အပိုင်း၃၃၇
Viewers 67k

🍵Chapter 337




ဆိုင်အတွင်း၌ 

ချန်ရှိူ့ယွင်သည် သူ၏အသွင်အပြင်ကြောင့် ထိတ်လန့်သွားခဲ့သည်။ ဝမ်ရူကွေ့  ပြေးထွက် သွားသည့်အခါ သူမသည်လည်း အသိစိတ်ဝင်လာပြီး သူ့နောက်သို့ ကမန်းကတန်း လိုက်ရန်ပြင်လိုက်သည်။


စားပွဲထိုးက သူမ၏လက်ကို အမြန်ဆွဲပြီး မေးမြန်းသည်။ " စားပွဲပေါ်က အစားအစာကို လိုချင်သေးလား "


ဟင်းလျာ အတော်များများကို မှာယူခဲ့ပြီးနောက် မတ်ပဲစွပ်ပြုတ်တစ်ငုံမျှသာ သောက်သုံးခဲ့ရသည်။ ၀မ်ရူကွေ့ကမူ မည်သည်ကိုမှ မစားသုံးခဲ့ချေ။ အကယ်၍ သူမသည်လည်း မည်သည်ကိုမျှ မစားလျှင် ၎င်းတို့မှာ အမှိုက်ဖြစ်သွားပေတော့မည်။


သို့သော် ယခုမူ သူမသည် ၀မ်ရူကွေ့ ၏ နောက်သို့ လိုက်ရန် စိတ်အားထက်သန်နေသောကြောင့် သူမမှာ ရွေးချယ်စရာမရှိတော့ချေ။


" မစားတော့ဘူး "


ထိုစကားကိုပြောပြီးနောက် သူမလက်ကို ပြန်သိမ်းလိုက်ကာ ခြေလှမ်းသုံးလှမ်းစာအား နှစ်လှမ်းမျှသာ လှမ်းလိုက်ရင်း လိုက်သွားခဲ့သည်။


သူမ အပြင်သို့ လိုက်သွားသောအခါတွင် သွေးရောင်တစ်စွန်းတစ်စမျှ မရှိဘဲ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖွေးနေသည်မျက်နှာဖြင့်  နေရောင်ထဲတွင် မတ်တပ်ရပ်နေသည့် ၀မ်ရူကွေ့ ကို သူမ တွေ့လိုက်ရသည်။


" ရူကွေ့၊ ဘာဖြစ်နေတာလဲ၊ သား တစ်ခုခု အဆင်မပြေဖြစ်လို့လား။ အမေ့ကိုပြောပြ " ချန်ရှိူ့ယွင်သည်  မိသားစုကတ်ကို ဆက်လက်သုံးလိုက်သည်။  " အမေ သားကို ဆေးရုံကိုလိုက်ပို့ပေးရမလား "


ဝမ်ရူကွေ့သည် သူမ၏စကားများကို မကြားသည့်ပုံရပြီး ရုတ်တရက် သူမကို တွန်းထုတ်ကာ ခြေတံရှည်များဖြင့် ရှေ့သို့ လှမ်းသွားသည်။


ချန်ရှိူ့ယွင်သည် အတွန်းခံလိုက်ကာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။


၀မ်ရူကွေ့ ၏ နောက်သို့ ပြန်လှည့်ကြည့်မလာသည့် ကျောပြင်ကိုကြည့်ရင်းကို  သူမ၏ စိတ်ထဲတွင် "ဘန်း" ခနဲ ကြိုးတစ်ချောင်း ပြတ်တောက်သွားကာ သူမ၏ စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွား တော့သည်။


သူမသည် အံကြိတ်ကာ ၀မ်ရူကွေ့၏နောက်သို့ လိုက်သွားကာ သူ့လက်မောင်းကို ဖမ်းကိုင်၍ ဆူပူသည်။


 " မင်း တာ၀န်မဲ့တဲ့ သား၊ အဲ့ဒီအချိန်က ငါ မှားခဲ့တယ်ဆိုရင်တောင် အမေတစ်ယောက်အနေနဲ့ ငါ မင်းကို တောင်းပန်ပြီးပြီ "


