အပိုင်း၂၈၆
Viewers 67k

🍵Chapter 286




ထုံရွှယ်လူက ပြုံး၍ ​ပြောလိုက်သည်။ "တကယ်​တော့ နည်းလမ်းက ​တော်​တော်​​လေး ရိုးရှင်းပါတယ်... အချိန်နည်းနည်း​တော့ ယူရတယ်"


​ကောက်ညှင်းဘဲဥများမှာ ပထမတွင် ဘဲဥကို ​ဆေးကာ ဘဲဥအကာများကို အနည်းငယ် ​ဖောက်ထုတ်ရသည်။ ပြီးလျှင် ​ရေစိမ်ထား​သော ​ကောက်ညှင်းဆန်များနှင့် အခြား​သော အဆာပလာများကို ဘဲဥများအတွင်း ထည့်ပြီး​နောက် ​ပေါင်းခံအိုးများထဲတွင် ထည့်​ပေါင်းရ​လေသည်။ 


နည်းလမ်းက မခက်ခဲဘဲ အရသာကလည်း သိပ်မထူးခြား​သော်ငြား အလွန်ဆန်းသစ်လှသည်။ ယ​နေ့ကလည်း ထုံကျားရှင်း၏ ​မွေး​နေ့ပင် ဖြစ်​လေရာ သူမသာ သာမန်ကျကျ မလုပ်ချင်လျှင် အချိန်များစွာ ယူရ​တော့မည်ဖြစ်​ပေသည်။ 


​သေချာ​ပေါက်ပင် ရှန်ဝမ်ရုန်ကလည်း ထိုအ​ကြောင်းကို ကြားလိုက်ရသည့်အခါ သင်ယူမည့် အကြံကို ချက်ချင်း စွန့်လွှတ်လိုက်သည်။


 "ဘဲဥကို အ​ပေါက်​သေး​သေး​လေးပဲ ​ဖောက်ရမှာ... အဆာပလာ​တွေ ပြန်သွပ်ရတာက အရမ်း ခက်​သေးတယ်... ဒါ​ကြောင့်မို့ စိတ်အရမ်းရှည်ဖို့ လိုတယ်"


ထိုစကားကို ကြား​သောအခါ ထုံကျားရှင်းက ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားရပြီး သူ့​ခေါင်း​လေးကို ​မော့ကာ ရှက်​ရွံ့စွာပြောလိုက်သည်။


 "မမ... ​ကျေးဇူးပါ"


သူ့အစ်မက သူ့အတွက် လက်​ဆောင်များ ဝယ်​ပေးခဲ့ရုံသာမက သူ့အတွက် ဆန်းသစ်ပြီး အရသာရှိ​သော ဟင်းပွဲများလည်း ပြုလုပ်​ပေးခဲ့​သေးသည်။ သူ အလွန် ​ပျော်​နေသည်။


ထုံရွှယ်လူ ပြန်​ဖြေရန် အချိန်မရလိုက်ခင်မှာပင် တစ်ဖက်မှ ​ဝေ့ကျူးကျူးက တက်တက်ကြွကြွဖြင့် ​ပြောလိုက်သည်။ "သမီး ဆုံးဖြတ်လိုက်ပြီ... ကြီးလာရင် ကိုကိုကျားရှင်းနဲ့ လက်ထပ်မယ်"


ထုံကျားရှင်း ​ကောက်ညှင်း​စေ့နင်သွားပြီး အဆက်မပြတ် ​ချောင်းဆိုးလာ​လေ​တော့သည်။ 


"ငါ... ငါ မလိုချင်..."


​ဝေ့ကျူးကျူးက ခါး​ထောက်ကာ ​မေးလိုက်သည်။


 "ဘာလို့ မရတာလဲ... သမီးက မလှလို့လား... ချစ်စရာ မ​ကောင်းလို့လား" 


ထုံကျားရှင်း: "..."


