အပိုင်း ၁၆၉
Viewers 16k

Chapter 169

အခြားလောကမှသွေးစုပ်ဖုတ်ကောင်များ


ယောင်စစ်၏ နှုတ်ခမ်းတို့ တွန့်လိမ်သွားသည်။ သူ၏ ကလေးထိန်းဖေဖေကို လှည်ကြည့်ကာ တောင့်တင်းစွာ မေးလိုက်သည်။

" သူ ကျွန်မကို ပြောတာမဟုတ်ဘူးလို့ ပြောရင် ယုံမှာလားဟင်..."


"..." မူရွှမ်


"အဟမ်း... ဘယ်သူများဖြစ်နိုင်ဦးမှာလဲ... အဓိကအချက်ပဲပြောရအောင်ပါ..."

ယောင်စစ် ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်း အတင်းပြောင်းလိုက်သည်။

"ဒါဆို နင်က သားရဲဘုရင်ကို ဘာလို့မွေးတာလဲ... နင်ပြန်သွားချင်တယ်လို့လဲ ပြောသေးတယ်... အဲ့တာကရော ဘာကိုဆိုလိုတာလဲ..."


လင်းလုံ နှုတ်ခမ်းဆူလိုက်ပြီး အသက်မဲစွာလဲလျောင်းနေသည်။ ဘာကိုမှ မဖုံးကွယ်တော့ဘဲ အရာအားလုံးကို ဖြေးဖြေးချင်း ရှင်းပြလာသည်။

"ငါဘယ်ကိုများ ပြန်သွားရဦးမှာလဲ... ငါ့အိမ်ကိုပေါ့... ငါ့ရဲ့စကြဝဠာဆီကိုပြန်မလို့ပေါ့ဟ... ဒီမှာ ငါ့ရဲ့စာချုပ်ချုပ်ဆိုသူကို ရှာမတွေ့မှတော့... သူက အခြားနေရာမှာရှိတယ်လို့ ဆိုလိုတာပဲလေ..."


"အခြားစကြဝဠာ..."

ယောင်စစ် ထိုသည်ကို ခန့်မှန်းမိသော်လည်း သူက အမှန်တကယ် အခြားလောကမှလာခဲ့မည်ဟု မမျှော်လင့်မိပေ။


"ဟမ့်.... မင်းလည်း အဲ့ဒီ့ကလာခဲ့တာ မဟုတ်တဲ့ပုံကြီးနဲ့ ပြောနေပါလား.."

သူ မျက်ဆန်လှန်လိုက်သည်။

"မင်းရဲ့ စာချုပ်ချုပ်သူကို ပြန်တွေ့သွားလို့ မပြန်ချင်တော့ဘူးဆိုတာကို ငါနားလည်ပေးလို့ရပေမဲ့ ဘာသောက်ကြောင်းကြောင့် ငါ့ကိုတားရတာလဲလို့.... ငါမင်းရဲ့စာချုပ်ချုပ်ဆိုသူကို ခဏလေးပဲငှားတာမဟုတ်လို့လား... သူဆံပင်တစ်မွှေးတောင် ပျောက်လို့လား... ငါ့ကို လက်စားချေစရာ ဘာသောက်ကြောင်းရှိလို့လဲ... ငါတို့ စင်ကယ်ခွေးတွေကို သတ်ဖို့ ကြိုးစားနေတာလား...."


"နင်ဘာပြောတာလဲ..."

ယောင်စစ် ကြောင်စီစီဖြစ်သွားသည်။

"မူရွှမ်က မပြန်ချင်တော့ဘူးဆိုတာ ဘာသဘောလဲ.."


"သူတို့ရဲ့ စာချုပ်ချုပ်ဆိုသူကို ရှာတွေ့သွားတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အကုန်လုံးက မပြန်တော့ဘူး မဟုတ်ဘူးလား..."

