အပိုင်း၃၀၇
Viewers 67k

🍵Chapter 307




ချန်ရှို့ယွင်တစ်​ယောက် ရှစ်ရှိုးနန် ​​ခွေး​တစ်​ကောင်ထံမှ တွန်းလှဲခံလိုက်ရပြီး ​ခြေသလုံး ​သွေးစက်စက် ကျသည်အထိ ကိုက်ဖြဲခံလိုက်ရသည်ကို မြင်​သောအခါ ထိတ်လန့်ဖြူ​​လျော်သွား​လေသည်။ 


ရုတ်တရက်ဆိုသလို သူမက အိမ်​ထောင့်မှ တံမြက်စည်းကို ​ကောက်ကိုင်ကာ လမုန့်​လေးကို ရိုက်ပစ်လိုက်သည်။


လမုန့်​လေးမှာ ​ခေါင်းကို အရိုက်ခံလိုက်ရပြီးနောက် ရှစ်ရှိုးနန်၏ ​ခြေသလုံးမှာလည်း အသံကျယ်ကျယ်ဖြင့် ​ပြေ​​လျော့သွား​လေသည်။


"ဂရူး"


လမုန့်​လေးက သူမကို လှမ်း​ဟောင်လိုက်ပြီး သူမကို ခုန်အုပ်ရန် ပြင်သည်။


ချန်ရှို့ယွင်က ​ကြောက်လန့်တကြားဖြင့် ​နောက်ပြန်ဆုတ်သွားပြီး သူ့​နောက်မှ ​ရှောင်းမျန်မျန်အား ​တွေ့လိုက်ရချိန်တွင် သူမကို ကြက်က​လေး ငှက်က​လေးကဲ့သို့ ​အ​လောတကြီး ​ကောက်မလိုက်သည်။


လမုန့်​လေးမှာ ​ရှောင်းမျန်မျန် အဖမ်းခံလိုက်ရသည်ကို ​တွေ့လိုက်ရ​သောအခါ ခုန်မဝင်ရဲ​တော့​ပေ။ 


​ရှောင်းမျန်မျန်၏ ​လည်ပင်းက ​ကော်လာရာများဖြင့် ရဲတွတ်လာပြီး ရုန်းကန်လျက်ဖြင့် ​အော်ငို​လေ​တော့သည်။


 "အန်တီတို့ အားလုံး လူဆိုးကြီး​တွေပဲ... သမီး ဘိုးဘိုးကို လာသတ်ခိုင်းမယ်"


​ချန်ရှို့ယွင် သူမကို ​ချော့​မော့လိုက်သည်။ "သမီးက မျန်မျန်မို့လား... အန်တီနဲ့ ဦး​​လေးက လူဆိုး​တွေ မဟုတ်ပါဘူးကွယ်... မငို​နဲ့​တော့​နော်... ဟုတ်ပြီလား"


​ရှောင်းမျန်မျန်က ငိုရလွန်း၍ မျက်လုံးများ နီရဲလာသည်။ "လိမ်​နေတာ အန်တီတို့က လူဆိုး​တွေ"


တံခါးနှင့် မီးဖို​ချောင်းက ​အ​တော်​လေး ကွာလှမ်းလှ၏။ ထုံရွှယ်လူမှာ လက်ရှိတွင် အိုးထဲသို့ ပိန်းဥပြား​ကြော်အချိုကို ​ကြော်​​လှော်​နေခြင်း ဖြစ်သည်။ ​ယောင်းမဖြင့် ​လှော်​​နေသည့် အသံနှင့် အိုး​အောက်​ခြေမှ တရှဲရှဲ မီးသံတို့က အပြင်ဘက်မှ အသံများကို တားဆီးထားသလို ဖြစ်​နေ၍ လမုန့်​လေး၏ ​ဟောင်သံသဲ့သဲ့ကို ကြားလိုက်ရချိန်မှသာ တစ်ခုခု မှား​နေ​ကြာင်း သ​ဘော​ပေါက်သွား​လေသည်။ 


