🍵Chapter 335
ထုံရွှယ်လူ၏ အကြံအစည်မှာ သူမက ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့အား ဒေဝါလီခံရစေရန်ပြုလုပ်ပြီးနောက် အခွန်တိမ်းရှောင်ခြင်းနှင့် ကုန်ပစ္စည်းများမှောင်ခိုတင်သွင်းခြင်းများ ဆောင်ရွက်ရန် လမ်းကြောင်းပေါ် ဖိအားပေးကာ တင်ပေးမည်ဖြစ်သည်။
သို့သော် ထိုသူသည် သူမ ထင်ထားခဲ့သည့် ပို၍ လူမဆန်ကာ ဤကဲ့သို့ လုပ်ရပ်များပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် ၎င်းတို့က သေလိုကြသည်ဖြစ်သဖြင့် သူမက ၎င်းတို့အား အကျဉ်းထောင်သို့ ပို့ပစ်လိုသည်။
လီကျွမ်းကျွမ်းက ထိုစကားကို ကြားသည့်အခါ သူမ၏ နှုတ်ခမ်းများ ကော့တက်သွားသည်။" အဲ့လူက တကယ့်ကို လူ့တိရစ္ဆာန်။ ကျွန်မဖို့ လက်မှတ်ဘယ်မလဲ။ ဒီည ထွက်ခွာလို့ ရတယ်မလား "
မူလ၌ သူမသည် ၀မ်ရူကွေ့အား သစ္စာဖောက်ကာ ရှစ်ရှိုးနန်အား အကြိုက်ဆောင်လိုသော်လည်း ယခု၌မူ အကယ်၍ ထိုကဲ့သို့ ပြုလုပ်ခဲ့လျှင် ကျားသားရေအား တောင်းရမ်းခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ထို့အပြင် ရှစ်ရှိုးနန်သည် ချန်ရှို့ယွင်အား ယခုကဲ့သို့ ပြုမူဆက်ဆံနေပြီး အနာဂတ်၌ သူမအား ထိုနည်းလည်းကောင်း ပြုမူလာနိုင်သည်။ ယခင်က ထုံရွှယ်လူအား သူမ၏ ကံကောင်းခြင်းများကို ဖျက်ဆီးခြင်းကြောင့် မုန်းတီးခဲ့သော်လည်း ယခုအခါ သူမ ဘ၀ကို ကယ်တင်ပေးခဲ့ပုံပေါ်လေသည်။
ထုံရွှယ်လူက သူမ၏ လက်မှတ်နှင့် ယခင်က ရေးသားထားခဲ့သည့် ၀န်ခံချက်စာလွှာကို ပြန်ပေးလိုက်သည်။ " ကျွန်မ ဘယ်သူ့ကိုမှ ရှင့်ကို စောင့်မကြည့်ခိုင်းထားဘူး။ ဒါပေမဲ့ ရှင်သာ ထွက်ပြေးရဲမယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ ရှင် သိပါတယ် "
လီကျွမ်းကျွမ်းက သူမအား ကြည့်လိုက်သည်။ " စိတ်မပူပါနဲ့။ ကျွန်မ အဲဒီလောက်ထိ မရူးမိုက်ဘူး "
၀မ်မိသားစုနှင့် ရှောင်းမိသားစု၏ နောက်ခံများကို သူမကဲ့သို့ အားနည်းသည့် အမျိုးသမီးတစ်ယောက်က လွန်ဆန်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူမထံ၌ ရာဇ၀တ်မှုမှတ်တမ်းသည်လည်းရှိနေသောကြောင့် ထိုသူတို့အတွက် သူမအား ကိုင်တွယ်ရန်က အလွန်လွယ်ကူပေလိမ့်မည်။
ထုံရွှယ်လူက လီကျွမ်းကျွမ်းအား ဘူတာရုံသို့ ခေါ်သွားပြီး မပြန်ခင် သူမ ရှန်းကျန့်သို့ သွားရောက်သည့် ရထားပေါ် တက်သည်အထိ ကြည့်ရှုသည်။
နောက်တစ်နေ့တွင် သူမသည် ပြည်သူ့လုံခြုံရေးဗျူရိုဆီသို့ လူကိုယ်တိုင် သွားရောက်ကာ ရှစ်ရှိုးနန်သည် ကလေးလူကုန်ကူးသည့်အဖွဲ့အား ၀င်ရောက်လိုက်သည့်အကြောင်း ဖူကျန့်ယိအား ပြောပြလိုက်သည်။
