အပိုင်း၂၈၃
Viewers 67k

🍵Chapter 283



ထုံရွှယ်လူသည် ယခင်ဘဝတွင် ​ကောလိပ်တက်​နေစဥ်ကလည်း ​ကျောင်းဝင်းအတွင်း တစ်ခါမှ မနမ်းခဲ့ဖူး​ပေ။ အ​တွေ့အကြုံ မရှိ​သော်ငြား ပန်းဥယျာဥ်ထဲတွင် များစွာ​သော မန်ဒရင်းဘဲ​လေးများစွာကို ​တွေ့ဖူး​ပေသည်။ 


ယ​နေ့တွင်လည်း သူမ ကြိုးစားကြည့်ရ​ပေမည်။


နှစ်​ယောက်သားက ​ကျောင်းဝင်းထဲတွင် မိနစ်နှစ်ဆယ်မျှ လမ်း​လျှောက်ကြပြီး​နောက် အခြား​​သော စုံတွဲ​လေးများ မရှိကြသည့် လျှို့ဝှက်​နေရာတစ်ခုကို ရှာ​တွေ့သွားသည်။


လ​ရောင်ဖြူက ပန်းခင်း​လေးထက် ဖြာကျ​နေပြီး ပန်းပွင့်​လေးများမှာလည်း ညအချိန်တွင် ​မွှေးရနံ့​လေးများ ထုတ်လွှင့်​နေခဲ့​လေသည်။ 


ထုံရွှယ်လူက ဝမ်ရူ​ကွေ့ကို ကြည့်ကာ လျှာသပ်လိုက်သည်။


 "လာစမ်းပါ... ဆိုးတဲ့ကိစ္စ​လေး​တွေ လုပ်ကြရ​အောင်​လေ"


ဝမ်ရူ​​ကွေ့၏ နှလုံးသားထက် အပ်​လေးများဖြင့် ထိုးဆွသလို ခံစားလိုက်ရသည်။ 


"ဒါ​ပေမယ့် အခု အပြင်မှာ ​ရောက်​နေတာ​လေ... သူများ​တွေ မြင်သွားရင် မင်းဆီ သက်​ရောက်မလာနိုင်ဘူးလား"


သူတို့က ​​စေ့စပ်ပြီးသားဖြစ်​သော်လည်း သမီးရည်းစားကိစ္စများ ပြုလုပ်​​နေသည်ကို မိသွားပါက သူမ၏ ဂုဏ်သတင်းကို ​သေချာ​ပေါက် ထိခိုက်​စေမည် ဖြစ်ပြီး သူကလည်း မဖြစ်​​စေချင်​ပေ။


ထုံရွှယ်လူက ထိုစကားကို ကြား​သောအခါ ရယ်ချင်မိသွားပြီး သူတို့နှစ်​ယောက်၏ ပုံစံများကို ​ပြောင်းလဲသွားခြင်းဖြစ်မည်ဟု ခံစားရသည်။ 


သူမ ဖတ်ဖူး​​သော စာအုပ်များတွင် အမျိုးသား ဇာတ်လိုက်က အမျိုးသမီး ဇာတ်လိုက်အား ပြင်ပတွင် အနမ်း​ပေးလို​သော်လည်း အမျိုးသမီးဇာတ်လိုက်က ရှက်ရွံ့​နေပြီး အခြားသူများ မြင်သွားမည်ကို စိုးရိမ်​နေသည်ဟု ​ပြောတတ်သည်။ သို့​သော်လည်း သူတို့အလှည့်သို့ ​ရောက်​လာ​သောအခါ ရှက်ရွံ့ပြီး စိုးရိမ်​​နေသူမှာ ဝမ်ရူ​ကွေ့ ဖြစ်​နေသည်။ 


သူမက လူလိမ်လူ​ကောက်ပုံစံနဲ့ မတူသွားဘူးလား...


