အပိုင်း၂၈၉
Viewers 67k

🍵Chapter 289




ပြည်သူ့လုံခြုံ​ရေးဌာနမှ ရဲ​ဘော်များက ဒါရိုက်တာချန်ထံမှ ထွက်ဆိုချက် ယူပြီး​နောက် သတင်းစကား ပါးလာခဲ့သည်။ ဒါရိုက်တာချန် ထွက်ဆိုသည့်စကားအရ ထိုအချိန်က ထုံရွှယ်လူ ​ခြေချင်းဝတ်လည်သွားရသည့်အ​ကြောင်းအရင်းမှာ ချန်ချိုက်ရှင်းက "မ​တော်တဆ" ​ခြေထိုးခံမိသွား၍ ဖြစ်​လေသည်။ 


ချန်ချိုက်ရှင်းက အလယ်အလတ် ထိခိုက်မှု ရရှိသွားခဲ့ပြီး ယခုထိ ပြန်မသက်သာလာ​သေး​​သော်လည်း ဒါရိုက်တာချန်က ချန်ချိုက်ရှင်း၏ အ​ဒေါ်ဖြစ်ပြီး ယဥ်​ကျေးမှုဓ​လေ့ထုံးတမ်းဌာန၏ ဒါရိုက်တာလည်း ဖြစ်​နေသည်။ သူမ၏ စကားများမှာ အလွန်အ​လေးချိန်စီးပေသည်။ (ထိရောက်)


ထိုသတင်းထွက်လာသည်နှင့် ထုံရွှယ်လူအ​ပေါ် ရှိ​နေကြသည့် သံသယများ လွင့်ပြယ်သွားကြ​လေသည်။


ကျန်းပိုင်​ဟွေ့က သတင်းရ​သောအခါ အ​ဆောင်သို့ အ​ပြေးပြန်လာခဲ့သည်။ 


"ရွှယ်လူ... ရဲဌာနက နင့်ကို အပြစ်မရှိ​ကြောင်း သက်​သေပြလိုက်ကြပြီ"


ထုံရွှယ်လူက စာဖတ်​နေရာမှ ​​မော့ကြည့်လာသည်။ "ဘယ်လို ဖြစ်တာလဲ"


ကျန်းပိုင်​ဟွေ့က သူမ ရလာ​သော သတင်းကို အ​ဆောင်သူများ သိ​အောင် ​ပြောပြလိုက်သည်။ ထိုအချိန်တွင် အ​ဆောင်တံခါး မပိတ်ထားသဖြင့် အခြားအ​ဆောင်ခန်းထဲမှ လူများလည်း ကျန်းပိုင်​ဟွေ့ ​ပြော​​သော စကားကို ကြားလိုက်ကြသည်။ 


ရှဲ့​ရှောင်ယန့်က ​​ပျော်ရွှင်စွာ ​ပြောလိုက်သည်။


 "ကောင်းလိုက်တာ... ဒါရိုက်တာချန်ရဲ့ ထွက်ဆိုချက်နဲ့သာဆို သူများ​တွေ မဟုတ်တရုတ် ​လျှောက်မ​ပြောရဲကြ​လောက်ဘူး"


ကျန်းပိုင်​ဟွေ့ ​လေး​လေးနက်နက် ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါရိုက်တာချန်က ချန်ချိုက်ရှင်းရဲ့ အ​ဒေါ်ပဲ​လေ... သူက ​သေချာ​ပေါက် ရွှယ်လူကို မျက်နှာလိုက်မှာ မဟုတ်ဘူး"


ထိုစကားကို ကြားလိုက်ရသည့်အခါ ထုံရွှယ်လူ တုံ့ကနဲ ဖြစ်သွားသည်။


ချန်ချိုက်ရှင်းထံမှ ​ခြေထိုးခံလိုက်ရသည့်အ​ကြောင်း မ​ပြောခဲ့ခြင်းမှာ အ​ခြေအ​နေများက ခွင့်မပြု၍ ဖြစ်သည်။


ချန်ချိုက်ရှင်းက သူမ၏ ​​နေရာကို အစားဝင်လိုက်သည့်အတွက် မီးဆိုင်းနှင့် အရိုက်ခံရသည်။ ထိုအ​ချိန်ကသာ ဖွင့်​ပြောပြလိုက်ပါက တစ်ဖက်တွင် သူမက ​အေးစက်လွန်းသည်ဟု ​ပြောကြမည် ဖြစ်ပြီး အခြားတစ်ဖက်တွင် သူမနှင့် ချန်ချိုက်ရှင်းအကြားရှိ ပဋိပက္ခများကို အတည်ပြုပြီး ဖြစ်သွား​ပေမည်။ 


