အပိုင်း၃၅၅
Viewers 67k

🍵Chapter 355



ဆောင်းရာသီမှ ​​နွေဦးရာသီအထိ မျက်စိတစ်မှိတ်အတွင်း အချိန်သုံးနှစ်ကုန်ဆုံးသွားခဲ့သည်။


လက်ဖက်စိမ်းစား​​သောက်ဆိုင်ကို ​ပေကျင်းတွင် ဆိုင်ခွဲသုံးဆိုင်အထိ ဖွင့်လာနိုင်ခဲ့ပြီး ​ပေကျင်းတွင် နာမည်အကြီးဆုံး ပထမတန်းစား စား​သောက်ဆိုင်ဖြစ်လာသည်။ 


သာမန်လူများက လက်ဖက်စိမ်းစား​သောက်ဆိုင်ကို  ညစာစားရန် သွားတတ်ကြပြီး ဂုဏ်ပြုရသည့် အထိန်းအမှတ်ဖြင့် ​ကျွေး​မွေးဧည့်ခံကြသည်။ ထို​နေရာတွင် ဝိုင်ပါတီ ဖြစ်​စေ မင်္ဂလာပွဲဖြစ်​စေ ပြုလုပ်နိုင်ခဲ့လျှင် တစ်နှစ်ပတ်လုံး ကြွားဝါ၍ ရသည်ဟု သတ်မှတ်နိုင်​ပေသည်။ 


ယ​​နေ့​ခေတ် လက်ဖက်စိမ်းစား​သောက်ဆိုင်က လွန်ခဲ့သည့်နှစ်များနှင့် ခြားနား​နေသည်။ ဆိုင်အပြင်အဆင်က အဆင့်အတန်းမြင့်ကာ ကြီးကျယ်ခမ်းနား​နေသည်။ ​ဧည့်ခန်းမ၏ ​လေးဖက်​လေးတန်တွင် ကာရံထားသည့် မှန်များမှာ သန့်ရှင်းလွန်းလှသဖြင့် လူများ၏ မျက်နှာကိုပါ မြင်နိုင်​ပေသည်။ 


ကြမ်းခင်းကိုလည်း အနက်​ရောင် စကျင်​ကျောက်များဖြင့် ခင်းထားပြီး မှိုင်းညို့ညို့ဖြစ်​နေသည်။ ​ကျေးလက်မှ လာသူများ ​ခြေချမိသည်နှင့် ထိုရပ်ဝန်းမှ ပြန်မထွက်ရဲ​လောက်​အောင် ဖြစ်သွားသည်။ 


ထိုအခိုက် စား​သောက်ဆိုင် အ​ပေါ်ဆုံးထပ်မှ ရုံးခန်းတံခါး၏ တံခါး​ခေါက်သံ မြည်လာခဲ့သည်။ 


ထုံရွှယ်လူက ဆုံလည်ကုလားထိုင်တွင် ထိုင်​နေရင်း လှည့်ကြည့်လိုက်သည်။ "ဝင်လာပါ" 


အနက်​ရောင် အ​နောက်တိုင်းဝတ်စုံ ဝတ်ထားသည့် တန့်ဟုန် ဝင်လာခဲ့ပြီး ​ရှေ့မှ အမျိုးသမီးကို ​လေးစားသည့် မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။ 


သူ ထိုစဥ်က အစိုးရပိုင်စား​သောက်ဆိုင်မှ နှုတ်ထွက်ခဲ့စဥ်တွင် လူမည်မျှက သူကျရှုံးမည်ကို ​ကြည့်ရန် စောင့်ဆိုင်း ​နေကြသည်ကို မသိနိုင်​ပေ။ သူ့ကို ထမင်းအိုးကြီးကို ပစ်ကာ မိန်းမတစ်​ယောက်အတွက် အလုပ်​ပြေးလုပ်​ပေး​နေသည်ဟု ဆိုကာ ဦး​နှောက်ပျက်​နေသည်ဟုလည်း ဆိုကြသည်။ 


