အပိုင်း၃၃၉
Viewers 67k

🍵Chapter 339




၀မ်ရူကွေ့သည် လုအုပ်ထဲမှ တိုးထွက်လာပြီးနောက် အခြေစိုက်စခန်းသို့ မပြန်ချေ။ သူက ဘူတာရုံသို့ ပြေးထွက်သွားပြီး‌နောက် ရထားပေါ်တက်ကာ ပေကျင်းသို့ ပြန်လာလိုက်သည်။


သုံးနာရီကြာမြင့်ပြီးသည့်နောက် အိမ်သို့ ပြန်ရောက်သွားလေသည်။


မည်သူမျှ အိမ်၌ ရှိမနေကြချေ။ ထို့ကြောင့် လမုန့်လေးနှင့် လျိုရှားပေါင်တို့သည် သူ ပြန်ရောက်လာသည်ကို မြင်သည့်အခါ လေယာဉ်ပန်ကာများကဲ့သို့ သူတို့၏ အမြီးလေးများကို ပျော်ရွှင်စွာ ယမ်းခါနေကြသည်။


သို့သော် ဤအချိန်တွင် ၀မ်ရူကွေ့၏ မျက်လုံးများမှာ နီရဲနေပြီး သူတို့အား မတွေ့သကဲ့သို့ စတိုခန်းထဲသို့သာ တိုက်ရိုက်၀င်သွားသည်။


သူ့အိမ်သော့အား ရှာတွေ့ခဲ့ပြီး စတိုခန်းတံခါးအားဖွင့်ကာ ဗီရိုများအား လှန်လှောရှာဖွေသည်။


ဆယ်မိနစ်ကြာပြီးသည့်နောက် သူက မြေပြင်ပေါ်တွင် ထိုင်နေပြီး အ၀တ်အစားများနှင့် မျက်နှာမှာ ဖုန်များဖြင့် ဖုံးလွှမ်းကာ သူ့ပေါင်ပေါ်တွင် ဓာတ်ပုံ အယ်လ်ဘမ်တစ်ခုရှိနေ‌သည်။


သူ့မျက်နှာက ဖြူဖျော့ကာ လေးလေးနက်နက်ရှိနေပြီး မျက်လုံးများက မုန်တိုင်းမလာခင်ကာလကဲ့သို့ မည်းနက်၍ ကြောက်မက်ဖွယ်ကောင်းနေသည်။


သူသည် လက်ထဲရှိ ဓာတ်ပုံအယ်လ်ဘမ်ကို ဖြည်းညင်းစွာ မဖွင့်မီ စိုက်ကြည့်နေခဲ့သည်။


ဤအယ်လ်ဘမ်သည် လွန်ခဲ့သည့် နှစ်များစွာက အယ်လ်ဘမ်တစ်ခုဖြစ်သည်။  ထိုအချိန်က ကလေးအရွယ်သူနှင့် သူ့အဖေ၏ ဓာတ်ပုံများစွာ ရှိနေသည်။


အတိတ်၌ သူက သု့အဘိုးသည် ယခင်က အရာများကို တွေ့မြင်ပြီး လူများအား သတိရ၍ လွမ်းဆွတ်မည်ကို စိုးရမ်သောကြောင့် ဓာတ်ပုံများကို ဖွက်ထားခဲ့သည်ဟု ထင်မြင်ခဲ့သည်။ သို့သော် ယခုမူ သူ မှတ်မိသွားလေပြီဖြစ်သည်။


သူ့အဖေကွယ်လွန်သွားသည့်နောက် ဓာတ်ပုံများကို မြင်ရတိုင်း ခေါင်းကိုက်ကာ အော်ဟစ်၍ ငိုယိုလေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် သူ့အဘိုးက ဓာတ်ပုံအယ်လ်ဘမ်ကို ယူသွားခဲ့ပြီး နောက်တစ်ကြိမ် ထုတ်ယူကာ ဖွင့်ကြည့်ခြင်းမရှိ‌ေတာ့ချေ။


