အပိုင်း၃၁၀
Viewers 67k

🍵Chapter 310



 "မနက်ဖြန် သတို့သားတစ်​ယောက် ဖြစ်​တော့မယ်... မင်းစိတ်လှုပ်ရှား​နေပြီလား"


ဝမ်ရူ​ကွေ့ နှုတ်ခမ်းများ တင်းတင်း​စေ့လိုက်သည်။ "အင်း"


လွန်ခဲ့သည့် တစ်လကတည်းက အိပ်မ​ပျော်နိုင်ဖြစ်ခဲ့ရ​သော်ငြား မနက်ဖြန် သူမ​လေးအား လက်ထပ်နိုင်​တော့မည့်အ​ကြောင်း ​တွေးလိုက်ရချိန်၌ နှလုံးခုန်သံများ ထိန်းမနိုင်သိမ်းမရ ခုန်​ပေါက်လာခဲ့သည်။


ဟွမ်ချီမင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။


 "ညီ​လေးကျိုး... ငါက​တော့ ဘာမှ ပူစရာ မရှိဘူး... မင်းက​လေးမရမှာကိုပဲ ပူ​နေရတာ... က​​​​လေး မရှိလာရင် ဘာဆက်လုပ်မှာလဲ"


ကျိုးရန်မှာ ထိုးနှက်ချက်ပြင်းသွား​လေသည်။: "..."


ဒီကျီးကန်း​ကောင်ရဲ့ ပါးစပ်က ဘယ်က​ရောက်လာတာလဲ...


ဖူး...


ကျိုးရန်မှာ ​ဒေါသ​ကြောင့် မျက်နှာတစ်ခုလုံး မဲ​မှောင်လာသည်။ 


"​ခွေးဥ​ကောင်... ငါ့ကို မကျိန်ဆဲလို့ မရဘူးလား"


သူမလုပ်နိုင်တဲ့အရာကို မျက်နှာချင်းဆိုင် ​ထောက်ပြ​နေတာ သူ့ကို မျက်နှာသာ မ​ပေး​တော့တာလား...


"ငါမင်းကို ဂရုစိုက်လို့ ​ပြောတာ မဟုတ်လို့လား... မင်း ​​​​ဒေါသထွက်​အောင် လုပ်​နေတာ မဟုတ်ဘူး... ငါ့မိန်းမ မ​နေ့ကပဲ စစ်​ဆေးခဲ့တာ ကိုယ်ဝန်ထပ်ရှိ​နေပြီ... ငါ အ​ဖေထပ်ဖြစ်ရ​တော့မယ်"


ဟွမ်ချီမင် ထိုစကားကို ​ပြော​သောအခါ ပါးစပ်က နားရွက်အထိ ဆက်ချိတ်​​​တော့မည့်အလား ပြုံးဖြဲ​နေကာ လူ​တွေအား ​ဒေါသမထွက်​စေချင်သည့်ရုပ်နှင့် လားလားမှ မဆိုင်​ပေ။ 


ကျိူးရန်: "..."


ဝမ်ရူ​ကွေ့သည်ပင် ကျိူးရန်အား ကရုဏာ မသက်ဘဲ မ​နေနိုင်​အောင် ဖြစ်သွားပြီး ပုခုံးကို တိတ်တဆိတ် ပုတ်​ပေးလိုက်သည်။ 


"ဆက်ကြိုးစား"


ကျိုးရန်: "..."


တိုက်တိုက်ဆိုင်ဆိုင်ပင်...


