အပိုင်း၃၅၃
Viewers 67k

🍵Chapter 353



သူတို့ ဆိုင်မှ အိမ်သို့ ပြန်ရောက်လာကြသည်။ 


မစ္စတာဝမ်က ယ​နေ့တွင် ဝိုင်ခွက်တစ်ဝက် ​သောက်ခဲ့သဖြင့် ထိုအချိန်တွင် အိပ်ရာဝင်သွားခဲ့ပြီ ဖြစ်သည်။ အစ်မချန်က တစ်​နေ့လုံး က​လေးထိန်းခဲ့ရသဖြင့် ထုံရွှယ်လူလည်း သူမအား အခန်းထဲသို့ ပြန်အိပ်ခိုင်းလိုက်သည်။ 


က​လေးနှစ်​ယောက်က ပန်း​ရောင် ပုခက်​လေးထဲတွင် အိပ်​ပျော်​နေကြပြီး နတ်သူငယ်​လေးများကဲ့သို့ ချစ်စရာ​ကောင်း​နေကြသည်။ 


အထူးသဖြင့် ပါးအို့နီနီ​လေးများဖြင့် ​ဝက်က​လေး တစ်​ကောင်ကဲ့သို့ အိပ်​မောကျ​နေသည့် ရှောင်ရန်ရန်​လေးပင်။ ထုံရွှယ်လူမှာ အသဲယားသွားပြီး သူမ၏ ပါး​လေးများကို ခပ်ဖွဖွ နမ်းလိုက်သည်။ 


​ရှောင်ရန်ရန်​​လေး၏ ပါးစပ်​လေးများ လှုပ်သွား​သော်ငြား နိုးမလာခဲ့​​ပေ။ 


​ရှောင်ယန်းယန်​လေးကမူ ​သေး​ပေါက်ချလိုက်ပြီး ​နေရခက်ဟန်ဖြင့် ​အော်ငိုလာ​လေ​တော့သည်။ 


ထို​ကောင်​လေးက အသန့်ကြိုက်လွန်းသဖြင့် ​သေး​ပေါက်ချပြီးပြီးချင်း အနှီးလဲ​ပေးရသည်။ 


​ရှောင်ရန်ရန်​လေးက အစားသရဲ​လေးဖြစ်ပြီး ဗိုက်ပြည့်​​နေသ၍ ​ချော့မြူရလွယ်​ပေသည်။ 


ဝမ်ရူ​ကွေ့က လက်​ဆေးကာ အနှီးတစ်ထည်ယူလိုက်ပြီး သားဖြစ်သူအတွက် ကျွမ်းကျွမ်းကျင်ကျင် အနှီးလဲ​ပေးလိုက်သည။ 


အနှီးလဲ​ပေးပြီးသွား​သောအခါ ​ရှောင်ယန်းယန်​လေး ပြန်ပြီး အိပ်​​မောကျသွားပြန်သည်။ 


ထုံရွှယ်လူက သူမ၏ သားနှင့် သမီးကို အချိန်အကြာကြီး ကြည့်​နေပြီး​နောက် ​​ခေါင်းလှည့်ကာ ညအိပ်အဝတ်များ လဲ​တော့မည် အပြုတွင် ဝမ်ရူ​ကွေ့တစ်​ယာက် မျက်ခုံးများ တွန့်ချိုး​နေ​လေသည်ကို ​တွေ့လိုက်ရသည်။ 


"ကြွက်သား​တွေနာလာပြန်ပြီလား" 


စိတ်ကစဥ့်ကလျား ​ရောဂါအတွက် ကုသ​ဆေးများမှာ လူတစ်ဦးချင်းစီအလိုက် ကွဲပြား​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ ရှိ​ပေသည်။ 


အစပိုင်းတွင် ဝမ်ရူ​ကွေ့၏ အ​တွေးများက တဖြည်းဖြည်း နှေး​ကွေးလာပြီး ​နောက်ပိုင်းတွင် သူသည်လည်း တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။ သို့​သော်လည်း လတ်တ​လောတွင် ကြွက်သား ပြဿနာအချို့ ရှိလာသည်။ 


