြင်းအတွက် မထင်ထားသဖြင့် ခဏတာပင် အံ့အားသင့်သွားလေသည်။ " ကလေး ဘာအကြောင်းတွေပြောနေတာလဲ၊  ဒေါ်ဒေါ် ခဏကပဲ ပြောပြခဲ့တယ် မဟုတ်လား။ ဒီအရာတွေအားလုံးကို ရူကွေ့အဘိုးက စွပ်စွဲထားခဲ့တာ " 


ထုံရွှယ်လူသည် နှုတ်ခမ်းထောင့်၌ အေးစက်သည့် အပြုံးတစ်ခုဖြင့်  " ကလေးငယ်တွေကို နှိပ်စက်တဲ့သူတွေကို ကျွန်မ အမုန်းဆုံးပဲ။ ရှင့်လို မိန်းမတစ်ယောက်က ရူကွေ့ ရဲ့ မိခင်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး "


ထိုကဲ့သို့ပြောပြီး သူမသည် ချန်ရှို့ယွင်၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး သူမ၏အိတ်ထဲမှ အိတ်တစ်ခုကိုထုတ်ယူကာ ချန်ရှို့ယွင်၏ပါးစပ်ကို ဖွင့်၍ လောင်းထည့်လိုက်သည်။


ချန်ရှို့ယွင်က ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး " ဘာလုပ်တာလဲ၊ ဘာတွေလောင်းထည့်...အော့ "


 " ချီးစားလိုက် "


ထုံရွှယ်လူသည် ခွေးမစင်ခြောက်များကို ပါးစပ်ထဲသို့ လောင်းချပြီး  ပါးစပ်ကို ချက်ချင်း ဖုံးအုပ်လိုက်သည်။


ချန်ရှို့ယွင်သည် ပုပ်ဆော်နေသည့် အနံ့တစ်ခုကို ရလိုက်ရပြီး သူမ၏မျက်နှာမှာ ချက်ချင်းပင် အစိမ်းရောင်သို့ ပြောင်းသွားသော်ပြီး သူမ တွန်းလှန်မရုန်းကန်နိုင်ချေ။


ချန်ရှို့ယွင်က ခွေးမစင်များကို မျိုချနေသည်ကို မြင်ရသည့်အခါ ထုံရွှယ်လူသည် သူမ၏ မေးစေ့ကို လွှတ်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ခြေထောက်ကို မြှောက်၍ ကန်ထုတ်လိုက်သည်။


" စကားမစပ် ရှင့်ရဲ့ အနံ့အသက်ဆိုးတွေကို မြစ်ထဲ သွားဆေးကြောလိုက်ဦး "


 " ဗွမ်း "


ချန်ရှို့ယွင်သည် ဝမ်းဗိုက်ကို ကန်ထုတ်ခံလိုက်ရပြီး ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့သည်။


သူမသည် ရေကန်ဘေးတွင် ရပ်နေခဲ့သည်ဖြစ်ရာ နောက်သို့ ခြေလှမ်းဆုတ်မှုကြောင့် ရေထဲသို့ ပြုတ်ကျသွားသည်။


" အား အား အား... ကူညီပါ၊ ငါရေမကူးတတ်ဘူး..."


ချန်ရှို့ယွင် စကားပြောသည်နှင့် လည်ချောင်းထဲမှ အပုပ်နံ့က ထွက်လာလေသည်။


သူမသည် ပျို့အန်ချင်သလို ခံစားရပြီး အမှတ်မထင် ကန်ရေများစွာကို မျိုချမိသည် ။


ထုံရွှယ်လူသည် သူမ၏ ရုန်းကန်နေရသော အသွင်အပြင်ကို သဘောတကျကြည့်နေပြီးနောက် ခဏအကြာမှ မျက်နှာကို အုပ်ကာ ပြေးထွက်သွားလိုက်သည်။


 " လာကြပါအုံး၊ လူတစ်ယောက် ရေကန်ထဲခုန်ဆင်းသွားတယ်...."


