အပိုင်း ၁၇၀
Viewers 16k

Chapter 170

စိတ်ဒဏ်ရာများအလွန်မှ စိတ်ဖိစီးမှု


" ငါ ဘယ်လိုလုပ်သိမှာလဲ ..."

လင်းလုံ မျက်မှောင်ကြုတ်လိုက်သည်။


" ငါ အဲ့အချိန်က အပြာရောင်ဂ်ြိုလ်ပေါ်မှာ မဟုတ်ဖူး ... ငါပြန်လာချိန်မှာ သူက သေနေပြီ ... သူဘယ်လ်ို သေတာလဲဆိုတဲ့ အသေးစိတ်အကြောင်းကတော့ ..."


" သူနဲ့ စာချုပ်ချုပ်ဆိုသူက်ို ရှာတွေ့သွားတာ ..."

မူရွှမ် ပြောလ်ိုက်သည်။


လင်းလုံ၏ မျက်နှာက တင်းမာသွားပြီး အဆင်မပြတ် ဆဲဆိုတော့သည်။


" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ... မင်းတို့အားလုံး စာချုပ်ချုပ်ဆိုသူ ရှိကြတယ် ... ငါပဲ မရှိတာ ပျော်ပြီလား ... ချီးပဲ ... မင်းတို့ကြောင့်မဟုတ်ရင် ငါ ဘာကိစ္စ ဒီမှာ ရှိနေမှာလဲ ..."


တူညီသည့် စကြာဝဠာထဲတွင် စာချုပ်ချုပ်ဆိုသူ ရှာတွေ့ရန်က ထူးခြားဆန်းကြယ်သည်ဟု သတ်မှတ်နိုင်သည်။ အဘိုးကြီး၏ သေဆုံးမှုကို သူ သံသယ ဝင်နေသည့်အတွက် တခြား စကြာဝဠာတစ်ခုတွင် သူ စာချုပ်ချုပ်ဆိုသူ ရှာချင်ခဲ့သည်။ သို့သော် ယခုအချိန်ထိ နည်းလမ်း ရှာမတွေ့ပေ။ ယောင်စစ် ပေါ်ထွက်လာသည်က သူ ဤနေရာတွင် စာချုပ်ချုပ်ဆိုသူ ရှာမတွေ့နိုင်ကြောင်း အတည်ပြုလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ ခက်ခဲစွာ မွေးမြူစောင့်ရှောက်ထားသည့် သားရဲဘုရင်က အသတ်ခံလိုက်ရပြန်သည်။


ယောင်စစ်နှင့် မူရွှမ် အကြည့်ချင်းဖလှယ်နေကြပြီး ရှက်နေကြသည်။ သူတို့၏ လုပ်ဆောင်ချက်များက နားမလည်နိုင်စရာ ဖြစ်နေသော်လည်း ၎င်းက သူတို့အမှားသာ ဖြစ်သည်။


" အဟမ်း အဲ့ဒီ တစ်ယောက်ယောက် ..."

ယောင်စစ် တစ်စုံတစ်ယောက်ကို သတိရသွားသည်။ 


" သွေးမျိုးသန့် နှစ်ယောက်က စကြာဝဠာတစ်ခုလုံးကို သားရဲဘုရင်ရဲ့ အကူအညီမပါပဲ သွားနိုင်တယ်လို့ ရှင် ပြောခဲ့တယ်မလား ... ဘာလို့ မရ ရမှာလဲ ..."


သူမ မူရွှမ်ဘက်သို့ လှည့်လိုက်သည်။ သူ၏ သွေးအကြောင်း သူမ သေချာမသိသော်လည်း သူတို့ ကြိုးစားနိုင်သေးသည်။  


" ရှင် စစ်ဆေးတာကို ကျွန်မတို့ ကူညီမယ်လေ ..."


“…”


နောက်ဆုံးတွင် လင်းလုံဆန္ဒမပါသော်လည်း လိုက်လျောလိုက်ရသည်။ မူရွှမ်၏ စွမ်းရည်ဖြင့်ပင်လျှင် အချို့ပြင်ဆင်မှုများက လိုအပ်နေသေးသည်။ သူ၏ မူလစကြာဝဠာရှိ အရာတစ်ခုနှင့် ဆင်တူသည့် အခြေခံအရာတစ်ခုကို ရှာဖွေရန် လိုအပ်နေသည်။ ထိုမှသာ အာကာသဝင်ပေါက်ကို သေချာဖွင့်နိုင်လိမ့်မည်။ 