အခန်းထဲမှ လူများအားလုံး က​လေးနှစ်​ယောက်၏ စကားများကို ကြား​သောအခါ ရယ်​​မောလိုက်ကြသည်။


ရှန်ဝမ်ရုန်က မျက်ရည် သုတ်ကာ ​မေးလိုက်သည်။ "ကျူးကျူး... ဘာလို့ ရုတ်တရက်ကြီး ​ပြောရတာလဲ... လက်ထပ်တာ ဘာလဲ ဆိုတာ သိရဲ့လား"


​ဝေ့ကျူးကျူး ​ခေါင်းငြိမ့်ပြလိုက်သည်။ 


"သိတာ​ပေါ့... လက်ထပ်တာက လက်ထပ်မဲ့သူရဲ့ အိမ်ကို လိုက်သွားရပြီး သူ့ရဲ့အစားအ​​သောက်​တွေကို စားတယ်... သူ့အိပ်ရာ​ပေါ်မှာ အိပ်ရမယ်... ကိုကို ကျားရှင်းရဲ့ ​မွေး​နေ့မှာ မမရွှယ်လူက သူ့အတွက် ​​အစား​ကောင်းအ​သောက်​​ကောင်း​​လေးတွေ ထူးဆန်းတာ​လေး​တွေ လုပ်​ပေးတယ်... ဒါ​ကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ... ပြီးရင် သမီးကသူ့ရဲ့ အစားအ​သောက်​တွေကို စားရမှာ​လေ" 


ထုံကျားရှင်းက ပလုပ်တုပ်​​လေးကဲ့သို့ ​ခေါင်းယမ်းပြလိုက်သည်။ "ငါ နင့်ကို လက်မထပ်ချင်ပါဘူး​နော်... ငါက တစ်သက်လုံး လူပျိုကြီး လုပ်မှာ"


တစ်​ယောက်​ယောက်နဲ့ လက်ထပ်ရတာ ​ကြောက်စရာ​ကောင်းတဲ့အရာပဲ... ပြီးရင် အစားအ​သောက်​တွေကိုလည်း ​ဝေမျှရဦးမယ်... သူက​​တော့ တစ်ဘဝလုံး လူပျိုကြီးပဲ လုပ်သွားမှာ... မဟုတ်​သေးဘူး... ​နောက်တစ်ဘဝကျရင်​တောင် ဇနီးတစ်​ယောက်နဲ့ လက်ထပ်မှာ မဟုတ်ဘူး...


ကူညီပါ ဘုရားရှင်... ကျွန်​တော့်ကို တစ်ဘဝလုံး လူပျိုကြီး ဖြစ်​အောင် လုပ်​ပေးပါ...


ထုံကျားရှင်းက နှလုံးသားထဲတွင် ဆယ်နှစ်​မြောက် ​မွေး​နေ့ဆု​တောင်းကို ​တောင်းဆုပြုလိုက်သည်။


"ဟားဟားဟား... ဒီက​လေး​တွေ စကား​ပြောတာ ရယ်စရာ​ကောင်းလိုက်တာ...


အခန်းထဲရှိ လူများမှာ အူနာသည်အထိ ရယ်​မောလိုက်ကြသည်။ 


🍵


တနင်္ဂ​နွေ မနက်ပိုင်းတွင် ထုံရွှယ်လူတစ်​ယောက် ​ကျောင်းသို့ ပြန်သွားရသည်။


လင်းလန်ကျွမ်းမှလွဲ၍ အခန်း​ဖော်အားလုံး အပြင်​ရောက်​​နေကြသည်။


ထျန်ဖုန်းကျစ်နှင့် ရှဲ့ရှောင်ယန်တို့က စာကြည့်တိုက်သို့ သွားကာ စာ​လေ့လာ​နေကြသည်။ ​ချွေ့ရုန်ရုန်၏ ခင်ပွန်းဖြစ်သူက ​လွန်ခဲ့သည့်နှစ်ရက်ခန့်က ပေကျင်းသို့ ​ရောက်လာ​လေသည်။ သူမက ထိုရက်များအတွင်း ​စော​စော ထွက်သွားပြီး ​နောက်ကျမှ ပြန်​ရောက်လာတတ်သည်။ 


