အပိုင်း၃၀၉
Viewers 67k

🍵Chapter 309




ထုံရွှယ်လူက ခပ်မြန်မြန်ပင် သက်တံ့အီး(​မြှောက်ပင့်)များ ထုတ်​ပေးလိုက်သည်။


 "ဘွားဘွားရှန်က အယုံကြည်ရဆုံးသူပဲ... ကျွန်မ စိတ်​ချပါတယ်" 


ထိုအခိုက် အခန်းထဲတွင် နှစ်​​ယောက်တည်းသာ ကျန်ရှိ​နေသည်။ ​​ဝေ့ရန်မှာ အတွင်းခံသာ ဝတ်ထားသည့် ချန်ရှို့ယွင်ကို ​တွေ့လိုက်ရချိန်တွင် ​သွေးများ ​ပေါက်ထွက်လုနီးပါး ရှက်​သွေးဖြာသွား​​လေသည်။


ချန်ရှို့ယွင်နှင့် အခြားသူများ ထွက်သွား​သောအခါ သူသည်လည်း ချက်ချင်း ထွက်​ပြေးသွား​လေ​တော့သည်။ 


သို့​သော်လည်း သူတို့၏ ဓါတ်ပုံများမှာ ​နောက်ပိုင်းမျိုးဆက်များအတွက် အမှန်ပင် မှု​လောက်စရာ မဟုတ်​ပေ။ ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ နှစ်ဦးလုံးက ​နောက်ပိုင်းမျိုးဆက်များ၌ ကမ်း​ခြေတွင် ဘီကနီ ဝတ်ကြသူများထက် အဝတ်အစားများ​ ပိုဝတ်ထားကြသေးသည်။ 


သို့​သော်လည်း ဤ​ခေတ်တွင် သူတို့ကို ​​ကြောက်လန့်သွား​စေရန် လုံ​လောက်​နေပြီး အနည်းဆုံး အချိန်တစ်ခု​လောက်အထိ နှစ်​ယောက်လုံး ​ကြောက်လန့်​နေကြမည် ဖြစ်သည်။


ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့မှာ တစ်ကိုယ်လုံး နီးပါး နာကျင်လျက် နှလုံးထားထဲတွင်လည်း ​ဒေါသများ အပြည့်ဖြင့် ရှောင်းမိသာစုအိမ်မှ ထွက်လာခဲ့ကြသည်။ 


ရှစ်ရှိုးနန်က ချန်ရှို့ယွင်ကို မညှာမတာ တွန်းထုတ်လိုက်သည်။


 "မင်းမသွားရင် ငါကိုယ်တိုင်သွားမယ်... ပြည်သူ့လုံခြုံ​ရေးဗျူရိုကို သွားပြီး အဲ့ဒီ​ခွေးမကို သွားဖမ်းခိုင်းမယ်"


မင်း​မေကြီး​တော်ပဲ... သူ့တစ်ဘဝလုံး ဒီလို ​လှောင်​ပြောင်ခံရတာမျိုး မခံစားခဲ့ရဖူးဘူး... သူလုံးဝ မျိုသိပ်ထားနိုင်​တော့ဘူး...


ချန်ရှို့ယွင်မှာ ​နောက်ပါးမှ နံရံထက်သို့ အတွန်းခံလိုက်ရသဖြင့် နာကျင်မှု​ကြောင့် ​ဒေါသများ ဆူပွက်လာသည်။ "ရှင်​သေချင်​နေတာလား... ဒါဆို ရှင်သွား... ကျွန်မ မတားဘူး... ရှင် အဖမ်းခံလိုက်ရရင် ရှင့်ကို ​သေလူလို သ​ဘောထားလိုက်​တော့မယ်"


ရှစ်ရှိုးနန် ရပ်သွားပြီး သူမကို စားမတတ်ဝါးမတတ် စိုက်ကြည့်လိုက်သည်။


 "ဒုတိယမရီး ​ပြောတာ မှန်တယ်... အဲ့ဒီအချိန်တုန်းက မင်းလို ဂြိုလ်ဆိုးမကို ဘယ်လိုလုပ် ချစ်မိသွားခဲ့ရတာလဲ... မင်း​ကြောင့်သာ မဟုတ်ရင် ငါတို့ ရှစ်မိသားစု ဒီလို ဖြစ်လာမှာ မဟုတ်ဘူး"


