အပိုင်း၃၀၈
Viewers 67k

🍵Chapter 308




ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့မှာ အိမ်ထဲသို့ ခိုးဝင်ခဲ့​သော်ငြား အစိုးရဘက်မှ ထိုအပြုအမူအတွက် ရှင်းလင်းသည့် ပြစ်ဒဏ်မရှိ​​ပေ။ ထို့အပြင် ချန်ရှို့ယွင်က ရူ​ကွေ့၏ ​မွေးမိခင် ဖြစ်​​နေ​သေးသည်။ သူမသာ ​ဆွေမျိုးတစ်​ယောက်ဟု ​ပြော​နေသ​ရွေ့ ​ဆွေ​မျိုးတစ်​ယောက်သာ ဖြစ်​နေ​သေးသည်။ ခွင့်ပြုချက်မရဘဲ အိမ်ထဲသို့ ခိုးဝင်ရန် မဖြစ်နိုင်​ပေ။ 


​ရှောင်းမျန်မျန်ကို တိုက်ခိုက်သည့် ကိစ္စမှာလည်း ​ရှောင်းမျန်မျန်၏ ကိုယ်​ပေါ်မှ ဒဏ်ရာများမှာ ထိုနှစ်​​ယောက်​လောက် မပြင်းထန်လှ​ပေ။ သူတို့လက်ထဲမှ အဆက်အသွယ်များအားလုံး သုံးလျှင်ပင် အများဆုံး ဆယ်ရက်သာ အချုပ်ကျမည် ဖြစ်သည်။ 


သို့​သော်လည်း သူမတို့ဘက်တွင် ဆိုးကျိုးများစွာ ရှိလာနိုင်သည်။


ချန်ရှို့ယွင်သာ ဝမ်ရူ​ကွေ့၏ အ​​မေဟူ​သော အ​ထောက်အထား ​ပေါ်သွားပါက သူမနှင့် ဝမ်ရူ​ကွေ့တို့ နှစ်ယောက်လုံး၏ ဂုဏ်သတင်း ဆိုးရွားသွားနိုင်သည်။ အထူးသဖြင့် သူမအတွက် ဘွဲ့မရနိုင်​လောက်သည်အထိ ဖြစ်သွားနိူင်သည်။


ချန်ရှို့ယွင်အတွက် လမ်းခင်း​​ပေးသလို ဖြစ်မသွားဘူးလား...


ထိုစဥ်ကလည်း ဝမ်မိသားစုဘက်က ဘာကိုမှ မလုပ်ခဲ့သဖြင့် ယခုတွင်လည်း သူမ လုပ်နိုင်မည် မဟုတ်​​ပေ။ သူမသာ ထိုသို့ လုပ်လိုက်ပါက ရန်သူတစ်​​ထောင်ကို သတ်မိနိုင်ရန်အတွက် သူမဘက်က လူရှစ်ရာ အန္တရာယ် ကျသွားနိုင်သည်။ 


ထို့အပြင် နှစ်​ပေါင်းများစွာ ကုန်လွန်သွားပြီ ဖြစ်၍ ယခုမှ ထုတ်​ပြောလိုက်ပါက ချန်ရှို့ယွင်အတွက် လမ်းခင်း​​ပေးရုံသာ ဖြစ်မည်။ အလွန် ​နောက်ကျသွား​လေပြီ ဖြစ်၍ သူတို့ကို အသ​ရေဖျက် အပုပ်ချသည်ဟု ဆိုကာ အလွယ်တကူ အကိုက်ခံရနိုင်သည်။


သူတို့သာ ရဲမ​ခေါ်ဘဲ ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့နှင့်အတူ ရှင်သန်လိုပါက တစ်ခုတည်း​သော နည်းလမ်းမှာ...


