အပိုင်း၃၄၅
Viewers 67k

🍵Chapter 345



လူသိရှင်ကြားဖြစ်ရန်နှင့် စီးပွားရေးလုပ်ငန်းကြောင့် ချန်ရှို့ယွင်သည် ပြည်သူ့လုံခြုံရေးဗျူရိုဆီသို့ သွားလေသည်။


သို့သော် တခြားသူ၏ စတိုးဆိုင်နာမည်မှာ စည်းမျဥ်းစည်းကမ်းများအား ဖောက်ဖျက်ခြင်းမဖြစ်သောကြောင့် ပြင်းထန်သည့် ပြိုင်ဆိုင်မှုကို ကြောက်ရွံ့လျှင် သူမကသာ နာမည်ပြောင်းလိုက်ရန် ရဲ၀န်ထမ်းမှ သူမအား ပြောလိုက်သည်။


သူမ ဒေါသအလွန်ထွက်သွားကာ သွေးအန်လုမတတ် ဖြစ်သွားလေသည်။


အိမ်ပြန်ရောက်သည့်အခါ ဒေါသအလွန်ထွက်နေပြီး နှလုံးနာသောကြောင့် ကုတင်ပေါ်၌ လဲ‌လျောင်းနေလေသည်။ အဘိုးအိုသည် သူမကို ဤကဲ့သို့ မြင်လိုက်ရသောအခါ သူ့နှလုံးသား ကွဲကြေသွားလေသည်။


သူ့ထံတွင် အဆက်အသွယ်အချို့ရှိသောကြောင့် သူက လှည့်ထွက်ကာ ဆန့်ကျင်ဘက်စတိုးဆိုင်ကို မဖွင့်လှစ်‌ စေရန် သူ၏သူငယ်ချင်းများကို အကူအညီတောင်းလိုက်သည်။စားသောက်ဆိုင်ကဲ့သို့ လုပ်ငန်းမျိုးအား ကိုင်တွယ်ရသည်မှာ အလွယ်ကူဆုံးဖြစ်ပြီး သန့်ရှင်းမှုအကြောင်း အကြောင်းပြချက်ပေးလိုက်ရုံသာ လိုအပ်သည်။


သူ့သူငယ်ချင်းသည် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှုကြောင့် သဘောတူခဲ့သော်လည်း တစ်ရက်အတွင်းမှာပင် ဤ ကိစ္စကို မကိုင်တွယ်နိုင်ကြောင်း၊ ချန်ရှို့ယွင်နှင့် အတူမရှိသည်က ပိုကောင်းကြောင်းနှင့်  ထိုသို့မဟုတ်လျှင် နောင်တွင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ပြောပြလာသည်။


အဘိုးအိုသည် နားမထောင်ဘဲ  ချန်ရှို့ယွင်အား ထိုအကြောင်းကို ပြောပြလိုက်သည်။  ချန်ရှို့ယွင်သည်လည်း တုံးအသူမဟုတ်သောကြောင့် သူမအား မည်သူ ဆန့်ကျင်နေသည်ကို ချက်ချင်း မှန်းဆမိလိုက်သည်။


ဒေါသထွက်လွန်းသောကြောင့် သွားများကို ကြိတ်လိုက်သည်။ " ၀မ်မိသားစုက လူယုတ်မာတွေပဲ။ ကောင်းပြီ။ ငါက သူတို့နှင့် မတိုက်ချင်တော့ဘူးဆိုတာကို ငါ့ကို အတင်းအကြပ် ဖိအားလာပေးနေကြတယ် "


ခိုင်ခိုင်မာရပ်တည်ရန်အတွက် ချန်ရှို့ယွင်သည် အမည်ကိုပြောင်းလဲရန် ငြင်းဆိုရုံသာမက (ဘာကိစ္စပြောင်းမှာလဲ)ဆိုကာ ဈေးနှုန်းစစ်ပွဲ စတင်လိုက်သည်။


" လမ်းတစ်ဖက်က ဆိုင်ထက် ပိုမွှေးတယ်" ဆိုသည့် ဆိုင်သည် အဘယ့်ကြောင့် ကြောက်ရွံ့လိမ့်မည်နည်း။


