အပိုင်း ၁၆၇
Viewers 16k

Chapter 167

စကြဝဠာသားရဲများဖြစ်ပေါ်လာပုံ


"စ နေပြီပဲ...."

လင်းလုံက ဒွိဟဖြစ်စေသော အသံဖြင့် စီကနဲ ရေရွတ်လိုက်ကာ ခပ်လှမ်းလှမ်းမှနေရာကို စိုက်ကြည့်လိုက်သည်။


ဘာကြီးလဲ.... ဘာတွေစနေတာလဲ... ရှင်းပြစမ်းပါဦးဟ....


ယောင်စစ် မေးခါနီးတွင် သူမတို့နှစ်ယောက်လုံး၏ ပတ်ပတ်လည်၌ နောက်ထပ် များစွာသော အာကာသတွင်းနက်များစွာထွက်ပေါ်လာသည်။ ရုတ်တရက် ထိုတွင်းပေါက်များ ထွက်ပေါ်လာသည်နှင့်အတူ ဒယိမ်းဒယိုင်ဖြစ်သွားပြီး သူမနောက်ရှိ ဂြိုလ်ပေါ်သို့ နောက်ပြန်ပစ်ထုတ်ခံလိုက်သည်။


"မင်းမှာ ဦးနှောက်မရှိဘူးလား.."

လင်းလုံ သူမကို လက်ကမ်းပေးလိုက်သည်။

"ဒီနားမှာ ပေါ်တယ်တွေအများကြီးရှိနေတော့ အာကာယံ မတည်ငြိမ်ဘူးဆိုတာ သိသာနေတာကို... မင်းရဲ့ အစွမ်းကို မြန်မြန်နှိုးပြီး ကာလိုက်လေ...."


ယောင်စစ် ဆွံ့အသွားရသည်။

"ငါ့မှာအခု အစွမ်းမှမရှိတာ..."


"အစွမ်းမရှိဘူး...."

လင်းလုံ ကြောင်အသွားကာ သူမကို ကြည့်လိုက်ပြီးမှ စိတ်ရှုပ်ထွေးသွားဟန် အကြည့်လွှဲလိုက်သည်။

"ငါ့ကို ကန်းနေတယ်များထင်နေလား...  အနီရောင်ဂြိုလ်ပေါ်မှာတုန်းက ငါ့ရဲ့သွေးမြူကို ဖယ်ထုတ်ဖို့ မင်းဆင့်ခေါ်လိုက်တာ လေအစွမ်းမဟုတ်လို့ ဘာကြီးလဲ...."


ဖက်ခ်...  နင့်လို့ အစွမ်းအကုန်ရှိတဲ့ အကျင့်မကောင်းတဲ့ ကောင်ကြောင့်သာမဟုတ်ရင်  ငါဒီလို အခြေအနေဆိုးနေပါ့မလားဟ...


"ထးလိုက်တော့... ဘာပဲဖြစ်ဖြစ် မင်းလည်း အများကြီးလုပ်စရာမှမလိုတာ..."

လင်းလုံ သူမလက်ကို တည်တည်ငြိမ်ငြိမ် ဆွဲလိုက်သည်။ ထို့နောက် သူမကိုယ်တွင်းတွင် တစ်စုံတစ်ခု ဝင်ရောက်လာပြီး သူမကို တိုက်ခိုက်နေသော အားလှိုင်းများကို ဖယ်ထုတ်သွားခဲ့သည်။

"မင်းရဲ့ ပျော့ညံ့မှုကို ကြည့်စမ်းပါဦး... ငြိမ်ငြိမ်လေးနေ ကမျင်းကျောထနေမနဲ့... မင်းသေသွားရင်တောင် ငါကဂရုမစိုက်ဘူး... ဟမ့်..."

သူ သူမကို ဒေါသတကြီးကြည့်လိုက်သော်လည်း အရှေ့သို့ ခြေတစ်ဝက်လှမ်းလိုက်ပြီး သူမကို သူ့နောက်ပို့၍ ကာကွယ်ပေးလိုက်သည်။


"..."

