အပိုင်း ၁၇၁
Viewers 16k

Chapter 171

သွေးစုပ်ဖုတ်ကောင် အရွယ်ရောက်ခြင်း အခမ်းအနား


မူရွှမ်၏ စိတ်ဖိစီးမှုများမှာ လအနည်းငယ်ခန့်ထိ ကြာသွားခဲ့ပြီး ယောင်စစ်နှင့် ချစ်ခင်ကြင်နာစွာပြုမူလျက်  သူ၏နေ့ရက်များကို ဖြတ်သန်းခဲ့သည်။ သူမ ပြင်းထန်စွာ ကြိုးပမ်းခဲ့ရပြီးနောက် အထိအတွေ့တစ်ခုကိုပင် ရှက်နေတတ်သော ဖြူစင်ရိုးသားသည့် ကောင်လေးကို သူမနှင့် အိပ်ရာပေါ် တူတူအိပ်လျှင်ပင် ဘာမှမဖြစ်တော့သည့် လူအဖြစ်သို့ ပြောင်းလဲ ပေးနိုင်ခဲ့သည်။ တမင်ဖွင့်ထားသည့် အင်္ကျီကြယ်သီးများကိုပင် တပ်ပေးခဲ့သည်။ 


“…”


သို့သော် ခုတင်တစ်ခုတည်းပေါ်တွင် လအနည်းငယ်ခန့် တူတူ အိပ်ပြီးသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာ တစ်ခုမှ ဖြစ်မလာခဲ့ပေ။ အရာအာလုံးက ဖြူစင်ရိုးသားနေဆဲ ဖြစ်သည်။


○| ̄|_


အစပိုင်းတွင် ယောင်စစ်က အရိပ်အမြွက်များ အဆက်မပြတ်ပြခဲ့သော်လည်း အချိန်ကြာလာသည်နှင့် သူမ၏ ရှက်ရွံ့မှုက ဒေါသအသွင် ပြောင်းသာသည့်အတွက် သူမ အပြုအမူများက ရဲတင်းလာသည်။ သို့သော် နောက်ဆုံးအချိန်ရောက်ကာမှ မူရွှမ်က သူမကို အမြဲတားမြစ်ပြီး သူမလုပ်ဆောင်ချက်များကိုပါ ပိတ်ပင်လိုက်သည်။ တစ်ခါတစ်ရံ သူ၏ စွမ်းရည်ကိုပင် အသုံးချ၍ သူမကို တားမြစ်သည်။


ဓားမြှောင်က သူမ၏ ရင်ဘတ်ကို ညတိုင်းထိုးစိုက်နေပြီး ဆုံးရှုံးသွားသည့် သွေးများက မြစ်တစ်စင်းခန့် ရှိမည်ဟု သူမ ခံစားမိသည်။


မူရွှမ်က သူမ၏ လုပ်ဆောင်မှုများကြောင့် အကျိုးသက်ရောက်သွားသော်လည်း အမြဲတမ်း သူ့ကိုယ်သူ ကာကွယ်ထားသည်။ သူ၏ အပြုအမူကြောင့် ‌တစ်ခါတစ်ရံတွင် ယောင်စစ် သူ့ကိုယ်သူ ငယ်ရွယ်တုံးအသော မိန်းကလေးငယ်များကို ပစ်မှတ်ထားတတ်သည့် နှာဘူးတစ်ကောင်ကဲ့သို့ ခံစားမိလာသည်။


မူရွှမ်၏ တစ်ခုတည်းသော ဆင်ခြေက သူမ၏ငယ်ရွယ်သော အသက်ပင်။


(╯‵□′)╯︵┻━┻


သေလိုက်စမ်းပါ ...လူတွေက သူမကို မုန်းတယ်လို့ခေါ်ရင် သိပ်မုန်းတာပဲ ... ငါ့ရဲ့ ဘယ်အပိုင်းက ငယ်ရွယ်တာနဲ့ တူနေလို့လဲ ရှင်းရှင်းလင်းလင်း ကြည့်ကြစမ်းပါ ...


ယောင်စစ် မည်သည့်ကိစ္စကြောင့် အထင်လွဲမှားကြသည်ကို ဆန်းစစ်ရန် ပြင်ဆင်နေစဉ်မှာပင် ပိုင်ရိက အလျင်စလိုဖြင့် စာပို့လာသည်။


"သခင်မလေး စွမ်းရည်ဂြိုလ်ကို သန်ဘက်ခါဆိုရင် သွားမှာလား ..."


" စွမ်းရည်ဂြိုဟ်လား ... ဘာလို့ အဲ့ဒီကို သွားရမှာလဲ ...

တစ်ခါမှတောင် မကြားဖူးဘူး ...


