အပိုင်း ၁၆၃
Viewers 18k

Chapter 163

ဆန့်ကျင်ဘက် စိုက်ပျိုးမှု


ထိုနှာဘူးကောင်က ယောင်စစ်ကို အနီရောင်အရည်များ၏ အလယ်ဗဟိုထဲသို့ ဆွဲခေါ်သွားသည်။ သွေးရေအိုင်ထဲ ရောက်သွားသော်လည်း အံ့အားသင့်ဖွယ်ကောင်းသည်မှာ အသက်ရှူ၍ ရနေခြင်းပင်။ အရည်နှင့် တူသော်လည်း ၎င်းက လေကဲ့သို့ ပေါ့ပါးနေသည်။ ထိုနှာဘူးကောင်က လမ်းရှင်းသွားသည့်အခါ အရည်များ၏ ကြမ်းတမ်းမှုများ ပျောက်ကွယ်သွားပြီး ပိုးသားကဲ့သို့ သူမကို ဖြတ်ကျော်သွားသည်။


ခဏကြာတွင် ရေအိုင်၏ နှလုံးသားဆီသို့ ရောက်ရှိသွားသည်။ ရုတ်တရက် အနက်ရောင်အကွက်တစ်ကွက် သူတို့ရှေ့တွင် ပေါ်လာသည်။ ၎င်းကထိတ်လန့်ဖွယ်ကောင်း၍ အန္တရာယ်ပြုမည့်ပုံ ပေါ်နေသည်။ ၎င်းက ကောင်းကင်ဘုံဂြိုလ်တွင် ယောင်စစ် မြင်ခဲ့သည့် ဝင်ပေါက်ဖြစ်သည်။


သူမ စိတ်ပူသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် ထိုလူက သူမကို အတင်းအကျပ် ဆွဲခေါ်သွားသည့်အတွက် ဟန်ချက်မညီဖြစ်ပြီး ခြေထောက်နှင့် ခလုတ်တိုက်မိကာ လဲကျသွားသည်။ မြေပြင်နှင့် ရိုက်မိခါနီးတွင် ထိုနှာဘူးကောင်က ရိပ်မိပြီး သူမကို ဖမ်းလိုက်သည်။


" ကန်းနေတာလား ... လမ်းသေချာလျှောက်လေ ..."

သူမတစ်ကိုယ်လုံးကို ခြုံငုံကြည့်၍ အော်ပြောလိုက်သည်။ 


" မြန်မြန် ဒီလူအိုကြီးက မင်းဘာသာ ဒဏ်ရာရသွားလည်း ဂရုမစိုက်နိုင်ဘူး ..."


သူ တစ်ဖက်သို့လှည့်၍ သူမကိုဆွဲခေါ်သွားပြန်သည်။ သို့သော် သူ၏အရှိန်က အနည်းငယ် နှေးသွားသည်။


ထိုလူက သူမကို အနက်ရောင် ဝင်ပေါက်ဆီ ခေါ်သွားသည့်အခါ ယောင်စစ် တစ်ကိုယ်လုံး အေးစိမ့်စိမ့် ဖြစ်သွားသည်။ ခဏအကြာတွင် စူးရှသည့် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး မျက်စိများပင် ပိတ်မိလိုက်သည်။


" ငါတို့ ရောက်ပြီ ..."

နှာဘူးကောင်က ပြောလိုက်ပြီး သူမလက်ကို လွှတ်ပေးလိုက်သည်။


ယောင်စစ် သူမမျက်လုံးများကို သတိထား၍ ဖွင့်လိုက်သည်။ သူတို့ရောက်နေသည်က ပရိဘောဂများ အပြည့်အစုံနှင့် မြေပြင်ပေါ်တွင်ပင် အလင်းပြန်လောက်အောင် သန့်ရှင်းတောက်ပြောင်နေသည့် အခန်းတစ်ခုဖြစ်သည်။ ဤနေရာက ကြာရှည်စွာနေထိုင်ရန် သင့်တော်လှသည်။


ဘာလို့ နှာဘူးကောင်က သူမကို ဒီနေရာ ခေါ်လာတာလဲ ...


" ငါ့ရဲ့ စမ်းသပ်ချက်ပြီးတဲ့အထိ မင်းဒီမှာပဲ နေရမယ် ..."