ကျိန်းသေ မကြောက်ရွံ့ကြ‌ချေသဖြင့် စစ်ပွဲစတင်ဖြစ်ပွားတော့ပေသည်။


"လူဝေ့ရှန်း"သည် ၀ယ်ယူမှုပမာဏ ဆယ်ယွမ်ရှိလျှင် ငါးဆယ် ဆင့် လျှော့ပေးပြီး တစ်ဖက်သူက တစ်ယွမ်‌ လျော့ပေးသည်။


" လူဝေ့ရှန်း"သည် အဆာပြေမုန့် ဆယ်ခုဝယ်ယူလျှင် မုန့်တစ်ခု အခမဲ့ ပေးအပ်ပြီး တစ်ဖက်ဆိုင်တွင်မူ မုန့်နှစ်ခု အခမဲ့ ရရှိမည်ဖြစ်သည်။


"လူဝေ့ရှန်း"တွင်ရှိသည့် အရာအားလုံးကို ဆင့် တစ်၀က်ခန့် လျှော့လျှင် တစ်ဖက်ဆိုင်သည် တစ်ဆင့် လျော့‌ ဈေး ပေးလိမ့်မည်။


အတိုချုပ်ပြောရလျှင် တစ်ဖက်သူသည် အလွန်အထက်စီးဆန်ကာ အလွန်ရဲရင့်သည်။


ချန်ရှို့ယွင်မှာ ဒေါသအလွန်ထွက်ပြီး ရင်ဘတ်သည်ပင် အောင့်သွားလေသည်။


အဘိုးအိုတွင် ပိုက်ဆံ အနည်းငယ်ရှိသော်လည်း အကန့်အသတ်ရှိပေသည်။  ထို့အပြင် အဘိုးကြီးသည် ငထုံငအ မဟုတ်သဖြင့် သူ့ပိုက်ဆံအားလုံးကို မဖြုန်းခဲ့ပေ။


ချန်ရှို့ယွင်သည် လျှော့စျေးများနှင့် စျေးနှုန်းများကို လျှော့ချနိုင်သော်လည်း ဆုံးရှုံးမှုဖြစ်စေသော လုပ်ငန်းကို လုပ်ဆောင်၍ မဖြစ်ချေ။   အဓိက သော့ချက်မှာ တစ်ဖက်သူကို အနိုင်ယူနိုင်မည်၊မယူနိုင်မည် မသချာသောကြောင့် ဖြစ်သည်။


တစ်ဖက်ဆိုင်သည် အရသာပိုကောင်းပြီး စျေးနှုန်းသက်သာကာ ဝန်ဆောင်မှုသည်လည်း သူမထက် သာလွန်ကောင်းမွန်သဖြင့် လူဝေ့ရှန်း၏ လုပ်ငန်းတစ်ဝက်ကျော်ကို လျင်မြန်စွာ လုယူသွားခဲ့သည်။


"လူဝေ့ရှန်း"သည် ၎င်း၏ဟင်းလျာများစွာကို မရောင်းချနိုင်ဘဲ တစ်ကိုက်စားရန်ကြိုးစားရင်း ငွေများစွာ ဆုံးရှုံးလိုက်ရသည်။  ချန်ရှို့ယွင်မှာ ဒေါသထွက်လွန်းသောကြောင့် မစားနိုင်၊မအိပ်နိုင်ဖြစ်နေပြီး ထိန်းသိမ်းထားနိုင်ခဲ့သည့် သူမ၏ အသားအရေသည် ရုတ်တရက် မွဲခြောက်ခြောက် ဖြစ်သွားတော့သည်။


ထိုနေ့တွင် သူမ " လူဝေ့ရှန်း" သို့ ရောက်လာသည်။


သူမဆိုင်သို့ ပြန်သွားမည့်အစား တံခါးရှေ့မှာ ထိုင်ကာ မျက်ရည်များကို သုတ်လိုက်သည်။


" ကျွန်မဘဝက သနားစရာကောင်းလိုက်ပါ‌ဘိ။ ကျွန်မ တစ်စုံတစ်ယောက်ကို စော်ကားမိခဲ့တယ်ထင်ပါတယ်။ တစ်ဖက်သူက ကျွန်မကို တတ်နိုင်သမျှ တိုက်ခိုက်ချင်‌နေတယ်။ လိုက်ပြီးမေးကြည့်တော့ ဒီဆိုင်က တကယ့်တကယ် ကျွန်မ ချွေးမ ပိုင်ဆိုင်တယ်ဆိုတာ သိလိုက်ရတယ် "