သူမက ​ယောင်းမနှင့် ဒယ်အိုးကို ​ကောက်ယူကာ ​ပြေးထွက်လာခဲ့သည်။


အိမ်​​ရှေ့သို့ ​ရောက်လာ​သောအခါ ​ရှောင်းမျန်မျန်က ချန်ရှို့ယွင်ထံမှ အဆွဲခံထားရပြီး မျက်နှာများ နီလာသည်အထိ ငို​​ကြွေး​နေသည်ကို မြင်​သောအခါ ​ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။


ချန်ရှို့ယွင် သူမကို ​တွေ့​သောအခါ ရန်သူအကြီးစားနှင့် ရင်ဆိုင်​နေရသည့်အလား ခံစားလိုက်ရပြီး ​ရှောင်မျန်မျန်ကို သူမဘက်သို့ ပိုပို၍ ဆွဲယူလိုက်​လေသည်။


 "ရွှယ်လူ အထင်မလွဲနဲ့​နော်... နင်ထင်​နေသလို မဟုတ်ဘူး... ငါတို့က နင်နဲ့ ရူ​ကွေ့ဆီ လာလည်ရုံ​လေးပါ... ရုတ်တရက်ကြီး ​​ခွေးရူးတစ်​ကောင်က လူ​တွေကို ရူးရူးနှမ်းနှမ်း လိုက်ကိုက်​နေလို့ သူ့ကို ကိုက်မိမှာစိုးလို့ ထိန်း​ပေးထားရုံ​လေး"


​ရှောင်းမျန်မျန်က စကား​ပြောချင်​နေ​သော်လည်း ချန်ရှို့ယွင်က သူမ၏ ပါးစပ်ကို အုပ်ထားသဖြင့် မျက်ရည်များသာ တစ်လုံးပြီး တစ်လုံး ကျဆင်း​နေ​လေရာ ထုံရွှယ်လူကို များစွာ စိတ်​သောက ​ရောက်သွား​စေသည်။


"ဒီကို ပြဿနာ လာရှာတာ မဟုတ်ရင် အခုချက်ချင်း လွှတ်​ပေးလိုက်"


ချန်ရှို့ယွင် ​ခေါင်းယမ်းပြလိုက်သည်။ 


"ရွှယ်လူ... နင် ​​ခွေးရူးကို မြန်မြန် ချည်လိုက်ဦး... ​ခွေးကို ချည်​ပေးရင် လွှတ်​ပေးမယ်"


လမုန့်​လေးက ဆက်ပြီး မခုန်အုပ်​တော့​သော်လည်း သူက ရှစ်ရှိုးနန်၏ ​ခြေလှမ်းတိုင်းကို အဆက်မပြတ် တားဆီးထားသည်။ ရှစ်ရှိုးနန်သာ လှုပ်ရှားရဲပါက သူသည်လည်း ချက်ချင်းခုန်အုပ်ကာ ကိုက်ပစ်ရန် အသင့်ပြင်ထားသည်။ 


ထုံရွှယ်လူက ​ရှောင်းမျန်မျန်ကို ကြည့်ကာ နှစ်သိမ့်​ပေးလိုက်သည်။ "မျန်မျန်...မငိုနဲ့​​နော်... မမရှိတယ်... မ​ကြောက်နဲ့"


​ရှောင်းမျန်မျန်က သူမ အစ်မ၏ စကားကို ကြား​သောအခါ ရုန်းကန်​နေခြင်းကို ရပ်လိုက်​သော်လည်း မျက်ရည်များက ကျဆင်း​နေဆဲဖြစ်သည်။


ထုံရွှယ်လူက ​ရှောင်းမျန်မျန်ကို နှစ်သိမ့်​ပေး​နေရင်း လမုန့်​လေးကို ​အော်​ခေါ်လိုက်သည်။ "လမုန့်​လေး ဒီကိုလာ"


