🍵Chapter 301
သူတို့၏အကိုက သေဒဏ်ပေးခံလိုက်ရသဖြင့်ကလေးနှစ်ယောက်က ကျောင်းတွင်ဖြစ်စေ၊အလုပ်တွင်ဖြစ်စေ လှောင်ရယ်ခံရကာ အလုပ်ရနိုင်မည်မဟုတ်ပေ။
အကယ်၍ သူတို့ကွာရှင်းပြီးနောက် ကလေးများက သူမ၏မျိုးရိုးနာမည်ကိုယူလိုက်မည်ဆိုလျှင် အခြားနေရာတစ်ခုသို့ပြောင်းသွားပြီးဘဝသစ်ပြန်စနိုင်ပေသည်။ သူတို့ဘက်မှ လက်တုံ့ပြန်ဖို့မကြိုးစားသရွေ့ ဝမ်မိသားစုက သူတို့ကို အလွှတ်ပေးထားလိမ့်မည်။
သူမက သားတစ်ယောက်ကို ဆုံးရှူံးခဲ့ရပြီဖြစ်သဖြင့် ဤပုံစံအတိုင်းဆက်သွားနေ၍မဖြစ်ပေ။
အကိုရှစ်၏မျက်နှာက မည်းမှောင်လာသည်။
"ဘာပြောလိုက်တာ၊ မင်းကကလေးတွေကို မင်းမျိုးရိုးနာမည်ပြောင်းချင်တာလား ငါသဘောမတူဘူး"
မရီးရှစ်က အေးစက်စွာနှာခေါင်းရှူံ့လိုက်သည်။
"ကျွန််မဘဝမှာလုပ်ခဲ့ဖူးသမျှထဲမှာအဆိုးရွားဆုံးက ရှင့်လိုတစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ ချစ်ခဲ့မိတာဘဲ၊ ရှင့်မျက်လုံးထဲမှာ ချမ်းသာဖို့ဘဲသိတယ် ကျွန်မနဲ့ကလေးတွေသေသေရှင်ရှင် တစ်ခါမှဂရုမစိုက်ဖူးဘူး "
"ဒီနှစ်တွေမှာ ကျွန်မအများကြီးခံစားခဲ့ပြီးသွားပြီ ဆက်ပြီးအမှားလုပ်နေလို့မဖြစ်ဘူး ကျွန်မရှင်နဲ့ကွာရှင်းမယ် ကလေးတွေကဘယ်သူနဲ့နေမလဲဆိုတာကိုတော့ သူတို့ဘာသာဆုံးဖြတ်ကြပါစေ”
အကိုကြီးရှစ်က ကန့်ကွက်ချင်သေးသော်ငြား သူမကတစ်ခုထပ်ပြောလာ၏။
"ရှင်သဘောမတူရင်လည်းကိစ္စမရှိဘူး ကျွန်မက ရှင်တို့ရှစ်မိသားစုတစ်ခုလုံးကို ပိုးသတ်ဆေးနဲ့ အဆိပ်ခပ်ပစ်ပြီီး အကုန်လုံးကို ကျွန်မနဲ့အတူငရဲထိဆွဲခေါ်သွားမယ်"
အကိုကြီးရှစ်: "..."
ချန်ရှို့ယွင်: "..."
