Ch-52
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၅၂)


လီချင့်ဟွားသည် လူထုအမြင်ကို ဂရုမစိုက်တော့သရွေ့ သူမ အလွန်ပျော်ရွှင်နေရပြီ။ 


မကြာခဏ သက်ပြင်းချတတ်တဲ့ သူ့ခင်ပွန်းဖြစ်သူနဲ့ ရင်ဆိုင်ရန် အလွန်ခက်ခဲလှပါသည်။ 


မကြာသေးမီက ခင်ပွန်းဖြစ်သူက သူမနှင့် လမ်းခွဲခဲ့ကာ ကွာရှင်းတော့မလိုပင်။ 


လီချင့်ဟွားက ကွာရှင်းပြတ်စဲနိုင်သော်လည်း ချုံကျိုးကျွန်းမှ မထွက်သွားချင်ပေ။ သူမဟာ ဤကျွန်းကို ခင်ပွန်းဖြစ်သူထက် ပိုချစ်မိသွားခဲ့ပြီ။ 


ခင်ပွန်းဖြစ်သူက သူမအား ကြိမ်းမောင်းလေရာ "ဒီလိုမျိုး မင်း နေချင်သလို နေလို့မရဘူးကွ!" 


ဟုတ်ပါတယ်၊ ကျွန်းပေါ်မှာ ဆက်နေနိုင်ဖို့အတွက် သူမကိုယ်သူမ ကယ်တင်ရမယ်။ 


လီချင့်ဟွားက ချင်းရို့ကို ကြည့်လိုက်ကာ အနှီလှပသော မိသားစုဝင်အသစ်လေးဟာ ဟွမ်ရင်းရင်း၏ အိမ်နီးချင်းဖြစ်သလို ဖုန်းရွှေမကောင်းသော အနှီအိမ်တွင် နေထိုင်သူလည်းဖြစ်သည်မို့ သူမရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးကြည့်နိုင်နေခဲ့ပါပြီ။ 


- သူမလည်း မကြာခင် ကွာရှင်းတော့မှာ ဖြစ်နိုင်တယ်နော်။ 


လီချင့်ဟွားက နိုင်ငံရေးရာဝန်ထမ်းနောက်သို့လိုက်သွားဖူးသဖြင့် တော်လှန်ရေးစကားအနည်းငယ်ကို ကြားခဲ့ဖူးပါသည်။ သူမက ရဲဘော်ရှောင်ချင်းနှင့် တစ်ခုလပ်ရှေ့တန်းမဟာမိတ်ဖွဲ့နိုင်ပြီး တော်လှန်ရေးရဲဘော်ရဲဘက်တွေ ဖြစ်လာနိုင်လိမ့်မယ်လို့ သူမခံစားမိသည်။ 


"နင့်ယောက်ျားက တစ်ပတ်ကို နှစ်ခါ၊ သုံးခါပဲ ပြန်လာတာလား?" 


လီချင့်ဟွားက နှုတ်မှလွှတ်ခနဲထွက်သွားကာ "အဲ့ဒါက တကယ်ကောင်းတာပဲ..." 


သူမယောကျ်ားသည်လည်း ကမ်းခြေစစ်တပ်မှာပဲတာဝန်ကျသလို သူက မကြာခဏ အိမ်ပြန်လာတတ်သဖြင့် လီချင့်ဟွားမှာ အကြိမ်ရေနည်းနည်းပဲ အိမ်ပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်နေခဲ့ပေသည်။ သူပြန်မလာသည့်အချိန်တိုင်း သူ့ဆီက မဆုံးနိုင်တဲ့အပြစ်တင်စကားတွေကို သူမ နားမထောင်ရသောကြောင့် ပို၍ပျော်ရွှင်ရလေ၏။ 


ချင်းရို့: "…" 


တစ်ခုခုတော့ မှားနေပုံပဲနော်? ! 


လီချင့်ဟွားလည်း သူမ တစ်ခုခုမှားပြောလိုက်သည်ကို သတိထားမိသွားပုံရကာ သူမပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီးနောက် ချင်းရို့နဲ့ မဟာမိတ်ဖွဲ့ပြီးပြီဖြစ်သည့်အတွက် သူမရှေ့မှာ ဘာမှဖုံးကွယ်စရာမလိုတော့ဘူးလို့ တွေးမိသွားသည်။ 


"ရှောင်ချင်းရေ ငါ့ယောက်ျားက တခြားမိန်းမတစ်ယောက်အကြောင်း စဥ်းစားနေတာဟာ... ငါ ဘာတွေများ မျှော်လင့်နိုင်ဦးမှာတုန်း?" 


"ငါ နင့်ကို ပြောပြမယ်နော်၊ တခြားသူတွေကို ပြန်မပြောနဲ့" 


လီချင့်ဟွားသည် သူမခင်ပွန်းက တခြားမိသားစုရဲ့ ဇနီးကို အားကျနေပြီး ရှောင်ချင်း အိမ်နီးချင်း ဟွမ်ရင်းရင်းကို သဘောကျနေတာပဲဖြစ်ရမယ်လို့ သူမခံစားမိလေသည်။ 


ချင်းရို့: "…" 


ဒါက ဖရဲသီးအကြီးကြီးပဲဟ! (ဖရဲသီး = အတင်းအဖျင်း) 


သူမက ဒီကိုရောက်တာ ရက်နည်းနည်းပဲရှိသေးတာလေ။ ဒီလိုဖရဲသီးတောင် စားနေရပြီလားဟ! 


