အပိုင်း၃၀၆
Viewers 67k

Chapter 306


ထုံရွှယ်လူ၏ တလက်လက်လှုပ်ခတ်နေသည့် ကန်ရေကိုကြည့်ရင်း သူတို့ချန်ရှို့ယွင်ကိုမဖိတ်လျှင်တောင်မှ တစ်ဖက်လူက မရမကရောက်လာမည်ကိုစိုးရိမ်ရသည်ဟု တွေးလိုက်မိသည်။


ဝမ်ရူကွေ့က ရာထူးတိုးခံလိုက်ရသဖြင့် ထုံရွှယ်လူက ခွင့်ယူလိုက်ကာ နှစ်ယောက်သားအတူတူပြန်သွားကြသည်။


အဖိုးဝမ်က ဝမ်ရူကွေ့ရာထူးတိုးသွားသည်ကိုသိသောအခါ ပျော်လွန်း၍ ဝမ်းသာ‌မျက်ရည်များတောင်ကျလာသည်။သူက ဝမ်ရူကွေ့ပုခုံးကိုပုတ်ကာ ထပ်ခါတလဲလဲပြောလိုက်သည်။

“ကောင်းတယ် မင်းကတကယ်ကို အလားအလာကောင်းတဲ့ကလေးဘဲ၊ အဖိုးက မင်းကိုစိတ်ချလို့ရပါပြီ”


ဝမ်ရူကွေ့က အရည်အချင်းရှိကာ ထက်မြက်သော်ငြား အရင်က ‌သုတေသီတစ်ယောက်သာဖြစ်သည်။ ဗိုလ်မှူးရှောင်းသည် သူ့မြေးမလေးကို ဝက်စားသွားသည်ဟုသာ ခံစားမိခဲ့ပေသည်။ အခုတွင် သူရာထူးတိုးသွားသဖြင့် ဝမ်ရူကွေ့ကိုစိတ်ကျေနပ်စွာကြည့်လိုက်လေသည်။


သူကငယ်ရွယ်ပြီးအလားအလာရှိ‌တော့ ရွှယ်လူနဲ့ထိုက်တန်ပါတယ်။


ထုံရွှယ်လူ၏ခင်ပွန်းလောင်းက ပါမောက္ခဝမ်ဖြစ်ပြီး ပါမောက္ခဝမ်က အသက်ငယ်ငယ်နှင့် စက်မှုပညာအဖွဲ့အစည်း၏ ဒါရိုက်တာရာထူးတိုးသွားသည့်သတင်းက ကျောင်းတွင်း၌လျင်မြန်စွာပျံ့နှံ့သွားသည်။


လူတိုင်းက အံ့ဩသွားကာ မနာလိုအားကျကြသည်။


တစ်ချိန်တည်းတွင် ချမ်ရုန်ရုန်၏ပါးစပ်နံ့ဆိုးသည့်အကြောင်းကလည်း ‌သတင်းပြန့်သွားလေသည်။


ဤရက်များအတွင်းတွင် ချမ်ရုန်ရုန်တစ်ယောက် သူမ၏အတန်းဖော်များက သူမအားထူးထူးဆန်းဆန်းကြည့်နေကြသည်ကို သတိထားမိ‌သွားသည်။


ထိုနေ့တွင် သူမကအပြင်မှပြန်လာကာ အဆောင်ထဲသို့ဝင်တော့မည့်အချိန်တွင် အထဲမှစကားသံများကိုကြားလိုက်ရ၏။


“နင်ချမ်ရုန်ရုန်အကြောင်းကြားပြီးပြီလား”


“နင်ပြောချင်တာက သူလဲကျတော့ ကောင်လေးတစ်ယောက်လာထူပေးတာ၊ သူ့ပါးစပ်နံ့ကြောင့် အန်သွားတဲ့ကိစ္စကိုပြောတာလား


