Chapter 165
မူလဇစ်မြစ်နှင့်ဘိုးဘေး
ယောင်စစ် မြေအောက်ဝင်ပေါက် လမ်းကြောင်းကို ကြည့်လိုက်သည်။ ဖျက်ထားသော ဖြစ်ရပ်ကတည်းက လင်းလုံက သူမကို ဓာတ်ခွဲခန်းထဲ လုံးဝ မဝင်ခိုင်းတော့ပေ။ သူမ ဖျက်လိုဖျက်ဆီးလုပ်ရန် နှစ်ကြိမ်နှစ်ခါမျှ ခိုးဝင်ခဲ့သော်လည်း လုံးဝအလုပ်မဖြစ်ပေ။ သူက အရာတိုင်းကို အပို ကော်ပီကူးထားလေသည်။
╮(╯﹏╰)╭
ထို့ကြောင့် ယနေ့အထိ သူဘာတွေလုပ်နေလဲဆိုသည်ကို သူမ မသိသေးချေ။
သူမ ၎င်းကို အသေအချာတွေးနေသည့်အချိန်တွင် တံခါး ပွင့်သွားပြီး လင်းလုံက အခန်းထဲဝင်လာခဲ့သည်။ သူ၏ ပုံမှန်ဖြစ်နေကြ ဒေါသထွက်နေသော အမူအယာကို မတွေ့ရ၍ သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်စရာတစ်ခုနှင့် ကြုံတွေ့လာသည်ပုံပင်။ သူ၏ မျက်ခုံးများက ပြေလျော့နေပြီး သူမကို ထူးထူးဆန်းဆန်း နှုတ်ဆက်လာသည်။
"ဟေး... သူများရဲ့စာချုပ်ချုပ်ဆိုသူလေးရေ...."
"ဟေး... ရူးနေတဲ့ နှာဘူးရေ..."
ယောင်စစ် ပြန်လည်ချေပလိုက်သည်။
လင်းလုံ၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ သူ၏ ပျော်ရွှင်ဝမ်းမြောက်နေသော အမူအယာကြီးက တောင့်တင်းသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူမ၏ အမူအယာအတိုင်း လိုက်လုပ်လေသည်။
"မင်းပဲ ပျင်းနေပါတယ်လို့ ညည်းညူနေတာမလား... ငါဒီနေ့စိတ်ကောင်းဝင်နေတော့ မင်းကို လမ်းလျှောက်ပေးမလို့လေ..."
ငါ့ကိုလမ်းလျှောက်ပေးရအောင် ငါခွေးလားဟ...
"ငါတို့ ဘယ်ကိုသွားနေတာလဲ...."
"သွားကြစို့..."
သူ သူမကို ဆိုဖာပေါ်မှ ဆွဲထူလိုက်သည်။
"ရောက်ရင် သိလာမှာပေါ့...."
သူ လေထဲတွင် အကွေးလေးတစ်ခုလုပ်လိုက်ပြီး ဘလက်ဟိုးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက အာကာသသယ်ယူပို့ဆောင်ခြင်းပင်။
ယောင်စစ် ကြောင်အသွားသည်။ ဤသည်က သူမ မူရွှမ်ကလွဲ၍ အခြားလူတစ်ယောက်တွင် ဤအစွမ်းရှိနေသည်ကို မြင်ဖူးခြင်းဖြစ်သည်။
လင်းလုံက သူမကို ပေါ်တယ်ထဲဆွဲခေါ်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူတို့က မြေပြင်ပေါ်တွင်မရှိတော့ဘဲ လေထဲတွင် ရပ်နေကြသည်။ သူတို့ပတ်ပတ်လည်တွက် ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုသာရှိနေပြီး ခပ်လှမ်းလှမ်းတွင် ခပ်ဖျော့ဖျော့အလင်းတန်းလေး နှစ်ခုသာရှိနေသည်။
"ငါတို့ ဘယ်ရောက်နေတာလဲ...."
