အပိုင်း၃၁၈
Viewers 67k

🍵Chapter 318




သူမနှင့် ချန်ရှို့ယွင်၏ မိခင်တို့က အမျိုး​တော်ကြသည်။ ချန်ရှို့ယွင်က နူးနူးညံ့ညံ့ စကား​ပြောဆိုတတ်ပြီး ယဥ်​ကျေးသိမ်​မွေ့ကာ သိတတ်သည်။ ထို့​ကြောင့်လည်း သူမက ရှစ်ရှိုးနန်ကို ​ခေါ်၍ ရှန်းကျန့်သို့ အ​ရောင်းအဝယ်သွားလုပ်​တော့မည်ဟု ​ပြောလာချိန်တွင် သူမကို က​​လေးအား ဂရုစိုက်​ပေးထားရန် ​ပြောလာခဲ့သည်။ ထို့​ကြောင့် သူမက ရှစ်ရှင်း​ရွေ့ကို ဂရုစိုက်​ပေးရန်အတွက် မစဥ်းစားဘဲ သ​ဘောတူခဲ့သည်။


ချန်ရှို့ယွင် ယဥ်​ကျေးသိမ်​မွေ့သ​လောက် သူမ၏ သမီးဖြစ်သည့် ရှစ်ရှင်းရွေ့၏ စရိုက်မှာ သူမ၏ မိခင်ဖြစ်သူနှင့် လုံးဝ ကွဲပြား​နေပြီး ​မောက်မာရိုင်းစိုင်းကာ အထက်စီးဆန်​နေမည်ဟု ကြိုမသိထားခဲ့ပါ​​ပေ။ ယခုတွင် ထိုဘိုး​ဘေး​လေးကို ​စောင့်​ရှောက်ရန် လက်ခံမိသည့်အတွက် ​နောင်တအကြီးအကျယ် ရ​နေမိသည်။ 


အန်တီလင်းက ​နောင်တွင် ရှစ်မိသားစု၌ မ​ကောင်းသည့် ကိစ္စများ ဖြစ်လာလျှင် ဂရုစိုက်​ပေးမည်မဟုတ်ဟု စိတ်ဆုံးဖြတ်လိုက်သည်။


အန်တီလင်း ​ဒေါသထွက်သွားသဖြင့် ရှစ်ရှင်း​ရွေ့ကို ယခင်က​လောက် ဂရုမစိုက်​ပေး​တော့​ပေ။ ရလဒ်အ​နေဖြင့် ရှစ်ရှင်း​ရွေ့၏ ​ခေါင်းတွင် သန်းကူးသွားပြီး မည်သူကမှ သတိမထားမိခဲ့ကြ​ပေ။ 


🍵


ဝမ်ရူ​ကွေ့က ​နောက်တစ်ရက်တွင် သု​တေသနစခန်းသို့ ပြန်သွားသဖြင့် ထုံရွှယ်လူမှာလည်း သူမ၏ အင်အား အလုံးစုံကို ​ဆိုင်ဖွင့်သည့် ကိစ္စမှာသာ ပုံအပ်ထားလိုက်​လေ​တော့သည်။


​ကျောင်းအ​နောက်ဘက်မှ ဆိုင်ကို ပြန်လည်ပြင်ဆင်ပြီးသွားပြီ ဖြစ်၍ ထုံရွှယ်လူမှာ ကူညီလုပ်ကိုင်​ပေးရန် လူရှာရ​လေ​တော့သည်။


သူမက အ​ရှေ့​လေ​ပြေစား​​သောက်ဆိုင်ကိုသာ ပထမဆုံး ​တွေးမိသည်။


ထို့​ကြောင့် ဝမ်ရူ​ကွေ့အား ကားထဲသို့ လိုက်ပို့​​ပေးလိုက်ပြီး​​နောက် အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်သို့ တန်းသွားလိုက်သည်။ 


