အပိုင်း၃၀၂
Viewers 67k

Chapter 302



ကျန်းတန့်ဟုန်၏အိမ်မှထွက်လာပြီးနောက်တွင် သူမက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ သူမက ရှောင်ချန်ဖျင်ကို အခွင့်အရေးတစ်ကြိမ်လောက်ပေးမည်ဟု တွေးလိုက်၏။


အထွေထွေထောက်ပံံ့ပို့ဆောင်ရေးဌာနသို့ပြန်သည့်လမ်းမှာပင် ဖန်ကျင်းယွမ်ကစိတ်မရှည်ဖြစ်လာပြီး ချက်ချင်းပင် သူတို့၏ဆက်ဆံရေးကို အတည်ပြုချင်လာသည်။


ထို့ကြောင့် သူမကရှောင်အိမ်သို့သွားလိုက်ရာ ရှောင်ချန်ဖျင်က လေ့ကျင့်ခန်းလုပ်နေကြောင်းသိလိုက်ရသည်။ 


သူမ လေ့ကျင့်ရေးလုပ်သည့်‌ေနရာသို့ရောက်သောအခါ ရှောင်ချန်ဖျင်က သဲအိတ်ထိုးနေသည်ကို မြင်လိုက်ရသည်။


သူက အပေါ်ပိုင်းဗလာဖြစ်နေပြီး ခန္ဓာကိုယ်နှင့် လက်မောင်းမှကြွက်သားများကိုမြင်နေရကာ သန်မာသည့်ပုံစံပေါက်နေ၏။


အရင်တုန်းကဆိုလျှင် ဖန်ကျင်းယွမ်က သူ့ကိုအရှက်မရှိဘူးဟုထင်လောက်သော်ငြား အခုတွင် သူမကစိတ်ပြောင်းသွားကာ ရှောင်ချန်ဖျင်က ခန့်ညားပြီး လုံခြုံသည့် ခံစားချက်ကိုပေးသည်ဟုခံစားမိသွားပေသည်။


သူမက နှုတ်ခမ်းကိုဖိကိုက်ကာ ရင်ခုန်ခုန်ဖြင့် သူ့ဆီသို့လျှောက်သွားလိုက်သည်။


လေ့ကျင့်သည့်နေရာက လူတိုင်းဝင်နိုင်သောနေရာမျိုးမဟုတ်သော်လည်း သူသဲအိတ်ထိုးနေသည့်နေရာဘေးတွင် နံရံနိမ့်နိမ့်ရှိနေ၏။


ဖန်ကျင်းယွမ်က နံရံနားသို့သွားကာ ခြေဖျားထောက်ပြီး သူ့ကိုစကားလှမ်းပြောတော့မည့်အချိန်တွင် သူမ၏ညာဘက်ခြေထောက်က ကြွက်တက်သွား၏။


သူမက ချော်ကာ ဘေးမှမြေကြီးပေါ်သို့ကျသွားသည်။ သူမ၏ခြေထောက်များက ရွှံ့ပေသွားရာ ရွံရှာမှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ပို၍ဆိုးသောအရာမှာ သူမခြေထောက်က ကြွက်တက်ပြီးနာနေ၏။


ဤအချိန်မှာဘဲ ရှောင်ချန်ဖျင်က ဖန်ကျင်းယွမ်တစ်ယောက် နံရံအနိမ့်နားမှနေ၍ သူ့ကိုချောင်းကြည့်နေသည်ကို သတိပြုမိသွားသည်။


ချက်ချင်းပင် သူကသဲအိတ်ကိုပြင်းပြင်းထန်ထန်ထိုးပြီး သူ၏ယောက်ျားဆန်သောတစ်ဖက်ခြမ်းကိုဖော်ပြလိုက်သည်။


သူကအရမ်းကိုယောက်ျားပီသတာ၊ ဖန်ကျင်းယွမ်က သူ့ကြောင့်ရှက်ပြီး ရင်ခုန်သွားမှာဘဲ။


သူချောင်းကြည့်လိုက်ပြီးနောက် ဖန်ကျင်းယွမ်၏မျက်နှာက နီရဲနေသည်ကိုမြင်လိုက်ရသောအခါ သဲအိတ်ကိုပိုပြီးပြင်းပြင်းထန်ထန်ထိုးလိုက်သည်။


ထားလိုက်တော့၊ ဘေးနားကပိုးစာပင်ကိုဘဲ ကန်တော့မယ်။


ပိုးစာပင်က ပိုးစာသီးများ ပြွတ်သီးနေသဖြင့် ထိုသို့အကန်ခံလိုက်ရသောအခါ ပိုးစာသီးများပြုတ်ကျလာလေသည်။


ဖန်ကျင်းယွမ်က ကြွက်‌တက်သောကြောင့် မဲ့ရှူံ့နေ၏။သို့သော် ရှောင်ချန်ဖျင်ကိုလှမ်းခေါ်ရန်မှာလည်း ရှက်စရာကောင်းသောကြောင့် မခေါ်ရဲပေ။


သို့သော် သူမကြွက်တက်တာမသက်သာသေးခင်မှာပင် ပိုးစာသီးမိုးက သူမခေါင်းပေါ်သို့ရွာချလာ၏။ အသီးများက သူမခေါင်းပေါ်ပြုတ်ကျလာကာ သူမမျက်နှာက ချက်ချင်းဆိုသလိုပင် အသီးရည်များပေသွားလေသည်။



"..."


ဖန်ကျင်းယွမ်၏မျက်နှာက ဒေါသဖြင့်နီရဲလာသည်။


ရှောင်ချန်ဖျင်ကို လက်တွဲဖော်ကောင်းလို့တွေးမိတာ ငါရူးနေလို့ဘဲ။


ရှောင်ချန်ဖျင်က  ချစ်သူကောင်လေးဖြစ်နိုင်သည့် အခွင့်အရေးကိုလက်လွှတ်လိုက်ရပြီဖြစ်ကြောင်း မသိပေ။ထို့ကြောင့်သူကပိုးစာပင်ကိုသာ ဆက်ကန်နေ၏။


သန်မာတဲ့ယောက်ျားတစ်ယောက်က ကံကောင်းလိမ့်မယ်။


ဤသို့ဖြင့်နှစ်နှစ်ကြာသွားလေသည်။