သို့​သော်ငြား ဒါရိုက်တာချန်ကိုယ်တိုင် ထိုအ​ကြောင်းကို ရဲဌာနတွင် ​ပြောပြလိုက်မည်ဟု မထင်ထားခဲ့​ပေ။ ထိုထဲတွင် လိမ်ညာမှု အနည်းငယ်ပါဝင်​သော်ငြား သူမက တမင်တကာ ဆိုသည့်​နေရာတွင် မ​တော်တဆဟု ​ပြောင်းလဲလိုက်​လေသည်။ 


တစ်ဖက်လူက သူမကို လူ​ကောင်းဟု ဆိုလာ​ပေး​နေသဖြင့် သူမကလည်း ချန်ချိုက်ရှင်း၏ တမင်တကာ လုပ်​ဆောင်မှုကို ​ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိ​​ပေ။


​အ​ဆောင်ခန်း အပြင်ဘက်တွင် ရပ်​နေသည့် ​ကောင်းမင်၏ မျက်နှာထက်မှ အပြုံးများ လွင့်ပြယ်သွားပြီး နှလုံးခုန်သံများမှာလည်း မိုးကြိုးကဲ့သို့ မြည်ဟီးလာသည်။


ကိစ္စများကို ထိုကဲ့သို့ ​ပြောင်းလဲသွားမည်ဟု သူမထင်မထားခဲ့​ပေ။ ချန်ချိုက်ရှင်း ထုံရွှယ်လူအား တမင်တကာ ​ခြေထိုးခံခဲ့သည်ကို မသိသလို ဒါရိုက်တာချန်ကိုယ်တိုင် ထုံရွှယ်လူအတွက် ကိုယ်တိုင်ကိုယ်ကျ သက်​သေခံ​ပေးမည်ဟု ထင်မထားခဲ့​​ပေ။


ထုံရွှယ်လူက အခု သံသယ​တွေ ရှင်းသွားပြီဆိုရင် သံသယဖြစ်စရာ အ​ကောင်းလုံးလူက သူမ ဖြစ်သွားပြီပဲ...


အစမ်း​လေ့ကျင့်​ရေးအခန်းထဲသို့ သွားကာ ကြိုးဖြတ်ခဲ့ချိန်က အလွန်သတိထား​သော်ငြား အပြန်လမ်းတွင် သူမကို လူများစွာ ​တွေ့လိုက်ကြသည်။ ဒီလူ​တွေ ထွက်လာပြီး သက်​သေခံ​ပေးရင် သူမ ဘယ်လိုလုပ်ရမလဲ...


ထုံရွှယ်လူက အပြင်ဘက်ကို ​ဝေ့ကြည့်လိုက်ပြီး​နောက် ရုတ်တရက်ဆိုသလို ကျယ်​လောင်စွာ ​ပြောလိုက်သည်။


 "အတန်း​ဖော်ချန်ရဲ့ ဒဏ်ရာက အရမ်းဆိုးတယ်... သူကအခုထိ အန္တရာယ်ရှိတဲ့ အ​ခြေ​အ​နေက​နေ ထွက်မလာနိုင်​သေးဘူး... ငါကြားတာ​တော့ ပြည့်သူ့လုံခြုံ​ရေးဗျူရိုက​နေ ​ကျောင်းက ဆရာ​တွေ ​ကျောင်းသား​တွေထဲက သက်​သေထွက်ဆို​ပေးမယ့်သူ​တွေ ​​တွေ့ထားတယ်တဲ့... လူသတ်သမားကို ရှာ​တွေ့ရင် ပြစ်ဒဏ်ကြီး​ကြီး ​ပေးလောက်တယ်... ချက်ချင်း ပစ်သတ်မဲ့ ​သေဒဏ်မျိုး​တောင် ဖြစ်နိုင်​သေးတယ်"


အနားတွင် ရှိ​နေကြသူများ ထိုစကားကို ကြား​သောအခါ ​ကြောက်လန့်သွားပြီး ​တောင့်ခဲသွားကြ​လေသည်။


ထုံရွှယ်လူ၏ နှုတ်ခမ်း တွန့်​ကွေးသွားပြီး သူမက ထိုစကားကို တမင်သက်သက် ​ပြောလိုက်ခြင်းသာ ဖြစ်သည်။


​ကောင်းမင်က သူမဘက်မှ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်​​​​နေ​​ကြောင်း သူမ သိ​နေသည်။ ဤတစ်ကြိမ်၌ ဒါရိုက်တာချန်က သူမအတွက် ​သက်​​သေခံလိုက်ပြီ ဖြစ်၍ ​​ကောင်းမင်ဘက်တွင် ပြဿာနာ ပိုများလာခြင်းသာ ​ဖြစ်​ပေ​​​တော့မည်။


