အခန်း ၂၁
"ချန်မိသားစုရဲ့ညီမက ဒီကိုရောက်နေတယ်ဟဲ့၊ ငါကြားတာတော့ သူမနဲ့အတူတူ ယောကျ်ားတစ်ယောက်ကိုပါ ခေါ်လာတယ်တဲ့"
"အလှလေးက အိမ်ထောင်ကျသွားပြီ!"
"ဟုတ်တယ် အရာရှိလူငယ်တစ်ယောက်နဲ့တဲ့"
...
ဟယ်ချွင်းဖန်သည် ထိုစကားများကို လယ်ကွင်းထဲမှာ ကြားသည့်အခါ လုံးဝမယုံကြည်ခဲ့ပေ။ အဲ့ဒီညီအစ်မတွေဟာ သူ့ခေါင်းဆောင်က သူမကို အရာရှိလူငယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်လို့ ပြောသွားတာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ပဲရှိသေးတာကို၊ ဒီလိုအချိန်တိုလေးအတွင်းမှာ သူမက ဘယ်လိုလုပ်အိမ်ထောင်ပြုလိုက်မှာလဲ?!
မျက်နှာမပျက်စေဖို့ ပြောလိုက်တာလေးပဲ မဟုတ်ဘူးလား? သူတို့က ဟန်ဆောင်ဖို့ တစ်ယောက်ယောက်ကို တမင်ရှာခဲ့တာပဲဖြစ်မယ် မဟုတ်လား? အကယ်၍ လူငယ်တစ်ယောက်က စစ်တပ်ယူနီဖောင်းဝတ်လိုက်ရင် သူက အရာရှိလို ဟန်ဆောင်နိုင်မှာပဲပေါ့?
ဟယ်ချွင်းဖန်က တိတ်တဆိတ် ရယ်မောလိုက်၏။ သူမက အသက်၂၀ကျော်အရွယ် တပ်ရင်းမှူးတစ်ယောက်နဲ့ ဘလိုင်းဒိတ်တွေ့ရတော့မယ့်အကြောင်းကို နောက်ဆုံးတစ်ခေါက်လာတုန်းက ကြွားခဲ့တာလေ။
ဒီချန်ညီအစ်မတွေက တကယ်ပဲ စကားကြီးစကားကျယ်ပြောတတ်တာပဲ။ သူမကို အဲ့လိုယောကျ်ားမျိုးနဲ့ မိတ်ဆက်ပေးပါ့မလားဟယ်? သူမဘယ်လိုများကြွားဝါနေသလဲဆိုတာကိုကြည့်ဖို့ ချန်အိမ်ကို သွားကြည့်ရမယ်ဟေ့။
နွားသားရေက ကောင်းကင်ကို လွင့်သွားတော့မလိုပင်။ (ကြွားဝါပြောဆိုတာကိုပြောတာပါ)
ဟယ်ချွင်းဖန်သည် ချန်အိမ်သို့ ချက်ခြင်းအပြေးသွားလိုက်ရာ လမ်းမပေါ်တွင် ချန်မိသားစုအကြောင်းပြောဆိုနေကြရင်း ကြည့်ရှုနေတဲ့ လူတစ်စုကိုလည်း တွေ့လိုက်ရလေသည်။ သူမက ထိုအုပ်စုကြီးကို ဖြတ်လျှောက်လာခဲ့ရင်း တစ်ယောက်ပြီးတစ်ယောက်ကို နှုတ်ဆက်လာခဲ့လျက်။ ရုတ်ချည်းပင် သူတို့ပြောနေတာကို ကြားလိုက်ရလေ၏ "ကျောက်မင်က ချန်အိမ်ဆီသွားပြီ"