" လော့ယင်းရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားရှိလို့ပါ ..."

သူက သူမကို ဖိတ်ထားတာပဲ ...


" ရှုချန်းက ကျွန်တော်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖိတ်စာပို့ထားတယ် သခင်မလေး လက်မခံရဘူးလား ... မဖြစ်နိုင်ပါဘူး သူကတော့ မမေ့သွားလောက်ဘူး ..."


ယောင်စစ်ရပ်လိုက်သည်။ ယခင် သူမတို့နေခဲ့သည့်ဂြိုဟ်က ဧည့်က်ြိုဌာန မရှိသောကြောင့် သူမ မက်ဆေ့ဘောက် ကို မဖွင့်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ လျင်မြန်စွာ ရှာဖွေလိုက်သည့်အခါ ဖိတ်စာကို ရှာတွေ့သွားသည်။


"ငါ့ဆီ ရောက်နေတယ် ... ဒါပေမဲ့ ဘာလို့ အရွယ်ရောက်ခြင်း အခမ်းအနား လုပ်ရတာလဲ ... သူမက အရွယ်ရောက်ပြီးပြီလေ ..."

တူလေးကုနဲ့တောင် လက်ထပ်မှတ်ပုံတင် ပြီးပြီမလား ... 


" မဟုတ်ပါဘူး ... ကျွန်တော့် အလှည့်တောင် မရောက်သေးဘူး ..."

ပိုင်ရိ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် မခံမရပ်နိုင် ဖြစ်သွားသည်။

" ကျွန်တော် သူမနဲ့ ပူးပေါင်းမလို့ပဲ ... ဒါပေမဲ့ သုခညွတ်ကွင်းဂြိုလ်ပေါ်က ဘွဲ့ယူခြင်းစစ်ဆေးချက်ပြီးတော့ သူမက ကျော်ဖြတ်သွားပြီးပြီ ... အရမ်းလွန်လွန်းတယ် ... သူမက အရွယ်ရောက်ခြင်း စစ်ဆေးချက်ကို ကျော်ဖြတ်ပြီးပြီဆိုတာပဲ ကျွန်တော် အစီရင်ခံလိုက်တာပါ ..."  “ 


" ခဏလေးနေပါဦး အရွယ်ရောက်ခြင်း စစ်ဆေးချက်တဲ့လား ဘာကိုဆိုလိုတာလဲ ..."

ယောင်စစ်၏ စိတ်ရှုပ်ထွေးမှုက ပိုကြီးလာသည်။ 


အရွယ်ရောက်ခြင်းအခမ်းအနားဆိုတာ သူငယ်ချင်းတွေနဲ့ မိသားစုတွေ စုဝေးပြီး ထမင်းတစ်နပ် တူတူစားကြတာ မဟုတ်ဖူးလား ...


" ဘာလို့ စွမ်းရည်ဂြိုလ်ကို သွားဖို့ လိုတာလဲ အရွယ်ရောက်ဖို့ စံနှုန်းတွေနဲ့ တခြားလိုအပ်ချက်တွေ ရှိသေးလို့လား ..." 


" သေချာပေါက် လိုအပ်တာပေါ့ ... ကျွန်တော်ကဘာလို့ အကြင်နာမဲ့ သတ္တဝါနှစ်ကောင်ရဲ့ ချစ်ခြင်းမေတ္တာကို နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိတဲ့ စင်ဂယ်ခွေးတစ်ယောက်အဖြစ် နေရမှာလဲ ..."

သူက ပြောလိုက်သည်။


"ဒါပေမယ့် သခင်မလေးက နိုးထလာတာ ကြာပြီဆိုတော့ လုပ်ရ်ိုးလုပ်စဉ်တွေကို သတိမထားမိတာက သာမာန်ပါပဲ ..."


ထုံးစံအတိုင်းပင်  သူမ၏ အသိပညာ ကွက်လပ်များကို သူ ဖြည့်ပေးလိုက်သည်။


သွေးစုပ်ဖုတ်ကောင်များက  နိုးထလာချိန်မှစသည့် နှစ်များ သို့မဟုတ် မည်သည့်ပညာရေးကို ပြီးမြောက်ခဲ့ပါစေ အရွယ်ရောက်သည်ဟု မသတ်မှတ်ကြသေးပေ။ ၎င်းတို့ အသက်မပြည့်မီတွင် မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်သော အရည်အချင်းများရှိကြောင်း သေချာစေရန် တင်းကြပ်သောစစ်ဆေးမှုများကို ဆက်တိုက်အောင်မြင်ရန် လိုအပ်သည်။