ဒါ​ပေမယ့် သူမကလည်း ထပ်ပြီး မထိန်းထားနိုင်​တော့ဘူး...


ဝမ်ရူ​ကွေ့က တစ်ခုခု ​ပြောချင်​နေ​သေး​သော်လည်း ထုံရွှယ်လူက သူ့နှုတ်ခမ်းများကို ချိတ်ပိတ်လိုက်ပြီး ကိုက်ခဲလာသည်။


"စကား​ပြောတာ ရပ်ပြီး ကျွန်မကို နမ်းစမ်းပါ"


ဝမ်ရူ​ကွေ့က တစ်စက္ကန့်မျှ ​အေးခဲသွားပြီး​နောက် အလျင်အမြန် တုံ့ပြန်လာပြီး ရှက်ရွံ့ပူပန်​နေမှုများကို ချန်ထားကာ သူမ၏ မျက်နှာကို အုပ်ကိုင်၍ အရူးအမူး နမ်းရှိုက်လိုက်သည်။


အရိုင်းဆန်ပြီး အလွန်အမင်း နူးညံ့သည့် အနမ်းများ​ကြောင့် ထုံရွှယ်လူတစ်​ယောက် အသက်ရှူကြပ်လာခဲ့သည်။


ထုံရွှယ်လူက မျက်လုံးလှိမ့်ကာ ရုတ်တရက်ဆိုသလို ဝမ်ရူ​ကွေ့၏ ပုခုံးကို ကိုင်လိုက်ပြီး အတင်းတွန်းလိုက်သည်။ ဝမ်ရူ​ကွေ့မှာ ​​မြေပေါ်သို့ အတွန်းခံလိုက်ရ​လေသည်။


ဝမ်ရူ​ကွေ့က မြက်ခင်းပြင်​ပေါ် လဲ​လျောင်း​နေပြီး မျက်လုံး​လေးများ ဝင်းလက်သွားကာ လည်​စေ့က အထက်​အောက် မြင့်တက်လာ၍ သူမကို ကြည့်လိုက်သည်။


 "ဘာဖြစ်လို့လဲ" 


ထုံရွှယ်လူက သူမ၏ နှုတ်ခမ်းကို အုပ်ထားလိုက်ပြီး သူ့ခါး​ပေါ် တက်ကာ တီးတိုး​ပြောလိုက်သည်။ "မြက်ခင်း​ပေါ် လှိမ့်ပြီး ကြိုးစားကြည့်ရင်​ရော"


သူမ စာအုပ်များ မဖတ်ခင်က တီဗီစီးရီးများ ကြည့်ခဲ့ဖူးပြီး ​ယောကျ်ားတစ်​ယောက်နှင့် မိန်းမတစ်​ယောက်က လှိမ့်ပြတတ်ကြသည်ကို ထိုစဥ်က နားမလည်နိုင်ခဲ့​ပေ။ 


အားလုံး ဒီလိုလှိမ့်ကြတာပဲ မဟုတ်ဘူးလား... သူမက ဘာလို့ မကြိုးစားကြည့်ရမှာလဲ...


ဝမ်ရူ​ကွေ့က နှစ်ကြိမ်မျှ မျက်​တောင် ခတ်လိုက်ပြီး​နောက် ရှုပ်​ထွေး​​နေသော အမူအယာ ​ဖော်ပြ​လာပြီး တစ်ချိန်တည်းမှာပင် သူ့နှလုံးသားက မိုးကြိုးပစ်ချလိုက်သလို ခံစားရသည်။


ထုံရွှယ်လူက ​ခေါင်း​ငုံ့ကာ သူ့​မေး​လေးကို နမ်းလိုက်သည်။ "ကျွန်မခါးကို ကိုင်ထား"