လမုန့်​လေးက တစ်ခဏမျှ တုံ့ဆိုင်းသွား​​သော်ငြား အဆုံးတွင် ရှစ်ရှိုးနန်ကို လက်လွှတ်ကာ ပြန်​​ပြေးလာခဲ့သည်။


ထုံရွှယ်လူက ​ကော်ရစ်ဒါတစ်ဖက်မှ ကြိုးတစ်​ချောင်း ရှာလိုက်ပြီး ချန်ရှိုးယွင်ကို ကြည့်ကာ ​ပြောလိုက်သည်။ "​ခွေးကို ချည်လိုက်မယ်... ရှင် မျန်မျန်ကို လွှတ်​ပေးပြီး စကား​ပြောတာ ​​​ကောင်းမယ်"


ချန်ရှို့ယွင်က ထိုစကားကို ခပ်​ပေါ့​ပေါ့ မမှတ်ယူလိုက်​ပေ။ အဆုံးတွင် သူမက ထုံရွှယ်လူ၏ လက်ထဲ၌ အ​သေအလဲ ခံစားခဲ့ရသည်ပင်။


 "ငါ့ကို အရူးလာမလုပ်နဲ့...​ခွေးကို တင်းတင်းချည်ထား"


ရှစ်ရှိုးနန်၏ ​ခြေသလုံး၌ ​သွေးများ တစိမ့်စိမ့်ထွက်​နေပြီး နာကျင်မှု​ကြောင့် မျက်နှာတစ်ခုလုံး ရှုံ့တွ​နေ​လေသည်။ "ချည်ထားပြီးရင် ဒီလိုတိရစ္တာန်မျိုးကို သတ်စားမှပဲ ဖြစ်မယ်"


"ဝုတ်"


လမုန့်​လေးက ရှစ်ရှိုးနန်၏ စကားလုံးများကို နားလည်​နေသဖြင့် ​​သွားများ ဖြဲပြကာ ဟိန်း​ဟောက်လာသည်။


ထုံရွှယ်လူက သူတို့အား ​အေးတိ​အေးစက် ကြည့်လိုက်သည်။ 


"ကျွန်မ ​သေ​သေချာချာ ချည်​ပေးမယ်... ဒါ​ပေမယ့် ရှင်တို့ကို သတိ​ပေးထားမယ်​နော်... ရှင်က ဗိုလ်မှူးတစ်​ယောက်ရဲ့​မြေးကို ဖမ်းထားတာ... ချန်ရှို့ယွင် ရှင်လူကို ပြန်​ပေးဆွဲဖို့ စိတ်မကူးတာ ​​ကောင်းမယ်... မဟုတ်ရင် မနက်ဖြန်ကျရင် ရှင်အသက်မရှိ​တော့မှာ စိုးရတယ်"


အဘိုးက အလုပ်သွား​နေပြီး အဘိုးဝမ်နှင့် ဦး​လေးဇုန်းတို့က မနက်ပိုင်း​လေ့ကျင့်ခန်းလုပ်ရန် ပန်းခြံသို့ သွား​နေကြကာ ​ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကလည်း ​ကျောင်းတွင်းလှုပ်ရှားမှုများ လုပ်​ဆောင်ရန် သွားကြသဖြင့် သူမနှင့် ​ရှောင်းမျန်မျန်တို့သာ အိမ်မှာ ကျန်ရစ်​နေခဲ့သည်။ 


ယခုလက်ရှိတွင် အ​ရေးအကြီးဆုံးမှာ ဖက်ထုပ်​လေး၏ လုံခြုံ​ရေးသာ ဖြစ်ရာ ကျန်သည့်ကိစ္စများကို ​နောက်ပိုင်းမှသာ ​ဆွေး​နွေးရ​ပေ​တော့မည်။ 


ချန်ရှို့ယွင်က သူမ၏ ​ခေါင်းကို ယမ်းကာ နှုတ်ခမ်းကိုက်လိုက်သည်။ 


"မပူပါနဲ့... ငါတို့က နင့်ဆီ လာလည်ရုံပဲ... ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး... ​ခွေးကို မြန်မြန် ချည်လိုက်ဦး"


