🍵Chapter 284
ဒုတိယရက်တွင် ဝမ်ရူကွေ့က ရူပဗေဒဌာနမှ ကျောင်းသားများကို သင်ကြားပို့ချရန် ရောက်လာသည်။
ယမန်နေ့ညက လမ်းလျှောက်ထွက်ခဲ့သည့် ဆရာဖြစ်သူမှာ ဝမ်ရူကွေ့ကို တွေ့လိုက်ရသည့်အခါ တုံ့ကနဲ ဖြစ်သွားသည်။ "ပရော်ဖက်ဆာဝမ်... မင်းရဲ့ မျက်နှာက ဒဏ်ရာရထားတာလား"
ဝမ်ရူကွေ့က သူ့မျက်နှာကို အမှတ်တမဲ့ ထိလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဟုတ်တယ်... မနေ့ညတုန်းက သစ်ကိုင်းနဲ့ မတော်တဆ ခြစ်မိသွားလို့"
ဝမ်ရူကွေ့ ထွက်သွားသောအခါ ရူပဗေဒ ဆရာက သူ့ဇနီးကို တီးတိုးပြောလိုက်သည်။
"မနေ့ညတုန်းက ပန်းခင်းထဲမှာ လူနှစ်ယောက် တွေ့ခဲ့တာလို့ မင်းကို ပြောသားပဲ... နောက်ကျောက ပရော်ဖက်ဆာဝမ်နဲ့ အရမ်း တူနေတာ... သူ့မျက်နှာကို ကြည့်လိုက်... မနေ့ညက သူဆိုတာ ကိုယ်အတပ်ပြောရဲတယ်"
ဆရာမက သူမ၏ ခေါင်းကို ယမ်းလိုက်သည်။ "ပရော်ဖက်ဆာဝမ်ကို အပြင်ပိုင်းကျ ယဥ်ကျေးသိမ်မွေ့သလို ပုံစံနဲ့ လူမမြင်တဲ့နေရာကျ ဒီလောက်ထိ... အရိုင်းဆန်လိမ့်မယ်လို့ တကယ်ထင်မထားခဲ့ဘူး"
အမျိုးသား ဆရာက တီးတိုးရယ်မောလိုက်သည်။ "ကိုယ်ငယ်ငယ်တုန်းကလည်း အရိုင်းဆန်ခဲ့တာပဲ"
ရူပဗေဒဆရာမက ရှက်သွေးဖြာသွားပြီး မျက်စောင်းထိုးလိုက်သည်။ သူတို့ထဲက ဘယ်သူကမှ မနေ့ညကအကြောင်း မပြောခဲ့ကြပေ။
ဝမ်ရူကွေ့က ဟောပြောပို့ချရန်အတွက် စင်မြင့်ထက်သို့ တက်သွားသည်။ စင်မြင့်အောက်တွင် ခုံများအားလုံး အပြည့်ဖြစ်နေပြီး အခြားဌာနများမှ ကျောင်းသားများလည်း လာရောက်နားထောင်ကြသည်။
အချို့လူများမှာ နောက်ကျမှ ရောက်လာကြသဖြင့် ခုံမရသော်ငြား ထွက်မသွားလိုကြသဖြင့် အပြင်ဘက်မှာသာ ရပ်ပြီး နားထောင်နေကြလေသည်။ စာသင်ခန်းတစ်ခုလုံး လူများ ပြည့်ကျပ်နေပြီး ပူနွေးနေလေသည်။
ရှစ်ကျွင်းမင်က တံခါးဝတွင် ရပ်နေပြီး စင်မြင့်ထက်မှလူကို ကြည့်ကာ မျက်လုံးများမှာလည်း အဆိပ်ခတ်ခံထားရသည့်အလား ဖြစ်နေသည်။
ချန်ကျစ်ယဲ့နှင့် ချန်ဝမ်ယောင်တို့နှစ်ဦးလုံး အလုပ်ကြမ်းစခန်းများသို့ အပို့ခံလိုက်ရပြီး ချန်မိသားစုက သူတို့၏ ရှစ်မိသားစုကို အပြစ်ဖို့ခဲ့ကြသည်။ ယခုတွင် မိသားစုနှစ်စုကြားက ပူးပေါင်းမှုက ပျက်ပြားသွားလေပြီ။