ရှစ်ရှိုးနန်က မနေနိုင်တော့ပေ။
"ဒုတိယအစ်ကို မရီးကရူးသွားပြီ သူကွာရှင်းချင်နေမှတော့ ကွာရှင်းပေးလိုက်ပါ"
မဟုတ်ရင် မရီးရဲ့လက်ရှိပုံစံနဲ့ဆို တကယ်ဘဲ တစ်နေ့နေ့မှာ သူတို့ကို တကယ်အဆိပ်ခတ်သတ်လိုက်နိုင်တယ်။
အကိုကြီးရှစ်ကလည်း ကြောက်သွားသည်။ သူက အခန်းထဲမှ ကလေးနှစ်ယောက်ကိုခေါ်ထုတ်ကာ ဘယ်သူနဲ့နေမလဲရွေးချယ်ခိုင်းလိုက်သည်။
သူတို့၏ဒုတိယသား ရှစ်ကျွင်းကျွင်းက ပြောလာ၏။
"သေချာပေါက်ရှစ်မိသားစုမှာဘဲ နေချင်တယ် သားအကိုက ဆိုးဆိုးရွားရွားသေသွားခဲ့တာ သူ့အတွက်လက်စားချေပေးရမယ်"
ရှစ်ကျွင်းကျွင်း၏အဖြေကိုကြားသောအခါ ရှစ်မိသားစုဝင်များက အလွန်စိတ်ကျေနပ်သွားသည်။
အငယ်ဆုံးသမီးရှစ်ပိုင်ချွန်းကမူ အချိန်အတော်ကြာအောင်တုံ့ဆိုင်းနေပြီးမှ သူမအမေနှင့်လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
ရှစ်ကျွင်းကျွင်း၏မျက်နှာက ဒေါသဖြင့်နီရဲလာကာ သူ့ညီမအား သစ္စာဖောက်တစ်ယောက်လိုကြည့်လာ၏။
“ညီမလေး နင်ကအခုချိန်မှာ အမေ့ကို မကွာရှင်းဖို့ မဖြောင်းဖြရုံတင်မကဘဲ မျိုးရိုးနာမည်ပြောင်းပြီးအမေနဲ့လိုက်သွားချင်နေတယ်ပေါ့ နင့်ခေါင်းကလည်း တံခါးနဲ့တိုက်မိသွားတာလား”
အစတွင် ရှစ်ပိုင်ချွန်းက အနည်းငယ်တွေဝေနေသော်လည်း ဤကဲ့သို့အဆူခံလိုက်ရသောအခါ စိတ်ပိုင်းဖြတ်နိုင်သွားသည်။
"အမေနဲ့ငါက ရူးနေတာမဟုတ်ဘူး နင်တို့ကသာရူးနေတာ အစ်ကိုကြီးနဲ့ ရှစ်မိသားစုက ဘယ်လိုဖြစ်သွားလဲဆိုတာကို ကြည့်လိိုက်ပါဦး အခုထိသတိမဝင်သေးဘူးလား"
အမှန်တွင်ရှစ်မိသားစုက အသိစိတ်မဝင်ခြင်းမဟုတ််ပေ။သူတို့၏ ဆုံးရှူံးမှုက အလွန်ကြီးမားနေသောကြောင့်ကမူးရှူးထိုး ဖြစ်နေရခြင်းသာဖြစ်သည်။ ဝမ်မိသားစုကြောင့် အရာအားလုံးကိုဆုံးရှူံးခဲ့ရသဖြင့် သူတို့ကဒီအတိုင်းလက်မလျှော့ပေးနိုင်ပေ။
သူတို့၏ဘဝများသည် အရင်တုန်းကဆိုပါက ပြန်အဆင်ပြေကောင်းပြေနိုင်သော်လည်း အခုတွင်လုံးဝမဖြစ်နိုင်တော့ပေ။
၎င်းကသွေးကြွေးပင်ဖြစ်သည်။
မရီးရှစ်သည် အစက သူမ၏ကလေးနှစ်ယောက်လုံးကို အတူခေါ်သွားချင်သော်လည်း သူမ၏သားငယ်သည် ငယ်ငယ်လေးကတည်းက အငြိုးကြီးသောသူဖြစ်သည်။အရင်ကတည်းက ဝမ်မိသားစုကိုမုန်းခဲ့ပြီး အခုတွင် သူ့အကိုကြီးကိုပါဆုံးရှူံးလိုက်ရသောအခါ သေချာပေါက်လွယ်လွယ်နှင့် အလျှော့ပေးမည်မဟုတ်ပေ။
မရီးရှစ်က ဘာမှမတတ်နိုင်သလိုခံစားမိသွား၏။သူမက သူမသား၏လက်ကိုကိုင်ကာ ပြောလိုက်သည််။
"ကျွင်းကျွင်း အမေနဲ့အတူလိုက််ခဲ့ပါနော် လက်စားချေဖို့မတွေးနဲ့ မဟုတ်ရင်..."