ချန်ရှို့ယွင်သည်လည်း ထိုအခိုက်တွင် ​နောင်တများစွာ ရမိပါ၏။ ရှစ်ရှိုးနန်မှာ အားကိုး၍ ရနိုင်သူ မ​ဟုတ်​ကြောင်း သိထားလျက်နှင့် သူ့ကိုပါ လာခွင့်မပြုလိုက်​သင့်​​ပေ။ ကိစ္စများက ထိုသို့ ဖြစ်လာ​လေရာ အဆုံးတွင် ခက်ခဲသွားမည်ကို စိုးရိမ်ရ​ပေသည်။ 


ထုံရွှယ်လူ သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်ကာ လမုန့်​​လေးကို ချည်​တော့မည်အပြုတွင် တံခါးဝ၌ ​ဝေ့ကျူးကျူး၏ နှစ်လိုဖွယ်ရာအသံ​လေး ထွက်​ပေါ်လာ​လေသည်။ 


"မမရွှယ်လူ​ရေ မျန်မျန်​ရေ... သမီး မနက်စာ လာစားတာ"


​ဝေ့ကျူးကျုး ဝင်လာပြီး​နောက် ကြက်​သေ​သေသွားသည်။ "မမရွှယ်လူ... ဘာ​တွေ ဖြစ်​နေတာလဲ"


ထုံရွှယ်လူ တည်ငြိမ်စွာ ​ပြောလိုက်သည်။


 "အိမ်ကို ​ဆွေမျိုး​တွေ လာကြတာ​လေ... လမုန့်​လေးက လူ​တွေကို မမှတ်မိ​​​တော့ မ​တော်တဆ ​ကိုက်မိသွားတာ... မ​ကြောက်နဲ့​​​နော်... ခဏ​လောက် ​ဘေးမှာ ထိုင်​နေဦး"


​​ဝေ့ကျူးကျူး: "မမရွှယ်လူ... သမီးအိမ်ပြန်ပြီး ဘိုးဘိုးကို သွား​ခေါ်လိုက်ရမလား"


ထုံရွှယ်လူ အလျင်စလို ​ပြောလိုက်သည်။ "ရတယ်... ခဏ​နေကျမှ မမ သူတို့ကို ​ဆေးရုံ​ခေါ်သွား​ပေးလိုက်မယ်"


ချန်ရှို့ယွင်မှာ ထုံရွှယ်လူဘက်က သူမကို အသိအကျွမ်းဟု ​ပြောလာပြီး ​ဝေ့ကျူးကျူးကလည်း ဆယ်​ကျော်သက်အရွယ်သာ ရှိ​သေးသည်ကို ​တွေ့လိုက်ရ​​သဖြင့် ရှစ်ရှိုးနန်အား သူမကို ဖမ်းထားလိုက်ရန် မ​ပြောခဲ့​ပေ။ 


သူမက နိုးနိုးကြားကြား ဖြစ်​နေ​သော အသိစိတ်ကို ​ဖြေ​လျော့မိလိုက်သည့် အချိန်မှာပင် ထုံရွှယ်လူက ရုတ်တရက် လက်ထဲမှ ကြိုးကို ​ဖြေ​ပေးလိုက်ပြီး ​အေးတိ​အေးစက် ​အော်လိုက်သည်။ 


"ပဲပေါက်လေး... အဲ့ဒီမိန်းမရဲ့ ဖင်ကိုကိုက်... လမုန့်​လေး သွား​တော့"


ချန်ရှို့ယွင်: ? ? ?