သို့​သော်လည်း ယခုတွင် မည်သူကမှ သူဦး​နှောက်ပျက်သွားခြင်းအတွက် မရယ်ရဲကြ​တော့ဘဲ ထိုစဥ်က သူ့​နောက်မလိုက်မိကြသူများက သက်ပြင်းချကာ ​နောင်တရ​နေကြသည်။ 


သို့​သော်ငြား သုံးနှစ်အတွင်း လက်ဖက်စိမ်းစား​သောက်ဆိုင်က ​​ပေကျင်းတွင် နံပါတ်တစ် စား​သောက်ဆိုင်ဖြစ်လာပြီး ထုံရွှယ်လူ၏ ​နာမည်​အောက်မှ လူ​​ဝေ့ကျိုက်ဆိုင်များကို ​ပေကျင်း၏ ထောင့်​နေရာတိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ 


လူ​ဝေ့ကျိုက်က အဆင့်မြင့်ဆိုင် မဟုတ်​သော်ငြား စီးပွား​ရေး​ကောင်းမွန်လှပြီး လက်ဖက်စိမ်းစား​သောက်ဆိုင်၏ အမြတ်​ငွေထက် မနည်းပါ​ပေ။ 


လွန်ခဲ့သည့်နှစ်နှစ်ကလည်း ထုံရွှယ်လူက ​ဆေးအရက် ကုမ္ပဏီတစ်ခု တည်​ထောင်ခဲ့ပြီး ဆေးအရက်များကို ကိုယ်တိုင် စတင်ထုတ်လုပ်​ခဲ့သည်။ 


သို့​သော်လည်း သုံးနှစ်ကြာသည့်တိုင် ထုံရွှယ်လူ၏ ပုံပန်းသွင်ပြင်က အိုမင်းမသွားဘဲ ယခင်ကထက် လှ​သွေးကြွယ်လာ​သော်ငြား အရှိန်အဝါများကမူ ယခင်ကထက် ပို၍ ပြင်းထန်လာကာ သူမ​ရှေ့တွင် သူသည်ပင် ​မာန်မကြွရဲပါ​ပေ။ 


စားပွဲဆီသို့ ​ရောက်လာ​သောအခါ တန့်ဟုန်က လက်များကို ​ရှေပို့ကာ​ ​ပြောလိုက်သည်။ 


ထုံရွှယ်လူက ထိုင်ခုံကို ထိုးပြ၍ ​ပြောလိုက်သည်။ "မန်​နေဂျာတန့်...ထိုင်ပါ" 


တန့်ဟုန် ထိုင်ချလိုက်သည်။ "သူ​ဌေးထုံ ဒီ​နေ့ ကျွန်​တော့်ကို ​ခေါ်တာ ဘာခိုင်းစရာများ ရှိလို့လဲ" 


ထုံရွှယ်လူက မရယ်မပြုံးပုံစံဖြင့် တဲ့တိုး​ပြောလိုက်သည်။ "​နောက်ဆို ရှင်စား​သောက်ဆိုင်ကို လာစရာမလို​တော့ဘူး... ပြီးရင် ရှင့်အလုပ်ကိစ္စ​တွေကို ကျန်းကျွင်းလိကို လက်လွှဲ​ပေးလိုက်ပါ" 


တန့်ဟုန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။"သူ​ဌေးထုံ... ကျွန်​တော် အမှားတစ်ခုခု လုပ်မိလို့လား" 


ထုံရွှယ်လူ ပြုံးလိုက်သည်။ "ဘာအမှားမှ မလုပ်ထားပါဘူး... ​ဆေးအရက်ကုမ္ပဏီမှာ စီမံခန့်ခွဲမဲ့လူ လို​နေတယ်... ကျွန်မက နိုင်ငံခြား ​စျေးကွက်ကိုပါ ထိုး​ဖောက်မလို့.... ရှင့်အကူအညီ လို​နေတယ်" 


စား​သောက်ဆိုင်က ​သေးငယ်​သော ကမ္ဘာ​လေးတစ်ခုသာ ဖြစ်ပြီး တန့်ဟုန်သာ ဤ​နေရာတွင် ဆက်​နေပါက အရည်အချင်းများ ဖြုန်းတီးသလို ဖြစ်​နေ​ပေမည်။ 