လူအုပ်ကြီးက ထိတ်လန့်သွားကြသည်။ " မင်း ချွေးမ လား ။ သူမက ဘာလို့ ဒီလိုလုပ်ရတာလဲ "


ချန်ရှို့ယွင်က သနားစဖွယ် ငိုယိုသည်။


 " ကျွန်မလည်း နားမလည်နိုင်လောက်အောင်ပါပဲရှင်။ ကျွန်မ သားရဲ့အဖေနဲ့ကျွန်မ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြတာကြောင့် စောစောစီးစီး ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ကျွန်မသားနဲ့ နှစ်ပေါင်းများစွာ အတူမနေနိုင်ခဲ့ပေမယ့် နှစ်သစ်ကူးပွဲကိုတော့ ကျင်းပနေတုန်းပါ။ နှစ်တိုင်း နှစ်တိုင်း အားလပ်ရက်တွေမှာ သူ့ဆီ ပစ္စည်းတွေ အမြဲပို့ပေးခဲ့တယ်။ ကျွန်မ သူ့ကို တွေ့ချင်နေခဲ့တာ နှစ်အတော်ကြာရှိ‌နေပေမယ့် သူ့အဘိုးက ကျွန်မတို့ သားအမိကို တွေ့ဆုံခွင့်မပေးခဲ့ဘူး "


 " အရင်တုန်းက ကျွန်မ ကလေးနှင့် တိတ်တဆိတ် တွေ့ဖို့ နည်းလမ်းရှာခဲ့တယ်။ နောက်တော့ ကလေးကို သူ့အဖိုးက မကောင်းတာတွေ သင်ပေးတာကို သိလိုက်ရတယ်။ အမေဖြစ်တဲ့ ကျွန်မက သူ့ကို စွန့်ပစ်ခဲ့တယ်လို့ ကလေးက ထင်ခဲ့ပြီး ကျွန်မကို အရမ်းမုန်းခဲ့တယ်။  အခု ကျွန်မချွေးမကလည်း ဒီလိုလုပ်ဖို့ လှုံ့ဆော်ခံရတာ ဖြစ်နိုင်ပါတယ် "


လူတိုင်းက သူမကို ဂရုဏာမသက်ဘဲ မနေနိုင်တော့ကာ စတင်သနားလာကြသည်။


လောကတွင် ဆိုးရွားသောမိဘများမရှိ‌ ချေ။ အလွန်ကောင်းသောအလုပ်ကိုလုပ်သော ချန်ရှို့ယွင်ကဲ့သို့ မိခင်မျိုးမှာ ပြောစရာပင်မလိုချေ။ ကလေး၏အဘိုးကိုသာ အပြစ်တင်ခြင်းသည် ဆိုးရွားလှသည်။


ယနေ့ခေတ်တွင် "တရားမျှတမှု" ဟူသော ခံယူချက်ရှိသူ အများအပြားရှိကြသည်။  ချန်ရှို့ယွင် မည်မျှ သနားစရာကောင်းသည်ကို မြင်လိုက်ရတော့  ဆန့်ကျင်ဘက်စတိုးဆိုင်တွင် ဟင်းလျာများ မဝယ်ယူကြတော့ဘဲ "လူဝေ့ရှန်း"သို့ ပြန်သွားကြသည်။


"လူဝေ့ရှန်း"၏လုပ်ငန်းသည် ထိုနေ့တွင် တိုးပွားသွားပြီး ချန်ရှို့ယွင်မှာ အလွန်ပျော်ရွှင်သဖြင့် အော်ဟစ်ရယ်လုနီးပါး ဖြစ်လေသည်။


ဒုတိယနှင့် တတိယရက်များတွင် သူမသည် လှည့်ကွက်ဟောင်းများကို ထပ်ခါတလဲလဲ ပြုလုပ်ပြီး လူတိုင်း၏ အရှေ့တွင် နေ့စဥ်‌နေ့တိုင်း ငိုယိုနေသည့် မြင်ကွင်းများက လူအများအား သနားကရုဏာသက်စေသည်။


လေးရက်မြောက်နေ့တွင် " လမ်းတစ်ဖက်က ဆိုင်ထက် ပိုမွှေးတယ်"၏ ပိုင်ရှင် ပေါ်လာလေသည်။


ထုံရွှယ်လူသည် စစ်စိမ်းရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး နှင်းဆီ‌ရောင် သမ်းနေသောပါးပြင်၊ နီရဲ‌ နေသောနှုတ်ခမ်း တစ်စုံနှင့် ဖြူဖွေးနေသည့် သွားတို့ရှိကာ သူမသည် ပျော်ရွှင်သော ဘ၀ နေထိုင်နေပုံရပေသည်။