​နောက်ကျသွား​လေပြီဟု ဆိုရမည့်အချိန်တွင် ပဲပင်​ပေါက်​လေး၏ ပုံရိပ်​​လေးက တံခါးဝမှ လှစ်ကနဲ ​ပြေးလာပြီး ချန်ရှို့ယွင်ထံသို့ အ​ပြေးဝင်လုံးလာသည်။ သူမ ပြန်မတုံ့ပြန်လာခင်မှာပင် ပဲပင်​ပေါက်​လေးက သူမ၏ ပါးစပ်ကို ဟကာ အားရပါးရကိုက်ခဲလာခဲ့သည်။


"အား..."


ချန်ရှို့ယွင်၏ တင်ပါးကို ပဲပင်​ပေါက်​လေးက ကိုက်လိုက်သဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွားပြီး ​​ခွေးကို ​ခြောက်လှန့်ရန်အတွက် ရှောင်းမျန်မျန်ကို အမှတ်တမဲ့ လက်လွှတ်​ပေးလိုက်မိသွားသည်။


တစ်ချိန်တည်းမှာပင် လမုန့်​လေးက တစ်ဟုန်ထိုး ​ပြေးလာပြီး ပြန်ထရန် ကြိုးစား​နေသည့် ရှစ်ရှိုးနန်ကို ကိုက်ခဲလိုက်သည်။


"အား..."


ထို​ယောကျ်ားနှင့် မိန်းမတို့မှာ အိမ်ဝင်းထဲတွင် သံပြိုင်​အော်ဟစ်လိုက်ကြ​လေသည်။


​ရှောင်းမျန်မျန်က ထိုအခွင့်အ​ရေးကို ယူကာ ချန်ရှို့ယွင်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ငိုရင်းဖြင့် ​ပြေးလာခဲ့သည်။ 


ထုံရွှယ်လူက ​ဘေးနားမှ ​ယောက်မကို ​ကောက်ယူကာ ​ပြေးလာခဲ့သည်။ 


"ကျူးကျုး​ရေ... မမကို ကူပြီး မျန်မျန့်ကို တွဲ​ပေးထားပါဦး"


​ဝေ့ကျူးကျူးက ထိုအ​ပြောင်းအလဲများကြောင့် လွန်စွာ အံ့အားသင့်သွားပြီး ပါးစပ်ကိုပင် မပိတ်နိုင်​​တော့​ပေ။ ကံအား​လျော်စွာဖြင့် က​​​လေးမ​လေးက ဥာဏ်​ရှိရှိ တုန့်ပြန်နိူင်ခဲ့ပြီး မျက်ရည်အပြည့်ဖြစ်​နေသည့် ​ရှောင်းမျန်မျန်ကို သွား​ရောက်ဆွဲ​​ခေါ်လိုက်သည်။ "သွားစို့... ငါ့အဘိုးနဲ့ အဘွားကို သွား​ခေါ်ကြမယ်" 


​ရှောင်းမျန်မျန်က အစ်မဖြစ်သူကို စိုးရိမ်​နေသဖြင့် ထွက်မသွားချင်​​ပေ။


ထုံရွှယ်လူက ​နောက်ထပ်အခိုက်အတန့်တွင် ချန်ရှို့ယွင်ကို ရှင်းလင်း​တော့မည်ဖြစ်၍ ​နောက်လာမည့် မြင်ကွင်းများကို က​လေးမ​လေးနှစ်​ယောက် မမြင်သွား​စေချင်ခဲ့​ပေ။ 


သူမက ​ဖက်ထုပ်​လေးဆီသို့ သွားကာ ဖက်လိုက်ပြီး​နောက် မျက်ရည်များကို သုတ်​ပေးကာ ​ပြောလိုက်သည်။ "မျန်မျန်... ဒီမှာ လမုန့်​လေးနဲ့ ပဲပင်​ပေါက်​လေးတို့ ရှိ​နေတာပဲ.... သူတို့​တွေ မမကို ထိခိုက်​အောင် လုပ်လို့မရဘူး... မမကျူးကျူးနဲ့ လိုက်သွားပြီး လူကြီး​တွေကို လာ​ပေးဖို့ ​ပြော​လိုက်နော်"


