Ch-12
Viewers 9k

လုယန်က အစေ့တွေကို ကိုက်စားနေပြီး ကောင်းကင်ကိုမော့ကြည့်လျက် ရံဖန်ရံခါတွင် သူ့ဘေးနားက အမျိုးသမီးကို လှမ်းကြည့်နေခဲ့သည်။ သူမဝါးစားနေတဲ့အချိန် သူမရဲ့လှပတဲ့ ပါးပြင်လေးတွေက ဖောင်းလာတာကို သူမြင်လိုက်ရတော့... အနှီငရုတ်သီးလေးက ချိုမြိန်တယ်လို့... သူဘာလို့များထင်နေရတာလဲ? 


အနှီထူးဆန်းတဲ့လေထုမှာ ရုပ်ရှင်စပြသည်အထိပင်။ 


သူတို့နှစ်ယောက်ထိုင်ပြီးနောက် ချင်းရို့က အဖြူအမည်းဇာတ်ကားဟောင်းကိုကြည့်ရန် သူမရဲ့ခေါင်းကိုမော့လိုက်ပြီးမှ သူမဘေးတွင်ထိုင်နေတဲ့ အရာရှိချောချောလေးကို ကြည့်လိုက်၏။ ဒီဝက်ဝံကတော့ အိုး မဟုတ်ပါဘူး၊ စိတ်တိုတတ်ပေမယ့်လည်း ချောမောလှပတဲ့ယောကျ်ားတစ်ယောက်ပဲ။ 


အနားတစ်ဝိုက်တွင် မှောင်နေပြီး စခရင်ပေါ်ရှိ အလင်းရောင်မှာ သူ့မျက်နှာကို ပြနေ

သဖြင့် သူရဲ့မျက်နှာအသွင်အပြင်ကို ပို၍ပင် သုံးဖက်မြင်သဏ္ဍာန်ဖြစ်စေသည်။ သူ့နှာခေါင်းမှာ တကယ်ပဲ မြင့်၍ဖြောင့်စင်းကာ မေးရိုးကလည်း လူတွေအား တရားမျှတမှုကို သဘာဝခံစားပေးစွမ်းနိုင်သော ထက်ရှ၍ ထောင့်ကျကျပုံစံပင်။ 


သူ့မျက်နှာကို ကြည့်လိုက်ပါက အနှီအမျိုးသားဟာ ရဲအရာရှိ သို့မဟုတ် စစ်သားဖြစ်သင့်သည်ဟု လူအများက ထင်မြင်လာစေသည်။ 


ဒါရိုက်တာစွင်းသည် သူက ရှန်းတုန်းပြည်နယ် ကျောင်းသောင်က ဖြစ်တယ်လို့ ပြောထားပုံပဲနော်။ 


ချင်းရို့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ မတ်တပ်မရပ်ဘဲနေသရွေ့တော့ သူ့ဘေးမှာ ထိုင်ရတာ အရမ်းလုံခြုံတယ်လို့ ခံစားရတယ်လေ။ 


ဤကဲ့သို့အသွင်အပြင်မျိုးဖြင့် သူတို့နှစ်ယောက် အတူတူထိုင်နေကြသည်မှာ အမှန်တကယ်ပင် စွဲမက်ဖွယ်ဖြစ်နေခဲ့၏။ 


ချင်းရို့လည်း သူမကိုယ်သူမ အလွန်လှပပြီး ချစ်စရာကောင်းကြောင်းကို သိလေ၏။ သူမတွင် စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာလေးရှိပြီး သူမဘေးမှာရှိတဲ့ အမျိုးသားက ဖြောင့်မတ်မှန်ကန်တဲ့မျက်နှာရှိပေသည်။ သူတို့နှစ်ယောက်အတူတူရှိနေကြတဲ့အခါ ဘယ်လိုပုံစံဖြစ်နေကြမလဲ? 


