Ch-61
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၆၁)


လုယန်ကမူ လုံးဝဂရုမစိုက်ပါချေ "သူမစိုက်ချင်ရင် စိုက်လို့ရတယ်" 


"ကျွန်တော်က သူမကို မြေဆွဖို့တောင် ကူညီပေးခဲ့တာလေ" 


လုကျုံးရီ: "... မင်းအိမ်မှာရှိတုန်းက ဘာလို့ မြေမဆွပေးခဲ့တာတုန်းကွ!" 


"အဖေက ကျွန်တော့်မိန်းမမို့လား?" 


လုကျုံးရီ: "ငါက မင်းအဖေလေ" 


ဘာပဲဖြစ်ဖြစ် သူတို့လုမိသားစုရဲ့ ယောက္ခမရော ချွေးမတွေပါ အမျိုးသမီးအားလုံးဟာ အတူတူပါပဲ။ 


"နောက်ကျ မင်း ဒုက္ခရောက်လိမ့်မယ်ကွ" လုကျုံးရီ ဖုန်းချလိုက်၏။ သူ့အငယ်ဆုံးသားက သူနဲ့အတူဆုံးပဲ။ 


ဟုတ်တာပေါ့၊ သူဘာလို့ဒီလိုထင်ရတာလဲဆိုတော့ အငယ်ဆုံးသားက အချောဆုံးဖြစ်လို့တော့ မဟုတ်တာ သေချာပါတယ်။ 


ကံကောင်းလို့ သူ့သားက သူ့အဖေလိုပဲ ဟင်းချက်စွမ်းရည်ကောင်းလို့သာပေါ့။ 


သူ့သားအငယ်ဆုံးလုပ်ပေးတဲ့ ဘန်းမုန့်ပေါင်းတွေက အရမ်းအရသာရှိတာကွာ၊ သူ နည်းနည်းလေးတော့ လွမ်းမိပါရဲ့။ 


*** 


လွန်ခဲ့တဲ့နှစ်ရက်က ချင်းရို့ စိတ်ဓာတ်ကျနေခဲ့ရသော်ငြား ဘာမှမလုပ်ပဲနေသည်တော့မဟုတ်။ သူမက သတင်းကြေညာသူ စာမေးပွဲအတွက် ပြင်ဆင်နေကာ နေ့တိုင်း လျှာလိပ်ကာ အသံထွက် လေ့ကျင့်နေခဲ့ပေ၏။ 


သည့်အပြင် ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ခရမ်းချဥ်သီး၊ သခွားသီး၊ ခရမ်းသီး၊ သပွတ်ပင်၊ ရွှေပဲသီး၊ မုန်လာဥဖြူ အစရှိသည်တို့ကို ခြံဝင်းထဲက ဟင်းရွက်စိုက်ခင်းမှာ မျိုးကြဲစိုက်ပျိုးထားခဲ့သည်။ 


ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရသည်မှာ လွယ်ကူသည့်အလုပ်တော့ မဟုတ်ပါချေ။ ချင်းရို့ မျိုးစေ့တွေ ဝယ်သည့်အချိန်မှာ ဤနေရာ ရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့ကောင်းတွေကို ဂရုတစိုက်ရွေးချယ်ခဲ့ရ၏။ သူမ မျိုးစေ့ဌာနဆီ အကြိမ်များစွာသွားခဲ့ရပြီး လိုအပ်သည့် အပူချိန်၊ အလင်းရောင် စသဖြင့် မေးမြန်းကာ မှတ်တမ်းတစ်ခုလုပ်ခဲ့ပေသည်။ 


ချုံကျိုးကျွန်း၌ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်းနှင့် သိပ္ပံနည်းကျ သုတေသန စမ်းသပ်စိုက်ခင်းများစွာရှိပါသည်။ ဤနေရာရှိ ရာသီဥတုမှာ ထူးခြားလှသောကြောင့် အခြားနေရာများ၌ တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးနိုင်သော်လည်း ဤဒေသတွင်မူ နှစ်ရာသီ၊ သုံးရာသီလောက် စိုက်ပျိုးနိုင်လေ၏။ ထို့ကြောင့် အပင်ပွားကိုင်းဆက်ဌာန၊ စမ်းသပ်ဌာနစသဖြင့် အများအပြားရှိနေခဲ့ခြင်းပင်။ 