ယခုအချိန်၌ သူသည် ပုံထဲမှ ကောင်‌ငယ်လေးအားစိုက်ကြည့်နေပြီး သူ့ကမ္ဘာတစ်ခုလုံး ပြိုကျတော့မည့်အလားခံစားနေရသည်။


ယခင်က ချန်ရှို့ယွင်သည် ရှောင်ရွှိ၏ ဓာတ်ပုံများကို သူ့အား လိမ်လည်လှည့်ဖြားရန် အသုံးပြုခဲ့သည်ဟု သံသယရှိခဲ့သော်လည်း ယခုအခါ ဓာတ်ပုံများသည် တစ်ခုပြီးတစ်ခု သူ့အား လွတ်မြောက်ရန် နေရာမရှိဖြစ်စေသည်။


မွေးစမှ ငါးနှစ်သားအထိ သူတစ်ယောက်တည်း၏ဓာတ်ပုံများ။ သူ့အဖေ၊ သူ့အဘိုးနှင့် ဓာတ်ပုံများ ရှိနေပြီး အချိန်နှင့် သူ့ နာမည်ကို ၎င်းတို့အပေါ်၌ ရေးသားထားခဲ့သည်။


" ဒုတ်" ဟုသည့် အသံထွက်ပေါ်သွားသည်။"


သူ့လက်ထဲမှ ဓာတ်ပုံအယ်လ်ဘမ်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ၀မ်ရူကွေ့သည် သူ၏ခေါင်းကို ကိုင်ကာ ခွေသွားခဲ့သည်။


ရှောင်ရွှိသည် သူကိုယ်တိုင်ဖြစ်နေသည်။ သူတို့သည် နှစ် နှစ်ဆယ်ကျော် သူငယ်ချင်းများဖြစ်ခဲ့ကြပြီး ရှောင်ရွှိသည် လက်တွေ့ဘ၀၌ အမှန်တကယ် တည်ရှိခဲ့သည်။ သို့သော် ယခုအခါ အရာအားလုံးသည် စိတ်ကူးယဉ်မှုသာ ဖြစ်ကြောင်း သူ့အား ပြောပြနေသည်။


အကယ်၍ ရှောင်ရွှိက အတုအယောင်ဖြစ်လျှင် မည်သည်က အစစ်အမှန်ဖြစ်သလဲ။


သူက အစစ်အမှန် ဟုတ်လေသလား။


သူ့မိဘများက အစစ်အမှန် ဖြစ်သလား။ သူ နှိပ်စက်ခံရသည့်များက တကယ် ဖြစ်ပျက်ခဲ့လေလား။


ထို့အပြင် အရေးကြီးဆုံးဖြစ်သည့် သူအချစ်ရဆုံးထုံရွှယ်လူ၊ သူမက အစစ်အမှန် ဖြစ်ပါရဲ့လား။


သို့မဟုတ် အားလုံးက သူ့၏ စိတ်ကူးယဉ်မှုများ ဖြစ်နေခဲ့သနည်။တစ်နေ့ အိပ်ရာကနေ နိုးထလာရင် အရာအားလုံးပျောက်ကွယ်သွားလိမ့်မည်နည်း။


သူ ငယ်စဥ်က အိမ်ရာ၀န်းထဲမှာ အရူးတစ်ယောက်ရှိခဲ့ဖူးသည်ကို သတိရမိသွားသည်။ ထိုသူက သူ ငယ်စဉ်က တစ်ယောက်တည်း အမြဲစကားပြောနေတတ်သော်လည်း သူကမူ  အသက်ကြီးလာသည့်အခါ တစ်ယောက်တည်း လေထုကို စကားပြောနေခဲ့သည်။


အနှစ် နှစ်ဆယ်လုံးလုံး လေထုကို စကားပြောနေခဲ့သည်ကို  သိရှိလိုက်ရသည်။ သူသည် အရူးတစ်ယောကိဖြစ်နေခဲ့လေသည်။


ဤနားလည်သဘောပေါက်မှုသည် ၀မ်ရူကွေ့အား ရုတ်တရက် ထိုက်ရှန်းတောင်ကဲ့သို့ လွှမ်းမိုးသွားခဲ့သည်။


