Ch-22
Viewers 8k

အခန်း ၂၂


လုယန်သည် မျက်လုံးမှိတ်ထားရင်း ဟိုးတုန်းကအချိန်ကို သတိရနေမိခဲ့ရင်တောင် ထိုအချိန်ဟာ အတော့်ကိုဆိုးလိမ့်မှာပဲလို့ တွေးနေမိလျက်။


ယခုဆို သူက အသက်၂၅နှစ်ရှိပြီလေ၊ ၁၅နှစ်သား မဟုတ်တော့ဘူး။ ဘွဲ့ရပြီးနောက် သူ့စိတ်နေစိတ်ထားက ပို၍တည်ငြိမ်လာသဖြင့် သူက အတိတ်ကို ပြန်သတိရသောအခါ သူ့အတိတ်ဟာ သည်းမခံနိုင်စရာပါပဲ။ 


သူ့မိန်းမရှေ့မှာ ထိုအတိတ်တွေကို မပြောပြချင်ပါဘူးကွာ။ 


"...အကယ်ဒမီ? အတန်းဖော်ဟောင်းတွေ?" ဟယ်ချွင်းဖန်မှာ အံ့အားသင့်သွားရ၏။ နည်းပြကျောက်နှင့် ဒီလူက အတန်းဖော်ဟောင်းတွေဖြစ်ပြီး ချန်မိသားစုရဲ့ယောက်ဖပေါ့? 


ချန်မိသားစုရဲ့ယောက်ဖလား? ချင်းရို့ရဲ့ အိမ်ထောင်ဖက်ပေါ့?! ချင်းမျန့်ရဲ့မတ်လေးပေါ့? 


ဟုတ်တာပေါ့၊ သူမသည်လည်း များစွာဗဟုသုတရှိ၍ ထိုအချိန်တုန်းက နည်းပြကျောက်ရဲ့ အကယ်ဒမီအကြောင်းကို သိထားခဲ့ပြီးဖြစ်လေသည်။ ချင်းမျန့်ရဲ့ မတ်လေးက သူ့အတန်းဖော်ဟောင်းဖြစ်သည်မို့ သူဟာ ရေတပ်အရာရှိလူငယ်ဖြစ်ရမယ်။ 


"မင်းကို ဒီမှာတွေ့မယ်လို့ ငါတကယ်မမျှော်လင့်ထားမိဘူးကွာ။ မင်းက ချန်မိသားစုရဲ့ ခယ်မလေးနှင့် လက်ထပ်ခဲ့တာပဲ။ ချန်မိသားစုရဲ့ ခယ်မလေးက အနုပညာအဖွဲ့မှာ စာပေပညာရှင်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ မင်းတို့ မတော်တဆဆုံမိခဲ့ကြတာလား?" ကျောက်မင်က လုယန်ကိုတွေ့လိုက်၍ အံ့အားသင့်မိသွားရ၏။ လုယန်ကို အကြီးအကဲရဲ့ သမီးနှင့် လက်ထပ်လိမ့်မယ်လို့ သူထင်ခဲ့မိသော်လည်း ချင်းရို့နှင့်လက်ထပ်လိုက်မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ။ 


"အဖွဲ့အစည်းက သူမနဲ့ မိတ်ဆက်ပေးတာ" 


*** 


ဟယ်ချွင်းဖန်သည် ချန်အိမ်တွင် အကြာကြီးမနေနိုင်တော့။ ချင်းရို့ရဲ့ ခေါင်းဆောင်က အမှန်တကယ်ပဲ သူမအား ငယ်ရွယ်ပြီး အလားအလာရှိသော ရေတပ်အရာရှိတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်ပင်။ 


သူမရဲ့ ခင်ပွန်းဖြစ်သူမှာ လက်ဖက်ရည်သောက်ကာ သတင်းစာဖတ်နေခဲ့၏။ 


"ဒီလောက်ကောင်းတဲ့ ဂေါ်ဖီထုပ်ကို ချင်းရို့က စားသွားတာပဲ၊ ဒီဝက်ကတော့!!" ဟယ်ချွင်းဖန်က ချင်းရို့အား အပျက်မဖြစ်ကြောင်း လျှို့ဝှက်စွာ ပြစ်တင်ကြိမ်းမောင်းနေခဲ့တာ ဘယ်နှစ်ရက်ပဲရှိသးလို့လဲ? 