ကျန်းပိုင်​ဟွေ့ကိုမူ ထည့်​ပြောရန်ပင်မလို။ သူမက ​ဆိုရှယ်လစ်တစ်​ယောက် ဖြစ်၍ လူမှု​ရေးပွဲများ လုပ်လျှင်လုပ် မဟုတ်လျှင် လူမှု​ရေးလုပ်ရှားမှုများ လုပ်သည့် လမ်း​ပေါ်၌ ရှိ​နေတတ်သဖြင့် အ​ဆောင်ထဲတွင် ရှိ​နေတတ်သည်က ရှား​ပေသည်။


ထုံရွှယ်လူ ပစ္စည်းများကို ချကာ အစမ်း​လေ့ကျင့်ရန် သွား​တော့မည်အပြု လင်းလန်ကျွမ်းက သူမကို တားမြစ်လာသည်။ 


"ရွှယ်လူ ခဏ​လောက်"


ထုံရွှယ်လူက သူမ၏ အသံကို ကြားသည်အခါ တုံ့ကနဲ ဖြစ်သွားပြီး လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ... ​ပြောစရာ ရှိလို့လား"


လင်းလန်ကျွမ်းက အငုံ့စိတ် ရှိသူဖြစ်ပြီး သတ္တိလည်း နည်းသည်။ သူမက အ​ဆောင်ထဲတွင် အားနည်း​သော တည်ရှိမှု ရှိ​သော်လည်း ကံ​ကောင်းစွာဖြင့် ပြဿနာ ရှာခြင်းမျိုး မရှိသဖြင့် ထုံရွှယ်လူ သူမကို မမုန်းတီးမိ​ပေ။


လင်းလန်ကျွမ်းက ထုံရွှယ်လူ၏ မျက်လုံးစိမ်းများနှင့် ​တွေ့ဆုံလိုက်ရ​သောအခါ ​စိတ်မလုံခြုံမှု​ကြောင့်ခေါင်းငုံ့ထားလိုက်ပြီး တစ်ခဏအကြာ တိတ်ဆိတ်သွားပြီးမှ ​ပြောလိုက်သည်။ 


"နင်... နင် ဒီရက်​တွေထဲ ​ကောင်းမင်ကို ​သတိထားရင် ​​ကောင်းမယ်"


ထုံရွှယ်လူက မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ "နင်​ပြောတာ ဘာလဲ... ​ကောင်းမင် နင့်ကို တစ်ခုခု ​ပြောလို့လား"


လင်းလန်ကျွမ်းက ​ခေါင်းယမ်းပြလိုက်သည်။ "သူ ငါ့ကို ဘာမှ မ​ပြောပါဘူး... ဒါ​ပေမယ့် သူ အခုတ​လော တအား ထူးဆန်း​နေတာ... ပြီး​တော့ သူ့ကိုယ်သူ အမြဲတမ်း စကား​တွေ ​ပြော​​နေ​သေးတယ်... ​နောက်ဆုံးတစ်​​ခေါက်ကျ စာအုပ်ထဲမှာ နင့်နာမည်ကို အများကြီး ​ရေးပြီး​တော့ တစ်ခုချင်း လိုက်ခြစ်​နေတယ်"


သူမက မည်သို့ ​ဖော်ပြရမည်ကို မသိ​တော့ပေ။ ထိုအချိန်က ​ကောင်းမင်၏ မျက်လုံးများမှာ ရဲတွတ်နေပြီး စာအုပ်ကိုလည်း ရန်သူသဖွယ် စိုက်ကြည့်​နေကာ ရူးသွပ်​နေပုံလည်း ​ပေါ်​နေသည်။


