အပိုင်း၂၉၄
Viewers 67k

🍵Chapter 294




ဒုတိယအဘိုးရှစ်သည်လည်း ​မြေးဖြစ်သူ အ​ကြော​သေသွားသည့်အ​ကြောင်း ကြားလိုက်ရကတည်းက တစ်ခါ ​မေ့လဲသွားခဲ့ရသည် ဖြစ်ရာ ​ယခုတွင် ​​မြေးဖြစ်သူ ​သေဒဏ် ကျခံ​တော့မည့်အ​ကြောင်း သိလိုက်ရ​သောအခါ ​မြေ​ပေါ်သို့ လဲကျသွားပြီး ပြန်မနိုးထလာနိုင်​တော့​ပေ။


ဒုတိယအဘိုးရှစ် ​သေဆုံးသွား​သောအခါ ဒုတိယမရီးရှစ်မှာ ဝမ်းမနည်းရုံသာမက နှလုံးသားထဲတွင်လည်း လွန်စွာ ​ပျော်ရွှင်​နေခဲ့​လေသည်။


သူမက ဒုတိယအဘိုးရှစ်၏ စျာပနပွဲကို စီစဥ်​ပေးရန် မ​နေလို​တော့သဖြင့် အထုပ်များ ထုပ်ပိုးသိမ်းဆည်းကာ ​ပေကျင်းသို့ ထွက်လာခဲ့သည်။ 


ရထားထဲမှ ထွက်လာသည်နှင့် ​ခေါင်းများဖြူ​ဖွေး​နေ​သော ​ယောကျ်ားဖြစ်သူနှင့် ချန်ရှို့ယွင်တို့ မျက်ရည်များ သုတ်ကာ ဝမ်းနည်းညှိုးငယ်​နေ​သော အသွင်ဖြင့် ​ဘေးတွင် ရပ်​နေကြသည်ကို ​တွေ့လိုက်ရသည်။


သူမ နှလုံးသားထဲမှ "အ​ပေါစား တိရစ္ဆာန်မ" ဟု ကျိန်ဆဲလိုက်ပြီး​နောက် ချန်ရှို့ယွင်၏ ဆံပင်ကို သွားဆွဲလိုက်သည်။


ချန်ရှို့ယွင် မလာခင်က သူမ ရူးသွပ်သွားပြီး လာတိုက်ခိုက်မည်ကို သတိထား​နေရသည်။ သို့​သော်လည်း အပြင်ဘက်တွင် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ​နေဦးမည်ဟု ​တွေးထားခဲ့​သော်ငြား ရထားဘူတာကဲ့သို့ ​နေရာမျိုးမှာပင် လာ​ရောက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့​ပေ။ 


"အား... ဒုတိယ​ယောင်းမ ကျွန်မကို လွှတ်​ပေးပါ"


ဒုတိယမရီးရှစ်က နီရဲ​နေ​​သော မျက်လုံးများဖြင့် ချန်ရှို့ယွင်းကို ​မြေ​ပေါ်သို့ တွန်းလှဲကာ ဗိုက်​ပေါ်သို့ ခွထိုင်လိုက်ပြီး "ဖြန်း ဖြန်း" ဟူ​​​သောအသံဖြင့် ပါးရိုက်ချက် အတွဲလိုက်ကို ချ​ပေးလိုက်သည်။


"​ခွေးမ... နင်ကမှ ငရဲကို သွားသင့်တဲ့သူ... နင့်​ကြောင့်သာ မဟုတ်ရင် ငါ့သားက ​သေဒဏ်​ပေးခံရမှာ မဟုတ်ဘူး... ငါနင့်ကို သတ်မယ်... ငါနင့်ကို သတ်မယ်"


ဒုတိယမရီးရှစ်၏ မျက်လုံးများ နီရဲလာပြီး မျက်နှာနှင့် လည်ပင်းများကို ကုတ်ခြစ်ကာ ဆံပင်များ ​ဆောင့်ဆွဲကာဖြင့် မိန်းမတစ်​ယောက် ရန်ဖြစ်ရာတွင် အသုံးပြုနိုင်သည့် ကျွမ်းကျင်မှုမျိုးစုံကို အသုံးချ​နေသည်။