သို့သော်သူမပြော၍မပြီးသေးခင်မှာပင် ရှစ်ကျွင်းကျွင်းက သူမလက်ကိုခါထုတ်လိုက်လေသည်။
"အမေ သားတစ်ခါထဲ အပြတ်ပြောလိုက်မယ် အမေဒီအိမ်ကထွက်သွားလိုက်တာနဲ့ အမေအသက်ကြီးပြီးသေသွားရင်တောင် သားလုံးဝလှည့်ကြည့်မှာမဟုတ်ဘူး''
မရီးရှစ်က သူမ၏ရင်ကို ဓါးဖြင့်ဟက်တက်ခွဲခံလိုက်ရသလိုခံစားမိသွားသည်။
"နင်တို့ရှစ်မိသားစုတစ်ခုလုံးက ဦးနှောက်မရှိတဲ့သူတွေချည်းဘဲ ရှောင်ချွန်း လာ အမေနဲ့အတူသွားရအောင် သူတို့နဲ့ဝေးဝေးမှာနေကြမယ် "
အဆုံးတွင် မရီးရှစ်က ဒုတိယအကိုရှစ်နှင့်ကွာရှင်းလိုက်ပြီး သူမသမီးကိုခေါ်ကာ တစ်နယ်တစ်ကျေးတွင် အခြေချရန်ထွက်သွားလေသည်။သူမသမီး၏မျိုးရိုးကိုလည်း သူမမျိုးရိုးအမည်သို့ပြောင်းလိုက်သည်။
ရှစ်ညီအစ်ကိုသုံးယောက်က အပြင်ပန်းတွင် အချင်းချင်းမဆန့်ကျင်ကြသော်လည်း တကယ်တမ်းတွင်အရင်ကလောက်မစည်းလုံးတော့ပေ။
ပိုဆိုးသည်မှာ ဒုတိယအကိုရှစ်နှင့် ရှစ်ကျွင်းကျွင်းတို့သည် အလုပ်ထုတ်ခံလိုက်ရသောကြောင့် သူတို့၏နေရေးထိုင်ရေးအတွက် ရှစ်ရှိုးနန်တို့မိသားစုအပေါ်လုံးဝမှီခိုလာကြသည်။
ရှစ်ရှိုးနန်နှင့် ချန်ရှို့ယွင်တို့သည် အိမ်ထောင်ပြုပြီးဆယ့်ငါးနှစ်လောက်ကြာသွားပြီးမှသာ သမီးတစ်ယောက်ရလာခဲ့သည်။ သူတို့၏သမီးက ခုနစ်နှစ်သာရှိသေးပြီးအခုမှ မူလတန်းဒုတိယနှစ်ကို တက်နေ၏။
သူတို့နှစ်ယောက်၏လစာသည် သမီးတစ်ယောက်ကိုကောင်းကောင်းကျွေးမွေးရန်လုံလောက်သော်ငြား အရွယ်ရောက်နေသည့် လူနှစ်ယောက်ကိုပါ ကျွေးမွေးရမည်ဆိုလျှင် အနည်းငယ်ကျပ်တည်းလာနိုင်၏။
ထို့သို့ဆိုလျှင်တောင် တစ်ဖက်လူက ကျေးဇူးသိတတ်ပါကအဆင်ပြေ၏။ယခုတွင်မူ သူတို့က နေ့တိုင်းလိုလိုပင် သက်ပြင်းတချချလုပ်နေပြီး ပဲငံပြာရည်ဘူးပြုတ်ကျသွားလျှင်တောင်မှပြန််ကောက်ပေးဖော်မရပေ။
ပိုပြီးတရားလွန်သည်မှာ သူတို့၏အဝတ်များကိုပါ ချန်ရှိူ့ယွင်ကို လျှော်ခိုင်းလာလေသည်။
ချန်ရှို့ယွင်က အလွန်ပင် စိတ်မကျေမနပ်ဖြစ်လာ၏။