ထို အခြေခံအရာတစ်ခုမှာ သူ၏မိခင်ဂြိုလ်နှင့် ဆင်တူသည့် အပြာရောင်ဂြိုလ်ဖြစ်သည်။ ၎င်းကို ပြန်လည်တည်ဆောက်ရန် လိုအပ်ပြီး အလွန်ကြိုးစားခဲ့ရသော်လည်း ယခုမူ ဖရိုဖရဲဖြစ်နေသည်။


ကံကောင်းသည်က အပိုင်းအစများမှာ မျောပါနေဆဲဖြစ်၍ ပြန်လည်တည်ဆောက်ခြင်းကို လွယ်ကူစေသည်။ သို့သော် ကြီးမားသည့် အစိတ်အပိုင်းများဖြင့်ဆိုလျှင် အပိုင်းများ တစ်ခုတည်းဖြစ်ရန် အချိန်ယူရလိမ့်မည်။ ဂြိုလ်ကိုပြန်လည်စီမံပြီးနောက် သူ့ကို ပြန်ပို့ပေးမည်ဟု မူရွှမ်က ကတိပေးခဲ့ပြီး ယောင်စစ်ကို အနီရောင်ဂြိုလ်ဆီ ပြန်ပို့ခဲ့သည်။ 


တုန်လှုပ်ချောက်ချားစရာ ကာလက ထိုကဲ့သို့ပင် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ စကြဝဠာသားရဲများကို မတွေ့ရတော့ဘဲ ၎င်းအနီးတစ်ဝိုက်တွင် ဗဟိုပြုသော စီးပွားရေးလုပ်ငန်းများစွာ ပြိုလဲသွားခဲ့သည်။ အကောင်းဆုံးမုဆိုးများ ရှိခြင်းအတွက် ဂုဏ်ယူသော မဟာမိတ်အဖွဲ့သည်လည်း ဤအပိုင်းတွင် ဝင်ငွေ မရှာနိုင်တော့ပေ။ 


စကြဝဠာသားရဲများ ပျောက်ဆုံးသွားတည်းက ယောင်စစ် တစ်ခုခုကို တောင့်တနေခဲ့သည်။ ထို့ကြောင့် သူမ တိတ်တဆိတ်ဖြင့် မက်တေ့ တစ်စောင် ပို့လိုက်သည်။


" မင်း စကြဝဠာသားရဲဒိန်ချဉ် သောက်ချင်နေတာက ငါနဲ့ ဘာဆိုင်လို့လဲ ... မင်းက ငါ့ရဲ့ စာချုပ်ချုပ်သူ မဟုတ်ပဲ ဘာလို့ လာပြောပြနေတာလဲ ... ဘာလဲ ... ငါမွေးထားတာတွေလား ... မင်း ကန်းနေတာလား သူတို့သေကုန်ပြီလေ ... သူတို့ဆီက ဘာတွေများ မျှော်လင့်နေသေးတာလဲ ... ထပ်မရှိတော့ဘူးလို့ မင်းကို ပြောတယ်လေ ... တစ်စက်မှ မကျန်တော့ဘူး ... မင်းက အဲ့လောက် ကြီးကျယ်ခမ်းနားနေရင် ကောင်းကင်ဘုံထိတက်ပြီး သွားယူလေ ..."

ဂွက်ခနဲအသံဖြင့် ဖုန်းကို ဆောင့်ချလိုက်သည်။


သုံးရက်ကြာသောအခါ လတ်ဆတ်သည့် စကြဝဠာသားရဲသွေး ပါဆယ်ထုပ်ကြီးကို ယောင်စစ် လက်ခံရရှိလိုက်သည်။ ၎င်းက သူမအတွက် သုံးပတ်စာခန့် လုံလောက်သွားသည်။


╮(╯▽╰)╭


စကြဝဠာသားရဲ လောကတွင် နေဝင်ချိန် ရောက်လာသည်နှင့် စီးပွားရေးအစီအစဉ် အသစ်များ ပေါ်လာသည်။ မွေးမြူရေးခြံများကို ချုပ်ကိုင်ထားသော ဂြိုလ်များက ဘေးကင်းကြောင်း သက်သေပြပြီးသည်နှင့် ၎င်းတို့ကို ခရီးသွားများ ဆွဲဆောင်မှုအဖြစ် တိုးတက်လာခဲ့သည်။ ရေကန်များမှ အထူးအကျိုးခံစားခွင့်များကြောင့် လာရောက်လည်ပတ်သူများက အံ့သြဖွယ်သုံးသပ်ချက်များဖြင့် ထွက်ခွာသွားကာ သွားလာမှုပိုမိုများပြားလာပြီး ဂြိုလ်များ၏စီးပွားရေးကို မြှင့်တင်ပေးလာနိုင်သည်။ တစ်ချို့၏ ကျရှုံးမှုက တစ်ချို့အတွက် ပျော်ရွှင်စရာ ဖြစ်နေတတ်သည်။