​ပေကျင်းမှာလည်း ကျိုးရန်နှင့် အဖြစ်တူ​နေသည့် ညီအစ်ကို တစ်​ယောက် ရှိ​နေပြီး ထိုသူမှာ ​ရှောင်ချန်ဖျင် ဖြစ်သည်။ 


​ရှောင်ချန်ဖျင်မှာ လွန်ခဲ့သည့်နှစ်နှစ်က ပုံမှန်တပ်သား ဖြစ်လာမည့် အခွင့်အ​ရေးနှင့် လွဲ​ချော်သွားကတည်းက တစ်ကိုယ်တည်းသမား ဖြစ်​နေသည်။


ထုံရွှယ်လူ၏ သူငယ်ချင်းတစ်​ယောက် အ​နေဖြင့် လာမည့်ရက်တွင် ကျင်းပမည့် မင်္ဂလာပွဲကိုလည်း သွားရမည် ဖြစ်သည်။ မင်္ဂလာပွဲတက်ရသည့် အ​ကြောင်းအရင်းမှာလည်း ဖန်ကျင်းယွမ်နှင့် ​တွေ့လို၍သာ ဖြစ်သည်ပင်။ 


အစပိုင်းတွင် ဖန်ကျင်းယွမ်က ဒါရိုက်တာ​မေဂျာကို ​လျှောက်ထားခဲ့​သော်လည်း သူမ​ဘေးရှိ မည်သူကမှ သူမကို အထင်မကြီးခဲ့​ပေ။


ကမ္ဘာကြီး၏ မျက်လုံးထဲတွင် ဒါရိုက်တာတစ်​ယောက်အ​နေဖြင့် အရည်အချင်း ရှိရမည့်အပြင် တည်ငြိမ်​သော ကိုယ်ရည်ကိုယ်​သွေးနှင့် စိတ်ရှည်မှု လိုအပ်သည်။ ရက်အနည်းငယ် သို့မဟုတ် လအနည်းငယ်ပင် ကြာသည့် ​စိတ်​ကျေနပ်ဖွယ်ရာ ရိုက်ချက်တစ်ခုအတွက် ဖန်ကျင်းယွမ်မှာ စိတ်မရှည်လက်မရှည် ဖြစ်​နေတတ်ပြီး ကိစ္စများကို လုပ်​ဆောင်ရာ၌ စိတ်အားထက်သန်မှုက သုံးမှတ်​လောက်သာ ရှိသည်။ လူတိုင်းက သူမကို ​ခြောက်လအတွင်း ​မေဂျာ​ပြောင်းရန် ​တောင်းဆိုလာလိမ့်မည်ဟု ​တွေးခဲ့ကြသည်။ 


မထင်မှတ်ထားစွာပင် သူမက ဇွဲရှိရုံသာမက ထို​မေဂျာတွင်လည်း ထွန်း​ပေါက်လာခဲ့သည်။


သူမ၏ အ​တွေးများမှာ အလွန် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး သူမ၏ ရှု​ထောင့်အမြင်များက ဆန်းသစ်ကာ စိတ်ဝင်စားဖွယ် ​​ကောင်းလှသည်။ ယခင်နှစ်တွင် သူမပါဝင်ထား​​သည့် လက်ရာအချို့ကို လူသိများ​သော ဒါရိုက်တာတစ်​ယောက်က အသိအမှတ်ပြု​ပေးခဲ့သည်။ လက်ရှိတွင် သူမက ဒါရိုက်တာ​ဘေးတွင် အလုပ်သင်လက်​ထောက်အဖြစ် အလုပ်လုပ်ကိုင်​နေကာ ​မြေကြီးကိုပင် မထိနိုင်သည်အထိ အလုပ်များ​နေ​လေ့ရှိသည်။ 


​ရှောင်ချန်ဖျင် သူမအိမ်ပြန်လာသည်ကို မ​တွေ့ရသည်မှာ တစ်လပင်​ကျော်​နေ​လေပြီ။ မနက်ဖြန်တွင် ထုံရွှယ်လူ၏ ​ပွဲနေ့ ဖြစ်သဖြင့် ထိုအခွင့်အ​ရေးကို အသုံးချကာ သူမကို ဆယ့်ငါးကြိမ်​မြောက် ချစ်ခွင့်ပန်ရ​ပေမည်။ 


အ​မေ​ရှောင်မှာ မှန်​ရှေ့တွင် လှည့်ပတ်​နေသည့် သားဖြစ်သူကို ကြည့်ကာ မျက်​မှောင်ကြုတ်​နေမိသည်။ 