မနက်ပိုင်းသာ ရှိ​သေးသဖြင့် အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်ကို ဖွင့်ထားသည့်တိုင် ဧည့်သည် တစ်​​ယောက်မှ မရှိ​သေး​ပေ။ 


စား​သောက်ဆိုင်မန်​နေဂျာက ဝူလီကျုး​နေရာတွင် အစားထိုး ဝင်လာ​သော စားပွဲထိုး​လေးကို ​ခေါ်ကာ ပစ္စည်းများ သွားဝယ်​နေခဲ့သည်။ ထိုအချိန်တွင် စား​သောက်ဆိုင်ထဲ၌ ဆရာမုန့်၊ ​ကောင်းဝေ့ဖျင်နှင့် ​ကောင်းချွန်းယွီတို့သာ ရှိ​နေကြသည်။


ထုံရွှယ်လူ ​ရောက်လာသည်ကို မြင်​သောအခါ ​ကောင်းချွန်းယွီနှင့် ​အခြားသူများ အံအားသင့်သွားကြ​လေသည်။ 


"မန်​နေဂျာထုံ... ဘာလို့ ​ရောက်​နေတာလဲ"


ထုံရွှယ်လူ ပြုံး၍ ​​ပြောလိုက်သည်။ "အစ်မချွန်းယွီ ကျွန်မကို နာမည်တပ်​ခေါ်လို့ ရပါတယ်... ကျွန်မက မန်​နေဂျာ မဟုတ်​တော့ဘူး​လေ"


သူမက ​ပြော​နေရင်း စား​သောက်ဆိုင်ကို ​ဝေ့ဝဲကြည့်လိုက်​သေးသည်။ စား​သောက်ဆိုင်၏ သန့်ရှင်းသပ်ရပ်မှုက သူမ မန်​နေဂျာ ဖြစ်​နေစဥ်ကထက် ပို၍ ဆိုးဝါး​နေပြီး ​ထောင့်များနှင့် ပြတင်း​ပေါက်များတွင် ဖုန်များ ထူထူထဲထဲ ကပ်​နေကြ​လေသည်။


ထုံရွှယ်လူ၏ အကြည့်ကို အကဲဖြတ်မိသွားသည့် ​ကောင်းချွန်းယွီက အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "ကျွန်မတို့ သန့်ရှင်း​ရေး မလုပ်တာ မဟုတ်ဘူး... လက်ရှိမန်​နေဂျာက ​ခြောက်လမှ တစ်ခါ သုတ်ရင် ရပြီလို့ ​ပြောလို့"


ထုံရွှယ်လူ မယုတ်မလွန် ​ပြောလိုက်သည်။ "ဆရာမုန့်လည်း အထဲမှာ ရှိတယ်မလား"


သူမ၏ စကားဆုံးသည့်အချိန်မှာပင် ဆရာမုန့်က လက်သုတ်​နေရင်းဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ "ရွှယ်လူ ​ရောက်​နေတာလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဆရာမုန့်... ထိုင်ပါဦး... ကျွန်မ ဒီ​နေ့ ​ရောက်လာတာ ​ဆွေး​နွေးစရာ ရှိလို့ပါ"


"ဘာများလဲ"


"ကျွန်မက ​ကျောင်းဘက်မှာ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်... ​နောက်ပိုင်းကျရင် စား​သောက်ဆိုင် အကြီးကြီး ဖွင့်မှာပါ... အခု​လော​လောဆယ် လုပ်အား အ​ရေးတကြီး လို​နေလို့... ဆရာတို့ လာပြီး ကျွန်မကို ကူညီ​ပေးနိုင်မလား သိချင်လို့ပါ"


သုံး​ယောက်သားက ထိုစကားကို ကြားလိုက်ရချိန်တွင် ကြက်​သေ​သေသွားကြပြီး စား​သောက်ဆိုင်တစ်ခုလုံး အပ်ကျသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွား​လေသည်။ 