ထိုစဥ်က သူတို့နှစ်​ယောက်လုံး လက်ထပ်ထားပြီးသား ဖြစ်ပြီး စိတ်ကစားရုံသာ အတူရှိခဲ့ခြင်း ဖြစ်ကာ နှစ်​ယောက်လုံးက မကွာရှင်းချင်ခဲ့ကြ​ပေ။


​နောက်ပိုင်းတွင် ဝမ်ရူ​ကွေ့၏ အ​ဖေက ကြာကူလီ​ကောင်ကို ​ပစ်ခတ်လိုက်ပြီးသည့်အချိန်မှာ အတင်းအကြပ် ကွာရှင်းခံခဲ့ရခြင်း ဖြစ်သည်။ 


ချန်ရှို့ယွင်မှာ သူ့နှုတ်မှ ထိုစကားများ ထွက်လာလိမ့်မည်ဟု မ​မျှော်လင့်ထားသဖြင့် ရင်ကို မြားအစင်း​ပေါင်း ​ထောင်​ကျော် ထိုးစိုက်လာသည့်အလား ခံစားလိုက်ရသည်။ 


"ရှစ်ရှိုးနန်... ရှင်ဒီစကားကို ​ပြောဖို့ အသိစိတ်ရှိ​သေးတာလား... အဲ့ဒီအချိန်တုန်းက ရှင်သာ ကျွန်မကို မဖြား​ယောင်းခဲ့ရင် ကျွန်မ​ယောကျ်ားကို သစ္စာ​ဖောက်မိပါ့မလား... ကျွန်မက ကိုယ့်သားကိုပါ နှိပ်စက်ခဲ့ရတာ... ရှင်ဘယ်လိုမျက်နှာနဲ့ ကျွန်မကို လာအပြစ်တင်​နေရတာလဲ"


ထိုစဥ်က ဝမ်ရူ​ကွေ့ကို နှိပ်စက်ခဲ့သည့် အ​ကြောင်းအရင်းမှာ က​လေးပျက်ကျသွားခြင်း​ကြောင့် မဟုတ်​​လေဘဲ သူမနှင့် ရှစ်ရှိုးနန်တို့ ​ဖောက်ပြန်​နေသည့် မြင်ကွင်းအား ​မျက်မြင်တွေ့သွားခဲ့ခြင်း​ကြောင့် ဖြစ်သည်။ သူ့ကို နှုတ်ပိတ်ချိန်း​ခြောက်ရန်အတွက် သူမက နှိပ်စက်ရန် နည်းလမ်းအမျိုးမျိုး စဥ်းစားခဲ့​လေသည်။ 


​သေချာ​ပေါက်ပင် ၎င်းက တစ်ခုတည်း​သော အ​ကြောင်းပြချက် မဟုတ်​​ပေ။ 


​အခြား​​သော အ​ကြောင်းပြချက်မှာ ရှစ်ရှိုးနန်က ငယ်စဥ်ကတည်းက ဝမ်ရူ​ကွေ့၏ အ​ဖေနှင့် အပြိုင်အဆိုင်များ ရှိပြီး နှစ်​ယောက်သားကလည်း ဆက်ဆံ​ရေး ဆိုးဝါးကြသည်။


​နောက်ပိုင်းတွင် သူတို့နှစ်​ယောက် ချိတ်မိသွားပြီး​နောက် ရှစ်ရှိုးနန်က ဝမ်ရူ​ကွေ့အား နှိပ်စက်ရန်အတွက် သူမကို အချိန်နှင့်အမျှ တိုက်တွန်း​နေခဲ့သည်။ သူမကလည်း ဝမ်ရူ​ကွေ့အ​ပေါ် ချစ်ခင်စိတ် မရှိသဖြင့် ရှစ်ရှိုးနန် ​ကျေနပ်​စေရန် သူအလိုရှိသမျှ လုပ်​ပေးခဲ့သည်။


သို့​သော်လည်း တာဝန်များအားလုံးကို သူမအ​ပေါ် ပုံချလာသည့်အခါ ရပ်ကြည့်မ​နေနိုင်​တော့​ပေ။ သူ့​ကြောင့်သာ မဟုတ်ရင် သူမနဲ့ ချန်မိသားစုက အခုလက်ရှိ​နေရာကို ​ရောက်​နေပါ့မလား...


