Chapter 168
ရှင်းပြချက်
"နေပါဦး... စိတ်ထိန်း စိတ်ထိန်း..."
ယောင်စစ်၏ နှလုံးသားလေး စောင့်ခုန်သွားသည်။ သို့သော် သူ့ကိုတားရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ လင်းလုံက မူရွှမ်ဆီ ပြေးထွက်လာပြီး စတင်တိုက်ခိုက်တော့သည်။ သူတို့၏ အမြင်အာရုံကို အဖြူရောင်အလင်းတန်းများဖြင့် ပြည့်နေပြီး အာကာယံတစ်ခုလုံးကို တုန်ခါနေစေသည်။
ယောင်စစ် မူလက လင်းလုံကို ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ဟု ထင်ခဲ့သော်လည်း ယခုတွင် သူက ဘိုးဘေးဖြစ်ကြောင်း လက်ခံသွားပြီး မူရွှမ်ကို စတင်စိတ်ပူလာသည်။ ထို့အပြင် လင်းလုံက ရူးမတတ်ဒေါသထွက်နေပြီဖြစ်သည်။ အကယ်၍ သူသာ ဂရုမစိုက်ခဲ့လျှင်...
ဝုန်း
ရုတ်တရက် မူရွှမ်ထံမှ အကန်ခံရပြီး လင်းလုံတစ်ယောက် ကြယ်ကြွေသလို ပျံထွက်သွားသည်။
“…”
ယောင်စစ် သူမပြောချင်သည်ကို တိတ်တိတ်ကလေး မျိုချလိုက်ရသည်။
ဟုတ်ပြီကွ... ဒါပဲလေ... ငါ့ဖေဖေကတော့ ငါ့ဖေဖေပါပဲ...
╮(╯▽╰)╭
မူရွှမ်က ရှုံးတယ်ဆိုတာနဲ့ ဘာများသက်ဆိုင်လို့လဲ...
သူက သေချာပေါက်ကို အစွမ်းထက်လှပြီး ငါးမိနစ်အတွင်း တစ်ဘက်လူကို အသာစီးယူလိုက်သည်။ ဘိုးဘေးနှစ်ယောက်ကြား၏ တိုက်ပွဲဟု ခေါ်ရမည့်အစား မူရွှမ်၏ တစ်ဖက်သတ်ရိုက်ပွဲဟု ခေါ်ရပေလိမ့်မည်။
အရမ်း ရက်စက်တာပဲ...
ယောင်စစ် သူမမျက်လုံးလေးကို တိတ်တဆိတ်အုပ်လိုက်ပြီး စိတ်ထဲတွင် လင်းလုံအတွက် ဖယောင်းတိုင်လေး ထွန်းပေးလိုက်သည်။
"မဖြစ်နိုင်တာ... ငါကဘယ်လိုလုပ် မင်းကိုရှုံးရမှာလဲ... ဖက်ခ်... မင်းက သောက်ရူးလား... မင်းမှာဘယ်လိုလုပ် ဒီလောက်သန်မာတဲ့ အင်အားတွေရှိနေရတာလဲ..."
"အား.... ဖက်ခ် ဖက်ခ် ဖက်ခ်... မင်းက အခု စင်ကယ်ခွေးလေးတစ်ယောက်ကို အနိုင်ကျင့်နေတာပဲ... မင်းငါ့ကို အထင်သေးနေတာလားကွ... နေပါဦး မျက်နှာကို မထိုးပါနဲ့... အား... ဖက်ခ်... ငါမင်းတို့ လိင်မတူစုံတွဲတွေကို ခွင့်မလွှတ်ဘူးကွ..."
"အားးး... နာတယ် နာတယ်... နာတယ်လို့...."
လေထုထဲတွင် တစ်ယောက်သောသူ၏ ဒေါသအပြည့်ဖြင့် ကူကယ်ရာမဲ့ အော်ဟစ်သံနှင့် ဆိုးဆိုးရွားရွား ငိုကြွေးသံတို့ ပြည့်နှက်သွားသည်။
-_-|||
ဆယ်မိနစ်ကြာသောအခါ
နောက်ဆုံးတွင် နှစ်ယောက်လုံး ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ စကြဝဠာကြီးတစ်ခုလုံးကပင် သူတို့ကို ခွဲခြားထားဟန် ဖြစ်နေသည်။
"မင်း.. မင်းတို့တွေ...."
လင်းလုံ တုန်တုန်ရီရီဖြင့် အမောတကောပြောလိုက်သည်။ သူ နာကျင်မှုနှင့် ဒေါသကြားတွင် မရေမရာဖြစ်နေပြီး သူ၏ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင် သူ၏ ဆိုးဆိုးဝါးဝါးဒဏ်ရာရနေသော မျက်နှာကို မကုသနိုင်ပေ။ သူ မူရွှမ်ကို ဒေါသတကြီး ကြည့်လိုက်ပြီး ယောင်စစ်ကို သတ်ချင်ဖြတ်ချင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါကို ငါ့ရဲ့ သောက်ကျိုးနည်းတဲ့ ကံတရားအပေါ်ကိုပဲ အပြစ်တင်လိုက်တော့မယ်..."