ယောင်စစ်၏ နှုတ်ခမ်းထောင့်တို့ တွန့်လိမ်သွားပြီး သူ့နောက်ကျောကို လက်ခလယ်ထောင်ပြလိုက်သည်။


ယီးပဲ.. နင်ငါ့ကို လွှတ်ရဲရင် လွှတ်ကြည့်လိုက်လေ.. ငါအနီရောင်ဂြိုလ်ပေါ် ပြန်သွားပြီး နင့်အကြောင်းတွေ အကုန်ပြန်တိုင်ပစ်မှာ... ငါ့ရဲ့ စောင့်ရှောက်သူဖေဖေကြီးကို နင့်ကိုရိုက်ခိုင်းပစ်မှာ...


ယောင်စစ် စိတ်ထဲတွင် အဆဲမုန်တိုင်းတို့ထန်နေချိန်တွင် အာကာသတွင်းနက်များက တဖြေးဖြေးချင်း ပုံပျက်တွန့်ရှုံ့လာသည်။ ပြဲစုတ်သွားသော အသံနှင့်အတူ ဧရာမ အဖြူရောင်ပုံရိပ်ကြီးတစ်ခုက တွား၍ထွက်လာသည်။


၎င်းက သူမတစ်ခါမှ မမြင်ဖူးသော ဧရာမအဖြူရောင် သားရဲကြီးဖြစ်သည်။ ၎င်း၏ အရေပြားကို အဖြူရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတွင် ငါးနှင့်တူသော ပုံသဏ္ဍာန်ရှိသော်လည်း ခြေထောက်များစွာရှိနေပြီး ၎င်း၏ကျောပေါ်တွင် ချွန်ထက်နေသောဆူးချွန်များနှင့်တူသော အရာများစွာရှိနေသည်။ ၎င်းက ခပ်လှမ်းလှမ်းတွင်ရှိနေသော်လည်း ၎င်း၏အရွယ်အစားက သူမတို့နောက်ရှိ ဂြိုလ်နှင့် တူနေသည်။


ထိုကဲ့သို့သော အရွယ်အစားမျိုးက စကြဝဠာသားရဲများသာ ပိုင်ဆိုင်နိုင်ပေသည်။


(⊙_⊙)


ယောင်စစ် အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းလုံ၏ ရည်ရွယ်ချက်များကို မေးမြန်းရန်ကြံလိုက်ချိန်တွင် အခြားသော အာကာသတွင်းနက်များမှ စကြဝဠာသားရဲများ တစ်ကောင်ပြီးတစ်ကောင်ထွက်လာသည်။ တစ်ကောင်ချင်းဆီက လုံးဝမတူညီကြပေ။ အချို့က ကြောက်စရာကောင်းပြီး အချို့ကနူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းကြသည်။ သို့သော် တစ်ကောင်ချင်းဆီက ဂြိုလ်တစ်လုံးပမာဏအထိ ကြီးမားလှသည်။


"ဘယ်လိုနေလဲ... ငါ့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေက အကြီးကြီးတွေပဲ မဟုတ်လား..."

လင်းလုံ စကြဝဠာသားရဲများကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်လိုက်သည်။ သူ့လက်က်ကို တစ်ချက်ဝေ့ရမ်းလိုက်သောအခါ စခရင်ပေါင်းများစွာ တောက်ပလာပြီး သူက စတင် အလုပ်လုပ်လေတော့သည်။


အိမ်မွေးတိရိစ္ဆာန်တဲ့လား.... ဘယ်သောက်နေရာမှာ အိမ်မွေးတိရိစ္ဆာန်နဲ့တူလို့လဲဟ...


