အပိုင်း ၁၆၆
Viewers 16k

Chapter 166

မျိုးသန့် စင်ကယ်ခွေး(ခ) နှစ်တစ်သောင်းFA


"ဒီတော့... ငါနဲ့ယှဉ်ရင် မင်းတို့လို အသွင်ပြောင်းခံရတဲ့လူတွေက ကမ္ဘာဂြိုလ်သားနဲ့ သွေးစုပ်ဖုတ်ကောင်မျိုးမစစ်လေးတွေပဲ..."

သူ မောက်မာစွာမေးငေါ့လိုက်ပြီး သူ့နှာခေါင်းအောက်မှကမ္ဘာကြီးကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ 

"အကောင်းဆုံး မင်းတို့တွေကို အဲ့ဒီ့ရူးနေတဲ့လူအိုကြီးအကိုက်ခံရလို့ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့လူတွေလို့ ပြောလို့ပဲရမယ်..."


နင်ပဲ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတာ..... နင်တို့တစ်မိသားစုလုံးပဲ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတာ...


"ဟီးဟီး..."

ယောင်စစ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားသည်။ ထိုကဲ့သို့သော အတော်လေးဆိုးဝါးသည့် လူမျိုးရေးခွဲခြားခံရမှုမျိုးက သူမကို အသည်းတယားယားဖြစ်သွားစေသည်။

"ငါတို့တွေက ခွေးရူးရောဂါကို သယ်ဆောင်ထားတယ်ဆိုတော့ နင်တို့မျိုးနွယ်ရဲ့ ခွေးရူးတွေဆီကလာတဲ့ ပိုးကိုသယ်ဆောင်ထားရတော့ ပျော်စရာကြီးမဟုတ်လား....."


သူမ နောက်ဆုံးစာသားကို ဖိပြောလိုက်သဖြင့် လင်းလုံ သူပြောသည့်စကားနှင့် သူ့ဘာသာချောင်ပိတ်ပြီး တောင့်တင်းသွားခဲ့သည်။ 


သို့သော် ယောင်စစ်က လင်းလုံကို ဘိုးဘေးတစ်ယောက်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ မူရွှမ်ကပင် သူ့ကိုအထင်လွဲပြီး ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်အဖြစ် သတ်မှတ်ခဲ့သေးသည်။ မူရွှမ်က တစ်ဘက်လူ၏ ကိစ္စများကို အာရုံမစိုက်သည့်ဟန် ပေါ်၍ သူမသာ လင်းလုံကို မေးရပေတော့သည်။


"နင်ပြောတဲ့ စာချုပ်ချုပ်ဆိုသူ ဆိုတာဘာလဲ အတိအကျပြောစမ်းပါ.... နင့်ကိုယ်နင် ဘိုးဘေးလို့ ပြောမှတော့ နင့်လို ဘိုးဘေးတွေဘယ်လောက်များများရှိနေသေးလဲ...."


"မင်းအဲ့ဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာမလိုဘူး...."

လင်းလုံ အထင်အမြင်သေးစွာ လက်ခါပြလိုက်သည်။

"ဒီလောကကြီးထဲမှာ ငါနဲ့လူအိုကြီးပဲရှိတာ... အိုး...နာကျင်စွာနဲ့ပြောရရင် နင့်ရဲ့ သွေးမျိုးသန့်လေးကလည်း ငါတို့လိုပဲ..."


"သွေးမျိုးသန့်ဆိုတာ ဘာကြီးလဲ...."


"အဲ့တာ ငါ့လိုလူကိုပြောတာလေ... သွေးသန့်သွေးစုပ်ဖုတ်ကောင်ပေါ့...."

သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်.

"မင်းတို့သွေးစုပ်ဖုတ်ကောင်လို့ ခေါ်တဲ့လူတွေအကုန်လုံးက ကမ္ဘာဂြိုလ်သားတွေကနေ ပြောင်းလဲခံလိုက်ရတဲ့ ငါတို့မျိုးနွယ်ရဲ့ သွင်ပြင်လက္ခဏာတွေတူညီတဲ့လူတွေပဲ.... ဒီတော့ မင်းတို့ကို သွေးစုပ်ဖုတ်ကောင်အစစ်လို့ ပြောလို့မရဘူး...."