ဖူကျန့်ယိသည့် သူ၏ အံသွားများကို လျက်လိုက်ပြီးနောက် ရယ်မောသည်။ " ဒါက အားထုတ်စရာတောင် မလိုလိုက်ဘဲ ကြီးကြီးမားမားအောင်မြင်မှုရလိုက်တာပဲ "
" မကြာသေးခင်ကာ လူဆိုးတစ်ဖွဲ့က ပေကျင်းမြို့အနီးတဝိုက်မှာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေကြပြီး ဆယ်ယောက်ထက်ပိုတဲ့ ကလေးအရေအတွက်ကို အဓမ္မခေါ်ဆောင်သွားခဲ့ကြတယ်။ ရဲ၀န်ထမ်းတွေမှာ ဘာသဲလွန်စမှာ မရှိကြဘူး။ အဆုံးသတ်မှာ မင်းက ဒီလိုကြီးမားတဲ့ သဲလွန်စကြီးတစ်ခု ယူလာပေးမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ အကယ်၍ အနာဂတ်မှာ ဒီကိစ္စကို ဖြေရှင်းနိုင်သွားရင် ပြည်သူ့လုံခြုံရေးဗျူရိုက မင်းကို သေချာပေါက် ဆုချလိမ့်မယ်"
ထုံရွှယ်လူက " ကျွန်မဖို့ ဆုလာဘ်တွေမလိုပါဘူး။ ရှင် အဲဒီလူကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးတွေကိုသာ ပြန်ခေါ်လာပေးစေချင်တယ် "
ကလေးခိုးမှုများသည် မိသားစုများစွာ၌ ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးသူအားလုံးသည် အပြစ်ပေးခံရသင့်ကာ ငရဲသို့ ပို့ခံရသင့်သည်။
အကယ်၍ ရှစ်ရှိုးနန်က ဤအဖွဲ့တွင် မပါ၀င်လျှင်တောင်မှ သူမသည် ထိုလူကုန်ကူးသူများ ဖမ်းဆီးခံရရန် ဆန္ဒရှိဆဲဖြစ်သည်။
ဖူကျန့်ယိက ခေါင်းညိတ်သည်။ " စကားမစပ် ရူကွေ့ရဲ့ လက်ရှိ အခြေအနေကရော ဘယ်လိုလဲ "
၀မ်ရူကွေ့၏ နာမည်အား ပြောလာသည်ကို ကြားသည့်အခါ နွေးထွေးမှုတစ်ခုက သူမ မျက်လုံးများထဲတွင် ဖြတ်သန်းသွားခဲ့သည်။ " လတ်တလောတော့ အတော်လေး တည်ငြိမ်နေပါတယ် "
ရှောင်ရွှိသည် အတော်ကြာသည်အထိ ပေါ်ပေါက်လာခြင်းမရှိချေ ။ ချန်ရှို့ယွင်နှင့် ကင်းကွာနေသမျှ သူ၏ အခြေအနေမှာ တဖြည်းဖြည်း တိုးတက်လာပေမည်။
" ကောင်းတာပေါ့။ မင်း ယွင်ရှီးရဲ့ မိဘတွေနဲ့ အခြေစိုက်စခန်းမှာ ညစာစားခဲ့တယ်လို့ ကျွန်တော် ကြားခဲ့တယ်။ သူတို့ ကျွန်တော့်အကြောင်း ပြောသေးလား "
ဖူကျန့်ယိသည် စကားခေါင်းစဉ်အား ရုတ်တရက်ပြောင်းလဲကာ သူမအား မျှော်လင့်တကြီး ကြည့်လေသည်။
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။ " ပြောတယ် "
ဖူကျန့်ယိ၏ မျက်လုံးများ တောက်ပသွားသည်။ " သူတို့ ဘာပြောခဲ့တာလဲ "
ထုံရွှယ်လူ၏ နှုတ်ခမ်းများ ကော့ညွှတ်သွားလေသည်။ " သူတို့ပြောခဲ့တာက ရှင်က ရူကွေ့ထက် ပိုအသက်ကြီးတဲ့ပုံပေါ်ပြီး ရူကွေ့လောက် မချောမောတဲ့အပြင် ရူကွေ့လောက်လဲ မတွေးပေးတတ်ဘူးလို့ပြောတယ် "
ဖူကျန့်ယိ : "....."
