အပိုင်း၃၃၃
Viewers 67k

🍵Chapter 333




၀မ်ရူကွေ့သည် ခေါင်းရမ်းကာ မနာကျင်ဟု ပြောတော့မည့်အချိန်တွင် သူ၏လျှာဖျားထိပ်၌ ရုတ်တရက် ပြောင်းပြန်လှန်ကာ ပြောလိုက်သည်။


 " နည်းနည်းနာတယ် "


ထုံရွှယ်လူက သူ့အား ပြုံးကာ ပြောလိုက်သည်။ " ဒါဆို ကျွန်မတို့ ပြန်သွားတဲ့အခါ ရှင့်ကို အစားပြန်လျော်ပေးရမလား"


၀မ်ရူကွေ့က ရှက်သွေးဖြာရင်းနှင့် ပြောသည်။ " ဘယ်လိုအစားပြန်လုပ်ပေးမှာလဲ "


" ပြင်သစ်အနမ်းနဲ့လေ "


🍵


သူမတို့နှစ်ယောက်သည် အိပ်ဆောင်ဆီသို့ ပြန်လာခဲ့ကြပြီး ၀မ်ရူကွေ့က သူမ အထဲသို့ ၀င်ပြီးသည်နှင့် အခန်းတံခါးအား ချက်ချင်း သော့ခတ်လိုက်သည်။ အနက်ရောင်မျက်၀န်းတစ်စုံက သူမအား ကြည့်နေလေသည်။


ထုံရွှယ်လူက သူမ၏ အပြုံးကို မြိုသိပ်ထားသည်။ 


" ရေအရင်သွားချိုး "


ထိုသည်ကိုကြားသည့်အခါ ၀မ်ရူကွေ့မှာ 

မဖော်ပြနိုင်‌စွာ စိတ်ပျက်မှုကို ခံစားလိုက်ရသော်လည်း ပြင်းပြသည့် အနမ်းကို စဉ်းစားလိုက်မိသည့်အခါ သူ့နှလုံးသားက ပြန်လည်အသက်၀င်လာ‌သည်။


ထုံရွှယ်လူတွင်ညစ်ပတ်ခြင်းကိုကြောက်သည့်ရောဂါ ရှိလေသည်။ သူမသည် ယနေ့၌ ကားထဲတွင် အချိန်ကြာမြင့်စွာ ထိုင်ကာ နေရာများစွာသို့ သွားလာခဲ့သဖြင့် အိပ်ရာမ၀င်မီ ရေချိုးရမပေည်။


ကံကောင်းထောက်မစွာဖြင့် စခန်းတွင် ရေနွေး‌လုံလုံလောက်ထောက်ပံ့မှုရှိကာ ရေချိုးရန်က မခက်ခဲချေ။


သူမက မြန်မြန်ရေချိုးလိုက်ပြီး ၀မ်ရူကွေ့သည် သူမထက် ပို၍ပင် မြန်ဆန်လေသည်။


ကောင်းကင်မည်းမှောင်လာသည်နှင့် အခန်းတံခါးအား တင်းတင်းကျပ်ကျပ်သော့ခတ်လိုက်သည်။


ကျိုးရန်သည် အပြင်မှ ပြန်လာပြီးနောက် အခန်းတံခါးမှာ တင်းကျပ်စွာဖြင့် ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ အဘယ့်ကြောင့်မှန်း မသိသော်လည်း သူက ၀မ်းနည်းမှု ခံစားလိုက်ရသည်။


သူလည်း တီတီတာတာ အချစ်ရေးလေးလိုချင်မိလေသည် ။


ထုံရွှယ်လူက ကုတင်ပေါ်သို့တက်ကာ ခြေထောက်တစ်ဖက် ဆန့်ထုတ်၍ သူ့အား ကန်လိုက်သည်။ " ကလေးလေးရဲ့အဖေ မြန်မြန်လာတော့လေ "


မမျှော်လင့်စွာ ၀မ်ရူကွေ့၏ အကြည့်များသည် သူမခြေဖဝါးပေါ် ကျရောက်နေပြီး လှုပ်ရှားခြင်းမရှိဘဲ ၎င်းတို့ကို စိုက်ကြည့်နေ၏။