နာရီဝက်အကြာ အခန်းထဲမှ "ချပ်ချပ်ချပ်" ဟူ​သော ကင်မရာရိုက်သံများ ထွက်​ပေါ်လာသည်။


ထိုအခိုက် ချန်ရှို့ယွင်က ရင်ပြတ်အင်္ကျီ​လေး တစ်ခုသာ ဝတ်ထားပြီး အတွင်းခံသာ ဝတ်ထားသည့် ရှစ်ရှိုးနန်၏ ရင်ခွင်ထဲတွင် မျက်လုံးများ မှိတ်ထားသည်။ ထုံရွှယ်လူက ရိုက်ချက်​ထောင့်များစွာ ​ရွေးချယ်ခဲ့ပြီး ချန်ရှို့ယွင်၏ မျက်နှာကိုသာ အသား​ပေးထားကာ ရှစ်ရှိုးနန်၏ မျက်နှာကို တမင်သက်သက် မရိုက်ခဲ့​ပေ။


ရှန်ဝမ်ရုန်က ထုံရွှယ်လူတစ်​ယောက် ထိုလူနှစ်​ယောက်အား တည်တည်ငြိမ်ငြိမ် ဓါတ်ပုံရိုက်​နေသည်ကို ကြည့်​နေပြီး သူမ၏ အဘွားကြီးမျက်နှာမှာ ​သွေးများ​ပေါက်ထွက်လုနီးပါး ပူ​​နွေး​နေခဲ့သည်။ 


ဓါတ်ပုံအချို့ ရိုက်ပြီး​နောက် ထုံရွှယ်လူက ကင်မရာကို ​ဘေးပို့ကာ ​ပြောလိုက်သည်။ "ဘွားဘွားရှန် ကျွန်မကို လာကူ​ပေးပါဦး"


ထိုစကားကို ကြား​သောအခါ ရှန်ဝမ်ရုန်က အ​​လောတကြီး ​ရှေ့တိုးလာပြီး ထုံရွှယ်လူကို ကူ၍ ချန်ရှို့ယွင်ကို အ​ပေါ်ဝတ်အင်္ကျီ ဝတ်​ပေးလိုက်ပြီး ​ဘောင်းဘီချွတ်ကာ အတွင်းခံသာ ချန်ထားလိုက်ပြီး မျက်နှာကို ဖုံးထားရန်အတွက် ဆံပင်ချည်​ပေးလိုက်သည်။ 


ချန်ရှို့ယွင် ဝတ်ထား​သော အဝတ်များမှာ သူမ အဝတ်များ မဟုတ်ဘဲ ထုံရွှယ်လူ၏ အဝတ်များ ဖြစ်သည်။ ချန်ရှို့ယွင်မှာ အသက်ငါးဆယ်နားနီး​နေပြီ ဖြစ်​သော်လည်း အလွန် ပိန်သွယ်သည်။ ထုံရွှယ်လူ၏ အဝတ်များ ဝတ်ထား​သောအခါ ​နောက်မှ ကြည့်လျှင် အသက်နှစ်ဆယ် အရွယ်မိန်းမပျို​လေးဟုသာ ထင်ရနိုင်​လောက်သည်။ 


သူတို့ကို အဝတ်ဝတ်​ပေးပြီး​နောက် သူတို့၏ အ​နေအထားကို ​​ရွှေ့ကာ ရိုက်ကွင်းကိုလည်း ​ပြောင်းလဲလိုက်သည်။ ထို့​နောက် ထုံရွှယ်လူတစ်​ယောက် ကင်မရာ ပြန်ကိုင်ကာ ဓါတ်ပုံများ ဆက်ရိုက်​​လေ​တော့သည်။


သူမက ဤတစ်ကြိမ်တွင် ရှစ်ရှိုးနန်၏ မျက်နှာကို အဓိကထားပြီး ချန်ရှို့ယွင်၏ မျက်နှာကိုမူ တမင်တကာ ကွယ်ထားသည်။ 


လွန်ခဲ့သည့် နှစ်နှစ်ဆယ်​ကျော်က ​သူတို့ ​ဖောက်ပြန်ခဲ့သည့် သက်​သေ မရှိသဖြင့် သူမက သူတို့အတွက် သက်​သေဖန်တီး​ပေးရ​ပေ​တော့မည်။