ရေကန်ဘေးပတ်ပတ်လည်ဧရိယာတွင် မည်သူတစ်ဦးတစ်ယောက်မှမရှိသည့်အပြင် သူမတို့ရပ်နေသည့်နေရာသည်လည်း သစ်ပင်ကြီးအချို့ဖြင့် မြင်ကွင်းကို  ပိတ်ဆို့ထားသည်။ 


၎င်းကြောင့်ပင် ထုံရွှယ်လူက ဤကဲ့သို့ ပြုမူရဲခြင်းဖြစ်သည်။


သို့သော် သူမ ပြေးထွက်လာသောအခါ ကျောက်ခုံတန်းလျားတစ်ခုပေါ်တွင် စာအုပ်ဖတ်နေသည့် ကျောင်းသားနှစ်ဦးကို တွေ့လိုက်ရသည်။


သူမက လျင်မြန်စွာ ပြေးသွားကာ ထိတ်လန့်တကြားဖြစ်ဟန်ဆောင်ပြီး " အတန်းဖော်တို့ ဟိုက ရေကန်ထဲကို လူတစ်ယောက် ခုန်ချသွားတယ်။ သူမကို ကူညီကယ်တင်ပေးနိုင်မလား "


ကျောင်းသားလေး နှစ်ယောက်သည် စိတ်အားထက်သန်သည့် လူငယ်လူရွယ်လေးများဖြစ်ကြသည်။ တစ်စုံတစ်ယောက် ရေကန်ထဲသို့ ခုန်ချသည်ကို ကြားသောအခါ အမြန်ပြေးသွားကြသည်။


ယခုအခါ နွေရာသီရောက်နေပြီဖြစ်သဖြင့် နှစ်ယောက်သား အင်္ကျီများချွတ်ကာ ရေကန်ထဲသို့ ခုန်ချကြသည်။  ထို့နောက် သူတို့သည် ချန်ရှို့ယွင်ကို ကမ်းပေါ်သို့ ပြန်သယ်လာကြသည်။


ချန်ရှို့ယွင်သည် ကန်ရေအနည်းငယ်ကို သောက်ခဲ့သော်လည်း ရေနစ်ခြင်းမရှိပေ။  ယခု ကမ်းပေါ်တက်လာပြီးသည့်နောက် ထုံရွှယ်လူကို စိုက်ကြည့်ရင်းနှင့် ကန်ရေကို ထွေးထုတ်နိုင်သေးသည်။


ကျောင်းသားနှစ်ယောက်သည် သူမကို ကယ်တင်ပြီးသည့်နောက် မြေပြင်ပေါ်ရှိ ၎င်းတို့၏ အဝတ်အစားများကို  ကောက်ယူကာ ထွက်သွားကြသည်။


ထုံရွှယ်လူက လျင်မြန်စွာပြောသည်။


 " ဒီက ကျောင်းသားနှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်၊ ရှင်တို့ ဘယ်ဌာန၊ဘယ်အတန်းကဆိုတာနဲ့ ရှင်တို့ရဲ့နာမည်ကို ပြောပြပေးနိုင်မလား၊ နောက်ကျရင် ကျွန်မ ဒီအကြောင်း စာမူရေးပြီး တခြားသူတွေကို ကူညီတတ်တဲ့စိတ်ဓာတ်ကို မြှင့်တင်ဖို့ ကျောင်းသတင်းဌာနဆီ တင်ပြချင်လို့ပါ "


ကျောင်းသားနှစ်ဦးသည် မူလက ကျေးဇူးတင်စကားကို ငြင်းဆိုလိုသော်လည်း အသိအမှတ်ပြုခံရသည့်အပိုင်းကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားကြသည်။


ကျေးဇူးတင်လျှင် ငြင်းဆိုကြမည်မှာ သေချာသည်။  သို့သော် ကောင်းမှုပြုခြင်းအတွက် ချီးကျူးခံရခြင်းတို့သည် သူတို့၏ ပညာရေးဆိုင်ရာရမှတ်များကို အထောက်အကူဖြစ်စေသည်။


ခေတ္တမျှ စဉ်းစားပြီးနောက် ရှက်ရွံ့စွာဖြင့် ၎င်းတို့၏အမည်များနှင့် အခြားအချက်အလက်များကို ထုံရွှယ်လူအား ပေးလိုက်ကြသည်။


ကန်ရေများကို ထွေးထုတ်ပြီးသည့် ချန်ရှို့ယွင်သည် ကျောင်းသားလေးနှစ်ယောက် ထွက်ခွာသွားသည်ကို တွေ့လိုက်ရပြီး အမြန်ထရပ်ကာ အော်ဟစ်သည်။


  " ကျောင်းသားနှစ်ယောက် မ..."