သူ့ကမ္ဘာကြီး ပြိုလဲသွားတော့သည်။


လမုန့်လေးသည် သူ့သခင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလိုက်ပြီး သူ၏ ဘေး၌ ညင်သာစွာ နှစ်ကြိမ် အော်လိုက်ကာ သူ၏လျှာလေးဖြင့် ၀မ်ရူကွေ့၏လက်အား လျက်လိုက်သည်။


နွေးထွေးသည့် ထိတွေ့မှုတစ်ခုက ၀မ်ရူကွေ့အား ပြိုလဲမှုမှ သတိပြန်၀င်လာစေသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး လမုန့်လေးအား ကြည့်လိုက်သည်။


သို့သော် သူ စကားမပြောမီတွင် ရှောင်ရွှိက ရုတ်တရက် ပေါ်လာလေသည်။


သူ့ဆံပင်က စိုရွဲနေပြီး ဒူးခေါင်းများလည်း ပေါက်ပြဲနေကာ ဒဏ်ရာမရှိသည့် နေရာဟူ၍ မရှိချေ။ သွေးများက စီးဆင်းကာကျနေပြီး မြေပြင်အား အနီရောင်ဖြစ်စေသည်။


သူက ရှောင်ရွှိကို မြင်သည့်အခါ မသိစိတ်၏ စေ့ဆော်မှုအရ နှုတ်ဆက်ချင်သော်လည်း နောက်အခိုက်အတန့်၌ ကျယ်လောင်စွာ အော်ဟစ်သည်။


" ထွက်သွား။ ဒီကနေ ထွက်သွား။ မင်းက တကယ်မဟုတ်ဘူး " 


သူက လက်များကို ဝှေ့ယမ်းလိုက်ရာ သူ့‌ ဘေးနားရှိ လမုန့်လေးကို နှစ်ကြိမ်ရိုက်မိလိုက်သည်။ နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရသည့်အခါ လမုန့်လေးသည် အော်ကာ အဝေးသို့ပြေးသွားပြီး စိတ်ရှုပ်ကာ ၀မ်းနည်းသည့်မျက်၀န်းများနှင့် ကြည့်နေလေသည်။


သူသည် ပုံမှန်တွင် သဘောကောင်းလေ့ရှိသည့် သူ၏ ပိုင်ရှင်က အကယ့်ကြောင့် ရုတ်တရက် ရိုက်သည်ကို နားမလည်နိုင်ချေ။


လျိုရှားပေါင်သည် လမုန့်လေး အရိုက်ခံရသည်ကိုမြင်သည့်အခါ ၀မ်ရူကွေ့အား " ဝုတ်"ဟု ဟောင်လိုက်ပြီး လမုန့်လေးအတွက် တိုက်ခိုက်နေသကဲ့သို့ မာန်ဖီနေလေသည်။


လမုန့်လေးသည် နောက်သို့လှည့်ကာ ပြန်ဟောင်လိုက်ပြီး လျိုရှားပေါင်မှာ တိုးလျသည့်အသံဖြင့် အော်ကာ သူ့ခေါင်းလေးအား ၀မ်းနည်းမှုဖြင့် ငုံ့လိုက်သည်။


အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့သည် ပန်းမျိုးစေ့များကို အများအပြားသယ်ယူကာ အပြင်မှ ပြန်ရောက်လာကြသည်။ သူတို့သည် လမုန့်လေးနှင့် လျိုရှားပေါင်

၏ အသံများကို ကြားသည့်အခါ ရယ်မောလိုက်ကြသည်။


" လျိုရှားပေါင်က လမုန့်လေးကို စိတ်ဆိုးစေတဲ့ တစ်ခုခု ထပ်လုပ်လိုက်ပြန်တာပဲ ဖြစ်ရမယ်။"


ဦးလေးဇုန်းက ခေါင်းညိတ်လိုက်သည်။ " လမုန့်လေးနဲ့ယှဉ်ရင် လျိုရှားပေါင်က ဉာဏ်နည်းနည်းတုံးတယ်။ လမုန့်လေးက မှင်စာတွေလို အရမ်းဉာဏ်ကောင်းတယ် "


အကြောင်းကြားရန် စတိုခန်းထဲမှ ပြေးထွက်လာသည့် လမုန့်လေး : "....."