သူမက ဓါတ်ပုံ အတွဲ နှစ်တွဲကို ရိုက်ယူခဲ့ပြီး တစ်ခုမှာ ချန်ရှို့ယွင်က လက်ပြတ်အင်္ကျီ ဝတ်ကာ မျက်နှာမ​ပေါ်သည့် ​ယောကျ်ားတစ်​​ယောက်နှင့် အိပ်​နေပုံဖြစ်ပြီး အခြားတစ်ခုမှာ ရှစ်ရှိုးနန်က အတွင်းခံသာ ဝတ်ထားပြီး မျက်နှာမ​ပေါ်သည့် မိန်းမငယ်​လေးတစ်​ယောက်နှင့် အိပ်စက်​နေပုံဖြစ်သည်။ 


ရိုက်ကူး​ရေး ပြီးဆုံးသွား​သောအခါ ထုံရွှယ်လူက ​ဝေ့ရန်ကို ​ဝင်လာခိုင်းလိုက်ပြီး ထိုနှစ်​ယောက်ကို ​မြေပြင်​ပေါ်သို့ အတူ ဆွဲချကာ ​ရေတစ်ပုံး ​လောင်းချလိုက်သည်။


​ရေ​အေးများက သူတို့၏ မျက်နှာထက်သို့ ရိုက်ခတ်လာသည့်အတွက် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ လန့်ဖျတ်သွားကြပြီး သတိ​မေ့​နေရာမှ နိုးလာကြသည်။ 


ချန်ရှို့ယွင်က မျက်​တောင်တဖျတ်ဖျတ် ခတ်ကာ မိုးလာပြီး​နောက် သူမ၏ တစ်ကိုယ်လုံး နာကျင်မှု မရှိသည်ကိုသာ ခံစား​နေရသည်။


သူမက မည်သည့်​နေရာတွင် ​ရောက်​နေသည်ကို တစ်ခဏ​လောက်ထိ သတိမထားမိဘဲ ​ခြေ​ထောက်များထက် ​အေးစိမ့်စိမ့် ဖြစ်လာမှသာ တုန်ယင်သွားမိသည်။


​နောက်ထပ် အခိုက်အတန့်တွင် ​သူမ၏ ကိုယ်ထက် ​ဘောင်းဘီများ မရှိ​တော့​ကြောင်း သတိပြုမိသွားသဖြင့် အော်ဟစ်လိုက်​လေသည်။ သူမက အတွင်းခံများ ဝတ်ထားဆဲ ဖြစ်​သော်ငြား တွင်းကြီးကြီး တူးကာ ဝင်ပုန်းလိုက်ချင်သည်အထိ ရှက်ရွံ့သွား​လေသည်။


ရှစ်ရှိုးနန်ကမူ အဆက်မပြတ် ကျိန်ဆဲ​နေသည်။ "မင်းတို့​တွေ ဘာ​သောက်လုပ်​တွေ လုပ်​​နေတာလဲ"


ရှစ်ရှိုးနန် သတိရလာသည့်အချိန်မှာပင် ​ဝေ့ကျူးကျူး၊ ​ရှောင်းမျန်မျန်နှင့် ​ဝေ့ရန်တို့က သူ့ကို ကန်​ကျောက်ရိုက်နှက်ထားသဖြင့် သူ့တစ်ကိုယ်လုံး ​ကြွေမွ​နေသည့်အတိုင်းပင်။ 


ထုံရွှယ်လူ ​အေးတိ​အေးစက် ​ပြောလိုက်သည်။ 


"ရှင်တို့​တွေ နိုးလာကြပြီဆိုရင် ကျွန်မ​ပြောမဲ့ စကား​တွေကို မှတ်ထားတာ အ​ကောင်းဆုံးပဲ"


​ပြောပြီး​နောက် သူမက တစ်ဖက်မှ ကင်မရာကို ​ကောက်ယူကာ ထိုနှစ်​ယောက်ထံ ​လျှောက်လာ​နေသည်။ "ရှင်တို့ သတိ​မေ့​နေတုန်းက ဓါတ်ပုံ​တွေ အများကြီး ရိုက်ထားလိုက်​သေးတယ်... အစစ်နဲ့တူ​အောင် ရှင့်ကို မိန်းမငယ်​​လေးလို ပြင်ဆင်​ပေးထား​သေးတယ်... ကြည့်လိုက်ပါဦး... ရှင်တို့ နှစ်​ယောက် ​ဖောက်ပြန်​နေတယ်လို့ မခံစားရဘူးလား"


ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ မျက်လုံးများ ပြူးကျယ်သွားပြီး ယခု​လေးတင် ဖြစ်ခဲ့သမျှကို ခပ်​ရေး​ရေး နားလည်သွား​လေသည်။


ချန်ရှို့ယွင်၏ မျက်လုံးများမှာ ​ပေါက်ထွက်လုနီးပါး ပြူးကျယ်သွားသည်။ "ထုံရွှယ်လူ... ဓါတ်ပုံချက်ချင်း ဖျက်​ပေးစမ်း"


ထုံရွှယ်လူ၏ နှုတ်ခမ်းများ တွန့်​ကွေးသွား​လေသည်။ "ဘာမဟုတ်တာ​တွေ ​လျှောက်​ပြော​နေတာလဲ... ဘာလို့ ကျွန်မက သက်​သေကို ဖျက်​ပေးရမှာလဲ... ဒီ​နေ့ကစပြီး ရှင် ဝမ်မိသားစုနဲ့ ရူ​ကွေ့​ရှေ့ကို ​ပေါ်မလာ​စေနဲ့... မဟုတ်ရင် ရှင်တို့ နှစ်​ယောက်ရဲ့ ပုံကို ဖြန့်ပစ်လိုက်မှာ"


ထိုလူနှစ်​ယောက်အား အပြစ်​ပေးရန်အတွက် လက်ကို ညစ်ပတ်​စေသည် ဖြစ်ဖြစ် ဥပ​ဒေကို ချိုး​ဖောက်ခြင်း ဖြစ်ဖြစ် ထုံရွှယ်လူက နည်းလမ်းတစ်ခုကို ​​တွေးထားပြီးသား ဖြစ်သည်။ သို့​သော် အ​ကောင်အထည်​ဖော်ရန် အချိန်ယူရ​ပေဦးမည်။



ထိုအကြံ မဖြစ်​မြောက်ခင် ထိုလူနှစ်​ယောက်ကို ဝမ်မိသားစုအိမ်သို့ အချိန်နှင့်အမျှ ​ရောက်မလာ​စေရန် ​သေချာ​လုပ်ထားရမည်ဖြစ်သည်။ ဝမ်ရူ​ကွေ့အား သွားရှာ​စေ၍မရ​ပေ။ 


ထို့ကြောင့် သူမလက်ထဲရှိ ဓါတ်ပုံများမှာ သူတို့ကို ထိန်းချူပ်ရာတွင် အ​ကောင်းဆုံးလက်ကိုင်ပစ္စည်းများ ဖြစ်ကြသည်။


ချန်ရှို့ယွင်၏ မျက်နှာက နီရာမှ ဖြူ​လျော်လာခဲ့သည်။ "ငါမ​ဖောက်ပြန်ဘူး... နင်ငါတို့ကို အ​သ​ရေဖျက်​နေတာပဲ... နင်ဥပ​ဒေကို ချိုး​ဖောက်​နေတာ"


ထုံရွှယ်လူ ပြုံးလိုက်သည်။ "ရှင်မ​ဖောက်ပြန်ဘူးတဲ့လား... ရှင်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်​ကျော်​ကတည်းက ​ဖောက်ပြန်​နေခဲ့တာ​လေ... အဲ့ဒီအချိန်တုန်းက ရခဲ့တဲ့ က​လေးက ရှင်နဲ့ ကြာကူလီ​ကောင်ရဲ့ က​လေး​​တောင် ဖြစ်နိုင်​သေးတယ်... မဟုတ်ဘူးလား"


ထုံရွှယ်လူမှာ ချန်ရှို့ယွင် ကိုယ်ဝန်ရှိ​နေစဥ်က ဝမ်ရူ​ကွေ့နှင့် တိုက်မိသွားပြီး ပျက်ကျသွားခဲ့ရသည့် ကိစ္စကို အချိန်အ​​တော်ကြာ ​တွေးထားပြီးသား ဖြစ်သည်။ 


သာမန်လူသာဆို ဒီလို ထူးဆန်းပြီး ရက်စက်တဲ့ နည်းလမ်းအရာ​တွေ လုပ်မှာ မဟုတ်​ပေမယ့် ချန်ရှို့ယွင်က​တော့ လုပ်​လောက်တယ်...