ချန်ရှို့ယွင်က ခုခံလိုပါ​သော်လည်း သူမက ဒုတိယ​ယောင်းမ၏ ပြိုင်ဘက် မဟုတ်ခဲ့​ပေ။ သူမ၏ ပါးများမှာ ရုတ်တရက် ​ဖောင်းကားလာပြီး မျက်နှာနှင့်လည်ပင်များတွင် အနီစင်း​ကြောင်းများ စွဲထင်​နေကာ ဆံပင်များလည်း ရှုပ်ပွ​နေပြီး မျက်ရည်ကျရုံသာ တတ်နိုင်​လေ​တော့သည်။


"ဒုတိယအစ်ကို... ကျွန်မကို မြန်မြန် လာကယ်​ပေးပါဦး... ဒုတိယ​ယောင်းမကို ခွာထုတ်​ပေးပါ"


ဒုတိယအစ်ကိုရှစ်မှာ မိန်းမဖြစ်သူအား ထိုမျှ​လောက်ထိ ရမ်းကားလိမ့်မည်ဟု မ​မျှော်လင့်ထားသဖြင့် လူကို ဖမ်းဆွဲထားရင်း ဆူပူလိုက်သည်။


 "မင်း ရူးသွားပြီလား... အရှက်မရှိ​တော့တာလား"


ဒုတိယမရီးရှစ်က လှည့်ကြည့်ကာ သူ့ပါးကို ရိုက်ချလိုက်သည်။ "ရှင့်အ​ဖေနဲ့ ရှင့်သားက ဒီ​ခွေးမ​ကြောင့် ​သေသွားရတာ​တောင် ကာကွယ်​ပေး​နေတုန်း​နော်... သူရှင့်ကို ဘာ​ဆေး​တွေ ​ကျွေးထားလဲ သိချင်​သေးတယ်... ဒါမှမဟုတ် ရှင်တို့နှစ်​ယောက်က ​ဖောက်ပြန်​နေကြတာလား"


ဒုတိယအစ်ကိုရှစ်က ပါးရိုက်ခံလိုက်ရသဖြင့် ​ဒေါသထွက်လာသည်။ "မြန်မြန်ထစမ်း... အိမ်ပြန်​ရောက်မှ ငါမင်းကို ဘယ်လိုဆုံးမ​ပေးမလဲ ကြည့်ထား"


ဒုတိယမရီးရှစ်က မျက်နှာထက်တွင် ရိုက်ချခံလိုက်ရပြီး သူ့ကို ​အေးတိ​အေးစက် ကြည့်လိုက်သည်။


 "ကြည့်ရတာ ရှစ်ရှိုးနန်က လွန်ခဲ့တဲ့ သုံးနာရီကပဲ ရှင့်အ​ဖေ ဦး​နှောက်​သွေး​ကြောပြတ်ပြီး ​သေသွားတဲ့အ​ကြောင်းကို မ​ပြောပြရ​သေးဘူးထင်တယ်... အခု အ​လောင်းပဲ အိမ်မှာ လဲ​နေရတယ်... ဒီ​စျေး​ပေါတဲ့ တိရစ္ဆာန်မကို ​သေချာဂရုစိုက်ထားလိုက်... ကျွန်မသား ​သေဒဏ်ကျပြီးသွားရင် ကျွန်မတို့ ကွာရှင်းကြမယ်"


​ပြောပြီး​နောက် ဒုတိယမရီးရှစ်က ထရပ်ကာ သူတို့နှစ်​ယောက်အ​ပေါ် တံ​တွေး​ထွေးလိုက်ပြီး ထွက်သွား​လေသည်။


သူ့အ​ဖေ ​သေသွားပြီလား...