မှင်စာနဲ့ တရားမျှတတဲ့ ဘုန်းကြီးလိုမျိုးလား? နှစ်ယောက်စလုံးက သဘာဝရန်သူတွေပေါ့နော်။ 


တစ်ယောက်ယောက်က လုယန်ဆီကို လျှောက်လာပြီး ပုခုံးကိုပုတ်ကာ "မင်းက နတ်ဆိုးတွေ စုဆောင်းဖို့ ဒီကိုရောက်လာတာလား?"လို့ ပြောလာခဲ့လျှင် - 


ချင်းရို့သည် သူမက ဖြတ်သွားဖြတ်လာ အပြစ်ကင်းတဲ့ မြေခွေးတစ်ကောင်သာဖြစ်ကြောင်း လူတွေကို ရှင်းပြရပေမည်။ 


တခါတရံ၌ ချင်းရို့သည် သူမရဲ့ဦးနှောက်ကို လေးစားမိပြီး ဒီလိုမျက်လုံးတွေရှိလို့ သူမကိုယ်သူမ အပြစ်တင်ခဲ့သေးသည်။ သူမ ကလေးဘဝတုန်းကတည်းက မြေခွေးမလေးလို့ နာမည်ပြောင်အခေါ်ခံရလေ့ရှိကာ ယခုဆို မြေခွေးဝိဥာဥ်လို့တောင် သတ်မှတ်လာကြပြီဖြစ်၍ သူမလည်း ထူးဆန်းမနေတော့ပေ။ 


ချင်းရို့က ထိုအကြောင်းကို တွေးနေချိန်မှာပဲ ရုပ်ရှင် စတင်ပြသလာခဲ့သည်။ 


ဤခေတ်ရဲ့ အဖြူအမည်းရုပ်ရှင်အများစုဟာ အရင်တုန်းက နာမည်ကြီးရုပ်ရှင်တွေပဲလေ။ ၎င်းတို့က အဖြူအမည်းသာဖြစ်ကြသော်လည်း ဂရုတစိုက်ပြုလုပ်ထားသဖြင့် ချင်းရို့ ကြည့်နေရင်း စွဲလန်းသွားခဲ့ရ၏။ 


သူမမှာ တခြားအကျင့်တစ်ခုရှိပါတယ် - အဲ့ဒါကတော့ စိတ်လှုပ်ရှားလွယ်ပြီး ငိုတာပါပဲ။ 


စွန့်လွတ်အနစ်နာခံသည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် သူမကိုယ်သူမ မထိန်းထားနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ မျက်ရည်တွေစီးကျလာခဲ့သည်။


ချင်းရို့က မျက်ရည်တွေကို သုတ်ရန်အတွက် အကြိမ်ပေါင်းများစွာ လက်ကို မြှောက်နေရ၍ သူမရဲ့ လက်ဖျံတွေက စိုစွတ်နေကာ မျက်ရည်တွေနဲ့ နှပ်ရည်တွေကို ထိန်းထားဖို့ အကောင်းဆုံးကြိုးစားခဲ့လေသည်။ 


ဤခေတ်ရဲ့ သရုပ်ဆောင်တွေက သေချာဂရုတစိုက်သရုပ်ဆောင်ကြပြီး တေးသွားကလည်း ပိုလို့တောင်မျက်ရည်ကျစေသေးသည်။ အဖြူအမည်းရုပ်ရှင်၊ ရိုးရိုးရှင်းရှင်းဝတ်စားဆင်ယင်မှုနှင့် ရိုးရိုးဘာသာစကားတို့နှင့်အတူ သူမမျက်ရည်တွေကို ထိန်းမထားနိုင်တော့ချေ။ 


သူမဘေးကလူက တစ်ရှူးတစ်ရွက် ကမ်းပေးလာ၏။ 


"ကျေးဇူးတင်ပါတယ်..." 


ချင်းရို့လည်း ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်သည်။ လုယန်က တစ်ရှူးကိုဘယ်ကရမှန်း သူမမသိပေမယ့် အခုချိန်မှာတော့ သူမတကယ်လိုအပ်နေပြီလေ။ 


သူမလက်ထဲတွင် တစ်ရှူးကို ကိုင်ထားပြီးနောက် ချင်းရို့က ရုပ်ရှင်ထဲမှာ ပိုလို့တောင် မွေ့လျော်သွားခဲ့၏။ 


ရုပ်ရှင်မပြီးမချင်း သူမမျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့တော့။ သူမဘေးနားက လူအများစုက ထွက်သွားကြသည်အထိပါပဲ။ 