ထိုအချိန်တွင် သူမဘက်မှ မီးထပ်ထည့်​ပေး​နေသ၍ ​ကောင်းမင်ကလည်း မကြာမီ ဟာကွက်ကို ပြလာ​ပေ​တော့မည်။


​သေချာ​​ပေါက်ပင် ​ကောင်းမင်၏ ​ခြေ​​ထောက်များ ​ပျော့​ခွေသွားပြီး ​မြေ​ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ 


အ​ဆောင်ခန်းထဲသို့ ပြန်​ရောက်လာ​သောအခါ ​တွေးကြည့်လိုက်ပြီး​နောက် ပို၍ပင် ထိတ်လန့်လာခဲ့သည်။


တစ်ခဏအကြာတွင် ထရပ်ကာ အ​ဆောင်ခန်းထဲမှ ​ပြေးထွက်သွားပြီး ရှစ်ကျွင်းမင်၏ အ​ဆောင်ရှိရာသို့ တည့်တည့် ​ပြေးသွား​လေသည်။ 


ရှစ်ကျွင်းမင်၏ အခန်း​ဖော်များက သူမ​ရောက်လာသည်ကို မြင်​သောအခါ အထူးတဆန်း ကြည့်လာခဲ့သည်။


ရှစ်ကျွင်းမင်က အခန်း​ဖော်များထံမှ အကြည့်ခံလိုက်ရသည့်အခါ ရှက်ရွံ့သွား​လေသည်။ သူက အ​ဆောင်ထဲမှ ထွက်ကာ ​ကောင်းမင်ကို စာသင်​ဆောင်၏ ​ခေါင်မိုးထပ်သို့ ဆွဲ​ခေါ်လာခဲ့သည်။


ရှစ်ကျွင်းမင်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ ​ပြောလိုက်သည်။ "မင်း ငါ့ကို ဘာလို့ လာရှာတာလဲ... မင်းကို အဆင်​​ပြေရင် လာမရှာနဲ့လို့ ​ပြောမထားဘူးလား"


​ကောင်းမင်က သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး တစ်ခဏမျှ စိတ်မသက်မသာ ဖြစ်သွားသည်။ 


"ကျွင်းမင်... ကျွန်မလုပ်ခဲ့တာ​တွေ ​ပေါ်သွားမှာ စိုးရိမ်​နေတယ်... ချန်ချိုက်ရှင်းရဲ့ အ​ဒေါ်က ထုံရွှယ်လူ အပြစ်မရှိ​ကြောင်း သက်​သေခံ​ပေးလိုက်တယ်... မကြာခင် ရဲ​တွေ ကျွန်မကို လာရှာကြ​တော့မယ်... ဘယ်လိုလုပ်ရမလဲ"


ရှစ်ကျွင်းမင် တုံ့ကနဲ ဖြစ်သွားပြီး အ​​ခြေအ​နေကို ​မေးရင်း မျက်ခုံးကျုံ့လိုက်သည်။ 


"မင်း ငါ့ကို ​သေ​စေချင်​လို့လား... ရဲ​တွေ လာစစ်​​ဆေးမယ်လို့ ကြားတာနဲ့ ငါ့အ​ဆောင်ကို ​ပြေးလာတယ်... သူများ​တွေ ငါ့ကို ဘယ်လိုထင်သွားကြမလဲ မသိဘူးလား.."


​ကောင်းမင်က အပ်နှင့် ထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ 


"ကျွင်းမင်... ရှင်ကျွန်မကို ဒီလိုဆက်ဆံလို့ မရဘူး​​နော်... ကျွန်မ ​ကြောက်လွန်းလို့ ​ရှင့်ဆီ လာခဲ့တာ... ရှင် ကျွန်မကို ကယ်​ပေးရမယ်... ကျွန်မ ပစ်သတ်မခံချင်ဘူး"


ရှစ်ကျွင်းမင်က သူမ၏ လက်ကို ရိုက်ချကာ အပြင်းအထန် တွန်းထုတ်လိုက်သည်။ 


"စိတ်ငြိမ်ငြိမ်ထား ဟုတ်ပြီလား... ချန်ချိုက်ရှင်းက အသက်ရှင်​နေတုန်းပဲ​လေ... ပြည်သူ့လုံခြုံ​ရေးဗျူရိုက မင်းကို ဘာလို့ ပစ်သတ်ရမှာလဲ"


​ကောင်းမင်က ​ခြေလှမ်းနှစ်လှမ်းစာ​​လောက်ထိ အတွန်းခံလိုက်ရသဖြင့် လက်​ထောက်လျက် ကျသွားပြီး ထိုလက်ဖဝါးက ​မြေ​ပေါ်ကို ပွတ်ဆွဲသွားသဖြင့် ချက်ချင်းဆိုသလို အ​ရေပြားများ ပွန်းသွားသည်။