(╯‵□′)╯︵┻━┻


မဟာမိတ်အဖွဲ့က သူတို့ရဲ့ ခန့်မှန်းချက်တွေအားလုံးနဲ့ အဓိကတပ်မကြီးတစ်ခုလုံးကို သုံးပြီး စကြဝဠာသားရဲတွေကို အမဲဖြတ်နေကြလေ... ဘာလို့ စကြဝဠာသားရဲတွေ အများကြီး ကျန်နေရသေးတာလဲ... ဘေးစွန်က အာကာသတွင်းနက်တွေရဲ့ အရေအတွက်နဲ့တင် ရာပေါင်းများစွာ.. မဟုတ်ဘူး အနည်းဆုံးတစ်ထောင်ကျော်ကျော်ရှိလောက်တယ်...


သူဘာတွေလုပ်ချင်နေတာလဲ...


ယောင်စစ်၏ နှလုံးသားလေး စောင့်ခုန်သွားပြီး သူမရှေ့ရှိလူကို ကြည့်ကာ သူမစိတ်ထဲတွင် စာသားတစ်ကြောင်း သူ့အလိုလိုပေါ်လာသည်။

_ လူ့အသိုင်းအဝိုင်းကို လက်စားချေခြင်း


ဆက်ခံသူမရှိဘဲ အကြာကြီးနေခဲ့ရတော့ ဆက်ခံသူရှာရင်း ရူးသွားပြီး စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို့ များလား..


ဒီလောက် စကြဝဠာသားရဲတွေအများကြီးနဲ့ဆိုရင် ဖြစ်နိုင်တယ်နော်...


စကြဝဠာကြီးက ဒီလောက်များတဲ့ စကြဝဠာသားရဲစစ်တပ်ကြီးကို ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ... သူတို့တစ်ကိုက်ကိုက်တာနဲ့ ဂြိုလ်တစ်ခုလုံး ကြွသွားမှာပဲ...


ထိုအချန်ခဏလေးတွင် သူတို့ရှေ့ရှိ စကြဝဠာသားရဲကြီးက သူ့ပါးစပ်ကိုဟကာ အခြား စကြဝဠာသားရဲတစ်ကောင်ကို ဝါးမျိုလိုက်သည်။


ဟမျ... ဟမျ... ဟမျ..


Σ(°△°|||)︴


"ဒါကြီးက သူ့မျိုးနွယ်သူစားနေပြီလေ..."

ယောင်စစ်နှင့် သူ့ဘေးရှိတွဲဘက်လေး... မဟုတ်ဘူး... ယောင်စစ်တစ်ယောက်တည်း ထိတ်လန့်သွားရသည်။ လင်းလုံအပေါ် သေးသေးလေးပင် မသက်ရောက်ပေ။ သူက ဘေးဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အလုပ်ထဲသူ ခေါင်းစိုက်ကာ စာရိုက်နေသည်။


သူမ အထင်ပဲမှားတာလား... စကြဝဠာသားရဲကြီးက သူ့မျိုးနွယ်သူစားပြီး ခန္ဓာကိုယ်တကယ်ကြီးလာတာပဲလား... သူ့ ကျောပေါ်က ကြေးခွံတွေနဲ့ ဆူးချွန်တွေကတောင် အရင်ကထက် ပိုချွန်လာသလိုလို...


ယောင်စစ် အခြားစကြဝဠာသားရဲများကို ကြည့်လိုက်သောအခါ ကြောင်အသွားရသည်။ သူတို့ရှေ့ရှိ အခြားသော စကြဝဠာသားရဲများကလည်း ချွင်းချက်မရှိပေ။ အချင်းချင်း ချစ်စိတ် ခင်စိတ် အရိပ်ကလေးပင် မမြင်ရဘဲ တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုနေကြသည်။ 


ဘာတွေဖြစ်နေတာလဲ..


ဒီ နှစ်ဦးနှစ်ဖက် အထိနာစေတာကြီးက လူမှုအသိုင်းအဝိုင်းကို လက်စားချေမယ်ဆိုတာနဲ့ လုံးဝကွဲနေသလိုပဲနော်...