ရှစ်ရှိုးနန်က သူမ၏ မီးဝင်းဝင်း​တောက်​နေ​သော မျက်လုံးများနှင့် ဆုံ​တွေ့သွားချိန်တွင် အပြစ်ရှိစိတ်များဖြင့် ​ခေါင်းလှည့်လိုက်သည်။


 "ဒီ​ခွေးမ​လေးကို လွှတ်ထား​ပေး​တော့မလို့လား... ငါက​တော့ တကယ် သည်းမခံနိုင်​တော့ဘူး"


ချန်ရှို့ယွင်က ​ရှေ့တိုးလာပြီး သူ့လက်​မောင်းကို တွဲကာ ​ပြောလိုက်သည်။ 


"​ကော်ကျန်း​​တောင်မှ အသစ်တစ်ခု ကြိုးစားဖို့ သတ္တိရှိ​သေးတာ... ကျွန်မတို့​လည်း ​တောင့်ခံထားရမယ်... အခု နိုင်ငံ​ရေး​ပေါ်လစီ​တွေက တဖြည်းဖြည်း ပွင့်လင်းလာ​နေပြီ... ကျွန်မတို့သာ ​ငွေရှာနိုင်သ​ရွေ့ ဝမ်မိသားစုနဲ့ အဲ့ဒီ​ခွေးမ​လေးကို ရင်ဆိုင်ဖို့ ​ကြောက်​နေစရာ လို​သေးလို့လား..."


​ငွေက သရဲတ​စ္ဆေများကိုပင် ကိုက်ဖြဲ​စေနိုင်သည်။ သူတို့၏ ထပ်ဆုံး ဦးစား​ပေးထားသည့် အရာမှာ ​ငွေရှာရန်သာ ဖြစ်​ပေသည်။ 


ရှစ်ရှိုးနန် မျက်​မှောင်ကြုတ်လိုက်သည်။ 


"မြို့​တော်က ဘယ်​နေရာမှာ စီးပွား​ရေး သွားလုပ်ရမှာလဲ"


ချန်ရှို့ယွင် တစ်ခဏမျှ ​တွေးပြီး​နောက် ​ပြောလိုက်သည်၊ "ကျွန်မတို့ အိမ်​ရောင်းလိုက်ကြမလား... ​ရောင်းကြရ​အောင်... ကျွန်မ ​သေချာ​ပြောရဲတယ်... ကျွန်မတို့ အလုပ်ကြိုးစား​နေ​သ​ရွေ့ ​ငွေဆုံးမှာ မဟုတ်ဘူး" 


ရှစ်ရှိုးနန်က အသုံးမဝင်ဖြစ်​နေရ​သော ​နေ့ရက်များကို ငြီး​ငွေ့​နေပြီ ဖြစ်​လေရာ အံတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။


 "ဒါဆို အိမ်​ရောင်းကြတာ​ပေါ့"


ထို့​ကြောင့် နှစ်​ယောက်သား ပြန်သင့်မြတ်သွားကြပြီး ဒဏ်ရာများကို ကုသရန် ​​ဆေးရုံသို့ အတူတူသွားခဲ့ကြ​လေသည်။ 


သူက ဝမ်မိသားစုကို အချိန်တစ်ခု​လောက်အထိ သွားမရှာရန် စီစဥ်ထားသည်။ သူတို့ စိတ်ရှည်ရှည် ​စောင့်ဆိုင်းရ​ပေမည်။ သူတို့ ပြန်ရောက်​လာသောအခါ ဝမ်မိသားစု၏ ​သေခြင်းတရားသာ ဖြစ်လာ​ပေရမည်။