“ဟုတ်ပါ့ ဟုတ်ပါ့ဟယ်၊ ငါဆိုအဲ့ကိစ္စကြားကြားချင်း အံ့ဩသွားတာ သူကအမြဲတမ်းလူကိုအထင်သေးသလိုကြည့်တတ်တာလေ တကယ်တော့သူ့မှာပါးစပ်အနံ့ဆိုးရှိနေမယ်လို့မထင်ထားဘူး”


“ငါလည်းအဲ့ဒါကိုကြားတယ် ပုံမှန်ဆိုသူ့ဆီကဘာအနံ့မှမရပါဘူး၊ မဟုတ်မှလွဲရော အဲ့ဒီနေ့ကကြက်သွန်ဖြူများစားထားလို့လား”


“ဘယ်သူသိမှာလဲဟယ်၊ အခုဆိုအကုန်လုံးက သူပါးစပ်အနံ့ဆိုးပြီး အခြားလူတွေကို တံတွေးလိုက်ထွေးတတ်တယ်ဆိုပြီးပြောနေကြတာ ငါဖြင့်ရယ်ရတာ အူတက်တော့မယ်”


Wanna eat octopus🐙:

ပုံမှန်ဆိုလျှင်ချမ်ရုန်ရုန်က သူမသည် ချမ်ချိုက်ရှင်း၏ဝမ်းကွဲဖြစ်ကြောင်းကြေညာကာ အဆောင်ထဲတွင် ဒေါင်းမလိုဂုဏ်မောက်နေလေ့ရှိသည်။ထို့ကြောင့် အခန်းဖော်များက သူမကိုသဘောမကျကြပေ။


ချမ်ရုန်ရုန်က တံခါးနားတွင်ရပ်နေရာ အထဲမှစကားသံများကိုကြားရလေသည်။ သူမ‌ကဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ရင်လာပြီး ချမ်ချိုက်ရှင်းကိုရှာရန်ပြေးထွက်သွားသည်။


ဤအချိန်တွင်ချမ်ချိုက်ရှင်းက ဌာနရုံးခန်းမှထွက်လာကာ သူမပုံစံက မိုးကြိုးပစ်ခံလိုက်ရလို ငေးငိုင်နေ၏။


ဌာနမှူးက သူမ၏ နိုင်ငံခြားရေးရာဝန်ကြီးဌာနတွင် အလုပ်သင်ဆင်းနိုင်သည့်အခွင့်အရေးက ပယ်ဖျက်ခံလိုက်ရပြီဟု‌ပြောလာလေသည်။ အကြောင်းရင်းမှာ သူမက ပါမောက္ခဝမ်ကိုအမည်ဖျက်ပြီး အတန်းသားများနှင့်မစည်းလုံးသောကြောင့်ဖြစ်သည်။


သူမတစ်ကိုယ်လုံးက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားနေရ၏။


သူမရှင်းပြချင်သော်လည်း ထို့နေ့တွင်လူအများကြီးရှိနေခဲ့ရာ ရှင်းပြလည်းမထူးပေ။


သူမကထုံရွှယ်လူကိုအရှက်ရစေချင်ရုံသာဖြစ်သည်။သို့သော်သူမ၏ အလုပ်သင်ဆင်းနိုင်မည့်အခွင့်အရေးကို ဖျက်စီးသလိုဖြစ်သွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူမတော့ သွားပြီ။


အဲ့ဒါက သူမတစ်ဘဝလုံး ဘွဲ့ရပြီးရင်တောင်မှ နိုင်ငံခြားရေးရာဝန်ကြီးဌာနကိုဝင်နိုင်မှာမဟုတ်တော့ဘူးလို့ ဆိုလိုတာဘဲ။


ချမ်ရုန်ရုန်က ချမ်ချိုက်ရှင်းကိုတွေ့သောအခါ သူမကထိုပုံစံဖြစ်နေ၏။သူမကအမြန်သွားပြီး  ချမ်ချိုက်ရှင်း၏ပုံစံကိုလျစ်လျူရှုကာ လက်ကိုဆွဲပြီးမေးလိုက်သည်။