​​ရှောင်းမျန်မျန်၏ မျက်​တောင်ရှည်များထက်၌ မျက်ရည်ဥကြီးများ တွဲလွဲ​ခို​နေဆဲ ဖြစ်သည်။ "ဟုတ်... မမကျူးကျုူးနဲ့ အတူတူသွားပြီး လူကြီး​တွေကို သွား​ခေါ်လိုက်မယ်​နော်"


က​လေးမ​လေး နှစ်​ယောက် ထွက်သွား​သောအခါ ထုံရွှယ်လူက မီးဖို​ချောင်ထဲသို့ ပြန်ဝင်သွားပြီး ပန်းကန်လုံးနှစ်ခုကို ယူလာ၍ ပစ်​ပေါက်ခွဲလိုက်ရာ ​မြေ​ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲ​ကြေသွားခဲ့​လေသည်။ ထို့​​နောက် ပဲ​ပင်​ပေါက်​လေး ကိုက်ခံထားရဆဲ ဖြစ်သည့် ချန်ရှို့ယွင်၏ အ​နောက်သို့ သွားကာ ဒူးဆစ်ကို ကန်ချလိုက်သည်။


ချန်ရှို့ယွင်၏ ​ခြေ​ထောက်များ ​ပျော့​ခွေသွားပြီး ပန်းကန်ကွဲများ​​ပေါ်တွင် ဒူး​ထောက်ကျသွား​လေသည်။ 


ဒူးထက်တွင် စူးရှနာကျင်သွားပြီး ထိုနာကျင်မှုက ချန်ရှို့ယွင်ကို အသက်ရှူမှားသွား​စေသည်။ 


"ထုံရွှယ်လူ... ငါက နင့်​ယောက္ခမ ဖြစ်လာမဲ့သူ​နော်... ငါ့ကို ဒီလိုဆက်ဆံရင် မိုးကြိုးပစ်မှာ မ​ကြောက်ဘူးလား"


ထုံရွှယ်လူက သူမ မထနိုင်​စေရန် သူမ၏ ပုခုံးကို ဖိချလိုက်သည်။


 "အဲ့ဒီအချိန်တုန်းက... ရူ​ကွေ့က ​လေးနှစ်ပဲ ရှိ​သေးတာ... ရှင်​တောင် မိုးကြိုးပစ်ခံရမှာ မ​ကြောက်ဘဲ ကိုယ့်သားအရင်းကို နှိပ်စက်ခဲ့​သေးတာပဲ... ကျွန်မက ဘာလို့ ​ကြောက်ရမှာလဲ"


ချန်ရှို့ယွင်က သူမကို မီးဝင်းဝင်း​တောက်မတတ် စိုက်ကြည့်လိုက်သည်။ 


"..."


ထုံရွှယ်လူက သူမ၏ ပုခုံးကို အားသုံး၍ ဖိထားဆဲ ဖြစ်သည်။ "နာတယ်မလား... ရူ​ကွေ့တုန်းက ရှင့်ထက် အဆတစ်ရာ​လောက် ပိုနာခဲ့ရတာ​နော်"


က​လေးများ၏ အသားအရည်မှာ အနူးညံ့ဆုံးဖြစ်ပြီး ရူ​ကွေ့က ​လေးနှစ်သားအရွယ်​လေးမှာပင် လူမဆန်​သော နှိပ်စက်မှုများကို ခံစားခဲ့ရရှာသည်။ ထိုအ​ကြောင်းကို ​တွေးလိုက်တိုင်း စိတ်​​သောက ​ရောက်ရသည်။


ထို့အပြင် သူ့ကို နှိပ်စက်သူမှာ မိခင်အရင်းဖြစ်ပြီး စိတ်ဝိဥာဏ်ကို စိစိ​ညက်ညက်​ကြေ​အောင် ဖိနင်းခဲ့သည့် နည်းလမ်းများဖြင့် နှလုံးသားကို ပို၍ နှိပ်စက်ခဲ့သည်။


သူမက အခု ဒါကို လုပ်​လိုက်တယ်... ဒါ​ပေမယ့် ချန်ရှို့ယွင်လည်း သူ့နည်းလမ်းနဲ့သူ ပြန်ခံစားရတာပဲမလား...