ထုံရွှယ်လူက သူမ၏မျက်ခုံးများကို ပင့်လိုက်ပြီး သူ့ထံတွင် ခြေဖဝါးအား စွဲလမ်းမှုရှိ‌သည်လားဟု သိချင်မိသွားသည်။


သူမ၏ခြေဖဝါးများသည် လှပသော်လည်း စွဲလမ်းစေနိုင်သည်အထိ မဟုတ်ချေ။


‌ထို့နောက် ၀မ်ရူကွေ့သည် အံဆွဲဆီသို့ လှည့်ထွက်သွားပြီး ခြေသည်းညှပ်အား

ထုတ်ယူ၍ ပြန်လာသည်။ " မင်းခြေသည်းတွေရှည်နေပြီ။ ကိုယ်ညှပ်ပေးမယ် "


ထိုကဲ့သို့ပြောပြီးနောက် ထိုင်ချကာ သူမခြေသည်းများကို ကိုင်လိုက်ပြီး‌ ခြေသည်းညှပ်ခြင်း၌ အာရုံစိုက်နေသည်။ 


အခန်းသည် တစ်ခါတစ်ရံ ခြေသည်းညှပ်သံထွက်ပေါ်လာသည်မှ လွဲ၍ တိတ်ဆိတ်နေသည်။


ထုံရွှယ်လူ သူ့အား ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲ၌ နူးညံ့မှုအချို့ ခံစားလိုက်ရသည်။


သူမ၏ အတိတ်ဘ၀တွင် သူမ၀မ်းကွဲသည် ကိုယ်၀န် ခုနစ်လ၊ရှစ်လခန့်ရှိသောအခါ သူမ၀မ်းဗိုက်မှာ အလွန်ကြီးမားနေခဲ့သည်ကို သတိရမိသည်။


သူမသည် ရုပ်ဆိုးလာရုံသာမက ခြေထောက်များသည်လည်း ရောင်ရမ်းလာပြီး သူမ၏ လှုပ်ရှားမှုများမှာ အဆင်မပြေပေ။  တစ်ခါက သူမသည် နန့်တန့်တန့် ပြုမူပြီး ခင်ပွန်းဖြစ်သူကို ခြေသည်းညှပ်ခိုင်းသော်လည်း ခင်ပွန်းဖြစ်သူက အခြားသူများ၏ အနံ့အသက်ဆိုးများရှိသည့် ခြေဖဝါးကို ဘယ်တော့မှ မထိဟု ဆိုကာ ချက်ချင်းငြင်းဆိုခဲ့သည်။


ထိုအချိန်တွင် သူမ၏ဝမ်းကွဲသည် အလွန်ဒေါသထွက်နေသော်လည်း ကွာရှင်းခဲ့ခြင်းမရှိပေ။  ထိုအချိန်တွင် ထိုသို့သောယောက်ျားကို လက်ထပ်ခြင်းသည် ဝက်နှင့်လက်ထပ်ခြင်းထက် ပိုဆိုးသည်ဟု သူမ ခံစားခဲ့ရသည်။


ကမ္ဘာပေါ်တွင် အချစ်စစ်ရှိနေသည်ဟု သူမ ခံစားရသော်လည်း သူမသည် ကံကောင်းသူများထဲမှ တစ်ယောက်မဟုတ်သည်မှာ သေချာပေသည်။


ယခုအခါ ၀မ်ရူကွေ့က သူမ၏ ခြေသည်းများအား ညှပ်ပေးသည်ကို မြင်ရသည့်အခါ သူမ၌ ထိုကံကောင်းမှုရှိနေသည်ကို နားလည်လိုက်ရသည်။


၀မ်ရူကွေ့က သူမ၏ ခြေသည်းများကို ညှပ်ပေးပြီးနောက်တွင် လက်သည်းညှပ်ကို နေရာတကျ ပြန်ထားကာ ပြန်မလာမီ လက်ဆေးရန် ထွက်သွားသည်။  သူမ၏မျက်နှာပေါ်ရှိ အမူအရာသည် ပြင်သစ်အနမ်းဟူသော စကားလုံးလေးလုံးကို ဖော်ပြနေသည်။