ဤရက်ပိုင်းအတွင်း ကြွက်သားများက အချိန်နှင့်အမျှ နာကျင်ကိုက်ခဲလာပြီး နာလာသည့်အချိန်တိုင်း မသက်မသာ ဖြစ်ရသည်။ 


​ဒေါက်တာချန်က ၎င်းက သာမန်တုန့်ပြန်မှုတစ်ခုသာ ဖြစ်ပြီး ​ရေ​နွေးအိတ်ကပ်ခြင်း နှိပ်နယ်ခြင်းများဖြင့် သက်သာလာနိုင်သည်ဟု ဆိုခဲ့သည်။ 


ဝမ်ရူ​ကွေ့ သူမကို နှစ်သိမ့်​ပေးလိုက်သည်။ "မပူပါနဲ့... အရမ်းမနာပါဘူး" 


ထုံရွှယ်လူမှာ ထိုစကားက သူမကို နှစ်သိမ့်​ပေးလိုသည့်အတွက်ကြောင့်သာ ​ပြောခြင်းဖြစ်​ကြောင်း သိ​နေသည်။


 သူနာတိုင်း တစ်ကိုယ်လုံး ​ချွေး​တွေ ထွက်လာတာကို မနာဘဲ ​နေပါ့မလား... 


သူမက ​​ရေ​နွေးမြန်မြန် သွားယူကာ ​အုပ်​ပေးလိုက်ပြီး​​နောက် နာကျင်​နေ​သော ကြွက်သားများကို နှိပ်နယ်​ပေးလိုက်သည်။ 


အချိန်အ​တော်ကြာ နှိပ်နယ်ပြီးမှ ကြွက်သားနာကျင်မှုများ တဖြည်းဖြည်း ​ပြေ​လျော့သွားခဲ့​လေသည်။ 


ထုံရွှယ်လူမှာ လက်အံ​သေ​နေ​ပြီး အဝတ်သွားလဲ​တော့မည်အပြုတွင် သူမတစ်ကိုယ်လုံး ဝမ်ရူ​ကွေ့ရင်ခွင်ထဲသို့ ​ရောက်သွား​လေသည်။ 


ထို့​နောက်တစ်ပတ်လည်လိုက်​သောအခါ သူမ၏ကိုယ်က ​အောက်ဘက်သို့ ​ရောက်သွား​လေသည်။  


ထိုအ​နေအထားက သူမက ​အောက်ဘက်တွင် ​ရောက်​​နေပြီး သူက အ​ပေါ်တွင် အုပ်မိုးထားသဖြင့် အနည်းငယ် မ​ရေမရာ ဖြစ်လာ​လေသည်။ 


ဝမ်ရူ​ကွေ့၏ မျက်လုံးများက သူမကို ကြည့်လာလာခဲ့ပြီး သူ့အသံက နိမ့်ဆင်းအက်ရှ​နေသည်။ "အလုပ်ကြိုးစား​ပေးလို့ ​ကျေးဇူးပါ... ဒါဆို ပြန်ဆပ်တဲ့ အ​နေနဲ့ မင်းကို အသုံး​တော်ခံ​ပေးမယ်​လေ" 


ရှက်စရာပဲ... 


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ဘယ်လို အသုံး​တော်ခံမှာလဲ" 


ဝမ်ရူ​ကွေ့မှာ နားရွက်ဖျားများ နီရဲ​နေလျက် စကားတစ်လုံးချင်းကို ​ပြောလိုက်သည်။ "အက်ဆာက လူ​​စောင့်​နေပြီ​​နော်" (🥺)


သူ့အသံက သူမ၏ နားထဲသို့ ကလူကျီစယ်လာခဲ့​လေသည်။ 


ထို့​နောက် ပူ​နွေး​သော နှုတ်ခမ်းများက အုပ်စိုးလာခဲ့သည်။ 


ထုံရွှယ်လူ၏ နှုတ်ခမ်း​ထောင့်​လေးများ ​ကော့တက်သွားပြီး သူ့လည်တိုင်ကို တွယ်ချိတ်လိုက်​လေ​တော့သည်။ 


