၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၅၁)
ရွာထဲက အဒေါ်တစ်ယောက်က အနက်ရောင်ငါးဟာ အရသာရှိကြောင်း၊ ရွာရှိ နှစ်သစ်ကူးပွဲတော်မှာ သူတို့ စားကြသည်ဖြစ်ကြောင်းကို သူမအား ပြောပြခဲ့လေသည်။ ထို့ကြောင့် ချင်းရို့လည်း နာမည်ကို နောက်မှမေးကြည့်ရန် စဥ်းစားထားလိုက်၏။
နေ့ခင်း၌ ချင်းရို့ အိမ်တွင် တစ်ယောက်တည်း ရှိနေသဖြင့် ရေခဲသေတ္တာထဲက ရေဘဝဲနှစ်ကောင်ကို အုန်းဆီနဲ့ ကြော်စားလိုက်သည်။
သူမဆီမှာ ကြက်သွန်နီလည်း မရှိသဖြင့် ရေဘဝဲကို ချင်းနဲ့ကြက်သွန်ဖြူ ထည့်ကာ ခဏနှပ်ထားလိုက်ပြီးမှ ဒယ်အိုးထဲမှာ တိုက်ရိုက်ကြော်ပစ်လိုက်လေသည်။
အုန်းဆီအရည်အသွေးကြောင့်လား ဒါမှမဟုတ် သူမရဲ့ ဟင်းချက်စကေးကြောင့်ပဲလား မသိပါချေ၊ ဆီအရမ်းပေါက်တာပဲ!!!
ချင်းရို့ သူမပါးစပ်နဲ့ နှာခေါင်းကို မျက်နှာသုတ်ပုဝါနဲ့ ဖုံးကာလိုက်ရင်း အပြုတ် အပေါင်းတွေကမှ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲလို့ တွေးမိလျက်။
ပန်းကန်ထဲတွင် ရေဘဝဲကြော်ကို ထည့်လိုက်ကာ အဒေါ်ကြီးတစ်ချို့ပေးလိုက်တဲ့ kumquatသေးသေးလေးတွေကို ရေဆေးပြီး လှီးဖြတ်ကာ ရေဘဝဲကြော်ပေါ်မှာ အရည်ညစ်လိုက်လေ၏။
ချိုချိုချဥ်ချဉ်လေးနဲ့ အရသာရှိလိုက်တာ!
ချင်းရို့ တစ်ကိုက်ကိုက်လိုက်သည်နှင့် ရေဘဝဲကြော်မှာ ကြွပ်ရွနေကာ မွှေးပျံ့နေလျက်။ ဟင်းလျာပေါ်မှာ kumquatအရည်ညစ်လိုက်သည်က ပို၍ကောင်းသွားစေ၏။ kumquatကို ဒီအတိုင်းသက်သက်စားပါက အရည်မှာ ချဥ်လွန်းသော်လည်း ရေဘဝဲကြောိအပေါ်ရောက်သွားတော့ ချိုချိုချဥ်ချဥ်လေး ဖြစ်သွားလေပြီ။
ဒီလိုချိုချဉ်တဲ့အရသာလေးကြောင့် ဟင်းလျာကို ပူတယ်လို့တောင် မခံစားမိတော့ပါချေ။
kumquat စိုက်ပျိုးချင်သည့်ဆန္ဒမှာ အနည်းငယ် ပိုပြင်းပြလာချေပြီ!!
အရမ်းအရသာရှိတာပဲ!