နာရီဝက်အတွင်း ကောင်းကင်အပြည့်ဖြစ်နေသော စကြဝဠာသားရဲများ၏ တစ်ဝက်တိတိက အရှင်းလင်းခံလိုက်ရပြီး နောက်ထပ်အကြာတွင် အသန်မာဆုံးသော တစ်ကောင်သာ ကျန်ပေလိမ့်မည်။ ဤသို့သော နည်းလမ်းမျိုးက...


ယောင်စစ် တောင့်ခဲသွားရသည်။ ချက်ချင်းလက်ငင်း အဓိပ္ပါယ်မရှိသော သဘောပေါက်မှုတစ်ခုက သူမခေါင်းထဲပေါ်လာတော့သည်။


"နင် ကူပိုးကောင်ပုံစံလုပ်နေတာပဲ...."

(T/N- xian xia ဝတ္ထုတွေထဲမှာ ပါနေကြ ကူပိုးကောင်ဆိုတာမျိုးပါ... မြွေ၊ကင်း၊ပင့်ကူ၊ဖား အစရှိသည်ဖြင့် အဆိပ်ကောင်မျိုးစုံကို ဘူးတစ်ခုထဲထည့်ပြီး ပစ်ထားလိုက်တာပါ အချင်းချင်းသတ်ဖြတ်၊ စားသောက် လို့ပြီးလို့ နောက်ဆုံးကျန်တဲ့အကောင်က အဆိပ်အပြင်းဆုံးဖြစ်လို့ အဲ့အကောင်ကို ကူပိုးကောင်ဆိုပြီး မွေးကြသလိုမျိုးပါ...)


"ကူပိုးကောင်...."

လင်းလုံ ခဏမျှအတွေးနက်သွားပြီး သူမပြောသည်ကို နားလည်သွားသောအခါ စိတ်ထဲပင်မထားဘဲ စာဆက်ရိုက်နေသည်။

"အင်း... အဲ့လိုပုံစံလုပ်နေတာပဲ ဒါပေမဲ့ ငါက သားရဲဘုရင်ကို ဖန်တီးနေတာ..."


သားရဲဘုရင်... သူအဲ့တာကို ဘာလို့လိုတာလဲ...


အရေအတွက်က တဖြေးဖြေးနည်းပါးလာပြီး ခဏအကြာတွင် နှစ်ယောက်သာ ကျန်တော့သည်။ တစ်ကောင်က ယောင်စစ် မှတ်မိနေသေး အဖြူရောင်အကောင်ဖြစ်ပြီး နောက်တစ်ကောင်က အနက်ရောင်အကောင်ဖြစ်သည်။ အသေအချာကြည့်လိုက်သောအခါ မတိုင်မီက ယောင်စစ်တစ်ယောက် မှားမြင်လိုက်သည်မဟုတ်ကြောင်း သိလိုက်မိသည်။ သားရဲနှစ်ကောင်က ပိုမိုကြီးမားလာပြီး မူလက ဖြူနေသော ကြေးခွံများက အနီရောင်စွန်းထင်းလာသည်။

သူတို့ အဆင့်တက်သွားတာလား...


ယောင်စစ် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ လင်းလုံက စကြဝဠာသားရဲတစ်အုပ်ကြီးထက် သားရဲဘုရင်တစ်ကောင်တည်း ထားသည်က ပိုမိုအကျိုးအမြတ်များသည်ဟု ထင်နေပုံဖြစ်သည်။ထို့အပြင် သူ၏ ရိပ်သိမ်းနယ်မြေများက စကြဝဠာအနှံ့တွင်ရှိနေပြီး သားရဲအကုန်လုံးကို အသူတရာချောက်နက်သို့ ဆင့်ခေါ်လိုက်၍ စကြဝဠာမျိုးနွယ်စုတိုင်းကို ဆန့်ကျင်နေချင်ကြောင်း ထင်ရှားလှသည်။


လင်းလုံ ပိုမိုပြင်းထန်စွာ စာရိုက်လိုက်သည်။ ရလဒ်က စိတ်ကျေနပ်စရာကောင်းသည်လားတော့ မသိ သူ၏အမူအယာက တစ်မိနစ်ချင်းစီတွင် ပိုမိုကောင်းမွန်လာသည်။

"ကောင်းလိုက်လေ... နံပါတ်တွေက တဖြေးဖြေးချင်း ပြီးပြည့်စုံလာပြီ...."