ယောင်စစ် အနီရောင်ဂြိုလ်ပေါ်မှ ထူးခြားသည့် အနီရောင် အရည်များကို သတိရသွားသည်။ ၎င်းက မွေးမြူရေးခြံများမှ ရေနှင့် အနည်းငယ်ကွာခြားသည်။


၎င်းနေရာက လင်းလုံ၏ ယခင်က တောင်းခိုသည့်နေရာဟု သူမကို ပြောပြခဲ့ဖူးသည်။ ၎င်းနေရာ၏ အဓိက ရည်ရွယ်ချက်မှာ ခေါင်းအုံးဖြစ်သည်။ အထူးအကျိုးခံစားခွင့်များ ပေးနိုင်သည့် မွေးမြူရေးခြံများနှင့် မတူပေ။ 


သွေးစုပ်ဖုတ်ကောင် တစ်ကောင်အတွက် ဆောင်းခိုသည့်အလေ့အထကို မွေးမြူထားခြင်းက ပုံမှန်ဖြစ်သည်။ ယခင်က မူရွှမ်သည်လည်း နှစ် ရာပေါင်းများစွာ ဆောင်းခိုခဲ့သော်လည်း လင်းလုံကဲ့သို့ နှစ်ထောင်ပေါင်းများစွာ ဆောင်းခိုသည့် သွေးစုပ်ဖုတ်ကောင် မရှိခဲ့ဖူးပေ။   ထို့ကြောင့် ပို၍ သက်တောင့်သက်သာ အိပ်စက်ရန်အတွက် သွေးမြူများကို သူ ဖန်တီးသည်ကို နားလည်ပေးနိုင်သည်။


လင်းလုံ၏အဆိုအရ ၎င်းတို့ကဲ့သို့ ဘိုးဘေးများသည် နိုးထလာသောအခါတွင် လူသစ်စိတ်သစ်အဖြစ် ပြန်လည်စတင်နိုင်စေရန်အတွက် ၎င်းတို့၏အမှတ်တရများကို ချိပ်ပိတ်ရန် မကြာခဏ ဆောင်းခိုကြသည်။


ယောင်စစ် သူတို့၏ ရည်ရွယ်ချက်များကို နားလည်ပေးနိုင်သည်။ မသေနိုင်သော လင်းလုံ ကဲ့သို့သော ဘိုးဘေးများ မဆိုထားနှင့် အနီရောင်ဂြိုဟ်ပေါ်မှ သွေးစုပ်ဖုတ်ကောင်များပင်လျှင် ၎င်းတို့၏ သက်တမ်းရှည်မှုကြောင့် လူ့အဖွဲ့အစည်းကို လက်စားချေရန် တစ်ခါတစ်ရံတွင် တွန်းအားပေးမှု ခံစားရပေမည်။


သူတို့ဘဝရဲ့ အသေးစိတ်အချက်အလက်တိုင်းကို မှတ်မိနေမယ်ဆိုရင် ဒါဟာ သူတို့ကို ရူးသွပ်သွားစေမှာ သေချာတယ် ...


ထို့နောက် မူရွှမ်၏ အထောက်အထားပြဿနာကို ယောင်စစ် သတိရသွားသည်။  လင်းလုံထက် မူရွှမ်က သာလွန်သော စွမ်းရည်ရှိခြင်း၏ တစ်ခုတည်းသော ရှင်းပြချက်က သွေးမျိုးသန့်ဖြစ်သည်ဟု  လင်းလုံယုံကြည်ထားသည်။ စတုတ္ထမျိုးဆက်ဖြစ်ရန် တွန်းအားပေးမှုနှင့်ပတ်သက်၍ ဆောင်းမခိုမီတွင် ၎င်း၏စွမ်းရည်အမြောက်အမြားကို ချိပ်ပိတ်ထားပြီး ယင်းမှတ်ဉာဏ်ကို ထည့်သွင်းထားရမည်ဖြစ်သည်။ ထို့ကြောင့် သူ နိုးထလာချိန်တွင် စတုတ္ထမျိုးဆက်ကို ကျော်လွန်သွားခြင်းဖြစ်သည်။ သို့သော် ကံကြမ္မာဆိုးအတွင်းတွင် လက်ရှိစွမ်းရည်များကို ရှင်းပြကာ သူ၏အတွင်းစွမ်းအားများ နိုးကြားလာခဲ့သည်။


“…”


အထူးကုသမှုခံယူရတာ အရမ်းကောင်းတာပဲ ...