"နင်က ကမ္ဘာဂြိုလ်သား မဟုတ်ဘူးလား...."


"ဘယ်ကသာ... ငါကဘယ်လိုလုပ် အဲ့လိုနိမ့်ကျတဲ့ မျိုးနွယ်ကဖြစ်ရပါ့မလဲ..."

သူ အထင်တသေး လှောင်ပြောင်လိုက်သည်။


ယောင်စစ် နှဖူးကြောများ ထောင်ထသွားပြီး သူ့ကိုရိုက်နှက်ချင်စိတ်ကို အတင်းကာရော ချုပ်နှိမ်ထားရသည်။ သူပြောသည့် သွေးမျိုးသန့်ဆိုသည်မှာ ဘိုးဘေးသွေးမျိုးဆက်နိုးထလာသည့် လူသာဖြစ်ရပေမည်။

"စာချုပ်ချုပ်ဆိုသူဆိုတာ အတိအကျဘာကိုဆိုလိုတာလဲ......"


သူ သူမကို မရေမတွက်နိုင်သော ခံစားချက်မျိုးစုံပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ဝမ်းသာပြီး စိုးရိမ်နေသော်လည်း မနာလိုသည်လား သဝန်တိုနေသည်လား မုန်းနေသည်လား မသဲကွဲသော ခံစားချက်အနည်းငယ် ပါနေသည်။ သူမ မသေချာသော်လည်း သူ၏ ပုံမှန်မဟုတ်သည့် စိုက်ကြည့်မှုကြီက သူမ၏နှလုံးကို ပရမ်းပတာဖြစ်စေ၍ နောက်သို့ သူ့အလိုလို ခြေတစ်လှမ်းဆုတ်မိသွားသည်။ 


"ငါတို့မျိုးနွယ်တွေက ဘဝတစ်လျှောက်လုံး စာချုပ်ချုပ်ဆိုသူကိုရှာဖို့ ဖြုန်းတီးခဲ့ကြပေမဲ့ ကံကောင်းတဲ့လူ အနည်းငယ်ကပဲ ရှာတွေ့ခဲ့ကြတယ်...."

သူ သူမကို ခါးခါးသီးသီးကြီး လက်ညှိုးထိုးလိုက်သည်။

"မင်းရဲ့ ကံကောင်းတဲ့ သွေးစုပ်ဖုတ်ကောင်လိုမျိုးပေါ့...."


ကံကောင်းတယ်... သူပဲ ခုနလေးတင် မူရွှမ်ကို သဘောကျနေတာလေ... ဘယ်လိုလုပ် ချက်ချင်းကြီး မနာလိုသွားရတာလဲ...


"ဒါပေမဲ့ အများစုက တစ်သက်လုံးရှာဖွေနေကြရတာ... အချို့ကတော့ စိတ်ဓာတ်သန်သန်မာမာနဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီးရှာကြပေမဲ့ အချို့ကတော့ မဟုတ်ဘူး...  လူအိုကြီးလိုပဲ ရူးသွားတာနဲ့ပဲ အဆုံးသတ်သွားကြရတယ်..."


"အာ...."

လူတစ်ယောက်ကို အရူးလို့ခေါ် ချင်သလိုခေါ်ဖို့ နင့်ကို ဘယ်သူက သင်ပေးခဲ့တာလဲ....

"စာချုပ်ချုပ်ဆိုသူတွေဆိုတာ ဆက်ခံသူတွေကိုပြောချင်တာလား...."


"မင်းတို့တွေနဲ့ ဘယ်သူကတူလို့လဲ...."