သည့်အပြင် စိုက်ပျိုးရေးကောလိပ်လည်းရှိပေ၏။ ဤနေရာတွင် အပင်မျိုးစိတ်ပေါင်းများစွာရှိသဖြင့် စိုက်ပျိုးရေးကောလိပ်ဖွင့်ရန် အသင့်တော်ဆုံးပင်။ 


ပန်းပင်စိုက်ပျိုးရတာ နှစ်ခြိုက်သူအနေဖြင့် ချင်းရို့ အပင်စိုက်ခြင်းကို အမြဲလိုလို စူးစမ်းနေခဲ့သလို စိုက်ပျိုးရေးကောလိပ်ကိုလည်း စပ်စုချင်မိပြီ။ 


ယေဘုယျအားဖြင့် စိုက်ပျိုးရေးကောလိပ်များတွင် ရေပန်းအစားဆုံးရှာဖွေမှုများဟာ "ဘွဲ့ယူစာတမ်း"ကဲ့သို့သော ကြေကွဲဖွယ်ရာ အဖြစ်အပျက်များထက် ဘာမှမပိုပါချေ။ 


သို့ရာတွင် စိုက်ပျိုးရေးကောလိပ်များ၌ အကျိုးကျေးဇူးတချို့ရှိ​တယ်လို့လည်း သူမကြားဖူးထားပေသည်။ သစ်သီးဝလံတွေအကြောင်းပြောရပါလျှင် ကောလိပ်မှာ လူတစ်ယောက်က သူ့မိတ်ဆွေ စိုက်ပျိုးထားတဲ့ ထူးဆန်းတဲ့အသီးအနှံတွေကို ဝယ်လို့ရသလို ဈေးလည်း အလွန်သက်သာပေမည်။ 


"နင် ကိုကိုးပင် စိုက်ကြည့်ဖူးလား? ပေါင်းနင်ပျိုးပင်ပွားစခန်းမှာ ကိုကိုးပင်တွေရှိတယ်မဟုတ်လား? အဲ့ဒါက ဘယ်လိုအပင်မျိုးလဲဟင်? ချောကလက်တွေလုပ်လို့ရတဲ့ အပင်ဆို ဟုတ်လားဟဲ့?" မျိုးစေ့စခန်းရှိ ဝန်ထမ်းတွေ ကိုကိုးပင်အကြောင်းပြောနေကြတာကို ချင်းရို့ မတော်တဆ ကြားလိုက်ရသောကြောင့် သူမ မနေနိုင်ဘဲ စပ်စုချင်သွားရ၏။ 


"နင် ချောကလက်အကြောင်း သိတာလား?" 


"ရှန်ဟိုင်းဈေးက ထုတ်တဲ့ ချောကလက်ကို ငါ စားဖူးတယ်လေ" 


ချင်းရို့လည်း ထိုနေရာကို မှတ်သားထားလိုက်ကာ အနာဂတ်မှာ အခွင့်အရေးရပါက ကိုကိုးပင်နည်းနည်း စိုက်လို့ရနိုင်မလား... 


ဒါပေမယ့် ဟုတ်တာပေါ့လေ... အခုတော့ သူမရဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ အရင်ဆုံး စိုက်ပျိုးရမယ်လေ။ 


ချင်းရို့ အာရုံအစိုက်ဆုံးအရာကတော့ သူမရဲ့ ဆလတ်ရွက် စိုက်ပျိုးဖို့ပါပဲ။ သူမ ကမာဆော့စ်ဆလတ်ရွက်၊ ကြက်သွန်ဖြူဆလတ်ရွက် စားချင်တယ်... ဆလတ်ရွက်... ဆလတ်ရွက်... ဆလတ်ရွက်... ဆလတ်ရွက်... ဆလတ်ရွက်... 


ဤနေရာ၌ ဆလတ်ရွက်တွေကို စိုက်ပျိုးရတာ ပိုမိုခက်ခဲပေသည်။ ချုံကျိုးကျွန်းရဲ့ အပူချိန်က အတော်လေးမြင့်လေရာ ဆလတ်မျိုးစေ့တွေ ကြီးထွားရန် ခက်ခဲလေ၏။ 


အပူချိန်မြင့်မြင့်အောက်တွင် အပင်ပေါက်နှုန်းမှာ အတော်လေးနိမ့်လေသောကြောင့် မျိုးစေ့ကို ဦးဆုံး အပူချိန်အနိမ့်မှာ အညှောင့်ပေါက်ဖို့ လုပ်ရပေမည်။ 