"အသူတရာချောက်နက်ရဲ့ နယ်နိမိတ်..."
အသူတရာချောက်နက်... ဒါက စကြဝဠာအဆုံးသတ်နားမှာ မဟုတ်လား... သူမကို ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ...
ယောင်စစ် တောင့်ခဲသွားသည်။ သူ၏ စကားများက ပတ်ပတ်လည်တွင် အဘယ့်ကြောင့် ဂြိုလ်များမရှိနေကြောင်း ရှင်းပြနေသည်။ အသူတရာချောက်နက်က စကြဝဠာထဲတွင် ဂြိုလ်အသေးစားလေး အနည်းငယ်သာရှိပြီး ဂြိုလ်အများစုကို စကြဝဠာသားရဲများက စားသောက်ပစ်၍ လူသူအကင်းမဲ့ဆုံးသော နေရာဖြစ်သည်ဟူသော မူရွှမ်ပြောပြခဲ့သည်ကို ပြန်သတိရလာသည်။
သို့သော် ထူးဆန်းသည်မှာ ပတ်ဝန်းကျင်က လုံးဝမှောင်မှိုင်းမနေ၍ဖြစ်သည်။
သူမ သူ့အလိုလို တောက်ပနေသော အလင်းတန်းများကို ကြည့်လိုက်မိသော်လည်း သူမမြင်ရသည်မှာ ကြီးမားလှသည့် အပြာရောင်ဂြိုလ်ကြီးသာဖြစ်သည်။ အနီးဆုံးတစ်ခုက သူမကို ကျယ်ပြောလှသည့် သမုဒ္ဒရာများနှင့် ရင်းနှီးနေသော နယ်မြေများနှင့် မိုးထိုးနေသော တောင်များကို မှုန်ဝါးဝါးမြင်ရစေသည်။
"ကမ္ဘာ...."
သူမ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် အော်လိုက်မိသည်။
၎င်းက သူမနှင့် ရင်းနှီးကျွမ်းဝင်မှု အရှိဆုံးသော ဂြိုလ်ဖြစ်သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။
သူမ နိုးလာလာချင်း ပထမဆုံးကြုံရသည်မှာ ကမ္ဘာဂြိုလ်ဖောက်ခွဲခံရခြင်းဖြစ်နေတာကို ကမ္ဘာက ဘာလို့ဒီနေရာကိုရောက်နေရတာလဲ... ဒါ မစ်ကီးဝေးကြယ်စုကြီးမလား...
"မင်း အပြာရောင်ဂြိုလ်ကို သိတယ်လား..."
လင်းလုံ သူမကို စပ်စုသလိုကြည့်လာပြီး သူမကို အပေါ်အောက် အစုန်အဆန်ကြည့်လိုက်သည်။
"မင်းက ရှေးဟောင်းကမ္ဘာဂြိုလ်သားလား...."
ယောင်စစ် သူ့ကို လှည့်ကြည့်လိုက်သည်။
ကမ္ဘာဂြိုလ်သား ဖြစ်တာ ထူးဆန်းလို့လား... ဒါက စကြဝဠာထဲမှာ လူသိများနေတာမဟုတ်လို့လား..
"ဖက်... မင်းက တကယ်ကြီးပဲ..."
သူ၏ အမူအယာက မယုံကြည်နိုင်ဟန်ဖြစ်သွားသည်။
"ငါမယုံနိုင်ဘူး... အပြောင်းလဲထားတဲ့ ကမ္ဘာဂြိုလ်သားတွေရှိနေသေးတယ်လား... ငါကမင်းကို အတုလုပ်ထားတဲ့ ကိုယ်ပွားထင်နေခဲ့တာ... ဒီလို ကန်ထရိုက်တာအစစ်နဲ့ ကြုံရအောင် သူဘယ်လောက်တောင် ကံကောင်းနေရာလဲ... ဖက်ခ်...ဖက်ခ်...ဖက်ခ်...."