ကျောက်မင်ဆိုသူမှာ စိုက်ပျိုးမွေးမြူရေးခြံ၏ နည်းပြတစ်ယောက်ဖြစ်၏။
ဟယ်ချွင်းဖန်ရဲ့မျက်လုံးတွေက ရွေ့သွားကာ နည်းပြက ချန်အိမ်ကိုသွားတယ်? သူက အရာရှိအတုအယောင်ကို ထုတ်ဖော်ဖို့များ ဖြစ်နိုင်မလား? ချန်မိသားစုက တစ်ယောက်ယောက်ကို အရာရှိအယောင်ဆောင်ခိုင်းသည်ကို ရှာတွေ့သွားကြပြီဟု ယူဆမိရင်း ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။
ပွဲကြည့်ဖို့အတွက် ချန်အိမ်ကို သူမသွားရမယ်ဟေ့။
ဟယ်ချွင်းဖန်သည် ချန်အိမ်သို့ ရောက်သည့်အခါ သူမကဲ့သို့ပင် လူအများအပြားလည်း ရှိုးလာကြည့်သည်ကို တွေ့လိုက်ရ၏။ နည်းပြကျောက်မင်လည်း ထိုနေရာ၌ ရှိနေကာ သူက ငယ်ရွယ်ချောမောပြီး အရပ်ရှည်ရှည်ယောကျ်ားတစ်ယောက်နှင့် စကားပြောနေခဲ့ရာ သူတို့နှစ်ယောက်ဟာ အလွန်သဟဇာတဖြစ်စွာ စကားလက်ဆုံကြနေသည့်အလား။
ဟယ်ချွင်းဖန်မှာ အံ့ဩသွားရလျက်။ ဒါကြီးက သူမထင်ထားတာနဲ့ တခြားစီပဲနော်။ နည်းပြက ဘယ်သူနဲ့ စကားပြောနေတာတုန်းဟ?
သူမရဲ့မျက်နှာပေါ်က အပြုံးက အေးခဲသွားကာ ရှေ့တိုး၍ မေးလိုက်သည်။ "နည်းပြကျောက်ရေ ရှင်ဘယ်သူနဲ့ စကားပြောနေတာလဲ?"
ကျောက်မင်က ပြုံး၍ သူ့ဘေးနားက ယောကျ်ားရဲ့ပုခုံးကို ပုတ်လိုက်ပြီး "ချန်မိသားစုရဲ့ မတ်လေး လုယန်တဲ့။ ငါ့ရဲ့ကောလိပ်တုန်းက အတန်းဖော်ဟောင်းပဲ!"
"ဒီနေ့ စိုက်ပျိုးရေးခြံမှာတွေ့မယ်လို့ မမျှော်လင့်ထားဘူးကွာ၊ ငါ မင်းကို အသိအမှတ်ပြုဖို့တောင် မဝံ့ရဲဖြစ်တော့မလို့..."
လုယန်က ကျောက်မင်နှင့် စကားပြောနေခဲ့၏။ သူက ပင်းချန်ရှိ ရေတပ်အကယ်ဒမီမှာ ပညာသင်ကြားခဲ့တာဖြစ်ပြီး ယခုအခါ နောက်ထပ်သင်ယူရန်အတွက် သူ့မိခင်ကောလိပ်ဆီသို့ ပြန်လာခဲ့သည့်အခါ ပင်းချန်၌ အသိတွေအများကြီးကို ပြန်တွေ့ခဲ့လေသည်။ သို့ရာတွင် ဒီနေရာမှာတောင် အသိတစ်ယောက်နဲ့ ထပ်တွေ့မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ။