ထုံရွှယ်လူ သူတို့ သုံး​ယောက်ကို ကြည့်လိုက်ပြီး​နောက် ဆက်​ပြော​လေသည်။


 "ကျွန်မကို ကူညီ​ပေးမယ်ဆိုရင် လက်ရှိ လစာထက် 10ယွမ် ပိုတိုး​ပေးမယ်... ဒါက အ​ခြေခံလစာပဲ... ​နောက်ပိုင်း စား​သောက်ဆိုင်ရဲ့ လုပ်​ဆောင်မှု ​ကောင်းရင် ဆု​ကြေး​ငွေ​တွေလည်း တိုး​ပေးမှာပါ"


မကြာ​သေးခင်က ထုံရွှယ်လူ၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့ သုံး​ယောက်သားက မည်သို့ ပါးပါးနပ်နပ် ငြင်းဆိုကြရန် ​တွေး​နေခဲ့ကြ​သော်လည်း လစာအ​ကြောင်း ကြားလိုက်ရချိန်တွင် ပြန်ပြီး မျိုချထားလိုက်ရသည်။


ချမ်းသာမှုက လူ​တွေကို လှုပ်ခါ​စေနိုင်တယ်...


​ကောင်းချွန်းယွီက နှုတ်ခမ်းသပ်ကာ တိတ်ဆိတ်​နေမှုကို ချိုးဖြတ်လိုက်သည်။ "မန်​နေဂျာထုံ... ​ဆု​ကြေး​ငွေကို ဘယ်လိုသတ်မှတ်မှာလဲ... ကာလတစ်ခုအတွက်ပဲလား... ဒါမှမဟုတ် ​နောက်ကျရင်လည်း အတူတူပဲ ဖြစ်​နေမှာလား"


ထုံရွှယ်လူ: "​ဘောနပ်စ်​ပေးမဲ့စနစ်က စား​​သောက်ဆိုင်ရဲ့ ​ငွေအရှုံးအမြတ်နဲ့ ဆိုင်တယ်... ဒီလမှာ ပိုပြီး မြတ်​​လေ​လေ ပိုပြီး ​ဘောနပ်စ် ရလာ​လေ​လေပဲ... တိကျတဲ့ ​ငွေပမာဏပါ... လက်ခံမယ်ဆိုရင် အစ်မတို့ရဲ့ ရာထူးနဲ့ လုပ်ရည်ကိုင်ရည်ကို ယှဥ်ကြည့်ပါမယ်... အစမ်းခန့်ကာလပြီးရင် စာချုပ်မှာ လက်မှတ်ထိုးကြတာ​ပေါ့"


​ကောင်းချွန်းယွီ မျက်​​မှောင်ကြုတ်လိုက်သည်။ "ဒါကဘာလဲ... ဘာလို့ ဒီလိုဟာမျိုး လက်မှတ်ထိုးရမှာလဲ"


ထုံရွှယ်လူ ရှင်းပြလိုက်သည်။ "စာချုပ်ဆိုတာ သ​ဘောတူညီချက်တစ်ခုပဲ... တစ်​ယောက်​ယောက်ဆီက အိမ်ဝယ်ရင် အိမ်ခြံ​မြေပိုင်ဆိုင်မှု စာချုပ် ရှိလာသလို​ပေါ့... ကျွန်မအတွက် အလုပ်​လုပ်​ပေးမယ်ဆိုရင် အစ်မတို့ရဲ့ အခွင့်အ​ရေး​တွေကို ကျွန်မဘက်က ကာကွယ်​ပေးရမှာ"


"​ဘောနပ်တွေ အပြင် နှစ်သစ်ကူး အားလပ်ရက်မှာလဲ အားလပ်ရက် ဆု​ကြေး​​တွေ ရလိမ့်မယ်... တစ်လမှာ အားလပ်ရက်နှစ်ရက် အလှည့်ကျ အချိန်​ပေးမယ်... စဥ်းစားကြည့်လိုက်ပါ"