ထုံရွှယ်လူသည် ပြုံးလိုက်ကာ သူမလက်ချောင်းများအား မြှောက်လိုက်သည်။


၀မ်ရူကွေ့က ကုတင်ပေါ်သို့ အမြန်တက်လိုက်ပြီး နောက်အခိုက်အတန့်တွင် သူမ၏လည်ပင်းကို ကိုင်ကာ နူးညံ့သောနှုတ်ခမ်းများကို သူမ နှုတ်ခမ်းများနှင့် ဖိကပ်လိုက်သည်။


" ပြင်သစ်အနမ်းက ပြင်းပြတဲ့အနမ်း "


ထုံရွှယ်လူ၏ အသံသည် တိုးလျနေပြီး လူအများ၏ နှလုံးသားကို ဆွဲဆောင်နိုင်သော မှော်အစွမ်း ရှိနေသည်။  ထိုအချိန်တွင် သူမသည် ပူပန်သောကဖြစ်‌နေသော ကိုယ်လုပ်တော်တစ်ယောက်ကဲ့သို့ ညုတုတု လုပ်နေလေသည်။


သူမ၏ လျှာသည် သူ့နှုတ်ခမ်းများနှင့် သွားများကို ဖွင့်ဟကာ ပါးစပ်ထဲသို့ ပျော့ပြောင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး   မွှေနှောက်ကာ သူ၏လျှာအား လိုက်လံဖမ်းဆီးနေသည်။


တကယ်တော့ သူမတို့နှစ်ယောက် ယခင်က ဤကဲ့သို့ နမ်းခဲ့ဖူးသော်လည်း ယနေ့၌ ထုံရွှယ်လူသည် ပိုပြီး စိတ်အားထက်သန်ကာ တက်ကြွနေသည်။


သူ့လျှာဖျားကို ထိလိုက်တိုင်း ၀မ်ရူကွေ့ ၏ တစ်ကိုယ်လုံး လျင်မြန်စွာ လောင်ကျွမ်းသွားလေသည်။


ပြင်သစ်အနမ်းဆိုသည် ဤကဲ့သို့ အနမ်းမျိုးဖြစ်လေသည်။


၀မ်ရူကွေ့သည် သူမ၏ အနမ်းကို တုံ့ပြန်လာသည့်အခါ သူသည် သူမထံမှ လိမ္မာပါးနပ်စွာ သင်ယူခဲ့သည်ဖြစ်ပြီး မကြာမီ ဦးဆောင်သွား‌တော့သည်။


ထုံရွှယ်လူ၏ လက်သည် သူ၏ညှပ်ရိုးဆီသို့ လျှောကျနေသည်။


ဓာတ်ခွဲခန်းတွင် မကြာခဏ အချိန်ဖြုန်းရသော်လည်း ၀မ်ရူကွေ့သည် လေ့ကျင့်ခန်းလုပ်ရန် လျစ်လျူမရှုခဲ့သဖြင့် သူ့ထံတွင် အလွန်ကောင်းမွန်သည့် အချိုးအစားရှိပေသည်။ 


ပိန်ပါးကာ သန်မာသည်။ သင့်လျော်သည့် ပမာဏဖြစ်ပြီး အနည်းငယ်များသွားပါက သူ့ကို ပို၍ ဗလတုတ်သွားစေမည်ဖြစ်ပြီး အနည်းငယ်လျော့လျှင်  ပိန်ကပ်သွားစေလိမ့်မည်။ ကြွက်သားများသည် ပြီးပြည့်စုံသည့် အခြေအနေရှိပြီး အလွန်ဆွဲဆောင်မှုရှိကာ အမျိုးသားဟော်မုန်းများကို ထုတ်လွှတ်နေသည်။


၀မ်ရူကွေ့၏ခန္ဓာကိုယ်သည် အလွန်ပူနေပြီဖြစ်သော်လည်း သူမ၏လက်လေးများက ဤကဲ့သို့လုပ်ဆောင်လိုက်သောအခါတွင် တစ်ကိုယ်လုံးရှိ သွေးများ တဟုန်းဟုန်းတက်လာကာ ပေါက်ကွဲလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်ရသည်။


ထုံရွှယ်လူက သူ၏အာဒမ်ပန်းသီးကို နမ်းသည်။  " ရှင့်ရဲ့လည်စိက လှတယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ဖူးလား "