ချန်မိသားစုကို နှစ်သိမ့်ရန်အတွက် သူတို့ရှစ်မိသားစုက ချန်တို့ကို ဒူးထောက်ရလုနီးပါး ဖြစ်သွားခဲ့ပြီး သူသည်လည်း အဖေနှင့် အဘိုးဖြစ်သူထံမှ ဆူငေါက်ခံခဲ့ရသည်။
သူတို့၏ ရှစ်နှင့် ချန်မိသားစုများက ကြွက်များကဲ့သို့ ပြေးလွှားနေကြရပြီး ဂုဏ်သိက္ခါများ ကျဆင်းကာ လူမမြင်အောင် ရှောင်ပုန်းနေကြရသော်လည်း ဝမ်မိသားစုကမူ ပိုပို၍ တောက်ပလာသဖြင့် ဒေါသများကို မထိန်းထားနိုင်ခဲ့ပေ။
သို့သော်ငြား အလုံးစုံသော အာမခံချက် မရှိသည့်အတွက်ကြောင့် ထပ်ပြီး အလွယ်တကူ မလှုပ်ရှားရဲတော့သော်လည်း သူ မလှုပ်ရှားလျှင် အခြားသူများ လှုပ်ရှားပေးပေလိမ့်မည်။
ရှစ်ကျွင်းမင်က လူအုပ်ကြားထဲမှ တိုးထွက်ကာ ကောင်းမင်ကို စာကြည့်တိုက်တွင် လာရှာခဲ့သည်။
ကောင်းမင်က သူ့ကို တွေ့သောအခါ အံ့အားသင့်သွားသည်။ "ကျွင်းမင်... ရှင်ကျွန်မကို လာရှာတာလား"
ရှစ်ကျွင်းမင် ခေါင်းငြိမ့်ပြလိုက်သည်။ "အပြင်ထွက်ပြီးတော့ ပြောရအောင်"
ထိုစကားကို ကြားသောအခါ ကောင်းမင်က စာအုပ်များကို အလျင်အမြန် သိမ်းလိုက်ပြီး ရှစ်ကျွင်းမင်နောက်သို့ လိုက်ကာ စာကြည့်တိုက်ထဲမှ ထွက်လာခဲ့သည်။
နှစ်ယောက်သားက ရေကန်ဘေးမှ ကျောက်တုံးလေးပေါ်တွင် ဝင်ထိုင်လိုက်ကြပြီး ကောင်းမင်က သူ့ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
"ကျွင်းမင်... ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို ဗွေမယူပါနဲ့နော်... အဲ့ဒီအချိန်တုန်းက ကျွန်မက ငယ်သေးတဲ့အပြင် ဘာကိုမှ နားမလည်ခဲ့ဘူး... ကျွန်မကို လမ်းမခွဲပါနဲ့နော်... ကျွန်မလေ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ရှစ်ကျွင်းမင်က သူ့ကို အေးစက်စွာဖြင့် ကြည့်လိုက်ပြီး အသံကလည်း ရေခဲတမျှ အေးစက်နေသည်။
"ကောင်းမင်... မင်းကို ဘေးအိမ်က အဘိုးကြီးက ညစ်ပတ်အောင် လုပ်ပြီးသွားကတည်းက မသန့်ရှင်းတဲ့ မိန်းမ ဖြစ်သွားပြီ... မင်းက အပျိုစင် မဟုတ်တော့ဘူး... မင်းလို မပြည့်စုံဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ မိန်းမမျိုးကို ဘယ်လို ယောကျ်ားမျိုးကမှ လိုချင်ကြမှာ မဟုတ်ဘူး"
ကောင်းမင်က သူမ၏ မျက်နှာကို အုပ်လိုက်ပြီးနောက် "ဝူး" ဟု အော်ငိုလာပြီး လက်ချောင်းများကြားမှ မျက်ရည်များ ကျဆင်းလာလေသည်။
"ရှင်ပြောတာ မှန်ပါတယ်... ကျွန်မက မသန့်ရှင်းတော့တဲ့ ကိုယ့်ကိုယ် တန်ဖိုးမထားတတ်တဲ့ မိန်းမမျိုးပါ"