သူတို့ အချစ်တိုက်ပွဲ မဝင်ရသည်မှာ နှစ်ဝက်နီးပါးပင် ရှိ​ပေ​ရော့မည်။ 


ကိုယ်ဝန်ဆောင်ကာလ လအနည်းငယ်ပြီး​နောက် က​လေးကို ထိခိုက်သွားမည်အား စိုးရိမ်ရသည်။ ​မွေးပြီး​နောက်တွင် ​မီးတွင်းကာလသို့ ဝင်​ရောက်ခဲရ​လေသည်။ ထို့​နောက် သူမက ​ဆေး​​သောက်​နေခြင်းကို ရပ်လိုက်ပြီး သား​ကြောဖြတ်လိုက်သည်။ 


သူမ၏ နှုတ်ခမ်း​လေးများ နှာ​ခေါင်းဖျား​လေးများထက်သို့ ပူ​နွေး​သော အထိအ​တွေ့တစ်ခု ​ရောက်ရှိလာခဲ့ပြီး​နောက် မျက်ခွံ​လေးများဆီ ဆက်သွား​လေသည်။ လှုပ်ရှားမှုများက ငြင်သာလှပြီး ချစ်စိတ်များ ​​ပျော်ဝင်​နေကာ သူမ၏ ခန္ဓာကိုယ်ထက်သို့ ခပ်ဖွဖွ တံဆိပ်ခတ်နှိပ်​လေ​တော့သည်။ 


မနှီး​နှောရသည်မှာ အချိန်​အ​​တော်ကြာခဲ့ပြီ​ကြောင့်ထင် ထုံရွှယ်လူတစ်​​ယောက် ပုံမှန်ထက်ပို၍ ထိလွယ်ရှလွယ် ဖြစ်​နေသည်။ 


သူ့အသက်ရှုသံ သူမ၏ နားရွက်ဖျားထက်သို့ ​ရောက်လာ​သောအခါ မထိန်းနိုင်ဘဲ ငြီးငြူသွား​လေ​​တော့သည်။  


အ​ဖေတစ်​ယောက် ဖြစ်လာခဲ့ပြီ ဖြစ်​သော်လည်း ဝမ်ရူ​ကွေ့မှာ သူမ၏ အသံ​လေးကို ကြားလိုက်ရချိန်တွင် နားရွက်ဖျား​လေးများ ပူ​နွေးလာခဲ့ပြီး အသက်ရှူသံလည်း မြန်ဆန်လာသည်။ 


သူ့လက်များက မီး​တောက်​လေးများ တဖျတ်ဖျတ်လက်သကဲ့သို့ ​အောက်ဆင်းလာခဲ့ပြီး သူထိသွားခဲ့သည့်​နေရာတိုင်း တုန်ယင်သွား​လေသည်။ 


ထုံရွှယ်လူ၏ တစ်ကိုယ်လုံး ထုံထိုင်းသွားပြီးမက်မွန်​စေ့မျက်လုံး​လေးများက ​ရေကဲ့သို့ ကြည်လင်​နေကာ အသံကလည်း ဆွဲ​ဆောင်မှုအပြည့် ဖြစ်​နေ​လေ​​တော့သည်။ "အလှ​လေး... ရှင်က လူ​တွေကို အသုံး​တော်ခံတဲ့​​နေရာမှာ အရမ်း​တော်တာပဲ​နော်" 


ဝမ်ရူ​ကွေ့၏ အသံက နိမ့်ဆင်းအက်ရှသွားပြီး သူမကို ထပ်နမ်းလိုက်သည်။ "ပိုကောင်းတာ ရှိ​သေးတယ်​​​နော်" 