ဒုတိယအစ်ကိုရှစ်တစ်​ယောက် ထိုစကားကို ကြား​သောအခါ ရင်ကွဲသွားရသည်။


 "မိန်းမ... ခဏ​လေး... ပြန်လာပြီး ငါ့ကို ရှင်းရှင်းလင်းလင်း ​ပြောသွားဦး​လေ"


ဒုတိယမရီးရှစ်မှာ ပြန်လှည့်ကြည့်လာခြင်း မရှိဘဲ ​​ကျောကို ​မတ်မတ်ထားကာ ရထားဘူတာထဲမှ တည့်တည့်မတ်မတ် ထွက်သွားသည်။


ချန်ရှို့ယွင်က အရိုက်ခံထားရသဖြင့် ​ခြေလက်များ နာကျင်​နေခဲ့သည်။ ​ဘေးပတ်လည်မှ လူများ၏ အကြည့်များကို ခံစားလိုက်ရ​သောအခါ တွင်းကြီးကြီးတူးကာ ပုန်း​အောင်းချင်မိသွားသည်။


တစ်ချိန်တည်းမှာပင် နှလုံးသားထဲ၌ နိမိတ် မ​ကောင်း​သော ကြိုတင်သိမြင်မှု ခပ်ကြီးကြီး တစ်ခုကို ခံစားလိုက်ရသည်။ ဒုတိယဦး​လေးလည်း ​သေပြီ... ဒုတိယ​ယောင်းမကလည်း ကွာရှင်း​တော့မယ်...


ဒီတစ်ကြိမ်​တော့ သူမအတွက် ​ဝင်​ပြောစရာတစ်ခု​တောင် မရှိမှာ စိုးမိပါရဲ့... ရှစ်မိသားစု​တော့ ပြိုကွဲ​တော့မှာပဲ...


🍵


ထုံရွှယ်လူမှာ ရှစ်ကျွင်းမင် တစ်​​ယောက် ​သေဒဏ်​ပေးခံရ​တော့မည်ဟု သိလိုက်ရသည့်အခါမှသာ ထိုကိစ္စအ​ပေါ် အလုံးစုံ စိတ်​​​အေးသွားသည်။


ရှစ်နှင့် ချန်မိသားစုအကြား ပူး​ပေါင်းမှုများ ပျက်စီးသွားပြီ ဖြစ်၍ လက်ရှိတွင် ထိုမိန်းမ ချန်ရှို့ယွင်သာ ကျန်ရှိ​ပေ​တော့မည်။


ချန်ရှို့ယွင်ကို လက်စသတ် ရှင်းလင်းရန်အတွက်မူ ပြုပြင်​ပြောင်းလဲ​ရေးများ လုပ်​ဆောင်ပြီး​နောက် ထိုမိသားစု ​ပေကျင်းသို့ ပြန်လာမည့်အချိန်အထိ ​စောင့်ရ​ပေမည်။


၎င်းက သူမ၏ ယခင်ဘဝနှင့် ကွဲပြားသွားခဲ့ရုံသာ။ သူမ၏ ယခင်ဘဝတွင် ချန်ရှို့ယွင်၏ ​နောက်ကွယ်၌ ​ထောက်ပံ့​ပေးမည့် မိသားစု နှစ်စု ရှိ​နေ​ခဲ့သဖြင့် ဝမ်ရူ​ကွေ့အား ​ချောက်ကမ်းပါးအစွန်းသို့ တွန်းချနိုင်ခဲ့ခြင်း ဖြစ်​သော်လည်း ယခုတွင် ကွဲပြားသွား​လေပြီ။


ရှစ်နှင့် ချန်မိသားစုက ရန်သူများ ဖြစ်သွားကြပြီး ရှစ်ကျွင်းမင်၏ ​သေဆုံးမှုကာ သူမကို ရှစ်မိသားစုဝင်များအကြား ဆူးတစ်​ချောင်း ဖြစ်လာ​ပေလိမ့်မည်။ 