သူမက ဒဏ်ရာရသွား​သော လက်ကို ကြည့်လိုက်ပြီး တီးတိုး​ရေရွတ်လိုက်သည်။


 "ရဲဌာနက ကျွန်မကို ချက်ချင်း ပစ်မသတ်ရင်​တောင် ကျွန်မကို ဖမ်းဆီးကြလိမ့်မယ်... ကျွန်မ​ဘဝတော့ သွားပြီ"


ရှစ်ကျွင်းမင်မှာ ထိုအ​ကြောင်းကို နှလုံးသားထဲက ပင် သဘာဝအရ သိ​နေ​ပေသည်။


 "ဒီအ​ကြောင်းကို မ​တွေးနဲ့တော့... မင်း ဒီအချိန်မှာ စိတ်​​အေး​အေးထားသင့်တယ်... ငါ ညဘက် စာသွားကြည့်​တော့မှာ... ငါအရင် သွားနှင့်ပြီ"


​ကောင်းမင်မှာ သူ့ကို ဤကဲ့သို့​သော အချိန်မျိုးမှာပင် စာလုပ်​ရန် ​တွေး​နေ​သေးမည်ဟု ထင်မထားခဲ့​ပေ။ သူမက ​​မြေ​ပေါ်မှ ထရပ်ကာ ရှစ်ကျွင်းမင်၏ ခါးကို ဖက်လိုက်သည်။ 


"ကျွင်းမင်... ကျွန်မကို ပစ်မသွားပါနဲ့... ဒါကို ရှင့်အတွက် လုပ်ခဲ့တာပါ"


ရှစ်ကျွင်းမင်၏ နှလုံးသား ခုန်​ပေါက်သွားပြီး ​ကောင်းမင်၏ လက်များကို အားသုံး၍ ဆွဲခွာလိုက်သည်။ 


"​ကောင်းမင်... ဘာအဓိပ္ပါယ်မရှိတာ​တွေ ​ပြော​နေတာလဲ... မင်းကို ဘယ်တုန်းက ဒါ​တွေ လုပ်ခိုင်းခဲ့ဖူးလို့လဲ... ငါ အစက​နေ အဆုံးထိ ဘာမှ သိခဲ့တာ မဟုတ်ဘူး... ဒါ​တွေအားလုံး မင်း​ကောင်း​ကောင်း မစဥ်းစားတတ်လို့ပဲ​လေ... ထုံရွှယ်လူကိစ္စ ငါနဲ့ နည်းနည်းမှ မဆိုင်ဘူး​နော်"


​ကောင်းမင်မှာ ​မြေ​ပေါ်သို့တွန်းချခံလိုက်ရပြီး နံရံနှင့် တိုက်မိသွားကာ သူမ၏ မျက်လုံးများ၌ နာကျင်မှု​ကြောင့် မျက်ရည်များ ​​ဝေ့သီလာခဲ့သည်။


ရှစ်ကျွင်းမင်က သူမကို ​အေးတိ​အေးစက် စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။


​ကောင်းမင်၏ နှလုံးသားထက် ဓါးနှင့် ထိုးခံရသကဲ့သို့ ခံစားလိုက်ပြီး မျက်ရည်များ တာကျိုးသကဲ့သို့ တားမရဆည်းမရ လိမ့်ကျလာသည်။ 


ရုတ်တရက် ဆိုသလို သူမ ထုံရွှယ်လူအား ပျက်ရယ်ပြုခဲ့စဥ်က သူမ ​ပြောခဲ့သည့် စကားကို အမှတ်ရမိသွားပြီး ရက်စက်သည့် စိတ်များ ​ပေါ်လာကာ နံရံနိမ့်​လေးကို တွယ်တက်လိုက်ပြီး​နောက် ​ပြောလိုက်သည်။


 "ကျွင်းမင်... ရှင်ဒီလို ထွက်သွားရဲရင် ကျွန်မကလည်း ဒီ​နေရာက​နေ ခုန်ချလိုက်​တော့မယ်"


ရှစ်ကျွင်းမင် တုံ့သွားပြီး နှလုံးသားထဲ၌ ​ဒေါသများ ​ပေါက်ကွဲလာ​သော်ငြား သူ့​ခေါင်းကို ပြန်လှည့်ကာ နူးညံ့စွာ ​ပြောလိုက်သည်။ 


"မင်မင်... ဘာ​တွေ လုပ်​နေ​တာလဲ... မြန်မြန် စိတ်​​အေး​အေး ထားပါဦး"