၀မ်ရူကွေ့သည် ရှက်သွေးဖြာသွားပြီး သူ၏အသံမှာ တိုးလျ၍ ကြမ်းရှနေသည်။ " ဟင့်အင်း "


ထုံရွှယ်လူသည် သူမ၏ နှုတ်ခမ်းများကို ကော့ညွှတ်ကာ စိတ်ဝိညာဉ်အား နှိုးဆွသော အပြုံးတစ်ခု ပြုံးလိုက်သည်။   " ဒါဆို ရှင့်ကို ချီးကျူးတာ ကျွန်မက ပထမဆုံးပဲ။ ရှင့်ရဲ့ လည်စိက အရမ်းဆွဲ‌ဆောင်မှုရှိတယ်။ ရှင့်ရဲ့ညှပ်ရိုးကလည်း အရမ်းဆွဲဆောင်မှုရှိသလို ခန္ဓာကိုယ်လည်း..."


သူမ နမ်းလိုက်သည့် နေရာတိုင်းမှာ သူ့အား ချီးကျူးနေသကဲ့သို့ပင်။


၀မ်ရူကွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းကာ တုန်ယင်သွားပြီး တစ်ချိန်တည်းမှာပင် သာယာကြည်နူးခြင်းနှင့် ဝေဒနာကို ခံစားနေရသည်။


သူ ပို၍ တောင့်တသည်။


သို့သော်...


ထုံရွှယ်လူသည် သူ၏နဖူး‌ပေါ်ရှိ သွေးကြောများသည် တောင့်ခံမှုကြောင့် ‌အလွန်ထောင်လာသည်ကို မြင်လိုက်ရပြီး သူမအား မထိတွေ့ဝံ့သည်ကို တွေ့သည့်အခါ သူမ၏နှလုံးသားက တစ်ဖန်ပျော့ပြောင်းသွားရပြန်သည်။


" ဆရာ၀န်က သုံးလနေရင် အဆင်ပြေပြီပြောတယ် "


၀မ်ရူကွေ့က သူမ၏ ၀မ်းဗိုက်အား နီရဲနေသောမျက်လုံးများဖြင့် ကြည့်သည်။ " ရတယ်လား။ ဒါပေမဲ့ အထဲမှာ ကလေးနှစ်ယောက်ရှိတာလေ "


သူက သူမနှင့် ကလေးများအား ထိခိုက်မည်ကို စိုးရိမ်နေသည်။ 


မီးရောင်အောက်တွင် သူမ၏ အသားအရည်သည် အခွံခွာထားသည့် လိုင်ချီးသီးထက် ပို၍နူးညံ့နေပြီး  လူများအား ဆွဲဆိတ်မိစေလိုသည်။


ထုံရွှယ်လူက သူ၏ မေးစေ့အား အသာအယာကိုက်လိုက်သည်။

" အရူး။ အဲဒါက ကလေးအရေအတွက်နဲ့ မသက်ဆိုင်ဘူး။ဒါပေမဲ့ ရှင် အရမ်းကြမ်းလို့မရဘူး "


ထုံရွှယ်လူက သူမအား တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး နက်မှောင်နေသော မျက်၀န်းများဖြင့် " အင်း ကိုယ် ဂရုစိုက်ပါ့မယ် "


ထိုသို့ပြောပြီးနောက် ပူလောင်ကာ ထိန်းချုပ်ရင်း သူမ၏နှုတ်ခမ်းများကို နမ်းလိုက်သည်။


လရောင်ဖြူက ပြတင်းပေါက်မှ ဖြာကျနေပြီး ပြတင်းပေါက်အပြင်ဘက်မှ များစွာသော ကြောင်များရှိနေကြပြီးကလေးငိုသံကဲ့သို့ အော်နေကြသည်။


အခန်းထဲတွင် အပူချိန်မှာ တဖြည်းဖြည်းတိုးမြင့်လာနေပြီး လေထုသည် ရောထွေးသည့် ခံစားချက်များဖြင့် ပြည့်နက်နေသည်။