🍵


ရှစ်ကျွင်းမင် ​သေဒဏ် ​ပေးခံရပြီး​နောက်တွင် ဌာနမှ ​ကျောင်းသားများ စုစည်းကာ ​ဆေးရုံတက်​နေရသည့် ချန်ချိုက်ရှင်းထံ သွားလည်ခဲ့ကြသည်။


ချန်ချိုက်ရှင်းက သတိပြန်ရလာပြီး အသက်​ဘေးမှ လွတ်​​မြောက်ခဲ့​သော်ငြား ​နောက်ဆက်တွဲ လက္ခဏာများ ရှိ​နေဆဲပင်။ 


သူမက အချိန်နှင့်အမျှ ​အော့အန်​နေပြီး ​နေ့တိုင်းလိုလို ​ခေါင်းကိုက်​နေကာ မှတ်ဥာဏ်များလည်း ယိုယွင်းလာသည်။ တိုတို​ပြောရလျှင် သနားစရာ​ကောင်းလှ​ပေသည်။


ချန်ချိုက်ရှင်းက သူမအစား မီးဆိုင်းနှင့် ရိုက်မိခံရသဖြင့် ထုံရွှယ်လူသည်လည်း သဘာဝကျကျပင် မသိချင်​ယောင်မ​ဆောင်နိုင်​ပေ။ 


သူမက မသိချင်​​ယောင်မ​ဆောင်နိုင်ရုံသာမက အပြစ်ရှိစိတ်နှင့် ​ကျေးဇူးတင်မှုများကို ​​ဖော်ပြရ​ပေမည်။ မဟုတ်လျှင် အချို့သူများက သူမကို ​သေချာ​ပေါက် ပြန်လည် စွပ်စွဲအပြစ်တင်ကြ​ပေ​လိမ့်မည်။


လူတိုင်း၏ ပါးစပ်ကို ပိတ်သွား​စေရန်အတွက် သူမက အဘိုးဝမ်နှင့် သူမ၏ အဘိုးတို့ကို အကူအညီ​တောင်းကာ ​မု​ယောနို့ထွက် ပစ္စည်းများ၊ ​သွေးလည်ပတ်မှု​ကောင်း​စေသည့် အူး​ကျောင်း(မြည်းအ​ရေပြားဂျယ်လီ)၊ ဂျင်ဆင်း စသည်ဖြင့် စျေးကြီးလှသည့် ဖြည့်စွက်စာ အ​မြောက်အများ ဝယ်ယူ​စေခဲ့သည်။ 


ထုံရွှယ်လူ လှုပ်ရှားမှုအကြီးကြီး လုပ်​ဆောင်လိုက်သည်ကို ​တွေ့​သောအခါ လူတိုင်းက ပါးစပ်မ​စေ့နိုင်​အောင်အထိ ​ရှော့ခ်ရသွားကြသည်။ 


"ရွှယ်လူ... နင်ကတကယ့် လူချမ်းသာပဲ... ဟုတ်တယ်မလား"


"ဟုတ်ပါ့... အူး​ကျောင်းနဲ့ ဂျင်ဆင်း​တွေတဲ့... ပစ္စည်း​တွေလည်း အများကြီးပဲ... ဒါ​တွေက တစ်​ထောင်​လောက် မကျရင်​တောင် ရာချီ​နေမှာပဲ"


"ပြီး​တော့ နင်ပိုင်တာ​တွေ ဖြစ်​နေတာ... ငါသာဆို အူး​ကျောင်းနဲ့ ဂျင်ဆင်းထားလို့ မု​ယောနို့​တွေ​တောင် မ​ပေးနိုင်ဘူး"


ထုံရွှယ်လူက နီရဲ​နေ​သော မျက်လုံးများဖြင့် ဆိုလိုက်သည်။ "မီးဆိုင်းကြိုးကို ဖြတ်တဲ့သူက ​ကောင်းမင်ဆို​ပေမယ့် အတန်း​ဖော်ချန်က ငါ့ကိုယ်စား ထိခိုက်သွားရရှာတာ... အခု သူ​က ​ဆေးရုံ​ပေါ်မှာ လဲ​နေရတာ... စဥ်းစားလိုက်တိုင်း စိတ်မ​​ကောင်းဖြစ်ရတယ်"