"အခု နှစ်နှစ်​တောင် ​ကျော်​နေပြီ... မင်းနဲ့ ဖန်မိသားစုက ​ကောင်မ​လေးနဲ့က အ​ခြေမကျနိုင်​သေးဘူးလား... ကြင်ဖက်​စော​စော ​တွေ့သင့်တယ်လို့ ​ပြောသားပဲ... မင်းကိုယ်မင်း သစ်ပင်​ပေါ်တွင် တွဲ​​လောင်းဆွဲမထားနဲ့​​​​တော့"


​ရှောင်ချန်ဖျင်က လှည့်ပတ်​နေရင်းဖြင့် သူမကို ခပ်တည်တည် ကြည့်လိုက်သည်။ 


"အ​မေ... ကျွန်​တော့်ကို မတိုက်တွန်းနဲ့​တော့... ဒီတစ်​ခေါက် အ​မေ့စကားကို နားမ​ထောင်​တော့ဘူး"


အ​မေ​ရှောင်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်​နေပြီး အဆုံးတွင် သက်ပြင်းချလိုက်သည်။


 "​ကောင်းပြီ​လေ... ငါ မင်းကို ဂရုမစိုက်​တော့ဘူး... တစ်သက်လုံး လူပျိုကြီး လုပ်ချင်​နေရင်လည်း ဖြစ်ချင်ရာဖြစ်"


အ​မေ​ရှောင်မှာ ရင်ထဲတွင် ​နောင်တအချို့ ရ​နေမိသည်။ သူမသာ အစပိုင်းက ထုံရွှယ်လူနှင့် ဆက်ဆံ​ရေးကို မတားမြစ်ခဲ့လျှင် ယခုတွင် ​မြေးများပင် ရ​နေ​ပေ​လောက်မည်။


🍵


ဓ​လေ့အရ သတို့သားနှင့် သတို့သမီးက မင်္ဂလာပွဲမတိုင်မီ ​တွေ့ခွင့်မရ​ပေ။ သို့​သော်လည်း ထုံရွှယ်လူနှင့် ဝမ်ရူ​ကွေ့က ထိုကဲ့သို့​သော စိုးရိမ်ပူပန်မှုများ မရှိကြ​ပေ။ မင်္ဂလာပွဲအတွက် အားလပ်ရက် ခုနစ်ရက် ရသဖြင့် ဝမ်ရူ​ကွေ့မှာ လက်ရှိတွင် သု​တေသနစခန်းမှာသာ ရှိ​နေ​သေးသည်။ 


အိမ်ထဲတွင် မင်္ဂလာပွဲ ပစ္စည်းများ ပြည့်နှက်​နေသည်။


အိပ်ယာလွှမ်းများ ​ခေါင်းအုံးများကဲ့သို့ ပစ္စည်းကြီးများအပါအဝင် ကတ်​​ကြေး၊ လက်သည်းညှပ် စသဖြင့် တိုလီမုတ်စများ၊ ​ရောင်စုံတီဗီကဲ့သို့ ​စျေးကြီးကပစ္စည်းများအပြင် ​စျေးမကြီးသည့် ​ခေါင်းအုံးများ၊ ​ခြေအိတ်များလည်း ပါဝင်​နေ​သေးသည်။


တစ်ဘဝလုံး လက်မထပ်ဖူးခဲ့သည့် လူကြီး ဖြစ်​​သော ဗိုလ်မှူး​ရှောင်းမှာ ခန်းဝင်ပစ္စည်းများကို ထိုမျှ​လောက်အထိ ​ကောင်း​​ကောင်းမွန်မွန် ပြင်ဆင်​ပေးထားသဖြင့် ထုံရွှယ်လူတစ်​ယောက် ရင်ထဲသို့ မထိဘဲ မ​နေနိူင်​ခဲ့ပေ။


သို့​သော်လည်း ထိုအခိုက်တွင် ဗိုလ်မှူး​ရှောင်း၏ မျက်နှာထက်တွင် အပြုံးဟူ၍ မ​တွေ့ရ​ပေ။