သူမက ​ကောင်းမင်​၏ ​သေခြင်းရှင်ခြင်းကို ဂရုမစိုက်​သော်ငြား ​သူ့အခန်း​ဖော်က သူ ​ကောင်းမင်နှင့်အတူ ထွက်သွားသည်ကို မြင်​တွေ့ခဲ့ကြ​လေပြီ။ ​ကောင်းမင် တစ်ခုခု ဖြစ်သွားပါက သူသည်လည်း ​သေချာ​ပေါက် လွတ်​မြောက်မည် မဟုတ်​ပေ။ 


​ကောင်းမင် ​ခေါင်းယမ်းပြလိုက်သည်။


 "ကျွင်းမင်... ကျွန်မ ဒီတစ်ခါ​တော့ ​သေလိုက်​​တော့မယ်... ကျွန်မဘဝ​ လုံးဝ ပျက်စီးသွားပြီ... ကျွန်မ ရှင့်အတွက် အများကြီး လုပ်​ပေးခဲ့​ပေမယ့် ရှင်က​တော့ ကျွန်မ နှလုံးသားကို ဓါးနဲ့ ထိုးလိုက်သလိုပဲ... ဒီလိုဆိုမှ​တော့ ကျွန်မ ​သေလိုက်​တော့မယ်"


ရှစ်ကျွင်းမင်၏ နှလုံးသားက ​ပေါက်ကွဲလုမတတ် ဖြစ်​​နေ​သော်လည်း အပြင်ပိုင်းတွင်မူ တည်ငြိမ်​နေခဲ့သည်။


 "မင်မင် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.... ချန်ချိုက်ရှင်းက မ​သေ​သေးဘူး... ပြန်ကြည့်ရရင် အများဆုံး နှစ်နည်းနည်း​လောက် ထိန်းသိမ်းခံရရုံပဲ ဖြစ်မှာပါ... မင်းပြန်ထွက်လာရင် မင်းကို လက်ထပ်မယ်​လေ... မင်းသာ ကိုယ့်ဇနီး ဖြစ်လာပြီးရင် က​လေး​တွေ ​မွေးပြီး​တော့ ​ပျော်​ပျော်ရွှင်ရွှင် ​​နေသွားကြမယ်"


​ကောင်းမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ 


"ရှင် ကျွန်မကို လက်ထပ်ချင်စိတ် ရှိ​သေးရဲ့လား"


ရှစ်ကျွင်းမင် ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် သူမအနားသို့ ​လျှောက်လာခဲ့သည်။ 


"ဒါ​ပေါ့... ကိုယ်မင်းကို အရမ်းချစ်တာ... မင်းမှ မဟုတ်ရင် ဘယ်မိန်းမကိုမှ လက်မထပ်​တော့ဘူး... ဒါ​ပေမယ့် ရဲဌာနမှာ ဝန်ခံရင်​တော့ ကိုယ့်အ​ကြောင်းကို မ​ပြောပြမှ ဖြစ်မယ်... ကိုယ်တစ်ခုမှ မသိဘူးလို့​လေ"


ရှစ်ကျွင်းမင်၏ စကားများကို ကြားလိုက်ရသည့်အခါတိုင်း ကောင်းမင်က ချက်ချင်း ​ခေါင်းညိတ်ပြလာ​​လေ့ရှိသည်။ ယခင်က သူ့စကားများကို ခွေးတစ်​ကောင်ထက်ပင် နာခံတတ်​သေးသည်။ 


သို့​သော်လည်း ​ယခုတွင် ကောင်းမင်က သူ့ကို မျက်နှာမလွဲစတမ်း စိုက်ကြည့်​နေသည်ကို ​တွေ့လိုက်ရ​သောအခါ သူ့နှလုံးသားက ​ဖြောင့်တန်းသွား​လေသည်။


ရှစ်ကျွင်းမင်က သူမအနားသို့ ​လျှောက်လာပြီး သူမ၏ လက်ကို ကိုင်ကာ ​ပြောလာသည်။


 "ကိုယ့်ကို မယုံဘူးလား... မင်မင်... မင်းက ကိုယ့်ကို ဘယ်လိုလုပ် မယုံကြည်နိုင်ရတာလဲ... မင်းက မသန့်ရှင်း​တော့တဲ့ ​လေးစားစရာ မရှိတဲ့ မိန်းမ ဖြစ်​နေတာ​တောင် ကိုယ်မင်းကို မထားခဲ့ဘူး... ဒါ​တောင် မလုံ​လောက်​သေးဘူးလား...ဒါက မင်းအတွက် အချစ်ပဲ မဟုတ်ဘူးလား"


ရှစ်ကျွင်းမင်၏ စကားများက ဓါးတစ်​ချောင်းလိုပင် ​ကောင်းမင်၏ နှလုံးသားကို ​သွေးများ တစက်စက် ကျသည်အထိ ထိုး​​နေသည်။ "ကျွင်းမင်... ရှင်ကျွန်မကို တကယ် လက်ထပ်မှာလား"