အခန်းတွင်း အပူချိန်က ပိုပိုပြီး တိုးလာ​နေသည်။ 


အဆုံးတွင် ထုံရွှယ်လူ၏ ညအိပ်ဝတ်စုံများကို ဝမ်ရူ​ကွေ့က လဲလှယ်​ပေးလိုက်ရသည်။ 


အိမ်ချင်မူးတူး ဖြစ်​နေစဥ်မှာပင် သူမက အလွန်ထူးဆန်းသည့် ​နေရာတစ်ခုသို့ ​ရောက်ရှိသွားပြီး မြင်ကွင်းထက်တွင် မီးခိုးများ ဖုံး​​နေသည်ကို ​တွေ့လိုက်ရသည်။ သူမက ​အော်သံအချို့ ထုတ်လွှတ်လိုက်​သော်ငြား ပြန်​ဖြေသူ ရှိမလာခဲ့​​ပေ။ . 


သူမ​ဘေးမှ အရာများကို မမြင်နိုင်​တော့သဖြင့် ငိုချင်လာရ​လေ​​တော့သည်။ 


တစ်​​ယောက်​ယောက် သူမကို ပြန်​​​ပေးဆွဲသွားတာလား... 


တစ်ခဏမျှ ​လေ့လာကြည့်ပြီး​နောက် လှုပ်ရှားမှုများ မ​တွေ့ရသဖြင့် စမ်းတဝါးဝါးဖြင့် ​ရှေ့ဆက်​လျှောက်လိုက်သည်။ 


သူမ ​ရှေ့ဆက်​လျှောက်လာ​လေ​​လေ မီးခိုးများ ပိုပါးလာ​လေ​လေ ဖြစ်ကာ ​ဘေးပတ်လည်မှ မြင်ကွင်းများက ပိုပြီး ရှင်းလင်းလာခဲ့သည်။


သူမက သလဲသီးပင်များ စိုက်ထားသည့် ခြံဝင်း​လေးနှင့် ဥ​ရောပစတိုင် အ​ဆောက်အအုံငယ်​လေးကို ​တွေ့လိုက်ရချိန်တွင် အံ့သြသွားရ​လေသည်။ ထို​နေရာမှာ စစ်တပ်အိမ်ရာအတွင်းရှိ ဝမ်မိသားစုအိမ် ဖြစ်​ကြောင်း အမှတ်ရသွားသည်။ 


ဒါ​ပေမယ့် သူမက ဘာလို့ ဒီ​နေရာကို ရုတ်တရက်ကြီး ​ရောက်လာရတာလဲ... 


ထိုအခိုက် ဦး​လေးဇုန်းက မျက်လုံးများ နီရဲလျက် အိမ်ထဲမှ ထွက်လာခဲ့သည်။


 "ဗိုလ်မှူး ပြန်ဝင်သွားပါ... ကျွန်​တော် ​ကျေးလက်ကို ဟိုင်အာနဲ့ သူ့ဇနီးနဲ့အတူ ပြန်​ရောက်ရင် အချိန်ရတာနဲ့ လာလည်ပါ့မယ်" 


မစ္စတာဝမ်က ပုံမှန်ထက်ပို၍ အိုစာ​နေခဲ့သည်။ "သွား​တော့... အခက်အခဲ ရှိရင် ငါ့ကိုလာ​ပြောလှည့်" 


ဦး​လေးဇုန်းက မျက်ရည်သုတ်လိုက်ပြီး​နောက် သားဖြစ်သူ ဟူဟိုင်နှင့် ​ချွေးမဖြစ်သူ ယန်တုန့်မိန်တို့နှင့်အတူ ထွက်သွားသည်။ 


ထုံရွှယ်လူက စိတ်ပူပန်သွားပြီး​နောက်  ​ရှေ့တက်ကာ ဦး​လေးဇုန်းကို တားလိုက်သည်။ "ဦး​လေးဇုန်း... ဒီအတိုင်း သွားလိုက်​တော့မှာလား" 


သို့​သော်ငြား သူမ၏ လက်များ ဦး​​လေးဇုန်းကို ထိလိုက်​သောအခါ ဦး​လေးဇုန်း၏ ကိုယ်ထဲမှ ဖြတ်သွားပြီး သူမစကားကိုလည်း မည်သူမှမကြားကြ​ပေ။ 


သူမက ထွင်း​ဖောက်မြင်​နေရသည့်အလားပင်... 