သူ့မျက်နှာတွင် မနှစ်မြို့မှုများရှိနေပြီး မျိုးနွယ်နှစ်ခုအကြား အသေအချာစည်းတားရန် ဆုံးဖြတ်ထားပုံပေါ်လေသည်။

"မျိုးမစစ်တွေက တွေ့တဲ့လူကိုကိုက်ပြီး ကလေးတစ်ယောက်ရနိုင်တယ်... အဲ့တာက ဘယ်လိုလုပ် ငါတို့မျိုးနွယ်ရဲ့ တစ်ဦးတည်းသော တစ်ယောက်တည်းသောစာချုပ်ချုပ်ဆိုသူနဲ့ ယှဉ်ရင် ဟာသကြီးပဲ မဟုတ်ဘူးလား..."


"..."

ဟေး... ဘာကို သွေးစုပ်ဖုတ်ကောင်တွေ ဟာသကြီးတုံး.... ပြီးတော့ ငါတို့သွေးစုပ်ဖုတ်ကောင်တွေမှာလည်း ကလေးဆိုလို့တစ်ယောက်တည်း ထားရတာပါနော်...


"စာချုပ်ချုပ်ဆိုသူတွေက မတူညီဘူး..."

လင်းလုံ အတွေးလွန်သွားဟန် ခပ်ငေးငေးဖြစ်သွားခဲ့သည်။

"သူတို့က ငါတို့တည်ရှိနေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ... ငါတို့မျိုးနွယ်အတွက် စစ်မှန်တဲ့ တစ်ဦးတည်းသောစာချုပ်ချုပ်ဆိုသူကို ရှာတွေ့ခြင်းဟာ ဂုဏ်သရေအရှိဆုံးအရာပဲလို့ သတ်မှတ်ထားကြတယ်... သူတို့က ငါတို့ဘဝရဲ မျက်ရှုရတနာ၊ ငါတို့ရဲ့ စိတ်ဝိဉာဉ်တူအဖော်ပဲ ... ငါတို့က စာချုပ်ချုပ်ဆိုသူတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်သောအခါမှ ငြင်းဆိုလို့မဝံ့ရဲကြဘူး... ငါတို့ရဲ့ချုပ်ချုပ်ဆိုသူကိုရှာတွေ့မှာသာ ငါတို့ရဲ့ စိတ်ဝိဉာဉ်ပြီးပြည့်စုံပြီလို့ သတ်မှတ်လို့ရတယ်... သူတို့က ကြုံရာလူမဟုတ်ဘူး....."


"အာ...."

အပိုအလို ချဲ့ကားထားတဲ့ ဖော်ပြချက်တွေကို ဖယ်ရှားလိုက်မည် ဆိုလျှင်

"နင်တို့က အမြဲတမ်း ပြီးပြည့်စုံပြီး ကွက်တိကျတဲ့ လက်တွဲဖော်မျိုးကို ရှာနေကြတာပေါ့...."


လင်းလုံ တောင့်ခဲသွားပြီး တွေဝေးငေးမောနေသော ပုံစံမှသည် ရှက်သွေးတို့ရဲရဲနီနေသာပုံဖြစ်သွားသည်။ ထူးဆန်းသော အတွေးတစ်ခုကို တွေးမိဟန်ဖြင့် သူစကားထစ်လာသည်။

"အ... အကယ်၍များ... အဲ့တာက စာ...စာချုပ်ချုပ်ဆိုသူရဲ့ ဆန္ဒဆိုရင်... လက်...လက်...လက်ထပ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်.... ပြီး...ပြီးတော့ ဒါ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးလေ... ငါတို့က ငါတို့ရဲ့စာချုပ်ချုပ်ဆိုသူကို ရှာတွေ့တာနဲ့ သေသည်အထိတိုင်အောင် သူတို့ကို စွန့်ခွာမသွားကြဘူး..."


ဒီတော့.... ယနေ့ခေတ်သွေးစုပ်ဖုတ်ကောင်တွေကို ဖန်တီးခဲ့တဲ့ ဘိုးဘေးဆိုတာ... သူ့မိန်းမကိုလိုက်ရှာရင်း ရူးသွားတဲ့ စင်ကယ်ခွေးတစ်ယောက်ပေါ့လေ...