(T/N: ဂေါ်ဖီထုပ်စားတဲ့ဝက်ဆိုတာက သူနဲ့မထိုက်တန်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ချိန်းတွေ့နေတဲ့ အမျိုးသားကို ရည်ညွှန်းတာပါ။ အခုတော့ ချင်းရို့ဖြစ်သွားတာပေါ့ 😆) 


ချင်းရို့က လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ မိတ်ဆက်တဲ့အကြောင်း ပြောပြထားရုံရှိသေးတာ၊  ဒီလောက်မြန်မြန်ကြီး လက်ထပ်လိုက်တယ်။ တခြားမိန်းကလေးတွေဆို ချိန်းတွေ့ကြ ဘာကြနဲ့ လအနည်းငယ်ကြာဦးမှာလေ ဟုတ်တယ်မဟုတ်လား? 


သူ့ယောက်ျားကို တခြားလူခိုးသွားမှာကြောက်လို့ မြန်မြန်လက်ထပ်ခဲ့တာများလား?! 


အစ်မဖြစ်သူ ချင်းမျန့်သည်လည်း အနှီဝက်လေးဟာ သူမ ခက်ခက်ခဲခဲပြုစုပျိုးထောင်ခဲ့ရတဲ့ ဝက်ကလေးဖြစ်တယ်လို့ ခံစားမိလေသည်။ 


သူမက အမျှော်အမြင်ရှိရှိနဲ့ လုယန်ကို အလွန်နွေးထွေးစွာ ဆက်ဆံခဲ့ပေသည်။ သူတို့အားလုံးသည် စစ်သားများက ဒေါသကြီးကြတယ်လို့ ပြောကြသော်လည်း သူမရဲ့မျက်လုံးထဲမှာတော့ လုယန်ဟာ အန္တရာယ်ကင်းတဲ့ ဂေါ်ဖီထုပ်ငယ်လေးဖြစ်သလို သူမရဲ့ဝက်ကလေးက ပြန်သယ်ခေါ်လာခဲ့တဲ့ ဂေါ်ဖီထုပ်ကလေးပင်။ 


ဂေါ်ဖီထုပ်ကို ထောက်ပံ့ပေးဖို့ သူမရဲ့ညီမလေးကို ကူညီရမှာပေါ့။ 


ချင်းမျန့် စားပွဲအပြည့် ဟင်းပွဲကောင်းကောင်းချက်နေခဲ့ရာ အချိန်အတော်ကြာ အလုပ်များနေခဲ့၏။ သူမက မိသားစုဝင်များအား ထမင်းစားရန် ခေါ်လိုက်ပြီး လုယန်ကို "ဦးလေး"လို့ ခေါ်ရန် ကျွမ်းကျွမ်းနှင့် ကျင်းဟွတို့နှစ်ယောက်သားကို သင်ထားပေးလိုက်သည်။ 


ကျွမ်းကျွမ်းနှင့် ကျင်းဟွတို့လည်း အလွန်ပျော်ရွှင်ခဲ့ကြရလျက်။ အချိန်အတော်ကြာပြီးနောက် သူတို့အမေက အရသာရှိတဲ့ဟင်းကောင်းကောင်းတွေကို စားပွဲကြီးအပြည့် ချက်ပေးလေ၏။ ဝက်စတူးခေါက်ဆွဲအိုးကြီးနှစ်အိုးတောင် ချက်ထားခဲ့ပြီး အထဲမှာရှိတဲ့ ဝက်သားတွေကလည်း တခြားအချိန်တွေထက် ပိုများနေသဖြင့် သူတို့ပါးစပ်မှာ တံတွေးတွေနဲ့ ပြည့်နေခဲ့လေသည်။ 