ရှေ့မှအခန်းကို ညွှန်ပြကာ သူမကို တစ်ချက်ကြည့်လိုက်သည်။


" မပူပါနဲ့ မင်းက စာချုပ်ချုပ်ထားသူဆိုတော့ မင်းကို မထိပါဘူး ... ဒါပေမဲ့ ပြဿနာမရှာရင်တော့ ကောင်းမယ် မဟုတ်ရင် ..."


သူက ခြိမ်းခြောက်ဟန်ဖြင့် မဲ့ပြုံးပြုံးပြလိုက်သည်။ သို့သော် ယခင်ကဲ့သို့လှောင်ပြောင်သည့် ကိုယ်နှုတ်အမူအရာဖြင့် ယှဉ်ပါက တိုတောင်းသည့် အတုအယောင်ရဲရင့်မှုကဲ့သို့ ဖြစ်သွားသည်။


ထူးဆန်းသည့် အတွေးတစ်ခုက ယောင်စစ်၏ခေါင်းထဲ ဖြတ်သန်းသွားသည်။

စာချုပ်ချုပ်သူဆိုတဲ့ စကားလုံးအပေါ် သူ့ရဲ့သည်းခံနိုင်စွမ်းက အတော်လေး မြင့်တာပဲ 


" စာချုပ်ချုပ်သူဆိုတာ ဘာလဲ ..."


" မင်း တကယ်မသိတာလား ..."

ထိုသူက ကြောင်အသွားပြီး သူမကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။


“… အယ် ... ကျွန်မ သိမှရမှာလား ...


သူက ရှင်းပြရန် မရည်ရွယ်ပဲ လက်ဝှေ့လိုက်သည်။

" သွေးမျိုးသန့်ကို နောက်တစ်ခါကျမှ ‌ဘာလို့ မမေးတာလဲ ... တခြားလူတွေကို ဘာမှ မသင်ပေးချင်ဘူး ..."


တစ်ချိန်တည်းမှာပင် သူက ကွန်ပျူတာကို ကြည့်နေသည်။


" ငါ အလုပ်များနေတယ် ...ငါတို့က အနီရောင်ဂြိုလ်ပေါ်မှာ မဟုတ်တော့ဘူး အဲ့တော့ ကောင်းကောင်းမွန်မွန်နေ ပြဿနာမရှာနဲ့ ..."


အခန်းထဲမှ မထွက်ခွာမီ သူမကို သတိပေးဟန်ဖြင့် ကြည့်လိုက်သည်။ သူ အခန်းပြင် ရောက်သွားချိန်တွင် မျက်နှာက ရှုံ့မဲ့သွားသည်။ အံကြိတ်၍ ဆဲဆိုနေသည်။

သေစမ်း ...


သူ အခန်းကို ပြန်သွားပြီး ထိန်းချုပ်စားပွဲခုံကို ညာဘက်တွင် ရှာတွေ့သွားပြီး ပစ္စည်းအစုအဝေးလိုက်ကို ယောင်စစ်ရှေ့တွင် ချထာလိုက်သည်။


" ဒါက ဘဲသွေးခဲ သရေစာ ဗိုက်ဆာရင်စားဖို့ ..."


“…”


" ဒါက စကြဝဠာကဝတ္ထုတွေ ပျင်းရင် ဖတ်လို့ရတယ် ..."


“…”


" ဒါက ငါဒေါင်းလော့လုပ်ထားတဲ့ ဂိမ်းတွေ ဆော့ချင်ရင်ဆော့ ..."


“…”


" ဒါက ခေါင်းအုံးတွေ သူတို့ကိုမှီထားရင် လည်ပင်းမနာဘူး ..."


“…”


" ပြီးတော့ ဒါက လိုက်လျောညီထွေမှုရှိတဲ့ အိမ်မွေးတိရစ္ဆာန်   သူ့ရဲ့ အသွင်အပြင်ကို မင်းစိတ်ကြိုက်ပြောင်းလို့ရတယ်..."


ထို့နောက် သူက ခွေးအရွယ်ခန့်ရှိသည့် သစ်သားယုန်ရုပ်ကြီးကို သူမရင်ခွင်ထဲ ထည့်ပေးလိုက်သည်။


“…”


" အင်း ‌ဒါအကုန်ပဲ ... မင်းတစ်ခုခုလိုရင် ငါ့ကိုသာ အသိပေးလိုက် ..."