မစ္စတာဝမ်နှင့် ဦး​လေးဇုန်းတို့ ပြန်​​ရောက်လာကြ​သောအခါ ထုံရွှယ်လူက ဖြစ်ပျက်ခဲ့သမျှကို အကျဥ်းရုံး ​ပြောပြလိုက်သည်။ မစ္စတာဝမ်က ​​ဒေါသထွက်ရလွန်းသဖြင့် ချန်ရှိုးယွင်နှင့် ရှစ်ရှိုးနန်အား ချက်ချင်း သတ်ပစ်ချင်သွား​လေသည်။


အဆုံးတွင် ​ထုံရွှယ်လူထံမှ ​​​ဖြောင်းဖျခံလိုက်ရ​လေသည်။ 


ည​နေပိုင်းတွင် ဗိုလ်မှုး​ရှောင်း ပြန်​ရောက်လာသည့်အခါ သူသည်လည်း ​​ဒေါသထွက်ရလွန်းသဖြင့် ပန်းကန်လုံးတစ်ခုကိုပါ ခွဲပစ်ခဲ့​လေသည်။


ထုံရွှယ်လူက ထိုသူများ စိတ်လိုက်မာန်ပါဖြင့် အဆက်အသွယ်များသုံးကာ လူယုတ်မာနှစ်​ယောက်အား ​ဖြေရှင်းလိုက်မည်ကို စိုးရိမ်သဖြင့် သူမ၏ အကြံကို ​ပြောပြလိုက်ပြီး လူကြီးနှစ်​ယောက်အား ယာယီ တည်ငြိမ်သွား​​စေခဲ့သည်။ 


🍵


အချိန်ကုန်မြန်လှသည်။


 အထက်တန်း​ကျောင်းသားများက ​ကောလိပ်ဝင်ခွင့်စာ​​မေးပွဲအတွက် ပြင်ဆင်​နေချိန်တွင် ထုံရွှယ်လူနှင့် အခြားသူများက ဘွဲ့ယူရန် ပြင်ဆင်ကြရသည်။


ခွဲခွာခြင်းနှင့် ကြုံ​တွေ့ရ​​သောအခါ ​ကျောင်းသားများက တွန့်ဆုတ်ခြင်းအပြည့် ဖြစ်​နေကြသည်။ လူတိုင်းက နှုတ်ဆက်စကားများ မ​ပြောချင့်​ပြောချင်ဖြင့် ဆို​နေကြပြီး ဆက်သွယ်ရန် အချက်အလက်များ လဲလှယ်ကာ ​နောင်တွင်လည်း အဆက်အသွယ်များများ လုပ်ကြရန် ​ပြော​နေကြသည်။ 


ဤနှစ် ဘွဲ့ယူအခမ်းအနားက ​နောင်ပိုင်းနှစ်များနှင့် ကွာခြားသည်။ ဝတ်ဆင်ရန် ဘွဲ့ဝတ်စုံ မရှိ​သော်ငြား ဘွဲ့အခမ်းအနားက ပွဲ​တော်အ​​ငွေ့အသက် လိုအပ်​နေဆဲပင်။ လူတိုင်းက အ​ကောင်းဆုံး အဝတ်အစားများ ဝတ်ဆင်ထားကြပြီး ​ကျောင်း၏ ကြီးကြပ်မှု​အောက်တွင် ဓါတ်ပုံများ ရိုက်ကူး​နေကြသည်။ 


လူတိုင်းက ဘွဲ့အခမ်းအနားကို တက်​ရောက်ရန် မိသားစုများ မ​ခေါ်ကြသဖြင့် ထုံရွှယ်လူလည်း မ​ခေါ်ခဲ့ဘဲ လူတိုင်းနှင့်အတူ ထမင်းတစ်နပ် ထွက်စားခဲ့သည်။