ထိုအရာကလည်း သူတစ်ပါးကို ပြောင်းလဲနိုင်ခြင်းမရှိသည့်  နောက်ကွယ်က အကြောင်းအရင်းတစ်ခုဖြစ်သည်။  ၎င်းက သူ၏သွေးကြောင့် မဟုတ်ပဲ စာချုပ်ချုပ်ဆိုသူ ရှိပြီးသား ဖြစ်သည့်အတွက် အလိုအလျောက် ခံနိုင်ရည်ရှိနေခြင်းဖြစ်သည်။


ဆိုလိုသည်မှာ မူရွှမ်က တရားဝင်ဘိုးဘေး တစ်ဦးဖြစ်သည်။


ဘိုးဘေးရဲ့ ဆက်ခံသူဆိုတော့ ... ယောင်စစ်ကလည်း ပထမမျိုးဆက်လို့ ဆိုလိုတာလား ...


သူမစိတ်ထဲ မာနကြီးသလို ဖြစ်သွားသည်။


╭(╯^╰)╮


ယောင်စစ် အိမ်တွင် နှစ်လလုံး အနားယူခဲ့ပြီး သူမ၏ အဓိကတာဝန်များမှာ ထမင်းစားခြင်း အိပ်ခြင်း ဂိမ်းကစားခြင်း နှင့် မူရွှမ်ကို စိုက်ကြည့်ခြင်းတို့ဖြစ်သည်။


သူ၏ စိတ်ဒဏ်ရာများအလွန်မှ စိတ်ဖိစီးမှုကို ကျော်လွှားနိုင်သည့်အတွက် ယောင်စစ် ဝမ်းသာမိသည်။ သူမ လင်းလုံနှင့် တွေ့သည့်နေ့မှစပြီး  မူရွှမ်၏စိတ်ကို ထိတ်လန့်သည့် ခံစားချက်က ဖုံးလွှမ်းသွားခဲ့သည်။ တစ်ကမ္ဘာလုံးက သူ၏ ဆက်ခံသူကို ဖမ်းယူချင်နေသည်ဟု သူထင်လာသည်။ သူမဘေးတွင် တစ်ချိန်လုံး ရှိနေပြီး လက်ကို ကိုင်ထားကာ သူမကို အမြဲဖက်ထားသည်။ သူတို့ ထမင်းစားချိန်မှာပင် သူမကို မျက်စိအောက်က အပျောက်မခံပေ။


စကြဝဠာရှိ အန္တရာယ်များအကြောင်း သူမအား ပညာပေးရန် မကြိုးစားပဲ ပွစိပွစိ ပြောနေခဲ့သည်။ 


မူရွှမ် နောက်လှည့်လိုက်ပြီး သူမ ထိုနေရာတွင်မရှိသလိုပင် ဟန်ဆောင်နေလိုက်သည်။ သူ၏ပြင်းထန်သော အကြည့်များက ယောင်စစ်ကို ကျေနပ်သွားစေသည်။


" မူရွှမ် ကျွန်မတို့ ဖဲချပ်တွေ လှန်ထားတာလည်း ကြာလှပြီ ... အဆင့်တက်ချိန် ရောက်ပြီလို့ မထင်ဘူးလား ... ကျွန်မတို့ တူတူအိပ်သင့်တယ်လေ ..."


" မ ... မဟုတ်တာတွေ  မပြောစမ်းပါနဲ့ ... ကောင်းကောင်း အ ... အိပ်တော့ ..."


" ကောင်းပြီလေ ... ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းအိပ်ရင် ညကျတစ်ယောက်ယောက်က ကျွန်မဆီ ..."


ချက်ချင်းပင် တစ်စုံတစ်ယောက်က ခုတင်ပေါ် ခုန်တက်လာသည်။


╮(╯▽╰)╭


ယောင်စစ် မူရွှမ်၏ ရှက်ရွံ့မှုများကို ကုသနည်း တွေ့ရှိသွားသည်။


ဟင်း ... ဒီလို ရက်မျိုးတွေက နည်းနည်းပိုကြာရင် ကောင်းမှာပဲ ...