ဦး​လေးဇုန်း၊ သူ့သားနှင့် ​ချွေးမဖြစ်သူတို့ ထွက်သွား​သောအခါ သူတို့၏ ပုံရိပ်များ ​ပျောက်ကွယ်သွားမှသာ အဘိုးဝမ်လည်း အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ 


သို့​သော်လည်း အိမ်တံခါး ပိတ်ရန် ​မေ့သွားခဲ့သည်။ 


ထုံရွှယ်လူမှာ မည်သည့်အရာများ ဖြစ်ပျက်​နေသည်ကို မသိ​တော့သဖြင့် သူမက မစ္စတာဝမ်နှင့်အတူ အိမ်ထဲသို့ လိုက်ဝင်လာခဲ့သည်။ 


အဘိုးဝမ်က အခန်းထဲတွင် ဝမ်းနည်းပူ​ဆွေးစွာဖြင့် အချိန်အကြာကြီး ထိုင်​နေခဲ့ပြီး​နောက် တ​ရေးအိပ်​လိုက်ရာ ညမိုးချုပ်မှသာ ပြန်နိုးလာခဲ့သည်။ 


သူက "​ရှောင်ဇုန်း" ဟု အကျယ်ကြီး ​အော်​ခေါ်လိုက်​သော်လည်း ပြန်​ဖြေသူ မရှိ​တော့​ပေ။ထိုအခါ ပွစိပွစိ စ​ပြော​လေ​တော့သည်။ "​ရှောင်ဇုန်း ဘယ်သွားတာလဲ... ဒီ​လောက် ညနက်​နေတောင် ထမင်းချက်ဖို့ အိမ်ပြန်မလာရတာလဲ" 


ထုံရွှယ်လူမှာ တစ်ခုခု မှား​နေ​ကြောင်း ခံစားလိုက်ရသည်။ သိပ်မကြာခင်ကမှ ဦး​လေးဇုန်းကို လိုက်ပို့ထားတာကို ဒီ​လောက်မြန်မြန်ကြီး ​မေ့သွားတာလား... 


အခုမှ အိပ်ရာနိုးလာလို့လား...


သို့​သော်လည်း အဘိုးဝမ်မှာ အမှန်ပင် မမှတ်မိ​တော့သည့်ပုံဖြစ်​နေကာ လူရှာရန် အပြင်ထွက်သွား​လေ​တော့သည်။ အ​စောင့်မှ ဦး​လေးဇုန်းနှင့် သားဖြစ်သူတို့ ​ကျေးလက်သို့ ပြန်သွားကြပြီဟု မ​ပြောခင်အထိ မမှတ်မိခဲ့​ပေ။ 


အဘိုးဝမ်က အိမ်သို့ ပျင်းတိပျင်းရွဲဖြင့် ပြန်လာပြီး တစ်ခုခု စားရန် မီးဖို​ချောင်ထဲသို့ ဝင်သွားသည်။ ထို့နောက် ပြန်အိပ်သွားပြီး ညလယ်​ခေါင်ကြီးတွင် ပြန်နိုးလာကာ အိမ်ထဲမှ ​ပြေးထွက်သွားခဲ့​လေသည်။  


အ​စောင့်က ဘယ်သွားမလို့လဲဟု ​မေး​သောအခါ ​မြေးဖြစ်သူ ဝမ်ရူကွ့အား သွားရှာမည်ဟု ပြန်​ဖြေခဲ့သည်။ 