“နင်ပြောတော့ ထုံရွှယ်လူတစ်ယောက်တည်းကိုဘဲခေါ်လာမယ်ဆို၊ အတန်းဖော်တွေကဘာလို့ပါလာတာလဲ အခုဆိုလူတိုင်းက ငါ့ကိုပါးစပ်နံ့ဆိုးတယ်ဆိုပြီးပြောနေကြပြီ၊ နောက်ကျရင်ငါလူတွေနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ”


ချမ်ချိုက်ရှင်းက သတိပြန်ဝင်လာကာ သူမလက်ကိုခါထုတ်လိုက်သည်။

“သူတို့ကလိုက်ချင်နေတာလေ ငါဘာလုပ်လို့ရမှာလဲ”


ချမ်ချိုက်ရှင်း၏ ဝတ်ကျေတမ်းကျေအဖြေကိုကြားလိုက်ရသောအခါ ချမ်ရုန်ရုန်က ဒေါသဖြင့်တုန်ယင်သွားသည်။

“နင်ဘဲငါ့ကိုထိခိုက်အောင်လုပ်ခဲ့တာ၊ ငါ့ကိုဖြေရှင်းချက်ပေး မဟုတ်ရင် ငါဌာနမှူးကိုသွားပြောပြလိုက်မယ်”


ချမ်ချိုက်ရှင်းက သူမကိုအေးစက်စက်သာကြည့်လိုက်သည်။

“ဒါဆိုလည်းသွားပြောလေ၊ အဲ့အချိန်ကျရင် ငါတို့အတူတူအပြစ်ခံလိုက်ရပြီး ဘယ်သူကပိုခံစားရမလဲကြည့်ကြတာပေါ့”


ချမ်ရုန်ရုန်က ချမ်ချိုက်ရှင်းကိုစိုက်ကြည့်လိုက်ကာ သူမရင်ဘတ်က ဒေါသဖြင့် ဖားဖိုကြီးလိုလှုပ်ရှားနေ၏။


ချမ်ချိုက်ရှင်း၏မိသားစုနောက်ခံက အလွန်တောင့်တင်းကာ အပြစ်ရှိကြောင်းမှတ်တမ်းရေးခံလိုက်ရလျှင်တောင်မှ သက်ရောက်မှုသိပ်မရှိပေ။သူမကတော့မတူပေ။သူမသာ ပြစ်မှုတစ်ခုရှိသွားသည်နှင့် ဘွဲ့ရပြီးလျှင် အလုပ်ကောင်းကောင်းရနိုင်တော့မှာမဟုတ်ပေ။


ထို့အပြင်သူမ၏မိသားစုကလည်း ချမ်ချိုက်ရှင်းကိုထိခိုက်စေ၍ သူမကိုအပြစ်တင်လိမ့်မည်။


“ကိုယ့်နေရာကိုယ်သိစမ်းပါ”

ချမ်ချိုက်ရှင်းက ထိုသို့ပြောကာထွက်သွားလိုက်သည်။သူမက သူမမိဘနှင့်အဒေါ်တို့အား အလုပ်သင်ဆင်းခွင့်‌ရအောင် လုပ်ပေးနိုင်မလားသွားမေးရပေမည်။


ချမ်ရုန်ရုန်က သူမထွက်သွားသည်ကိုကြည့်ကာ နှုတ်ခမ်းကိုက်လိုက်သည်။ထို့နောက် သူမက ထုံရွှယ်လူကိုရှာရန်ပြေးထွက်သွားသည်။