"ငါ့အတွက်​​ကြောင့်သာ မဟုတ်ရင် သူက ဒီလိုဖြစ်​နေရမှာ မဟုတ်ဘူး... ငါသာ ကြိုသိခဲ့ရင်​လေ အဲ့ဒီ​နေ့က ​ခြေဆစ်လွဲသွားရင်​တောင် ဆက်ပြီး အစမ်း​လေ့ကျင့်ပါတယ်"


လူအုပ်ကြီးက မျက်ရည်ဖြိုင်ဖြိုင် ကျကာ ငို​ကြွေး​နေသည့် ထုံရွှယ်လူကို ကြည့်ကာ ခပ်မြန်မြန် နှစ်သိမ့်​ပေးလာကြသည်။


"ရွှယ်လူ မငိုပါနဲ့... ဒါက ဘယ်လိုလုပ်ပြီး နင့်အမှား ဖြစ်ရမှာလဲ... အားလုံး ​ကောင်းမင် လုပ်ခဲ့တာပဲကို"


"ဟုတ်တယ်... ပြီး​တော့ အတန်း​ဖော်ချန်ကပဲ အရင်ဆုံး နင့်ကို ​ခြေထိုးမိသွားတာ​လေ... သူ့ကို ကံဆိုးတယ်လို့ပဲ ​​ပြောရမှာ​ပေါ့"


"မဟုတ်ပါဘူး... အစကတည်းက နင့်အပြစ်မှ မဟုတ်တာ... ဒီပစ္စည်း​တွေ ဝယ်မလာရင်​တောင် နင့်ကို ဘယ်သူကမှ ဘာမှ ​ပြောမှာ မဟုတ်ပါဘူး... မငိုနဲ့​နော်"


ထုံရွှယ်လူ မျက်ရည် သုတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် အတန်း​ဖော်ချန်က ငါ့​ကြောင့် ထိခိုက်သွားရတာ... ဒီပစ္စည်း​တွေက သူ့ကို မြန်မြန် သက်သာလာ​စေဖို့ ကူညီ​ပေးနိုင်မယ်လို့ ​မျှော်လင့်ရတာပဲ... ​ဆေးရုံသွားကြရ​အောင်"


သူမက ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများ ပါလျှင်ပင် သူတို့​ပြော​သော စကားများကို မယုံကြည်ပါ​ပေ။


သူမသာ မည်သည့်အရာကိုမှ အမှန်တကယ် လုပ်မ​ပေးခဲ့ပါက ​နောက်ကွယ်တွင် အသိစိတ်မရှိဟု စွပ်စွဲ ပြစ်တင်ကြမည် ဖြစ်ပြီး ထို့ထက်စာလျှင် သူမက ကပ်​ဘေးကို ဖယ်ရှားရန် ​ငွေသုံးလိုက်မည် ဖြစ်သည်။ 


ထပ်ပြီး ရှိ​​သေးသည်မှာ ချန်ချိုက်ရှင်း ကိုယ်တိုင်က သူမအ​ပေါ် ကျ​ရောက်လာမည့် ကပ်​ဘေးအား ကိုယ်စားခံယူလိုက်သည်မဟုတ်ပါလား... သူမသာ မ​ကောင်း​သော စိတ်ဖြင့် အစပြုလိုက်ပြီး ​ခြေထိုးခံလိုက်ခြင်းသာ မရှိခဲ့ပါက ​ဆေးရုံကုတင်ထက်၌ လဲ​နေရမည့်သူမှာ သူမဖြစ်သွားရ​ပေမည်။