သူ့ အသံကို ထပ်မြှင့်လိုက်သည်။ သို့သော် သူမတို့နှစ်ယောက်လုံး၏မျက်နှာတွင် ရှုပ်ထွေးနေသော ခံစားချက်များကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ သည်။

"နေစမ်းပါဦး... သွေးစုပ်ဖုတ်ကောင်အစစ်တွေက တခြားစကြဝဠာကနေ ဆင်းသက်လာတယ်ဆိုတာ မင်းတို့မသိဘူးလား... မင်းက သွေးမျိုးသန့်မဟုတ်ဘူးလား..." 


"ငါက အစတုန်းက စတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်ပဲ.."

မူရွှမ် တစ်စုံတစ်ခုကို မှားယွင်းနေသည်ကို အာရုံခံမိဟန်ဖြင့် အမှန်အတိုင်းပြောလိုက်သည်။


"မင်းက ကမ္ဘာဂြိုလ်သားလား...."

လင်းလုံ မူရွှမ်ကို မယုံနိုင်ဟန်ကြည့်၍ ခုန်ထမိသွားသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မင်းရဲ့ အော်ရာက သွေးမျိုးသန့်မှန်း သိသာနေတာပဲကို... မင်းက လူအိုကြီးဆီက အသွင်ပြောင်းခံလိုက်ရတဲ့လူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ပြီးတော့ စတုတ္ထမျိုးဆက်တောင် လုပ်လိုက်သေးတယ်... မင်းရဲ့ အစွမ်းတွေက ဘယ်ကနေ ရောက်လာတာလဲ.."


"ငါက ဘိုးဘေးသွေးမျိုးဆက်ကို နှိုးထမိသွားတာ..."

မူရွှမ် မျက်မှောင်ကြုတ်လိုက်ကာ ယောင်စစ်ကို သူ့အနောက်သို့ ဆွဲလိုက်သည်။ သူ၏ မျက်ရှုရတနာကလေးလေးက်ို ပေါက်ကရမလုပ်အောင် ကာကွယ်လိုက်ခြင်းဖြစ်သည်။


"အဓိပ္ပါယ်မရှိတာ... ဘယ်ကို ဘိုးဘေးသွေးမျိုးဆက်လဲ..."

လင်းလုံ စိုးရိမ်ကြောင့်ကြလာပြီး အခန်းထဲတွင် လမ်းပတ်လျှောက်နေသည်။

"ငါ မင်းရဲ့ဘိုးဘေးကို မသိဘူးထင်နေလား... အဲ့လူအိုကြီးက ငါလွယ်လွယ်ကူကူရှင်းပစ်နိုင်တဲ့ ငပျော့လေးတစ်ယောက်ကွ... မင်းက သူ့ရဲ့အစွမ်းတွေသုံးပြီး ငါ့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောချင်တာလား.. အဓိပ္ပါယ်ကိုမရှိဘူး...."

လွန်ခဲ့သည့်သုံးရက်က တစ်ဖက်သတ်အရိုက်ခံလိုက်ရသည့် မှတ်ဉာဏ်များကို ပြန်တွေးရင်း သူ့အရိုးများကို နာကျင်သွားစေသည်။

"မင်းက သွေးမျိုးသန့်မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


"သွေးမျိုးသန့်ဆိုတာဘာလဲ..."


"မင်းတကယ်မသိတာလား..."

လင်းလုံ အံ့အားသင့်သွားကာ မယုံကြည်နိုင်ဟန်ဖြစ်သွားခဲ့သည်။ အသက်ပြင်းပြင်းရှူပြီး အရာရာတိုင်းကို စတင်ရှင်းပြတော့သည်။


အချိန်တစ်ခုတည်းတွင် မရေမတွက်နိုင်သော စကြဝဠာပေါင်းများစွာရှိပြီး သူလာခဲ့သည့်စကြဝဠာထဲတွင် 'သွေးစုပ်ဖုတ်ကောင်'ဟူသောမျိုးနွယ်သာ ရှိပေသည်။ သွေးမျိုးသန့်များဆိုသည်မှာ မျိုးပွားရန်လိုသော သို့မဟုတ် အမွေဆက်ခံရန်လိုသော စကြဝဠာထဲရှိ အခြားသော မျိုးနွယ်များနှင့်မတူပေ။ သူတို့က သူတို့၏ စကြဝဠာမှ သဘာဝအတိုင်း မွေးဖွားလာကြသူများဖြစ်ကြသည်။