သူ အဆက်မပြတ်ဆဲဆိုနေပြီး သူ့မျက်နှာတွင် မနာလိုမုန်းတီးနေသော အမူအယာများ ဖုံးလွှမ်းနေသည်။ သို့သော် တဖြေးဖြေးချင်း သူ၏ အမူအယာက လှောင်ပြောင်သရော်လိုသော အမူအယာဖြစ်လာသည်။
"လူအိုကြီးက သူ့တစ်သက်လုံး သေတဲ့အထိ စာချုပ်ချုပ်ဆိုသူတစ်ယောက်ကို ရှာနေခဲ့တာ.. ရယ်စရာကောင်းလိုက်တာ..."
"လူအိုကြီး...."
ယောင်စစ်အံ့ဩသွားသည်။ ဤသည်က သူမ လူအိုကြီးဟူသော နာမ်စားကို ဒုတိယအကြိမ် ကြားရသည့် အကြိမ်ဖြစ်သည်။
"ဘာလူအိုကြီးလဲ... နင်ဘာပြောနေတာလဲ..."
လင်းလုံ စိတ်ရှုပ်နေသော အမူအယာနှင့် သူမကို ကြည့်လိုက်သည်။ သက်ပြင်းချပြီးနောက်တွင် သူပြောလိုက်သည်။
"မင်းကို ပြောပြလို့ အဆင်ပြေလောက်ပါတယ်လေ..."
သူ လေးလေးနက်နက်တွေးနေဟန် ခဏမျှ ငြိမ်သက်သွားသည်။
"သွေးစုပ်ဖုတ်ကောင်လို့ခေါ်တဲ့လူတွေ ဘယ်ကနေဆင်းသက်လာလဲ မင်းသိလား...."
"သူတို့က အပြာရောင်ဂြိုလ်က မဟုတ်ဘူးလား..."
ယောင်စစ် သူ့နောက်က ဂြိုလ်ကို လက်ညှိုးထိုးပြလိုက်သည်။ ပထမမျိုးဆက်အပါအဝင် သွေးစုပ်ဖုတ်ကောင်တိုင်းက မူလက ကမ္ဘာဂြိုလ်သားများသာ ဖြစ်ကြသည်။
"ဒါ အပြာရောင်ဂြိုလ်မဟုတ်ဘူး... ဒါက တစ်ပုံစံတည်းတူအောင် ငါပြန်တည်ဆောက်ထားတဲ့ ဂြိုလ်ပဲ..."
သူ ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
ယောင်စစ်၏ စိတ်ခံစားချက်များ စတင် မြင့်တက်လာသည်။
"ဒါဆိုရင် ဒီဂြိုလ်က...."
"မဟုတ်ဘူး...."
သူမ၏ မေးခွန်းကို ကြိုသိနေဟန်ဖြင့် ချက်ချင်း ငြင်းလိုက်သည်။ ထို့နောက် လှောင်ပြောင်သလို ဆက်ပြောလိုက်သည်။
"သက်ရှိတွေက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ဖြစ်တည်လာနိုင်မှာလဲ... အပြာရောင်ဂြိုလ်ကိုသာ ပြန်အသက်သွင်းနိုင်ရင် မင်းတို့တွေက ဘာကြောင့် ကိုယ်ပွားတွေလုပ်နေရဦးမှာတဲ့လဲ..."
"အိုး...."
သူမ၏ တက်ကြွမှုလေး ချုပ်ငြိမ်းသွားရသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာဂြိုလ်က သူမနှင့် အရင်းနှီးဆုံးသော သူမ၏ အိမ်လေးဖြစ်သည်။
"မင်းတို့တွေက ဒီဂြိုလ်ကနေ သက်ဆင်းလာကြတာပဲ... ဒါပေမဲ့ သွေးစုပ်ဖုတ်ကောင်တွေက အမြဲတမ်း သွေးမျိုးဆက်အမွေအပေါ်ကိုပဲ မှီခိုနေရပြီး ဒုတိယမျိုးဆက်ဆိုတာ ပထမမျိုးဆက်ကြောင့် ဖြစ်တည်လာတာပဲ... ဒါပေမဲ့ ပထမမျိုးဆက်တွေ ဘယ်ကနေဖြစ်တည်လာလဲ သိကြလား...."