ထိုစကားကို ကြားမှသာ တုန့်ဟုန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ "​ကောင်းပါပြီ... ကျွင်းလိကို အလုပ်​တွေ လက်လွှဲ​ပေးလိုက်ပါ့မယ်" 


ထုံရွှယ်လူ လက်ခါပြလိုက်သည်။ "​ပြောစရာ မရှိ​​တော့ဘူး... အလုပ်ဆက်လုပ်လို့ ရပြီ" 


​နောက်ပိုင်းတွင် သူမက နိုင်ငံခြား ကုန်သွယ်​ရေး ကုမ္ပဏီတစ်ခု တည်​ထောင်မည်ဖြစ်ပြီး နိုင်ငံခြား ​စျေးကွက်ကို အရှန်အဟုန်မြင့် တိုးတက်လာ​စေချင်သည်။ 


​သေချာ​ပေါက်ပင် ​စျေးကွက်ပွင့်လာသည်နှင့် ​ဆေးအရက် ကုမ္ပဏီသာမက အစား​အ​သောက်နှင့် ပတ်သက်​သော လုပ်ငန်းများကို လုပ်ကိုင်​ဆောင်ရွက်မည် ဖြစ်သည်။ 


တုန့်ဟုန် အပြင်ထွက်ရန် တံခါးဖွင့်လိုက်​သောအခါ ဝမ်ရူ​ကွေ့တစ်​ယောက် အရုပ်က​လေးလို ချစ်စ​ရော​ကောင်း​သော ​ကောင်မ​လေးတစ်​ယောက်ကို ​ပွေ့ချီထားပြီး ထပ်တူညီစွာပင် ချစ်စရာ​ကောင်းလှသည့် ​ကောင်​လေးက တံခါး​ဘေးတွင်ရပ်​နေသည်ကို ​တွေ့လိုက်ရသည်။ 


တုန့်ဟုန်၏ နှုတ်ခမ်းများ တွန့်​ကွေးလာသည်။ "မစ္စတာဝမ် ​ရောက်​နေတာလား" 


ဝမ်ရူ​ကွေ့: "ဟုတ်တယ်.... အလုပ်ကို မ​နှောင့်ယှက်မိဘူးမလား"


တန့်ဟုန် ​ပြော၍ မပြီးခင်မှာပင် ​ကောင်ငယ်​လေးက တရှုံ့ရှုံ့ငို၍ ​ပြေးဝင်လာသည်ကို ​တွေ့လိုက်ရသည်။ 


"​မေ​မေ...​ဖေ​ဖေက ​ယောကျ်ား​လေး​တွေထက် မိန်းက​လေးကို ဦးစား​ပေးတယ်... ​ဖေ​ဖေက ယန်းယန်ရဲ့ နှလုံးသား​လေးကို နာကျင်​အောင် လုပ်တယ်... ယန်းယန် အရမ်း ဝမ်းနည်း​နေပြီ" 


​ပြောပြီး​နောက် မုန့်လုံး​​လေးက လှဲချလိုက်ပြီး ခပ်​ဖောင်း​ဖောင်း ကိုယ်လုံး​လေးမှာ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်​နေ​လေ​တော့သည်။ 


အားနည်း သနားစရာ​ကောင်းပြီး ​ဝ​ဖောင်း​နေတယ်... 


တန့်ဟုန်: "..." 


ဝမ်ရူ​ကွေ့: "..." 


ထုံရွှယ်လူ: "..."


​ရှောင်ယန်းယန်​လေးက ပဲ​စေ့မျက်ရည်​လေးများတလှိမ့်လှိမ့် ကျဆင်းကာ ​ခြေတံတို​လေးများ ယက်ကန်ယက်ကန်ဖြင့် အ​မေဖြစ်သူထံ ​ပြေးသွားပြီး​နောက် လက်က​လေးများကို ဖွင့်ကာ ဖက်​ပေးရန် ​​တောင်းဆိုလိုက်သည်။ 


​ကောင်ငယ်​လေး၏ မျက်​တောင်များက ထူထဲရှည်လျား​နေပြီး မျက်ရည်များ သိပ်သည်း​နေကာ နှုတ်ခမ်း​လေးများ နီရဲလျက် သနားစရာပုံစံ​လေး ဖြစ်​နေသည်။ 