သူ နောက်ဆုံးသော စခရင်ကို ထိလိုက်ပြီး ရပ်လိုက်တော့သည်။ စခရင်ပေါ်တွင် စကြဝဠာသားရဲနှစ်ကောင်ရှိနေပြီး အနီရောင် ကိန်းဂဏန်းဘားတစ်ခု ရှိနေသည်။

_ရှေးဟောင်းအချက်အလက်တူညီမှု ၉၀%


နောက်ဆုံးသော စကြဝဠာသားရဲနှစ်ကောင်က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပြီး  အနက်ရောင်သားရဲကြီးက အဖြူရောင်သားရဲကို ဝါးမျိုလိုက်ချိန်တွင် လင်းလုံ၏စခရင်ပေါ်ရှိ ရာခိုင်နှုန်းက ၉၉%အထိ ခုန်တက်သွားသည်။


"နောက်ဆုံးတော့... နောက်ဆုံးတော့... ပြီးတော့မယ်ကွ... ဟားဟားဟားဟားဟား...."

လင်းလုံ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အသံက သူ၏နှစ်ပေါင်းများစွာကြာပြီဖြစ်သော ဆန္ဒကို ဖြည့်ဆီးလိုက်သည့်ပုံနှင့် တူနေသည်။ သူ သက်ပြင်းချလိုက်ပြီး ယောင်စစ်ကို စိုက်ကြည့်လိုက်သည်။

"နောက်ဆုံး အဆင့်တစ်ခုပဲ ကျန်တော့တယ်..."


ယောင်စစ် ထိတ်လန့်သွားသော်လည်း သူက သူမကို ကြည့်မနေပေ။ ယင်းအစား သူ၏ အကြည့်များက သူမနောက်ရှိ အပြာရောင်ဂြိုလ်ကိုသာ ကြည့်နေပေသည်။


လင်းလုံလက်ရမ်းလိုက်ပြီး တောက်ပသည့် အလင်းကြီးက နောက်ဆုံးသော စကြဝဠာသားရဲကြီးကို အလင်းတန်းထိုးလိုက်သည်။ ၎င်းက သတ်ချင်နေသည်ဟုတ်ဘဲ ၎င်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ကာ သားရဲ၏ ဦးချိုဆီသို့ ပျံသန်းသွားသည်။


အနက်ရောင်သားရဲကြီးက အော်ဟစ်လိုက်ကာ သူမတို့ထံ ပြေးဝင်လာသည်။ ၎င်းက နီးကပ်လာသည်နှင့် ၎င်း၏အရွယ်အစားက သူမတို့နောက်ရှိ အပြာရောင်ဂြိုလ်ထက် ကြီးကြောင်း သိလိုက်ရသည်။ သားရဲကြီးက ပါးစပ်ဟလိုက်ပြီး သူမတို့ထံ ခုန်အုပ်လိုက်သည်။


လင်းလုံ ယောင်စစ်ကိုဆွဲခေါ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူတို့က ဂြိုလ်နောက်သို့ ရောက်သွားခဲ့သည်။ စကြဝဠာသားရဲကြီး၏ ပါးစပ်က ပိုမိုကြီးမားလာပြီး အပြာရောင်ဂြိုလ်ကို ဝါးမျိုရန် ပြင်လိုက်သည်။


"မင်း ဒီဂြိုလ်ကိုစားလိုက်တာနဲ့ သားရဲဘုရင်ဖြစ်လာလိမ့်မယ်...."