"ဟုတ်ပါပြီ ဟုတ်ပါပြီ"  


သို့ရာတွင် ချင်းရို့က ဒီလိုဖရဲသီးကို လုံးဝမစားချင်ပေ။ သူမက ဒီနေရာကို အခုမှရောက်လာရုံရှိသေးတာမို့ ဒီကအခြေအနေတွေကို နားမလည်သေးပါချေ။ 


ချင်းရို့က တခြားသူတွေရဲ့ မိသားစုအတွင်းရေးကို ထပ်မံမေးမြန်းရန် တွန့်ဆုတ်နေမိလျက်။ 


လီချင့်ဟွားသည် သူမယောက်ျားက ဘယ်သူ့ကို တကယ်ကြိုက်လဲဆိုတာ မပြောခဲ့သော်ငြား သူ့နှလုံးသားထဲမှာ ရှိနေတဲ့သူကတော့ သူမ မဟုတ်မှန်း ယုံကြည်နေမိ၏။ 


လီချင့်ဟွားလည်း သူမ၏ မဟာမိတ်ဖြစ်သူ ရှောင်ချင်းနှင့် ဆက်ဆံရေးကို တဖြည်းဖြည်းချင်း တည်ဆောက်ရမယ်ဆိုတာကိုလည်း သိထားသည်။ ရှောင်ချင်းဟာ သူမကဲ့သို့ ချုံကျိုးကျွန်းကို ချစ်မြတ်နိုးပြီး ကွာရှင်းပြီးသည့်နောက် ဤနေရာတွင် ဆက်နေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေသည်။ 


ရှောင်ချင်းက လှပသလို ပညာတတ်အမျိုးသမီးတစ်ဦးဟန်ရှိလေ၏။ ကျွန်းပေါ်မှာ နေထိုင်ရန်နှင့် အနာဂတ်မှာ အလုပ်ရှာရန်အတွက် သူမဆီက အကြံဥာဏ်တစ်ချို့တောင် ရနိုင်ပါသေးသည်။ 


"ဒီအသီးလက်ဖက်ရည်က အရမ်းအရသာရှိတာပဲနော်!" 


"နောက်တစ်ခါ နင် ငါ့အိမ်ကို လာလည်ရင် ငါ…" 


လီချင့်ဟွားသည် သူမဆီ၌ တစ်ဖက်လူကို ဧည့်ခံဖို့ရာ ဘာမှမရှိကြောင်း သိလိုက်ရ၏။ 


"ငါ နင့်ကို ဆူးသီးစားဖို့ ဖိတ်မယ်နော်" 


"ငါ အခုပဲ နင့်ကို ဖိတ်လိုက်တော့မယ်ဟာ! ငါအိမ်ပြန်ပြီး သွားယူလာခဲ့မယ်!" လီချင့်ဟွားမှာ ပြောရင်းဆိုရင်းဖြင့် ပြေးထွက်သွားတော့သည်။ 


ခဏအကြာတွင် သူမက "အသီးကြီးကြီး"တစ်လုံးနဲ့ ပြန်ပြေးလာခဲ့ရာ ချင်းရို့တွေ့လိုက်ရသည်ကား သူမပြောလိုက်တဲ့ ဆူးသီးဆိုတာဟာ... ပိန္နဲသီးဖြစ်နေတာလားဟ?!! 


လီချင့်ဟွားဟာ အလွန်ပျင်းရိသူဖြစ်ရာ သူမခြံကိုလည်း ဂရုစိုက်ခဲသလို ဘာမှလည်း မစိုက်ပျိုးခဲ့ပါချေ။ ဟိုးအစကတည်းက သူမခြံထဲမှာ ဤပိန္နဲသီးပင်တစ်ပင်သာ ကျန်ရှိလေ၏။ 


ပိန္နဲပင်မှာ အလွန်ထူးဆန်းလှသည်ပင်။ ယင်းအပင်ကို သူမလုံးဝဂရုစိုက်စရာမလိုပေ။ ရေလောင်းလိုက်ရုံဖြင့် သူ့ဘာသူ ကောင်းကောင်းကြီးထွားလာခဲ့ပြီး အသီးသီးလာလိမ့်မည်ဖြစ်သည်။ 


လီချင့်ဟွားက ချင်းရို့ကို လေးလေးနက်နက် ပြောလာခဲ့၏။ "ရှောင်ချင်းရေ နင်က အခုမှ ဒီရောက်တာဆိုတော့ နင်မသိလောက်ဘူး။ ဒီကအပင်တွေက သူ့ဘာသူပေါက်ကြပြီးတော့ သူသီးချင်တဲ့အချိန်သီးတာဟယ်၊ ပြီးတော့ ဘယ်အချိန်မှည့်လာမလဲဆိုတာလည်း ဘယ်သူမှ ခန့်မှန်းလို့မရဘူး" 


"မှည့်တဲ့အခါ ငါခူးလိုက်တာပဲ" 


"သူက အရွက်တွေလည်းရှိတယ်။ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ အရွက်တွေက မဝါသွားသလို ကြွေလည်းမကြွေဘူးဟယ်။ သူတို့ကြွေတဲ့အချိန်က မတ်လလောက်မှာပဲ။ အရွက်တွေကြွေတဲ့ပုံစံတောင် ငါမေ့တောင်နေလို့ သစ်ပင်ကို သွားလှုပ်နေရတာဟ!"  


Thanks for reading!