ရုတ်တရက်ကြီး သူမရဲ့ မျိုးနွယ်ကို ကြောက်စရာ၊ လေးစရာစရာလို့ မမြင်တော့တာ ဘာလို့လဲ... ငါ့ရဲ့ လေးစားမှုလေးတွေ ပြန်ပေးကြပါ....


(╯‵□′)╯︵┻━┻


သူမ အတွေးထဲတွင် တစ်မျောနေဆဲဖြစ်သည့် တစ်ယောက်သောသူကိုကြည့်လိုက်သည်။ ထို့နောက် သူမစိတ်ထဲ မေးခွန်းတစ်ခုပေါ်လာသည်။


ယောင်စစ် သူ့ပခုံးကို ပုတ်လိုက်ပြီး အသည်းအသန်မေးတော့သည်။

"ဘဒိုရေ မေးစရာလေးရှိလို့ပါ... နင်တစ်ယောက်တည်းသမားဖြစ်တာ ဘယ်လောက်ကြာပြီလဲဟင်...."


"..." 

လင်းလုံ တောင့်ခဲသွားကာ သူ့မျက်နှာက ချက်ချင်းဖြူရော်လာသည်။


ထို့နောက် တစ်မိနစ်ခန့်အကြာတွင် ဒေါသအိုးပေါက်ကွဲလာတော့သည်။ တစ်စုံတစ်ယောက်က သူ၏ အထိမခံသည့် နေရာကို ထိမိဟန်ဖြင့် သူ၏ အမွှေးအမျှင်များအားလုံး ထောင်ထလာသည်။


"အဲ့တာမင်းကို ဘာလုပ်နေလို့လဲ.... ငါတစ်ယောက်တည်းကပဲ လက်တွဲဖော်ရှာကို အချိန်အကြာကြီးရှာနေခဲ့ရတဲ့လို့ ထင်တာလား.... ငါကသူတို့ရဲ့ အီစီကလီဆက်ဆံရေးတွေကို ဖြတ်တောက်နေလို့လား... မင်းရဲ့ သွေးမျိုးသန့်လို လူတိုင်းက ကံကောင်းမယ်ထင်နေတာလား...."


"မင်းရဲ့ စာချုပ်ချုပ်ဆိုသူကို ရှာတွေ့တာလေးနဲ့ပဲ မာန်တက်မနေနဲ့... စင်ကယ်ခွေးဖြစ်ရတာ ဘာမှားလို့လဲ... စင်ကယ်ခွေးတွေမှာလည်း မျှော်လင့်ချက်တွေရှိပါတယ်ဟ ဟုတ်ပြီလား... ငါတို့မှာ အဆုံးမဲ့တဲ့ အခွင့်အရေးပင်လယ်ရှိပါတယ်..."


"မင်းတို့တွေကပဲ လက်တွဲဖော်ရှာလို့ရတဲ့လူတွေထင်နေလား... ငါတို့လို စင်ကယ်ခွေးတွေကကြ ရှာလို့မရဘူးလား... မင်းက စာချုပ်ချုပ်ဆိုသူဆိုတာ တစ်ကီလိုကိုတစ်ဒေါ်လာတန် ဂေါ်ဖီထုပ်တွေလို လွယ်လွယ်ရှာတွေ့တယ် မှတ်နေလား....."


"ဖက်ခ်... မင်းရဲ့ စာချုပ်ချုပ်ဆိုသူကိုရှာတွေ့ ဘာတွေများကောင်းနေလို့လား... စာချုပ်ချုပ်ဆိုသူဆိုတာ ဘဲသွေးခဲလို စားလို့ရလို့လား.... တစာချုပ်ချုပ်ဆိုသူတည်း... စာချုပ်ချုပ်ဆိုသူနေတာ...."


