၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၇၂)
ဟွမ်ရှင်းရင်က လုယန်ရဲ့ အခြေအနေကို စုံစမ်းမေးမြန်းပြီးနောက် သူမက ချင်းရို့ ကိုယ်ဝန်မြန်မြန်ရလာဖို့ စောင့်မျှော်နေကာ ဖြစ်နိုင်ရင် ယောက်ျားလေးတစ်ဦး မြန်မြန်မွေးဖွားလာရင် အကောင်းဆုံးပဲဆိုပြီး မျှော်လင့်နေလျက်။
ဟွမ်ရှင်းရင်က ယောက်ျားလေးတစ်ဦးကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသဖြင့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ သူမ သိသလို ဘေးအိမ်က ရှောင်ချာကျင်းကိုလည်း ထိုအရသာကို မြည်းစမ်းကြည့်စေချင်ခဲ့သည်။
သူမ မျက်လုံးတွေကို မှိတ်ထားတဲ့အခါ စိတ်ထဲပေါ်လာတာကတော့ တိမ်တိုက်ဖြူဖြူတွေနဲ့ ကောင်းကင်ပြာပြာကြီး နောက်ခံတို့ဖြင့် ကောက်ရိုးထီးအောက်မှာ အေးအေးလူလူထိုင်နေတတ်တဲ့ ချင်းရို့ဟာ သူမအရှေ့က အုန်းပင်တွေကို အေးအေးဆေးဆေးကြည့်နေသည်မှာ ပန်းချီကားတစ်ချပ်နှယ် လှပနေလေသည်။
ဟွမ်ရှင်းရင်က ဘယ်လိုမျိုး မကျေမနပ်ဖြစ်နေသလဲဆိုတာကို မပြောတတ်ပေ။
ညောင်ပင်အောက်မှာ ဝတ္ထုတွေထိုင်ဖတ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးပေမယ့် အဲဒါက တော်တော်ကြာခဲ့ပြီလေ။
(T/N: ဟွမ်ရှင်းရင်က အရင်တုန်းက သူမလည်း အဲ့လိုပုံစံဖြစ်ခဲ့တယ်လို့ ပြောချင်တာထင်တာပဲ၊ အခု ယောကျ်ားယူ ကလေးမွေးပြီးသွားတော့ အဲ့လိုမနေရတော့ဘဲ ချင်းရို့ကို ဒီလိုပုံစံမျိုးတွေ့တော့ သူမနာလိုဖြစ်နေတာနေမယ်)
အနှေးနဲ့အမြန်ဆိုသလို သူမလည်း ပြောင်းလဲလာလိမ့်မှာ အချိန်တစ်ခုပါပဲ။ ပြီးတော့ သူမက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ချင်ခဲ့ရုံသာ။
လုယန် ပြန်ရောက်သည့်နေ့တွင် ဟွမ်ရှင်းရင်က ကမာ၊ ခုံး၊ ပင်လယ်ခရုတို့ကြော်ထားတဲ့ ပန်းကန်လုံးတစ်လုံး နဲ့ ဝက်သားကြော် ပန်းကန်သေးတစ်ပန်းကန်တို့ကို ချင်းရို့အိမ်သို့ ပို့ပေးခဲ့သည်။
"ငါ့လက်ရာကို မြည်းကြည့်ပါဦး"
ဟွမ်ရှင်းရင်က လင်မယားနှစ်ယောက်နဲ့ စကားစမြည်ပြောပြီးနောက် ချင်းရို့ကို အမှတ်တမဲ့ သတိပေးဟန်ပြုကာ "လက်ဖက်ရည်ပြင်းပြင်းတွေ လျှော့သောက်နော်၊ ကလေးရှိနေပြီဆိုရင် ကလေးအတွက် မကောင်းဘူးလေ"
"နင်တို့နှစ်ယောက် ကလေးယူဖို့ မြန်မြန်လုပ်သင့်တယ်"
ကလေးမွေးပြီးသွားရင် ပဋိပက္ခတွေ အမျိုးမျိုးရှိလာမှာပဲ!
ချင်းရို့: "?!"
မိသားစုခြံဝင်းထဲက လူတွေက အရမ်းကို စိုးရိမ်တတ်ကြတာပဲနော်။ အရင်တုန်းက သူမကို အလုပ်ရှာဖို့ တိုက်တွန်းခဲ့ကြတယ်၊ အခုလည်း ကလေးမွေးဖို့ တိုက်တွန်းနေကြပြန်ပြီ!