အရွယ်ရောက်ပြီးသည်နှင့် ၎င်းတို့က စာလေ့လာရန်  မလိုအပ်တော့ပဲ ပို၍အရေးကြီးသည်က သူတို့သည် အကြီးအကဲကောင်စီထံ ဆက်ခံသူတောင်းဆိုမှုကို ပေးပို့နိုင်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ကို ပြောင်းလဲထားသော ကိုယ်ပွားအတွက် တန်းစီဇယားတွင် ထားရှိပါမည်။

 

ထိုအကြောင်းအရာကြောင့် ကုရှူချန်းတွင့် လော့ယင်း ရှိနေစဉ် ပိုင်ရိက တစ်ဦးတည်း ဖြစ်နေခြင်းပင်။ သူတို့နှစ်ယောက်လုံးက ပြောင်းလဲထားသည့် သွေးစုပ်ဖုတ်ကောင်အသုတ်‌တွင် ပါဝင်သည်။


"  အရင်က ကုရှုချန်းက စွမ်းရည်ဂြိုလ်ကို ကျွန်တော်မပါပဲ သွားခဲ့တယ် လော့ယင်းလည်းတူတူပဲ ... သူတို့က တကယ် လွန်လွန်းတယ် ..."

ပိုင်ရိ အမှတ်ရသွားပြီး ဒေါသထွက်လာပြန်သည်။ 


" တကယ်လို့ စွမ်းရည်ဂြိုဟ်က တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းစွမ်းရည်ကိုပဲ အဓိက အာရုံမစိုက်ဘူးဆိုရင် ကျွန်တော် အောင်ပြီးလောက်ပြီ ... ဒီနေ့အချိန်ထိ ဆက်ခံသူမရှိပဲနေမှာ မဟုတ်ဖူး ..."

 

ယောင်စစ် သူ၏ စိတ်ဖတ်ခြင်းစွမ်းရည်ကို ရုတ်ချည်း အမှတ်ရသွားသည်။ ၎င်းတွင် တိုက်ခိုက်ခြင်းစွမ်းအား အလွန်မရှိပေ။ 


" အဲ့နေရာက ဘယ်လိုမျိုးလဲ ..."

သူမ မေးလိုက်သည်။


"အဲဒါက ကြယ်စု Eက လူမနေတဲ့ တစ်ခုတည်းသော ဂြိုဟ်ပါ ..."

ပိုင်ရိ ဖြေလိုက်သည်။


" အဲဒီနေရာက လေထုနဲ့ မြေပြင်အနေအထားက အရမ်းထူးခြားတယ် ...  ပတ်ဝန်းကျင်က သက်ရှိတွေအတွက် သင့်လျော်ပြီး သစ်တောထူထပ်ပေမယ့်  ရာသီဥတုက တစ်ရက်အတွင်း သိသိသာသာ ပြောင်းလဲသွားနိုင်တယ် ...   လေ၀င်လေထွက်ကလည်း  လွဲမှားနေတဲ့အပြင် တစ်ခါတစ်ရံမှာ စွမ်းရည်နဲ့ တူတာတွေကိုတောင် ထုတ်လွှတ်တတ်တယ် ..."


“သူ့ရဲ့ ကြမ်းတမ်းပြီး ခန့်မှန်းလို့မရတဲ့ ပတ်ဝန်းကျင်ကြောင့် အကြီးအကဲကောင်စီက အရွယ်ရောက်ခြင်းအခမ်းအနားအတွက် ရွေးချယ်လိုက်တာပဲ ... ဘယ်သူက အဲ့လိုဂြိုဟ်ပေါ်မှာ တစ်လလောက် အသက်ရှင်နေနိုင်မှာလဲ ..."


" တစ်လတောင်လား ..."

ထို့ကြောင့် လော့ယင်းက တူလေးကုနှင့် ယခုနောက်ပိုင်း တူတူမရှိနိုင်ခြင်းဖြစ်မည်။ 


" ဟုတ်တယ် လော့ယင်းက အဲ့ဒီကိုသွားတာ ရက် ၃၉ရှိပြီ  ... သန်ဘက်ခါက နောက်ဆုံးရက်ပဲ ..."

ပိုင်ရိ နှုတ်ခမ်းစူလိုက်သည်။


" ဟမ့် ကုရှုချန်းက ကျွန်တော်တို့ကို ကြွားလုံးထုတ်ဖို့ ဖိတ်တာ သေချာနေတာပဲ ..." 


" အရွယ်ရောက်ခြင်းစစ်ဆေးချက်ပြီးရင် အရွယ်ရောက်တဲ့ သွေးစုပ်ဖုတ်ကောင်လို့ သတ်မှတ်ခံရမှာ သေချာလား ..."

ယောင်စစ် တစ်ကြိမ်ထပ်မံ အတည်ပြုလိုက်သည်။


" သေချာတာပေါ့ ..."