​ဆေးရုံသို့ ​ရောက်လာခဲ့ကြသည်။


ချန်ချိုက်ရှင်း၏ ပုံစံကို ​တွေ့လိုက်ရ​​သောအခါ လူတိုင်း ပင့်သက်​မောသွားရသည်။


မ​တော်တဆမှု မတိုင်ခင်က ချန်ရှိုက်ရှင်း၏ မျက်နှာမှာ ​သွေး​ရောင်လွှမ်း​နေပြီး ငယ်ရွယ်နုပျိုမှု၏ အ​ငွေ့အသက်တို့ ထင်ဟပ်​နေခဲ့သည်။


သို့​​သော်လည်း ယခုတွင်မူ ချန်ချိုက်ရှင်းက ​ဆေးရုံကုတင်ထက်တွင် အား​နည်း​ဖျော့​တော့စွာ လဲ​လျောင်း​နေပြီး ကိုယ်အ​လေးချိန်လည်း အ​တော်​​လေး ကျသွားသည်။ အဓိကအချက်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာအ​ခြေအ​နေ အလွန်ဆိုးရွား​နေခြင်းပင်။ ကြည့်ရသည်မှာ ခရမ်းသီးပုပ်တစ်လုံးကဲ့သို့ ရှုံ့တွ​နေ​ပေသည်။ 


ချန်ချိုက်ရှင်း၏ မိသားစုမှာ အတန်း​ဖော်များ လာ​ရောက်လည်ပတ်သည်ကို ​တွေ့လိုက်ရ​သောအခါ ထိရှသွားကြသည်။ "လူချည်းပဲ လာရင် ရပါပြီကွယ်... ​နောက်ဆိုရင် ဘာမှ ယူမလာပါနဲ့"


ထိုအခိုက်တွင် ဒါရိုက်တာချန်သည်လည်း ​ဆေးရုံခန်းထဲတွင် ရှိ​နေသဖြင့် ​ခေါင်းငြိမ့်ကာ ​ပြောလိုက်သည်။ "ဟုတ်တယ်... မင်းတို့အားလုံး ​ကျောင်းသား​တွေပဲရှိ​သေးတယ်... လစဥ်​ထောက်ပံ့​​ငွေကလည်း သိပ်များမှာ မဟုတ်ဘူး... ​နောက်ဆို ဘာမှ ယူမလာနဲ့​​တော့​နော်"


ကျန်းပိုင်​​ဟွေ့​ ပြောလိုက်သည်။ "ကျွန်မတို့က လူချည်းပဲ လာတာပါ... တန်ဖိုးရှိတဲ့ ပစ္စည်း​တွေကို ရွှယ်လူ ယူလာ​ပေးတာပါ"


ဒါရိုက်တာချန်က သူတို့ယူလာ​​သော ပစ္စည်းများကို အလျင်စလို ဖွင့်ကြည့်လိုက်​​သောအခါ အူး​ကျောင်းနှင့် ဂျင်ဆင်းများကို ​တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။


"ဘာလို့ ဒါ​တွေ ယူလာရတာလဲ... ငါတို့ ဒီ​လောက် တန်ဖိုးကြီးတဲ့ ပစ္စည်း​တွေကို လက်မခံနိုင်ဘူး... မြန်မြန် ပြန်ယူသွားလိုက်​နော်"


ဒါရိုက်တာချန်က ထုံရွှယ်လူအား မ​ဖော်ပြနိုင်သည့် ရှက်ရွံ့မှုတို့ဖြင့် ကြည့်လိုက်သည်။


 "​ကျောင်းသူထုံ... မင်းရဲ့ ပစ္စည်း​တွေကို ပြန်ယူသွားပါ... ငါတို့ဆီမှာလည်း ဒါ​တွေ ရှိပါတယ်"


ဤတစ်ကြိမ် သူမ၏ တူမ ထိခိုက်ရခြင်းမှာလည်း မိမိပြု​သော အမှု​ကြောင့် မိမိပင် ပြန်ထိခဲ့ရခြင်းဖြစ်သည်။ သူမက မည်သူ့ကိုမှ အပြစ်မတင်နိုင်ပါ​ပေ။ 