သူမက မိသားစု၏ ဒုတိယကလေး ဖြစ်သည်။ သူမ၏ အထက်တွင် အစ်ကိုတစ်ယောက် ရှိပြီး အောက်တွင်လည်း မောင်တစ်ယောက်လည်း ရှိသည်။ မိဘနှစ်ပါးလုံးနှင့် အဘိုးအဘွားတို့မှာ သူမ၏ အစ်ကိုနှင့် မောင်ကိုသာ ချစ်ကြသည်။
သူမက ထက်မြက်သည့် ကလေးတစ်ယောက် မဟုတ်သည့်အပြင် မိန်းကလေးတစ်ယောက်လည်း ဖြစ်သည့်အတွက် ငယ်စဥ်ဘဝကတည်းက မိသားစုထံမှ လစ်လျူရှုထားခံရသည်။ ထိုအချိန်တွင် သူမ၏ အိမ်ဘေး၌ သားသမီးမရှိသည့် မုဆိုးဖိုတစ်ယောက် ရှိခဲ့ဖူးသည်။ ထိုသူ၏ ဇနီးက ကွယ်လွန်သွားခဲ့ပြီး သူမအပေါ် အလွန်ကောင်းပေးခဲ့သည်။
ထိုအဘိုးကြီးက သူမကို သကြားလုံးများ ပေးလေ့ရှိပေသည်။ သူမက အိမ်တွင် ဦးစားပေးမခံရသည့်အတွက် လောဘတက်လာပြီး ထိုသူ၏ အိမ်သို့ မကြာခဏ သွားကာ အဖော်ပြုပေးလေ့ရှိသည်။ နောက်ပိုင်းတွင် အဘိုးကြီးက သူမကို သကြားလုံးများပေးလာပြီးနောက် ရုတ်တရက် သူမ၏ ဘောင်းဘီကို ဆွဲချွတ်၍ သူမ၏ ခန္ဓါကိုယ်အား ထိကိုင်လာခဲ့သည်။
သူမက ထိုအချိန်တွင် ကြောက်လန့်တကြား အော်ငိုခဲ့သော်လည်း အဘိုးကြီးက သူမအား ထိုအကြောင်းကို ထုတ်ပြောလျှင် သတ်ပစ်မည်ဟု ချိန်းခြောက်လာခဲ့သည်။ သူမက ကြောက်လန့်တကြား ဖြစ်ပြီး ဘယ်တော့မှ ထုတ်မပြောပါဟု အလျင်အမြန် ပြောလိုက်ရသည်။
နောက်ပိုင်းတွင် သူမက အဘိုးကြီးအား ပုန်းရှောင်နေခဲ့သော်လည်း အိမ်ထဲတွင် ဖမ်းမိသွားခဲ့ပြီး ထိုသူက သူမ၏ ဘောင်းဘီကို အကြိမ်များစွာ ဆွဲချွတ်လာခဲ့သည်။ ထိုအဘိုးကြီး ဖျားနာ၍ သေဆုံးသွားသည့်အခါမှသာ သူမဘဝက ပြန်ပြီး ငြိမ်းချမ်းသွားရသည်။
သူမက ထိုအကြောင်းကို ဤနှစ်များအတွင်း မည်သူ့ကိုမှ မပြောပြခဲ့သော်လည်း ရှစ်ကျွင်းမင်နှင့် အတူရှိပြီးကတည်းက သူမအတွက် အထောက်အပံ့ရရှိခဲ့လေပြီဟု ခံစားရသည်။ ရှစ်ကျွင်းမင်က သူမကို မည်သည့်အကြောင်းအရာမှ ခြွင်းချန်မထားဘဲ လျှို့ဝှက်ချက် မှန်သမျှ ပြောပြရမည်ဟု ပြောခဲ့သည်။
သူမသည်လည်း ထိန်ချန်ထားလျှင် အတော်လေး များသွားပေလိမ့်မည်ဟု ခံစားရသဖြင့် ထိုအဘိုးကြီး သူမအပေါ် လုပ်ခဲ့သမျှ အားလုံးကို ရှစ်ကျွင်းမင်ထံ ပြောပြခဲ့သော်လည်း ရှစ်ကျွင်းမင်က ထိုကိစ္စကို အလွန် စိတ်ရှိနေမည်ဟု ထင်မထားခဲ့ပေ။