"ငလူး... ငါ့စာချုပ်ချုပ်ဆိုသူ ငါမရှာနိုင်တာဘာဖြစ်လဲ... ငါကနည်းနည်းလေး နောက်ကျနေရုံပဲ... ငါသူ့ကိုဆက်ရှာနေတုန်းဆိုတော့ ဘာဖြစ်လဲ.. ဘာဖြစ်လဲလို့...."


"ဟက်... ငါဖြင့် သူတို့ရဲ့လက်တွဲဖော်ကို နှစ်သန်းပေါင်းနည်းနည်းလောက်လေးပဲ ကြာအောင် ရှာတဲ့လူမျိုးကို မတွေ့ဖူးပါဘူး... မင်းပိုင်တစ်ယောက်ကပဲ ဒီလောက်ကံကောင်းမှုတွေနဲ့ ကောင်းချီးပေးခံခဲ့ရတာလေ... သူတစ်ယောက်တည်းကပဲ အဲ့လိုကံကောင်းတာကွ.. မင်းပျော်ပြီလား... စိတ်ကျေနပ်သွားပြီလားပြော...."


"ငါတို့မျိုးနွယ်မှာ တစ်ယောက်ယောက်ရဲ့ စာချုပ်ချုပ်ဆိုသူကို ထိခိုက်နာကျင်အောင် လုပ်လို့မ ဘူးဆိုတဲ့ စည်းကမ်းသာမပါရင် ငါ့ကိုယ်ငါ ဒီလောက်ဖိအားပေးနေပြီး ငါ့ကိုယ်ငါဒေါသထွက်အောင် မင်းကို ခေါ်ထားပါ့မလား.... ဒါတွေအားလုံး မင်းရဲ့ သွေးမျိုးသန့်အကောင်ကြောင့်ပဲ...


"ငါ့မှာစာချုပ်ချုပ်ဆိုသူမရှိဘူး.. ငါက စင်ကယ်.... ဒါပေမဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်... ဘာဖြစ်ဘဲ.. အဲ့တော့ဘာဖြစ်လဲ...."


"ငလူး... ဒါတွေအကုန်လုံးက အဲ့ဒီ့သွေးမျိုးသန့်ကောင်ကြောင့်ပဲ... ယီး ငါဖြင့် နေရာတစ်ခုလုံးကို နှစ်ကြိမ်နှစ်ခါ မြေလှန်ပြီးပါရှာထားပေမဲ့ ငါ့စာချုပ်ချုပ်ဆိုသူရဲ့ အရိပ်အယောင်လေးတောင် မမြင်ရဘူး.... အဲ့ဒီ့ သောက်လူအိုကြီးတောင် ဒုက္ခတွေအများကြီးခံပြီး သူ့လက်တွဲဖော်သူရှာထားတာတောင် မတွေ့ဘူး... မင်းရဲ့ လက်တွဲဖော်က မင်းကို ဘာလို့ရှာတွေ့သွားတာလဲ.... ဘာလို့ သူကြရှာတွေ့ရတာလဲ...."


လင်းလုံ တဖြေးဖြေးချင်း သွေးဆူလာပြီး သူ၏ အပြစ်တင်မှုများက ရေပိုက်ခေါင်းကျိုးသွားသလို ဒလဟောထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးကို "နာကျည်းမုန်းတီးနေသည်"ဟူသော အလွှာတစ်လွှာက ဖုံးအုပ်ထားသည်။


"..."

ကြောင်တောင်တောင်ဖြစ်နေသော ယောင်စစ်လေး


သူဘာတွေပြောနေတာလဲဟင်....