မ​တော်တဆမှု ပြီး​နောက် သူမ၏ မိသားစုကို ထိုဖြစ်ရပ်အ​ကြောင်း ​ပြောပြလိုက်သည်။ သူမ၏ ​ယောင်းမဖြစ်သူ နိုင်ငံခြားမှ ပြန်လာ​သောအခါ သမီးဖြစ်သူအတွက် စိတ်မ​​ကောင်း ဖြစ်ခဲ့ရပြီး က​​လေးကို ​ကောင်း​ကောင်း မသင်ပြနိုင်ခဲ့သည့်အတွက်လည်း သက်ပြင်းချလိုက်မိသည်။


အခြားစကားဖြင့် ဆိုရ​သော် သူတို့၏ မိသားစုဘက်မှ ထိုအ​ကြောင်း​ကြောင့် ထုံရွှယ်လူအား စိတ်မဆိုးနိုင်ခြင်း ဖြစ်သည်။ အပြစ်တင်ရမည့်သူမှာ ပြစ်မှုကျူးလွန်ခဲ့သည့် ​ကောင်းမင်ကိုသာ ဖြစ်သည်။ 


"ကျွန်မ​ကြောင့် အတန်း​ဖော်ချန် ဒီလိုဖြစ်သွားရတာ... ဒါ ကျွန်မရဲ့ ဂရုစိုက်မှု အ​သေးအဖွဲ့​လေးပါ... လက်ခံ​ပေးပါ​နော်... မဟုတ်ရင် ကျွန်မလည်း စိတ်​ကောင်းမှာ မဟုတ်ဘူး"


ထုံရွှယ်လူ မလာခင်က ချန်မိသားစု၏ မျက်လုံး စိမ်းများနှင့် အကြည့်ခံရမည် သို့မဟုတ် ​လှောင်ရယ်ကြမည်ကို စိုးရိမ်​နေခဲ့​သော်လည်း သူတို့ကို ထိုမျှ​လောက်ထိ ​ကျိုး​ကြောင်းစဥ်းစားတတ်သူ ဖြစ်​နေမည်ဟု ထင်မထားခဲ့​ပေ။


ဒါရိုက်တာချန်က ထုံရွှယ်လူမှာ အလွန်အမင်း အားနာ​နေပြီး တူမဖြစ်သူထံမှ တမင်သက်သက် ​ခြေထိုးခံလိုက်ရသည်ကိုလည်း မသိ​ကြောင်း ​တွေ့​လိုက်ရသဖြင့် ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားခဲ့သည်။ "မု​ယောနို့​တွေကို​တော့ လက်ခံလိုက်မယ်... တခြား ပစ္စည်း​တွေကို​တော့ ပြန်ယူသွားလိုက်​နော်... အရမ်း​စျေးကြီးလွန်းတယ်​​လေ" 


ထိုမိန်းက​လေးက လှပပြီး ကြင်နာတတ်ကာ သရုပ်လည်း ​ဆောင်တတ်သည်။ တန်ဖိုးရှိ​သော မိန်းက​လေးတစ်​ယောက်ပါပင်။


သူမ၏ တူမလည်း အဆင်​ပြေမှ ဖြစ်မည်။


မတိုင်မီက ထုံရွှယ်လူအား သူမ၏ ​​ယောကျ်ားဖြစ်သူ ရိုက်ကူးသည့် ရုပ်ရှင်ထဲတွင် ဇာတ်လိုက်အဖြစ် သရုပ်​ဆောင်​စေလိုခဲ့သည်။ သို့ရာတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများ​ကြောင့် လက်​လျှော့ရ​ပေ​တော့မည်။ သူမ၏ တူမကို ပို၍ ​​​​ဒေါသထွက်သွားမိစေမည်ကို စိုး​ကြောက်မိ​ပေသည်။ 


သူတို့တွင် ​ရေစက် မရှိသည်​ကြောင့်ဟုသာ ဆိုရ​ပေ​တော့မည်။