သူမက သူမ၏ သားအရင်းဖြစ်သည့် ဝမ်ရူ​ကွေ့အ​ပေါ် ရက်စက်ခဲ့သည်သာမက သူမကိုယ်သူမလည်း ရက်စက်စွာ ပြုမူခဲ့သည်။ သူမသာ ​ခြောက်လသား က​လေးကို ပျက်ကျ​စေချင်လျှင် ထိုသို့ ပြုလုပ်နိုင်​သေးသည်။


ဤ​ခေတ်၏ ​ဆေးပညာအဆင့်အတန်းက နိမ့်ကျ​နေ​သေး​လေရာ သူမသာ ဂရုမစိုက်ပါက အချိန်မ​ရွေး ​သေသွား​စေနိုင်သည်။ ထိုမိန်းမက အမှန်ပင် ရက်စက်လွန်း​လှပေသည်။


ချန်ရှို့ယွင်၏မျက်နှာ ဖြူ​လျော်သွားသည်။ 


"နင် ဘာမဟုတ်တာ​တွေ ​ပြော​နေတာလဲ... က​လေးက ရူ​ကွေ့ရဲ့ ညီ​လေးပဲ... သူသာ ငါ့ဆီကို ပစ်ဝင်မလာရင် က​လေးက ဘယ်လိုလုပ် ပျက်ကျသွားရမှာလဲ... ငါ​တောင် ​သေမလို ဖြစ်သွားခဲ့တာ"


ရှန်ဝမ်ရုန်နှင့် ​​ဝေ့ရန်မှာ သူတို့နှစ်​ယောက်၏ စကားများကို ကြား​သောအခါ ထိတ်လန့်သွားကြပြန်သည်။ 


မထင်မှတ်ထားစွာပင် ဝမ်ရူ​ကွေ့၏ မိဘများ ကွာရှင်းကြ​သောအခါ ဖုံးကွယ်ထား​သော ကိစ္စများ ရှိ​နေခဲ့သဖြင့် ဆယ်စုနှစ် နှစ်စု​လောက်ထိ အဆက်အသွယ် မရှိကြခြင်း ဖြစ်​​နေသည်။


ထုံရွှယ်လူ ​ပြောလိုက်သည်။ 


"အဲ့ဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စ​တွေကို ရှင်နဲ့ ပြိုင်ငြင်းမ​နေ​တော့ဘူး... ကျွန်မ ​ပြောခဲ့တဲ့ စကား​တွေကိုပဲ မှတ်ထား... ​နောက်ဆို ကျွန်မတို့​ရှေ့ကို ​ပေါ်မလာနဲ့... မဟုတ်ရင် ရှင့်ကို ဂုဏ်သတင်း ပျက်​အောင် လုပ်ပြီး လမ်း​ဘေးကြွက်​တွေထက် ပိုဆိုးတဲ့ဘဝမှာ ​နေ​အောင် လုပ်​ပေးလိုက်မယ်"


ရှစ်ရှိုးနန်က အံတင်းတင်းကြိတ်ကာ ထုံရွှယ်လူကို စိုက်ကြည့်လိုက်ပြီး​နောက် ရုတ်တရက် ထရပ်၍ ထုံရွှယ်လူထံ ​ပြေးလာခဲ့သည်။ ထုံရွှယ်လူက သူနှင့် ပတ်သက်၍ သတိကြီးကြီး ထား​နေသဖြင့် ​ခြေ​ထောက်ကို ​မြှောက်ကာ မျိုးဆက်ပွားသည့်​နေရာကို ကန်လိုက်သည်။


"အု--"


ရှစ်ရှိုးနန်၏ မျက်နှာက ချက်ချင်းဆိုသလို ရဲတွက်လာခဲ့ပြီး မကြာခင် စာရွက်ဖြူတစ်ခုလို ဖြူဆုတ်သွားသည်။ သူ့မျက်လုံးများက သူမကို စိုက်ကြည့်​နေပြီး ကုန်းကုန်းကွကွဖြင့် နာကျင်စွာ ​အော်ဟစ်​နေ​လေသည်။


"ရှိုးနန်... အဆင်​ပြေရဲ့လား"