တဖြည်းဖြည်းအသားမာတက်ပြီး ထူထဲလာသောသူမလက်များကိုကြည့်ကာ ချန်ရှို့ယွင်ကဒုတိယအကိုရှစ်နှင့် ရှစ်ကျွင်းကျွင်းတို့ကို ကိုယ့်အဝတ်ကိုယ်လျှော်ပြီး လစဥ်နေထိုင်ခများကို ပေးစေချင်လာ၏။
မမျှော်လင့်ထားစွာဖြင့် ရှစ်ကျွင်းကျွင်းက စိတ်လိုက်မာန်ပါလုပ်တတ်သော်လည်း မတုံးပေ။သူက ချက်ချင်းပင်ငြင်းဆန်လိုက်သည်။ ချန်ရှို့ယွင်က သူ့ကိုထပ်စည်းရုံးသော်လည်း သူကလက်မခံပေ။
"ခင်ဗျားက ကျုပ်တို့ရှစ်မိသားစုကို ထိခိုက်စေပြီး ကျုပ်အကိုကြီးကိုသေစေခဲ့တယ် ဒါက ခင်ဗျားကျုပ်တို့အပေါ်အကြွေးတင်နေတာဘဲ "
ချန်ရှို့ယွင်က ဒေါသထွက်ရလွန်းသဖြင့် သွေးအန်မတတ်ဖြစ်သွားလေသည်။
နေ့တိုင်းနေ့တိုင်းဤကဲ့သို့သောပုံစံဖြင့် ကုန်ဆုံးလာပြီး မိသားစုနှစ်စုကြားမှ ဆက်ဆံရေးက တဖြေးဖြေးဆိုးရွာလာခဲ့သည်။
သူတို့က စိတ်ဝမ်းမကွဲသေးသော်ငြား ထိုသို့ဖြစ်လာရန် အချိန်တစ်ခုသာလိုတော့ပေသည်။
🍵
ယနေ့သည် ကျန်းတန့်ဟုန်၏မွေးနေ့ဖြစ်သဖြင့် သူမ၏မိတ်ဆွေများကို အစိုးရဟိုတယ်တစ်ခုတွင် ညစာဖိတ်ကျွေးလာ၏။
ကျန်းတန့်ဟုန်က လူတိုင်းကို အစိုးရဟိုတယ်တွင် ညစာစားရန်ဖိတ်သည်ကို ထုံရွယ်လူသိလိုက်ရသောအခါ ကျန်းတန့်ဟုန်လုပ်ချင်နေသောအရာကို သိသွား၏။
သူမထင်သလိုပင် ညစာစားနေချိန်၌ ကျန်းတန့်ဟုန်က နီရဲနေသောမျက်နှာဖြင့် ပြောလာ၏။
"မိတ်ဆက်ပေးပါရစေ ဒါက ကျွန်မရဲ့လက်တွဲဖော် ရဲဘော်တန့်ပါ"
မန်နေဂျာတန့်က လက်ထဲမှခွက်ကိုမြှောက်ကာ လူတိုင်းကိုနှုတ်ဆက်သည်။
“ကျွန်တော့်နာမည်က တန့်ဟုန်ပါ လူတိုင်းက တန့်ဟုန်လို့ဘဲခေါ်လို့ရပါတယ် အားဟုန်နဲ့ကောင်းကောင်းမွန်မွန်နေသွားပါ့မယ် အားဟုန်ကိုဂရုစိုက်ပေးလို့ အားလုံးကို ကျေးဇူးတင်ချင်နေတာ ဒီနေ့တော့ ဝိုင်အစားလက်ဖက်ရည်ကြမ်းနဲ့ဘဲ လူတိုင်းကိုကျေးဇူးတင်လိုက်ပါတယ်”
ထိုသို့ပြောကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
မန်နေဂျာတန့်၏သမီး တန့်ရှောင်ကျားက ကျန်းတန့်ဟုန်ဘေးတွင် လိမ်လိမ်မာမာထိုင်ကာ အသံတိုးတိုးဖြင့်မေးလာ၏။