 "အဲ့ဒီ ​ကောင်စုတ်​လေး သမီးကို အနိုင်ကျင့်ရဲရင် အဘိုးကိုသာ လာ​​ပြော... အဘိုး သူ့ကို သမီးအစား မှတ်​​လောက်​အောင် ဆုံးမ​ပေးလိုက်မယ်" 


မည်သူကမှ ထုံရွှယ်လူထက် ပို၍ နီးနီးကပ်ကပ် လက်ထပ်နိုင်မည် မဟုတ်​​ပေ။ သူမက ​ဘေးအိမ်သို့ လက်ထပ်ရမည် ဖြစ်ပြီး မိသားစုနှစ်ခုအကြား တံခါးတစ်ချပ်သာ ရှိ​နေသည်။ ထုံရွှယ်လူအတွက် အိပ်စရာ​နေရာ ​ပြောင်းသွားသည်ဟုသာ ဆိုရမည်။


သို့​​သော်လည်း ဗိုလ်မှူး​ရှောင်းမှာ မသက်မသာ ဖြစ်​နေဆဲပင်။ သူ့ရဲ့ ​မြေးမလှလှ​လေးက တစ်​ယောက်​ယောက်ရဲ့ ဇနီး ဖြစ်သွားရ​တော့မယ်... သူက​တော့ စိတ်မ​ကောင်း ဖြစ်​နေရပြီ...


ထုံရွှယ်လူ ပြုံး၍ ​ပြောလိုက်သည်။ "သိပါပြီ ဘိုးဘိုး... ရူ​ကွေ့ ကျွန်မကို အနိုင်ကျင့်ရဲရင် ​သေချာ​ပေါက် လာ​ပြောမယ်​နော်"


ဗိုလ်မှုး​ရှောင်း စိတ်ကျေနပ်သွား​လေသည်။


 "ဟုတ်တယ်... အိမ်​ထောင်ကျသွားတဲ့သမီးက သွန်ထုတ်လိုက်တဲ့​ရေလိုပဲဆိုတဲ့ အဓိပ္ပါယ် မရှိတဲ့ စကား​တွေ နား​ယောင်မ​နေနဲ့​နော်... သမီးက အမြဲတမ်း ​ရှောင်းအိမ်​ရဲ့ က​လေး ဖြစ်​နေမှာ... ​နောက်ဆို အဘိုးဒီမှာ မရှိရင်​တောင် ​သမီးမောင်​လေးတွေက သမီးနဲ့ ညီမ​လေး​ကို ​စောင့်​ရှောက်​ပေးရမှာ​... ဟုတ်ပြီလား" 


​ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့က တစ်ညီတညွတ်တည်း ပြန်​ဖြေလိုက်ကြသည်။ "သိပါပြီ... ဘိုးဘိုး"


ညီအစ်ကို နှစ်​ယောက်သားမှာ သူတို့၏ အစ်မကြီး လက်ထပ်သွားမည်ကို တွန့်ဆုတ်​နေ​သော်ငြား သူတို့က ​ယောကျ်ား​လေးများ ဖြစ်၍ လူတိုင်း​​ရှေ့တွင် ငို​ကြွေးရန် ရှက်ရွံ့​နေကြသည်။ 


​ရှောင်းမျန်မျန်​လေးမှာ ထိုကဲ့သို့​သော စိုးရိမ်စရာများ မရှိဘဲ အစ်မကြီး ဖြစ်သူကို ဖက်ထားပြီး လွှတ်မ​ပေး​ခဲ့ပေ။ "မမ... သမီး မမကို လက်မထပ်​စေချင်ဘူး"


ထုံရွှယ်လူ သူမ၏ ​ခေါင်း​လေးကို ပွတ်​ပေးလိုက်သည်။ "မမကြီး ဘေးအိမ်ကို ​ပြောင်းရမှာ​လေးကို​တောင် သည်းမခံနိုင်ဘူးလား... မမကြီးသာ တစ်ခြား​နေရာ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ လက်ထပ်သွားရရင် ဘယ်လိုလုပ်ကြမလဲ" 


​ရှောင်းမျန်မျန်က ​ခေါင်း​လေးကို ​စောင်းကာ မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။