ထုံရွှယ်လူက ချမ်ရုန်ရုန်လာသည်ကိုမြင်သောအခါ မအံ့ဩသွားပေ။


ချမ်ရုန်ရုန်ကရိုးသားသည့်မျက်နှာဖြင့်ပြောလာ၏။

“ကျွန်မတောင်းပန်ပါတယ် စီနီယာအစ်မထုံ၊ အဲ့ဒီနေ့ကလုပ်ခဲ့တာက ချမ်ချိုက်ရှင်းအတင်းလုပ်ခိုင်းလို့ပါ”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။

“ချမ်ချိုက်ရှင်းကဘာလို့ငါ့ကိုပစ်မှတ်ထားနေတာလဲ အကြောင်းရင်းကိုသိလား”


“ကျွန်မလည်း အသေးစိတ်မသိဘူး သူက စီနီယာအစ်မကသူ့အပေါ်အကြွေးတင်နေတယ်လို့ဘဲပြောတာ”


အကြွေးတင်တယ်တဲ့လား။


ထုံရွှယ်လူက ထိုစကားကြောင့်စိတ်ရှုပ်သွားသည်။

“ငါသိပြီ”


ချမ်ရုန်ရုန်က ဝမ်းနည်းတကြီးပြောလာ၏။

“အစ်မထုံ လူတိုင်းကိုရှင်းပြပေးပါလားဟင် အခုဆို အကုန်လုံးက ကျွန်မကိုပါးစပ်နံ့ဆိုးတယ်လို့အထင်လွဲနေကြပြီ ကျွန်မအရမ်းဝမ်းနည်းရတယ်.......”



ထုံရွှယ်လူ :“ နင်ကငါ့ကိုထိခိုက်အောင်လုပ်ပြီးမှ ငါ့ကိုနင့်အတွက်ရှင်းပြပေးစေချင်တာလား ဘာလို့လဲ နင့်မျက်နှာကတော်တော်ကြီးလို့လား”


ချမ်ရုန်ရုန်: "..."


“လူဆိုတာက ကိုယ်လုပ်တာကို ကိုယ်ဘဲခံရမယ်”


ထိုသို့ပြောပြီးနောက် သူမကထွက်သွားလိုက်သည်။


ချမ်ရုန်ရုန်အကြောင်း သတင်းဖြန့်သည်မှာ သူမဖြစ်သလို ချမ်ချိုက်ရှင်းအလုပ်သင်ကိစ္စကိုလည်း သူမလုပ်ခဲ့ခြင်းဖြစ်သည်။


လူတိုင်းက ကိုယ်လုပ်တာ၏အကျိုးဆက်ကိုခံရပေမည်။ မကောင်းတာလုပ်ပါက အပြစ်ဒဏ်ကိုလက်ခံရလိမ့်မည်။


ချမ်ချိုက်ရှင်းသူမကိုဘာလို့ပစ်မှတ်ထားသည်ကိုမူ မေးဖို့ရည်ရွယ်ချက်မရှိပေ။ အကြောင်းမှာ ချမ်ချိုက်ရှင်း၏ပုံစံအရဆို သေချာပေါက်ပြောပြမည်မဟုတ်သောကြောင့်ဖြစ်သည်။


ချမ်ချိုက်ရှင်းက နောက်ပိုင်းတွင်ဘာမှထပ်မလုပ်လာတော့ပေ။ သူမအိမ်ပြန်ရောက်သောအခါ သူမမိသားစု၏ဆူသည်ကိုခံလိုက်ရပြီး ကိုယ့်ကိုကိုယ်လည်း ထပ်သတ်မသေရဲတော့ပေ။


ထုံရွှယ်လူက သူမကိုခနလောက်စောင့်ကြည့်နေပြီးနောက် လျစ်လျူရှုလိုက်တော့သည်။


သူမကအလွန်အလုပ်များနေ၏။ပထမဆုံးအနေဖြင့် သူမကဘွဲ့ရတော့မည်ဖြစ်ပြီး ဒုတိယမှာ ဆိုင်ဖွင့်ဖို့ပြင်ဆင်ရတော့မည်ဖြစ်သည်။ တတိယအချက်မှာ သူမကချန်ရှို့ယွင်ကို မျက်ခြေမပြတ်စောင့်ကြည့်နေရပြီး နောက်ဆုံးတွင်လက်ထပ်ဖို့အတွက်ပြင်ဆင်ရ‌မည်ဖြစ်သည်။