“ဆရာမတန့်ဟုန် ဆရာမကသမီးအဖေနဲ့အတူရှိမှာဆိုတော့ ဆရာမကိုအမေလို့ပြောင်းခေါ်ရတော့မှာလား”
ကျန်းတန့်ဟုန်က ပန်းသီးနီနီလိုနီရဲလာ၏။
“မဟုတ်တာ၊ သမီးကဆရာမလို့ဘဲဆက်ခေါ်လို့ရတယ်”
ဖန်ကျင်းယွမ်က သူတို့နားကပ်ကာ စလိုက်လေသည်။
“ရှောင်ကျား အစ်မပြောပြမယ် အစ်မတန့်ဟုန်က ညီမလေးအဖေနဲ့လက်ထပ်ပြီးမှသာ အမေလို့ပြောင်းခေါ်ရမှာ၊ အစ်မတန့်ဟုန်ကို အမေလို့ပြောင်းခေါ်ချင်ရင် ညီမလေးအဖေနဲ့မြန်မြန်လက်ထပ်ခိုင်းလိုက်တော့”
တန့်ရှောင်ကျားက ခေါင်းမော့ကာ အရောင်ထွက်နေသောအကြည့်များဖြင့်မေးလာ၏။
“ဆရာမတန့်ဟုန် သမီးအဖေကိုဘယ်တော့လက်ထပ်မှာလဲဟင် သမီးကဆရာမကိုအမေလို့ခေါ်ချင်လှပြီ”
ကျန်းတန့်ဟုန်က ရှက်လွန်းသဖြင့် သူမမျက်နှာပေါ်တွင် ကြက်ဥတောင်တင်ကြော်လို့ရနိုင်သည်အထိနီရဲလာ၏။ သို့သော် သူမရင်ထဲ၌ပျားရည်စားလိုက်ရသလို ချိုမြိန်နေပေသည်။ထို့နောက် ရှက်ရှက်ဖြင့် ဖန်ကျင်းယွမ်ကိုကြည့်ကာ ပြန်ချေပလိုက်သည်။
"အစ်မကိုသာလာပြောနေတာ တကယ်တော့ညီမကသာမြန်မြန်လက်ထပ်သင့်နေတာပါနော် ၊ နောက်ညီမအမေကိုတွေ့တဲ့အခါမှ နင့်ကိုကြင်ဖက်များများတွေ့ခိုင်းဖို့ပြောရမယ်"
ဒီတစ်ကြိမ်တွင်တော့ ဖန််ကျင်းယွမ်ရှက်ရမည့်အလှည့်ဖြစ်သည်။
"အမလေး မလုပ်လိုက်ပါနဲဲ့ အစ်မတန့်ဟုန် အဲ့လိုသွားမပြောပါနဲ့နော် ညီမမှားတာသိပါပြီ ညီမကသာစကားအများကြီးလျှောက်ပြောမိတာပါ"
ကျန်းတန့်ဟုန် : '' အစ်မစွက်ဖက်တာတော့မဟုတ်ပါဘူး ဒါပေမယ့် ညီမက အတော်လေးအရွယ်ရောက်နေပါပြီ တကယ်ဘဲ ဘဝလက်တွဲဖော်မရှာတော့ဘူးလား"
ဖန်ကျင်းယွမ်ကနှာခေါင်းကုတ်ပြီး အကြည့်လွှဲသွားလေသည်။
"အဲ့လိုတော့လည်း မဟုတ်ပါဘူး ဒီအတိုင်းသင့်တော်တဲ့သူကို ရှာမတွေ့သေးလို့ပါ"
ကျန်းတန့်ဟုန်က အလွန်စိတ်အားထက်သန်နေ၏။
"ညီမက ဘယ်လိုလူမျိုးကိုရှာနေတာလဲ အစ်မကိုပြောပြလေ အစ်မက ရွှယ်လူနဲဲ့အတူတူ ညီမအတွက်ရှာပေးမယ် "
ဖန်ကျင်းယွမ်: "..."