ဝမ်ရူ​ကွေ့က သူမ၏ စကားအတိုင်း ခါး​လေးကို ဖက်လိုက်ပြီး ​နောက်တစ်စက္ကန့်တွင် ထုံရွှယ်လူ ​ခေါင်းပြန်ငုံ့လာကာ နှစ်​ယောက်သား၏ နှုတ်ခမ်းများ ထိကပ်သွားကြသည်။ 


ထုံရွှယ်လူက နှစ်​ယောက်သား လှိမ့်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။


သို့​သော်လည်း တစ်ဝက်မျှသာ လှည့်ပြီးချိန်တွင် နည်းပညာပြဿနာနှင့် ကြုံရသည်။ ပြန်မလှည့်နိုင်​ရင် အလုပ်ဘယ်ဖြစ်​တော့မလဲ... လှည့်ဖို့ကို အားအများကြီး သုံး​နေရတာ...


ဒါဆိုရင် ​မေးခွန်းက... တီဗီထဲက မင်းသားနဲ့ မင်းသမီးက ဘယ်လိုများလုပ်ကြတာလဲ...


ဝမ်ရူ​ကွေ့က မြက်ခင်းပြင်ထက်တွင် ပြန်လှည့်ရန် ကြိုးစား​နေသည့် သူမကို ကြည့်ကာ သူမ၏ ​ခေါင်းအ​နောက်ဘက်ကို လက်တစ်ဖက်ဖြင့် အမြန် ကာ​ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ 


"ဂရုစိုက်ဦး... ​ဒီလို လှိမ့်ချင်ရင် ​နောက်တစ်ကြိမ်မှ ပြန်လာကြမယ်​လေ"


မြက်ခင်းပြင်က နူးညံ့​သော်လည်း မမြင်ရသည့် ​ကျောက်ခဲ​လေးများစွာ ရှိ​နေသဖြင့် ဂရုမထားမိပါက တိုက်မိသွားနိုင်သည်။


ထုံရွှယ်လူ၏ လက်​မောင်းတွင် မြက်များ ​ကျောက်တုံး​လေးများ ခပ်စူးစူး​ ဖြစ်နေသဖြင့် မြက်ခင်း​ပေါ် လှိမ့်မည့်အကြံအား လက်​လျှော့လိုက်ရသည်။ 


လမင်းကြီးက သူတို့၏ ​ခေါင်း​ထက်တွင် ရှိ​နေပြီး လ​ရောင်ဖြူ​လေးက သူ့မျက်နှာထက်တွင် ဖြာကျ​​နေသည်။ သူ့မျက်နှာတစ်ဝက်က လ​ရောင်ထက် လင်းဖြာ​နေပြီး တစ်ဝက်က အ​မှောင်ထုထဲတွင် ပုန်းကွယ်​နေ​လေသည်။


မျက်​တောင်ရှည်ကြီးများက ရွှန်းစို​နေကာ လည်စလုတ်က အထက်​အောက် ​ရွေ့လျားသွား​လေသည်။


အလွန် တပ်မက်စရာ​ဖွယ်​ကောင်း​နေသည်...


ထုံရွှယ်လူ၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားပြီး သူ့ဆံပင်များအကြား လက်​ချောင်းများဖြင့် ထိုးဖွကာ ထပ်နမ်း​တော့မည်အပြု ​ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။


အပြန်အလှန် စကား​ပြောဆို​နေသည်ကို နား​ထောင်ကြည့်ရ​သောအခါ ဆရာများ ဖြစ်ပုံရသည်။


ဝမ်ရူ​ကွေ့၏ မျက်နှာ ​ဖျော့​တော့သွားပြီး အလျင်အမြန် ထရပ်ကာ ကိုယ်ကို ကျုံ့၍ ပန်းပင်များအကြား ဝင်ပုန်းလိုက်သည်။


ထုံရွှယ်လူ: "..."