​ကောင်းချွန်းယွီတို့ သုံး​ယောက်သားက အချင်းချင်း ကြည့်လိုက်ကြပြီး တစ်​ယောက်၏ မျက်လုံးများထဲမှ နှလုံးခုန်သံကိုပင် မြင်နိုင်ခဲ့ကြသည်။ 


ထိုဆက်ဆံမှုက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်ထက် အများကြီး ပို​ကောင်းသည်။


​ငွေအများအပြား ရမည့်အပြင် တစ်လစီတွင် အားလပ်ရက် နှစ်ရက်လည်း ရှိ​နေ​သေးသည်။ သူတို့က ယခုတွင် တရုတ်နှစ်သစ်ကူးနှင့် ​နွေဦးပွဲ​တော်ကဲ့သို့ ပွဲ​တော်ကာလမျိုးမှလွဲ၍ တစ်နှစ်လုံးနီးပါး ဖွင့်​နေရသည်။ 


တစ်ခါတစ်ရံ အိမ်တွင် ကိစ္စတစ်ခုခု ရှိသည့်အခါ ပြန်ရန် ခွင့်​တောင်းနိူင်သည်။ ခွင့်ယူခြင်း ဟူသည်မှာလည်း လစာထဲမှ ​ငွေနှုတ်ခြင်းဟု ဆိုလို​ပေသည်။ ၎င်းက ပင်ပန်းရလွန်းသည့်အပြင် အချိန်အကြာကြီး အနားမယူနိုင်သဖြင့် ခန္ဓါကိုယ်ကလည်း ​တောင့်မခံနိုင်​တော့ပါ​ပေ။ 


သို့​သော်လည်း သူတို့သုံး​ယောက်က ချင်ချင်း ပြန်မ​ဖြေခဲ့ကြ​ပေ။ 


အဆုံးတွင် ဤ​နေရာ၌ အလုပ်လုပ်ရခြင်းက တစ်ဘဝစာ ထမင်းအိုးကြီး ဖြစ်ပြီး တရားမဝင်သည့် အလုပ်များ မလုပ်သ​ရွေ့ သူတို့ အလုပ်မလုပ်နိုင်​တော့မည့်​နေ့အထိ ဆက်လုပ်နိုင်သည်။


သို့​သော်လည်း သူမပိုင်သည့် စား​သောက်ဆိုင်သို့ သွားခဲ့ပါက .. တစ်​နေ့ကျလျှင် စား​သောက်ဆိုင် ​ဒေဝါလီ ခံခဲ့ရပါလျှင်... သို့တည်းမဟုတ် ​ရောင်းအားကျဆင်းလာခဲ့လျှင် သူတို့ကို အလုပ်ဖြုတ်နိုင်​ပေသည်။ 


သုံး​ယောက်သား တုံ့ဆိုင်း​နေကြပြီး တစ်ခဏ​လောက်အထိ မည်သို့ ပြန်​ဖြေရမည်ကိုပင် မသိကြ​တော့​ပေ။ 


ထုံရွှယ်လူက သူတို့၏ အ​တွေးများကို နားလည်​နေသည်။ "အစ်မတို့ ​သေချာ​တွေးကြည့်ပါ... ကျွန်မဆီ လာမယ်ဆိုရင် ကျွန်မအိမ်ကို လာရှာလို့ ရတယ်... ဒါ​ပေမယ့် စဥ်းစားဖို့ အချိန်သုံးရက်ပဲ ​ပေးနိုင်မယ်... ဒါဆိုရင်​တော့ ရက်မကုန်ခင် ​သေချာစဥ်းစား​ပေါ့"


သူမက ထိုသုံး​ယောက်သားက အမူအကျင့်များ ​ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည် ရှိသည်ဟု ​တွေး​နေမိသည်။ သို့​သော်လည်း သူတို့က မရှိမဖြစ် လိုအပ်သည်​တော့ မဟုတ်​ပေ။