"ဘိုးဘေးလား...."
"ဟုတ်တယ်... ဘိုးဘေးဆီကပဲ... ဒါပေမဲ့ ဘိုးဘေးဆိုတာက ဘယ်သူလဲ...."
ဒါ.....
ယောင်စစ် မဖြေနိုင်တော့ပေ။ အတိတ်က အပြာရောင်ဂြိုလ် သို့မဟုတ် သွေးစုပ်ဖုတ်ကောင်၏ သမိုင်းကို သေချာတွေးကြည့်သောအခါ သူမ ဘိုးဘေးဟူသော အမည်ထိသာ ရောက်လေသည်။ ၎င်းကို မူလကအစဟု သိသော်လည်း ထိုအမည်တွင်သာ တစ်ခန်းရပ်သွားပြီး ဆက်မသိရတော့ပေ။ လင်းလုံ၏ မေးခွန်းအရ....
"နင် ဘိုးဘေးနဲ့ဆုံခဲ့ ပြီးပြီပေါ့...."
ယောင်စစ် သူ့ကို အထိတ်တလန့် ကြည့်လိုက်သည်။
"ငါတို့က သိကျွမ်းရုံတင်မကဘူး.. ငါက သူ့ဖင်ကို နှစ်ထောင်ပေါင်းများစွာ ဆေးပေးခဲ့ရတာ..."
သူ့ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
"နင်တို့က ရင်းနှီးကြတယ်ပေါ့...."
ယောင်စစ် စတင်ပြီး တက်ကြွလာသည်။ မည်သို့ပင်ဆိုစေ ထိုလူက သွေးစုပ်ဖုတ်ကောင်တိုင်း၏ ဘိုးဘေးသာဖြစ်သည်။
"ငါ့ကို မြန်မြန်ပြောစမ်းပါ...သူ့ကို ဘယ်လိုခေါ်လဲလို့....."
ကြီးကျယ်မြင့်မြတ်လှသည့် နာမည်များက သူမစိတ်ထဲတွင် ပေါ်လာသည်။
ကိန်း၊ ဒရက်ကူလာ၊ လင်ဂို၊ ဟောက်ချင်၊ မာမော့၊ ကျန်းချန်... အနောက်တိုင်းနာမည်လေးဖြစ်မလား အရှေ့တိုင်းနာမည်လေးဖြစ်မလား....
"သူ့နာမည်က...."
သူ သူမကို ကြည့်လိုက်ပြီး လေးနက်သော အမူအယာဖြင့် ကြေငြာလိုက်သည်။
"ဝမ်..အာ့..မာ..."
“…”
ဘာ
(╯‵□′)╯︵┻━┻
ငါ့လာနောက်နေတာမလား...
ဝမ်အာ့မာ... သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ ဘိုးဘေးက ဘယ်လိုလုပ် ဝမ်အာ့မာဖြစ်နိုင်ရမှာလဲ....
"သူ့ကို ကျိုးအာ့ကုံလို့ ဘာလို့မခေါ်ရတာလဲ..."
လင်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩတကြီးအမူအရာဖြစ်ပေါ်လာသည်။
"အရင်တုန်းက ငါ့နာမည်က ကျိုးအာ့ကုံ
လို့ ခေါ်မှန်း နင်ဘယ်လိုလုပ်သိတာလဲ...."
“…”
ယောင်စစ် ဤဟာသကြီးကို ရယ်ပင် မရယ်နိုင်တော့ပေ။
_(??`」∠)_
"ဟီးဟီး.. တာ့တာ..."
ငါ ဒီပေါက်ကရတွေကို ယုံမှာမပါဘူး....
"နေပါဦး... မင်း ဘယ်သွားနေတာလဲ...."