ဒီလောင်ဇီက သရဲကိုပဲ ယုံလိုက်မယ်။
ထုံရွှယ်လူသည် သူ၏ ပါးစပ်ရှုံ့မဲ့သွား
သည်ကို မြင်လိုက်ပြီး မတ်တပ်ထရပ်ကာ ပြုံး၍ ပြောလိုက်သည်။ " ကျွန်မ အရင်ပြန်နှင့်မယ် "
ဖူကျန့်ယိသည် သွားများကို ကြိတ်လိုက်ပြီးနောက် ပြောသည်။ " ကျွန်တော် မင်းကို လိုက်မပို့တော့ဘူး "
အရေးကြီးသည့် သဲလွန်စတစ်ခုအား ရရှိပြီးသည့်နောက် သူသည် အခြားရဲအရာရှိများအား ချက်ချင်း အကြောင်းကြားရမည်ဖြစ်ပြီး ထိုအဖွဲ့အား ရှင်းပစ်ရန် မည်သို့ လုပ်ဆောင်ရမည်ကို အစည်းအဝေးလုပ်ရမည်ဖြစ်သည်။
ထုံရ်ွလူ၏အသံက အပြင်ဘက်မှ လာလေသည်။
" ရတယ် "
ထုံရွှယ်လူထွက်သွားသည်နှင့် ချက်ချင်း ဖူကျန့်ယိက အကောင်အထည်ဖော်လေသည်။
အစည်းအဝေးများနှင့် ဆွေးနွေးမှုများအပြီးတွင် ရှစ်ရှိုးနန်အား စောင့်ကြည့်ရန် လူအချို့ စီစဉ်လိုက်သည်။
နောက်ဆုံးတွင် လေးရက်, ငါးရက်ကြာ စောင့်ကြည့်ပြီးသည့်နောက် ပြည့်သူလုံခြုံရေးဗျူရိုသည် ရာဇ၀တ်မှုအဖွဲ့အား ချေမှုန်းနိုင်ခဲ့သည်။
ယခုအကြိမ်သည် ကလေးသူငယ်လူကုန်ကူးခြင်း၌ ရှစ်ရှိုးနန်ပါ၀င်သည့် ဒုတိယအကြိမ်ဖြစ်သည်။ နောက်ဆုံးအကြိမ် ကလေးလူကုန်ကူးစဉ်က ပါ၀င်ရုံမျှသာ ပါခဲ့ပြီး ယွမ်ရာပေါင်းများစွာကို လက်ခံရရှိခဲ့သည်။
ယခုအကြိမ်တွင် သူတို့သည် အခြားကလေးခုနှစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်အား အဓမ္မခေါ်ဆောင်ခဲ့ပြီး အခြားပြည်နယ်ရှိ လူနေကင်းမဲ့သောနေရာများ၌ ရောင်းချကြမည်ဖြစ်သည်။ မမျှာ်လင့်စွာဖြင့် သူတို့စတင်ထွက်ခွာသည်နှင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပေသည်။
နောက်ဆက်တွဲရှာဖွေမှုများပြီးသည့်နောက် အဖွဲ့၀င်များအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
ရှစ်ရှိုးနန်သည် လူကုန်ကူးမှုနှစ်ခုတွင်သာ ပါ၀င်ခဲ့သော်လည်း ယခုဖြစ်ရပ်၏ ပြင်းထန်မှုသည် အကြိမ် အရေအတွက်နှင့် မသက်ဆိုင်ချေ။
ဤအကြိမ်အမှုမှာ အလွန်ကြီးမားကျယ်ပြန့်ကာ အန္တရာယ်များသဖြင့် သူက ချုပ်နှောင်ခံထားရပြီး ထိုသူများအားလုံး သေဒဏ်ပေးခံရနိုင်ဖွယ်ရှိသည်။