ထိုနှစ်​ယောက် နီးကပ်လာချိန် ထုံရွှယ်လူ အ​သေအချာ ကြည့်လိုက်​သောအခါ ဆရာနှစ်​ယောက် ဖြစ်​နေသည်။


ထိုဆရာနှစ်​ယောက်မှာ ရူပ​ဗေဒဌာနမှ စုံတွဲများ ဖြစ်ကြသည်။


ယ​နေ့ညတွင် လ​ရောင်က လှပ​နေသဖြင့် ထိုစုံတွဲက လမ်း​လျှောက်ထွက်လာကြခြင်း ဖြစ်ပြီး ဤ​နေရာ၌ ထုံရွှယ်လူနှင့် ​တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့​ပေ။ 


သူတို့နှစ်​ယောက်တွင် ဆရာမက ထုံရွှယ်လူကို မှတ်မိသွားပြီး သူမကို မြင်သည့်အခါ တုံ့ကနဲ ဖြစ်သွားသည်။ "​ကျောင်းသူထုံ... ဒီမှာ တစ်​ယောက်တည်း ဘာလုပ်​နေတာလဲ"


ထုံရွှယ်လူ၏ မျက်နှာ နီမြန်းမသွားသလို နှလုံးသားကလည်း အခုန်မြန်မသွားခဲ့​ပေ။ 


"ဒီညရဲ့ လ​ရောင်က အရမ်းလှလွန်းလို့ ထွက်လာပြီး ဘဝအ​ကြောင်း ​တွေး​​​တော​နေတာပါ"


ဇနီး​မောင်နှံ နှစ်​ယောက်: "..."


ဆရာမက အသိပြန်ဝင်လာပြီး ပြုံးပြလိုက်သည်။ "ဘဝအ​ကြောင်း ​တွေးတာ ​ကောင်းပါတယ်... ဒါ​ပေမယ့် ​အပြင်မှာ ​နောက်ကျတဲ့အထိ မ​နေနဲ့​နော်"


ထုံရွှယ်လူ ပြန်​ဖြေလိုက်ပြီး ထိုစုံတွဲ ထွက်သွားသည်ကို ကြည့်​နေပြီးမှ ဝမ်ရူ​ကွေ့ကို တို့ကာ ​ပြောလိုက်သည်။ "သူတို့ သွားကြပြီ"


ဝမ်ရူ​ကွေ့က ပန်းပင်များ ​အောက်မှ တွားထွက်လာပြီး အက်ရှရှ ​လေသံဖြင့် ​ရှင်းပြလိုက်သည်။ 


"ကိုယ်ရူပ​​ဗေဒဌာနက ဆရာကို မနက်ဖြန်မှ ​ရောက်လာမယ်လို့ ​ပြောထားတာ... အခု ကိုယ့်ကို ​တွေ့သွားရင် သူတို့​တွေ ခန့်မှန်း​နေကြလိမ့်မယ်... ကိုယ်​တို့​တွေ ဒီ​မှာ ​ရောက်​နေတာ မ​ကောင်းတာတစ်ခုခု လုပ်ဖို့ ဆိုပြီး​လေ"


ထုံရွှယ်လူက မျက်လုံးများကို ​မှေးကျဥ်းလိုက်ပြီး နီနီရဲရဲ နှုတ်ခမ်း​လေးကို ​ကွေးကာ ပြုံးပြလိုက်သည်။ "ရှင်အခု ဘာနဲ့ တူ​နေပြီလဲ သိလား"


ဝမ်ရူ​ကွေ့၏ မျက်လုံးများက သူမ၏ နှုတ်ခမ်းနီနီ​လေး​ပေါ်တွင် ကျ​ရောက်သွားပြီး နှလုံးသားထက် မိုးကြိုးများ ပစ်ချလိုက်သလို ခံစား​နေရသည်။


ကြည့်ရတာ ခန္ဓါကိုယ်လည်း ပူတက်လာပြန်ပြီထင်ပါရဲ့... "ဘာနဲ့တူတာလဲ"


"အိပ်ရာ​ပေါ် တက်ဖို့ ကြိုးစား​နေတာကို မိသွားတဲ့ အ​စေခံ​လေးလို​လေ"


ဝမ်ရူ​ကွေ့: "..."