ရှစ်ကျွင်းမင်: "မင်မင်... ကိုယ်က သာမန်ယောကျ်ားတစ်ယောက်ပါ... ဒါတွေကို စိတ်ရှိနေရတာကလည်း မင်းကို ချစ်လို့ပဲလေ.... ကိုယ် မင်းကို မချစ်ရင် မင်းညစ်ပတ်သွားမသွား ဂရုစိုက်နေမှာ မဟုတ်ဘူး... အခု ကိုယ်စိတ်မသက်မသာ ဖြစ်နေတယ်"
ကောင်းမင် ရင်ထဲ လှုပ်ရှားသွားပြီး မသက်မသာ ဖြစ်လာသည်။
"ကျွင်းမင်... ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်... ကျွန်မလေ ရှင့်ကို ကမ္ဘာပေါ်က အရာအားလုံးထက်တောင် ပိုချစ်တယ်... ကျွန်မတောင်းပန်ပါတယ်... အကောင်းဆုံးတွေ မပေးနိုင်လို့ တောင်းပန်ပါတယ်"
ရှစ်ကျွင်းမင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "အရင်တစ်ခေါက် မင်းပြောတာကို နားထောင်ပြီးတော့ မင်းနဲ့ လမ်းခွဲဖို့ကိုတောင် တွေးခဲ့တာ... ဒါပေမယ့် မင်းကို လက်မလွှတ်နိုင်ဘူး... ဒီလိုဆိုရင်တောင် မင်းက မသန့်ရှင်းတော့ဘူးလေ... ကိုယ်လည်း စိတ်ထဲမထားလို့ မဖြစ်ဘူး... မင်းကိုယ့်ကို အရမ်း ဝမ်းနည်းအောင် လုပ်နေတာပဲ"
ကောင်းမင်က သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် မျက်ရည်များ ကျဆင်းလာလေသည်။
"တောင်းပန်ပါတယ်... ရှင့်ကို နာကျင်အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး... ကျွင်းမင်... ကျွန်မကို ပြောပါ... ရှင့်ကို မခံစားရအောင် ကျွန်မ ဘာလုပ်ပေးရမလဲ"
ရှစ်ကျွင်းမင်က သူမကို မဲမှောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ကိုယ့်ကို လျော်ကြေးပေးဖို့ ဘာမဆို လုပ်ပေးမှာလား"
ကောင်းမင်က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "ကျွန်မ ဆန္ဒရှိပါတယ်... ရှင် မနာကျင်ရအောင် လုပ်နိုင်သရွေ့ ကျွန်မ သေဆိုလည်း သေပေးမယ်"
ရှစ်ကျွင်းမင်က သူမ၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး မျက်ရည်များကိုလည်း သုတ်ပေးလိုက်သည်။
"ငတုံးမလေး... ကိုယ်က မင်းကို သေခိုင်းပါ့မလား... ဒါပေမယ့် ကိုယ် အတန်းခေါင်းဆောင်နေရာကနေ အဖယ်ခံခဲ့ရကတည်းက ကိုယ့်အတန်းဖော်တွေ ကိုယ့်ကို ကြဥ်နေကြတာ မှတ်မိသေးတယ်... ပြောရရင် ကိုယ်တကယ် အလုပ်ကောင်းကောင်း လုပ်ချင်ပေမယ့် ဆရာတွေက ကိုယ့်ကို ထပ်ပြီး မယုံကြတော့ဘူး... ကိုယ့်ကို မကောင်းကြံခဲ့တာ သူပဲ"