သူမက အစပိုင်းကတည်းက သူတို့မရှိလျှင် စား​သောက်ဆိုင်မဖွင့်နိုင်ဟူသည့် ထင်​ယောင်ထင်မှား ခံစားချက်များ ​ပေးမည် မဟုတ်​ပေ။ ထိုသို့ မဟုတ်လျှင် ​နောက်ပိုင်း၌ သူတို့ကို စီမံအုပ်ချုပ်ရန် ခက်ခဲသွား​ပေမည်။ 


​ကောင်းချွန်းယွီ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ကျေးဇူးပါ... မန်​နေဂျာထုံ... စဥ်းစားကြည့်လိုက်ပါ့မယ်... ခုနက မန်​နေဂျာထုံလို့ ​ခေါ်ဖို့ မလိုဘူးလို့ ​ပြော​ပေမယ့် ​ကြည့်ရတာ ဒီရာထူးက ​​ပြောင်းလဲဖို့ မလို​တော့မဲ့ပုံပဲ"


ထုံရွှယ်လူ ပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်ပြီး စား​သောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။


🍵


ရှစ်ရှင်း​ရွေ့မှာ ​ဝေ့ကျူးကျူး​ကြောင့် စိတ်မ​ကျေမနပ် ဖြစ်​နေခဲ့သည်။


သို့​သော် ​​ဝေ့ကျူးကျူးက သာမန်က​​လေးတစ်​ယောက်ထက် ပို၍ အရပ်ရှည်ပြီး ပိုသန်မာသည့်အတွက် သူမလုံးဝ အနိုင်မယူနိုင်​ပေ။


​ရှောင်းမျန်မျန်က ပို၍ပင် ​ကြောင်သူ​တော်ဆန်​သေးသည်။ သူမက အတန်းပြီး​သွားသည့်အခါတွင်လည်း ကစားကွင်းသို့ မသွားခဲ့​ဘဲ သူမကို ကာကွယ်​ပေးထားသည့် ​ဝေ့ကျူးကျူး အနားမှာသာ ကပ်တွယ်​နေသဖြင့် အခွင့်အ​ရေးတစ်ခုမှပင် မရှိ​​ပေ။


သူမကို ပို၍ ​ဒေါသထွက်​စေသည်မှာ သူမ၏ ​ခေါင်းက ​အ​ကြောင်းအရင်းမရှိဘဲ ယားယံ​နေခြင်း ဖြစ်သည်။ အခါခါ ကုတ်လိုက်​သော်ငြား ယားယံမှုက ​ပျောက်မသွား​​ပေ။ 


သို့​သော်လည်း သူမက အန်တီလင်းအား ထိုအ​ကြောင်း မ​ပြောပြခဲ့​ပေ။


သူမက အ​ပေါက်ဆိုးကာ စိတ်ပျက်စရာ ​ကောင်းလှသည့် အန်တီလင်းကို မုန်းတီး​နေသည်။ သို့​သော်လည်း ကံ​အား​လျော်စွာဖြင့် ​နောက်တစ်ပတ်တွင် သူမ၏ မိဘများ ပြန်​ရောက်လာမည် ဖြစ်သည်။ 


သူမ၏ အ​ဖေက သူမကို ဝတ်စုံလှလှ​လေးများ ဝယ်​ပေးမည်ဟု ကတိ​ပေးခဲ့သဖြင့် သူမက ​ကျောင်းကို အဝတ်အစားလှလှ​လေးများ ဝတ်သွားကာ ​ဝက်မ ​ဝေ့ကျူးကျူး မနာလို ဖြစ်​အောင် လုပ်ရ​ပေမည်။


ထုံရွှယ်လူက ​ကောင်းချွန်းယွီတို့ လူသုံး​ယောက်အ​ပေါ်တွင် ​မျှော်လင့်ချက်အားလုံး ပုံအပ်မထားခဲ့​ပေ။ သူမက ​ကျောင်းသို့ ပြန်သွားပြီး သူမ၏အတန်း​ဖော်များကို လူ​ခေါ်​နေသည့်အ​ကြောင်း ​ပြောပြလိုက်သည်။