လမုန့်လေးသည်  'ဝုတ်'ဟု ဟောင်ကာ အဘိုး၀မ်နှင့် ဦးလေးဇုန်းထံ လျှောက်လာပြီး သူတို့အား နှစ်ချက် ဟောင်လိုက်သည်။ ထို့နောက် စတိုခန်းဆီသို့ ပြေးသွားလိုက်ပြီး နှစ်ကြိမ်ဟောင်ပြန်သည်။


ကနဦး၌ အဘိုး၀မ်သည် ၎င်းက သူတို့အိမ်ပြန်ရောက်သည်ကို မြင်ကာ အလွန်ပျော်ရွှင်သောကြောင့်ဟု ထင်သည်။ သို့သော် သူက အကြိမ်ပေါင်းများစွာ ထိုကဲ့သို့ ပြုမူနေကာ တစ်စုံတစ်ရာ ဖြစ်နေသည်ဟု သဘောပေါက်သွားသည်။


" ရှောင်ဇုန်း ငါ ဘာလို့ လမုန့်လေးက ငါတို့ကို စတိုခန်းဆီ သွားစေချင်တယ်လို့ ထင်နေမိတာလဲ " 


ဦးလေးဇုန်းသည်လည်း မျက်မှောင်ကြုတ်ကာ ပြောသည်။ " ကျွန်တော်လည်း အဲဒီလိုထင်နေတယ်။ သူခိုး၀င်နေတာများလား "


သူခိုးဟူသည့် စကားလုံးအား ကြားလိုက်သည့်အခါ အဘိုး၀မ်သည် ပန်းမျိုးစေ့များကို ဘေးသို့ချလိုက်ပြီး တံမြက်စည်းကို ကောက်ကိုက်ကာ ပြေးသွားသည်။


ဦးလေးဇုန်းသည်လည်း မီးဖိုချောင်ထဲမှ တုတ်တစ်ချောင်းကို လျင်မြန်စွာ ယူလိုက်ပြီး နောက်မှလိုက်သွားသည်။


သူတို့နှစ်ယောက်သည် သူခိုးအား တွေ့ရမည်ဟု ထင်ထားခဲ့ကြသော်လည်း ရှုပ်ပွနေသည့် ပစ္စည်းများနှင့် ၎င်းပစ္စည်းများအကြား မြေပြင်ပေါ်တွင် ထိုင်လျက်ရှိနေသည့် ၀မ်ရူကွေ့ကိုသာ တွေ့လိုက်ရသည်။


ဤအခိုက်အတန့်၌ ၀မ်ရူကွေ့၏ ဆံပင်များမှာ ရှုပ်ပွနေသည်။ သူက သူ့ခေါင်းကို ကိုင်ကာ " ဒီကနေ ထွက်သွား"ဟု လေထဲသို့ အော်ဟစ်နေလေသည်။


အဘိုး၀မ်၏ လက်ထဲမှ တံမြက်စည်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ငိုမိလုနီးပါးဖြစ်သွား၏။


သူသည် လွန်ခဲ့သည့် နှစ်၂၀ဆယ်ကျော်က ယခုကဲ့သို့ ၀မ်ရူကွေ့အား မြင်ခဲ့ဖူးသည်။ ‌နောက်ပိုင်းတွင် သူသည် သူ့ကိုယ်သူ စကားပြောနေခြင်းများကို ရပ်တန့်ခဲ့ပြီး ပတ်၀န်းကျင်ရှိ လူများအား ကို လျစ်လျူရှုလာခဲ့သည်။ 


ကျောင်းပေါရှန်းကို မတွေ့ခင်အချိန်ထိ ထိုကဲ့သို့သာဖြစ်ခဲ့ပြီး နှစ်အနည်းငယ်ကြာလာသည့်အခါမှသာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။