ထိုကဲ့သို့ အ​ခွင့်အ​ရေးမျိုးက ရှားပါးလှသည်။ အချို့ ကျောင်းသားများက နှုတ်ဆက်ညစာစားပွဲတွင် မူးသည်အထိ ​သောက်ခဲ့ကြပြီး ​​ကျောင်းသူများကမူ အချင်းချင်း လက်များ ဆုပ်ကိုင်ကာ မျက်လုံးများ နီရဲ​နေ​လေသည်။ 


ထုံရွှယ်လူက အတန်းကို တစ်ဝက်တစ်ပျက်မှ ပါဝင်ခဲ့ခြင်းဖြစ်သည်။ အတန်းထဲရှိ အခြား​ကျောင်းသားများမှာ လူတိုင်းနှင့်အတူတူ ​လေးနှစ်တာ ကုန်ဆုံးခဲ့ကြသည်။ သူမသည်သာ လူတိုင်းနှင့် နှစ်နှစ်သာ ကုန်ဆုံးခဲ့ရပြီး အ​ဆောင်တွင်လည်း ​မ​နေခဲ့သဖြင့် သူတို့၏ ဆက်ဆံ​ရေးက အမြဲတမ်း ခွဲခြားခံထားသလို ခံစား​နေရသည်။ 


သို့​သော်ငြား အဆင်မ​ချောမှုများ မဖြစ်​စေရန် သူမ၏ ​ပြောင်​မြောက်လှ​သော သရုပ်​ဆောင်အရည်အချင်းကို သုံးကာ အခြားသူများထက် ပိုပို၍ တွန့်ဆုတ်​နေဟန် ငို​ကြွေး​နေခဲ့သည်။


ရုတ်တရက်ပင် လူတိုင်းက သူမအား အလွန်ပင် ခံစားချက်နုနယ်သူဟု ​​တွေးမိလိုက်ကြသည်။


ခွဲခြာရခြင်းမှာ ဘဝ၏ ကာလအပိုင်းအစတစ်ခုသာ ဖြစ်ပြီး လူတိုင်းက ​နေရာခန့်ခွဲမှုကိစ္စကို ပို၍ အ​​လေးထား​နေကြသည်။


လူတိုင်းက ယူနစ်​ကောင်း​ကောင်းတွင် ခန့်ထားခြင်း မခံရမည်ကို စိုးရိမ်​နေကြချိန်၌ ထုံရွှယ်လူကပင် အစပြုကာ ဌာနမှုးအား သူမက ​နေရာခန့်ထားမည့်ကိစ္စကို လက်​လျှော့၍ စီးပွားရေးလုပ်ရန် ကြံရွယ်ထား​ကြောင်း ​ပြောပြလိုက်သည်။ 


ထိုသတင်းကို ကြားလိုက်ရ​သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။


ထိုအခိုက် ထုံရွှယ်လူမှာ ဌာနမှုး၏ ရုံးခန်းထဲသို့ အ​ခေါ်ခံလိုက်ရ​လေသည်။ 


ဌာနမှုးမှာ သူမကို ကြည့်ကာ သူမက နှစ်​ယောက်မရှိနိုင်သူဟုပင် ခံစားလိုက်ရ​လေသည်။ 


"ကျောင်းသူထုံ... ဘာလို့ အလုပ်မဝင်ချင်ရတာလဲ"


ထုံရွှယ်လူမှာ မိုးထိမြင့်လှ​​သော အဆင့်များ၊ ကိုယ်ရည်ကိုယ်​သွေးနှင့် မိသားစု​နောက်ခံလည်း ​တောင့်သည့် ထူးချွန်​ကျောင်းသူတစ်​ယောက် ဖြစ်သည်။ ထိုကဲ့သို့​သော ထူးချွန်​ကျောင်းသားမျိုးကို အစကတည်းက သံတမန်တစ်​ယောက် ဖြစ်လာ​အောင် ပျိုး​ထောင်​ပေးချင်ခဲ့သည်။


သို့​သော်ငြား သူမက စိတ်မဝင်စားပါဟု ဆိုခဲ့ပြီး မြန်မြန် လက်ထပ်ချင်သည့်အတွက် အတန်းများကိုလည်း မြန်မြန် ခုန်​ကျော်သွားခဲ့သည်။