ကြီးကျယ်ခမ်းနားသည့် အရာကြီးတစ်ခု ပြီးမြောက်သွားသကဲ့သို့ သက်ပြင်းရှည်ကြီးချ၍ လက်ပိုက်ကာ သူမကို ကြည့်နေသည်။


ခဏအကြာတွင် ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ အစောပိုင်းတည်းက သူ့ကို မေးချင်သည့် မေးခွန်းများကို ပြန်အမှတ်ရသွားသည်။


" ဒါက ..."


" မင်း ဘာလိုချင်သေးလို့လဲ ..."


" ရှင် ... ရှင်က ရူးနေတာ ဟုတ်တယ်မလား ...


သူမက ဓားစာခံလေ ... သူ့ကိုကြည့်ရတာ ကလေးထိန်းနဲ့တောင် တူနေတယ် ...



ထိုနှာဘူးတွင် အလေးအနက်ထားနေသည့် ကိစ္စတစ်ခုခု ရှိရမည်။ ဤတစ်ကြိမ်မှာ သူမ ပြန်ပေးဆွဲခံရသည့် အတွေ့အကြုံများထဲတွင် အထူးဆန်းဆုံးဖြစ်သည်။ သူမရောက်သည်အချိန်မှစ၍ ထိုလူက သူမကို မျက်မမြင်တစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်။

မဟုတ်သေးဘူး ... ဒါက အရမ်းလွန်နေပြီ ... ဓားစားခံလို့ ခေါ်ရမယ့်အစား အကန်တော့ခံရတဲ့ ဘိုးဘေးနဲ့တောင် တူနေပြီ ...


သူမကို အလွန်အကျွံ ဂရုစိုက်ပြနေပြီး သေးငယ်သည့်ကိစ္စများကိုပင် ဖြေရှင်းပေးသည်။ သူ၏စကားများက ပြင်းထန်၍ ကြောက်စရာကောင်းသော်လည်း သူမ၏ မည်သည့်တောင်းဆိုချက်ကိုမဆို ဖြေရှင်းပေးသည်။


" ရှင် ရူးနေတာမလား ..."

သူက အခန်းတွင်းသို့ မုန်တိုင်းတစ်ခုကဲ့သို့ ပြေးဝင်လာသည်။


" မင်းကို အစားအစာတွေ ပြင်ဆင်ပေးထားတယ်လေ ... ဝိညာဉ်သားရဲသွေးခဲပဲ လိုချင်တယ်ဆိုတာ ဘာသဘောလဲ ... တခြားတစ်ခုခုစားရင် သေမှာစိုးလို့လား ... ငါ့ရဲ့စမ်းသပ်ချက်က အခု သေရေးရှင်ရေး အခြေအနေရောက်နေပြီဆိုတော့ အနှောင့်အယှက်တွေ ဝင်လို့ မဖြစ်ဘူး ... ဒီလိုအချိန်မှာမှ ငါ့ကိုခေါ်ရလား မင်း သေချင်နေတာလား ..."

ထိုလူ့ကို ကြည့်ရသည်မှာ ဗျောက်အိုးကို မီးညှိလိုက်သကဲ့သို့ မခံမရပ်နိုင် ဖြစ်နေသည်။


ထို့နောက် အနီရောင်ဂြိုလ်၏ လူကြိုက်အများဆုံးဖြစ်သည့် ဝိညာဉ်သားရဲသွေးရည်ပုလင်းကို စားပွဲပေါ် ဆောင့်ချလိုက်သည်။


-_-|||


" ကျေးဇူးတင်ပါတယ် ..."

ယောင်စစ်က ဒေါသများကို မျက်ကွယ်ပြုထားပြီး တစ်ပုလင်းလုံးကို တစ်ထိုင်တည်း မော့သောက်လိုက်သည်။


အင်း ... မဆိုးပါဘူး ...

တစ်ငုံတည်းသောက်ရုံနဲ့ ဒီနေ့မှ ထုတ်ထားတယ်ဆိုတာ ပြောနိုင်တယ်.....


" အိုး ဟုတ်သားပဲ ... နှာဘူးကောင်ရေ ကျွန်မကို တစ်ပုလင်း ထပ်ပေးပါဦး ..." 