ကောင်းမင်က သူ့မျက်နှာကို လက်ဖဝါးများဖြင့် အုပ်ကိုင်လိုက်သည်။
"ရှင်ပြောတာ မှန်တယ်... ကျွန်မတို့ကို ဒုက္ခပေးခဲ့တာ ထုံရွှယ်လူပဲ... ကျွန်မတို့အတန်းထဲက အတန်းဖော်တွေလည်း ကျွန်မကို လစ်လျူရှုကြတယ်... အဆောင်ကလူတွေကလည်း စကားမပြောကြတော့ဘူး... ထုံရွှယ်လူကြောင့်ပဲ... သူသာ မတိုင်ကြားခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး"
ရှစ်ကျွင်းမင်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါဆိုရင် မင်းဘာလုပ်ရမလဲ သိတယ်မလား"
ကောင်းမင် တုံ့ကနဲ ဖြစ်သွားသည်။ "ကျွန်မ ဘာလုပ်ပေးရမှာလဲ'
ရှစ်ကျွင်းမင်၏ မျက်ခုံးများ ထပ်ပြီး စုကျုံ့သွားပြန်ပြီး သူ့လက်ကို ပြန်ဆွဲကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ "မင်းရဲ့ ဦးနှောက်က ဘာလို့ ဒီလောက်ထိ တုံးရတာလဲ... ကိုယ်အရမ်း နာကျင်နေရတာ... မင်းရဲ့ ဦးနှောက်ကို သုံးပြီး ကိုယ်မနာကျင်ရအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ စဥ်းစားလို့ မရဘူးလား"
ကောင်းမင်က သူဆူပူလိုက်သည်ကြောင့် တုန်ယင်သွားပြီး သူ့ကို ဆက်ပြီး ချော့မော့လိုက်သည်။
"ကျွင်းမင်... စိတ်မဆိုးပါနဲ့... ကျွန်မစဥ်းစားလို့ ရပြီ... ထုံရွှယ်လူက ရှင့်ကို အများကြီး နာကျင်စေခဲ့ရမှတော့ ကျွန်မ သူ့ကို သွားသတ်လိုက်မယ်... သူ မရှိတော့ရင် ကျွန်မတို့လည်း နာကျင်နေရမှာ မဟုတ်ဘူး"
ရှစ်ကျွင်းမင်၏ မျက်လုံးများထက် အလင်းရောင်များ ဖြတ်ပြေးသွားပြီး သူ့လက်ကို သူမ၏ ခေါင်းပေါ် ထပ်တင်ကာ ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။ "မင်မင်... မင်းက အရမ်းညစ်ပတ်နေပြီ... ဘယ်ယောကျ်ားမှ မင်းကို လိုချင်တော့မှာ မဟုတ်ဘူး... ကိုယ်ကသာ နာကျင်မှုကို ကြံ့ကြံ့ခံပြီး မင်းကို လက်ခံပေးတာ"
ကောင်းမင်က သူ့လက်ကို ဆွဲယူကာ ပျော်ရွှင်မှုကြောင့် မျက်ရည်များ ကျလာပြန်သည်။
"ကျွင်းမင်... ကျွန်မကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်မ သေချာပေါက် ရှင်ပျော်အောင် လုပ်ပေးမယ်နော်"
ရှစ်ကျွင်းမင်က ရွံရှာစိတ်ကို အောင့်အီးကာ သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မြန်မြန် လှုပ်ရှားဖို့ သတိရဦးနော်"
"သိပါပြီ"
🍵