ထိုအဖြစ်​ကြောင့် ဌာနမှုးနှင့် ဆရာများကို အလွန် ရင်ကွဲနာကျ ဖြစ်သွား​စေခဲ့သည်။ 


မထင်မှတ်ထားစွာပင် သူမက ယခုတွင်လည်း တစ်စခန်းထလာ​ပြန်​လေပြီ။ ​ကျောင်းဘက်က ယခုထိ သူမကို အလုပ်မချ​​ပေးရသေး​သော်လည်း စိတ်လိုလက်ရ စွန့်လွှတ်​နေခဲ့ပြန်သည်။


ဌာနမှုးမှာ အလွန်ပင်ပန်း​နေ​လေပြီ။


ထုံရွှယ်လူ: "ဌာနမှူး... ကျွန်မက စီးပွား​ရေး လုပ်ဖို့ စီစဥ်ထားပါတယ်... ဆိုင်​တောင် ဝယ်ပြီးသွားပြီ... မကြာခင် ဖွင့်​တော့မှာ"


ဌာနမှူး: "..."


စာ​ပေပညာရှင်များ၊ လယ်သမားများ၊ စီးပွား​ရေးနှင့် စက်မှုလုပ်ငန်းများမှာ ယခုတွင် ကံ​ကြွေးချစနစ်တွင် မပါဝင်​သေး​သော်ငြား သူတို့၏ ယူနစ်များတွင် စီးပွား​ရေးလုပ်ငန်း လုပ်ကိုင်ခြင်းက တည်ငြိမ်​နေ​​သေးမည် မဟုတ်​​​​ပေ။ 


ဌာနမှုးနှင့် ဌာနရှိ ဆရာဆရာမများက ထုံရွှယ်လူကို ​​ပြောဆို ​ဖြောင်းဖျ​နေကြသည်။ သူတို့က သူမမှာ ငယ်ရွယ်ပြီး တက်ကြွသဖြင့် လမ်းလွဲသွားမည်ကို စိုးရိမ်​နေကြခြင်းပင်။ 


သို့​သော်ငြား ထုံရွှယ်လူက "​ခေါင်းမာ" လွန်းလှသည်။ စိတ်ပြင်ဆင်ထားပြီးလျှင် နွားဆယ်​ကောင်မျှ ဝင်ဖျက်လျှင်​တောင် မပြင်နိုင်​တော့​​ပေ။


ဌာနမှူးနှင့် ဆရာဆရာမများမှာ ​ခြေကုန်လက်ပမ်းကျသွားကြသည်။


ဆရာတစ်​ယောက်မှာ ထုံရွှယ်လူ၏ အပြုအမူများကို သ​ဘောမ​တွေ့​တော့​ပေ။ 


"ဒီမှာ ​ကျောင်းသူ... စီးပွား​ရေး လုပ်ချင်တာများ ဘာလို့ ပထမအဆင့်နဲ့ တက္ကသိုလ် လာတက်​ရ​သေးတာလဲ... တိုင်းပြည်ရဲ့ အရင်းအမြစ်​တွေကို ဖြုန်းတီး​နေတာ မဟုတ်ဘူးလား"


ထုံရွှယ်လူ တစ်ဖက်လူကို လှည့်ကြည့်လိုက်သည်။


 "ဆရာမ... ကျွန်မက​တော့ ဆရာမရဲ့ သ​ဘောထား​​တွေ လမ်းလွဲ​​နေပြီလို့ ထင်တယ်... တက္ကသိုလ်တက်တာက လူ​တွေရဲ့ ဘဝကို ပို​ကောင်း​အောင် အကျိုးပြု​ပေးတာနဲ့ အလုပ်လုပ်တယ်ဆိုတာ လူ​တွေကို အကျိုးပြု​နေတာပဲ... စီးပွား​ရေးလုပ်တာက လူ​တွေကို အကျိုးပြုတာ မဟုတ်ရ​တော့ဘူးလား"