အဘိုး၀မ်သည် ၀မ်ရူကွေ့မှာ ယခင်ကတည်းက သက်သာသွားခဲ့ပြီဟု ထင်ခဲ့သည်။ အဘယ့်ကြောင့် ရုတ်တရက် ‌ဤကဲ့သို့ တစ်ဖန် ဖြစ်လာရသနည်း။


၀မ်ရူကွေ့   မကျန်းမာသည့်အချိန်တွင် ဦးလေးဇုန်းမှာ ၀မ်မိသားစုအိမ်သို့ ရောက်မလာသေးချေ။ ထို့ကြောင့် တစ်ခုခုဖြင့် တိုက်မိသကဲ့သို့ အဘိုး၀မ်၏ မျက်လုံးများ နီရဲသွားသည်ကို မြင်သည့်အခါ စိုးရိမ်စွာ မေးမြန်းသည်။ 


" ဗိုလ်မှူး ဘာဖြစ်‌သွားတာလဲ "


အဘိုး၀မ်က အံကြိတ်နေပြီး မူးဝေမှုလှိုင်းလုံးများကို ငြိမ်သက်စေနေသည်။


" ရှောင်ဇုန်း ရူကွေ့ နေမကောင်းဘူး။ မြန်မြန် ရွှယ်လူကို သွားခေါ်ချေ "


ဦးလေးဇုန်း၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများ ဖြတ်သန်းသွားပြီး သိသာစွာ အဘယ့်ကြောင့် ၀မ်ရူကွေ့ ရုတ်တရက် နေမကောင်းဖြစ်သွားသည်ကို နားမလည်ချေ။ သို့သော် သူသည် အမိန့်နာခံခြင်းအား ကျင့်သားရနေသောကြောင့် နှုတ်ဆက်ကာ အရှေ့ဘက်ဆီသို့ ပြေးထွက်သွားသည်။


အရှေ့ဘက်၀န်းတွင် မည်သူမျှ ရှိမနေချေ။ ထို့ကြောင့် သူက ဧည့်ခန်းထဲသို့ ရှာဖွေရန် သွားလိုက်ပြီး စားပွဲခုံပေါ်တွင် ထုံရွှယ်လူချန်ထားခဲ့သည့် စာတစ်စောင်ကို တွေ့ရှိသွားသည်။


သူက လျင်မြန်စွာ အခြေစိုက်စခန်းသို့ ဖုန်းခေါ်လိုက်သည်။


ကျိုးရန်သည် စခန်းသို့ ပြန်ရောက်ခါစဖြစ်ပြီး ဖုန်းလက်ခံရရှိပြီးနောက် ထပ်မံပြေးထွက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ထုံရွှယ်လူတို့က မထွက်သွားကြသေးချေ။


၀မ်ရူကွေ့ အိမ်ပြန်ရောက်နေသည်ကို ကြားသည့်အခါ ထုံရွှယ်လူမှာ မျက်ရည်များဝဲသွားလေသည်။ " ရဲဘော်ဖူ။ ကျေးဇူးပြုပြီး ကျွန်မကို ပြန်ပို့ပေးပါဦး "


" ကောင်းပြီ"


ဖူကျန့်ယိ ပြန်ဖြေလိုက်၏။


🍵


သူမတို့ ဤအကြိမ် ကားမောင်းပြန်သည့်အခါ ဖူကျန့်ယိသည်  စခန်းသို့ လာခဲ့စဥ်ကထက် ပို၍ မြန်ဆန်စွာ မောင်းနှင်လာသည်။


ခြံ၀န်းရှေ့၌ ကားရပ်လိုက်သည့်အခါ တစ်နာရီနှင့် မိနစ် နှစ်ဆယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။


ကားရပ်လိုက်သည်နှင့် တပြိုင်နက် ထုံရွှယ်လူသည် တံခါးကိုဖွင့်၍ ပြေးထွက်သွားသည်ကို မြင်လိုက်ရပြီး ဖူကျန့်ယိ၏ နှလုံးသားမှာ လည်ချောင်းထဲမှ ခုန်ထွက်လာလုနီးပါးပင်။