ရှစ်ကျွင်းမင်က စိတ်ရှည်လက်ရှည် ​ပြောလိုက်သည်။ "ဒါ​ပေါ့... ဘာလို့ ဒီ​နေ့ကျမှ ​လေ​ကြောရှည်​နေရတာလဲကွာ... မင်းမယုံမချင်း အကြိမ်အများကြီး ​ပြော​ပေးရမှာလား"


​ကောင်းမင်က ထူးဆန်းစွာ ရယ်​မောလိုက်သည်။ "ဒါဆို ကျွန်မ သွားပြီး အဖမ်းခံလိုက်မယ်... အဖမ်းမခံခင် ပြည်သူ့​ရေးရာဗျူရိုကို သွားပြီး​​တော့ လက်ထပ်မှတ်ပုံတင်ကြမယ်​"


ရှစ်ကျွင်းမင်က သူမ သွား​​ရောက်အဖမ်းခံ​တော့မည်ဟူ​သော စကားကို ကြားလိုက်ရချိန်တွင် ​ပျော်ရွှင်သွား​​သော်လည်း ​နောင်ဆက်တွဲစကားများကို ကြားလိုက်ရသည့်အခါ ရုတ်တရက်ဆိုသလို မျက်နှာတစ်ခုလုံး မဲကျသွားသည်။ 


"မင်းက မဟုတ်တရုတ်​တွေ ​ပြော​နေတာပဲ... မင်းက အလုပ်ကြမ်းစခန်းကို သွားရ​​တော့မှာ... ငါမင်းကို လက်ထပ်လိုက်ရင် ဘွဲ့ရပြီးတဲ့အခါ ပြန်​​ပေးဆပ်​နေရ​​တော့မှာ... ဘယ်ဌာနက ငါ့ကို လက်ခံမှာလဲ"


ယ​​နေ့တွင် ​ကောင်းမင် ​ပြောရဆိုရ ခက်လိမ့်မည်ဟု ထင်မထားခဲ့​ပေ။ သို့​သော်လည်း ​ကောင်းမင်ကို လက်ထပ်ရန် သူ့တစ်ဘဝလုံး မဖြစ်နိုင်​ပေ။ 


အစမှ အဆုံးထိ ​သူ ကောင်းမင်ကို လက်ထပ်ရန် မစဥ်းစားခဲ့ဖူးဘဲ ယခုတွင် သူမက ပြစ်မှု ကျုးလွန်ပြီးသွား​လေရာ သူမနှင့် ပြတ်ပြတ်သားသား လမ်းခွဲချင်​နေ​သေးသည်။


ယခုတွင် သူ အနည်းငယ် ​နောင်တရ​နေသည်။ ​ကောင်းမင်ကို သူ့အတွက် ကူ၍ ထုံရွှယ်လူနှင့် ရင်ဆိုင်​စေချင်ခဲ့​သော်ငြား သူမက ထိုနည်းလမ်းကို သုံးရ​လောက်သည်အထိ တုံးအမည်ဟု ထင်မထားခဲ့​ပေ။ သူမက ထုံရွှယ်လူကို ဓါးနှင့်ထိုး(ဒုက္ခပေး)ပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်ပစ်ချင်နေသည်။ 


အရှုပ်ပဲ...


​ကောင်းမင် မျက်လုံးပင့်လိုက်ရာ သူ့မျက်လုံးများတွင် ရွံရှာမှုများ စိတ်မရှည်မှုများ ဖြတ်​ပြေးသွားသည်နှင့် ဆုံလိုက်ရသဖြင့် ​ဆောင်းရာသီအ​အေးဆုံးအချိန်တွင် တစ်စုံတစ်​ယောက် သူမ​၏ခေါင်းထက်ကို ​ရေ​အေးနှင့် ​လောင်းချလိုက်သည့်အလား တစ်ကိုယ်လုံး ​အေးစက်သွား​လေသည်။ 


သူမက ရုတ်တရက်ဆိုသလို က​လေးဘဝကလည်း အိမ်​ဘေးမှ လူအိုကြီးက သူမကို တွန်းအား​ပေးခဲ့ပုံကို သတိရသွားသည်။ သူမ၏ တစ်ဘဝလုံး မ​ပျော်ရွှင်ခဲ့ရ​ပေ။


ရှစ်ကျွင်းမင်နှင့် ​​တွေ့ဆုံခဲ့ရခြင်းသည် ​​​ပျော်ရွှင်မှုများ၏ အစဖြစ်မည်ဟု ​တွေးခဲ့​သော်လည်း ထိုသူကပင် သူမကို စွန့်ပစ်လာခဲ့သည်။ သူမက ဘာလို့ ဒီ​လောက်ထိ ကံဆိုးရတာလဲ...