 "ဒါဆို သမီးက မမ လက်ထပ်သွားတဲ့အခါ မမရဲ့ ဆီပုလင်း​လေး လုပ်​ပေးမယ်​လေ"


"ဟားဟားဟား" ထုံရွှယ်လူ မပြုံးဘဲ မ​နေနိုင်​ပေ။ "ဆီပုလင်း ဆွဲသွားတယ်လို့ ဘယ်သူ​ပြောတာလဲ"


​ရှောင်းမျန်မျန်​လေးက ခပ်ရှက်ရှက်အမူအယာဖြင့် လျှာထုတ်လိုက်သည်။ 


ထုံရွှယ်လူက သူမ၏ မျက်နှာ ​ဖောင်း​ဖောင်းနုနု​လေးကို ကြည့်ကာ ယခင်ဘဝတွင် သူမကို မည်သူမှ ကာကွယ်မ​ပေးခဲ့​ကြောင်း ​တွေး​တော​နေခဲ့သည်။ ထိုက​လေးမ​လေးမှာ မည်ကဲ့သို့​သော မ​ကောင်းမှုများ ခံစားခဲ့ရသည်ကိုပင် မသိနိုင်​​တော့​ပေ။ 


ကံအား​လျော်စွာဖြင့် ဤဘဝတွင် အရာအားလုံး ကွဲပြားသွားခဲ့ပြီး သူမနှင့် ရှောင်းမိသားစုက သူမလေးကို ကာကွယ်​ပေးနိုင်စွမ်း ရှိ​နေသည်။


ထုံရွှယ်လူက သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ပုံမှန် သုံး​နေကျ ပစ္စည်းအချို့ကို ဝမ်မိသားစုအိမ်သို့ ပို့ထားလိုက်သည်။ 


ထုံရွှယ်လူ ​ရောက်လာ​သောအခါ မစ္စတာဝမ်က ​အ​လောတကြီး ​ပြောလိုက်သည်။ "ရွှယ်လူ.. ရူ​ကွေ့က ညမှ ပြန်လာမှာ... ဒါ​ပေမယ့် မစိုးရိမ်နဲ့​နော်... အဘိုး အားလုံး ပြင်ဆင်ထားပြီးပြီ... သမီး ​သေချာ​ပေါက် အရှက်မရ​​စေရဘူး"


ထိုအခိုက် အဘိုးဝမ်က ​တောက်ပစွာ ပြုံး​နေပြီး ဗိုလ်မှုး​ရှောင်း သူ့ကို ​တွေ့သည့်အချိန်တိုင်း မျက်လုံးလှိမ့်​နေရသည်မှာ အံ့သြစရာ မရှိ​တော့​ပေ။ 


ထုံရွှယ်လူ ပြုံး၍ ​ပြောလိုက်သည်။ "မစိုးရိမ်ပါဘူး... ရူ​ကွေ့အခန်းကို ​သော့မခတ်ထားဘူးမို့လား... လိုအပ်တဲ့ပစ္စည်း​လေး​တွေ ဝင်ထားမလို့"


မစ္စတာဝမ် ထိုအ​ကြောင်းကို ကြား​သောအခါ ​ပျော်​ပျော်ရွှင်ရွှင် ပြုံးလိုက်သည်။ "မပိတ်ထားဘူး... ပိတ်ထားရင်လည်း ​​ရှောင်ဇုန်းဆီက ​သော့​တောင်း​ပေးမယ်​လေ"


ထုံရွှယ်လူ ပြန်​ဖြေလိုက်ပြီး ပစ္စည်းများကို အခန်းထဲသို့ ​နေရာချထားလိုက်သည်။


အိပ်ခန်းက အိမ်၏ အ​ရှေ့ဆုံးအပိုင်းတွင် တည်ရှိပြီး အခန်းများထဲတွင် အကြီးဆုံးအခန်း ဖြစ်သည်။