ထုံရွှယ်လူမှာ သူ့သားက အလွန်ပင် ဒရာမာချိုးတတ်သူမှန်း သိ​နေ​သော်ငြား အလွန်ချစ်ဖို့​ကောင်း​နေသဖြင့် က​​လေးကို ​ပွေ့ချီကာ လက်​မောင်းထဲတွင် ဖက်ထားလိုက်သည်။ 


ထိုအ​လေးချိန်ကို ​ပေါ့ပါးသည်ဟု​ မဆိုနိုင်ပါ​ပေ။ 


​ရှောင်ယန်းယန်​လေးက ​ခေါင်း​လေးကို အ​မေဖြစ်သူ၏ ပုခုံးထက်တွင် မြှုပ်ထားလိုက်ပြီး တဖြည်းဖြည်း အငိုရပ်သွားသည်။ "​မေ​မေ... ​မေ​မေက ယန်းယန်ကို အရမ်းချစ်တာမလား" 


ထုံရွှယ်လူက ဆံပင်​ပျော့​လေးများကို သပ်​ပေးလိုက်သည်။ "ချစ်တာ​ပေါ့... ဒါ​ပေမယ့် ​ဖေ​ဖေက ​ယောကျာ်း​လေး​တွေထက် မိန်းက​လေး​တွေကို ပိုဦးစား​ပေးတယ်လို့ ဘာလို့ ​ပြောရတာလဲ" 


​ရှောင်ယန်းယန်၏ ကိုယ်​လေး ​တောင့်တင်းသွားပြီး မျက်​တောင်​လေးများ တဖျတ်ဖျတ် ခတ်ကာ ​ပြောလိုက်သည်။ "​မေ​မေ... ယန်းယန် ဗိုက်ဆာ​​နေပြီ... အရပ်ပိုရှည်​အောင် စားရမယ်" 


​ကောင်ငယ်​လေး... ဒါက အားနည်းပြီး ဝဖီးရုံတင်မကဘူး အစားပါ ​သောင်းကျန်း​သေးတယ်... 


ထုံရွှယ်လူမှာ သားဖြစ်သူတစ်​ယောက် ချက်ချင်း စကားလမ်း​ကြောင်း လွှဲပစ်လိုက်သည်ကို ​တွေ့လိုက်ရသည်။ 


"​မေ​​မေ့ကို အရင်​ပြော... ​ဖေ​ဖေက ဘာလို့ သား​တွေကို ဦးစားမ​ပေးဘူးလို့ ​ပြောတာလဲ... ညီမလေးကိုပဲ ​ပွေ့ပြီး သားကို မ​ပွေ့လို့လား" 


ထိုကိစ္စသာ ဖြစ်ခဲ့ပါက အ​ဖေဖြစ်ခြင်းအတွက် ​ဝေဖန်ချက် ​ကောင်း​ကောင်း ​ဖြစ်သွား​ပေမည်။ 


သို့​သော်ငြား ဝမ်ရူ​ကွေ့က ထိုကဲ့သို့​သော လူစားမျိုးမဟုတ်​ကြောင်း သူမ ယုံကြည်သည်။ 


သူက ပထမတွင် က​လေးနှစ်​ယောက်​ မွေးလာရန် ​မျှော်လင့်​စောင့်စား​နေခဲ့​​​သော်ငြား သားဖြစ်သူကို သူမအနား ကပ်​နေသည့်အတွက် အချိန်နှင့်အမျှ သဝန်တို​​လေ့ရှိသည်။ ​ရှောင်ယန်းယန်​လေး ကြီးလာ​သောအခါ သားအဖနှစ်​ယောက်က သူမအ​ပေါ် သဝန်တိုကာ ရန်ဖြစ်​လေ့ရှိကြ​သော်ငြား သူက အမြဲတမ်း ဖခင်​ကောင်းတစ်​ယောက် ဖြစ်​ပေးခဲ့သည်။ 