သူတို့က မသေမျိုးများဖြစ်၍ ယနေ့ခေတ်သွေးစုပ်ဖုတ်ကောင်များနှင့်တူသော်လည်း သူတို့က အစွမ်းတစ်ခု၊ နှစ်ခုသာရှိသော သာမန်သွေးစုပ်ဖုတ်ကောင်များနှင့်မတူချေ။ သူတို့တွင် အစွမ်းအကုန်ရှိပေသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုစကြဝဠာက ဘိုးဘေးများ စုစည်းရာ အသိုက်ဖြစ်လေသည်။


ယောင်သစ် သူမကိုယ်သူမ ဂေါ်ဖီထုပ်လေးတစ်ခုဟု ခံစားလိုက်ရသည်။


-_-|||


သွေးစုပ်ဖုတ်ကောင်နှစ်မျိုး ကြားတွင် ကွာခြားသည့် တစ်ခုတည်းသောအရာမှာ အခြားစကြဝဠာမှ သွေးစုပ်ဖုတ်ကောင်များက သွေးမျိုးဆက်ဖိနှိပ်ခြင်း မရှိခြင်းသာဖြစ်သည်။ အချင်းချင်း၏ ကိုယ်ပိုင်စွမ်းအင်များက မတူညီကြသော်လည်း ပြန်လည်ကုသနိုင်စွမ်းက လူတိုင်းတွင်ရှိနေသည်။ သီအိုရီအရ သူတို့က မသေမျိုးဖြစ်တည်မှုကို သရုပ်ဖော်သူများဖြစ်ကြပေသည်။


အနီရောင်ဂြိုလ်က လူများက လူသားများ၏ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်ပြီး သူတို့၏ ကလေးများအဖြစ် ပြောင်းသကဲ့သို့ အခြားစကြဝဠာမှ သွေးစုပ်ဖုတ်ကောင်များက သူတို့၏ တစ်ဘဝလုံးကို စာချုပ်ချုပ်ဆိုသူအစစ်အမှန်တစ်ယောက်ကို ရှာဖွေကြရသည်။ သို့သော် သူတို့အတွက်ကံဆိုးသည်မှာ သူတို့၏ စာချုပ်ချုပ်ဆိုသူက မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ရှိသည့် မည်သူဖြစ်ကြောင်း တစ်ယောက်မှ မသိကြခြင်းဖြစ်သည်။ စာချုပ်ချုပ်ဆိုသူများက မည်သည့်မျိုးနွယ်ကမဆိုဖြစ်နိုင်ပြီး သူတို့ကို ရှာရန်တစ်ခုတည်းသော နည်းမှာ ခြေရာခံရန်သာဖြစ်သည်။


၎င်းက လုံးဝကို တိုက်ဆိုင်မှုဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့၏ စာချုပ်ချုပ်ဆိုသူကို ရှာတွေ့ခဲ့လျှင် စင်ကယ်ဟူသော ရာထူးမှ တက်သွားမည်ဖြစ်သည်။ သို့သော် ရှာမတွေ့ခဲ့လျှင် စင်ကယ်ခွေးများဘဝဖြင့် အချိန်ဆက်ဖြုန်းရမည်ဖြစ်သည်။


သူတို့၏ ရှည်လျားထွေပြားလှသည့် သက်တမ်းကြောင့် သူတို့စကြဝဠာ၏ နည်းပညာမှာ မထင်မှတ်ထားလောက်အောင် မြင့်မားကြသည်။ ထို့ကြောင့် အခြားစကြဝဠာကိုသွား၍ သူတို့၏ စာချုပ်ချုပ်ဆိုသူကို ရှာရန်မှာ ပီကေဝါးရသကဲ့သို့ လွယ်ပေသည်။ လင်းလုံနှင့် ဝမ်အာ့မာတို့နှစ်ယောက်က ထို့ကြောင့်ဤစကြဝဠာသို့ ရောက်လာကြခြင်းဖြစ်သည်။ သို့သော်လည်း စကြဝဠာတစ်ခုလုံးတွင် စာချုပ်ချုပ်ဆိုသူတစ်ယောက်ကို လိုက်ရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပင်ဖြစ်သည်။ အောင်မြင်နိုင်ရန် အခွင့်အရေးမှာ သေးသေးမျှင်မျှင်လေးသာရှိသည်။