လုယန် ပြန်လာတဲ့အခါ မြည်းစမ်းကြည့်ခိုင်းပါဦးမယ်။
ချင်းရို့ ကျန်နေသေးတဲ့ အစိမ်းရောင် kumquatသေးသေးလေး ၆လုံး၊ ၇လုံးကို အအေးခန်းထဲမှာ အေးခဲထားလိုက်ကာ သူမအတွက် ၃လုံး၊ ၄လုံးကို လက်ဖက်ရည် လုပ်ရန် ဖယ်ထားလိုက်၏။ kumquatတွေကို ထက်ခြမ်းပိုင်းကာ သကြားနည်းနည်း ထည့်လိုက်သည်။
ပူစပ်စပ်ဟင်းလျာတွေ စားပြီးသွားရင် အသီးလက်ဖက်ရည် သောက်ကိုသောက်သင့်တယ်နော်။
နေ့လည်ခင်း၌ ချင်းရို့က အရိပ်ထဲမှာ အနားယူရန်အတွက် အိမ်ရှေ့တွင်ထိုင်နေခဲ့ပါသည်။ သူမလက်ထဲတွင် အစိမ်းရောင်kumquat အသီးလက်ဖက်ရည်အပြည့်ရှိနေတဲ့ ကြွေဂျားတစ်ဂျားကို ကိုင်ထားလေ၏။
အသီးလက်ဖက်ရည် ချိုမြနေသည်မှာ သူမ စီးပွားဖြစ်ပလာဇာထဲရှိ မစ်တီးဆိုင်ဆီသို့ ပြန်ရောက်သွားသည့်အလား။ သို့ပေသိ သူမလက်ထဲမှာ ကိုင်ထားတဲ့ ကြွေဂျားကြောင့် သူမရောက်ရှိနေတဲ့နေရာကို ချက်ခြင်းအသိပြန်ဝင်လာခဲ့ပေသည်။
ကြွေဂျား မျက်နှာပြင်ပေါ်ရှိ အနီရောင်ပန်းပွင့်ကြီးများဟာ အလွန်လှပစွာ ငွားငွားစွင့် ပွင့်လန်းနေလျက်။
ပင်လယ်လေညှင်းလည်း တဖြည်းဖြည်း တိုက်ခတ်နေစဥ် ချင်းရို့လည်း သမ်းဝေလာမိလေပြီ။ အရာအားလုံးအဆင်သင့်ဖြစ်နေပြီလို့ သူမထင်ခဲ့ပေမယ့် လှဲလျောင်းရန် ပက်လက်ကုလားထိုင်တစ်လုံး လိုအပ်နေဆဲ။ ရာသီဥတုမှာ သာယာနေသဖြင့် ဘာလို့ ကမ်းခြေမှာ သွားမအိပ်ရတာလဲကွာ?
ထူးဆန်းသည်မှာ သူမ ပင်လယ်ကမ်းခြေကို ရောက်သည့်အခါ လတ်တလောတွင် ပင်လယ်ကိုကြည့်ဖို့ စိတ်မဝင်စားသေးပါချေ။
"နင်က မိသားစုဝင်အသစ်လား?"
"မနက်တုန်းက ငါ့ကလေးကို မူကြိုလိုက်ပို့ရင်းနဲ့ နင့်ကို တွေ့လိုက်တယ်!"
"နင် ဘာသောက်နေတာလဲ?"
ချင်းရို့ ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အမျိုးသမီးငယ်လေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမကိုကြည့်ရတာ အသက်၂၀လောက်သာရှိပေဦးမည်။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အရပ်ပုပုလေးနှင့် ချစ်စရာနည်းနည်းကောင်းပုံပေါ်လေသည်။
ချင်းရို့ သူမကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ကာ သစ်သီးလက်ဖက်ရည်တစ်ခွက်ကို ထည့်ပေးလိုက်၏။ နှစ်ယောက်သား လေညှင်းခံနေရင်း ဒုတိယထပ်ရှိ လှေကားထစ်လေးမှာ သွားထိုင်ကာ စကားစမြည်ပြောဖြစ်ကြလျက်။
အမျိုးသမီးငယ်လေး၏ မျိုးရိုးအမည်မှာ လီဖြစ်ပြီး သူမအသံမှာ ရုပ်ရည်သွင်ပြင်နှင့် လုံးဝလိုက်ဖက်မနေပါချေ။
"နင်လည်း ပင်းချန်ကပဲဆိုတော့ သူငယ်ချင်းလုပ်ကြတာပေါ့ဟယ်"
လီချင့်ဟွား ချုံကျိုးကျွန်းကို ရောက်ကတည်းက လူတိုင်းဟာ အတော်လေး ခင်မင်စရာကောင်းတယ်လို့ ခံစားရလေ၏။
"ငါ ဒီကိုရောက်လာပြီးတဲ့နောက် ပြန်မသွားချင်တော့ဘူး၊ အရမ်းဝေးတာပဲဟယ်" လီချင့်ဟွားက သူမလက်ကို ဝှေ့ယမ်းလိုက်ရင်း သစ်သီးလက်ဖက်ရည်ကို တစ်ငုံသောက်ကြည့်လိုက်ရာ လက်ဖက်ရည်ဟာ ချိုချိုချဥ်ချဥ်လေးဖြစ်နေတာကို သိလိုက်ရသည်။
သူမအကြောက်ဆုံးသည်ကား ထူးဆန်းတဲ့ မိသားစုဝင်အသစ်များဟာ သူမကို ဆန်းပြားတဲ့သောက်စရာတွေ ပေးမည်ကိုပင်။ ပြီးခဲ့တဲ့တစ်ခေါက်က သူမ ကော်ဖီကို မတော်တဆ သောက်ခဲ့ပေမယ့် သေအောင် အန်လုနီးပါးဖြစ်ခဲ့ရသည်။
အနှီမိသားစုဝင်အသစ်၏ လက်ဖက်ရည်မှာ ချိုချိုချဉ်ချဥ်လေးဖြစ်သလို အလွန်အရသာရှိလှ၏!