ချမ်ချိုက်ရှင်းက အကောင်ငယ်လေးသာဖြစ်ကာ ဘာကြီးကြီးမားမားမှ မလှုပ်ခတ်စေနိုင်ပေ။


**

အချင်းချင်းဆွေးနွေးတိုင်ပင်ပြီးနောက် အဖိုးဝမ်နှင့် ဗိုလ်မှူးရှောင်းတို့သည် မင်္ဂလာဆောင်ကို ထုံရွှယ်လူဘွဲ့ရပြီးနောက်ပိုင်း ဆောင်းလယ်ပွဲတော်မတိုင်ခင်ကြားတွင်လုပ်ရန်ဆုံးဖြတ်လိုက်သည်။


မင်္ဂလာဆောင်အတွက် ပြင်ဆင်စရာမှာများပြားလှသည်။ကံကောင်းစွာဖြင့်အဖိုးဝမ်နှင့် ဦးလေးဇုန်းက အလွန်အကူအညီရရာ ထုံရွှယ်လူကအကုန်လုံးကို ကိုယ်တိုင်လိုက်လုပ်စရာမလိုပေ။


ဝမ်မိသားစုနှင့် ရှောင်းမိသားစု ပျော်ပွဲရွှင်ပွဲဆင်နွှဲတော့မည့်သတင်းက ပြန့်သွားကာ ဝမ်မိသားစုကိုစောင့်ကြည့်နေသည့် ချန်ရှို့ယွင်က မကြာခင်မှာဘဲ ထိုသတင်းကိုသိသွားသည်။


ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ မြို့တော်ဆီပြန်လာပြီးနောက်တွင် နေရေးထိုင်ရေးကအဆင်ပြေသော်လည်း တစ်‌ယောက်မှအလုပ်မရှိသဖြင့် ခက်ခက်ခဲခဲဆက်မနေနိုင်တော့ပေ။


ယခုကာလများတွင် အပြင်ဘက်တွင်စီးပွားရေးလုပ်သည့်လူများက များသထက်များလာလေသည်။သေချာစောင့်ကြည့်ပြီးနောက် ချန်ရှို့ယွင်က စီးပွားရေးတစ်ခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည်။


သို့သော် သူတို့ပိုက်ဆံများကို ရှစ်ကျွင်းကျွင်းအပြောင်ရှင်းလိုက်သဖြင့် လက်ထဲမှစုဆောင်းငွေများက ဆိုင်တစ်ဆိုင်ဖွင့်ရန်မလုံလောက်ပေ။


ရှစ်ရှိုးနန်ကပြုံးကာပြောလာ၏။

“ဒီနှစ်တွေမှာ မင်းရဲ့သားကို‌သွားမတွေ့ခဲ့ရဘူး အခုတော့အခွင့်အရေးရလာပြီ”


ချန်ရှို့ယွင်က မျက်ခုံးပင့်လိုက်သည်။

“ရှင်ဘာကိုပြောချင်တာ‌လဲ”


ရှစ်ရှိုးနန်:“ ဘာကိုပြောရမှာလဲ မင်းသားဆီမှာ ပိုက်ဆံသွားတောင်းဖို့ပြောနေတာလေ၊ ဘာဘဲပြောပြော မင်းကသူ့အမေဘဲ၊ သူထောက်ပံ့ပေးရမှာ သဘာဝကျတာဘဲလေ”