ဤသည်က မျိုးနွယ်စုထဲရှိ တစ်စုံတစ်ယောက်၏ စာချုပ်ချုပ်ဆိုသူကို မယုံနိုင်လောက်အောင် သည်းခံပေးရပြီး အတတ်နိုင်ဆုံးကာကွယ်ပေးရကြောင်း ရှင်းပြထားသည်။ စာချုပ်ချုပ်ဆိုသူများက သူတို့ကို မည်ကဲ့သို့ ဆက်ဆံသည်ကတော့ ကောင်းကင်အလိုအတိုင်းသာဖြစ်သည်။  


ထို့ကြောင့် လင်းလုံက ယောင်စစ်ကို အစကတည်းက မှိုချိုးမျှစ်ချိုးပြောသော်လည်း သူမပြောသမျှတိုင်း လုပ်ပေးရခြင်းဖြစ်သည်။


"နင်တို့ကဘာလို့ စာချုပ်ချုပ်ဆိုသူကို ရှာကိုရှာရမှဖြစ်တာလဲ...."

သူမ မေးလိုက်သည်။ အနီရောင်ဂြိုလ်ရှိ သွေးစုပ်ဖုတ်ကောင်များက သူတို့၏ သွေးမျိုးဆက်ကို ရရှိရန် ပြုလုပ်ကြသည်ဖြစ်သော်လည်း စာချုပ်ချုပ်ဆိုသူများတွင် ထိုသို့မလိုအပ်နေပေ။ ထို့ကြောင့် စာချုပ်ချုပ်ဆိုသူများနှင့်ပတ်သတ်၍ ရည်မှန်းချက်ကြီးကြီးတစ်ခု ရှိရပေမည်။


လင်းလုံ ရပ်တန့်သွားကာ သူမကို အံ့အားတကြီးဖြင့် ကြည့်လိုက်သည်။ သူမပင် ဆတ်ကနဲလန့်သွားသေးသည်။

"ဘာကြောင့်လဲဆိုတော့ စာချုပ်ချုပ်ဆိုသူတွေဆိုတာ... ငါတို့ကို သေဆုံးဖို့ ခွင့်ပြုပေးနိုင်တဲ့ တစ်ဦးတည်းသော လူမလို့ပဲ...."


“…”


ဘာရယ်


(⊙_⊙)


"စာချုပ်ချုပ်ဆိုသူရဲ့ ခွင့်ပြုချက်တစ်ခုတည်းနဲ့သာ ငါတို့ကို သွေးချုပ်ငြိမ်းပေးခွင့်ရှိတာ..."

သူ လက်ချောင်းများကို မြှောက်လိုက်ပြီး သူမ၏ နှဖူးထံရွှေ့ကာ အမှတ်အသားကို ထိလိုက်သည်။

"ငါတို့ရဲ့အသက်တွေက အဆုံးမရှိဘူး... ဒါပေမဲ့ စာချုပ်ချုပ်သူတွေပေးတဲ့ သွေးချုပ်ငြိမ်းခွင့်နဲ့ဆိုရင် ငါတို့က ထာဝရအိပ်စက်ခြင်းပြုလုပ်ခွင့်ရှိသွားပြီ... ဒါက ငါတို့မျိုးနွယ်ရဲ့ အကြီးမြတ်ဆုံး ဂုဏ်အသရေပဲ...." 


"..." 

ဒါဘယ်လိုတောင် ရယ်စရာကောင်းတဲ့ တောင်းဆိုမှုကြီးလဲ... နင်တို့တွေ အင်အားအကုန်သုံးပြီး တစ်ဘဝလုံးစာ စာချုပ်ချုပ်ဆိုသူကို ရှာတယ်ဆိုတာက... နင်တို့သေချင်လို့ပေါ့လေ....