ထုံရွှယ်လူမှာ ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ဖယ်ထုတ်ခံလိုက်သကဲ့သို့ပင်ဖြစ်ပြီး သူမ၏ ဇီးသီးရောင်မျက်လုံးများသည် အလင်းရောင်ကို ရောင်ပြန်ဟပ်ကာ ပါးပြင်များက နီမြန်းလာကာ ယခင်ကထက် ပို၍ ဆွဲဆောင်မှုရှိနေပေသည်။


ယနေ့တွင် ၀မ်ရူကွေ့သည် အလွန့်အလွန် စိတ်အားထက်သန်နေသော်လည်း တစ်ချိန်တည်းမှာပင် အလွန်နူးညံ့၍ စိတ်ရှည်နေပေသည်။


စိတ်၀ိညာဥ်နှင့်ဆန္ဒ ရောနှောခြင်းသည် လွန်ကဲသော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်စေ၏။


ထုံရွှယ်လူက သူ့လည်ပင်းတွင် သူမ လက်များကို ချိတ်လိုက်ပြီး သူမ၏နား အနား၌ ပူပြင်းသည့် အသက်ရှုမှုများကို ခံစားရနေသည်။


လေထဲတွင် ကြွေကျနေသော သစ်ရွက်ခြောက်များကဲ့သို့ တုန်ယင်ကာ လေနှင့်အတူ လူးလိမ့်နေသည်။


သူသည် အထွတ်အထိပ်သို့ ရောက်သောအခါ သူမအား တင်းကြပ်စွာ ဖက်လိုက်ရင်း ရဲရဲနီနေသည့် မျက်၀န်းများဖြင့် သူမ နာမည်အား ခေါ်ဆိုသည်။

" ရွှယ်လူ.... "

 ‌

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းသည် တစ်ယောက်ကို တစ်ယောက် ချိတ်ဆတ်ထားပြီး သူမနှင့် တွေ့ဆုံရသည်မှာ သူ၏ကံကောင်းမှုဖြစ်ပေသည်။


🍵


နောက်တစ်နေ့၌ ထုံရွှယ်လူသည် ကောင်းကင်တွင် နေမြင့်သည့်တိုင် အိပ်ယာမထဘဲ ထုံးစံအတိုင်း အိပ်နေလေသည်။


ကံကောင်းစွာဖြင့် သူမသည် ယခုအခါ ကိုယ်၀န်ရှိနေသည်ဖြစ်ရာ သူမ ပတ်၀န်းကျင်ရှိသူများမှာ အလွန်သဘောထားကြီးကြပြီး မည်သူမှ သူမအား အပြစ်မတင်ကြချေ။


သူမနှင့် ၀မ်ရူကွေ့တို့သည် နေ့လည်ခင်း၌ ထမင်းစားခန်းသို့ မသွားရောက်ပေ။ ယနေ့ ကျောင်း မိသားစုသည် သူမတို့အား လာရောက်ရန် ဖိတ်ကြားထားခဲ့သည်။


သူမသည် ၀မ်ရူကွေ့၏ ဆရာဖြစ်သူ ကျောင်းပေါရှန်းအား ယခင်က အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။ သူ့တွင် နက်နဲသည့်အသိပညာနှင့် မိမိနိုင်ငံအတွက် ဂရုစိုက်သည့် နှလုံးသားရှိကာ လူအများအား လေးစားမှုဖြစ်‌စေသည်။


လေးစားခြင်းအပြင် ထုံရွှယ်လူသည်  ဆယ်ကျော်သက်အရွယ် ၀မ်ရူကွေ့အား ကယ်တင်ပေးခဲ့ခြင်းအတွက် သူ့အား ပို၍ ကျေးဇူးတင်မိသည်။


အကယ်၍ သူကသာ ၀မ်ရူကွေ့ကို ရူပဗေဒနယ်ပယ်သို့ မခေါ်ဆောင်ခဲ့လျှင်၊ ဝမ်ရူကွေ့အား စိတ်ရှည်စွာ လမ်းညွှန်မပေးခဲ့လျှင် ၀မ်ရူကွေ့သည် သူ့ကိုယ်ပိုင်ကမ္ဘာတွင် နှစ်မြုပ်နေဦးမည်ဖြစ်သည်။