ပုံမှန်နှင့် မတူသည်မှာ အခန်းကို အနီ​ရောင် အိပ်ယာလွှမ်းများ၊ အနီ​ရောင် ​ခေါင်းအုံးများ၊ အနီ​ရောင် ခြင်​ထောင်များဖြင့် အသစ်စက်စက် အခန်းတစ်ခုသဖွယ် ပြင်ဆင်ထားသည်။ မြင်မြင်သမျှ အရာရာတိုင်းက ရဲတွတ်​နေပြီး ပွဲ​တော်အ​ငွေ့အသက်များ ရ​နေ​ပေသည်။


ထုံရွှယ်လူက ပစ္စည်းများကို ဗီရိုထဲသို့ ထည့်လိုက်ပြီး​နောက် ထိုင်ခုံရှိရာသို့ သွားကာ အိတ်ထဲမှ ​သော့​သေး​သေး​လေးတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲအံဆွဲကို ဖွင့်လိုက်သည်။ 


အံဆွဲထဲတွင် တိတ်တဆိတ် လဲ​လျောင်း​နေသည့် အနက်​ရောင် ဒိုင်ယာရီစာအုပ်တစ်အုပ် ရှိ​နေခဲ့သည်။


ထို​သော့​လေးကို တမြန်​နေ့က ဝမ်ရူ​ကွေ့ ပို့​ပေးလာခြင်း ဖြစ်ပြီး အံဆွဲထဲတွင် ဒိုင်ယာရီတစ်အုပ် ရှိသည်ဟု ဆိုထားသည်။ 


ထုံရွှယ်လူက ဒိုင်ယာရီ စာအုပ်ကို ​ကောက်ယူကာ အိပ်ရာတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး တဖြည်းဖြည်း ဖွင့်ဖတ်လိုက်သည်။


[ကျိုးရန်က ချစ်သူကို ​ကျေနပ်​စေချင်ရင် "ချင်းလျန်" ​(ပိတ်စ) ပေးလို့ရတယ်တဲ့... ​​​သေချာ​ပေါက် ​ပျော်သွားလိမ့်မယ်လို့လည်း ​ပြော​သေးတယ်.... အဲ့ဒီအချိန်တုန်းက သူ့ရဲ့မျက်နှာ​လေးကို ​တွေးမိသွား​တော့ ​ခေါင်း​ဆောင်ဆီသွားပြီး "ချင်းလျန်"ကို ဆု​ကြေးအဖြစ် ​ပေးဖို့ ​ပြောလိုက်တယ်... ငါ ကျိုးရန်ဆီက ဖြတ်လုသလို ဖြစ်သွား​တော့ ကျိုးရန် တအား​ဒေါသထွက်​နေတာ... ဒါ​ပေမယ့် သူ အရမ်း​ပျော်​နေ​တော့ တန်ပါတယ်​လေ]


ထုံရွှယ်လူ တစ်ခဏမျှ အံ့အားသင့်သွားသည်။


ဝမ်ရူ​​ကွေ့ကို "မညှာမတာ" ပြုတတ်သည့် အကျင့်မျိုး ရှိ​နေမည်ဟု ထင်မထားခဲ့​ပေ။ သူမကို ​ပေးခဲ့သည့် ပိတ်စမှာ ကျိုးရန် ရချင်ခဲ့သည့် ပစ္စည်း ဖြစ်ခဲ့ဟန်တူသည်။


သနားစရာ ​ကျိုးရန်​လေး...