ချင်းရို့ရဲ့ ခဲအိုက လုယန်နှင့်အတူ ဝိုင်နှစ်ခွက်သောက်ပေးခဲ့သည်။ 


လုယန်က အရက်သောက်၍ ထမင်းစားနေရင်း ချင်းရို့အစ်မဖြစ်သူနှင့် သူမခင်ပွန်းတို့နှစ်ယောက်သား အချင်းချင်းဆက်ဆံပြုမူပုံကို လေ့လာနေခဲ့မိ၏။ ယင်းအဖြစ်မှာ သူက တွင်းတူးပြီး သူ့ကိုယ်သူမြေမြှုပ်ခြင်းလည်း ဖြစ်ပေသည်။ စီနီယာကြီးတစ်ယောက်က စိတ်အားထက်သန်စွာ မျှဝေပေးတုန်းက လုယန်မှာ မောက်မာတဲ့ပုံစံဖြင့် ပြောမိခဲ့ဖူးသည်။ "ကျွန်တော်က အရမ်းကြမ်းတမ်းတာလေ၊ အဲ့တော့ လက်ထပ်မှာမဟုတ်ဘူး၊ ဒါကြောင့် လင်မယားနှစ်ယောက်ရဲ့ သောက်ရေးမပါတဲ့ကိစ္စတွေကို နားထောင်စရာမလိုဘူး" 


လောလောဆယ်မှာ အတွေ့အကြုံရှာဖို့ ခေါင်းငုံ့ထားရသဖြင့် သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပါပဲ။ သို့သော်လည်း သူက မိန်းမတစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာကို တကယ်မသိခဲ့ဘူးလေ။ 


သူကလေးဘဝကတည်းက တပ်မတော်မှာနေခဲ့ရသလို ကြီးပြင်းလာသောအခါတွင်လည်း စစ်အကယ်ဒမီ(တက္ကသိုလ်)နှင့် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့လေသည်။ သူက မိန်းကလေးတွေနဲ့ တွေ့ဆုံဆက်ဆံခဲရာ သူပင်လယ်မှာရှိနေတဲ့အချိန်အခါဆို ပြောမနေပါနဲ့တော့။ 


ထို့အပြင် သူ့မိသားစုရှိ အိမ်ထောင်ရေးများမှာလည်း အတွေ့အကြုံအတွက် မသင့်တော်ပေ။ စစ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ သူ့အမေက သူမဒေါသထွက်လာတဲ့အခါ အရပ် ၁.၉ မီတာရှိတဲ့ အမျိုးသားကြီးတောင် သူမအရှေ့မှာ ငိုပေလိမ့်မည်။ 


ကျောင်းသောင်မှ သူ့ဒုတိယမရီးသည်လည်း သေသပ်လှတဲ့ ဆံပင်တိုတိုရှိရာ အမျိုးသားတစ်ယောက်နဲ့ တူလေ၏။ သူ့၏ဒုတိယအစ်ကိုက မရီးကို အိမ်ခေါ်လာသည့်အခါ ဘေးအိမ်မှ အိမ်နီးချင်းဟာ သူ့ကို ငယ်ရွယ်ချောမောတဲ့ယောကျ်ားလေးတစ်ယောက်လို့ထင်သွားကာ "သူမ"ကို မိန်းကလေးတစ်ယောက်နဲ့တောင် မိတ်ဆက်ပေးချင်ခဲ့သေးသည်။ သို့ပေသိ လုယန်ရဲ့ မိဘတွေက အာမေဍိတ်သံဖြင့် 'ဘုရားရေ၊ ကြည့်ရတာ ငါ့သားက ယောကျ်ားတွေကို ကြိုက်တာပေါ့နော်။ အဲ့ဒါကြောင့်မို့ အသက်၃၀ရောက်တဲ့အထိ အိမ်ထောင်မပြုဘဲနေခဲ့တာ အံ့သြစရာတော့မဟုတ်ဘူးဘဲ... 


ထို့အပြင် သူ့၏တတိယအစ်မသည်လည်း ဒုတိယမရီးနှင့် အတူတူပင်။ ဒါကြောင့်ပဲ နှစ်ယောက်သား ဆက်ဆံရေးကောင်းကြတာပေါ့။ 


လုယန်တွင် အစ်ကိုသုံးယောက်နှင့် အစ်မတစ်ယောက်ရှိသည်။ အစ်ကိုကြီးက ဆုံးသွားခဲ့ပြီး ဒုတိယအစ်ကိုနဲ့ တတိယအစ်မတို့နှစ်ယောက်သာ အိမ်ထောင်ပြုခဲ့ပြီးဖြစ်ကာ အခုဆို သူလည်း အိမ်ထောင်ကျသွားခဲ့ပြီဖြစ်၍ စတုတ္ထအစ်ကိုတစ်ယောက်သာ လူပျိုကြီးအဖြစ် ကျန်ခဲ့လျက်။ 