သူမသည် စစ်အင်္ကျီဝတ်ထားသော်လည်း ဖောင်းထွက်နေသည့် သူမ၏ ၀မ်းဗိုက်ကို တွေ့မြင်နိုင်ဆဲဖြစ်သည်။ သို့သော်ငြား သူမ၏ဗိုက်မှလွဲ၍ အခြားနေရာများမှာ ဖောင်းကားခြင်းမရှိသည့်အပြင် ကိုယ်ဝန်မဆောင်မီကနှင့်ပင် မကွာခြားလှပေ။


ချန်ရှို့ယွင်သည် သူမကို ဤကဲ့သို့မြင်လိုက်သောအခါတွင်  အလွန်မနာလိုဖြစ်သွားပြီး မျက်လုံးများ ပြူးထွက်လာလုနီးပါး ဖြစ်သွားသည်။


သူမက မျက်လုံးများကို လှန်လိုက်ပြီး ချက်ချင်း ငိုပြန်သည်။ " ချွေးမလေး။ နောက်ဆုံးတော့ မင်းပေါ်လာပြီ။ ဒီကာလမှာ စတိုးဆိုင်က စီးပွားရေး အရမ်းကျဆင်းသွားခဲ့တယ်၊ မင်းကြောင့် ချွတ်ခြုံကျလုနီးပါး ဖြစ်နေပြီ။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ထားပါ။ ငါ့ကို မေ့လိုက်ပါ "


ချန်ရှို့ယွင်မှာ အလွန်ပျော့ညံ့သည့်ပုံပေါ်သော်လည်း သူမ၏အသံသည် ကြည်လင်ကာ နူးညံ့ပြီး အသံ အတက်အကျများမှာ ဇာတ်ခုံပေါ်မှ အမျိုးသမီးသရုပ်ဆောင်များထက်ပင် ပို၍လှပေသည်။


လူများက ဒဏ္ဍာရီလာချွေးမ ပေါ်လာသည်ကိုမြင်သည့်အခါ ထုံရွှယ်လူအား  ယောက္ခမအား အလေးအနက်မထားသောကြောင့် စွပ်စွဲကြသည်။


" မိဘတွေက ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးပဲ။ အခုခေတ် လူငယ်တွေက အကျင့်ပျက်တာတွေ ပိုများလာကြတယ်။ သူတို့က ယောက္ခမအတွက် တောင် တွင်းတူးနေကြတယ် "


" ဟုတ်ပါ့။၊ သူမက ရုပ်အရမ်းလှပေမယ့် နှလုံးသားက ဒီလောက် မည်းနက်မယ်လို့ မထင်ထားမိဘူး "


" ကျွန်မ သူ့ဆိုင်ကို သွားဝယ်မှာထက် တခြားဆိုင်မှာ ပိုက်ဆံပိုသုံးလိုက်မယ်။   သူမ လုပ်ထားတာတွေက သန့်ရှင်းသလားဆိုတာ ဘယ်သူသိမှာလဲ "


ချန်ရှို့ယွင်သည် လူများအားလုံး သူမ ဘက်တွင် ရှိနေသည်ကို ကြည့်ရင်း စိတ်ထဲ၌ ပန်းများပွင့်ကာ ရယ်မောနေလေသည်။


မထင်မှတ်ပဲ နောက်အခိုက်အတန့်မှာ ထုံရွှယ်လူ၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်စီးကြောင်းနှစ်ခုက တစ်ပြိုင်နက် ကျဆင်းလာသည်။


" အန်တီ၊ အန်တီပြောတာ မှန်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးက မိဘပါ။ကျွန်မက ချွေးမပါ။ ယောက္ခမက သူမနဲ့ ကြိုးဝိုင်းထဲ တမင် ပြိုင်ဆိုင်ခိုင်းခဲ့ပါတယ်။ ကျွန်မ ဘယ်လိုလုပ် မလုပ်ဘဲ နေရဲပါ့မလဲ "


လူတိုင်း အံ့သြသွားရပြန်သည်။


ဘာ။  ဘာတွေလဲ။


ယောက္ခမနဲ့ ချွေးမတို့ ဒါရိုက်တာ လုပ်ပြီး ဖျော်ဖြေနေတဲ့ ပြဇာတ်လား။


" မိန်းကလေး၊ မင်းယောက္ခမ မင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား "


ထုံရွှယ်လူက သူမ၏မျက်ရည်များကို သုတ်လိုက်သည်။ 

" ရပါတယ်။ ကျွန်မယောက္ခမက ဒါက လူတိုင်းကို လှည့်ဖြားဖို့ လှည့်ကွက်တစ်ခုလို့  ပြောခဲ့ပါတယ်။ ဘယ်သူ့ဆီက ဝယ်၀ယ် နောက်ဆုံး ပိုက်ဆံရတဲ့သူက ကျွန်မတို့ပဲလေ။ ဒါက အကျင့်ပျက်ရာကျလွန်းလို့ ကျွန်မ မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူမက ကျွန်မရဲ့ ယောက္ခမ။ ကျွန်မ ဒီလိုမလုပ်ရင် ကျွန်မ ယောက်ျားရဲ့အလုပ်ခွင်ကို သွားပြီး ကျွန်မတို့ကို ၀တ္တရားမကျေပွန်ဘူးဆိုပြီး တိုင်ကြားပါလိမ့်မယ် "


ယနေ့ခေတ်တွင် မိဘများကို ၀တ္တရားကျေပွန်ခြင်းသည် အလွန်အရေးကြီး ပေသည်။ အကယ်၍ သင်သည် သင့်အလုပ်ဌာနသို့ သတင်းပို့ခံရလျှင် သင်၏အလုပ်အား ဆုံးရှုံးရမည်မှာ ကျိန်းသေပင်ဖြစ်သည်။


လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။


 " မထူးဆန်းပါဘူး၊ ငါက ကလေးက ဘယ်လိုလုပ် ဒီလောက် မောက်မာလွန်းရတာလဲလို့ ထင်နေခဲ့တာ "


" အဲဒါ့ပြောတာ။ ပြီးတော့  သူမ သည်းမခံနိုင်ဘူးပြောခဲ့‌ပေမဲ့ ဘာလို့ မတိုင်ကြားတာမှန်း နားမလည်နိုင်ခဲ့ဘူး။  အခုတော့ သူမ လှည့်စားတာ ခံခဲ့လိုက်ရမှန်း သိသွားပြီ။ ထွီ "


အခုနက အဒေါ်ကြီးပင် ဖြစ်ပြီး သူမသည် အလွန်စိတ်အားထက်သန်နေပြီး ချန်ရှို့ယွင်ဆီသို့ ပြေးသွားကာ သူ့မျက်နှာ‌ပေါ်သို့ တံတွေးထွေးလိုက်သည်။


ချန်ရှို့ယွင်မှာ ပျို့လာကာ အော့အန်လုမတတ်ပင်။


 " အလှည့်စားမခံကြပါနဲ့။ ကျွန်မ အဲဒီစကားတွေကို  တစ်ခါမှ မပြောခဲ့ဖူးဘူး။ သူမ ကျွန်မကို ချောက်ချနေတာ။ သူမ ဒီလောက်ထိ စကားအများကြီးပြောပြီး‌တာတောင် အခုချိန်ထိ ကျွန်မကို အမေလို့ တစ်ခွန်း မခေါ်သေးဘူး..."


ထုံရွှယ်လူ : " အမေ "


 ချန်ရှို့ယွင် : "....."


စကားတစ်ခွန်းတည်းနှင့် အကြိမ်ပေါင်းများစွာ ပြောနိုင်သည်။


ချန်ရှို့ယွင်သည် ထုံရွှယ်လူက အရေထူကာ အရှက်ကင်းမဲ့သူဖြစ်မည်ဟု မထင်ထားခဲ့ပေ။ သူမကိုသတ်ရန်အတွက် အမေဟုတောင် ခေါ်လိုက်သေးသည်။


သူမ အလွန်ဒေါသထွက်သွားလေသည်။


ထုံရွှယ်လူအတွက် " အမေ" ဟုခေါ်ဆိုခြင်းသည် သရုပ်ဆောင်တစ်ယောက်အနေနှင့်  ထိခိုက်မှုမရှိချေ။ ထိုအစား သူမအား "ဘိုးဘေး" ဟု ခေါ်ရလျှင်ပင် ပြဿနာမရှိချေ။