"ယခု နိုင်ငံ​ရေး​ပေါ်လစီက ပြုပြင်​ပြောင်းလဲ​ရေးနဲ့ ပွင့်လင်းမြင်သာမှု​​တွေကို တိုက်တွန်းအား​ပေး​နေတယ်... ရှန်းကျန်း​ခရိုင်မှာ အထူးစီးပွား​ရေးဇုန်ကို တည်​ထောင်​နေပြီ... ဒါ​တွေအားလုံးက တိုင်းပြည်က စီးပွား​ရေး အဆမတန် တိုးတက်လာဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ပြသ​နေတာပဲ​လေ... ကျွန်မက ပါတီနဲ့ တိုင်းပြည်ရဲ့ ​ပေါ်လစီအတိုင်း လိုက်​နေတာ... ဘာများ မှားသွားလို့လဲ"


ထိုဆရာမမှာ လည်နင်သွားပြီး ဆက်မ​ပြောနိုင်​တော့​ပေ။ 


အမှန်မှာ သူမက ထုံရွှယ်လူ၏ စီးပွား​ရေးကို သ​ဘောမ​တွေ့​သော်လည်း ဆက်ပြီး မ​ချေပရဲ​တော့​ပေ။ ထိုသို့မဟုတ်ပါက စီးပွား​ရေး ဖွံ့ဖြိုးမှုက လမ်း​ကြောင်းလွဲနေ​သည့် အရာဖြစ်​ကြောင်း သူမ ​ပြောလိုက်သည်နှင့် အတူတူ ဖြစ်သွား​ပေမည်။ 


ထုံရွှယ်လူက အမှန်တွင် ဌာနမှူးနှင့် ဆရာဆရာမများ၏ အကြံကို နားလည်​နေသည်။


ဤ​ခေတ်မှ လူများကို မဆိုထားနှင့် ​နောက်ပိုင်း​ခေတ်များ၏ လူကြီးများစွာ၏ စိတ်ထဲတွင် အစိုးရဝန်ထမ်း အလုပ်များက အရာအားလုံး၏ အထက်တွင် ရှိ​နေသည်ဟု ​တွေး​နေကြဆဲ ဖြစ်သည်။


နိုင်ငံ​တော်အတွက် အလုပ်လုပ်​ပေး​နေသ​ရွေ့ လစာ​​ငွေ ယွမ်နှစ်​ထောင်သာ ရခဲ့လျှင်ပင် ပြင်ပရှိ ယွမ်နှစ်​သောင်းရ​သော အ​ရောင်းစာ​ရေးများထက် ပို၍ ဂုဏ်ရှိသည်ဟု ​တွေးတတ်ကြသည်။


သို့​သော်ငြား သူမက ဆက်ပြီး ရှင်းပြရန် မရည်ရွယ်ထား​ပေ။ စာတစ်​ကြောင်းဖြင့် ​​ပြောရ​သော် ပညာရှင်တစ်​ယောက်နှင့် မည်သည့်အ​နေအထားတွင်မဆို ​ထွန်းလင်းနိုင်သူအကြား ကွာခြားချက်မရှိ​ပေ။


ဘွဲ့ရအခမ်းအနားမတိုင်မီ ထုံရွှယ်လူက အ​ဆောင်မှ လူများနှင့် ညစာစားခဲ့သည်။


ကျန်းပိုင်​ဟွေ့က သူမနှင့် ဆက်ဆံ​ရေးအ​ကောင်းဆုံး ဖြစ်သဖြင့် သူမနှင့် ခွဲရမည်ကို အတွန့်ဆုတ်​​နေဆုံးသူပင်။ 


"ရွှယ်လူ ​နောက်ဆို ငါနင့်ကို နင့်အိမ်မှာ လာရှာမယ်​နော်... နင်ငါ့ကို မသိသလို ဟန်​ဆောင်​နေလို့ မရဘူး"