ထုံရွှယ်လူက ငုံ့ကြည့်လိုက်​​သောအခါ သူယူလာ​သော ပန်းများမှာ သူတို့​ကြောင့် ကြေမွသွားပြီ ဖြစ်​ကြောင်း ​တွေ့လိုက်ရသဖြင့် စိတ်မ​ကောင်း ဖြစ်သွားသည်။


 "ရှင့်​ခေါင်း​ဆောင်ရဲ့ ပန်းခင်းထဲက ပန်း​တွေ ခူးလာတာ... ပြန်​ရောက်ရင် အဆူမခံရ​လောက်ဘူးလား"


ဝမ်ရူ​ကွေ့က ကိုယ်ကို ကိုင်း၍ သူမ၏ ​ခေါင်းထက်မှ မြက်ပင်​လေးများကို ကူဖယ်​ပေးလိုက်သည်။ "ကိုယ်ပြန်သွားရင် သူ့အတွက် သ​ရေစာ​တွေ ဝယ်​ပေးသွားလိုက်မယ်... ဒါ​ပေမယ့် အရင်တစ်​ခေါက် ​ခေါင်း​ဆောင်​ပြောထားတဲ့ သူငယ်ချင်းဖွဲ့ဖို့ ကိစ္စကို​ရော ​တွေးထားပြီးပြီလား"


ထုံရွှယ်လူ: "ကျွန်မတို့ ဌာနမှာ တွဲဖက်မရှိတဲ့ မိန်းက​လေး​တွေ အများကြီး ရှိ​ပေမယ့် သူတို့မှာ ဆန္ဒရှိကြပါ့မလားဆိုတာကို​တော့ ​ပြောရခက်တယ်... ဒီလိုဆိုရင်​ရော... ရှင်ပြန်​ရောက်ရင် ရှင့်ဌာနမှာ ရှိတဲ့ လူပျို​တွေရဲ့ အချက်အလက်​တွေ စာရင်းလုပ်ထားလိုက်"


"နာမည်၊ အသက်၊ မိသားစု စတာ​တွေအပြင် ဝါသနာနဲ့ တစ်ကိုယ်​တော်ဓါတ်ပုံ​လည်း ထည့်​ပေးလိုက်... ​နောက်တစ်ခါ ရှင်လာရင် အချက်အလက်​တွေကို ကျွန်မ စစ်ကြည့်​ပေးမယ်... ဖြစ်နိုင်ရင် သူတို့ရဲ့ အမြင်ကိုလည်း ​မေးလို့ရတာ​ပေါ့"


​အောင်သွယ်​တော်အလုပ်က မလွယ်ကူသလို သူမကိုယ်တိုင်ကလည်း အခြားသူများ၏ လက်ထပ်​မှုကိစ္စများတွင် ဝင်မပါချင်​ပေ။ 


ထိုလူပျိုများ၏ အ​ခြေအ​နေများက ​ကောင်းမွန်ပါက သူမက ဌာနကို အ​ခြေအ​နေအရပ်ရပ်များ အ​ကြောင်းကြား​ပေးမည်ဖြစ်ပြီး ချိတ်ဆက်မည့် ​တွေ့ဆုံပွဲများကိုလည်း ဌာနကိုသာ လုပ်​ဆောင်​စေမည် ဖြစ်သည်။


အနာဂါတ်တွင် တစ်စုံတစ်​ယောက်က မ​ပျော်ရွှင်ရ​​သော အိမ်​ထောင်​ရေး ရှိခဲ့ပါက သူမနှင့် ဝမ်ရူ​ကွေ့တို့ အပြစ်မှ လွတ်သွား​​ပေမည်။ 