ထုံရွှယ်လူက အော်ရယ်လိုက်လေသည်။
"အစ်မရေ အစ်မသာသူ့အတွက် ကောင်လေးရှာပေးလိုက်ရင် လူတစ်ယောက်က အစ်မနဲ့ကျွန်မကို ရန်လာတွေ့လိမ့်မယ်"
ဖန်ကျင်းယွမ်၏မျက်နှာက ရဲသထက်ရဲလာပြီး စိုးရိမ်တကြီးဖြင့် ထုံရွှယ်လူကို လှည့်တားလာ၏။
"ပေါက်ကရတွေလိုက်မပြောနဲ့ ငါနဲ့မျက်မှေးကောင်နဲ့က အချင်းချင်းမသိဘူး"
ထုံရွှယ်လူက ပုခုံးတွန့်လိုက်သည်။
"ဘယ်သူပါလို့ငါမပြောရသေးပါဘူး နင့်ဘာသာနင် ဖော်လိုက်တာနော်"
ဖန်ကျင်းယွမ်: " ..."
ကျန်းတန့်ဟုန်က သိချင်သွားသော်လည်း အခုချိန်တွင် လူအများကြီးရှိနေ၍ မေးရန်အဆင်မပြေပေ။
ညစာစားပြီးသောအခါ ကျောင်းယွင်ရှီးပါထပ်ပေါင်းလာပြီး လေးယောက်အတူတူ ကျန်းတန့်ဟုန်၏အိမ်သို့ချီတက်ကာ မုန့်စားရင်း ဘဝအကြောင်းများကိုပြောကြလေသည်။
ကျောင်းယွင်ရှီးက ဤတစ်လောလေးမှာပင် ဖူကျန့်ယိ၏ပိုးပန်းမှုကိုလက်ခံလိုက်ရာ အခုဆိုလျှင်သူတို့နှစ်ယောက်ကတွဲနေကြပြီဖြစ်သည်။
ကျောင်းယွင်ရှီးက အလွန်စိတ်အားတက်ကြွနေ၏။ သူမက အသက်ကြီးမှကျောင်းတက်ရသော်လည်း တစ်နှစ်တည်းနှင့် အတန်းတော်တော်များများကို ကျော်နိုင်ခဲ့ကာ အခုဆိုလျှင် ဒုတိယနှစ်ကျောင်းသူဖြစ်နေပြီဖြစ်သည်။
ထုံရွှယ်လူက ပဲနီလေးကိတ်မုန့်ကိုတစ်ကိုက်ကိုက်လိုက်ရင်း မေးလာ၏။
“အစ်မတန့်ဟုန် ညီမကိုစကားအများကြီးပြောတယ်လို့တော့မထင်ပါနဲ့ အစ်မတကယ်ဆုံးဖြတ်ပြီးပြီလား မိထွေးလုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်”
ထုံရွှယ်လူ၏ပြောစကားကို ဖန်ကျင်းယွမ်ရောကျောင်းယွင်ရှီးပါ သဘောတူစွာခေါင်းညိတ်ပြလာကြသည်။
ကျန်းတန့်ဟုန်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားသည်။
“အရင်ဆုံးရှောင်ကျားအကြောင်းကို အစ်မပြောပြချင်တယ် ရှောင်ကျားက တကယ်တော့တန့်ဟုန်ရဲ့သမီးအရင်းမဟုတ်ပါဘူး တန့်ဟုန်ကတစ်ခါမှလက်မထပ်ဖူးဘူး”
ထုံရွှယ်လူတို့က အံ့ဩသွားကြသည်။
“ဒါ ဒါက ဘယ်လိုဖြစ်တာလဲ..”