မျက်စိတစ်မှိတ်အတွင်း သူပျောက်ကွယ်သွားသည်။
မူရွှမ်က လိုက်ဖမ်းရန် စိတ်မဝင်စားပေ။ ယင်းအစား ယခုအထိ ဒေါသမပြေသေးသော အမူအယာဖြင့် ယောင်စစ်ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် သူမကို ဖက်တွယ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချပြီး သူမခေါင်းလေးကို နှစ်သိမ့်ပေးဟန် ပွတ်လိုက်သည်။
"လိမ္မာလိုက်တဲ့ကောင်မလေး.... အရာအားလုံးအဆင်ပြေသွားပါပြီ..."
"..."
ဒါပေမဲ့ ဘာမှမှ မဖြစ်တာကို...
"အိမ်ပြန်ကြရအောင်..."
"ရှင် သူ့နောက် လိုက်မဖမ်းတော့ဘူးလား..."
ယောင်စစ် မေးလိုက်သည်။ ဤသည်က မူရွှမ်၏ပုံစံ မဟုတ်ပေ။
သူ့မျက်နှာ မဲမှောင်သွားသည်။ သူတစ်စုံတရာကို အာရုံခံမိဟန်ဖြင့် ခိုင်ခိုင်မာမာပြောလိုက်သည်။
"သူက ငါတို့နဲ့မတူဘူး... ငါ... သူ့ကို မသတ်နိုင်ဘူး...."
“…”
ဘာမှဆက်မရှင်းပြတော့ဘဲ သူ အနီရောင်ဂြိုလ်ထံသို့ ပြန်ရန် ပေါ်တယ်ဖွင့်လိုက်သည်။
–
သူတို့ အိမ်ပြန်ရောက်သောအခါ ယောင်စစ်က သူမကြုံတွေ့ခဲ့ရသမျှ အရာရာတိုင်းကို ပြန်ပြောပြလိုက်သည်။ လင်းလုံက ကိစ္စများစွာလုပ်ခဲ့သော်လည်း သူက သွေးစုပ်ဖုတ်ကောင်များကို ဆန့်ကျင်ခြင်း သို့မဟုတ် မကောင်းသောအရာ ဘာဆိုဘာမှမလုပ်ခဲ့ပေ။
သူမ သူ၏ အထောက်အထားအကြောင်း ပြောပြလိုက်သည်။
အစက သွေးစုပ်ဖုတ်ကောင်များက 'လူအိုကြီး'ဟု သူခေါ်သော လူထံမှ ဆင်းသက်လာသည်ဖြစ်ပြီး ထိုလူက ကမ္ဘာဂြိုလ်သား အများစုကို ပြောင်းလဲခဲ့သည်။ သူက စကြဝဠာထဲတွင် ကျန်သည့် တစ်ဦးတည်းသော ဘိုးဘေးဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ထို့နောက် မျိုးနွယ်စုဟု ခေါ်၍ရလားမသိသော သူ၏မျိုးနွယ်စု အကြောင်းလည်း ပြောပြခဲ့သည်။ ထို့ကြောင့် သူတို့ကဲ့သို့သော လူများက နှစ်ယောက်ထက် ပို၍ ရှိသင့်သည်။ ထို့အပြင် သူက ယနေ့ခေတ်၏ သွေးစုပ်ဖုတ်ကောင်များကို လွှဲပြောင်းပေးခဲ့သူမဟုတ်ပေ။
အခြား လူတွေက အခုဘယ်ရောက်ကုန်ကျလဲ...
ထို့နောက် မူရွှမ်အပေါ် သူ၏ ဆက်ဆံပုံဖြစ်သည်။ မူလက သူက သွေးစုပ်ဖုတ်ကောင်များကို နှိမ့်ချပြီး အော့နှလုံးနာနေဟန်ဆက်ဆံကာ သူ၏ ဘိုးဘေးသူငယ်ချင်းထံမှ ဆင်းသက်လာသည်ဟု လုံးဝသဘောမတူဘဲ ဘူးခံငြင်းကာ သွေးစုပ်ဖုတ်ကောင်များ၏ တည်ရှိမှုကို လက်ခံရန် ငြင်းဆိုခဲ့သည်။ သို့သော် သူက မူရွှမ့်ကို သွေးမျိုးသန့်ဟူ၍ အတင်းအကြပ်သတ်မှတ်ခဲ့သည်။ မူရွှမ်က ဘိုးဘေးသွေးမျိုးဆက်ကို နှိုးထနိုင်ခဲ့သော်လည်း မူလက သူသည်လည်း ကမ္ဘာဂြိုလ်သားသာဖြစ်သည်။
လင်းလုံက 'ဤလောက' ဟူသော စကားကို သုံးခဲ့သည်။ ယောင်စစ် မူလက ၎င်းကို စကြဝဠာ၏နောက်ထပ် အမည်တစ်ခုဟု ထင်ခဲ့သော်လည်း သူ၏စကားမှဆိုလျှင် ထိုသို့မဟုတ်လောက်ပေ။
သူ့ကိုယ်သူ လွတ်မြောက်ရန် အခွင့်အလမ်းကို ရှာဖွေနေပေမဲ့ သူက ဤလောကကြီးနဲ့ မသက်ဆိုင်ဘူးဆိုရင် သူကဘယ်ကလာတာလဲ...