သူက‌ ခေါင်းငြိမ့်ပြသည်။


သူမစိတ်ထဲ ပျော်ရွှင်ကြည်နူးမှုများ ဖြတ်သန်းသွားပြီး အအေးများချပေးရန် ပြင်ဆင်နေသော တစ်စုံတစ်ယောက်ဘက် လှည့်လိုက်သည်။ 

" မူရွှမ် ကျွန်မစွမ်းရည်ဂြိုဟ်ကို သွားချင်တယ် ... အခုချက်ချင်းနော် ..."


“…”


နောက်ဆုံးမှာတော့ ငယ်ရွယ်တဲ့ ဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ဖယ်ပစ်နိုင်တယ်တော့မယ် ... ကန္တရလိုမျိုး နေရာကြီးမှာ တစ်လ အသက်ရှင်ရုံပဲမလား ... သူမ လုပ်နိုင်တာပေါ့ ... အဲ့တာဆိုရင် ဘယ်သူမှ သူ့ကို ကလေးလို့ ခေါ်တော့မှာ မဟုတ်ဘူး ...



မူရွှမ်က သူမ၏ စိတ်အားထက်သန်သော ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည်။ တူညီသော ဝမ်းနည်းဖွယ် အခြေအနေတွင် နှစ်ရက် ကုန်ဆုံးခဲ့သည်။


ငါ့ရဲ့ ဆက်ခံသူလေးက သေတွင်းထဲ ခုန်ဆင်းချင်နေတာပဲ ...


သို့သော် သူမ၏ အဆက်မပြတ် ချော့မော့မှုအောက်တွင် သူ နောင်တရခဲ့သည်။


လော့ယင်းကို ကတိုက်ကရိုက် ဂုဏ်ပြုပြီးနောက် စွမ်းရည်ဂြိုဟ်သို့ ထွက်ခွာလာခဲ့သည်။ နောက်ဆုံးမိနစ်အနည်းငယ်တွင် တစ်စုံတစ်ယောက်က မှုန်ကုပ်ကုပ် အမူအရာဖြင့် အားလုံးကို အသေးစိတ် ရှင်းပြနေခဲ့သည်။


" မင်းရဲ့ ကွန်ပျူတာလက်ပတ်က အားအပြည့်ပဲလား ..."


" နောက် သုံးနှစ်လောက်အထိ ခံသေးတယ် ..."


" ကာကွယ်ရမယ့် ပစ္စည်းကိရိယာတွေ ယူပြီးပြီလား ..."


" ဆယ်စုံတောင် ယူထားတယ် ..."


" စားစရာတွေရော ..."


" ကျွန်မ အကုန် ယူပြီးပြီ ..."


" အဝတ်အစားတွေရော အလုံအလောက် ယူပြီးရဲ့လား ... မင်းအကြိုက်ဆုံး အဖြူအမဲ ဝမ်းဆက်လေးရော ပါလား ..."


" ဟုတ် ဟုတ် ဟုတ် ကျွန်မမှာ အကုန်ထည့်ပြီးပြီ ... တစ်နေ့ကို အဝတ်သုံးစုံတောင် ဝတ်လို့ရတယ် ..."


" အရေးပေါ် အခြေအနေအတွက် ဆေးရော ယူပြီးပြီလား ..."


" ကျွန်မက သွေးစုပ်ဖုတ်ကောင်လေ ... ကိုယ့်ဘာသာ ကုသနိုင်တယ် ..."


" ကိုယ်တိုင်ကုသတာလည်း မမှားပါဘူး ဒါပေမဲ့ တစ်ခုခု မှားယွင်းသွားရင် ဘယ်လိုလုပ်မလဲ ... မင်း မကိုင်တွယ်နိုင်တဲ့ အခြေအနေရောက်နေရင် ဘယ်လိုလုပ်မလဲ ... တကယ်လို့ ..."


" ကောင်းပြီ ကောင်းပြီ ကောင်းပြီ ယူသွားပါ့မယ်ဆိုနေ ..."


" အင်း 


"အင်း ... တည်းခိုဖို့ ရိုးရှင်းတဲ့ အိမ်တစ်လုံး အပူပေးစက် အရန်ရေကြောင်းပြစက် စိတ်အပန်းပြေဖို့ ဂိမ်းတွေ အိပ်ဖို့လည်းလိုတယ် ..

 အာ မင်းမှာလိုအပ်တာတွေ အများကြီးပဲ ... အဲ့လောက်အများကြီးဆို မင်းအဆင်ပြေမှာ မဟုတ်ဘူး ကိုယ်လည်း တူတူလိုက်မယ် ..."


“…”


တော်ပါတော့ ...


(╯‵□′)╯︵┻━┻