သူက ​ရှောင်ရန်ရန်ကို ဖက်တီး​လေး ​ရှောင်ယန်းယန်နှင့် တန်းတူ ချစ်​ပေးပြီး တစ်​ယောက်ကိုသာ ဦးစား​ပေးသည်မျိုး မလုပ်ဖူးပါ​ပေ။ 


ထို​ကောင်ငယ်​လေးက စကားလုံးများကို မည်သည့်​နေရာမှ သင်ယူခဲ့​ကြောင်း မသိရ​သော်ငြား သမီးမိန်းက​လေးကို ဦးစား​ပေးသည်မျိုး မဟုတ်ပါ​ပေ။ 


​ရှောင်ယန်းယန်​လေးက ထို​မေးခွန်းကို မ​ရှောင်နိုင်​တော့​ကြောင်း သိလိုက်ရသည့်အခါ လက်​ဖောင်း​ဖောင်း​လေးဖြင့် ပါး​စုံ့​လေးကို ကုတ်လိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။


 "​ဖေ​ဖေက အမြဲတမ်း ညီမလေးကိုပဲ အရင်ချီတာ... ယန်းယန်က ကိုယ့်ဘာသာ သွားချင်တယ် ​ပြောတာ​တောင် လာမ​ချော့​ပေးဘူး" 


​ကောင်းလိုက်တဲ့ ​ကောင်​လေး... 


ဝမ်ရူ​ကွေ့က သားဖြစ်သူ၏ ဥာဏ်နီဥာဏ်နက်များကို ပိုနားလည်သည်။ 


ထိုအချိန်က လက်တစ်​ဖက်တွင် က​လေးတစ်​ယောက်စီကို ချီထားရင်း ကားထဲမှ ထွက်လာခဲ့သည်။ စား​သောက်ဆိုင်​ရှေ့သို့ ​ရောက်​သောအခါ ပူတင်းလုံး​​လေးက တွန်းထိုးရုန်းကန်လျက် ပြန်ချခိုင်းခဲ့​သော်ငြား သူပြန်လှည့်ကြည့်လိုက်​သောအခါ စိတ်​ကောက်​နေမည်ဟု ထင်မထားခဲ့​ပေ။ 


ဝမ်ရူ​ကွေ့က သားဖြစ်သူ၏ ဖင်လုံးလုံး​လေးကို ကြည့်ကာ ခပ်စပ်စပ်​​လေး ရိုက်ပစ်ချင်မိသွားသည်။ 


​ရှောင်ရန်ရန်က ဖခင်၏ ခံစားချက်ကို ခံစားမိသဖြင့် မျက်​ခုံးလှလှ​လေးကို တွန့်ချိုးကာ ကြွပ်ဆတ်ဆတ် အသံ​​လေးဖြင့် ​ပြောလိုက်သည်။ "​ကိုကိုက ဝိတ်ကျချင်တယ်လို့ ​ပြောခဲ့တာ... ဗ​လောင်းဗလဲ​တွေ သိပ်လုပ်တာပဲ" 


ထုံရွှယ်လူ: "..." 


​ကောင်းပြီ... သူမမှာ အရမ်းကို သရုပ်​ဆောင်​ကောင်း ဒရာမာချိုးတတ်တဲ့ လက်ဖက်စိမ်းသားလေး ရှိတဲ့အပြင် ​အေးစက်စက်နိုင်ပြီး လျှာဆိပ်ပြင်းတဲ့ သမီးတစ်​​ယောက်လည်း ရှိ​သေးတယ်... 


သူမက လက်ဆန့်ထုတ်ကာ ​သားဖြစ်သူ၏ ဖင်လုံးလုံး​လေးကို ပုတ်လိုက်သည်။ "​ကောင်ဆိုး​လေး... ​ဖေ​ဖေ့ကို အနိုင်ကျင့်​နေပြန်ပြီလား... ​နောက်တစ်ခါ ကြက်​တောင်ပံနဲ့ အာလူး​ကြော် ထပ်မစားချင်​တော့ဘူးထင်တယ်" 


ဒါက ဘယ်လိုဖြစ်ရတာလဲ... 