သူမ သရုပ်ဆောင်နေသည်ဟုသာ စိတ်ထဲ၌ တွေးသည်။


ထုံရွှယ်လူသည် သူမအား အမေဟု ခေါ်သည်ကို တွေ့လိုက်ရသည့်အခါ လူတိုင်းက ချန်ရှို့ယွင် လိမ်နေသည်ကို ပို၍ ယုံကြည်သွားကြသည်။ ၎င်းတို့သည် လှည့်စားခံခဲ့ရသည့်အတွက် အလွန်ဆိုးရွားစွာ ခံစားရပြီး လူအုပ်ကြီးက ဒေါသထွက်လာလေသည်။


လူအများအပြားသည် အဒေါ်ကြီး၏ စံနမူနာကို လိုက်နာကြပြီး တံတွေးထွေးရန် ရှေ့သို့ ထွက်လာကြသည်။  တစ်ချို့လူများသည်  ချန်ရှို့ယွင်အား လျော်ကြေး ပြန်ပေးစေလိုကြသည်။


ချန်ရှို့ယွင်က မျက်ရည်များကို သုတ်လိုက်ပြန်သည်။


သို့သော် လူများအားလုံးသည် အလှကြိုက်ကြသူများဖြစ်ကြသည်။  ထုံရွှယ်လူ၏ လှပနူးညံ့သည့်မျက်နှာလေးနှင့် ယှဉ်လိုက်လျှင် သူမ၏ မျက်နှာက မွဲခြောက်ခြောက်ဖြစ်နေပြီး ငို‌နေသည့်အခါ မျက်လုံးများကို နာကျင်စေသည်။


ထို့အပြင် ထုံရွှယ်လူ၏စကားများမှာ ပို၍ ယုံကြည်စိတ်ချရပြီး ယုတ္တိရှိသောကြောင့် ယခုတစ်ကြိမ် ချန်ရှို့ယွင် ပြောလာသည့်အခါ မည်သူကမျှ မယုံကြည်ကြပေ။


ချန်ရှို့ယွင်မှာ ဒေါသထွက်လွန်းသောကြောင့် ပွဲချင်းပြီးပင် သေဆုံးလုနီးပါးဖြစ်လေသည်။


ဖရဲသီးစားသည့်လူအုပ်ကြီး ပြန့်ကျဲသွားပြီးနောက် ထုံရွှယ်လူက ဝှေ့ယမ်းလိုက်ပြီး ကျန်းကျွင်းလိကိုခေါ်ကာ ပြောလိုက်သည်။ 


" သွားပြီးတော့ ချန်ရှို့ယွင်ကိုပြောလိုက်။ ငါ ဒီဆိုင်ကို ဖွင့်ခဲ့တာ သူမကို ရန်စဖို့ ၊ ဒေဝါလီခံရဖို့ မဟုတ်ဘူးလို့ ။ ငါ့မျိုးရိုးနာမည်က သူမနာမည်နဲ့ တူတူပဲ "(ဘာပြောချင်တာလဲမသိ)


 ကျန်းကျွင်းလိ : "....."


 ကြမ်းလိုက်သည့် လေသံ။


အချိန်ပိုင်းအလုပ်သမားတစ်ယောက်အနေနှင့် ကျန်းကျွင်းလိသည် သူ့အထက်လူကြီး၏အမိန့်ကို နာခံရသောကြောင့် တစ်ဖက်သို့ ပြေးကာ ချန်ရှို့ယွင်အား ပြောပြလိုက်သည်။


ချန်ရှို့ယွင် : "....."


အားး။အား။အား။


သူမ အလွန်ဒေါသထွက်‌လေသည်။


ချန်ရှို့ယွင်၏မျက်နှာသည် ဖြူတစ်လှည့်နီတစ်လှည့်ဖြစ်နေပြီး ဒေါသအလွန်ထွက်သဖြင့် အံကြိတ်လုနီးပါးဖြစ်သော်လည်း ထုံရွှယ်လူနှင့်ပတ်သက်၍ မည်သည်ကိုမှ သူမ မတတ်နိုင်ပေ။


ထုံရွှယ်လူသည် သူမ၏ လူသားစားလိုသောအကြည့်ကို ဆုံတွေ့လိုက်ပြီး နှုတ်ခမ်းကို ကွေးညွှတ်ကာ သူမ၏ဗိုက်ကို ထိ၍ ပြုံးနေသည်။


အသက်မသေစေဘဲ သေလုနီးပါး ဒေါသထွက်စေခြင်း၌ သူမသည် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်‌ပေသည်။