ထုံရွှယ်လူသာ ကောင်းမင်​ရှေ့တွင် ရပ်လိုက်ပါက သူမအား အစိမ်းလိုက် ဝါးစားလိုက်နိုင်သည်ကို သံသယမရှိ​ပေ။ 


ထိုအချိန်က သူမ​ကြောက်လွန်းလှသဖြင့် သတိကြီးကြီးဖြင့် ထိန်းထားရသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ​ကောင်းမင်ဘက်မှ စာအတူလုပ်ကြရန် သူမကို ​လာခေါ်သည့်တိုင် ​နေမ​ကောင်း ဖြစ်​နေသည်ဟု ​ပြော၍ ငြင်းဆန်ခဲ့ပြီး သူမအနားသို့ မကပ်ရဲ​တော့ပါ​ပေ။ 


ထုံရွှယ်လူက လင်းလန်ကျွမ်း သူမကို ထိုစကားမျိုး ​ပြောလာမည်ဟု မထင်ထားခဲ့​ပေ။ အဆုံးတွင် သူမက ​ကောင်းမင်နှင့် ဆက်ဆံ​ရေးပို​​ကောင်းသည်ပင်။


သူမ ​ခေါင်းငြိမ့်ပြလိုက်သည်။ "​ကျေးဇူးပါ... ငါ မှတ်ထားလိုက်မယ်"


အ​ဆောင်ခန်းထဲမှ ထွက်လာ​သောအခါ ထုံရွှယ်လူတစ်​ယောက် ​ကောင်းမင်အ​ကြောင်းကို ​တွေး​နေမိသည်။ 


ရှစ်ကျွင်းမင် မည်သည့်​ဆေးများ ​​ကျွေးထား၍ ​ကောင်းမင်ကို ထိုမျှ​လောက်ထိ နာခံလာ​အောင် လုပ်နိုင်ခဲ့သည်ကို သူမ အမှန်ပင် နားမလည်နိုင်​တော့​ပေ။ 


အများကြီး စဥ်းစားပြီးသွား​တော့ အချစ်ဦး​နှောက်ဆဲလ်​တွေက ​ကြောက်စရာ​ကောင်းတယ်လို့ပဲ ​ပြောနိုင်​တော့တယ်...


လမ်းတစ်ဝက်မှာပင် သူမကို ​ကောင်​လေးတစ်​ယောက်က လမ်းပိတ်လာခဲ့သည်။


ထို​ကောင်​လေးက ရှက်ရွံ့မှု​ကြောင့် နီရဲ​နေပြီး ထုံရွှယ်လူ၏ ​ခြေ​လက်များကို ကူကယ်ရာမဲ့စွာ ကြည့်၍ ​ပြောလိုက်သည်။


 "အတန်း​ဖော်ထုံ... ဟယ်လို... ကျွန်​တော်... ကျွန်​တော့်ရဲ့..."


ထုံရွှယ်လူက သူ့ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်သည်။


 "လာလာ... ကျွန်မနဲ့အတူလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်... ရှူသွင်းမယ် ရှူထုတ်မယ်... ထပ်ပြီး ရှူသွင်းမယ် ရှူထုတ်မယ်... ပို​ကောင်းသွားပြီလား"


ထိုကောင်​လေးက အကြိမ်အနည်းငယ် အသက်ရှူလိုက်သွင်းလိုက် လုပ်ပြီးမှ ​ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ "ပို​ကောင်းသွားပါပြီ... ​ကျေးဇူးပါ"


ထုံရွှယ်လူ လက်ယမ်းပြလိုက်သည်။ "ရပါတယ်"


ချက်ချင်းဆိုသလို ထုံရွှယ်လူက ​ကောင်​လေးကို ဖြတ်ကာ ​ရှေ့ဆက်​လျှောက်သွားလေသည်။


​ကောင်​လေး:? ?


​ဘေးနားက လူများ:? ?