ထိုအရာများမှာ ​ရှောင်ယန်းယန်​လေး၏ အကြိုက်ဆုံး စားစရာများ ဖြစ်​လေရာ ​ရှောင်ယန်းယန်​လေး ထိတ်လန့်သွားပြီး ဖြူ​ဖျော့သွား​လေသည်။ 


သူက ​အောက်ချ​ပေးရန် လှုပ်ယွလာသည်။ "​မေ​မေ... ယန်းယန် မှားသွားပါတယ်... ယန်းယန် ​ဖေ​ဖေ့ကို ​တောင်းပန်လိုက်မယ်" 


ထုံရွှယ်လူက က​လေးကို ပြန်ချ​ပေးလိုက်ရာ လက်များပင် အနည်းငယ် နာကျင်သွား​လေသည်။ 


ကြည့်ရတာ ဖက်တီး​လေး ဝိတ်ချဖို့ လို​နေပြီထင်တယ်... 


​ရှောင်ယန်းယန်က ​ခြေ​​​​ထောက်တို​လေးများ ယက်ကန်ယက်ကန်ဖြင့် ဖခင်ဖြစ်သူထံ ​ပြေးလာပြီး မျက်နှာပြည့်​ဖောင်း​ဖောင်း​လေးကို ​မော့လိုက်သည်။ 


"​တောင်းပန်ပါတယ် ​ဖေ​ဖေ... သားမှားသွားတယ်... ယန်းယန်ရဲ့ မျက်နှာကို ပြန်ညှစ်ခိုင်းမယ်​လေ" 


ပြောပြီး​နောက် ဖခင်ဖြစ်သူ ညှစ်နိုင်​စေရန် ပါး​ဖောင်း​ဖောင်း​​လေးများကို ထိုး​ပေးလိုက်သည်။


​ရှောင်းယန်းယန်​​လေး၏ မျက်နှာ​လေးက အလွန် ညှစ်ရလွယ်သည်။ လူကြီးများ စိတ်ဆိုးသွားသည့်အခါတိုင်း သူ့မျက်နှာ​လေးကို လက်နက်အဖြစ် ချက်ချင်း ထုတ်သုံးလိုက်သည်။ 


သူ့မျက်နှာ​လေးကို ညှစ်နိုင်သ​ရွေ့ လူကြီးများက ​ဒေါသထွက်ကြ​တော့မည် မဟုတ်​ပေ။ 


ဝမ်ရူ​ကွေ့က ​ကောင်ငယ်​လေးကို သင်ခန်းစာ​ပေးချင်​သေး​သော်လည်း ထုံရွှယ်လူနှင့် အလွန်ဆင်တူသည့် မျက်နှာ​​​လေးကို ​တွေ့လိုက်ရ​သောအခါ ဆက်ပြီး ​ဒေါသမထွက်ရက်​တော့​ပေ။ 


သူ့လက်ကို ​မြှောက်ကာ သားငယ်​လေး၏ မျက်နှာ​ဖောင်း​ဖောင်း​လေးကို ညှစ်လိုက်သည်။ "​နောက်တစ်ခါထပ်မလုပ်နဲ့​တော့" 


​ရှောင်ယန်းယန်​လေးက နာနာခံခံဖြင့် သ​ဘောတူကာ အ​မေဖြစ်သူထံ ​ပြေးသွားပြီး စား​သောက်ရန်အ​ကြောင်း ​ပြော​လေ​တော့သည်။ 


တန့်ဟုန်က တံခါးပြန်ပိတ်​ပေးလိုက်ပြီး ​ခြေသံဖွဖွဖြင့် ရုံးခန်းထဲမှ ထွက်သွားသည်။ 


ဥက္ကဌထုံ၏ မိသားစုက အမှန်ပင် မနာလိုစရာ​ကောင်းသည်။ 


နဂါးနှင့် ဖီးနစ်အမွှာ​လေးများက ​ချော​မောလှပကြကာ ဥာဏ်​ကောင်းသည့်အပြင် ချစ်စရာလည်း ​ကောင်းသည်။ ထို​မောင်နှမနှစ်​ယောက်အတွက် ထန်ကဗျာ သုံးရာကို အလွတ်ကျက်မှတ်ရန် ဆယ်ရက်သာ လိုအပ်​ပေသည်။ 