သူမမျက်နှာပေါ်က မျက်ရည်တွေကို သုတ်ရင်း ချင်းရို့က သူမဆီမှာ အဖော်ပါလာတယ်ဆိုတာကို သဘောပေါက်သွားခဲ့၏။ သူမက ယခုဆို ရုပ်ဆိုးနေပြီဖြစ်သော်လည်း ကိစ္စမရှိပါဘူးလေ။ ကံကောင်းထောက်မစွာဖြင့် ဒါဟာ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်နိုင်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်လေနော်။ 


ဒီအကြောင်းကိုတွေးပြီးနောက် သူမလည်း ရှက်ရွံ့မနေတော့။ 


ချင်းရို့အတွက်ကတော့ သူမ ငိုပြီးသွားသည်နှင့် အလွန်သက်တောင့်သက်သာရှိသွားပြီး တည်ငြိမ်သွားခဲ့လေပြီ။ 


သူမသည် လုယန်နှင့်အတူတူ ရုပ်ရှင်ရုံကထွက်ခဲ့ပြီး သူမရဲ့ပုံရိပ်ကို သိပ်ဂရုမစိုက်တော့ဘဲ လုယန်ကို နှုတ်ဆက်စကားပြောရန် ဆုံးဖြတ်လိုက်၏။ 


ရုပ်ရှင်ပြီးပြီးချင်း နှစ်နာရီ၊ သုံးနာရီလောက်ကြာသွားပြီဖြစ်ကာ သူတို့အိမ်ပြန်လို့ရပြီဖြစ်သည်။ 


"ရဲဘော်လု၊ ရှင်နဲ့ အတူတူရှိနေရတာ ပျော်ရပါတယ်ရှင်။ နောက်ကျနေပြီမို့ ကျွန်မပြန်တော့မယ်နော်၊ ဘိုင့်ဘိုင်" ချင်းရို့က သူ့ကို ပြုံးပြလိုက်ကာ သူမရဲ့အသံမှာတော့ ငိုထား၍ အနည်းငယ် အသံဝင်နေသေးဆဲပင်။ 


သူမသည် သူမကိုယ်သူမ လျှို့ဝှက်စွာဂုဏ်ယူနေလျက်။ 


လုယန်က ခေါင်းညိတ်၍ ရေတွေပြည့်နေပုံရတဲ့ ချင်းရို့ရဲ့ နီရဲနေဆဲ မြေခွေးမျက်လုံးတွေကို ကြည့်လိုက်၏။ ရေတွေက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေပြီး သူမရဲ့ နှာတံဖျားလေးမှာ အနည်းငယ်နီရဲနေလျက်။ ရုတ်တရက် သူ့ပါးစပ်က ခြောက်သွေ့သွားရကာ နှလုံးသားအောက်ခြေမှ တုန်ယင်သွားလျက် ပြောလိုက်၏။ "ကိုယ် မင်းကို လိုက်ပို့ပေးမယ်" 


"မဟုတ်တာ၊ ကြည့်၊ ဘတ်စ်ကားက ဟိုမှာရောက်နေပြီ၊ ကျွန်မ ဘတ်စ်ကားနဲ့ပြန်လိုက်မယ်နော်!" သူပြန်မဖြေခင်မှာပဲ ချင်းရို့က လှည့်သွားကာ ဘတ်စ်ကားပေါ် ​ပြေးသွားပြီး ရှေ့ကို လက်ဝှေ့ယမ်းရင်း ယာဉ်မောင်းကိုစောင့်ရန် အချက်ပြလိုက်၏။ 


ဘတ်စ်ကားပေါ်တက်တော့မည့်အချိန်တွင် ချင်းရို့က သူ့ကိုပြန်ကြည့်လာခဲ့သည်။ 


လုယန်ရဲ့ အသွင်အပြင်က သူမရဲ့အမြင်တွင် ပေါ်လာခဲ့ပြီး သူရဲ့ပုံစံက သူမရဲ့စံပြပုံစံဖြစ်သည်ဟု ဆိုရပေမည်။ 


သူမက "သခင်ယဲ့က နဂါးတွေကိုချစ်တယ်" ဖြစ်ရုံမျှသာဖြစ်ပြီး နဂါးနှင့်ရုပ်ရှင်အတူတူကြည့်ခြင်းမှာ ဆုံးရှုံးမှုမဟုတ်ပါဘူးလေ။ 