ထုံရွှယ်လူက သူ့​နောက်မှ တ​လျှောက်လုံး လိုက်လာခဲ့​သော်လည်း သူသွား​နေသည့် ​နေရာမှာ သု​တေသနစခန်းဘက်သို့ မဟုတ်ခဲ့​​ပေ။ သူက စစ်တပ်အိမ်ရာထဲမှ ထွက်လာပြီး​နောက် ရုတ်တရက် ရပ်သွားပြီး တီးတိုး​ရေရွတ်လိုက်သည်။ 


"ဒါက... ဘယ်​နေရာလဲ... အိမ်က​ရော ဘယ်မှာလဲ... ​ရှောင်ဇုန်းက ဘယ်​ရောက်​နေတာလဲ" 


အဘိုးဝမ်မှာ လမ်း​ပျောက်​နေသည့် က​လေးတစ်​ယောက်လို လှည့်ပတ်သွားလာ​နေခဲ့ပြီး ထိုအချင်းအရာကို မြင်​နေရသည့် ထုံ​ရှောင်လူမှာ ဝမ်းနည်းကာ စိတ်ပူပန်လာသည်။ 


အဘိုးဝမ်က အယ်လ်ဇိုင်းမား ​ရောဂါ ရ​နေသည့်ပုံပင်။ သူမက တစ်​​ယောက်​​ယောက်ကို ​အော်​ခေါ်ချင်ခဲ့​သော်ငြား မလုပ်နိုင်ခဲ့​ပေ။ 


​ကောင်းကင်ကြီး တဖြည်းဖြည်း လင်းထိန်လာ​သောအခါ မစ္စတာဝမ်က မြစ်ဘက်သို့ လှည့်ထွက်သွားသည်။ ပါးစပ်ကလည်း ဝမ်ရူ​ကွေ့ စားရန်အတွက် ငါးဖမ်း​ပေးသွားရမည်ဟု ​ပြောဆို​နေ​သေးသည်။ 


မြစ်ဘက်သို့ ​ရောက်လာ​သောအခါ သူက ဖိနပ်ချွတ်ခြင်းမျိုး ​ဘောင်းဘီပင့်တင်မှုမျိုး မလုပ်​တော့ဘဲ မြစ်ထဲသို့ တန်းခုန်ချလိုက်​လေသည်။ 


ဤဖြစ်ရပ်မှာ ​ကျားကဲ့သို့ လျှင်မြန်လွန်းလှသဖြင့် ထုံရွှယ်လူသည်ပင် ကြက်​သေ​သေသွား​လေသည်။ 


အဘိုးဝမ်မှာ ​ရေကူးတတ်​သော်လည်း မြစ်ထဲသို့ ကျသွား​သောအခါ မျက်​မှောင်ကြုတ်ကာဖြင့် ​ရေထဲတွင် ရုန်းကန်​နေရ​လေသည်။ 


အဘိုးဝမ်မှာ ကြွက်တက်​နေခြင်းပင်။ 


ထုံရွှယ်လူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ​ဘေးဘီဝဲယာကို လှည့်ပတ်​အော်ဟစ်လိုက်​သော်ငြား သူမ၏လည်​ချောင်းများသာ ​အက်ကွဲသွားခဲ့ရသည်။ လုံးဝ အသုံးမဝင်ခဲ့​ပေ။ 


​နေ့သစ်တစ်ခု အစပြုချိန်ဖြစ်၍ မည်သူကမှ မြစ်ဘက်သို့ မလာခဲ့ကြ​ပေ။ အဘိုးဝမ်မှာ တစ်ခဏမျှ ရုန်းကန်​နေပြီး​နောက် နစ်မြုပ်သွား​လေ​တော့သည်။ ထုံရွှယ်လူမှာ စိတ်​ယောက်ယက်ခတ်​နေပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းလာ​နေသည်။ 


မြစ်၏ မျက်နှာပြင်ထက်၌ ပူ​ပေါင်း​လေးများ တ​ဖောက်​ဖောက်​ပေါ်လာပြီး​နောက်တွင် လုံးဝ ငြိမ်ကျသွား​လေ​တော့သည်။ 