သူ သူမ၏လက်ကို ဆွဲလိုက်သည်။
"ဖက်ခ်... ငါအမှန်အတိုင်းပြောနေတာ.. ညာမပြောဘူး...."
"လိမ်နေပါ.. ဆက်ပြီး ညာပြောနေလိုက်..."
နင် နောက်ထပ်ပြောမယ့် ပေါက်ကရတွေကို တာ့တာပဲဟေ့...
"ငါလူး.... အဲ့တုန်းက ဝမ်အာ့မာက သူ့ရဲ့ စာချုပ်ချုပ်ဆိုသူကိုရှာဖို့ ဒီလောက်ယုံဖို့မကောင်းတဲ့ အစီအစဉ်ကိုသာ မတွေးမိခဲ့ရင်... ငါက ဘယ်ဘိုလုပ်ပြီး ဒီလိုအခြေအနေကြီးနဲ့ အဆုံးသတ်သွားရမှာလဲ...."
"နေစမ်းပါဦး... နင်ပြောတဲ့ လူအိုကြီးဆိုတာက ဘိုးဘေးလား...."
"သူမဟုတ်လို့ ဘယ်သူ့ကိုများ ငါကပြောရဦးမှာလဲ... သူက သောက်ငကြောင်ကောင်ကြီးလေ...."
သူ ဒေါသထွက်နေသည်ကို တင်းခံရန် အံတင်းတင်ကြိတ်လိုက်သည်။
"သူဘယ်မှာလဲ... သူအသက်ရှင်နေတုန်းလား..."
"သူသေသွားပြီ...."
သူမျက်နှာရှုံ့မဲ့၍ အေးစက်စက်လှောင်ပြောင်လိုက်သည်။
"သူက လုံးဝရူးနေတာလေ... သူက ခွေးရူးတစ်ကောင်လိုပဲ ကမ္ဘာဂြိုလ်သားတွေအားလုံးကို မျက်စိတစ်မှိတ်အတွင်း လိုက်ပြောင်းနေတာ... သူက ဒါစာချုပ်ချုပ်ဆိုသူရှာဖို့ အမြန်ဆုံးနည်းလမ်းပဲလို့ပြောတယ်... ဒါပေမဲ့ သူ့ကိုယ်သူ သတ်မိသွားတာပဲ...."
ဒီတော့ ဒါက သွေးစုပ်ဖုတ်ကောင် ပထမမျိုးဆက်ရဲ့ အစဖြစ်တည်လာတဲ့ သမိုင်းလား.. ဘာလို့လဲဆိုတော့ ဘိုးဘေးက ရူးလောက်အောင် မိန်းမလိုချင်နေလို့လေ...
ဒါ ဘယ်လိုပေါက်ကရ လော့ဂျစ်ကြီးလဲ....
(╯‵□′)╯︵┻━┻
"နေပါဦး... နင်က ပထမမျိုးဆက်သွေးစုပ်ဖုတ်ကောင်မဟုတ်ဘူးလား...."
ယုတ္တိရှိရှိရတွေးကြည့်မယ်ဆိုရင် သူကလည်း ဘိုးဘေးဆီကနေ အသွင်ပြောင်းခံရတဲ့လူမလား... ဒါပေမဲ့ သူ့ရဲ့ မုန်းတီးနေတဲ့ပုံကြီးက ဆက်ခံသူနဲ့ တူကိုမတူဘူးနော်...
"ငါ့ကို ပထမမျိုးဆက်လို့ ဘယ်သူပြောလဲ...."
သူမျက်စိလှန်လိုက်သည်။
"မဟုတ်ဘူးလား...."
"ငါက ဝမ်အာ့မာနဲ့ မျိုးဆက်တူတူပဲ... နင်ပြောတဲ့ပုံစံအရဆိုရင်...."
သူ သူမကိုလှည့်ကြည့်လိုက်သည်။
"ငါကဘိုးဘေးတစ်ယောက်ပဲ...."
“…”
ဖက်ခ်