​သဘာဝကျကျပင် ပေကျင်းတက္ကသိုလ်၏ ​ကျောင်းသားများက သူမ၏ ဆိုင်တွင် အလုပ်လာလုပ်ကြမည် မဟုတ်​သော်ငြား သူတို့တွင် ​ဆွေမျိုးများ ရှိ​နေ​ပေသည်။


ဤ​ခေတ်တွင် လူတိုင်းက အစိုးရယူနစ်များတွင် အလုပ်မလုပ်နိုင်ကြသဖြင့် လူတိုင်းက ထုံရွယ်လူ လူများ ​ခေါ်​​နေသည်ကို ကြား​သောအခါ အလွန် စိတ်ဝင်စား​နေခဲ့ကြသည်။


ထုံရွှယ်လူက လူတိုင်းကို အ​ခြေခံလစာနှင့် အလုပ်အတွက် လိုအပ်ချက်များ ​အ​​သေးစိတ် ​ပြောပြလိုက်ပြီး လူများ ကူမိတ်ဆက်​ပေးရန် ​ပြောလိုက်သည်။ 


သူမ၏ လစာကို ကြား​သောအခါ လူတိုင်း ထိတ်လန့်သွားကြ​လေသည်။ 


သူတို့က ထုံရွှယ်လူတစ်​ယောက် ​​ကျောင်းဘက်မှ အလုပ်ခန့်အပ်မှုကို ငြင်းဆန်လိုက်​ကြောင်း ကြားထားခဲ့ရသည်။ လူများစွာက သူမကို နိုင်ငံခြား​ရေး ဝန်ကြီးဌာနသို့ သွားရန် ငြင်းဆန်ခဲ့ပြီး စီးပွား​ရေး လုပ်ခဲ့သည့်အတွက် တုံးအကာ စိတ်လိုက်မာန်ပါ ဖြစ်လွန်းသည်ဟု ​တွေး​နေခဲ့ကြသည်။ 


သူတို့၏ အမြင်တွင် အစိုးရအလုပ်က တည်ငြိမ်ကာ သိက္ခါရှိပြီး စီးပွား​ရေး လုပ်ခြင်းမှာကား...


ထုံရွှယ်လူ ​သေချာ​ပေါက် ​နောင်တ​ရ​နေလိမ့်မည်ဟု ​တွေး​နေခဲ့ကြသည်။ သို့​သော်ငြား ထုံရွယ်လူတစ်​ယောက် ​နောင်တမရရုံသာမက ​ဘောစ့်တစ်​ယောက် ဖြစ်လာမည်ဟု မထင်ထားခဲ့ကြ​ပေ။


သူမ ကမ်းလှမ်းလာသည့် လစာက အစိုးရအလုပ်ထက် ပို​ကောင်း​နေမည်ဟုလည်း မထင်ထားခဲ့ကြ​ပေ။


"ရွှယ်လူ နင် ဒီ​လောက်အများကြီး သုံးလို့ ​ငွေ​တွေ ရှုံးမှာ မ​ကြောက်ဘူးလား" ကျန်းပိုင်​ဟွေ့ ​မေးလိုက်သည်။


ထုံရွှယ်လူ: "ငါ ဒီလစာကို ​ပေးရဲမှ​တော့ အရှုံးအမြတ်အတွက်လည်း ​သေချာ​ပေါက် တာဝန်ခံရမှာ​ပေါ့" 


သူမက သူမ၏ အချက်အပြုတ် အရည်အချင်းအ​ပေါ် ယုံကြည်မှု ရှိ​နေပြီး ​နောက်လာမည့် စီးပွား​ရေး ဖွံ့ဖြိုးမှုများအ​ပေါ် ပို၍ပင် ယုံကြည်မှု ရှိ​နေ​သေးသည်။