နင်တို့တွေ အရမ်းကို စိတ်နှလုံးသားကြီးမြတ်မနေဘူး... ဒါနဲ့များ ကိုယ့်ကိုကိုယ် သွေးစုပ်ဖုတ်ကောင်အစစ်တွေလို့ ခေါ်လိုက်သေးတယ်... သူတို့ရဲ့ ဘဝသက်တမ်းအရှည်ကြီးကို ဖျက်ဆီးဖို့လုပ်နေတဲ့လူတွေကို အခြားနာမည်ပေးသင့်တယ်နော်...


လင်းလုံ၏ မျက်နှာတွင် ခပ်ငေးငေးအကြည့်လေးရှိနေဆဲဖြစ်သည်။

"စာချုပ်ချုပ်ဆိုသူဆိုတာ ငါတို့ရဲ့ဘဝမှာ တစ်ဦးတည်းသောလက်တွဲဖော်ပဲ....သူတို့က အစားထိုးလို့မရတဲ့လူတွေ...."


“…”


နေစမ်းပါဦး... မူရွှမ်ရေ ရှင်ဘာလို့ ခေါင်းငြိမ့်နေ တာလဲ... ဒီအရူးဆီက လွှမ်းမိုးမခံနဲ့လေ...


Σ(°△°|||)︴


လင်းလုံ သက်ပြင်းချလိုက်ကာ သူ၏ အသက်မဲ့နေသော ပုံစံပြန်ဖြစ်သွားသည်။ ထို့နောက် မူရွှမ်ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။


"ငါသူ့ကို မြင်မြင်ချင်းတုန်းက ပျင်းလွန်းလို့ ကိုယ့်မှတ်ဉာဏ်ကို ဖျောက်ထားတဲ့ အရူးကောင်လို့ ထင်နေခဲ့တာ... အဆုံးမှာတော့ ဒါက ပုံမှန်ဖြစ်နေကြပုံစံပဲလေ... ငါသူပြန်သတိရလာတာကိုစောင့်ပြီး သူ့အစွမ်းကိုသုံးပြီးတော့ ပြန်ဖို့ ပေါ်တယ်ဖွင့်မယ်ပေါ့... ဒါပေမဲ့ မင်းက သူ့ရဲ့ တကယ့်စာချုပ်ချုပ်ဆိုသူဖြစ်နေမှန်းလည်း ငါသိရော ကိုယ့်ဘာသာကိုယ်ပဲ စကြဝဠာသားရဲဘုရင်သုတေသနကို ပြန်လုပ်ပြီး သားရဲဘုရင်ရဲ့ အစွမ်းနဲ့ စကြဝဠာခုန်ကုန်းပေါ်တယ်ဖွင့်မယ်လို့ပဲ ဆုံးဖြတ်လိုက်တော့တာ...."


သူ ဒေါသထွက်ထွက်နှင့် အရာအားလုံးကို ရှင်းပြလာသည်။

"သွေးမျိုးသန့်တစ်ယောက်အနေနဲ့ မင်းငါ့ကိုမကူညီတာကို ခွင့်လွှတ်လို့ရပါတယ်... ဒါပေမဲ့ ဘာလို့ ငါ့ရဲ့သားရဲဘုရင်ကို သတ်ရတာလဲ... ဒီလိုတစ်ကောင်မွေးဖို့က အရမ်းလွယ်တယ်များထင်နေလား... မင်းကို ဘယ်သူက သတ်ခွင့်ပေးလို့လဲ...."


"ဒီလို အကောင်ကြီးတွေကို မွေးတာ မှန်တယ်များထင်နေတာလား...."

နင့်ရဲ့ အကောင်တွေကဖြင့် ဂြိုလ်တွေလောက်ကြီးနေတာလေ...


"ဘာများမှားလို့လဲ...."