ချန်ရှို့ယွင်မှာ သူမကိုယ်သူမပင် ဂရုမစိုက်နိုင်ဘဲ ရှစ်ရှိုးနန်ဆီသို့ အ​ပြေးသွား​လေသည်။ ရှစ်ရှိုးနန်မှာ နာကျင်ရလွန်း၍ စကားတစ်ခွန်းမှ မ​ပြောနိုင်​​တော့​ပေ။ 


ထုံရွှယ်လူက အဝတ်များကို ​မြေ​ပေါ်သို့ ကန်ထုတ်လိုက်ပြီး​နောက် ​ပြောလိုက်သည်။ 


"အဝတ်အစား​တွေ ဝတ်ပြီး မြန်မြန် ထွက်သွား​တော့... တစ်မိနစ်အတွင်း ထွက်မသွားရင် ထပ်ရိုက်​ပေးမယ်"


ချန်ရှို့ယွင်: "..."


ရှစ်ရှိုးနန်: "..."


သူတို့နှစ်​ယောက်က ထုံရွှယ်လူကို စိုက်ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများမှာ ​ပေါက်ထွက်လုနီးပါး ဖြစ်​​နေကာ သူမကို ထိုးနှက်၍ အရိုးများ ချိုးပစ်ရန် မ​စောင့်နိုင်​တော့သကဲ့သို့ ဖြစ်​နေ​လေသည်။ 


သို့​သော်လည်း နှစ်​ယောက်သားမှာ စိတ်မ​ကျေမနပ်ဖြစ်ပြီး ​ဒေါသထွက်​နေရုံသာ တတ်နိုင်​လေ​တော့သည်။


အဝတ်များကို သာမန်ကာလျှံကာ ဝတ်ဆင်လိုက်ပြီး ​ရှောင်းအိမ်မှ ထွက်သွား​လေကြသည်။ 


ရှန်ဝမ်ရုန်က ထိုနှစ်​ယောက်၏ ​နောက်​ကျောကို ကြည့်ကာ စိုးရိမ်တကြီး ​ပြောလိုက်သည်။ "ရွှယ်လူ... သူတို့​တွေ ပြည်သူ့လုံခြုံ​ရေးဌာနကို သွာပြီးရင် ​ရဲ​​ခေါ်​နေကြရင်​ရော"


ထုံရွှယ်လူ ​ခေါင်းယမ်းပြလိုက်သည်။ "ဘွားဘွားရှန်... မပူပါနဲ့... သူတို့​တွေ မလုပ်ရဲပါဘူး"


သူမသာ ထိုဓါတ်ပုံများ မရှိခဲ့လျှင် သူတို့ကို ရိုက်နှက်သည့်အတွက် ရဲသွားတိုင်ကြ​​ပေလိမ့်မည်။ သို့​သော်လည်း ယခုတွင်မူ တိုင်ရဲကြလိမ့်မည် မဟုတ်​ပေ။ 


သို့​သော်လည်း ဓါတ်ပုံမရှိလျှင်ပင် သူတို့ ရဲသွားတိုင်ရမည့် အလှည့်မဟုတ်​သေး​ပေ။


ရှန်ဝမ်ရုန် သက်ပြင်းချလိုက်သည်။ "အဘွားလည်း ဝမ်မိသားစုက ရူ​ကွေ့ အ​မေ​အ​ကြောင်း ဘာလို့ မ​ပြောကြတာလဲ လို့ ​တွေး​နေ​သေးတာ... ဒီလို လူမျိုး ဖြစ်​နေမယ်လို့ မထင်ထားဘူး"


ထုံရွှယ်လူ နှလုံးသားထဲတွင် ​လှောင်ရယ်လိုက်သည်။ "အဘွား မ​တွေးနိုင်​လောက်တဲ့ အရာ​တွေ အများကြီး ရှိ​သေးတယ်... စကားမစပ် ဒီ​နေ့ဖြစ်ခဲ့တာ​တွေကို ဘယ်သူမှ မ​ပြောပါနဲ့​နော်"


ရှန်ဝမ်ရုန် သူမ၏ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ "ငါက ဘယ်သူမို့လဲ... ဒါနဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့"