သူမ ထိုလူကို သံသယမကင်းစွာဖြင့် ကြည့်နေသည်။


" ငါ့နာမည်က လင်းလုံ ... မင်းကိုပြောတာ အကြိမ်တစ်ထောင်လောက် ရှိပြီနော် ... ငါ့ကိုနှာဘူးကောင်လို့ ထပ်ခေါ်ရင် မင်းကို ကိစ္စချောသွားအောင်လုပ်ပစ်မယ် ..."


သူ အလွန်ဒေါသထွက်နေပြီး ခေါင်းပေါ်မှပင် မီးခိုးတလူလူ ထွက်တော့မည်ဟု ထင်ရသည်။ သို့သော် သူ၏သိုလှောင်ခန်းမှ နောက်ထပ်သုံးပုလင်း ထပ်ယူလာပေးသည်။ သူမရှေ့တွင် ၎င်းတို့ကို စားပွဲပေါ်ဆောင့်ချလိုက်သည်။


" အဲ့တာသောက်ရင်း သေသွားပါစေလို့ မျှော်လင့်တယ် ..."


ယောင်စစ် ဗိုက်ဆာနေသည့်အတွက် နောက်ထပ်တစ်ပုလင်းကို ချက်ချင်းသောက်လိုက်သည်။ လင်းလုံ၏ အဆက်မပြတ် ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိသွားပုံပင်။


သုံးပုလင်းသောက်ပြီး၍ နောက်ဆုံးတစ်ပုလင်းကို ယူမည်အပြုတွင် သူက ဆွဲယူသွားသည်။


" မင်း ကိုယ့်ဘာသာ သတ်သေချင်နေတာလား ..."

သူမကိုစိုက်ကြည့်၍ ပုလင်းအဖုံးကို ဖွင့်ပေးနေသည်။


" မင်း ငတုံးလား သောက်စရာတွေက အေးကုန်ပြီ ဝမ်းလျှောပြီး သေကုန်မယ် ..."


" ကျွန်မက သွေးစုပ်ဖုတ်ကောင်လေ ဘာလို့ ဝမ်းလျှောပြီး သေမှာတုန်း ..."

ယောင်စစ် မျက်ဆံလှန်၍ သရော်‌လိုက်သည်။


" ပြီးတော့ ဒီ အသင့်စား အစားအစာတွေက ဘာလဲ ... အိမ်မှာဆိုရင် မူရွှမ်က ကျွန်မကို အမြဲချက်ကျွေးတယ် ... တစ်ခါမှ အထွန့်တက်စရာကို မလိုတာ ... ရှင်က ကျွန်မကို ဘာကိစ္စ သနားနေတာလဲ ..."


" တော်စမ်းပါ ... မင်းနဲ့ စာချုပ်ချုပ်ထားတဲ့သူမှ မဟုတ်တာ ဘာကိစ္စ မင်းကို အလိုလိုက်ရမှာလဲ ..."

လင်းလုံ ပုလင်းကိုချ၍ တစ်ဖက်မှထိုင်ခုံဘက်လှည့်ကာ အေပရွန်ကိုပတ်လိုက်သည်။


" မင်းမှာပဲ စာချုပ်ချုပ်သူ ရှိတာလား ... မင်းတို့ကပဲ ဟင်းချက်တတ်တာလား ... ဟမ့် ဟင်းချက်တာ ဘာများ ခက်လို့လဲ ... ငါတောင် ချက်တတ်တယ် ...  ဒီနေ့ အချက်အပြုတ်စွမ်းရည်ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို မင်းလို မျိုးမစစ်ငတုံးကို ပြရမယ် ..."  

ထိုသို့ ပြောပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားသည်။


“…”


╮(╯﹏╰)╭


ဖြောင့်မှန်တဲ့ အမူအကျင့်မျိုးပဲ သူအဆင်ပြေပါ့မလား ...


ယောင်စစ် သက်ပြင်းချလိုက်ပြီး အလုပ်ရှုပ်နေသော ပုံရိပ်ကို ကြည့်ပြီးပြောလိုက်သည်။

" ကျွန်မ အစပ်ထပ်ထည့်ချင်သေးတယ် ..."


" ပါးစပ်ပေါက်ပိတ်ထား ..."