​ကောင်​​​လေးက အသိပြန်ဝင်ကာ သူမ​နောက်သို့ ခပ်မြန်မြန် လိုက်သွားသည်။ "​ကျောင်းသူထုံ... ခဏ​လောက်ပါ... ကျွန်​တော် မင်းကို ​ပြောစရာ ရှိလို့"


ထုံရွှယ်လူ ရပ်လိုက်ပြီး​နောက် သူ့ကို ကြည့်လိုက်သည်။ "ဘာကိစ္စများလဲ"


​ကောင်​လေး၏ မျက်နှာက ထပ်ပြီး နီရဲသွားပြန်သည်။ "ကျွန်​တော် ကျွန်​တော် မင်းကို အရမ်း​​​တော်တဲ့သူလို့ ထင်တယ်... ကျွန်​တော် မင်းနဲ့ အတူ စာ​လေ့လာပြီး တိုးတက်​အောင် လုပ်ချင်ပါတယ်... မင်း ကျွန်​တော့်ကို အခွင့်အ​ရေး ​ပေးလို့ရမလား သိချင်ပါတယ်" 


ထုံရွှယ်လူက ​ခေါင်းကို တည်တည်ငြိမ်ငြိမ် ယမ်းပြလိုက်သည်။


 "ကျွန်မက တွဲဖက် ရှိရုံတင်မကဘူး... ​စေ့ပါ​စေ့စပ်ထားပြီးပြီ"


ထို​ကောင်​လေးက မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူမကို အလန့်တကြား ကြည့်လာသည်။


 "မင်းက ​စေ့စပ်ပြီးသွားပြီလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်... ရှင် စာအတူ​လေ့လာပြီး တိုးတက်​အောင် လုပ်ဖို့ဆို အခြား​ကျောင်းသူ​လေးတစ်​ယောက်ကို ရှာလိုက်ပါနော်... ဂွတ်ဘိုင်"


​ကောင်​လေး: "..." အသည်းကွဲပါပြီ...


​ဘေးနားမှလူများမှာလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွား​လေသည်။


​မတိုင်မီအချိန်က ​ကောင်းမင်ထံမှ ရည်းစားစာ​ပေးခံရသည့် ကိစ္စမှာလည်း နိုင်ငံခြားဘာသာဌာနတစ်ခုတည်းမှာသာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ အခြား​ဌာနများကမူ သူမကို အတွဲမရှိဟုသာ ​တွေးခဲ့ကြသည်။


ထိုမြင်ကွင်းကို ​ကောင်းမင် ​တွေ့သွားခဲ့သည်။ 


ထုံရွှယ်လူ ​လျှောက်လာသည်ကို မြင်​သောအခါ သူမက ရုတ်တရက် ထူးထူးဆန်းဆန်း စကား​​ပြောလာသည်။


 "ရုပ်လှတာက တူကို မတူဘူးပဲ... ​​စေ့စပ်ထားတဲ့သူ ရှိတာ​တောင် လာပြီး ဝန်ခံတဲ့​ယောကျ်ား​တွေ အများကြီး ရှိ​သေးတာပဲ"


ထုံရွှယ်လူ သူမ၏ ​ခေါင်းကို ကြည့်လိုက်သည်။ "ကောင်းမင်... နင်​စိတ်ကျန်းမာ​ရေး မ​ကောင်းဘူးလား"


​ကောင်းမင် ချက်ချင်း ​ဒေါသတကြီး ဖြစ်သွားသည်။ "ထုံရွှယ်လူ ဆရာဆရာမ​​တွေ ပ​ရော်ဖက်ဆာ​တွေ နင့်ကို ချစ်တာနဲ့ပဲ ​ပြောချင်သလို ​​ပြောလို့ရပြီလို့ ထင်မ​နေနဲ့​နော်... နင် မဟုတ်တရုတ်​တွေ ​ပြောရင် တိုင်လိုက်မှာ"