“တန့်ဟုန်ငယ်ငယ်တုန်းက သူ့မိဘတွေက ကျန်းမာရေးမကောင်းတော့ သူ့ဦးလေးမိသားစုကဘဲ ငွေကြေးတွေထောက်ပံ့ပေးခဲ့တယ်၊နောက်ပိုင်း သူ့မိဘတွေဆုံးသွားပြီးတဲ့နောက်မှာ သူ့ဦးလေးကဘဲ သူ့ကိုဆက်ထောက်ပံ့ပေးခဲ့တာ”
“လူကောင်းတွေဆိုတာ ကောင်းကောင်းမနေရဘူးဆိုသလိုပေါ့၊ သူ့ဝမ်းကွဲက ရေတွင်းတူးပေးတဲ့သူလေ သူရေတွင်းတူးနေတုန်း မတော်တဆဖြစ်ပြီးဆုံးသွားတယ် တန့်ဟုန်ရဲ့ဦးလေးနဲ့အဒေါ်က အဲ့သတင်းကိုကြားတဲ့အခါ နေရာမှာဘဲတက်ပြီး သိပ်မကြာဘူး ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်၊ ရှောင်ကျားရဲ့အမေအရင်းက နာရေးပြီးပြီးချင်းမှာဘဲ အသက်တစ်နှစ်တောင်မရှိသေးတဲ့ကလေးကို မလိုချင်ပါဘူးဆိုပြီးစွန့်ပစ်သွားတာ”
"တန့်ဟုန်က ရှောင်ကျားလေးမိဘမဲ့ဖြစ်မှာကို ကြည့်မနေနိုင်လို့ မွေးစားလိုက်ပြီး သူ့သမီးလို့ဘဲ လူတွေကိုသိစေခဲ့တာပါ၊ ပြီးတော့ အခုဆို သူက အစ်မရဲ့အတိတ်အကြောင်းကိုလဲ သိပြီးသွားပါပြီ၊ သူကအဲ့ဒါကိုဂရုမစိုက်ဘူးတဲ့”
ထိုသို့ပြောပြပြီးသောအခါ ကျန်းတန့်ဟုန်ကရှက်သွေးဖြာလာပြီး သူမမျက်လုံးက နူးညံ့မှုများဖြင့် ပြည့်လျှံနေသည်။
ဤပုံစံကို ထုံရွှယ်လူမြင်သောအခါ ကျန်းတန့်ဟုန်နှင့် သူမ၏လက်တွဲဖော်တို့ ဆက်ဆံရေးက ကောင်းမွန်ကြောင်းသဘောပေါက်သွားသည်။
“ကြည့်ရတာ မန်နေဂျာတန့်က အားကိုးလို့ရမယ့်ပုံပါဘဲ”
ဖန်ကျင်းယွမ်နှင့် ကျောင်းယွင်ရှီးကလည်း သူမပြောသည်ကို သဘောတူကြသည်။
ကျန်းတန့်ဟုန်၏အတိတ်က အလွန်ခက်ခဲခဲ့ရသည်ကို သူတို့အားလုံးသိထားကြပေသည်။အခုတွင် တန့်ဟုန်လို ဖြောင့်မတ်မှန်ကန်ပြီး ချစ်တတ်သည့်ယောက်ျားနှင့် တွေ့လိုက်ရရာ ကောင်းချီးတစ်ခုဟုပင်ဆိုနိုင်၏။
ကျန်းတန့်ဟုန်ကပြုံးကာ ခေါင်းညိတ်လိုက်သည်။
“သူကအရမ်းကောင်းပါတယ်၊ အနာဂတ်မှာငါကကလေးမယူဘူးပြောတာကိုလည်း သဘောတူတယ်...”