တစ်စုံတစ်​ယောက် ​ရောက်ရှိလာပြီး မစ္စတာဝမ်၏ ခန္ဓာကိုယ်ကို ရှာ​တွေ့​သောအခါ အသက်ကင်းမဲ့​နေ​လေ​ပြီ။ 


ထုံရွှယ်လူတစ်​ယောက် မြစ်​ဘေးတွင် ထိုင်​နေပြီး ကျယ်​လောင်စွာ ငို​ကြွေး​လေ​တော့သည်။ 


လူအုပ်ကြီးက မစ္စတာဝမ်၏ ခန္ဓာကိုယ်ကို စစ်တပ်အိမ်ရာသို့ ပြန်​​သယ်​ပေးသွားခဲ့ကြသည်။ နှစ်နာရီအကြာ ဝမ်ရူ​ကွေ့ ​အ​ပြေးဝင်လာခဲ့သည်။ 


မစ္စတာဝမ်တစ်​ယောက် ဧည့်ခန်းထဲတွင် ဆန့်ဆန့်ကြီး လဲ​လျောင်း​နေသည်ကို ​တွေ့လိုက်ရ​​သောအခါ တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာတစ်ခုလုံး ဖြူ​ဖျော့လာသည်။ 


ထုံရွှယ်လူက သူမ​ရှေ့မှ ဝမ်ရူ​ကွေ့ကို ကြည့်လိုက်​သော်ငြား ထိုသူက အလွန်ထူးဆန်း​နေ​ကြောင်း ​တွေ့လိုက်ရသည်။ 


သူက ဝါးလုံးကဲ့သို့ ပိန်ချိ​နေပြီး ပါးခွက်များ ​ချောင်ကျ​နေသည့်အပြင် မျက်ကွင်းများမှာလည်း ညိုမဲ​နေ​လေသည်။ သူ့ပုံစံက အ​တော်​လေး ဆိုးဝါး​နေ၏။ 


ထိုအခိုက်တွင် အဘိုးဝမ်၏ ခန္ဓာကိုယ်ကို ​တွေ့လိုက်ရ​သောအခါ မျက်စိ​ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သည့်အလား အချိန်အကြာကြီး မလှုပ်မယှက် ဖြစ်သွားသည်။ 


ထို့​နောက် သူလှုပ်ရှားလာပြီး ဖြည်းဖြည်းချင်း ​လျှောက်လာကာ အဘိုးဝမ်၏ ​ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် ​အေးစက်​တောင့်တင်း​နေ​သော မျက်နှာကို လက်ဖြင့်ထိ​တွေ့လိုက်ပြီး​နောက် အက်ကွဲ​​နေသည့် အသံဖြင့် ​အော်ဟစ်လိုက်သည်။ 


"ဘိုးဘိုး" 


ထို့​နောက် မျက်နှာတစ်ခုလုံးကို အဘိုးဝမ်၏ ကိုယ်ထက်တွင် တိုးဝင်လိုက်ပြီး တိတ်တဆိတ် ငို​ကြွေးလေ​တော့သည်။ 


ထုံရွှယ်လူက သူ့​ဘေးတွင် ရပ်​နေရင်း သူ့ကို လှမ်းဖက်ရန် ကြိုးပမ်းလိုက်​သော်ငြား သူမ၏ လက်များကသာ သူ့ကို ဖြတ်သွားပြီးလုံးဝ မထိနိုင်ခဲ့ပါ​ပေ။ 


ထိုည​နေခင်းတွင် ဝမ်ရူ​ကွေ့က မစ္စတာဝမ်ကို ​စောင့်ကြည့်​ပေး​နေပြီး စကားတစ်ခွန်းမှ မ​ပြောသလို ​ရေတစ်စက်မှပင် မ​သောက်ဘဲ မလှုပ်မယှက် ထိုင်​နေခဲ့သည်။ 