" ငါတို့နိုင်ငံက ရှေးယခင်ကတည်းက ဒီလိုပါပဲ။ 'တုတ်တစ်ချောင်းက သားကောင်းတစ်‌ ယောက်မွေးထုတ်ပေးတယ်'။ အမေ သား အပေါ်ကို နည်းနည်းလေး ဆူပူကြိမ်းမောင်းပြီး ရိုက်ခဲ့မိတယ်။ အမေ ငယ်ငယ်တုန်းကလဲ သားရဲ့အဘိုးအဘွားတွေ ရိုက်နှက်ဆုံးမတာ ကို ခံခဲ့ရတယ်မဟုတ်ဘူးလား။ အမုန်းတရားတွေကို ဒီလိုမျိုး ဆယ်စုနှစ်တွေကြာတဲ့အထိ ဆုပ်ကိုင်ထားမှာလား "


" အမေ့ကို ခွင့်လွှတ်နိုင်ဖို့ ဒူးထောက်ပြီး တောင်းပန်ရမှာလား "


လမ်းပေါ်ရှိလူများသည် သူမတို့၏စကားများကို ကြားကြပြီး လှည့်ကြည့်ရန် ရပ်တန့်လိုက်သည်။


လူတိုင်းကြည့်နေသည့်ကိုမြင်သည့်အခါ ချန်ရှိူ့ယွင်သည် ရုတ်တရက် ပို၍ အားအင်ရှိသွားပြီး မျက်ရည်များကျဆင်းလာသည်။


" ဒီကလေးက ငယ်တုန်းက အရမ်းဆိုးနေတယ်ဆိုပြီး  လူတိုင်းက မှတ်ချက်ပေးကြတယ်။ အသက်ကြီးလာတဲ့အချိန် ကောက်ကျစ်လာမှာကို စိုးရိမ်တဲ့အတွက် ကလေးဘဝတုန်းက အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တယ်။ မမျှော်လင့်ဘဲ ဒီကလေးက နှစ်ပေါင်းများစွာ အငြိုးထားနေခဲ့တယ်။  မိခင်တစ်ယောက်အနေနဲ့ ကျွန်မ သူ့ကို  ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့ပေမယ့် သူက ခွင့်လွှတ်ပေးဖို့ ငြင်းခဲ့တယ်။  ကျွန်မ အရမ်းဝမ်းနည်းမိတယ် "


ဤသည်ကို လူတိုင်းကြားသောအခါ သူတို့သည် ချက်ချင်းပင် ဝမ်ရူကွေ့ကို လက်ညှိုးထိုးကာ  စတင်‌ဖြောင်းဖျကြသည်။


" ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ လောကမှာ ဆိုးတဲ့မိဘတွေဆိုတာ မရှိပါဘူး။ မင်းအမေက မင်း ကောင်းဖို့အတွက် သွန်သင်ပေးခဲ့တာလေ။ ကြည့် မင်းဘယ်လိုဖြစ်လာခဲ့သလဲ ။ ဘာလို့  စိတ်သဘောထားကျဉ်းမြောင်းတဲ့သူ ဖြစ်နေရတာလဲ"


" မှန်တယ်။  ငယ်ငယ်က မိဘတွေရဲ့ ဆဲဆိုကြိမ်းမောင်းခြင်း မခံခဲ့ရဖူးတဲ့သူ ဘယ်သူရှိလို့လဲ။ ဒီလိုမျိုး သေတဲ့အထိ အချင်းချင်း မပြောဆို၊မဆက်ဆံရင် ငါတို့နိုင်ငံကို ကျင့်ဝတ်နိုင်ငံလို့ ခေါ်ဆိုနိုင်ဦးပါ့မလား "


" မဟုတ်သေးဘူး ရဲဘော်၊ ခေါင်းမာတာကို ရပ်လိုက်ပါ။ ကြည့်ပါဦး၊ မင်းက အရမ်းတောက်တောက်ပြောင်ပြောင်၀တ်စားထားပြီး မင်းအမေကတော့ အသက်ကြီး နေပြီ။ သူမကို ကျန်ရှိတဲ့ နေ့ရက်တွေမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ခံစား‌စေချင်တာလား"


ချန်ရှိူ့ယွင်သည် နောက်ဆုံးစကားကြားသောအခါ သွေးအန်လုမတတ်ပင်။


သို့သော် တစ်ဖက်လူက သူမအတွက် ပြောနေခြင်းဖြစ် သောကြောင့် သူမမှာ ရွေးချယ်စရာမရှိဘဲ ဆက်၍ သည်းခံကာ သူ့ကလေးကြောင့် အသည်းကွဲခဲ့ရ‌ သော ကြင်နာသည့်မိခင်တစ်ယောက်လို ဆက်လက်ပြုမူနေသည်။