အိမ်ဝင်းထဲတွင် ​အော်သံများ ကြားရသဖြင့် ရှန်ဝမ်ရုန် သူမ၏ ​မြေး ​ဝေ့ရန်ကို ​ခေါ်ကာ ​ရောက်လာခဲ့ချိန်တွင် ထိုမြင်ကွင်းကို ​တွေ့လိုက်ရ​သောအခါ ထိတ်လန့်သွား​လေသည်။ 


အသိ ပြန်ဝင်လာ​သောအခါ ရှန်ဝမ်ရုန် အ​ပြေးအလွှား ​မေးလိုက်သည်။ 


"ရွှယ်လူ ဒါက ဘာဖြစ်​နေတာလဲ"


ထုံရွှယ်လူ: "ဘွားဘွားရှန်... ဒီလူနှစ်​ယောက်က အိမ်ထဲကို ခိုးဝင်လာကြတာ... ကြိုးနှစ်​ချောင်း​လောက် သွားယူ​ပေးလို့ ရမလား... သူတို့ကို ချည်ထားမလို့"


ချန်ရှို့ယွင်က နာကျင်​ထိတ်လန့်​နေပြီး စိုးရိမ်တကြီး ​ပြောလိုက်သည်။ 


"ထုံရွှယ်လူ... နင်ငါတို့ကို ဘာလုပ်ချင်​နေတာလဲ... ငါတို့ကို ပြည်သူ့လုံခြုံ​ရေးဗျူရိုကို ပို့မလို့လား... ငါနင့်ကို နှစ်ခါပြန်စဥ်းစားဖို့ အကြံ​ပေးမယ်​နော်"


ရှန်ဝမ်ရုန်က ​ဝေ့ရန်ကို ကြိုးသွားရှာခိုင်းလိုက်ပြီး​နောက် ချန်ရှို့ယွင်ထံသို့ ​လျှောက်သွားကာ ပါးရိုက်ချလိုက်သည်။ 


"အိမ်ထဲကို ခိုးဝင်ခဲ့တာ​တောင် ရွှယ်လူကို ဘယ်လိုမျက်နှာနဲ့ ရဲမ​ခေါ်ဖို့ ​ဖြောင်းဖျ​​ရဲနေရ​သေးတာလဲ"


သူမက ယခု​လေးတင်ကပင် ​ရှောင်းမျန်မျန်​လေးတစ်​ယောက် မျက်နှာများ နီရဲလာသည်အထိ ငို​ကြွေး​နေသည်ကို ​တွေ့ခဲ့ရသဖြင့် နှလုံး​ရောဂါ ရလုနီးပါး ထိတ်လန့်သွားခဲ့သည်။


ချန်ရှို့ယွင်က မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာသည်။


 "အစ်မကြီးရယ်... နားလည်မှုလွဲ​နေတာပါ... ကျွန်မက ရူ​ကွေ့ရဲ့ အ​မေရင်းပါ... ကျွန်မကို ကျွန်မရဲ့ က​လေးနဲ့ နှစ်နှစ်ဆယ်​​လောက် ခွဲထားခဲ့ကြတာ... သူ လက်ထပ်​တော့မယ်ကြားလို့ လာကြည့်တာပါရှင်... သူခိုးမဟုတ်ရပါဘူး... ယုံပါ"


ရှန်းဝမ်ရုန် ကြက်​သေ​သေသွား​လေသည်။ သူမက ရူ​ကွေ့ရဲအ​မေရင်းတဲ့လား...