သူမ၏ စကားမဆုံးခင် ထုံရွှယ်လူက လှည့်လာကာ သူမလက်ကိုဆွဲလိုက်ပြီး တိုးလျသော အသံဖြင့် သတိပေးသည်။


  " ရှင့်ပါးစပ်ကို ပိတ်ထားဖို့ ကျွန်မအကြံပေးလိုက်မယ်။ မဟုတ်ရင် ရှင့်ရဲ့ ဖောက်ပြန်တဲ့ကိစ္စတွေနဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကျွန်မ ပြောပြလိုက်မယ် "


ချန်ရှို့ယွင်သည် မုန်းတီးမှုများ ပြည့်နှက်နေသည့် မျက်လုံးများနှင့် " နင်..."


ကျောင်းသား နှစ်ယောက်သည် ဆူညံသံကြားသဖြင့် လှည့်ကြည့်ကာ မေးသည်။


  " ကိစ္စတစ်ခုခုရှိသေးလို့လား "


ထုံရွှယ်လူက ခေါင်းခါလိုက်ပြီး " ဘာမှမဟုတ်ပါဘူး။ ဒီဒေါ်ဒေါ်က နည်းနည်း စိတ်လှုပ်ရှားနေတယ်။ ကျွန်မ သူမနဲ့ စကားပြောပေးလိုက်မယ်၊ ရှင်တို့နှစ်ယောက် အဝတ်အစားလဲဖို့ မြန်မြန်ပြန်သွားကြပါ "


ကျောင်းသားနှစ်ယောက်သည် ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။


ချန်ရှို့ယွင်သည် ထုံရွှယ်လူ၏လက်ကို ခါချလိုက်ပြီး အံကြိတ်ကာ ပြောသည်။


 " ငါ မင်းကို လျှော့တွက်လိုက်တာပဲ "


အစောပိုင်းတွင် ရှစ်ကျွင်းမင်သည် ထုံရွှယ်လူက ကောက်ကျစ်သည်ဟု သူမတို့ကို သတိပေးသည့်အခါ သူမက မယုံကြည်ခဲ့ချေ။  


အကယ်၍ သူမက ထိုကဲ့သို့ဖြစ်လျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ လိမ်လည်စွပ်စွဲခဲ့သည့် ၀မ်ကျစ်ဖုန်းကို အလွတ်ပေးမည် မဟုတ်ချေ။


ဤမိန်းကလေးငယ်လေးက ယခုကဲ့သို့ ငယ်ရွယ်သေးသည့် အသက်အရွယ်တွင် ဤမျှခန့် ပြုမူမည်ကို သူမ မမျှော်လင့်ထားခဲ့ချေ။  သူမ(ရွှယ်လူ)သည် ဆိုးရွားလွန်းပြီး သူမကို ရိုက်ကာ ခွေးမစင်များကိုပင် ကျွေးခဲ့သည်။


သူမ ထွေးထုတ်ခဲ့သည့် မစင်များကို တွေးရင်း ချန်ရှို့ယွင်၏မျက်နှာက အစိမ်းရောင်သန်းလာပြန်သည်။


ထုံရွှယ်လူက ခေါင်းခါလိုက်ပြီး " ရှင်ကျွန်မကို လျှော့မတွက်ထားသင့်ဘူး။ ရှင်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေခဲ့တယ်။ စကားလုံးနည်းနည်းနဲ့ ငိုယိုပြီး ကျွန်မကို ဆွဲဆောင်နိုင်မယ်လို့ ရှင်ထင်ခဲ့တယ်။ ရှင့်ကို ဘယ်သူက အဲဒီလို ယုံကြည်ချက်ပေးခဲ့တာလဲ "


ချန်ရှို့ယွင်သည် အများအားဖြင့် သူမပတ်ဝန်းကျင်ရှိလူများကို လှည့်စားရန် ကြာပန်းဖြူနည်းလမ်းများကို အသုံးပြုတတ်ကာ ၎င်းမှ အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်ဟု သူမ ခန့်မှန်းမိသည်။ 


ထိုသည်က မျက်ရည်အနည်းငယ်ကျရုံဖြင့် မည်သူကိုမဆို ဆွဲဆောင်ကာ အနိုင်ရနိုင်မည်ဟု သူမအား ယုံကြည်မှုလွန်ကဲလာစေခဲ့သည်။