[ကျိုးရန်က ဟွမ်ချီမင်ကို ​ကောင်မ​လေးကို ဘယ်လို စိတ်​​ကျေနပ်​အောင် လုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ​မေးခဲ့တယ်... ချီမင်က သူ့ကို ​ကောင်မ​လေးရဲ့ မျက်နှာကို လက်​ဆေးဇလုံ​လောက် ကြီးလိုက်တာဆိုပြီး ​မြှောက်ပင့်ရမယ်လို့ သင်​​ပေးလိုက်တယ်.... အဲ့ဒီအချိန်တုန်းက ငါလည်း သူ့စကားကို နား​ထောင်​နေ​တော့ တိတ်တိတ်​လေး မှတ်ထားခဲ့​သေးတယ်... ဒါ​ပေမယ့် အားလပ်ရက်မှာ သူ့မျက်နှာ​လေးကို ​တွေ့လိုက်တဲ့အချိန် နှလုံးခုန်သံ​တွေ မြန်လာတာ... မျက်နှာ​လေးက ​သေးလွန်းလို့ ငါ့လက်ဖဝါး​လောက်​တောင် မရှိ​လောက်ဘူးလို့ ​တွေး​နေမိ​သေးတယ်... ဒါကိုလည်း ထုတ်​​ပြောမိသွားခဲ့​သေးတာ... ငါမှားပြောလိုက်မိပြီလို့ စိုးရိမ်သွား​ပေမယ့် သူက​တော့ ​ပျော်​နေ​တယ်... သု​တေသနစခန်းကို ပြန်သွား​တော့မှ ကျိုးရန်တစ်​ယောက် သူ့​ကောင်မ​လေးကို ဟွမ်ချီမင် သင်ထားသလို ​မြှောက်​ပင့်လိုက်​လို့ မျက်နှာကို အရိုက်ခံလိုက်ရတယ်လို့ သိခဲ့ရတယ်]


"ဟားဟားဟား"


ထုံရွှယ်လူမှာ ထိုစာ​ကြောင်းကို မြင်​သောအခါ မျက်ရည်များ ကျလုမတတ် ရယ်​မောမိသွားသည်။ 


မထင်မှတ်ထားစွာပင် သု​တေသနစခန်းမှ လူသုံး​ယောက်အကြား စိတ်ဝင်စားစရာကိစ္စများစွာ ရှိ​နေ​ပေသည်။ သူမ အမှန်ပင် ရယ်ချင်​နေမိသည်။


သူမ ပါးစပ်အုပ်ကာ ပြန်ဖတ်လိုက်သည်။ 


【သြဂုတ်လ 11, 1976, သူကို ပထမဆုံးအကြိမ် စ​တွေ့တဲ့​နေ့... 】


[သူက နံရိုးနု​လေး​တွေ စားရတာ ကြိုက်တယ်... နံရိုးနုလုပ်နည်း သင်ချင်​နေခဲ့တာ】


[အဝတ်အစားအသစ်​တွေ ဝတ်ထားရင် ​ချီးကျူးစကား ​ပြော​ပေးရမယ်】


ဒိုင်ယာရီ တစ်ခုလုံးတွင် သူတို့၏ သိကျွမ်းမှုများ အချစ်​ရေးများဖြင့် သိပ်သည်း​နေပြီး သူမနှင့်ပတ်သက်​ကြောင့် အ​ကြောင်းအရာ​အပိုင်းအစ​​လေးများ အားလုံး ပါဝင်​နေသည်။


ထုံရွှယ်လူက ဒိုင်ယာရီ ကိုင်ထားရင်းဖြင့် နှလုံးသားထဲတွင် ​အ​နွေးစီး​ကြောင်း​လေးတစ်ခု စီးဆင်းသွားခဲ့သည်။


အတိတ်ဘဝတွင် သူမကို ပိုးပန်းကြသည့် လူ​ပေါင်းမ​ရေတွက်နိုင်​အောင် ရှိခဲ့ဖူး​သော်ငြား ဝမ်ရူ​ကွေ့ကဲ့သို့ သူမ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သူ မရှိခဲ့​ပေ။


သူက အလွန် ရှက်ရွံ့​နေတတ်​ပြီး ရိုမန်တစ် မဆန်သော်လည်း တစ်ကမ္ဘာလုံးတွင် သူမကို အချစ်ဆုံးသူ ဖြစ်မည်မှာ ​သေချာ​ပေါက်ပါပင်။ 


ဒီလိုသစ္စာရှိတဲ့သူတစ်​ယောက် ရထားတာ ဘယ်​လောက်ကံ​ကောင်းလိုက်လဲ...


ထိုအခိုက် ဝမ်ရူ​ကွေ့အား အလွန်ပင် ​တွေ့ချင်စိတ် ဖြစ်လာရသည်။


သူမ သူ့ကို ဖက်ပြီး အနမ်း​ပေးချင်တယ်...


🍵