အရာတိုင်းက အမှန်သာဖြစ်နေလျှင် ယောင်စစ်စိတ်ထဲတွင် ရဲတင်းလှသော အထင်တစ်ခု ထွက်ပေါ်လာသည်။ ထိုသို့သာဖြစ်ခဲ့လျှင် လင်းလုံ၏ ရည်မှန်းချက် အစစ်အမှန်ကို ဖော်ထုတ်နိုင်ပေသည်။
"သူ့ရဲ့ သွေးမျိုးဆက်က နည်းနည်းထူးဆန်းတယ်... "
မူရွှမ်သည်လည်း တစ်စုံတစ်ခု အာရုံခံမိပုံပင်။
"ငါသူနဲ့ ဆက်နွယ်ချက်ကို ဘာမှမခံစားရဘူး...."
၎င်းက သူ လင်းလုံကို မသတ်နိုင်ရသည့် အကြောင်းအရင်းဖြစ်သည်။ လင်းလုံကို အခြားသွေးစုပ်ဖုတ်ကောင်များစွာက တိုက်ခိုက်ခဲ့သော်လည်း သူ့တွင် ပြန်လည်ကုသနိုင်စွမ်းရှိနေသည်။
"သူပြောတဲ့ ဘိုးဘေးဆိုတာက ဖြစ်နိုင်လောက်တယ်...."
ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားကာ ဘိုးဘေးနှစအယောက်၏ ရယ်စရာနာမည်များကို ပြန်မှတ်မိသွားသည်။
"အကုန်လုံးကို အဖြေပြန်ပေးနိုင်မှာ သူပဲဖြစ်နေမှာ ကြောက်မိတယ်..."
မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ ကိုယ့်ဘာသာစုံစမ်းဖို့က လွယ်မှာမဟုတ်ဘူး..."
"ကျွန်မတို့ သူ့ကိုပဲ မေးလိုက်မယ် ဆိုရင်ရော..."
ယောင်စစ် အကြံပေးလိုက်သည်။
"..." မူရွှမ်
ယောင်စစ်၏ ယူဆချက်က ရိုးရှင်းပေသည်။
လင်းလုံက ထူးခြားဆန်းကျယ်တယ်ဆိုပေမဲ့ သူ့ရဲ့အသိုက်ကိုသွားဖို့ အနီရောင်ဂြိုလ်ရဲ့ အလယ်ဗဟိုမှာ ပေါ်တယ်ရှိမနေဘူးလား... အခြားသွေးစုပ်ဖုတ်ကောင်တွေ မဝင်နိုင်ဘူးဆိုရင်တောင် မူရွှမ်မဝင်နိုင်ဘူးလို့ မဆိုလိုဘူးလေ.... ပြီးတော့ သူ့ရဲ့သားရဲဘုရင်လည်း သေပြီး သူပြန်တည်ဆောက်ထားတဲ့ အပြာရောင်ဂြိုလ်လည်း ပျက်ဆီးသွားတာ သုံးရက်တောင်ကြာသွားပြီလေ... ဘာပဲဖြစ်ဖြစ် သူသေလောက်အောင် ဒေါသထွက်တယ်ပဲပြောပြော အခုလောက်ဆို စိတ်ငြိမ်လောက်ပါပြီလေ... ဟုတ်လောက်တယ်မလား...