၀မ်ရူကွေ့သည် လူတိုင်းကို ကြည့်လိုက်ပြီးနောက် ချန်ရှိူ့ယွင်ကို ပြန်ကြည့်လိုက်ပြီး အမှတ်တရအများအပြားက သူ၏စိတ်ထဲ ရုတ်တရက် ၀င်ရောက်လာခဲ့သည်။


ငယ်ရွယ်စဉ်က ချန်ရှိူ့ယွင်သည် ပန်းကန်လုံးတစ်လုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အပိုင်းပိုင်းများစွာ ကွဲ‌ စေသည်။ ထို့နောက် သူမက တင်ပါးပေါ် ခါးထောက်ကာ "ရှောင်ရွှိ"အား ထိုပန်းကန်အပိုင်းအစများပေါ်တွင် အတင်းအဓမ္မ ဒူးထောက်ခိုင်းခဲ့သည်။ ဒူးထောက်ခဲ့ရသည့် 'ရှောင်ရွှိ'၏ဒးခေါင်းတွင် ပန်းကန်ကွဲစများ စိုက်၀င်နေပြီး သွေးများ အဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။


မြင်ကွင်းများက တစ်ဖန်ပြောင်းလဲသွားပြီး ချန်ရှိူ့ယွင်က "ရှောင်ရွှိ" ကို မီးဖိုချောင်သို့ ခေါ်ဆောင်သွားကာ သူ၏ခေါင်းကို ရေပုံးထဲသို့ ဖိနှစ်လိုက်သည်။ ပုံးထဲရှိ ရေများက သူ့နှာခေါင်းနှင့် ပါးစပ်ထဲကို ၀င်ရောက်သွားပြီး "ရှောင်ရွှိ"က ပြင်းထန်စွာ ရုန်းကန်ကာ သေလုနီးပါး နာကျင်နေသည်။


ထို့နောက် ကောင်းကင်သည် ပြောင်းလဲသွားပြီး မှောင်မဲလာကာ အပြင်ဘက်မှ လူတစ်ယောက် အိမ်ထဲသို့ ခိုးဝင်လာသည်။


ထိုလူက ပြင်ဆင်ထားသည့်ကြိုးကို ထုတ်ယူလိုက်ပြီး ထိုသူနှင့် ချန်ရှိူ့ယွင်က  "ရှောင်ရွှိ" ကို ချည်နှောင်ကာ ပါးစပ်ကို ပါးစပ်ပိတ်ဆို့၍ တံစက်မြိတ်အောက်၌ တွဲလောင်းချိတ်ဆွဲထားသည်။ "ရှောင်ရွှိ" သည် တစ်ညလုံး ထိုကဲ့သို့ ချိတ်ဆွဲထားခံရပြီး သေလုမြောပါးပင်။


"ရှောင်ရွှိ" ၏ မရေမတွက်နိုင်သော နှိပ်စက်ညှဉ်းပန်းခံရသည့် မြင်ကွင်းများသည် အလျင်အမြန် ပြေးဝင်လာကြပြီး နောက်ဆုံးတွင် ငယ်ရွယ်သော ချန်ရှိူ့ယွင်၏ မျက်နှာသည် သူ့ရှေ့တွင် ရှိသောချန်ရှိူ့ယွင် နှင့် တစ်ထပ်တည်းကျသွားသည်။


သူ စိတ်လှုပ်ရှားသွားလေသည်။ "ရှောင်ရွှိ"သည် သူ ဖြစ်ပြီး သူက "ရှောင်ရွှိ" ဖြစ်နေပေသည်။


ရှောင်ရွှိ အရိုက်ခံရကာ နှိပ်စက်ခံခဲ့ရသည်ကို ယခင်က သူ မြင် တွေ့ခဲ့ဖူးပြီး ၎င်းသည် သူ၏ အတိတ်မှ သူကိုယ်တိုင်ဖြစ်နေသည်။


ချန်ရှို့ယွင်သည် သူက လူတိုင်း၏ဝေဖန်ခြင်းခံရသည့်အပေါ် လျစ်လျူရှုထားဆဲဖြစ်သည်ကို မြင်လိုက်ရသောကြောင့် သူမသည် အားပြင်းသော ဆေးတစ်လုံးကို ထပ်မံထိုးလိုက်သည်။