အကယ်၍ သေဒဏ်မကျလျှင်တောင်မ ၎င်းတို့သည် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ခံရဖွယ်ရှိပေသည်။
ချန်ရှို့ယွင်သည် မူလ၌ ရှစ်ရှိုးနန်ကို သူမအား သစ္စာဖောက်ခဲ့ခြင်းအတွက် မုန်းတီးခဲ့ပြီး ယခုအချိန်မှာ စတင်၍ သူနှင့် ပါတနာအဖြစ်သာနေထိုင်ရန် တွေးတောခဲ့သည်။
သူမ၌ ပိုက်ဆံရှိလာသည့်အခါ လုပ်ငန်းကို ထပ်မံစတင်မည်ဖြစ်ပြီး ထိုအခါ ထိုအယုတ်တမာကောင်ကို နှင်ထုတ်ပစ်မည်ဖြစ်သည်။
သို့သော် သူမ၏ အိပ်မက်မစတင်ခင်မှာပင် ရှစ်ရှိုးနန် ဖမ်းဆီးခံရမည်ကို မထင်ထားခဲ့မိချေ။
ရှစ်ရှိုးနန် ဖမ်းဆီးခံရသည့်သတင်းအား သူမ ကြားလိုက်ရသည့်အခါ သူမအမြင်အာရုံက မှောင်မိုက်သွားကာ နေရာတွင်ပင် မူးမေ့သွားတော့သည်။
သူမ ပြန်နိုးလာသည့်အခါ သူမသည် ကျယ်လောင်စွာ ငိုနေသည့် ရှစ်ရှင်းရွေ့အား လျစ်လျူရှုကာ ပိုက်ဆံများယူ၍ ပြေးထွက်လာသည်။
သူမ အခြေစိုက်စခန်းသို့ သွားရန် ရထားစီးခဲ့ပြီး သုံးနာရီကြာပြီးသည့်နောက် အခြေစိုက်စခန်းသို့ ရောက်သည့်အခါ အပြင်ဘက်ရှိ ဂိတ်အစောင့်အား ပြောသည်။
" စက်မှုပညာအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ၀မ်ရူကွေ့နဲ့ တွေ့ချင်တယ် "
လုံခြုံရေးက သူမအား အပေါ်မှ အောက်သို့ ကြည့်လိုက်သည်။ " ဒီမှာစာရင်းသွင်းပါ။ ခင်များနာမည်က ဘာလဲ။ ညွှန်ကြားရေးမှုး၀မ်နဲ့ ဘယ်လို ပက်သက်တာလဲ "
ချန်ရှို့ယွင်က သူမ၏နှုတ်ခမ်းများကို ရှုံ့မဲ့လိုက်သည်။
" သူ့ကို သွားပြော။ ငါက သူ့အမေ "
ထိုစကားကိုကြားသည့်အခါ ဂိတ်စောင့်သည် ခေတ္တရပ်ပြီး ခေါင်းကိုမော့ကာ သူမကို ပြန်ကြည့်လိုက်သည်။
ဒီအမျိုးသမီးက ညွှန်ကြားရေးမှူး၀မ် အမေလား။
ဘာလို့ သူမက ဒီလောက်အသက်ကြီးနေတာလဲ။ ညွှန်ကြားရေးမှူး၀မ်ရဲ့ အဖွားလို့ ပြောရင်တောင် လူတချို့ ယုံကြည်လောက်တယ်။
ချန်ရှို့ယွင်က စိတ်မရှည်စွာ ကြည့်ပြီး " ဘာထပ်မေးချင်သေးလဲ "
ဂိတ်စောင့်က သတိကြီးစွာ မေးသည်။ " ခင်များ တကယ်ပဲ ညွှန်ကြားရေးမှူး၀မ်ရဲ့အမေလား။ ခင်များက... နည်းနည်းအသက်ကြီးနေသလိုပဲ "