သူမက ဝမ်မိသားစုအ​ကြောင်း သိပ်မသိ​ပေ။ ဝမ်ရူ​ကွေ့​၏ မိခင်က ​စော​​စော ကွာရှင်းသွားသည်ဟူသည့် အ​ကြောင်းမှလွဲ၍ ကွာရှင်းရသည့် အ​ကြောင်းအရင်း အတိအကျကိုလည်း မသိခဲ့​​ပေ။ 


​သားသမီးဝတ်​ကျေပွန်သည်ဟူ​သော စကားလုံးကို ​အရင်​တွေးကြည့်ပါက သူမသည်သာ မိခင်ရင်းဖြစ်ခဲ့လျှင် ရွှယ်လူ သူမကို ထိုကဲ့သို့ ဆက်ဆံလိုက်ပါက ထိုအ​ကြောင်း အပြင်မှာ ပျံ့သွားခဲ့လျှင် သူမ၏ ဂုဏ်သတင်းကို ထိခိုက်နိုင်​ပေသည်။ 


ရှန်ဝမ်ရုန် ရုတ်တရက် မည်ကဲ့သို့ လုပ်ရမည်ကို မသိ​တော့သဖြင့် ထုံရွှယ်လူကို လှမ်းကြည့်လိုက်သည်။


ထုံရွှယ်လူက ဤတစ်​ကြိမ်တွင်လည်း ချန်ရှို့ယွင်တစ်​ယောက် ကြာပန်းဖြူနည်းလမ်းများကို ထုတ်သုံးလာဦးမည်ဟု မထင်ထားသဖြင့် သူမကို ဆက်ပြီး ရပ်မကြည့်နိုင်​တော့​ပေ။ 


"အဲ့ဒီအမှိုက်​​ကောင်​တွေကို အတူတူ တွဲချည်ရ​အောင်"


ချန်ရှို့ယွင်: "..."


​​ဝေ့ရန်က ကြိုးတစ်​​ချောင်း ယူလာပြီး ရှစ်ရှိုးနန်ကို ချည်လိုက်သည်။ ရှန်းဝမ်ရုန်နှင့် ထုံရွှယ်လူတို့က အတူတကွ ပူး​ပေါင်းကာ ချန်ရှို့ယွင်ကို ချည်တုပ်ထားလိုက်ကြသည်။ 


အဝတ်စုတ်တစ်ခုကိုလည်း သူတို့၏ ပါးစပ်ထဲတွင် ဆို့​ပေးထားလိုက်သဖြင့် စကား​ပြောနိုင်ကြမည် မဟုတ်​​ပေ။


ရှန်ဝမ်ရုန်က လူနှစ်​ယောက်ကို တစ်ချက်ကြည့်ကာ ​ပြောလိုက်သည်။ "ရွှယ်လူ... အခု ဘယ်လိုလုပ်ကြမလဲ... ပြည်သူ့လုံခြုံ​ရေးဗျူရိုကို သွားတိုင်ကြမလား... ဒါမှမဟုတ် သမီးရဲ့ မိသားစုကို ပြန်လာဖို့ အ​ကြောင်းကြားကြမလား"


ထုံရွှယ်လူက တစ်ခဏမျှ ​တွေး​တောကြည့်ပြီး​နောက် ဆိုသည်။ "ဘွားဘွားရှန်... ကျွန်မမှာ အကြံတစ်ခု ရှိတယ်"


"ဘယ်လိုလဲ"


ထုံရွှယ်လူက သူမအနားသို့ ကိုင်းကာ စကားအချို့ တီးတိုး​ပြောလိုက်သည်။ 


ရှန်ဝမ်ရုန်၏ မျက်နှာထက် ထိတ်လန့်သွားသည့် အမူအယာတစ်ခု ရှိ​နေပြီး မျက်ခုံးများလည်း စုကြုံ့သွားသည်။ "ဒါ... ဒါမ​ကောင်း​လောက်ဘူးမလား"


ထုံရွှယ်လူ: "အဲ့ဒါအပြင် အခြားနည်းလမ်း မစဥ်းစားတတ်​တော့ဘူး"