ချန်ရှို့ယွင်ကနှုတ်ခမ်းစေ့လိုက်ကာ သတောတူပုံမပေါ်ပေ။


ရှစ်ရှိုးနန်က သူမဘေးတွင်ထိုင်ကာ သူမပုခုံးကိုဖက်လိုက်သည်။

“ဘာတွေစိုးရိမ်နေတာလဲ၊ မင်း သားအတွက်စိတ်မကောင်းဖြစ်လို့လား မင်းတကယ်ဘဲသူ့အတွက်စိတ်မကောင်းဖြစ်ရင် အဲ့ဒီတုန်းက ကလေးကိုတမင်ဖျက်ချပြီး သူ့ကိုနှိပ်စက်ခဲ့မှာမဟုတ်ဘူး”


ချန်ရှို့ယွင်က ရှစ်ရှိုးနန်တစ်ယောက် ထိုကိစ္စများကိုအစပြန်ဖော်လာသဖြင့် တွန်းထုတ်လိုက်သည်။

“ဘာလို့အဲ့ဒီကိစ္စတွေကို ပြန်ပြောနေတာလဲ အဲ့ဒီတုန်းကကျွန်မအရမ်းခံစားခဲ့ရတာတွေက ရှင့်ကြောင့်ဘဲမဟုတ်ဘူးလား”


ရှစ်ရှိုးနန်က သူမကိုပြန်ဖက်ကာ အရေးကြောင်းများဖြင့်မျက်နှာကိုနမ်းလိုက်သည်။

“ဟုတ်ပါပြီ ကိုယ့်အမှားပါကွာ အတိတ်အကြောင်းတွေကို ပြန်မပြောလိုက်သင့်ဘူး ဒီပိတ်ရက်လောက် ဝမ်ရူကွေ့ဆီမှာ ပိုက်ဆံသွားတောင်းကြမလား”


ချန်ရှို့ယွင်ကခေါင်းခါလိုက်သည်။

“ဟင့်အင်း အဖိုးဝမ်ဆီမှာဘဲ သွားတောင်းကြမယ်”


ရှစ်ရှိုးနန်ကမျက်လုံးပြူးသွားသည်။

“မင်းက အဖိုးဝမ်ကိုမတွေ့ချင်ဘူးမဟုတ်လား”


ချန်ရှို့ယွင်ကပြုံးလိုက်သည်။

“ကျွန်မဘဝကိုကယ်တင်နိုင်ဖို့ သူ့ဆီကိုသွားတာ၊ သူက ကျွန်မကိုဝမ်ရူကွေ့ဆီသွားစေချင်တာမဟုတ်ဘူး ကျွန်မသာကမူးကရူးသွားတွေ့ရင် အဖိုးဝမ်က ကျွန်မကိုသတ်လိမ့်မယ်၊ သူကကျွန်မကိုရူ‌ကွေ့နဲ့မတွေ့စေချင်မှတော့ ကျွန်မကိုသူဘဲထောက်ပံ့ပေးသင့်တာပေါ့ မဟုတ်ဘူးလား”


ရှစ်ရှိုးနန်က တွေးကြည့်ကာ ရယ်လိုက်သည်။

“မင်းပြောတာမှန်တယ် မင်းစိတ်ကဆုံးဖြတ်တာတော်လိုက်တာ”


မကြာခင်မှာဘဲ စနေနေ့သို့ရောက်လာသည်။


ထုံရွှယ်လူက အိပ်ရာစောစောထ၏။ဒီနေ့တွင် သူမက သတို့သမီးဝတ်စုံသွားချုပ်ရမှာဖြစ်သည်။


 မနက်စောစောကြီးတွင် တစ်စုံတစ်ယောက် သူမအိမ်တံခါးကိုလာခေါက်လေသည်။

“ဒီလောက်အစောကြီး‌ကို ကျင်းယွမ်တော့မဟုတ်လောက်ဘူး”


ထုံရွှယ်လူက မီးဖိုချောင်ထဲမှအော်ပြောလိုက်သည်။

“မျန်မျန်ရေ အစ်မကိုတံခါးဘယ်သူခေါက်တာလဲ သွားကြည့်ပေးပါလား”