အလွန်‌လန့်စရာကောင်းပေသည်။ အကယ်၍ တစ်ခုခုဖြစ်သွားခဲ့လျှင် သူသည် ၀မ်မိသားစုအား မည်ကဲ့သို့ ရှင်းပြရမည်နည်း။


ရှောင်းမျန်မျန်သည် သူမ အစ်မကြီး ပြန်လာသည်ကို မြင်သည့်အခါ ချိုမြိန်စွာ နှုတ်ဆက်သည်။ " မမကြီး ပြန်‌ရောက်ပြီ.."


သို့သော် သူမ စကားမဆုံးသေးခင်တွင် ထုံရွှယ်လူသည် လေပြင်းတိုက်ခတ်သည့်အလား သူမအား ဖြတ်ကျော်သွားလေသည်။


ရှောင်းမျန်မျန်၏ ရှေ့ဆံပင်များမှာ လေတိုက်ခတ်ခြင်းကြောင့် လှန်သွားကာ အောက်သို့ ပြန်ကျလာပြီး သူမက မူ အံ့ဩနေလေသည်။


ခုဏက ငါ့ မမကြီးလား။ ဘာလို့ ကားထက်တောင် ပိုပြီး မြန်မြန်‌ ပြေးနေတာလဲ။ ပြီးတော့  မမကြီးက ငါ့ကို လျစ်လျူသွားတယ်။ အချစ်တွေပျောက်ကွယ်သွားခဲ့ပြီ ၊ ဟုတ်တယ်မလား။


ထုံရွှယ်လူသည် အခြားသူများအား အာရုံစိုက်ရန် အချိန်မရှိဘဲ စတိုခန်းဆီသို့သာ ပြေးသွားသည်။ အ‌ဝေးမှနေ၍ သို‌လှောင်ခန်းတံခါး ပိတ်ထားသည်ကို မြင်လိုက်ရပြီး အဘိုး၀မ်က တံခါးနားတွင် အသက်များစွာ ကြီးရင့်သွားပုံပေါ်ကာ ရပ်နေသည်။


" အဘိုး ရူကွေ့ ဘယ်မှာလဲ "


အဘိုး၀မ်က အသံကြားသည့်အခါနောက်သို့ လှည့်ကြည့်လာပြီး ထိတ်လန့်မှုကြောင့် မုတ်ဆိတ်မွှေးများပင် ထောင်သွားလုနီးပါးဖြစ်သွားသည်။ 


" လိမ္မာတဲ့ ကလေးလေး ။ ဖြေးဖြေးလာပါ "

 

အကယ်၍ သူမတို့ထဲက တစ်ယောက်သာ တစ်ခုခုထပ်ဖြစ်လျှင် သူ့နှလုံးသားက ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။


ထုံရွှယ်လူက နောက်တစ်ကြိမ်မေးလိုက်သည်ယ " အဘိုး ရူကွေ့ ဘယ်မှာလဲ။ သူ ဘယ်လိုနေလဲ "


" သူ အထဲမှာရှိတယ်။ အဘိုးကို ၀င်ခွင့်မပြုဘူး " အဘိုး၀မ်က စတိုခန်းတံခါးကို ကြည့်ကာ မျက်၀န်းများက ထပ်မံစိုစွတ်လာပြန်သည်။


" ရွှယ်လူ၊ အဘိုး တောင်းပန်ပါတယ်။ အရင်က အဘိုး သမီးကို အမှန်တိုင်း မပြောပြခဲ့ဘူး "


" ရူကွေ့ ငယ်ငယ်တုန်ူက နေမကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက် တဖြည်းဖြည်းပြန်ကောင်းသွားခဲ့တယ်။ သူ ဒီလိုထပ်ဖြစ်လိမ့်မယ်လို့ အဘိုး မထင်ခဲ့ဘူး...."