ချန်ရှို့ယွင်၏ လုပ်ငန်းသည် အနည်းငယ် ပြန်လည်ကောင်းမွန်မလာမီ ရက်အတန်ကြာ သရုပ်ဆောင်ခဲ့ရသည်။


ထုံရွှယ်လူသည် ဤနေရာသို့ တစ်ကြိမ်သာလျှင် ရောက်ရှိလာပြီး "လူဝေ့ရှန်း"၏ စီးပွားရေးမှာ ကျဆင်းသွားပြန်သည်။


ထိုနေ့မှစ၍ မည်သူ့ကိုမျှ မဆိုထားနှင့် ယင်ကောင်တစ်ကောင်မျှပင် ပျံသန်းမလာပေ။


ချန်ရှို့ယွင်သည် ထိုသည်ကိုမြင်ပြီး စိတ်ထဲတွင် ဒေါသထွက်နေသည်။


ယခုကဲ့သို့ ဆက်၍ သွားရန်မဖြစ်သဖြင့်  ချန်ရှို့ယွင်သည် အဘိုးအိုထံ ငိုယိုရန်  ပြန်သွားသည်။


အဘိုးအိုက သူမကို ဖျောင်းဖျသည်။ " ဒါမှမဟုတ် မလုပ်သင့်ဘူးထင်တယ်။ အခုနေ ဆိုင်ပိတ်လိုက်ရင် အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး။ နောက်မှ တခြားအရာတွေ လုပ်လို့ ရပါတယ် "


" မဟုတ်ဘူး " ချန်ရှို့ယွင်က ငြင်းဆန်သည်။


 " ဘာလို့ ဆိုင်ပိတ်ရမှာလဲ။ အဲ့ဒီလို လုပ်လိုက်ရင် ကျွန်မရှုံးတာကို လက်ခံလိုက်သလို ဖြစ်မသွားဘူးလား။ကျွန်မ သိက္ခာအကျမခံနိုင်ဘူး "


" ပြီးတော့ သူတို့က ကျွန်မကို အလွတ်‌ ပေးလိုက်မယ်ထင်လို့လား ။ ကျွန်မ အစားအသောက်လုပ်ငန်းမလုပ်တော့ရင်တောင်မှ သူတို့က ကျွန်မနောက်ကို လိုက်ကြလိမ့်မယ်။ သူတို့က ကျွန်မ သတ်ချင်နေကြတာ..."


အဘိုးအိုက သူမ ငိုနေသည်ကိုမြင်သည့်အခါ အလွန်၀မ်းနည်းသွားလေသည်။ "  ဒါပေမဲ့ ဆိုင်မပိတ်ရင် ပိုက်ဆံတွေ ဆုံးရှုံးမနေဘူးလား "


အရသာက တခြားသူများကဲ့သို့ မကောင်းချေ။ ငွေကြေးအရင်းအနှီးသည်လည်း မခိုင်မာသည့်အပြင် တခြားသူများကဲ့သို့လည်း အာဏာမရှိချေ။


မတိုက်နိုင်သည့်အခါ ရှုံးနိမ့်သည်ကို ဝန်မခံလျှင် မည်သို့ လုပ်နိုင်ဦးမည်နည်း။


ချန်ရှို့ယွင်သည် ခေတ္တရပ်တန့်သွားပြီး  မျက်ရည်များနှင့်ပြောသည်။ 


" တကယ်တော့ ကျွန်မမှာ သေမင်းနှုတ်ခမ်း၀က လူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့ နည်းလမ်းရှိတယ် "


"  ဘာနည်းလမ်းလဲ "


" ဘိန်းစေ့တွေကို အစားအသောက်ထဲ ထည့်လိုက်ရင် လူတွေက အဲဒီအစားအစာကို မစားရမနေနိုင်ဖြစ်ကြတယ်လို့ ကြားဖူးတယ်။ ရှင် ကျွန်မကို  ဘိန်းစေ့တွေ ရှာပေးနိုင်မလားဟင် "


ဘိန်းစေ့များသည် အတိတ်မှ ဘိန်းပင်များနှင့် ဆင်တူသည်မဟုတ်ပေလား။


အဘိုးအိုက ထိတ်လန့်သွားသော်လည်း နောက်ဆုံးတွင် ချန်ရှို့ယွင်၏မျက်ရည်များ သို့မဟုတ် သူမ ရင်ဘတ်ရှိ အသားစိုင်ကြီးများကို မလွန်ဆန်နိုင်သောကြောင့် နောက်ဆုံးတွင် သဘောတူလိုက်သည်။