အသက်ကြီးသည်ဟူသည် သူမအား အိုနေသည်ဟု ဆိုလိုသည်။
ချန်ရှို့ယွင်က ဒေါသအလွန်ထွက်သွားပြီး သူမမျက်နှာမှာ နီမြန်းသွားသည်။ " နင် ဘာကို ဆိုလိုချင်တာလဲ၊ နင့်ကို တိုင်ဖို့ နင့်အထက်လူကြီးဆီ ငါသွားနိုင်တယ်ဆိုတာ သိရဲ့လား "
ဂိတ်စောင့်က စိတ်ထဲတွင် မျက်လုံးများ လှန်လိုက်သည်။ " ခင်များနားလည်မှုလွဲနေပြီ။ ကျွန်တော်က စည်းကမ်းတွေကို လိုက်နာနေရုံပါ။ အရင်က ဆွေမျိုးတစ်ယောက်လို ဟန်ဆောင်ခဲ့တဲ့အဖြစ်အပျက် ရှိခဲ့ဖူးတယ်။ ခင်များ ဒီနှစ် အသက်ဘယ်လောက်ရှိပြီ၊ ဘယ်မှာနေလဲ၊ ဘယ်မှာအလုပ်လုပ်လဲ "
ညွှန်ကြားရေးမှူး၀မ်သည် နူးညံ့သိမ်မွေ့သောစိတ်ထားရှိပြီး အခြားသူများကို ယဉ်ကျေးသည်။ ဤအမျိုးသမီးသည် အသက်ကြီးရုံသာမက မောက်မာသော စိတ်ထားရှိသည်။ သူက သူမသည် ညွှန်ကြားရေးမှူး၀မ်၏ မိခင်ဖြစ်သည်ကို လုံးဝ မယုံကြည်ပေ။
ချန်ရှိူ့ယွင်သည် တစ်ဖက်လူက သူမအတွက် ခက်ခက်ခဲခဲ တမင်တကာ လုပ်နေသည်ဟု ခံစားရပြီး ဒေါသများ အလွန်ထွက်လာကာ သူမ၏ ရင်ဘတ်မှာ နာကျင်လာလေသည်။
သို့သော် ၀မ်ရူကွေ့ကို အမြန်တွေ့နိုင်ရန် သူမသည် အချက်အလက်အားလုံးကို ရိုးသားစွာ ဖြည့်သွင်းရန်လိုအပ်နေသည်။
သူမက ညွှန်ကြားရေးမှူး၀မ်၏မိခင်ဖြစ်ကြောင်း ကျိန်ဆိုနေပြီး သူက ခေါ်ဆိုမပေးလျှင် ပြဿနာရှာမည့်ပုံပေါ်နေသဖြင့် ဂိတ်စောင့်သည် ဖုန်းကို ကောက်ကိုင်ကာ ညွှန်ကြားရေးမှူး၀မ်၏ ရုံးခန်းသို့ ဖုန်းဆက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
၀မ်ရူကွေ့သည် ဂိတ်စောင့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် သူ့လက်ထဲမှ ဘောပင်သည် ဆုပ်ကိုင်မှု လျော့ကျသွားသောကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဘောပင်ထိပ်ဖျားသည်ပင် ရုတ်တရက် ကွေးကောက်သွားသည်။
ရုတ်တရက် ဖုန်း၏ အခြားတစ်ဖက်မှမည်သည့်သံကိုမှ မကြားရတော့ချေ။ ဂိတ်စောင့်သည် ဖုန်းကိုယူလိုက်ကာ တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းသည်။
" ညွှန်ကြားရေးမှူးဝမ်၊ နားထောင်နေပါသလား။ ဒီမိန်းမကို မောင်းထုတ်စေချင်လား..."