အခြား​သော သုံးနှစ်က​လေးများ တစ်မှ တစ်ဆယ်ကို ​ရေတွက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရချိန်တွင် အမွှာ​လေးများက တစ်​ထောင်အတွင်း ​ပေါင်းတတ် နှုတ်တတ်ရန် သင်ယူပြီးသွားကြ​လေပြီ။ 


ထိုက​​လေးများက ဥာဏ်ကြီးရှင်​လေးများ ဖြစ်၍ ​သေချာ​ပေါက်ပင် အခြားက​လေးများထက်ပို၍ နာမည်ကြီး​ပေသည်။ 


တန့်ဟုန် သက်ပြင်းချကာ အလုပ်များကို ကျန်းကျွင်းလိထံ လွှဲ​ပြောင်း​ပေးရန် လုပ်​ဆောင်လိုက်သည်။ 


** 


ရုံးခန်းထဲတွင် လူ​လေး​ယောက်သာ ကျန်ရှိ​လေ​တော့သည်။ 


ထုံရွှယ်လူက က​​လေးနှစ်​ယောက်အတွက် နွားနို့နှစ်ခွက် လုပ်​ပေးလိုက်ပြီး​နောက် သူတို့စားရန် သ​ရေစာများ ထုတ်​ပေးလိုက်သည်။ 


အစားအ​သောက် ရ​သောအခါ ဒရာမာကင်း​လေးတစ်​ယောက် ငြိမ်ကျသွား​လေသည်။ 


ထုံရွှယ်လူ ​ပြောလိုက်သည်။ "ခရီးထွက်ဖို့​တောင် ခက်ခဲ​နေတယ်... ရှင်နဲ့ က​လေး​တွေနဲ့အတူ အိမ်မှာ အချိန်များများ ​နေ​ပေးရမှာကို ကျွန်မ တကယ်​တောင်းပန်ပါတယ်" 


နှစ်နှစ်အတွင်း ဝမ်ရူ​ကွေ့၏ အ​ခြေအ​နေ အ​တော်​လေး တိုးတက်လာသည်။ ​ဒေါက်တာချန်နှင့် ​ဆေးဝါးများ၏ အကူအညီ​ကြောင့် စိတ်ကစဥ့်ကလျား ​ရောဂါကို အ​တော်​လေး ထိန်းချုပ်နိုင်ခဲ့သည်။ သူသာ လှူံ့​​ဆော်မခံရသ​ရွေ့ သာမန်လူနှင့် ကွာခြားမည် မဟုတ်​​ပေ။  


ထို့ကြောင့် တစ်နှစ်အနားယူပြီး​နောက် သု​တေသနစခန်းသို့ ပြန်သွားပြီး အလုပ်လုပ်ခဲ့​သော်လည်း စက်မှုအဖွဲ့အစည်း၏ ဒါရိုက်တာအဖြစ် ဆက်မလုပ်​တော့​ပေ။ 


သူက သု​တေသန နယ်ပယ်အသစ်တစ်ခုသို့ ​ပြောင်း​ရွှေ့ခဲ့ပြီး ရူပ​ဗေဒ​စက်မှုပညာမှ အင်ဂျင်နီယာနည်းပညာသို့ နယ်ပယ်ချဲ့ထွင်ကာ အက်တမ်နှင့် ​မော်လီကျုးများ တည်​ဆောက်သည့်​နေရာတွင် အာရုံစိုက်ထားသည်။ 


လွန်ခဲ့သည့်တစ်နှစ်က သူ့အ​ခြေအ​နေ ပိုမိုတည်ငြိမ်လာခဲ့သည့်အတွက် ​​ဒေါက်တာချန်က သူ့ကို ​ဆေးရပ်ရန် ​ပြောလိုက်သည်။ 


ယခုတွင် သူက ​ဆေးရပ်ထားသည်မှာ တစ်နှစ်​ကျော်ခဲ့ပြီ ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေပို​ကောင်းလာပြီး ​ရှောင်ရှု မ​ပေါ်လာခဲ့သည်မှာလည်း နှစ်နှစ်​​ကျော်ခဲ့​လေပြီ။ 


ဝမ်ရူ​ကွေ့ သူမ​ဘေးတွင် ဝင်ထိုင်လိုက်ပြီး သးမလက်​လေးကို လှမ်းယူကာ ခပ်ဖွဖွ နှိပ်​ပေးလိုက်သည်။ 


သူမနဲ့ က​လေး​တွေနဲ့သာ အတူ ရှိမယ်ဆိုရင် ဘယ်​နေရာ​ရောက်​ရောက် ကိစ္စမရှိဘူး... 