ထုံရွှယ်လူ ရယ်​မောကာ ​ပြောလိုက်သည်။ "​နောက်ဆိုရင် နင်ငါ့ကို လာရှာဖို့ အချိန်မရှိမှာ​တောင် စိုးရတယ်​နော်... နင်က မကြာခင် နင့်​ယောကျ်ား​နောက်ကိုလိုက်ပြီး ဂျာမနီကို သွားရ​တော့မှာ ဆို​တော့​လေ"


ကျန်းပိုင်​ဟွေ့နှင့် လျန်ထျန်းယိတို့က ​​စေ့စပ်ထားကြပြီး လျန်ထျန်းယိ နိုင်ငံခြားသို့ မထွက်ခင် လက်ထပ်ကြရန် စီစဥ်ထားသည်။ ကျန်းပိုင်​ဟွေ့က ​နောက်တစ်နှစ်တွင် ဂျာမနီ၌ အလုပ်လုပ်ရန် ​လျှောက်ထားမည် ဖြစ်သည်။


တစ်နိုင်ငံတည်းတွင် ရှိ​နေလျှင် ခွဲခွာရသည်ဟု သတ်မှတ်နိုင်တော့မည် မဟုတ်​​ပေ။ 


ကျန်းပိုင်​ဟွေ့က သူမအ​ကြောင်း ဟာသ​နှော၍ ​​ပြော​နေသည်ကို ကြား​သောအခါ ရှက်​သွေးဖြာသွား​လေသည်။


အ​ဆောင်သူများနှင့် နှုတ်ဆက်ညစာစားပြီး​နောက် ထုံရွှယ်လူတစ်​ယောက် တက္ကသိုလ်မှ တရားဝင် ဘွဲ့ရသွားခဲ့​လေပြီ။


ဘွဲ့ရပြီး​နောက် ထုံရွှယ်လူက ဆိုင်ဖွင့်ရန်နှင့် မင်္ဂလာပွဲအတွက် ပြင်ဆင်ရန်မှာသာ စိတ်​ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့သည်။ 


အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း တစ်လ​ကျော် ကုန်ဆုံးသွား​လေသည်။ 


​​ပေကျင်း၌ မေပယ်လ်ရွက်များ အနီ​ရောင် ​ပြောင်းကာ ဂင့်ကိုပင်များ အဝါ​ရောင် ​​ပြောင်းလာသည့်အခိုက် လူတိုင်း ​မျှော်လင့်ခဲ့ကြသည့် ဝမ်ရူ​ကွေ့နှင့် ထုံရွှယ်လူတို့၏ မင်္ဂလာပွဲ ကျ​ရောက်လာခဲ့သည်။ 


ကျိုးရန်က မျက်​တောင်များ တဖျတ်ဖျတ် ခတ်ကာ ​မေးလိုက်သည်။


 "မနက်ဖြန် သတို့သားတစ်​ယောက် ဖြစ်​တော့မယ်... မင်းစိတ်လှုပ်ရှား​နေပြီလား"


ဝမ်ရူ​ကွေ့ နှုတ်ခမ်းများ တင်းတင်း​စေ့လိုက်သည်။ "အင်း"


လွန်ခဲ့သည့် တစ်လကတည်းက အိပ်မ​ပျော်နိုင်ဖြစ်ခဲ့ရ​သော်ငြား မနက်ဖြန် သူမ​လေးအား လက်ထပ်နိုင်​တော့မည့်အ​ကြောင်း ​တွေးလိုက်ရချိန်၌ နှလုံးခုန်သံများ ထိန်းမနိုင်သိမ်းမရ ခုန်​ပေါက်လာခဲ့သည်။


ဟွမ်ချီမင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။


 "ညီ​လေးကျိုး... ငါက​တော့ ဘာမှ ပူစရာ မရှိဘူး... မင်းက​လေးမရမှာကိုပဲ ပူ​နေရတာ... က​​​​လေး မရှိလာရင် ဘာဆက်လုပ်မှာလဲ"


ကျိုးရန်မှာ ထိုးနှက်ချက်ပြင်းသွား​လေသည်။: "..."


ဒီကျီးကန်း​ကောင်ရဲ့ ပါးစပ်က ဘယ်က​ရောက်လာတာလဲ...


ဖူး...