ငယ်စဥ်က မည်သူ့ကိုမှ စကားမပြောခဲ့သည့် ၀န်ရူကွေ့အကြောင်းကို ယခင်က သူမအား ပြောပြခဲ့ဖူးသည်။ သို့သော် လက္ခဏာတစ်ခုအဖြစ် သူ့ကိုယ်သူပြောနေခြင်းကို တစ်ကိုယ်ကောင်းဆန်စွာ ဖုံးကွယ်ထားခဲ့သည်။


သူသည် ဤကိစ္စကြောင့် ထုံရွှယ်လူက ၀မ်ရူကွေ့အား ကြောက်ရွံ့မည်ကို မလိုလားပေ။ သူက သူမ ၀မ်ရူကွေ့အား မနှစ်သက်မည်ကို သို့မဟုတ် ရူကွေ့အား ထားရစ်ခဲ့မည်ကိုပင် ပို၍ စိုးရိမ်ခဲ့သည်။ 


ထုံရွှယ်လူက အသက်ပြင်းပြင်းရှုလိုက်ကာ ပြောသည်။


" အဘိုး သမီး သိပြီးပါပြီ "


အဘိုး၀မ်သည် ထိုစကားကို ကြားသည့်အခါ  မျက်လုံးများ ပြူးကျယ်သွားပြီး ထို့နောက် မျက်လုံးထဲ၌ ၀မ်းနည်းမှုများ လှိမ့်တက်လာသည်။


ဆိုလိုသည်မှာ ၀မ်ရူကွေ့၏ အခြေအနေသည် ယခင်ကတည်းက ပြန်ထလာခဲ့သည်ဖြစ်ပြီး ဘယ်တုန်းကမှ သက်သာမလာခဲ့ပေ။


ထုံရွှယ်လူသည် အဘိုး၀မ်အား ‌ဖြတ်ကျော်ကာ သိုလှောင်ခန်းတံခါးဆီသို့ လျှောက်သွားသည်။ သူမက နှုတ်ခမ်းကို မြှင့်တင်လိုက်ပြီး ပြောလိုက်သည်။ 


" ရူကွေ့၊ ကျွန်မ ရွှယ်လူပါ။ ကျွန်မ ရှင့်ကို တွေ့ချင်တယ်။ ကျွန်မကို ၀င်ခွင့်ပြုနိုင်မလား "


အခန်းထဲ၌ မည်သည့်အသံမှ ရှိမနေချေ။


ဤအချိန်၌ ၀မ်ရူကွေ့သည် ချုပ်နှောင်ခံထားရသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ဖြစ်ပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် ပိတ်မိနေခဲ့သည်။ ရုတ်တရက် မှောင်မိုက်သည့် တိမ်‌စိုင်များအထပ်ထပ်များကြားထဲမှ ကြည်လင်သည့် အသံတစ်ခု ဆင်းသက်လာခဲ့သည်။


သူ့နှလုံးသားထဲတွင် အေးစိမ့်မှုအား ခံစားလိုက်ရပြီး တိမ်စိုင်များက တဖြည်းဖြည်း ကြည်လင်သွားသည်။


ထုံရွှယ်လူက အားမလျော့ပေ။  " ကျွန်မ ဒီနေ့ လမ်းအများကြီးလျှောက်ခဲ့ရလို့ ကျွန်မ ခြေထောက်တွေ နာနေပြီ။ ရှင် ထွက်လာပြီး ကျွန်မကို နှိပ်ပေးလို့ရမလား "


ဘာမှပြန်မပြောလာသေးပေ။


အခန်းထဲတွင်ရှိသည့် ၀မ်ရူကွေ့သည် နာကျင်စွာဖြင့် ရုန်းကန်နေရသည်။


သူက မတ်တပ်ရပ်ကာ တံခါးဖွင့်လိုသော်လည်း တစ်ဖက်မှာရှိနေသည့် ရှောင်ရွှိက သူ့အား အေးစက်စွာဖြင့် စကားပြောနေသည်။


 " ငါတို့က အတုအယောင်တွေ။ ငါက အတုအယောင်။ ငါ့အဖေကလည်း အတုအယောင်၊ မင်းမိန်းမ ထုံရွှယ်လူကလည်း အတုအယောင်ပဲ "