လင်းလုံ စကြဝဠာသားရဲကြီးကို အာရုံအကုန်စိုက်၍ အော်ပြောလိုက်သည်။


သူ အပြာရောင်ဂြိုလ်ကို ပြန်တည်ဆောက်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက စကြဝဠာသားရဲကို ကျွေးချင်လို့ပေါ့လေ...


"မတူညီတဲ့အရာတွေကို ဖယ်ထုတ်လိုက်ပြီဆိုတာနဲ့ အခြားအရာတွေအားလုံး ကိုက်ညီသွားပြီ... ဂြိုလ်တစ်ခုလုံးကို ပြန်တည်ဆောက်ဖို့ ငါသုံးခဲ့ရတာတွေအားလုံး အလကားမဖြစ်တော့ဘူး...."

စကြဝဠာသားရဲကြီးက ဂြိုလ်ကိုဝါးမြိုရန်အတွက် ပါးစပ်ပိတ်လိုက်ဖို့ အနည်းငယ်သာ လိုတော့ချိန်တွင် သူ့အပြုံးကြီးက ပိုမိုကြီးမားလာသည်။ စခရင်ပေါ်ရှိ ရာခိုင်နှုန်းပြ ဘားပင် တဖြေးဖြေးမြင့်တက်လာသည်။

_၉၉.၄%... ၉၉.၅%....၉၉.၆%....၉၉.၇%....


လင်းလုံ မျှော်လင့်တကြီး လက်သီးဆုပ်ကာ သူ့၏ပျော်ရွှင်နေမှုကို ဖိနှိပ်နေရသည်။


"ဟားဟားဟား... နှစ်ပေါင်းသန်းနဲ့တောင်ချီနေပြီ... သူတို့ကို အချိန်တွေအကြာကြ မွေးမြူပြီးတဲ့နောက်မှာတော့ ငါမျှော်လင့်နေတဲ့နေ့လေး ရောက်လာခဲ့ပြီ... သားရဲဘုရင်နဲ့ဆိုရင် ငါသေချာပေါက်ထွက်ခွာ...."


သူ့စကားမဆုံးမီ အဖြူရောင်အလင်းတန်းများစွာပေါ်လာသည်။ ချက်ချင်းလက်ငင်း စကြဝဠာသားရဲကြီးသာမက ဂြိုလ်တစ်ခုလုံးပါ တို့ဟူးတုံးများလို အစိတ်စိတ်ကွဲကြေသွားပြီး အသူတရာချောက်နက်တစ်ခွင် ကျဲပြန့်သွားသည်။


ခဏအကြာတွင် ယောင်စစ် တစ်ယောက် သူမခါးကို ဖက်တွယ်ခံလိုက်ရပြီး ရင်းနှီးနေသည့် ပွေ့ဖက်မှုထဲ ကျရောက်သွားသည်။

"စစ်စစ်... မစိုးရိမ်နဲ့တော့ ကိုယ်ရောက်လာပြီနော်...."

မူရွှမ် သူမကို စိုးရိမ်နေသည့်အသံဖြင့် နှစ်သိမ့်လာသည်။


စခရင်ပေါ်ရှိ ရာခိုင်းနှုန်းပြ ဘားက ၉၉.၉၉%တွင်ရပ်ပြီးနောက် သုညအထိ ကျဆင်းသွားသည်။


[တီတီ... ပစ်မှတ်သေသွားပါပြီ.. တူညီမှုကျရှုံးသွားပါပြီ....]


[တီတီ... ပစ်မှတ်သေသွားပါပြွ.. တူညီမှုကျရှုံးသွားပါပြီ....]


"..." ယောင်စစ်


"..." လင်းလုံ


"..." ယောင်စစ်ကို လာကယ်သော မူရွှမ်


ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ခဏအကြာတွင်...


"ယီးပဲ... ငါမင်းတို့ အချစ်ငှက်တွေကို သတ်ပစ်မယ်ကွ..."


(╯‵□′)╯︵┻━┻