(Etran Note: 

Lord Ye Loved Dragons ဆိုသည်မှာ တစ်စုံတစ်ယောက်က အရာတစ်ခုကို အပြင်ပန်းပဲချစ်ပြီး စိတ်ရင်းနဲ့ ချစ်တာတော့မဟုတ်ဘူး။

ဒီနေရာမှာလည်း ချင်းရို့က သန်မာတဲ့အမျိုးသားတွေကို သဘောကျပေမယ့် စိတ်ရင်းနဲ့တော့မဟုတ်ဘူးလေ၊ ဘာလို့ဆို သူမက သူတို့ကို ကြောက်လည်းကြောက်သေးတာကိုး။ 


ဇာတ်လမ်းထဲက ~

သခင်ယဲ့ကတော့ နဂါးတွေကို အရမ်းချစ်လို့ သူ့အိမ်ကိုဆို သူ့ရဲ့လက်နက်တွေမှာရော၊ အိပ်ရာခင်း၊ ထိုင်ခုံ၊ နံရံတွေမှာ နဂါးတွေရဲ့ ဒီဇိုင်းပုံတွေ၊ ပန်းချီတွေ၊ ပန်းပုတွေနှင့် ပြည့်နေတာပေါ့။ ကောင်းကင်ဘုံကနဂါးဟာ သူက နဂါးတွေအပေါ် အရမ်းချစ်မြတ်နိုးတယ်လို့ကြားတော့ နဂါးက အရမ်းစိတ်လှုပ်ရှားသွားပြီး သူ့ဆီသွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ သူက ကမ္ဘာမြေကြီးဆီ ဆင်းသက်လာပြီးတော့ ယဲ့အိပ်ခန်းကို ရောက်လာခဲ့တယ်။ ဒါပေမယ့် နဂါးချစ်သူ သခင်ယဲ့ကတော့ နဂါးလာလည်တာမို့ အရမ်းကြောက်လန့်သွားပြီး တတ်နိုင်သမျှ အမြန်ထွက်ပြေးခဲ့ပါတယ်။ 


ဆိုတော့ သခင်ယဲ့ချစ်တာက နဂါးအစစ်ကိုမဟုတ်ဘဲ နဂါးနဲ့တူတဲ့အရာတွေသာဖြစ်ပါတယ်။) 


ချင်းရို့က ပြုံးပြ၍ လက်ဝှေ့ယမ်းပြီးနောက်မှ ဘတ်စ်ကားပေါ်တက်ဖို့ လှည့်သွားတော့သည်။ 


ဖြစ်နိုင်တာက နောင်အနာဂတ်မှာ သူနဲ့ ပြန်ဆုံတွေ့ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူးလေ။ 


လုယန်က လမ်းပေါ်မှာ ရပ်နေခဲ့ပြီး သူ့အမြင်ထဲမှ ဘတ်စ်ကားပျောက်သွားသည်အထိ စောင့်ကြည့်နေခဲ့၏။ သူမထွက်သွားရင်တောင် သူမရဲ့မျက်လုံးတွေက သူ့မျက်စိရှေ့မှာပဲ ရှိနေသလိုပါပဲ - အထူးသဖြင့် မြေခွေးငယ်လေးတစ်ကောင်လို ပြုံးနေတဲ့ သူမရဲ့ အပြုံးလေးပေါ့။ 


သူတို့နှစ်ယောက်အတူတူ ဖရုံစေ့စားခဲ့တဲ့ နေရာလေးကို ကြည့်ဖို့ရာ ရုပ်ရှင်ရုံဘက်ဆီ သူ့ခေါင်းကို လှည့်ကြည့်လိုက်ကာ သူ့မျက်ဝန်းတွေထဲမှာ အပြုံးသေးသေးလေးရှိနေလျက်။ 


သူနဲ့ အတူရှိနေရတာ ပျော်တယ်လို့ သူမပြော​သွားတာပဲ။ 


လုယန်က တိတ်တဆိတ် ခေါင်းညိတ်လျက်၊ ကြည့်ရတာတော့ သူ့ရဲ့ပထမအစီအစဥ်က အောင်မြင်သွားပုံရတယ်။ 


xxx