​နောက်ပိုင်းတွင် စစ်တပ်အိမ်ရာထဲမှ တစ်စုံတစ်​ယောက်က မစ္စတာဝမ်၏ စျာပနကို ကူညီစီစဥ်​ပေးခဲ့ရသည်။ ဝမ်ရူ​ကွေ့က တဖြည်းဖြည်း ပိန်ကျလာပြီး နှုတ်ခမ်းများကို တင်းတင်း​စေ့ပိတ်ထား​လေသည်။ 


​ရှောင်ရှု(ရှောင်ရွှိ)မှလွဲ၍ မည်သူ့ကိုမှ ဂရုမစိုက်​တော့​ပေ။ သု​တေသနစခန်းက သူ့ကို ရက်အနည်းငယ် ခွင့်​ပေးထားသည်။ သု​တေသန စခန်းကို ပြန်​တော့မည်အပြုတွင် ချန်ရှို့ယွင်က ရှစ်ရှင်း​ရွေ့ကို ​ခေါ်ကာ ဝမ်ရူ​ကွေ့ကို လာရှာခဲ့သည်။ 


ချန်ရှို့ယွင်မှာ ရှစ်ရှင်း​ရွေ့က သူ့ညီမအရင်းဖြစ်ပြီး သူမက သူ့မိခင်ရင်းဖြစ်သည့်အတွက် သူမ၏ သမီးနှင့်အတူ ဝမ်အိမ်တွင် လာ​နေ​တော့မည်ဟု ​ပြောခဲ့သည်။


ဝမ်ရူ​ကွေ့က သူမကို ဂရူမစိုက်​ပေ။ ရှစ်​ရှင်း​ရွေ့က လှေကား​ပေါ်တက်လိုက် ဆင်းလိုက်ဖြင့် သူမ၏ ကိုယ်ပိုင်အိမ်အလား ဟိုဟိုသည်သည် ​ပြေးလွှား​လျှောက်ကစား​နေသည်။ ရုတ်တရက်ဆိုသလို မစ္စတာဝမ် ကြိမ်တုတ်​ကောက်ကို မည်သည့်​​နေရာမှ ရခဲ့သည်မသိဘဲ ယူကစား​နေ​လေသည်။ 


ဝမ်ရူ​ကွေ့ ထိုမြင်ကွင်းကို မြင်​သောအခါ မျက်​မှောင်ကြုတ်လိုက်ပြီး ၎င်းကို ပြန်ယူရန် ​ရှေ့တိုးလာ​သော်လည်း ရှစ်ရှင်း​ရွေ့က ကြိမ်​တုတ်​ကောက်နှင့်အတူ ​ပြေးထွက်သွား​လေ​တော့သည်။ 


​လှေကားထိပ်သို့ ​ရောက်​သောအခါ ​ခြေ​ချော်သွားပြီး ကျယ်​လောင်စွာ ​အော်ဟစ်ကာ ​လှေကားထိပ်မှ ပြုတ်ကျသွားခဲ့သည်။ 


ချန်ရှို့ယွင် ​အော်သံကြား​သောအခါ စတိုခန်းထဲမှ ​ပြေးထွက်လာ​လေရာ ရှစ်ရှင်း​ရွေ့တစ်​ယောက်​သွေးအိုင်ထဲတွင် လဲ​လျောင်း​နေပြီး ချိုင်း​ထောက်၏ ကြိမ်တံများက သူမ၏ လည်ပင်းတွင် ထိုးစိုက်​နေသည်ကို ​တွေ့လိုက်ရသည်။ ​သွေးလန့်​ခြောက်ချားဖွယ်ရာ မြင်ကွင်းပါပင်။ 


ချန်ရှို့ယွင် ​စူးစူးဝါးဝါး အော်ဟစ်လျက် အ​ပြေး​ရောက်လာပြီး ရှစ်ရှင်း​ရွေ့အား ​ပွေ့ချီကာ သူမ၏ နာမည်ကို အဆက်မပြတ် ​​အော်​ခေါ်လိုက်​​သော်လည်း ရှစ်ရှင်း​ရွေ့မှာမူ ​သေဆုံးသွားခဲ့​လေပြီ။