ထိုသို့ဖြစ်လျှင် သူမတို့နှစ်ယောက် တွေ့ဆုံနိုင်မည့် အခွင့်ရေးရှိမည်မဟုတ်ချေ။


ကျုံးရှူးလန်သည် အရသာရှိသော ဟင်းလျာများကို စားပွဲအပြည့်ချက်ထားခဲ့သည်။  ဗိုက်နှင့်ခါးကို လက်ဖြင့် ဂရုတစိုက် ကာကွယ်နေသော ထုံရွှယ်လူအား ကူညီနေသည့် ၀မ်ရူကွေ့ကို မြင်သည့်အခါ သူမ အံ့ဩသွားပြီး မမေးမြန်းဘဲ မမေးနိုင်ချေ။


 " ရဲဘော်ထုံ ကိုယ်ဝန်ရှိနေတာလား "


ထုံရွှယ်လူက ပြုံးလိုက်ပြီး ပြောပြသည်။ " ဟုတ်ကဲ့။ သုံးလတိတိရှိပါပြီ "


ကျောင်းပေါရှန်းသည် ငါးတစ်ကောင်နှင့် မီးဖိုချောင်ထဲမှ ထွက်လာသည်။  ထိုစကားကိုကြားတော့ သူက ၀မ်ရူကွေ့ကို အပြစ်တင်လိုက်သည်။ " ဒီလိုသတင်းကောင်းကို မင်း ဘာလို့ ငါတို့ကို မပြောပြတာလဲ "


၀မ်ရူကွေ့က အရှက်သည်းမှု တစ်စွန်းတစ်စဖြင့် ပြောသည်။ "  ကိုယ်ဝန် ရက် ၁၀၀ မပြည့်မချင်း  ဘယ်သူ့ကိုမှ မပြောရဘူးလို့ ကြားဖူးတယ်။ ဒါကြောင့်… နောက်မှ ဆရာနဲ့ ဆရာ့ဇနီးကို ပြောပြမယ်လို့ စဉ်းစားထားခဲ့တာ "


သူတို့သည် ရူပဗေဒနှင့် သိပ္ပံပညာကို လေ့လာကြသော်လည်း သူမနှင့် ပက်သက်သည့်ကိစ္စတွင် သူက အမြဲသတိထားခဲ့ပြီး ထိုကဲ့သို့သော အယူသီးသော ပြောဆိုချက်များကိုပင် လက်ခံခဲ့သည်။


ကျောင်းပေါရှန်းက သူ့အားကြည့်ကာ ခေါင်းခါလိုက်သည်။ " မင်းက ရုပ်ဝါဒီသမားလို့ ငါထင်ခဲ့တာ...."


သို့သော် သူ့စကားမဆုံးခင်မှာ ကျုံးရှူးလန်က " ကောင်းပြီ၊ ကောင်းပြီ၊ ဒီစကားရှည်ကြီးကို သူများတွေကို သွန်သင်ဆုံးမဖို့ အမြဲတမ်း မသုံးစမ်းပါနဲ့။ ကျွန်မ ကိုယ်ဝန်ရှိတုန်းက ရှင်လည်း  ဘုရားကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် မပြောခဲ့ဘူးလား "


ကျောင်းပေါရှန်းသည် သူ့ဇနီးက ထိုသို့ထုတ်ပြောလာသည့်အခါ ပါးများနီမြန်းသွားခဲ့သည်။


"......"


၀မ်ရူကွေ့သည် သူ့ဆရာ  ယခုလို ရှက်ရွံ့သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အလွန်လိမ္မာစွာဖြင့် ခေါင်းငုံ့ထားကာ သူ၏ နှုတ်ခမ်းထောင့်များကို ကွေးနေသည်ကို တွေ့လိုက်ရပြီး သူသည်လည်း နှုတ်ခမ်းထောင့်စွန်းများကို မကွေးဘဲ မနေနိုင်ချေ။


ကျူံရှူးလန်က ၀မ်ရူကွေ့တို့အား ပြောလိုက်သည်။

 " ရပ်မနေကြနဲ့ မြန်မြန်ထိုင်ကြ။ ယွင်ရှီးက ဒီနေ့ ကျောင်းမှာနေမှာ။ တို့ လေးယောက်ပဲ ညစာစားကြရမှာ "