လုမိသားစုမှ ယောကျ်ားသားတစ်ဦးအနေဖြင့်လည်း လုယန်မှာ မူလက သူ့၏ ဒုတိယအစ်ကိုနှင့် စတုတ္ထအစ်ကိုကဲ့သို့ဖြစ်မည်ဟု တွေးခဲ့ဖူးသည်။ သူသည်လည်း အိမ်ထောင်ပြုဖို့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့ရန် အသက်၃၀အထိ စောင့်ရလိမ့်မယ်လို့ ထင်ခဲ့သည်ပင်။ 


အလယ်မှာ မတော်တဆကိစ္စတစ်ခုဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲနော်။ သူက နူးညံ့သိမ်မွေ့တဲ့ မြေခွေးမလေးတစ်ကောင်ရဲ့လက်ထဲမှာ ထောင်ချောက်မိသွားခဲ့တာ။ 


သူမလေးဟာ နှစ်လိုဖွယ်ကောင်းပြီး လှပလေ၏။ သူမမှာ ဆံနွယ်ရှည်ရှည်လေးတွေရှိပြီး လှပတဲ့၀တ်စုံတွေ ၀တ်ဆင်တတ်သလို ရုပ်ရှင်ကြည့်ရင်းလည်း ငိုတတ်လေသည်။ 


မှိန်ဖျော့ဖျော့မီးရောင်အောက်၌ လုယန်သည် သူ့နံဘေးရှိ ချင်းရို့ကို ကြည့်လိုက်ရာ သူမလက်ထဲမှာ ကန်စွန်းဥပြုတ်တစ်ဝက်ကို ကိုင်ထားပြီး အကိုက်သေးသေးလေး စားနေလျက်။ မျက်တောင်လေးတွေက ထူထဲကော့လန်နေသလို လှပသော မြေခွေးသဏ္ဍာန်မျက်ဝန်းလေးများဟာ ထူးထူးခြားခြားလှပနေပြီး အောက်ဘက်ရှိ နှာခေါင်းသေးသေးလေးမှာလည်း ပို၍ပင် လိုက်ဖက်ညီနေသလိုပင်။ 


'သေစမ်း' လုယန်က သူမအရှေ့တွင် ကျိန်ဆဲသောစကားတစ်ခွန်းမှ မပြောဝံ့တော့ဘူးလို့ တွေးလိုက်မိ၏။ 


သူမရဲ့ အစ်မဖြစ်သူ မိသားစုလည်း အတူတူညစာစားခဲ့ကြ၏။ နောင်အနာဂတ်၌ လင်မယားတွေက အတူတူထမင်းစားရမှာပဲ။ 


ယင်းကို ပုံဖော်ကြည့်ရင်း သူတွေးကြည့်လိုက်မိတော့ သူ့နှလုံးသားထဲတွင် အပူလှိုင်းတစ်ခု ခံစားလိုက်ရပြီး သူ့၏ မာကျောလှတဲ့ နှလုံးသားလေးတောင် ပျော့ပျောင်းသွားခဲ့ရလေ၏။ 


- ဒါက သူ့ဇနီးလေးပဲ။ 


လုယန်က ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာဖို့ သင်ယူဖို့ လိုအပ်နေပါပြီ။ 


သူ့နှလုံးသားထဲမှာ ပြင်းပြသော တာဝန်သိစိတ်ကို နှိုးဆွရုံသာမက သင်ယူလိုစိတ်လည်း အတော်လေးပြင်းထန်နေလျက်။ 


လုယန်က ချင်းရို့အစ်မနဲ့ သူ့ယောက်ဖတို့ကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။ အစ်မဖြစ်သူ ချင်းမျန့်မှာ နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိကာ ချင်းရို့နှင့်တူလေသည်။ 


သူ့ယောက်ဖဖြစ်သူ ချန်မျန့်ကတော့ အလွန်တိတ်ဆိတ်နေပုံရပြီး စကားသိပ်မပြောပေ။ သူ့ရှေ့မှာ တောင့်တင်းစွာ လှုပ်ရှားနေပုံရလေသည်။


Thanks for reading!