ထုံရွှယ်လူ: "စိတ်ကျန်းမာ​ရေး မ​ကောင်းတာ မဟုတ်ရင် ရှစ်ကျွင်းမင်လို ​ယောကျ်ားမျိုးကို ဘာလို့ကြိုက်ရတာလဲ" 


​​ကောင်းမင် ထိုစကားကို ကြား​သောအခါ ထုံရွှယ်လူ သူမအား စိတ်ကျန်မာ​ရေးမ​ကောင်းဟု ​ပြောစဥ်က အချိန်ထက်ပင် ​ဒေါသထွက်သွားသည်။ 


"ရှစ်ကျွင်းမင်က နင့်ရဲ့ သတို့သား​လောင်းထက် အဆတစ်ရာမက ​ပိုကောင်းတယ်... ​ပြောရ​ကြေးဆို နင်ကမှ စိတ်ကျန်းမာ​ရေးမ​ကောင်းတာ မဟုတ်ဘူးလား... မဟုတ်ရင် လူသတ်သမားတစ်​ယောက်ကို ဘာလို့ ​စေ့စပ်မှာလဲ"


လူသတ်သမား...


ထုံရွှယ်လူ မျက်​မှောင်ကြုတ်လိုက်သည်။


 "ကောင်းမင်... နင်ဘာစကား ​ပြောတာလဲ... နင်ရှင်းရှင်းလင်းလင်း မ​ပြောရင် လူ​တွေကို အပုပ်ချတဲ့ အမှုနဲ့ အချိန်မ​ရွေး ရဲတိုင်လို့ ရတယ်​နော်"


​ကောင်းမင် နှာမှုတ်လိုက်ပြီး ​အောင်ပွဲခံသည့် အမူအယာဖြင့် ​ပြောလိုက်သည်။ "ငါ​ပြောချင်တဲ့ စကားက​လေ... နင့်သတို့သား​လောင်းက ငယ်ငယ်တုန်းက သူ့ရဲ့ညီအရင်းကို သတ်ခဲ့တာတဲ့​နော်... သူနင့်ကို မ​ပြောပြဘူးလား"


ညီအရင်းကို သတ်ခဲ့တာလား...


ဝမ်ရူ​ကွေ့က တစ်ဦးတည်း​​​သော က​လေး မဟုတ်ဘူးလား... သူ့ညီက ဘယ်လို ​ရောက်လာတာလဲ... 


ထို့အပြင် ဝမ်ရူ​ကွေ့နှင့် ဝမ်မိသားစုကလည်း ထိုအ​ကြောင်းကို တစ်ခါမှ မ​ပြောခဲ့ဖူး​ပေ။ သို့​သော်ငြား ​ကောင်းမင်၏ မျက်နှာက လိမ်​ပြော​နေသည့်ပုံမ​ပေါ်သဖြင့် ထုံရွှယ်လူ၏ နှလုံးသားကို တုန်လှုပ်သွား​စေခဲ့သည်။ 


သို့​သော်ငြား သူမက မျက်နှာထက်တွင် တည်ငြိမ်စွာ ​ပြောလိုက်သည်။ 


"​ကောင်းမင်... အရင်တစ်​ခေါက်ကတည်းက နင့်ကို သတိ​ပေးထားပြီးပြီထင်တယ်... နင် မဟုတ်တမ်းတရား​တွေ ​ပြော​နေရင် ငါအခုပဲ နင့်ကို သွားတိုင်လိုက်​တော့မယ်"


​ကောင်းမင်က သူမကို ကြည့်ကာ ရုတ်တရက် ရယ်​မောလိုက်သည်။ "ထုံရွှယ်လူ... ဒါကို မသိခဲ့ဘူးမလား... ဟားဟား.. ငါ့မှာ​တော့ နင့်သတို့သား​လောင်းက နင့်အ​ပေါ် ​ကောင်းလိုက်တာလို့ ​တွေး​နေတာ... ဒီ​လောက်အ​ရေးကြီးတဲ့ကိစ္စကို ဖုံးကွယ်ထားမယ်လို့ မ​ထင်ထားခဲ့ဘူး"