အမှန်တကယ်တော့ လုယန်က ကျောက်မင်ကို မသိပေမယ့် ကျောက်မင်ကတော့ သူ့ကို မှတ်မိနေခဲ့၏။
ထိုအချိန်က လုယန်သည် အကယ်ဒမီတွင် အရေးပါအရာရောက်သူတစ်ဦးဖြစ်၍ သူ့ကို လူတိုင်းသိကြပေသည်။ သူတို့က သူ့ကို တစ်ခါမှ မမြင်ဖူးကြရင်တောင်မှ လူတိုင်းက သူ့နာမည်ကို ကြားဖူးကြမှာပင်။
သူက ဒဏ္ဍာရီဆန်ဆန် လုပ်ဆောင်ချက်များစွာကို ချန်ထားခဲ့သေးတယ်လေ။
ကျောက်မင်က လုယန်ထက် နှစ်နှစ်ကြီးပေသည်။ နှစ်အတော်ကြာပြီးနောက် မူရင်းဒဏ္ဍာရီနှင့် ယခင်အတန်းဖော်ဟောင်းကို ပြန်ဆုံလိုက်ရသဖြင့် သူတကယ်ပဲ အနည်းငယ်စိတ်လှုပ်ရှားသွားရသလို ခံစားမိကာ သက်ပြင်းချမိသည်။ အရင်တုန်းက နာမည်ကြီးခဲ့တဲ့ လုယန်ကို သူတွေ့လိုက်ရသည့်အခါ အကယ်ဒမီမှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စိတ်အားထက်သန်စွာနဲ့ စကားစမြည်ပြောဖို့ရာ ရှေ့မထွက်လာပဲ မနေနိုင်တော့ပေ။
သူက သင်္ဘောပေါ်မလိုက်ဘဲ ဤနေရာ၌ နည်းပြဖြစ်လာခဲ့သည်။ သူပြောသည့်အခါတိုင်း အမြဲတမ်း နောင်တအနည်းငယ်ရနေမိသောကြောင့် ကျောင်းတုန်းကအဖြစ်အပျက်တစ်ချို့ကို ပြန်ပြောရန် ဆန္ဒရှိနေခဲ့သည်ပင်။
လုယန်သည်ကား သူ့နှာခေါင်းကိုထိနေရင်း ထိုအကြောင်းတွေကို ပြန်ပြောရန် ဝန်လေးနေလျက်။
စကားစမြည်ပြောကြရန် အဆင်ပြေသော်လည်း ချင်းညီအစ်မတွေရှေ့မှာ စကားပြောလို့မရဘူးလေ။ ချင်းရို့ကို မကြားစေချင်တဲ့အရာတွေ အများကြီးရှိတာကိုး။
သူဟာ "လက်ထပ်ပြီးခါစ"ဖြစ်သလို သူ့ဇနီးလေးရဲ့ ဆွေမျိုးများနှင့် တွေ့ဆုံရန် သွားခဲ့သည်။ လက်ရှိအချိန်မှာတော့ သူဟာ အလွန်ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်နေရမယ်။ ချင်းရို့အစ်မက သူ့ကို စိတ်ဓာတ်တက်ကြွပြီး ကောင်းမွန်တဲ့ လူငယ်တစ်ယောက်လို့ မှတ်ယူရန် လုပ်ရပေမည်။
ထိုအရေးကြီးသောအခိုက်အတန့်တွင် အကယ်ဒမီတွင် သူလုပ်ခဲ့သမျှ ရယ်ချင့်စဖွယ်ကိစ္စအဖုံဖုံကို ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ?