အဖွဲ့အစည်းက ပါတနာတွေရှာပေးတယ်၊ ဒိတ်အတွက်လည်း စီစဥ်ပေးတယ်၊ အခု သူတို့ကို ကလေးယူဖို့ပါ တိုက်တွန်းနေပြီလားကွာ!!
လုယန်: "!!!"
မိသားစုထဲမှာ ကလေးနှစ်ယောက် ရှိနေသေးတော့ လုယန်လည်း လောလောဆယ် ကလေးမလိုချင်သေးပေ။ နောက်ဆုံးမှာတော့ သူက သူ့ဇနီးလေးနဲ့ ဇနီးမောင်နှံအဖြစ် ဘဝကို ပျော်မွေ့ချင်နေသေးတာလေ။
လုယန် ပြုံးလျက် "ငါ့မိန်းမနဲ့ ကလေးမယူခင် နှစ်နှစ်သုံးနှစ်လောက် စောင့်ချင်သေးတယ်"
ချင်းရို့လည်း သဘောတူစွာဖြင့် "ငါရောပဲ၊ အလျင်မလိုပါဘူးဟာ"
သူတို့နှစ်ယောက်စလုံး အချိန်တစ်ခုလောက်အထိ ကလေးမယူချင်ကြသေးပါဘူး။
"ဘာလို့လဲ-" ဟွမ်ရှင်းရင်က ပြောနေရင်း ချက်ချင်းဆိုသလို သူမအမူအရာ ကွဲအက်သွားရကာ "ကလေးရှိတာက အရမ်းကောင်းပါတယ်။ လင်နဲ့မယားကြားက ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်လေ။ နင်တို့ကိုယ်ပိုင်သားသမီးတွေ မလိုချင်ဘူးလား?"
ချင်းရို့: "…"
လုယန်: "…"
ဟွမ်ရှင်းရင်က ဘေးအိမ်က လုမိသားစုနဲ့ အချိန်အတော်ကြာ စကားပြောပြီးနောက် သက်ပြင်းအရှည်ကြီးချကာ အိမ်ပြန်သွားတော့သည်။ သူတို့နှစ်ယောက်စလုံး အချိန်တစ်ခုအထိ ကလေးမယူချင်သေးဘူးဆိုပြီး ဇွတ်ငြင်းနေခဲ့သည်လေ။
ဒါက အရမ်းဝမ်းနည်းစရာကောင်းတာပဲ။
ခင်ပွန်းဖြစ်သူ ကျန်းချန်ပေ့က အနှီအဖြစ်အပျက်ကို အလွန်မကျေနပ်သဖြင့် "မင်း ဘေးအိမ်က မိသားစုကို အရမ်းကြီးဂရုစိုက်နေတာပဲကွာ။ ရဲဘော်လုရဲ့ အခြေအနေကိုလည်း သွားမေးနေပြီးတော့ သူ့မိသားစုဆီ စားစရာတောင် ပို့ပေးနေတယ်"
ကျန်းချန်ပေ့ မကြာသေးမီကပင် မပျော်ရွှင်ခဲ့ပေ။ သူ့ရဲ့ နိုင်ငံရေးအရာရှိအဖွဲ့ဝင် လောင်လျိုက အလုပ်ကိစ္စဖြင့် ကွမ်ချန်သို့ ခရီးသွားရ၍ သူ့ဇနီးဖြစ်သူ လီချင့်ဟွားကိုပါ ခေါ်သွားခဲ့သည်။ ကျန်းချန်ပေ့မှာ လောင်လျိုက သူ့ရဲ့ ပျင်းရိတဲ့ဇနီးသည်ကို သူ့မွေးရပ်မြေသို့ ပြန်ပို့တော့မယ်လို့ လျှို့ဝှက်စွာတွေးခဲ့ပေမယ့် သူတို့က ပျော်ရွှင်ပြီး ပြန်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ပါချေ။
သူပြန်လာပြီးနောက် သူ့မျက်နှာက ချစ်ခြင်းမေတ္တာတို့ဖြင့် ထုံလွှမ်းနေကာ ကွမ်ချန်ရှိ ရုပ်ရှင်ရုံမှာ သူတို့ဇနီးမောင်နှံက ရုပ်ရှင်တစ်ကား သွားကြည့်ခဲ့ကြောင်း၊ ထမင်းလိပ်စားဖို့အတွက် အစိုးရပိုင်စားသောက်ဆိုင်ကိုလည်း သွားခဲ့ကြောင်း ပြောပြလာခဲ့သည်။
အရင်တုန်းက ကျန်းချန်ပေ့ဟာ လောင်လျိုအရှေ့မှာ သူ့ရဲ့အလိမ္မာဇနီးသည်အကြောင်း ကြွားဝါလေ့ရှိခဲ့ပေမယ့် အခုတော့ အလုပ်မဖြစ်တော့ပေ။ လောင်လျိုက သူ့ရဲ့ ပျင်းရိတဲ့ဇနီးနဲ့အတူတူ ရုပ်ရှင်သွားကြည့်ပြီးတဲ့နောက် ပီယဟင်းချိုသောက်ထားခဲ့သလိုမျိုးဖြစ်နေသည်ပင်။
သူ့မိသားစုနှင့် ပတ်သက်တဲ့ကိစ္စတွေကို ဘယ်လိုပဲပြောပြနေပါစေ၊ အဲဒီနေ့က သူက သူ့ဇနီးနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့တာ၊ ရုပ်ရှင်က ဘယ်လိုဆိုတာတွေ၊ လေထုက ဘယ်လိုဖြစ်နေတာ ဆိုပြီး ဝမ်းသာအားရ ပြောပြနေတတ်သည်။
ကျန်းချန်ပေ့ကတော့ ထိုစကားတွေကို ကြားပြီးနောက် အလွန်စိတ်မသက်မသာခံစားနေခဲ့ရလျက်။
- ရုပ်ရှင်ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းလို့လားကွာ?