ထုံရွှယ်လူက ချိုချဥ်တစ်လုံး ​ကောက်ယူကာ အခွံခွာလိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်​ပေးလိုက်သည်။ "စကားမစပ်... ရက်နည်းနည်း​လောက်ကြာရင် ပိုင်​ဟွေ့နဲ့ ထျန်းယိတို့ ပြန်လာ​တော့မယ်...  အဲ့အချိန်ကျရင် သူတို့ကို ​​လေဆိပ်မှာ သွားကြိုရ​အောင်" 


"​ကောင်းတာပေါ့" 


ဝမ်ရူ​ကွေ့၏ မျက်လုံးများက သူမ၏ နှုတ်ခမ်းထက်သို့ ​ရောက်ရှိ​နေပြီး ၎င်းတို့ ​စေ့ပိတ်သွားသည်ကို ​တွေ့​သောအခါ ရုတ်တရက်ဆိုသလို သူမ၏ နှုတ်ခမ်းများထက် ခပ်ဖွဖွ ဖိကပ်လိုက်သည်။ 


သူမ၏ နှုတ်ခမ်းအိအိ​လေးထက် လျှာဖြင့် ခပ်ဖွဖွ လျက်လိုက်​သေးသည်။ 


ထုံရွှယ်လူမှာ သူထိုသို့ ရုတ်တရက် လုပ်လာမည်ဟု မထင်ထားခဲ့သဖြင့် ​ကြောင်အသွားပြီး ပြန်မတုန့်ပြန်နိုင်ခဲ့​​ပေ။ 


သူမ၏ နှုတ်ခမ်းများကို ထိုးခွဲခံလိုက်ရပြီး သူ့လျှာထိုးဝင်လာသဖြင့် မ​နေနိူင်ဘဲ ငြီးငြူမိသွား​လေသည်။ 


​ရှောင်ယန်းယန်နှင့် ​ရှောင်ရန်ရန်တို့ ထိုအသံကို ကြားလိုက်ရ​သောအခါ လှုပ်ရှားမှုများ ရပ်သွားပြီး အတူတူ ​ခေါင်းလှည့်ကြည့်လိုက်ကြ​သော်လည်း သူတို့အ​ဖေက အ​မေဖြစ်သူ၏ လက်အား နှိပ်နယ်​ပေး​နေသည်ကိုသာ ​တွေ့လိုက်ရသည်။ 


​ရှောင်းယန်ယန်​လေးက နှုတ်ခမ်း​လေးကို စုဝိုင်းကာ စိုးရိမ်ပူပန်သွားသည်။ "​မေ​မေ... လက်နာသွားတာလားဟင်" 


ထုံရွှယ်လူ ပြန်​ဖြေရန် အချိန်မရလိုက်ခင်မှာပင် ​ရှောင်ရန်ရန်​​လေး ​ပြောလာသည့်စကားကို ကြားလိုက်ရသည်။ "နင်က ဝတုတ်​နေလို့​လေ... ​မေ​မေ နင့်ကို ချီလိုက်​တော့ လက်နာသွားတာ​ပေါ့" 


ညီမဖြစ်သူထံမှ မညှာမတာ ထိုးနှက်ခံလိုက်ရသည့် ​ရှောင်ယန်းယန်: "..." 


သားဖြစ်သူ၏ ​ပေါက်စီမျက်နှာ​လေးကို ​တွေ့လိုက်ရ​သောအခါ ထုံရွှယ်လူ မ​နေနိုင်ဘဲ ရယ်ချမိသွား​လေသည်။