ကံကောင်းထောက်မစွာဖြင့် ချင်းမျန့်သည် ယောကျ်ားလေးအချင်းချင်း ပြောစရာတွေရှိမည်ကို တွေးတောမိပြီး သူ့ညီမကို ဟင်းသီးဟင်းရွက်နှင့် အသားများဝယ်ရန် ဆွဲခေါ်သွားခဲ့လေသည်။ မဟုတ်ပါက သူက ကျောက်မင်နှင့် တကယ်ပဲ စကားပြောချင်မှာမဟုတ်ဘူး။
—— သူရဲကောင်းဟာ ရှေးပဝေသဏီမှကိစ္စများကို ထုတ်ဖော်ပြောမှာမဟုတ်။
အဲ့ဒီအကြောင်းပြောရပါက ထိုအချိန်တုန်းက ဘာမှမဖြစ်ခဲ့ပေ။ လုယန်က လိမ္မာပါးနပ်ပြီး ပျော်ပါးတတ်သည့်အပြင် ခေါင်းမာသော ကိုယ်ရည်ကိုယ်သွေးရှိလေသည်။ သူ့အဖေရဲ့ ဖိအားအောက်တွင် လေ့ကျင့်ရေးအတွက် စောစောစီးစီး စစ်တက္ကသိုလ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရတာဖြစ်၏။
သူအနေဖြင့် အကယ်ဒမီမှာ ကြီးပြင်းခဲ့ရကာ သူကလေးဘဝကတည်းက စစ်တပ်ထဲမှာ နေခဲ့ရတာဖြစ်၍ စစ်တက္ကသိုလ်ဝင်သောအခါ ရေထဲတွင် လွှတ်လိုက်သည့် ငါးနှင့်တူသွားတော့သည်။
လုယန်က ရုပ်ရည်ချောမောသလို နာမည်လည်းကြီးသည့်အပြင် ရဲရင့်ကာ သစ္စာရှိသူဖြစ်၏။ သူ့၏ ကိုယ်ထည်ခပ်ကြီးကြီးနှင့် အရပ်မြင့်မြင့်တို့ဖြင့် သူသည် သူ့ထက် နှစ်အနည်းငယ်အသက်ကြီးသော ကျောင်းသားအုပ်စုတစ်စုကို "အစ်ကိုလု"လို့ခေါ်ရန် လှည့်စားခဲ့သေးသည်။
လုယန် ဆယ်ကျော်သက်အရွယ်တုန်းက ကောင်းကင်ကြီး ဘယ်လောက်မြင့်မှန်းမသိတဲ့ ဈေးပေါပြီး အဆိပ်ပြင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်ပင်။
သူအကယ်ဒမီကို ပထမဆုံးစဝင်ချိန်၌ နည်းပြဆရာများက သူ့ကို တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးကြ၏။ လုယန်, အစ်ကိုလုက ပစ်မှတ်ထားခြင်းခံခဲ့ရပေသည်။ လူတွေက သူ့ကို ယဉ်ကျေးစေချင်ရုံတင်။ သူ့အသိဥာဏ်နှင့် သတ္တိကို ယှဥ်ပြိုင်ရန် ကြိုးစားလာကြခဲ့၏။
ဆန့်ကျင်ဘက်အနေနှင့် သူတို့ဟာ သူ့ရဲ့ အလားအလာကို တွန်းအားပေးခဲ့သည့်အလား။ လုယန်ရဲ့ ပြီးပြည့်စုံသော ခွန်အားမှာ အလွန်ကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း သာမန်လူများထက် သာလွန်သဖြင့် ဘယ်လိုပဲ သူ့ကိုခက်ခက်ခဲခဲလေ့ကျင့်ပေးနေပါစေ သူကရှင်သန်ကျန်ရစ်နေဆဲ။ နည်းပြဆရာများက သူ့ကို လေးစားလာကြသော်လည်း လုယန်မှာ ဒေါသတကြီးဖြင့် အရိပ်အောက်မှာ ပုန်းကွယ်နေသော လူအိုကြီးနှင့် ရန်ဖြစ်လေတော့သည်။
လူအိုကြီးက သူ့ကို ထေ့ငေါ့စကားလုံးများဖြင့် အရာရာကိုလုပ်ဆောင်တတ်စေရန် သင်ကြားပေးပြီး လုယန်က ချက်ချင်းပင် ပိုင်စိုးပိုင်နင်းဟန်ဖြင့် "အဖိုးကြီးရေ ခင်ဗျားက အရမ်းအိုနေပြီလို့ ကျွန်တော်တော့ မထင်ပါဘူး။ ကျွန်တော့်ဆရာအဖြစ် ဂါဝရပြုပါရစေ"
ဖြစ်ချင်တော့ လူအိုကြီးမှာ ကျောင်းအုပ်ကြီး ဖြစ်နေခဲ့သည်ပင်။
ထို့ကြောင့် သူက ကျောင်းအုပ်ကြီးအား ကိုးကွယ်လုနီးပါးဖြစ်ခဲ့သော ဒဏ္ဍာရီလာလူသစ်လေးတစ်ဦး ဖြစ်လာခဲ့လေသည်။
Thank you all.