ဝမ်ရူ​ကွေ့၏ မျက်လုံးများ ဝင်းလက်သွားသည်။ "ကောင်းပြီ​လေ... ကိုယ်ပြန်​ရောက်ရင် ​ခေါင်း​ဆောင်နဲ့ ​ဆွေး​နွေးလိုက်မယ်"


​နောက်ကျ​​နေပြီ ဖြစ်၍ ဝမ်ရူ​ကွေ့က ထုံရွှယ်လူအား အ​ဆောင်​အောက်ထပ်သို့ လိုက်ပို့​ပေးခဲ့ပြီး​နောက် ဧည့်ရိပ်သာသို့ ပြန်သွားသည်။


ထုံရွှယ်လူ အ​ဆောင်ပြန်​ရောက်​သောအခါ ရှဲ့ရှောင်ယန့်က သူမ၏ နီရဲ​နေ​သော နှုတ်ခမ်းများကို ​တွေ့​သောအခါ မ​နေ​နိူင်ဘဲ ​အော်​ပြောလိုက်သည်။ "ရွှယ်လူ... နင့်နှုတ်ခမ်း​တွေက ဘာလို့ ​ဖောင်းကား​နေရတာလဲ"


ထုံရွှယ်လူ၏ နှလုံးသား ခု​န်​ပေါက်သွားပြီး တည်ငြိမ်စွာ ​ပြောလိုက်သည်။ "ခနက ပန်းခင်းနား​လေးမှာ ထိုင်ခဲ့တာ... ပျားတုပ်သွားတာ ဖြစ်မယ်" 


ရှဲ့​ရှောင်ယန့်က ဖြူစင်စွာဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။ "​နွေရာသီ ​ရောက်လာ​တော့မယ်... နင် ပန်း​တွေထဲ မထိုင်နဲ့​တော့​နော်... ငါလည်း တစ်ခါ ပျားတုပ်ခံရတာ ငါ့မျက်လုံး​တွေဆို ​​ယောင်ကိုင်းသွားတာပဲ"


ထုံရွှယ်လူက "​ကျေးဇူးတင်စွာ"ဖြင့် ​ပြောလိုက်သည်။ "နင်​​ပြောတာ မှန်တယ်... ​နောက်ဆို ပန်း​တွေ ကြားထဲ မသွား​တော့ဘူး"


ယ​နေ့ညတွင် ပန်းများအကြား လူးလှိမ့်ခဲ့ပြီး ဖြစ်၍ ပန်းများအ​ပေါ် စိတ်ဝင်စားမှု ​ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ 


​​ချွေ့ရုန်ရုန်က ထုံရွှယ်လူကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အဓိပ္ပါယ်ပါ​နေ​သော အပြုံး​လေးတစ်ခု ဖြတ်​ပြေးသွား​သော်ငြား သူမ၏ စကားများကို ထုတ်မ​ပြောခဲ့​ပေ။


ဝမ်ရူ​ကွေ့ဘက်တွင် ချိုမြိန်​နေပြီး ကျိုးရန်မှာလည်း မဆိုးပါ​​​ပေ။


သူ ပန်းများ ပြန်ယူသွား​သောအခါ ဝမ်​ရှောင်းယွင်က အမှန်ပင် အံ့အားသင့်သွားခဲ့ရသည်။


ဝမ်​ရှောင်းယွင်က ပန်းများ ကိုင်ထားရင်း ပါးပြင်များ ပူ​နွေးလာသည်။ "ဘာလို့ ရုတ်တရက်ကြီး ပြန်လာရတာလဲ"


ကျိုးရန်က သူမ၏ မျက်နှာကိုသာ မျက်စိမလွဲစတမ်း ကြည့်​နေခဲ့သည်။ "အားလပ်ရက်ရလို့ ပြန်လာတာ​လေ... ပန်း​တွေကို ကြိုက်ရဲ့လား"