ဘိန်းစေ့များကို ရရှိပြီးနောက် "လူဝေ့ရှန်း"သည် တော်၀င်စားဖိုမှူး‌ဟောင်းတစ်‌ယောက်၏ မျိုးဆက်များထံမှ လျှို့ဝှက်ဟင်းချက်နည်းတစ်ခု ဝယ်ယူခဲ့ပြီး ယခုလက်ရှိ ဟင်းလျာများသည် ယခင်ကထက် ပို၍ မွှေးပျံ့ကာ အရသာရှိသည်ဟု သတင်းလွှင့်လိုက်သည်။


လူတိုင်းက မယုံကြည်မှုကို ထုတ်ဖော်ပြသကြသည်။


သင်တို့က မယုံကြည်လျှင် အခမဲ့ မြည်စမ်းကြည့်နိုင်သည်။


လူတိုင်းသည် ချန်ရှို့ယွင်၏ လုပ်ရပ်ကို မထီမဲ့မြင်ပြုကြသော်လည်း မည်သူက  အလကား မစားချင်ကြမည်နည်း။


ထို့ကြောင့် လူတစ်ယောက်က အရှက်မဲ့စွာ စမ်းစားကြည့်လိုက်သည်။  ပထမအရှက်မရှိသူနှင့်အတူ မကြာမီတွင်  ဒုတိယနှင့် တတိယလူများ ရှိလာသည်။


လူတိုင်း မြည်းစမ်းကြည့်လိုက်သည့်အခါ အမှန်တကယ် အရသာရှိနေလေသည်။


စားပြီးရင်း ထပ်၍ စားချင်နေပြီး အခြားအရာများ စားသည့်အခါ မည်သည့်အရသာမှ မရှိတော့ချေ။


"လူဝေ့ရှန်း"မှအစားအစာများစားပြီးသည့်အခါ နေ့စဉ်နေ့တိုင်း ပို၍ တက်ကြွလာသည်ဟုပင် တချို့က ပြောလာကြသည်။


"လူဝေ့ရှန်း"သည် ၎င်းကို အခွင့်အရေးယူကာ ၎င်းတို့၏ ဟင်းထဲတွင် ဂျင်ဆင်းပါဝင်ကြောင်း ကြော်ငြာလိုက်သည်။


ဂျင်ဆင်းစားခြင်းသည် အလွန်ကောင်းမွန်သော ဖြည့်စွက်စာဖြစ်သည်။


ထို့ကြောင့် မူလက ဝယ်ယူရန် ဝန်လေး နေခဲ့သည့်သူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် စမ်း၍ စားကြည့်လာကြပြီး စွဲလန်းသွားကြသည်။


ကျန်းကျွင်းလိသည် ထိုသည်ကို  တွေးတောစဉ်းစားပြီးနောက် သတင်းများအားလုံးကို ထုံရွှယ်လူထံ အစီရင်ခံသည်။


ထုံရွှယ်လူသည် ထိုကိစ္စကို ကြားလိုက်သည်နှင့်တပြိုင်နက် တစ်ခုခုမှားယွင်းနေပြီကို မှန်းဆမိသည်။


တော်ဝင်စားဖိုမှူး၏ လျှို့ဝှက်ဟင်းချက်နည်းသည် လူအများကို စွဲလန်းသွားစေနိုင်မည်ဟု သူမ မယုံကြည်ချေ။ ထိုအထဲတွင် အချို့သော ပါ၀င်ပစ္စည်းများ ထည့်ထားခြင်းကြောင့်သာ ဖြစ်ရပေမည်။


ထို့ကြောင့် သူမက လူအချို့အား "လူဝေ့ရှန်း"မှ ဟင်းလျာအမြောက်အမြားဝယ်ယူစေပြီး ထိုအရာများကို စစ်ဆေးရန်အတွက် ပေးပို့သည်။


စစ်ဆေးခြင်း၏ ရလဒ်များမှာ ၎င်းတို့ကိုယ်တိုင် ပြောပြသည့် သက်သေများဖြစ်ပေမည်။


သူမသည် စစ်ဆေးမှုရလဒ်ကို ဖူကျန့်ယိထံသို့ ချက်ချင်း ပေးပို့လိုက်လေသည်။