ထိုစကားကိုကြားလိုက်ရသောအခါ တန့်ဟုန်အပေါ်သူတို့၏အမြင်များက တစ်ဟုန်ထိုးမြင့်တက်သွားသည်။
ထုံရွှယ်လူ :“ဒီနေ့ခေတ်မှာ ဘယ်ယောက်ျားကများ သားယောက်ျားလေးမလိုချင်လို့လဲ ရှောင်ကျားက သူ့သမီးအရင်းမဟုတ်တာတောင် နောက်ထပ်ကလေးမယူဖို့ကို မန်နေဂျာတန့်ကသဘောတူလိုက်တယ်၊ အဲ့ဒါမျိုးကတကယ်ကိုရှားတာဘဲ”
ကျောင်းယွင်ရှီးကလည်းထောက်ခံသည်။
“ဟုတ်ပါ့ အစ်မတန့်ဟုန်က ဒီလိုယောက်ျားကောင်းမျိုးနဲ့ တွေ့နိုင်သွားတာ အစ်မတော့ပျော်နေရတော့မှာဘဲ ”
ကျန်းတန့်ဟုန်က ရှက်ရှက်ဖြင့်ပြုံးလိုက်သည်။
“အစ်မကိုအားကျနေစရာမလိုပါဘူးကွယ်၊ ရဲဘော်ဝမ်နဲ့ ရဲဘော်ဖူတို့ကလည်း မှီခိုလို့ရတဲ့ယောက်ျားတွေပါ သူတို့ကညီမတို့က်ိုရတနာလေးလို ဆက်ဆံကြတာ"
ဖူကျန့်ယိက အပြောနည်းနည်းဆိုးသော်လည်း ကျောင်းယွင်ရှီးအပေါ်တွင် တကယ်ကောင်းသောသူဖြစ်သည်။နှစ်ယောက်လုံးက နှစ်ဖက်မိဘများဖြင့် တွေ့ပြီးပြီဖြစ်ကာ အားလုံးကလည်း သူတို့အပေါ်စိတ်ကျေနပ်ကြ၏။
ထုံရွှယ်လူနှင့် ဝမ်ရူကွေ့ကမူ ပြောနေစရာတောင်မလိုတော့ပေ။
သူတို့နှစ်ယောက်ချစ်သူမဖြစ်ခင်တည်းကပင် ထုံရွှယ်လူကိုအိမ်ငှားနိုင်ရန်အတွက် ဝမ်ရူကွေ့က သူ့ပိုက်ဆံနှင့်သူ ယွမ်၅၀၀၀ကျော်တန်ဖိုးရှိသည့် အိမ်တစ်လုံးကို ဝယ်ခဲ့သည်။
အခုဆိုလျှင်ပိုတောင်ဆိုးသေးသည်မှာ ထုံရွှယ်လူကြောင့် ပေကျင်းတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်ပါလုပ်နေ၏။ ဧည့်ပါမောက္ခက တစ်လတွင် နှစ်ချိန်လောက်သာ သင်ကြားပေးရသော်လည်း အလုပ်တာဝန်ကြီးကာ တစ်ခါသွားတိုင်း ခုနစ်နာရီမှရှစ်နာရီလောက်ထိကြာတတ်ပေသည်။
လူတစ်ယောက်ကို တကယ်မချစ်ပါက ဘယ်သူကမှ ဤကဲ့သို့လုပ်နိုင်မည်မဟုတ်ပေ။
ဖန်ကျင်းယွမ်က သူတို့ပြောသည်များကိုနားထောင်နေရင်း ဤအခန်းထဲတွင် ရည်းစားမရှိသောသူမှာ သူမတစ်ယောက်တည်းဖြစ်သည်ကို သတိပြုမိသွား၏။
ထို့သို့တွေးမိချိန်၌ ရှောင်ချန်ဖျင်၏ပုံရိပ်က သူမစိတ်ထဲတွင် ဖျတ်ခနဲပေါ်လာသောအခါ ရင်ခုန်သွားမိလေသည်။