ဝမ်​ရှောင်းယွင် ပြုံး၍ ​ပြောလိုက်သည်။ "ကျွန်မကြိုက်တယ်... ဘာလို့ ပန်း​တွေ ယူလာရတာလဲ"


ကျိုးရန် သက်ပြင်းချလိုက်သည်။ "​ရှောင်းယွင်... ကိုယ့်ခန္ဓါကိုယ် ဒီလိုဖြစ်​နေ​တော့ မင်းကိုယ့်ကို ကွာရှင်းသွားမှာ စိတ်ပူမိတယ်... ကိုယ့်ကို မကွာရှင်း​စေချင်ရင် မင်းကို ​ကောင်း​ကောင်း ဆက်ဆံ​ပေးလို့ ချီမင်က ​ပြောလို့"


ပန်းကိုင်ထားသည့် ဝမ်​ရှောင်းယွင်၏ လက်များ ​အေးခဲသွားသည်။ သူမက ပန်းကို စားပွဲ​ပေါ်တွင် တင်ကာ ​လျှောက်လာပြီး ကျိုးရန်၏ လက်ကို ဆွဲ၍ ​ပြောလိုက်သည်။ 


"ရှင်က ဘာလို့ ဒီ​လောက်ထိ တုံးရတာလဲ... ဒီလိုကိစ္စ​လောက်နဲ့ ကျွန်မက ကွာရှင်းပါ့မလား" 


ကျိုးရန်က စိုးရိမ်ပူပန်မှုများဖြင့် ​ပြောလိုက်သည်။


 "ဒါ​ပေမယ့် ကိုယ့်တစ်ဘဝလုံး မကုသနိုင်ရင် ကိုယ်တို့တစ်သက်လုံး က​လေးရ​တော့မှာ မဟုတ်ဘူး... မင်းတကယ် စိတ်မရှိဘူးလား"


ဝမ်​ရှောင်းယွင်: "ကျွန်မ က​လေးမရနိုင်ရင်​ရော ကျွန်မကို ကွာရှင်းမှာပဲလား"


ကျိုးရန်က ပလုပ်တုပ်​လေး တစ်ခုကဲ့သို့ ​ခေါင်းယမ်းပြလိုက်သည်။ "မကွာရှင်းပါဘူး"


ဝမ်​ရှောင်းယွင်က နူးနူးညံ့ညံ့ဖြင့် ​ပြောလိုက်သည်။


 "ဒါဆိုရင် ကျွန်မလည်း မလုပ်နိုင်ဘူး​လေ... ကျွန်မတို့ တကယ် က​လေးမရ​တော့ဘူးဆိုရင် အဲ့ဒီအချိန်ကျ က​လေးတစ်​ယောက် ​မွေးစားကြတာ​ပေါ့"


​ယောကျ်ားများက မျက်ရည်အလွယ်တကူ ကျတတ်သူ မဟုတ်​​ပေ။ ဇနီးဖြစ်သူ၏ စကားကို ကြားလိုက်ရ​သောအခါ ကျိုးရန်၏ မျက်လုံးများ နီရဲလာပြီး သူမကို လှမ်းဖက်လိုက်သည်။ 


"​ရှောင်းယွင်... ကိုယ် ကျိုးရန်က တစ်ဘဝလုံး မင်းကို ​ကောင်း​ကောင်းဆက်ဆံပါ့မယ်"


ဝမ်​ရှောင်းယွင် ရှက်​သွေးဖြာသွားပြီး "အင်း" ဟုသာ ခပ်တိုးတိုး ပြန်​ဖြေလိုက်သည်။ 


မကြာခင် အခန်းထဲ၌ ကုတင်ကြီးက တကျီကျီ မြည်လာပြီး လမင်းကြီးမှာ တိမ်များအကြား ရှက်ရွံ့စွာ ပုန်း​အောင်းသွား​လေသည်။ 


**