လူတိုင်း ထိုင်ပြီးသည့်အခါ ကျုံးရှူးလန်သည် ထုံရွှယ်လူအား အသီးအရွက်ဟင်းများစားရန် မကြာခဏ စိတ်အားထက်သန်စွာဖြင့် ပြော‌သည်။


ကျုံးရှူးလန်သည် ထုံရွှယ်လူအား တွေ့သည့်အခါ အမှန်တကယ်၌ သူမအနည်းငယ် ရှက်ကာ အပြစ်ရှိစိတ် ခံစားရသည်။


ထုံရွှယ်လူ၏တည်ရှိမှုကို အစပိုင်းတွင်သူမ မသိရှိခဲ့သည့်အပြင် ထိုအချိန်တွင်သူမသည် သူမ သမီးနှင့် ၀မ်ရူကွေ့အား ချိတ်ပေးရန် စဉ်းစားနေခဲ့သည်။


ကံကောင်းထောက်မစွာ ၀မ်ရူကွေ့သည် သားမက်အဖြစ် သူမ ကျိုးရန်အား ရွေးချယ်ခဲ့သည်ဟု နားလည်မှုလွဲသွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် ရှက်စရာဖြစ်နေပေလိမ့်မည်။


သူ့ဆရာ ဇနီးသည်၏ စိတ်အားထက်သန်စွာ အားပေးမှုအောက်တွင် ၀မ်ရူကွေ့သည် ထုံရွှယ်လူ၏ပန်းကန်ထဲသို့ အသီးအရွက်များကို ဆက်လက်ထည့်ခဲ့ပြီး သူမ၏ ပန်းကန်လုံးငယ်လေးသည် တောင်ကုန်းတစ်ခုအလား လျင်မြန်စွာ စုပုံလာသည်။


ထုံရွှယ်လူက ကူကယ်ရာမဲ့ခံစားရကာ သူ့အား ကန်လိုက်သည်။ " ကျွန်မ ‌လုံ‌လုံလောက်လောက်စားပြီးပြီ။ ကျွန်မဖို့ မထည့်နဲ့တော့ "


အကယ်၍ သူသာ ဆက်၍ ထပ်ထည့်ပေးနေမည်ဆိုလျှင် စားပွဲပေါ်မှ ဟင်းအားလုံးမှာ သူမ ပန်းကန်ထဲ၌ စုပုံသွားလိမ့်မည်။


ကျုံးရှူးလန်နှင့် ကျောင်းပေါရှန်းတို့သည် ထိုအပြုအမူများကို မြင်သည့်အခါ ရိုင်းပြသည်ဟု မထင်ကြဘဲ အလွန်လက်ခံစွာဖြင့် ပြုံးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ငယ်ရွယ်စဉ်က အဖြစ်အပျက်အား သတိရမိသွားကြသည်။


သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး မျက်၀န်းများက နက်ရှိုင်းသည့် ချစ်မေတ္တာများ ပြည့်နေလေသည်။


အခြေစိုက်စခန်း၌ နှစ်ရက်ကြာနေထိုင်ပြီးသည့်နောက် ထုံရွှယ်လူ ပေကျင်းသို့ ပြန်လာခဲ့လိုက်သည်။


🍵


ချန်ရှို့ယွင်  ရှန်းကျန့်မှ ပြန်လာခဲ့သည့်အချိန်မှစ၍ သူမတို့လင်မယား ရန်မဖြစ်သည့်နေ့ရက်ဟူ၍ မရှိချေ။


အိမ်နီးချင်းများက ကနဦးတွင် သူမတို့အား ဖြန်ဖြေရန် လာရောက်ကြသော်လည်း တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာခဲ့ကြသည်။ မည်သူက နေ့စဉ်နေ့တိုင်း ၎င်းတို့၏ ရင်ကြားစေ့ပေးသူဖြစ်လိုမည်နည်း။


ထို့အပြင် သူတို့သည် သေးငယ်သည့် တူညီသော အိမ်ရာ၀န်းအတွင်း နေထိုင်ကြပြီး သူမတို့သည် အချိန်အခါ မကြည့်ဘဲ စကားများကြလေ့ရှိသည်။ တခါတရံတွင် ညလယ်ခေါင်အချိန်၌ ရန်ဖြစ်တတ်ကြပြီး ၀န်းထဲရှိလူတိုင်းမှာ အိပ်မပျော်နိုင်ကြချေ။ လူတိုင်း၌ သူမတို့အပေါ်  မတူညီသည့် ထင်မြင်ချက်များရှိကြသည်။