ဆရာဆရာမများနှင့် ပရော်ဖက်ဆာများက ခပ်မြန်မြန် လှုပ်ရှားခဲ့ကြပြီး ဇာတ်ညွှန်းကို တစ်ပတ်အတွင်း ဘာသာပြန်ဆိုခဲ့သည်။
သူတို့က ဇာတ်ကြောင်းတစ်ခုလုံး ပြန်ဆိုခဲ့ကြသည် မဟုတ်ဘဲ ဒိုင်ယာလောခ့်များနှင့် ပြသသင့်သည့် အရေးကြီး အပိုင်းများကိုသာ ဦးစားပေးပြန်ဆိုကာ မလိုအပ်သမျှကို ကျော်သွားသည်။
ဇာတ်ညွှန်းရလာသောအခါ အင်္ဂလိပ်စာဌာနရှိ ကျောင်းသားများက ချက်ချင်းဆိုသလို အစမ်းလေ့ကျင့်ရန် ပြင်ဆင်ကြလေသည်။
ထုံရွှယ်လူက အိမ်နီးချင်းအန်တီဝမ်အဖြစ် သရုပ်ဆောင်ရမည် ဖြစ်ပြီး အစပိုင်းတွင် ဇာတ်ကွက်အတော်များများ ပါဝင်သည်။ ထိုအခိုက် သူမက ရှီအာအဖြစ် သရုပ်ဆောင်မည့် ချန်ချိုက်ရှင်း နှင့်အတူ သရုပ်ဆောင်နေရသည်။
သို့သော်လည်း သူမ စာကြောင်းတစ်ကြောင်း ပြောလိုက်သည်နှင့် ချန်ချိုက်ရှင်းက သူမကို တား၍ ပြောလာခဲ့သည်။ "ကျောင်းသူထုံ... ရှင့်ရဲ့ မျက်နှာထားက သိပ်ပြီး မကြင်နာတတ်သေးဘူး... အရမ်းစူးရှလွန်းနေတယ်... ရှင်က အခု အသက်ကြီးတဲ့ အဘွားကြီး ဖြစ်နေပြီဆိုတာ မှတ်ထားရမယ်လေ"
နင့်မေကြီးတော်ကို အဘွားကြီးလား...
ထုံရွှယ်လူက နှလုံးသားထဲမှပင် မျက်လုံးလှိမ့်ပြလိုက်သည်။
"ကျွန်မက ငယ်ရွယ်တဲ့ မိန်းမပျိုလေးပဲလေ... ဒါပေါ့ ကျွန်မက ဘယ်ကြင်နာတတ်မလဲ... ရှင့်အသားက ကျွန်မထက် ပိုမဲတာပဲ.. အဘွားကြီးနဲ့ ပိုတူစေချင်ရင် ဇာတ်ကောင်နေရာတွေ လဲလိုက်ပါလား"
"..."
ချန်ချိုက်ရှင်း လည်နင်သွားပြီး ဒေါသထွက်ရလွန်း၍ သွေးအန်လုမတတ် ဖြစ်သွားသည်။
အထူးသဖြင့် ထုံရွှယ်လူ၏ "ရှင့်အသားက ကျွန်မထက် ပိုမဲတယ်" ဟူသည့် စကားကို ကြားလိုက်ရချိန်တွင် ဒေါသထွက်ရလွန်းသဖြင့် သူမ၏ ပါးစပ်ကို ဆုတ်ဖြဲချင်သွားလေသည်။
ထိုအခိုက် ကောင်းမင်က ဝင်ပြောလာသည်။ "ကျွန်မလည်း အတန်းဖော်ထုံက ဇာတ်လိုက်ရောင်ဝါ ပိုရှိတယ်လို့ ထင်တယ်"
"ကျောင်းသူထုံက မျက်နှာရော ကိုယ်လုံးကိုယ်ပေါက်ရော လှတယ်... ဇာတ်လိုက် လုပ်ရင် လူတိုင်းကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပဲ... သူပြောတာကို ကျွန်မ ထောက်ခံတယ်... ရှင်တို့တွေ နေရာလဲသင့်တယ်"
ထိုစကားကို ကြားသောအခါ ထုံရွှယ်လူ တည်ငြိမ်စွာပင် မျက်လုံးပင့်မိသွားသည်။
ကောင်းမင်က သူမအတွက် ဝင်ပြောပေးတယ်ဆိုတော့ ဒီနေ့ အနောက်အရပ်က နေထွက်လာတာ များလား...