ထုံရွှယ်လူ၏ မျက်နှာက ​အေးစက်သွားခဲ့​လေသည်။ "နင်ငါ့ရဲ့ ကိစ္စ​တွေကို လိုက်ပူ​နေစရာမလိုဘူး... ဒါ​ပေမယ့် နင်က တက္ကသိုလ် ဝင်ခွင့်ရဖို့ ကြိုးကြိုးစားစား စာလေ့လာခဲ့ရတာကို စာ​လေ့လာတဲ့​နေရာမှာ အင်အား​တွေ အချိန်​တွေ စိုက်ထုတ်ရမဲ့အစား ရှစ်ကျွင်းမင်အတွက် ငါ့ကို ရန်လာစတယ်... နင်ဒီနည်းနဲ့ ​ရှေ့ဆက်သွားချင်တာ ​သေချာရဲ့လား"


​ကောင်းမင်၏ မျက်လုံးများထက် ​ပျော်ရွှင်မှုများ ပြသလာခဲ့သည်။ "ဘာလို့လည်း ဆို​တော့ သူက ငါ့ကို ​ကောင်း​ကောင်းဆက်ဆံ​ပေးလို့​လေ"


"တန်လို့လား... အရင်တစ်​ခေါက်တုန်းက ရှစ်ကျွင်းမင် နင့်အတွက် ​ပြော​ပေးဖို့ ​နေ​နေသာသာ နင့်ကို အပြစ်​ပေးခံရ​အောင် တွန်းပို့လိုက်တာ​လေ... ဒါက နင်​ပြောတဲ့ ထိုက်တန်တယ်ဆိုတာလား" 


​ကောင်းမင် ထိချက်ပြင်းသွားပြီး​နောက် သူမ၏ မျက်နှာက ​ဒေါသ​ကြောင့် နီရဲလာသည်။ 


"နင် ငါတို့ကို စိတ်ဝမ်းကွဲ​အောင် လုပ်​နေတာလား... ရှစ်ကျွင်းမင်က ငါ့ကို အရမ်းချစ်တယ်"


ထုံရွှယ်လူ နူးညံ့စွာ ​ပြောလိုက်သည်။ "နင့်အတွက် စကားနှစ်ခွန်းကို​တောင် ​တွေးမိ​​သေးတယ်... ကိုယ့်ကိုယ်ကိုယ် အယုံသွင်း​နေတာနဲ့... နားပိတ်ပြီး ​ခေါင်း​လောင်းတီး​နေတယ်ဆိုတာ​လေ... နင်လုပ်နိုင်ရင် ငါ့ကို သက်​သေလာပြလှည့်​လေ"


ပြီး​နောက် သူမက ​ကောင်းမင်ကို လစ်လျုရှူကာ အစမ်း​လေ့ကျင့်​ရေးခန်းမထဲသို့ တန်းဝင်သွားခဲ့သည်။


​ကောင်းမင်က သူမ၏ ​နောက်​ကျောကို ကြည့်ကာ ​​​ဒေါသများ ​ဆောင့်တက်လာပြီး ​တော်​​တော်နှင့် မ​ပြေနိုင်​အောင် ဖြစ်သွားရသည်။


ရှစ်ကျွင်းမင်က သူမကို ချစ်တယ်... ဒါကို ထုံရွှယ်လူ သိ​အောင် သက်​​သေပြ​ပေးရမယ်...


အစမ်း​လေ့ကျင့်မှု နှစ်ရက် သုံးရက်ကြာ​သောအခါ လူတိုင်းက ဇာတ်ညွှန်းနှင့် အကျွမ်းတဝင် ရှိလာကြသည်။


ချန်ချိုက်ရှင်းက သူမ၏ ဆန္ဒများ ပြည့်သွားသဖြင့် သူမ၏ အ​ဒေါ်ကို ဖိတ်​​ခေါ်လိုက်သည်။