 " ရူကွေ့၊ သား အမေ့ကို ခွင့်မလွှတ်ချင်သေးဘူးလား " 


" သား အဲ့ဒီတုန်းက ဘယ်လောက်ဆိုးခဲ့လဲဆိုတာ တွေးမိမှာမဟုတ်ဘူး။ အမေသာ သားကို တင်းကြပ်မထားခဲ့ဘူးဆိုရင် သား အခုလို အခြေခံစိုက်စခန်းမှာ သိပ္ပံသုတေသနပညာရှင်တစ်ယောက်ဖြစ်လာပြီး စက်မှုပညာအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာနိုင်ပါ့မလား "


သူသည် အခြေစိုက်စခန်းတွင် သိပ္ပံသုတေသနပညာရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းကြားသိသောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် သူ့ကို ပို၍ပြင်းထန်စွာ ရှုတ်ချလိုက်ကြသည်။


အားလုံးက သူမဘက်မှာ ရှိနေသည်ကိုမြင်သည့်အခါ ချန်ရှို့ယွင်သည် အလွန်ဂုဏ်ယူနေပေမယ့် သူမမျက်နှာ၌ ဝမ်းနည်းသည့်အမူအရာအား ထိန်းထားဆဲဖြစ်သည်။


" အဲဒီတုန်းက ကျွန်မမှာ ခြောက်လကျော်တဲ့ကိုယ်ဝန်နဲ့ ကလေးတစ်ယောင်ရှိနေပါပြီ။ ဒီကလေးက သူ့ကို ဂရုမစိုက်တာကြောင့် ဒေါသထွက်ပြီး ကျွန်မကို တွန်းလိုက်တာ မြေပေါ်လဲကျပြီး ကလေးလည်း သေဆုံးသွားခဲ့တယ် "


" ကလေးက သားယောက်ျားလေး။ ကလေးရဲ့ အဘိုးနဲ့ အဖေတို့က အလွန်ဝမ်းနည်းကြေကွဲခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းကသာ မသေဆုံးခဲ့ဘူးဆိုရင် အခုချိန်မှာ အရွယ်ရောက်နေလောက်ပြီ။  ကျွန်မလည်း သွေးထွက်လွန်တဲ့ ဝေဒနာကို ခံစားခဲ့ရပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ သားသမီးမမွေးဖွားနိုင်တော့ဘူး "


" သူ့ကြောင့်သာ မဟုတ်ရင် သူ့ညီက ဘယ်လိုလုပ် သေဆုံးနိုင်မလဲ။  က​လေးလေးသာ မသေဆုံးခဲ့ရင်​ သူ့အဖေက ကျွန်မကို ဘာလို့ ကွာရှင်းခဲ့မှာလဲ "


လူတိုင်းသည် ရုတ်ရုတ်သဲသဲဖြစ် နေပြီး ၀မ်ရူကွေ့ကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းကြသည်။


" သူက သူ့ညီကို သတ်ခဲ့ပြီး မိဘတွေကို ကွာရှင်းစေခဲ့တယ်။ အကြွေးစုဆောင်းသူအဖြစ် ပြန်လည်ဝင်စားလာခဲ့တာလား "


" ငါ့မှာသာ ဒီလိုမျိုး ကလေးရှိခဲ့ရင် သူ့ကို အသေရိုက်မိမှာ သေချာတယ်။  သူက သားရဲတိရစ္ဆာန်ထက်တောင် ပိုဆိုးတယ် "


ကျိန်ဆဲသံများသည် တဖွဲဖွဲကျရောက်လားပြီး ချိတ်ပိတ်ထားခဲ့သည့် မှတ်ဉာဏ်များသည် ယခုအခိုက်အတန့်တွင် အားလုံး ပွင့်ထွက်လာခဲ့သည်။


သူသည် ချန်ရှို့ယွင်အား မတော်တဆ တိုက်မိသွားသည်ကို မြင်လိုက်ရပြီး ချန်ရှို့ယွင် သွေးအိုင်ထဲ လဲကျသွားကာ သူ့ညီ‌လေး သေဆုံးသွားခဲ့သည်။ ထို့‌ နောက် သူ့အဖေက စစ်တပ်မှ အမြန်ပြန်ပြေးလာခဲ့ပြီး ဆေးရုံထောင့်မှာ နီရဲနေသည့်မျက်၀န်းများဖြင့် ပုန်းကွယ်နေခဲ့သည်။