ကောင်းမင်က အခြားသူများကိုပါ ဆက်မေးနေခဲ့သည်။ "ကျွန်မ ပြောတာ သဘာဝကျတယ်လို့ ထင်လား... ကျွန်မတို့ မဲထပ်ပေးသင့်တယ်ထင်တယ်... ကျွန်မကတော့ ဇာတ်လိုက်မ ရှီအာအဖြစ် အတန်းဖော်ထုံကို ထောက်ခံချင်ပါတယ်"
ချန်ချိုက်ရှင်းက ဒေါသကြောင့် တုန်ယင်လာပြီး ထုံရွှယ်လူကို စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။
အစမ်းလေ့ကျင့်ခန်းမ တစ်ခုလုံး နေရခက်စွာပင် တိတ်ဆိတ်သွားသည်။
ကောင်းမင်က ဆက်ပြောချင်နေဆဲ ဖြစ်သော်လည်း ထုံရွှယ်လူက အရင်ဖြတ်ပြောလိုက်သည်။
"မဟုတ်ပါဘူး... လက်ရှိအခြေအနေကိုက အရမ်းကောင်းနေပြီးသားပါ... ကျွန်မက နောက်နေတာပါနော်"
ရှီအာတွင် ပြောစရာ စာသားများစွာ ပါဝင်ပြီး သူမကလည်း စာသားကျက်ရင်း အစမ်းလေ့ကျင့်ရင်းဖြင့် အချိန်များကို အလဟဿ ကုန်ဆုံးမသွားစေချင်ပေ။
ပြီးနောက် ချန်ချိုက်ရှင်း၏ ပုံစံကို ကြည့်ချင်းဖြင့် ရှီအာ၏ ဇာတ်ကောင်ကို သူမထံမှ အလွယ်တကူ ရယူနိုင်ရန် လုံးဝ မဖြစ်နိုင်လောက်နီးပါးပင်။
သူမက ထိုကဲ့သို့သော ကိစ္စမျိုးအတွက် တိုက်ခိုက်မနေချင်ပေ။
ချန်ချိုက်ရှင်းက ထုံရွှယ်လူဘက်မှစ၍ အလျှော့ပေးလာသည်ကို တွေ့လိုက်ရသောအခါ ဒေါသများ အတော်အတန် လျော့ပါးသွားသည်။
အစမ်းလေ့ကျင့်မှုက ဆက်သွားနေပြီး ကောင်းမင်တစ်ယောက် ဆေးစားမှားထားသည်လား မသိရသော်လည်း နေရာတိုင်းတွင် ချန်ချိုက်ရှင်းကို ပစ်မှတ်ထားနေသည်။
ကောင်းပြီလေ... သူက ထုံရွှယ်လူအတွက် လုပ်နေတာ နေမှာပေါ့... ချန်ချိုက်ရှင်းက သဘာဝကျကျပင် သူမတို့အား အဖွဲ့တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး လူတိုင်းရှေ့တွင် သူမအား အရှက်ရသွားစေရန် ထုံရွှယ်လူက ကောင်းမင်အား ခိုင်းစေထားခြင်း ဖြစ်မည်ဟုပင် တွေးတောလိုက်လေသည်။