သူ စကားမဆုံးခင်မှာ သူ့လက်ထဲရှိ ဖုန်းကို ချန်ရှိူ့ယွင်မှ လုယူသွားလေသည်။
" ရူကွေ့၊ အမေပါ။ အမေ မင်းကို မတွေ့ရတာ နှစ်တော်တော်ကြာပြီ၊ အမေ မင်းကို အရမ်းလွမ်းတယ် "
ဖုန်းကိုင်ထားသည့် ၀မ်ရူကွေ့ ၏လက်မှာ တောင့်တင်းနေပြီး လက်ဖမိုးပေါ်တွင် သွေးကြောများပင် ပေါ်လာသည်။
သူက ပြန်မဖြေသည့်အခါ ချန်ရှိူ့ယွင် သည် ရှက်ရွံ့ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
" ရူကွေ့၊ မင်း အမေ့ကို ထွက်မတွေ့ရင် မင်းရဲ့ ခေါင်းဆောင်ကိုသွားရှာမယ်။ ဘာပဲဖြစ်ဖြစ် အမေ ဒီနေ့ ထွက်သွားမှာ မဟုတ်ဘူး "
၀မ်ရူကွေ့၏ မျက်လုံးများပေါ်တွင် အဓိပ္ပါယ်မဲ့သောအကြည့်များ လင်းလက်သွားသည်။ သူက အေးစက်သည့် လေသံဖြင့် " ကျွန်တော် အခု အပြင်ထွက်လာခဲ့မယ် "
ထိုသည်ကိုကြားသည့်အခါ ချန်ရှိူ့ယွင်၏နှလုံးမှာ နောက်ဆုံး၌ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ " ကောင်းပြီ အမေ အပြင်မှာစောင့်နေမယ် "
ဂိတ်စောင့်သည် ဤအရူးမကို ကြိမ်းမောင်းလိုခဲ့သည်။ သို့သော် သူမ ပြောခဲ့သည်များကိုကြားသည့်အချိန်တွင် ပြစ်တင်ရှုတ်ချလိုသည့် စကားလုံးများကို ချက်ချင်း မျိုချလိုက်ပြီး လုံးလုံး စိတ်ရှုပ်သွားလေသည်။
ဒီအမျိုးသမီးက တကယ်ပဲ ညွှန်ကြားရေးမှူး၀မ်ရဲ့အမေ ဖြစ်နိုင်ပါ့မလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
ချန်ရှိူ့ယွင်သည် ဖုန်းကို အပြင်းအထန် ချလိုက်ပြီး အောင်ပွဲခံသည့် ဒေါင်းတစ်ကောင်လို ရင်ဘတ်ကို ဖွင့်ကာ ဂိတ်စောင့်ကို အေးစက်စွဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဆယ်မိနစ်ခန့် စောင့်ပြီးနောက် ဝမ်ရူ ကွေ့သည် စခန်းမှ ဖြည်းညင်းစွာ ထွက်လာလေသည်။