ရှစ်ရှင်းရွေ့၏ ဦးခေါင်းတွင် သန်းအကောင်ပေါင်းများစွာ ရှိပြီး သူမ မည်သို့ပင် ခေါင်းလျှော်ကာ ဆံပင်ဖြီးပေးသော်လည်း  အဆင်မပြေချေ။ ချန်ရှို့ယွင်သည် ကျန်းမာရေးမကောင်းသည့်အပြင် စိတ်အခြေအနေလည်း ဆိုးရွားနေသည့်အတွက် နေ့စဉ်နေ့တိုင်း သူမ၏ သန်းများအား ကုသပေးရန် စိတ်မရှည်ချေ။


ထိုကြောင့် တစ်နေ့တွင် သူမသည် ရှစ်ရှင်းရွေ့အား ဆံပင်ညှပ်ဆိုင်သို့ ခေါ်သွားကာ ဆံသ‌ဆရာအား သူမ၏ ဆံပင်ရှည်အား ညှပ်ကာ ကတုံးဆံပင်ပေါက်စတိုင် ရိတ်ပေးရန် ပြောခဲ့သည်။


ရှစ်ရှင်းရွေ့သည် သူမ၏ ဆံပင်များ ယောင်္ကျားလေးများကဲ့သို့ ဖြစ်သွားသည်ကို မြင်သည့်အခါ ငိုသွားခဲ့ပြီး သူမ ဖခင် သေဆုံးချိန် ငိုမည့်အသံထက်ပင် ကျယ်လောင်စွာ ငိုသည်။


" ငါ့ ဆံပင်ကို ပြန်ပေး။ ငါ့ ဆံပင်ကိုပြန်လျော်ပေး။ အဘွားကြီး ခင်များကြီး သေသင့်တယ် "


ရှစ်ရှင်းရွေ့သည် ထိုင်ခုံပေါ်မှာ ဆင်းလာပြီး သူမ အမေအား ရိုက်ပုတ်၍ ကန်သည့်အပြင် သူမ၏စကားလုံးများကလည်း ကြမ်းတမ်းကာ ရိုင်းစိုင်းနေပေသည်။


သူမ၏ ခြေလက်များကို ချုပ်လိုက်ရင်း ချန်ရှို့ယွင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါးပင်။

" ဘယ်သူက ညည်းကို ဒီစကားတွေ သင်ပေးခဲ့တာလဲ။ ငါက ညည်းအမေ။ ညည်းက ငါ့ကို ဒီလိုဆက်ဆံတယ်လား "


" ခင်များကြီးလို အမေမျိုးမလိုချင်ဘူး။ ငါ့ဆံပင်တွေ..."


ရှစ်ရှင်းရွေ့၏ ဒေါသသည် လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ကောင်းမွန်ခဲ့ပြီး သူမ၏ တင်းကျပ်သော စည်းကမ်းအောက်တွင် အနည်းငယ် ထိန်းချုပ်နိုင်သေးသည်။သို့သော်လည်း ရှစ်ကျွင်းမင်ကွယ်လွန်ပြီးနောက် သားအဖဖြစ်သူ ဒုတိယအကိုရှစ်နှင့် ရှစ်ကျွင်းကျွင်း တို့သည် သူမတို့ အိမ်တွင် နေထိုင်ခဲ့ကြပြီး အိမ်က ရှုပ်ပွကာ နေ့စဉ်နှင့်အမျှ ဆူညံနေခဲ့သည်။


ထိုအချိန်မှ စ၍ ရှစ်ရှင်းရွေ့၏ ဒေါသသည် တစ်စထက်တစ်စ တိုးများလာကာ ယခုအခါ လုံးဝ မထိန်းချုပ်နိုင်တော့ပေ။


ရှစ်ရှင်းရွေ့သည် ငိုယိုရင်း ပြေးထွက်မသွားမီ သူမ အမေအား ရိုက်ပုတ်ကာ ကန်လိုက်လေသည်။