နောက်ပိုင်းမှာ ချန်ရှို့ယွင်နှင့် သူ့အဖေ တို့ ကွာရှင်းခဲ့ကြသည်။  သူ့အဖေသည်  ဘယ်တော့မှ ပြုံးရယ်ခြင်းမရှိတော့ဘဲ သူ့ဆံပင်များလည်း အစုလိုက် အပြုံလိုက် ကျွတ်ထွက်သွားခဲ့ပြီး သူ့အဘိုးမှာလည်း နေ့စဉ်နေ့တိုင်း သက်ပြင်းချနေခဲ့သည်။ နောက်ဆုံးတွင် သူ့အဖေ မောင်းနှင်လာသည့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။


လေယာဉ်ပျက်ကျပြီးနောက် သူ့အဖေသေဆုံးသွားခဲ့ပြီး သူ့အဘိုး၏ ဆံပင်များ တစ်နေ့တည်း၌ ဖြူဖွေးသွားခဲ့သည်။


" မင်း ညီလေးကို မင်း သတ်တာ၊ မင်းမိဘတွေကို ကွာရှင်းအောင် မင်း လုပ်ခဲ့တာ၊ မင်းအဖေကို သေစေခဲ့တာလည်းမင်းပဲ "


ချန်ရှို့ယွင်သည် သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး သူ့အား ပြင်းပြင်းထန်ထန် ရိုက်နှက်သည်။


" မဟုတ်ဘူး ငါမဟုတ်ဘူး "


" အဲဒါမင်းပဲ..."


ချန်ရှို့ယွင်၏ စကားမဆုံးခင်မှာ ၀မ်ရူကွေ့က သူမ၏လည်မျိုကို ဆုပ်ကိုင်လိုက်ပြီး ရက်စက်သည့်အကြည့်နှင့် သူမမျက်နှာကို ကြည့်လိုက်သည်။


ငရဲပြည်မှ မကောင်းဆိုးဝါးများကဲ့သို့ ၎င်းသည် လူများအား ထိတ်လန့်စေသည်။


အားလုံးက ထိတ်လန့်သွားကြပြီး အော်ဟစ်ကြသည်။


" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ လွှတ်လိုက်စမ်း "


ထိုမှသာ ၀မ်ရူကွေ့သည် အသိစိတ်ဝင်လာပြီး ချန်ရှို့ယွင်ကို ရုတ်တရက် လွှတ်လိုက်ကာ လှည့်ထွက်၍ ပြေးသွားသည်။


သူ ထွက်ပြေးတော့မည်ကို မြင်ရသည့် ချန်ရှို့ယွင်က လည်ချောင်းနာပါစေ သူ၏နောက်သို့ လိုက်လာပြီး သော်လည်း မထင်မှတ်ပဲ ကျောက်တုံးတစ်ခုအား ခလုတ်တိုက်သွားလေသည်။


" ဘုန်း "


သူမ၏ဦးခေါင်းသည် မြေပြင်ကို ပြင်းထန်စွာ ထိမှန်ကာ သွေးများ စီးကျလာပြီး‌ မျက်လုံးများ လှန်ကာ သတိလစ်သွားတော့သည်။


တစ်စုံတစ်ယောက်က ထအော်လေသည်။


" သေပြီ၊ သေပြီ "


🍵


ထုံရွှယ်လူသည် သွေးများဖြင့် ဖုံးလွှမ်းနေသော၀မ်ရူကွေ့က ခြေဗလာဖြင့် ရှေ့သို့ ပြေးသွားသည်ကို မြင်လိုက်ရပြီး သူ့နောက်မှ သူမ လိုက်သွားလိုက်သည်။


" ရူကွေ့ ကျွန်မကိုစောင့် "


၀မ်ရူကွေ့မှာ သူမအသံအား ကြားသည့်ပုံမပေါ်‌ချေ။ သူက ချောက်ကမ်းပါးစွန်းသို့ ပြေးသွားကာ ရုတ်တရက် လှည့်ကြည့်၍ ဝမ်းနည်းစွာ ပြုံးပြပြီး‌နောက်  ခုန်ချသွားခဲ့သည်။


"အား.."


ထုံရွှယ်လူသည်  ချွေးစေးများဖြင့် ဖုံးလွှမ်းကာ အိပ်မက်မှ ရုတ်တရက် နိုးထလာခဲ့သည်။