သူ့စိတ်ထဲမှာ လှောင်ရယ်နေလျက်။ ကျန်းချန်ပေ့က ရုပ်ရှင်သွားကြည့်ရတာ ကောင်းတယ်လို့ တစ်ခါမှမတွေးခဲ့ဘူးသလို ကန့်လန့်ကာအဖြူရောင်စခရင်ကြီးတစ်ခုက မြင်ကွင်းတစ်ခုလုံးကို ပြည့်နေသည်လေ။ သူတို့တွေက စခန်းမှာလည်း တွေ့နေရတာပဲ မဟုတ်လား? အဲ့ဒါကို လူငယ်စုံတွဲတွေတောင်မှ ရုပ်ရှင်သွားကြည့်ကြတယ်။
သို့သော် လောင်လျိုက အချိန်တိုင်းပြောနေတဲ့အခါ သူ သည်းမခံနိုင်တော့ပါချေ။ သူပြောတိုင်း သူ့မျက်နှာက ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို တွေ့လိုက်ရသလိုပင် တင်းမာလာခဲ့၏။
ဒီလိုနဲ့ ကျန်းချန်ပေ့က ဘေးအိမ်က လုယန်ကို သူ့မိန်းမနဲ့ ရုပ်ရှင်သွားကြည့်ဖူးလားလို့ မေးလိုက်၏။
နာရီဝက်ကြာပြီးနောက် ကျန်းချန်ပေ့မှာ လူမှားမေးမိခဲ့ကြောင်း သိလိုက်ရပေသည်။
- သူ ဘာလို့များ လုယန်ကို မေးမိတာလဲကွာ။
သူတို့အားလုံးက သူတို့ဇနီးတွေနဲ့အတူ ရုပ်ရှင်သွားကြည့်ကြတာ ဘာကြောင့်များ ဒီလိုကြွားဝါနေကြတာလဲဟေ!
သူ သည်းမခံနိုင်တော့ဘူးဟ! အသက်ရှူကျပ်သလို ခံစားနေရပြီ။
သူက ဟွမ်ရှင်းရင်ကို ကွမ်ချန်မှာ ရုပ်ရှင်အတူတူကြည့်ဖို့ အဆိုပြုရုံကလွဲလို့ ရွေးချယ်စရာမရှိပေမယ့် သူမဆီက ဆူပူကြိမ်းမောင်းခံရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
"ရှင် နေမကောင်းဘူးလား? ကျွန်မတို့က ဘာလို့ ဒီလောက်အဝေးကြီးကို သွားရမှာလဲ၊ ဒုက္ခများတယ်လို့ မထင်ဘူးလား?"
ကျန်းချန်ပေ့က မရမကပြောဆိုကာ "ငါကတော့ ဒါကို ဒုက္ခများတယ်လို့မထင်ပါဘူး"
"ကောင်းပြီ၊ ရှင်က ဒုက္ခများတယ်လို့မထင်ဘူးဆိုရင်လည်း ဒါဆို ကျွန်မကို ပင်လယ်စာတွေ ကူဆေးပေးလေ"
ကျန်းချန်ပေ့: "…"
"သွားလေ၊ ရှင် ဘာလို့ မသွားတာလဲ?"
သူ့ရဲ့ အသက်ရှင်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီပဲ!
Thanks for reading!