သူ ဒေါသထွက်လာပြန်သည်။

"ငါက ဂြိုလ်နည်းနည်းလောက်ဆီမှာ နည်းနည်းပါးပါးတူးပြီး ရိပ်သိမ်းလယ်ယာမြေလုပ်ခဲ့တာလေ... သူတို့တွေ သားပေါက်တာနဲ့ ငါက ဂြိုလ်တွေပေါက် လျှောက်မဖျက်စီးရလေအောင် လူမနေတဲ့ အသူတရာချောက်နက်နားမှာမွေးတာလေ..."


"ဒါပေမဲ့ နင်က တခြားမျိုးနွယ်စုတွေရဲ့ မိခင်ဂြိုလ်ကို တူးတယ်လေ... မဟုတ်လို့လား....'


"အဓိပ္ပါယ်မရှိတာ..."

သူ ပေါက်ကွဲသွားတော့သည်။

"အဲ့ဒီ့ရိတခသိမ်းလယ်ယာမြေတွေကဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာထဲကရှိနေတာ... အဲ့တုန်းကဖြင့် သူတို့က မွေးတောင်မွေးမလာသေးဘူး... ငါ့ရဲ့ ရိတ်သိမ်းလယ်ယာမြေတွေမှာ သူတို့ဘာသာလာနေတာကို ငါ့ကို အပြစ်တင်လို့ရမလား..."


"..."

ဖက်ခ်... အဲ့ဒီ့ရိတ်သိမ်းလယ်ယာမြေတွေရှိနေတာ အချိန်အရမ်းကို ကြာပြီလားဟ... သူကပဲ ဂြိုလ်ပိုင်ရှင်ဖြစ်နေတာကိုး...


"လမ်းထွက်လျှောက်တဲ့ ငါ့ရဲ့စကြဝဠာသားရဲတွေ တစ်ကောင်စ နှစ်ကောင်စကို အဆင့်နိမ့် မျိုးနွယ်တွေသတ်ခဲ့ပေမဲ့ ငါ့မှာစကြဝဠာသားရဲတွေ အများကြီးရှိသေးတော့ သူတို့ကို အလွှတ်ပေးခဲ့တယ်... ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်းကငါ့ရဲ့ သားရဲဘုရင်ကို သတ်လိုက်ပြီ.. ဘာသောက်ကြောင်းကြောင့်သတ်ရတာလဲ... ငါဘယ်သူ့ကိုများ ဆန့်ကျင်မိခဲ့လို့လဲ.... မင်းတို့တွေ စင်ကယ်ခွေးလေးတစ်ကောင်ကို ဘာလို့ အနိုင်ကျင့်ရတာလဲ...."


“…”


စကြဝဠာသားရဲတွေ ထွက်ပေါ်လာတဲ့ ပဟေဠိက သူက သူ့ရဲ့သားရဲတွေကို လမ်းလျှောက်ထွက်ခိုင်းတာကြောင့် ဖြစ်လာတာပေါ့လေ.... ဘာလို့ အမှန်တရားကြီးက ရယ်စရာကောင်းနေရတာလဲ...


ယောင်စစ် ရုတ်တရက်ကြီး လင်းလုံ၏ခွေးမွှေးလေးများကို ပွတ်သပ်ပေးချင်သွားသည်။


○| ̄|_


"ဟမ့်.... လူအိုကြီးသာ ပြဿနာတွေမရှာခဲ့ရင် ငါတို့အတူ စကြဝဠာခုန်ကူးပေါ်တယ်ဖွင့်ပြီး အခြားစကြဝဠာမှာ ငါ့ရဲ့စာချုပ်ချုပ်ဆိုသူကို ရှာတွေ့လောက်ပြီ.... ဒါတွေအားလုံး မင်းတို့အမှားတွေပဲ...."


"လူအိုကြီး..."

ယောင်စစ် ရုတ်တရက် ထူးဆန်းသောနာမည်ဖြင့် ဘိုးဘေးကို သတိရသွားသည်။

"အိုး.... ဟုတ်သားပဲ... နင်တို့က မသေမျိုးတွေဆို... ဘိုးဘေးကကြ ဘာလို့သေသွားရတာလဲ..."