ချင်းရို့ မျိုးစေ့များကို ရေသန့်သန့်ထဲတွင် စိမ်ထားလိုက်၏။ ကံကောင်းစွာဖြင့် အိမ်မှာ ရေခဲသေတ္တာရှိနေ၍သာ၊ သူမ ရေပုလင်းနည်းနည်းကို ရေဖြည့်လိုက်ပြီး ရေခဲအဖြစ်သို့ အေးခဲထားလိုက်၏။ သူမက ရိုးရိုးရှင်းရှင်း အိမ်လုပ်သေတ္တာလေးတစ်လုံးကိုလည်း ပြုလုပ်ခဲ့ရာ ၄င်းမှာ ရေခဲချောင်းရောင်းတဲ့အခါ သုံးတဲ့ပုံစံနဲ့ တူပေသည်။ ထို့နောက် လီချင့်ဟွား လက်ဆောင်ပေးထားတဲ့ စောင်အစုတ်တစ်ထည်နှင့် ဖုံးထားလိုက်သည်။ 


လီချင့်ဟွား မွေးရပ်မြေရဲ့ ဆောင်းရာသီဟာ အေးလွန်းသဖြင့် စောင်ထူထူတွေလိုအပ်ပါသည်။ စောင်က စုတ်ပြဲနေသော်ငြား အဲ့ဒီအချိန်တုန်းကတော့ သူမရဲ့ ရတနာတစ်ခုပင်။ 


တစ်ချိန်က အနီရောင်မှဲ့ဟာ နံရံပေါ်မှာ ခြင်သွေးဖြစ်လာခဲ့တယ်။ 

(T/N: အဆင်မပြေတဲ့အိမ်ထောင်ရေးလို့ပြောတာပါ) 


"ရေခဲပေါ်မှာ စောင်နဲ့ အုပ်ထားလိုက်ရင် အရည်မပျော်သွားဖူးပေါ့လေ?" လီချင့်ဟွားက ရဲဘော်ရှောင်ချင်းဟာ အမြဲလိုလို မထင်မှတ်တာတွေချည်း လုပ်တတ်တယ်လို့ ခံစားမိလျက်။ 


"မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရေခဲတုံးတွေကို ထိန်းသိမ်းထားနိုင်ဖို့ အကာအကွယ်တွေလိုလို့ပဲ" 


ရေစိမ်ထားသော မျိုးစေ့များကို အညှောင့်ပေါက်လာစေရန် အပူချိန်နိမ့်တဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားရ၏။ မျိုးစေ့တွေအားလုံး ဖြူလာပြီဆိုရင် ချင်းရို့ မြေကြီးထဲ စိုက်လို့ရပြီပေါ့။ 


ထိုအချိန်ကာလအတွင်း သူမ မျိုးစေ့များစွာကို စိုက်ပျိုးထားခဲ့သလို သခွားသီးနှင့် ခရမ်းချဥ်သီးများကို အညှောင့်ပေါက်လာရန် စောင့်ဆိုင်းနေခဲ့ပေသည်။ 


ကောင်းကောင်းရှင်သန်ကြီးထွားနိုင်မည့် အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေကို သူမ ဂရုတစိုက်ရွေးချယ် ဝယ်ယူရမည်ဖြစ်သလို သေသေချာချာ ပြုစုစောင့်ရှောက်ပေးရပေမည်။ 


သဘာဝအတိုင်းရွေးချယ်မှုဆိုသည်ကား အသင့်လျော်ဆုံးရှင်သန်မှုပင်။ တစ်ခုတည်းသောအရင်းအမြစ်များဖြင့် စိုက်ပျိုးရန်အတွက် ပျိုးပင်ကောင်းများကိုသာ ရွေးချယ်နိုင်လေသည်။ 


အပင်တွေရဲ့ကမ္ဘာဟာလည်း အရမ်းရက်စက်ပါရဲ့။ 


Me: ဒီအပိုင်းက ဘာတွေမှန်းလဲမသိဘူးရှင်။ ငိုတောင်ငိုချင်သွားတယ်... etranကို ဖတ်တာ နားမလည်လို့ rawဆီ ပြေးထားရတယ်။ မှားနေတာလေးတွေရှိရင် ခွင့်လွှတ်ပေးကြပါနော်... 


Thanks for reading!