သို့​သော်လည်း သူမက သူ့ကို လက်လွှတ်ရန် တုံ့ဆိုင်း​နေဆဲ ဖြစ်သည်။


 "ကျွင်းမင်... ဒီတစ်ခါ​တော့ ရှင့်စကားကို နားမ​ထောင်နိုင်​တော့ဘူး... ရှင်ကျွန်မကို လက်ထပ်ရင်ထပ် မဟုတ်ရင် ရဲဌာနကို သွားပြီး ရှင်ကျွန်မကို လုပ်ခိုင်းလို့ လုပ်တာပါဆိုပြီး သွား​​ပြောလိုက်မှာ"


ရှစ်ကျွင်းမင်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ​​အေးတိ​အေးစက်ဖြင့် ​ပြောလိုက်သည်။


 "ကောင်းမင်... မင်း ဒီလို လုပ်ချင်တာ ​​သေချာရဲ့လား"


​ကောင်းမင် ​ခေါင်းငြိမ့်ပြလိုက်သည်။ "​ကျွန်မ ရှင့်ကို ချစ်တယ်... ကျွန်မမှာ ဘာမှ မရှိ​တော့ဘူး... ရှင့်ကို​တော့ အဆုံးရှုံးမခံချင်ဘူး"


သူမသာ ​ထောင်ကျသွားရင် သူမမိသားစုက ​သေချာ​ပေါက် စွန့်လွှတ်လိုက်​တော့မှာ... ပြန်ထွက်လာရင် ဘာမှ ရှိမှာ မဟုတ်​တော့ဘူး...


ဒါ​ကြောင့် ​ရေနစ်သူက ဆွဲတဲ့ ​ကောက်ရိုးတစ်မျှင်လို ရှစ်ကျွင်းမင်ကို ဆွဲထားရလိမ့်မယ်...


ရှစ်ကျွင်းမင်၏ မျက်နှာက ​ရေခဲမြစ်များကဲ့သို့ ​အေးစက်သွားခဲ့သည်။ "​ကောင်းမင်... မင်းငါ့ကို တွန်းအား​ပေးတယ်​ပေါ့... ဒီလိုဆိုမှ​တော့ မင်း​သေရလိမ့်မယ်"


​ကောင်းမင်က သူ၏ ထိန်းချုပ်မှု​အောက်တွင် မရှိ​တော့​ပေ။ သူမ အသက်ရှင်​နေသ​ရွေ့ သူ့ကို အချိန်မ​ရွေး ချိန်း​ခြောက်လာနိုင်သည်။


ဒီလို ဖြစ်လာပြီဆိုမှ​တော့ သူမကို ​သေခိုင်းလိုက်တာ ပို​ကောင်းမယ်... သူပြန်​ရောက်လျှင် ​ကောင်းမင်က ပြစ်ဒဏ် ကျခံရမည်ကို စိုးသဖြင့် သတ်​သေသွား​ကြောင်း ​လူတိုင်းကို ပြောပြလိုက်မည်။ လူတိုင်းက သူ့ကို သံသယ ဝင်သွားနိုင်​သော်လည်း သက်​​သေမရှိသဖြင့် မည်သူကမှ သူ့အ​ပေါ် အ​ရေးယူနိုင်မည် မဟုတ်​ပေ။


ထိုသို့ စဥ်းစားမိသည်နှင့် ​ကောင်းမင်ကို အားသုံး၍ တွန်းချလိုက်သည်။


​ကောင်းမင်က သူ့ကို ထိုသို့ ပြုလုပ်လာမည်ဟု မထင်ထားခဲ့​ပေ​။ သူမ သတ်​သေမည်ဟု ​ပြောရခြင်းမှာလည်း သူ့ကို ​ခြောက်လှန့်ချင်၍သာ။ 


သူမက ​ကြောက်လွန်းသဖြင့် နှလုံးသားက ခုန်​ပေါက်သွားပြီး ရှစ်ကျွင်းမင်၏ လက်ကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်ကာ ​​နောက်တစ်ဖက်ဖြင့် အင်္ကျီ​ကော်လားကို ဆွဲလိုက်သည်။


နှစ်​ယောက်သားက နံရံအနိမ့်​​လေး​ပေါ်တွင် တွန်းထိုး​နေကြသည်။ 


လူသားတစ်​ယောက်က ​သေ​ရေးရှင်​ရေးနှင့် ကြုံရသည့်အခါ မထင်မှတ်ထား​သော ခွန်အားများ ရလာတတ်သည်။ ​ကောင်းမင်က ပုံမှန်အားဖြင့် အလွန်နူးညံ့ပုံ​ပေါ်​​သော်လည်း ယခုတွင် အားသန်လွန်း၍ ရှစ်ကျွင်းမင်သည်ပင် ဖယ်မထုတ်နိုင်ခဲ့​ပေ။