" ငါတို့က ဘယ်တုန်းကမှ မတည်ရှိခဲ့ဘူး။ ငါတို့က မင်းရဲ့ စိတ်ကူးယဉ်မှုတွေကြည့်ပဲ။ မင်းက အရူးတစ်ယောက် "


၀မ်ရူကွေ့၏ မျက်နှာမှာ တွန့်ရှုံ့နေပေသည်။ သူသည် သူက အရူးတစ်ယောက်မဟုတ်။ ထုံရွှယ်လူသည်လည်း အတုအယောင်မဟုတ်ကြောင်း ပြောလိုသော်လည်း အသံမထွက်နိုင်ချေ။


ထုံရွှယ်လူသည် တံခါးလက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လက်ဖမိုးပေါ်တွင် သွေးကြောများပင် ထောင်နေသည်။


 " ရူကွေ့ ၊ ဟိုးအရင်က ကျွန်မပြောခဲ့တာကို မှတ်မိသေးလား။ ဘာတွေဘယ်လိုပဲဖြစ်ပျက်ပါစေ ကျွန်မ ရှင့်နောက်မှာ အမြဲရှိနေတယ်လို့ ပြောခဲ့တယ်လေ။ ကျွန်မတို့အတူတူရှိပြီးတဲ့အခါ ရှင် ဘယ်လိုဖြစ်လာပါစေ ကျွန်မရှင့်ကို ဘယ်တော့မှ ထားမသွားဘူးလို့လေ "


ထိုနေ့က မြင်ကွင်းသည် ၀မ်ရူကွေ့၏ စိတ်ထဲ၌ ပေါ်‌လာသည်။ ထုံရွှယ်လူက သူ့အား ဖက်ထားပြီး သူ့နှုတ်ခမ်းများကို 

နမ်းခဲ့ကာ ထိုထိတွေ့မှုမှာ နှုတ်ခမ်းပေါ်၌ စွဲကျန်နေဆဲဖြစ်သည်။

 

သူမက မည်ကဲ့သို့ အတုအယောင်ဖြစ်နိုင်မည်နည်း။


သူက မြေပြင်ပေါ်မှ ထရန် ရုန်းကန်လိုက်သည်။ ရိုးစင်းသည့် လှုပ်ရှားမှုတစ်ခုသာ ဖြစ်သော်လည်း သူ့ အားအင်အားလုံးကို သုံးစွဲလိုက်ရသကဲ့သို့ ဖြစ်ပေသည်။


သူ၏ခြေလက်များမှာ အလွန်ကို့ယို့ကားယားဖြစ်နေကာ တစ်ကိုယ်လုံးက ပျော့ခွေနေပြီး မတ်တပ်ရပ်ရန်ပင် သူ့အား မိနစ်ပေါင်းများစွာ ကြာမြင့်စေသည်။


ဘေးဘက်တွင် ရှောင်ရွှိသည် သူ့အား ဆက်လက်တိုက်ခိုက်နေသည်။


" ရူကွေ့ ။ သူမကို လျစ်လျူရှုလိုက်။ သူမက အတုအယောင်ပဲ။ ငါကသာ အစစ်အမှန်။ ငါက မင်းရဲ့ သူငယ်ချင်းလေးလေ။ ငါကမင်းနဲ့အတူတူရှိနေတာ အနှစ် ၂၀ ကျော်ရှိခဲ့ပြီ "


" သူမက တစ်နေ့မှာ မင်းကို ထားရစ်ခဲ့ပြီး မင်း ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားမှာ။ သူမက မင်းအမေလိုမျိုး မင်းကို မချစ်ဘဲ မုန်းတီးလာလိမ့်မယ်။ ငါကသာ မင်းနဲ့ ထာ၀ရ အတူရှိနေမှာ။ အပြင်ထွက်မသွားနဲ့။ ဒီမှာပဲ ပုန်းနေကြရအောင် ။ ဒါမှ သူတို့ ငါတို့ကို ရှာမတွေ့နိုင်မှာ "