○| ̄|_


ယောင်စစ် ရုတ်တရက်ကြီး စင်ကယ်ခွေးများနှင့် ဝေးဝေးနေသင့်ကြောင်း ခံစားမိလိုက်သည်။ သူတို့က အမှန်တကယ် ကြောက်ဖို့ကောင်းပေသည်။


လင်းလုံ၏ အပြစ်တင်မှုက နာရီဝက်ကြာမြင့်သွားခဲ့သည်။ အစက ထိုအပြစ်တင်မှုများက သူမကို တိုက်ရိုက်ပြောဆိုသည်ဖြစ်သော်လည်း တဖြေးဖြေးဖြင့် မူရွှမ်ဘက်လှည့်သွားခဲ့သည်။ သူက မူရွှမ်ကို ဆံပင်တစ်မျှင်ပင်မကျန်အောင် အပြစ်တင်ပြောဆိုလေသည်။ ဤသည်က မူရွှမ်၏ စကြဝဠာတစ်ခုလုံး၏ အချောဆုံးနတ်ဘုရား သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ဤမျှပြင်းပြင်းထန်ထန် အပြစ်တင်ကြိမ်းမောင်းခံရဖူးခြင်းဖြစ်သည်။ အပြစ်တင်ရသည့်အကြောင်းအရင်းမှာလည်း သူ့တွင် စာချုပ်ချုပ်ဆိုသူရှိနေ၍ ဟူသတည်း။


-_-|||


ယောင်စစ်တစ်ယောက် လင်းလုံ၏ ဒေါသတကြီး အော်ဟစ်မှုထဲတွင် စကြဝဠာတစ်ခုလုံး ချဉ်တင်တင်ရနံ့များ ဖုံးလွှမ်းလာသည်ဟု ခံစားမိလိုက်သည်။ 

စင်ကယ်ခွေးတစ်ကောင်ရဲ့ မနာလိုတဲ့အနံ့လေးလား....


"နင် စိတ်အေးသွားအောင် သောက်စရာအေးအေးလေး သောက်လိုက်ပါလား.."

သူမ စိတ်ဝိဉာဉ်သားရဲသွေးပုလင်း အေးအေးလေးကို သူမ၏ ကွန်ပျူတာလက်ပတ်မှ ထုတ်ကာ ပေးလိုက်သည်။


လင်းလုံ ထိုပုလင်းကို ယူလိုက်ပြီး နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူ၍ ရပ်လိုက်တော့သည်။ သူ ပါးစပ်အပြည့်တစ်ငုံ မျိုချရင်း သူမကို မျက်စောင်းထိုးကြည့်နေသည်။ သူ၏ အမူအယာမှ တဆင့်ပြောနေသည်မှာ

– ဒီသားရဲသွေးလေးနဲ့ ငါ့ရဲ့ ထိခိုက်နာကျင် ကြေကွဲနေတဲ့ နှလုံးသားလေးကို မနှစ်သိမ့်နိုင်ဘူး....


"နင်ဘာပြောစရာရှိသေးလဲ..."


"အာ... နောက်ထပ် မေးခွန်းလေးတစ်ခုပါပဲ...."


"ပြော...."


"ဘိုးဘေးဆိုတာ ဘာလဲ.."

သူမ မေးလိုက်သည်။

"ဒါမှမဟုတ် ငါ့မေးခွန်းကို သေချာစာစီရမယ်ဆိုရင် ဘိုးဘေးတွေက ဘယ်ကနေလာတာလဲ..."


လင်းလုံ အားပါးတရ ပြန်ဖြေလိုက်သည်။

"ဒါပေါ့... ငါတို့တွေက..."


သူ့စကားမဆုံးမီ သူတို့ရှေ့ရှိ ငြိမ်သက်နေသော အာကာပြင်က စတင် ယိမ်းထိုးလာသည်။ အနက်ရောင်ပင်လယ်က စတင်၍ အက်ကွဲလာပြီး ဧရာမတွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ခဏချင်း ထိုတွင်းပေါက်က သူတို့၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


သို့သော် ၎င်း၏ အတွင်းမှ တစ်စုံတစ်ခုက တွားထွက်နေဟန် တွင်းပေါက်ကြီးက ပိုမိုကြီးမားလာသည်။


ယောင်စစ်၏ နှလုံးသား တင်းကြပ်သွားပြီး ကြက်သီးတဖြန်းဖြန်းထလာသည်။


ဖက်ခ်... အခုဘာဆက်ဖြစ်ဦးမှာလဲဟ..