“ဟုတ်ကဲ့ပါ”


ရှောင်းမျန်မျန်က သိကြောင်းပြကာ ခုန်ဆင်းပြီး တံခါးကိုသွားပြေးဖွင့်လိုက်သည်။ ခေါင်းပေါ်မှ ဆံပင်စုလေးက ခုန်ဆွခုန်ဆွဖြစ်နေ၏။


တံခါးဖွင့်လိုက်သောအခါ ရှောင်းမျန်မျန်က လူစိမ်းနှစ်ယောက်ကိုမြင်လိုက်ရသည်။

“ဘယ်သူပါလဲ”


ချန်ရှို့ယွင်က ရှောင်းမျန်မျန်၏ပါးကိုညှစ်လိုက်သည်။

“အသဲလေး အဒေါ်က သမီးခဲအိုလောင်းဝမ်ရူကွေ့ရဲ့ဆွေမျိုးပါ အထဲကိုမြန်မြန်ပေးဝင်ပါ‌‌ဦး”


ရှောင်းမျန်မျန်က သူမမျက်နှာကိုခပ်ကြမ်းကြမ်းဆွဲခံလိုက်ရသဖြင့် ရုန်းလိုက်သည်။

“သမီး အဒေါ့်ကိုမသိဘူး မမကြီးကိုသွားမေးလိုက်ဦးမယ်”


ရှောင်းမျန်မျန်ကထိုသို့ပြောပြီးနောက် တံခါးပြန်ပိတ်တော့မည့်အချိန်တွင် ရှစ်ရှိုးနန်က အတင်းတိုးဝင်လာ၏။ ရှောင်းမျန်မျန်က နောက်သို့ခြေနှစ်လှမ်းလောက်ယိုင်သွားသည်။


ထို့နောက် ဘန်းခနဲလဲကျသွားလေသည်။


တင်ပါးအောင့်သွားသဖြင့် ရှောင်းမျန်မျန်၏မျက်လုံးများက နီရဲလာသည်။

“လူဆိုးတွေ သမီးအဖိုးကိုပြောပြီး သေနတ်နဲ့ပစ်သတ်ခိုင်းမယ်”


“ဟားဟားဟား လမ်းဖယ်စမ်း ကလေးစုတ်”


ရှစ်ရှိုးနန်က သူ့ကိုတားနေသည့် ရှောင်းမျန်မျန်ကိုကန်ထုတ်လိုက်ကာ အထဲသို့ခြေတံရှည်ကြီးများဖြင့်ဝင်လာသည်။


ရှောင်းမျန်မျန်က ပြင်းထန်စွာအကန်ခံလိုက်ရသဖြင့် မြေကြီးပေါ်သို့ ထပ်ပြုတ်ကျသွားကာ နံရံနှင့်ခေါင်းကိုရိုက်မိသွားသည်။သူမက အော်ငိုလိုက်တော့သည်။

“မမကြီး လူဆိုးတွေလာနေပြီ”


ချန်ရှို့ယွင်က ရှစ်ရှိုးနန်၏အပြုအမူများကို သဘောမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်ဤသုံးနှစ်အတွင်းတွင် သူ၏စိတ်နေစိတ်ထားက အလွန်ဆိုးရွားလာသဖြင့် သူမလည်းသူ့ကိုမဆွဲရဲပေ။


ရှစ်ရှိုးနန်က ခြံထဲသို့ခြေချလိုက်ချင်းမှာပင် အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက်ပေါ်လာကာ သူ့ဆီသို့ဦးတည်လာလေသည်။


ရှစ်ရှိုးနန်က မြေကြီးပေါ်သို့လဲကျသွားသည်။သူကောင်းကောင်းမမြင်နိုင်ခင်မှာဘဲ ထိုအရာက ပါးစပ်ဟာကာ သူ့ခြေထောက်ကိုကိုက်လိုက်သည်။


“အားးး ကယ်ကြပါဦး.......”