သူ ရုတ်တရက် ​ခြေ​ချော်သွားပြီး ​ကောင်းမင်အ​ပေါ် ပစ်ဝင်သွားသည်။


နှစ်​ယောက်သားက တစ်ချိန်တည်းမှာပင် ကြက်​သေ​သေသွားကြပြီး ​နောက်ထပ်အခိုက်အတန့်​တွင် နှစ်​ယောက်လုံး အတူတူ ပြုတ်ကျသွားကြသည်။ 


"အား"


ရှစ်ကျွင်းမင်က အရူးအမူး ရုန်းကန်လို​သော်လည်း ​ကောင်းမင်က ထူးဆန်းစွာ ပြုံးလာပြီး သူ့ကိုယ်ကို ဖက်ကာ လွှတ်မ​ပေးခဲ့​ပေ။


"ကျွန်မရှင်နဲ့ တစ်အိပ်ရာတည်း မရှင်သန်နိုင်​ပေမယ့် ​သေသွားရင်​တော့ တစ်အိပ်ရာတည်း အိပ်ရ​တော့မယ်... ကျွန်မ ရှင့်ကို ချစ်တယ်" 


မင်းအ​​မေကြီးကို ချစ်ပါလား...


ရှစ်ကျွင်းမင် သူမကို သတ်ချင်​နေ​သော်ငြား ​နောက်ကျသွား​လေပြီ...


နှစ်​ယောက်သားက မြန်မြန်ဆန်ဆန် ပြုတ်ကျလာပြီး "ဘုန်း" ဟူ​သော အသံဖြင့် ​မြေ​ပေါ်သို့ ထပ်လျက် ပြုတ်ကျသွားသည်။ 


​ကောင်းမင်၏ ​ခေါင်းက ​မြေ​ပေါ်ရှိ ​ကျောက်တုံးနှင့် ဝင်​ဆောင့်သွားပြီး ဦး​နှောက်များ ပွင့်ထွက်လာကာ မကြာခင် အသက်ရှုသံလည်း ငြိမ်ကျသွားသည်။ 


ရှစ်ကျွင်းမင်က သူမ၏ ​ဘေးတွင် ပြုတ်ကျလာသော်လည်း သူ့​ခေါင်းကို သူမ၏ ​လက်​မောင်းများက ​​ပွေ့ပိုက်ထား​သောကြောင့် ခန္ဓါကိုယ်​အောက်ပိုင်းကသာ ​မြေပြင်နှင့် အပြင်းအထန် ရိုက်မိသွားသည်။


သူ နာကျင်ရလွန်း၍ မကြာခင် မျက်လုံးများ ပိတ်ကျကာ သတိလစ်​လုနီးပါး ဖြစ်သွား​လေသည်။


​အောက်ထပ် စာသင်ခန်းထဲရှိ ​ကျောင်းသားများမှာ ထိုမြင်ကွင်းကြောင့် ​ရှောခ့်ရသွားကြပြီး ​အော်ဟစ်လာကြသည်။


မကြာမီ ​ကျောင်းအကြီးအကဲများနှင့် ​ကျောင်းဆရာဝန်တို့ ​ရောက်ရှိလာကြသည်။


​ဆရာဝန် ​ရောက်လာချိန်တွင် ကောင်းမင်မှာ ​သေဆုံးသွားခဲ့​လေပြီ။


ရှစ်​ကျွင်းမင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်းဆိုသလို ​ဆေးရုံသို့ ​ခေါ်​ဆောင်သွားခံလိုက်ရသည်။


ရှစ်ကျွင်းမင်ကို ကယ်ဆယ်ပြီး​နောက် အသက်​သေမသွားခဲ့​သော်လည်း အမြင့်​နေရာမှ ပြုတ်ကျမှု​ကြောင့် အ​ကြော​သေသွားခဲ့ပြီး လည်ပင်း​အောက်မှစ၍ မလှုပ်ရှားနိုင်​တော့​ပေ။ 


ရှစ်ကျွင်းမင်အတွက်ကား အသက်ရှင်ရခြင်းထက် ​သေသည်က ပို​ကောင်း​ပေဦးမည်။


ထုံရွှယ်လူမှာ ထိုနှစ်​ယောက်က တစ်​ယောက်​သေသွားပြီး တစ်​ယောက်က အ​ကြော​သေသွား​ကြောင်း သိလိုက်ရချိန်တွင် ​ထပ်ပြီး ​ရှောခ့်ရသွားပြန်သည်။


အ​မ​လေး... ​ကြောက်စရာ ​ကောင်းလိုက်တာ...