အစပိုင်းတွင် သူမက အ​​ရှေ့​လေ​ပြေစား​သောက်ဆိုင်ကို ပြန်လည် ကယ်တင်​ပေးခဲ့​သော်ငြား ယခုတွင် အသစ်ဖွင့်ထား​သော ဆိုင်ကိုပါ တိုးတက်​အောင် လုပ်​ဆောင်နိုင်​နေသည်။


လူတိုင်းက သူမ ဆုံးဖြတ်ချက် ပြတ်သား​နေသည်ကို မြင်​သောအခါ ဆက်ပြီး မတိုက်တွန်း​တော့ဘဲ အိမ်ပြန်​ရောက်လျှင် သူတို့၏ ​ဆွေမျိုးများကို အလုပ်လုပ်ရန် ဆန္ဒရှိကြသလားဟု ​မေး​ပေးမည်ဖြစ်​ကြောင်း လက်ခံလိုက်ကြသည်။ 


အမှန်မှာ ထုံရွှယ်လူ၏ အမြင်တွင် အသိများ၏ ​ဆွေမျိုးများကို ခန့်အပ်သည်က အကြံ​ကောင်း မဟုတ်​ပေ။


​ဆွေမျိုးများမှာ ပြဿနာ များစွာ သယ်လာနိုင်သည်။ သို့​သော်လည်း ယခုတွင် ဝန်ထမ်း​ခေါ်သည့် ချန်နယ်များလည်း မရှိ​ပေ။ ဒုတိယအချက်မှာ မည်သည့်ကိုယ်ပိုင်ကုမ္ပဏီကမှ လူ​ခေါ်​နေခြင်းမျိုး မရှိ​ပေ။ ထိုချန်နယ်ကို သူမတစ်​ယောက်တည်းကသာ အသုံးပြုနိုင်​ပေသည်။


မကြာခင် သတင်းပြန့်သွား​လေသည်။ 


လူတိုင်းက ​ရှေ့ပြန်​နောက်ပြန် ဖြတ်သွားကြပြီး​နောက် အဆုံးတွင် အင်တာဗျူးလာ​ဖြေသည့် လူအ​ယောက် နှစ်ဆယ်နီးပါး ရှိ​ပေသည်။ 


ထုံရွှယ်လူက သူတို့ကို ​ကျောင်းဆိုင်​လေးမှာသာ အင်တာဗျူးခဲ့သည်။


အင်တာဗျူး​နေသည့် အ​တောအတွင်း သူမက တရုတ်တိုင်းရင်း​ဆေး၏ "ဝမ့်ဝမ်ဝမ်းချီ" နည်းလမ်းကို ငှားရမ်း အသုံးပြုခဲ့သည်။ [T/N 望闻问切 စုံစမ်းမေးမြန်းခြင်း၊ နား​ထောင်ခြင်း၊ အနံ့ရှူခြင်း၊ ​မေးခွန်းများ အဆင့်ဆင့် ​မေးခြင်း၊ ထိ​တွေ့နှိပ်နယ်ကြည့်ခြင်း]


သူမ၏ ​မျှော်လင့်ချက်မှာ သူတို့၏ အဝတ်များက သန့်ရှင်းသပ်ရပ်ခြင်း ရှိမရှိ၊ လည်သည်းများတွင် အညစ်အ​ကြေး ရှိမရှိနှင့် ဆံပင်နှင့် နားရွက်များ သန့်ရှင်း​နေခြင်း ရှိမရှိတို့ကို စစ်​ဆေးရန် ဖြစ်သည်။ 


အစား​အ​သောက်​​လောကတွင် တစ်ကိုယ်​ရည် သန့်ရှင်းမှုက အ​ရေးအကြီးဆုံးဖြစ်သည်။ သူမက အခြားသူများ ဂရုစိုက်မစိုက်ကို မသိ​ပေ။ သို့​သော်ငြား တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိလျှင် ​အောင်မြင်နိုင်မည် မဟုတ်​ပေ။