သူမဟာ လှပသလို လက်ဖက်ရည်ကလည်း အရသာရှိသဖြင့် လီချင့်ဟွားမှာ ချင်းရို့အပေါ် အကောင်းမြင်သွားပါတော့သည်။
လီချင့်ဟွားနှင့် သူမခင်ပွန်းဖြစ်သူ လျိုခိုင်တို့က သူမအသက် ၁၄နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ကာ ကျေးလက်ဘက်မှာနေခဲ့ရ၏။ ထိုအချိန်၌ ခင်ပွန်းသည်က သူမထက် ၁၀နှစ်ပိုကြီးလေသည်။ သူက အပြင်မှာ စစ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ရကာ သူမကို ရွာ၌ တစ်ယောက်တည်းချန်ထားခဲ့ပြီး သူမရဲ့ ယောက္ခမနဲ့ တိုက်ခိုက်နေခဲ့ရလေသည်။
လီချင့်ဟွားသည် အသက်၂၀အရွယ်တွင် လျိုခိုင်အတွက် ယောကျ်ားလေးတစ်ယောက် မွေးဖွားပေးခဲ့ပြီး ကျွန်းဆီသို့ သူမယောကျ်ားနောက်လိုက်ခဲ့လေသည်။
ဤနရောဟာ သုခဘုံအလား။
ဘာပဲဖြစ်ဖြစ် သူမက အဝေးကြီးမှာ နေနေရတယ်ဆိုပေမယ့် သူမကို သေအောင် ရိုက်နှက်ရင်တောင်မှ လုံးဝပြန်မသွားနိုင်ဘူး!
လျိုခိုင်သည် အလွန်စိတ်အားထက်သန်သူဖြစ်သလို အခက်အခဲများကိုလည်း ကြံ့ကြံ့ခံနိုင်သူဖြစ်သည့်အပြင် ကျန်းချန်၏ မြောက်ပိုင်းတပ်ရင်း၌ နိုင်ငံရေးဝန်ထမ်းတစ်ဦးပင်။
သူမ ဒီကို ပထမဆုံးရောက်လာခဲ့တုန်းက အမှားများစွာလုပ်ခဲ့ပြီး သူ့ကို အရှက်ရစေခဲ့ပါသည်။ လီချင့်ဟွားသည်လည်း ပထမတော့ ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သူမ မလုပ်နိုင်ခဲ့ပါချေ။
လီချင့်ဟွားဟာ ပညာမတတ်၍ သင့်လျော်သောအလုပ်တစ်ခုကို မရှာဖွေနိုင်သော်လည်း သူမခင်ပွန်း၏ လစာမှာ အဆင်ပြေလေ၏။ ထို့ကြောင့် မိသားစုဝင်တွေရဲ့ ဇနီးသည်တော်တော်များများဟာ အလုပ်မလုပ်ကြပေ။
သင်ယူရမယ်? ချီးကို သင်ယူလိုက်!!
လီချင့်ဟွားမှာ ဟွမ်ရင်းရင်းထံမှ သင်ယူချင်စိတ်မရှိသလို သင်လည်းမသင်ယူနိုင်ပေ။ သူ့ယောကျ်ားနဲ့ ရန်ဖြစ်ပြီးနောက် သူမဟာ ဘာမှမလုပ်တော့ဘဲ ပိုမိုပျင်းရိလာလျက်။
လီချင့်ဟွားသည် သူမပျင်းရိလာကတည်းက ဒါဟာ မသေမျိုးတစ်ယောက်ရဲ့ ဘဝအစစ်အမှန်ပဲဆိုတာကို ရှာဖွေတွေ့ရှိသွားခဲ့၏!
ဘာပဲဖြစ်ဖြစ် ဒီမှာ မူကြိုနဲ့ ကန်တင်းရှိတာပဲလေ။ သူမ နေ့တိုင်း ဘာမှမလုပ်ဘဲ နေ့ရက်တွေဟာ ဒီအတိုင်း ကုန်ဆုံးသွားလေပြီ။
ဟွမ်ရင်းရင်းသည် မိသားစုခြံဝင်းအတွင်း ဇနီးမယားကောင်းတစ်ဦးအဖြစ် နာမည်ကြီးသလို လီချင့်ဟွားသည်လည်း ပျင်းရိတဲ့ ဇနီးတစ်ယောက်အဖြစ် လူသိကြလေသည်။
Thanks for reading!