မူရွှမ်က သားရဲဘုရင်ကို သတ်ပြီး ဘာမပြောညာမပြောနဲ့ အပြာရောင်ဂြိုလ်ကို ဖျက်စီးခဲ့လိုက်သည်ကြောင့် ယောင်စစ် စိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရသည်။
အရင်တစ်ခေါက်က သူတို့နှစ်ယောက်လုံး တွေ့သည်နှင့် သေမတတ်တိုက်ခိုက်ခဲ့ကြ၍ သူမကဲ့သို့ အဆင့်သုည ငပျော့လေးက မည်သူ့ကိုမှ မတားနိုင်ခဲ့ပေ။
မူလက မူရွှမ်က ခြင်္သေ့ဂူထဲ လမ်းလျှောက်ဝင်ရန် အစီအစဉ်မရှိသော်လည်း သူ့ကို ဘာမှမဖြစ်ကြောင်း အဆက်မပြတ်ပြောပြပြီး သူမ၏ စာချုပ်ချုပ်ဆိုသူဟူသော အထူးအဆင့်အတန်းကို ပြောပြသဖြင့် သူ သည်းမခံနိုင်တော့ဘဲ အရှုံးပေး နှလုံးအေးဟူသော မူကိုကျင့်သုံးကာ သူမကို အနိုင်ပေးလိုက်တော့သည်။
ထင်ထားသည့်အတိုင်း သွေးမြူများက လူတိုင်းကို နှင်နိုင်သော်လည်း မူရွှမ်ကို လုံးဝမသက်ရောက်ပေ။ သူတို့ အောင်အောင်မြင်မြင်ဝင်ရောက်ပြီးနောက်တွင် ချက်ချင်းလက်ငင်း သူမသုံးရက်မျှမမြင်ခဲ့ရသည့် အိမ်လေးဆီရောက်သွားခဲ့သည်။
ယောင်စစ် လင်းလုံကို အချိန်ခဏမျှရှာရဦးမည်ဟု ထင်ခဲ့သော်လည်း သူက ပုန်းနေရန် ရည်ရွယ်ချက်မရှိပေ။ သူတို့ရောက်သည်နှင့် ဆိုဖာပေါ်တွင် ငါးသေတစ်ကောင်လို ပက်လက်လန်နေသော သူ့ကို ချက်ချင်း မြင်လိုက်ရသည်။
"မင်းတို့ ဘာလာလုပ်တာလဲ..."
သူက မတ်တတ်ရပ်ရန်ပင် ရည်ရွယ်ချက်မရှိပဲ ဆိုဖာပေါ် အသက်မဲ့စွာလှဲနေရင်း သူတို့ကို ကြည့်လိုက်သည်။
"ဘာလဲ.. ငါ့ကို တစ်ခါတည်းရိုက်ရတာမကျေနပ်သေးလို့လား ဒါမှမဟုတ် ငါ့ရှေ့ လာပြီး မျက်စိစပါးမွှေးစူးအောင်လာလုပ်နေတာလား..."
"..."
ဘယ်အချိန်မဆို အားပြင်းပြင်းနှင့် တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထားသော မူရွှမ်
ဘိုးဘေးက သူတို့ထင်ထားတာနဲ့လည်း မတူဘူးနော်...
"ငါ့ကိုလှောင်ဖို့လာကြတာလား..."
လင်းလုံ သူတို့ကို မေးလိုက်သည်။
"ငါအခု ပြန်သွားလို့မရတော့ဘူး... မင်းတို့တွေ ပျော်သွားပြီလား...."
"ပြန်သွားတယ်... နင်ဘယ်ကို ပြန်သွားမလို့လဲ..."
ယောင်စစ် မေးလိုက်သည်။
"မင်းမသိဘူးလား..."
လင်းလုံ သူတို့ကိုကြည့်ရင်း ဒေါသထွက်လာသည်။
"ဒါဆို ငါ့ရဲ့သားရဲဘုရင်ကို ဘာသောက်ကြောင်းကြောင့် သတ်ရတာလဲ..."
အာ
"မင်းငါ့ရဲ့ ကလေးလေးကို ပြန်ပေးဆွဲခဲ့လို့လေ..."
မူရွှမ် အေးစက်စွာပြောလိုက်သည်။
"ငါက မင်းရဲ့ စာချုပ်ချုပ်ဆိုသူကို ခေါ်ထားချင်တယ်လို့ တကယ်ထင်နေတာလား..."
လင်းလုံ ဒေါသအိုးပေါက်ကွဲကာ ယောင်စစ်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အပြစ်တင် ကြိမ်းမောင်းလေတော့သည်။
"သူက ဘဝင်မြင့်ပြီး ဝက်လိုလည်းစားတတ်သေးတယ်... ငါ့ကို နေ့တိုင်း bl စာအုပ်တွေလည်း ဒေါင်းလော့ဆွဲခိုင်းပြီး ဘယ်ဟာပိုကောင်းလဲဆိုပြီး အတင်းအကြပ်အကဲဖြတ်ခိုင်းသေးတယ်... ငါက လုံးဝကို ဖြောင့်ဆင်းနေတဲ့ယောက်ျားတစ်ယောက်လေ ငါကဘယ်လိုလုပ်သိမှာလဲ... သူ့ကိုခေါ်သွားစမ်းပါ... ငါသူ့ကို လုံးဝထပ်မမြင်ချင်တော့ဘူး..."
အာ....