အပိုင်း၃၅၇
Viewers 67k

🍵Chapter 357



ချန်ရှို့ယွင်မှာ ​​သေဆုံးသွားခဲ့ပြီ ဖြစ်​သော်လည်း မျက်စိ မမှိတ်နိုင်​သေး​ပေ။ 


ချန်တယုံက သူမ၏ ရုပ်အ​လောင်းကို ချက်ချင်း သဂြိုလ်ကာ အရိုးပြာများကို ထျန်းကျင်းသို့ ပြန်ယူလာခဲ့သည်။ 


ရှစ်ရှိုးနန်အတွက်ကား လူတစ်​ယောက်ကို ဒဏ်ရာရကာ ​သေ​စေခဲ့သည့်အတွက် ​သေဒဏ်​ပေးခံရမည် ဖြစ်သည်။ 


ရှစ်ရှင်း​ရွေ့ အ​နောက်​မြောက်​​ဒေသအလုပ်ကြမ်းစခန်းသို့ အပို့ခံရသည့်အ​​ကြောင်းမှာလည်း ဝမ်မိသားစုက ​နောက်ကွယ်တွင် ရှိ​နေပြီး သူမ၏ မိဘများလည်း ထို​နေရာတွင် ရှိ​နေသည့်အတွက်​ကြောင့် ဖြစ်သည်။ 


ယခုတွင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ ​သေဆုံးသွားကြ​ပြီ ဖြစ်ရာ ချန်တယုံက ချန်ရှို့ယွင်၏ ​သေဆုံးမှုအတွက် အပြစ်ရှိစိတ် အနည်းငယ် ရှိ​နေသည်​ကြောင့် ရှစ်ရှင်း​ရွေ့ကို ထျန်းကျင်းသို့ ပြန်​ခေါ်သွားချင်သည်။ 


သို့​ရာတွင် ယခုက 1984ခုနှစ် ဖြစ်သည်။ မစိုးရက ယမန်နှစ်ကပင် "ပြစ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်း​မည့် ဆုံးဖြတ်ချက်" ကို ထုတ်ပြန်ခဲ့ပြီး ထိုနှိမ်နင်းမှုများက ယ​နေ့အထိ ဆက်သွား​နေခဲ့သည်။ 


အချို့လူများမှာ စား​သောက်တန်းမှ ပစ္စည်းခိုးမှုအတွက် ​သေဒဏ်မှ ​ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရပြီး အသက်မပြည့်​သေးသူများမှာ လမ်း​​ပေါ်တွင် ​ငွေအနည်းငယ် လုယက်မှုဖြင့် ခုနစ်နှစ် ရှစ်နှစ်မျှ ​ထောင်ဒဏ်ကျခံကြရသည်။ 


ရှစ်ရှင်း​ရွေ့က လူတစ်​ယောက်၏ ဘဝကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ သူမက ​သေဒဏ် မ​ပေးခံရလျှင်ပင် ကံ​ကောင်း​နေပြီ ဖြစ်ရာ ထျန်းကျင်းသို့ မည်သည့်နည်းနှင့် ပြန်ခွင့်ရပါမည်နည်း... 


အ​​ဖေနှင့် အ​မေသာ မရှိ​တော့ပါက အခြား​သော ရာဇဝတ်သားများနှင့် ​နေထိုင်ရ​တော့မည် ဖြစ်သည်။ ပြစ်ဒဏ်​လျှော့ရန် မဖြစ်နိုင်​​ပေ။   


ချန်တယုံက ​ရွေးစရာ မရှိ​တေ့ဘဲ ရှစ်ရှင်း​ရွေ့ကိုသာ တစ်​ယောက်တည်း ထားခဲ့လိုက်ရသည်။ 


ရှစ်ရှင်း​ရွေ့က ဦး​လေးဖြစ်သူ ထွက်သွားသည်ကို ကြည့်​နေရင်း အူလှိုက်သဲလှိုက် ​ငို​ကြွေး​နေပြီး မျက်လုံးထဲတွင်လည်း မငြိမ်မသက် ဖြစ်​နေကာ ယခင်ကရှိခဲ့သည့် ​ထောင်လွှားမှုများ ရင့်သီးမှုများ မရှိ​တော့​ပေ။ 


ယခုမှစ၍ သူမကို ကာကွယ်​ပေးမည့်သူ မရှိ​တော့ဘဲ တစ်​​ယောက်တည်းသာ ရှင်သန်ရ​တော့မည် ဖြစ်​ကြောင်း သိ​နေခဲ့သည်။ 


ဝမ်မိသားစုသည်လည်း ချန်ရှို့ယွင် ​သေဆုံးသွားသည့်သတင်းကို ရလိုက်ကြသည်။ 


မစ္စတာဝမ်က ထုံရွှယ်လူနှင့် ​ဆွေး​နွေးပြီး​နောက် ဝမ်ရူ​ကွေ့အား ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်ကြသည်။ 


ဝမ်ရူ​ကွေ့က နဂါးနှင့် ဖီးနစ် အမွှာ​လေးများကို စာ​သင်ပေး​နေခြင်း ဖြစ်သည်။ ထုံရွှယ်လူထံမှ အ​ခေါ်ခံလိုက်ရ​​သောအခါ တစ်ခဏမျှ ​တုန့်သွားပြီး​နောက် "အင်း... ကိုယ်သိပြီ" ဟုသာ ​ပြောလိုက်သည်။ 


ထုံရွှယ်လူ၏ မျက်လုံးများက သူ့မျက်နှာထံ ကျ​ရောက်သွားပြီး သူ့လက်ကို လှမ်းကိုင်လိုက်သည်။ "ရှင်ခံစား​နေတာကို ကျွန်မကို​ပြော... စိတ်ထဲမှာပဲ သိမ်းမထားနဲ့" 


ဝမ်ရူ​ကွေ့မှာ သူမ​လေးက သူဝမ်းနည်း​နေမည်ကို စိုးရိမ်​နေခြင်းဖြစ်​ကြောင်း နားလည်​နေသဖြင့် သူမလက်ကို ပြန်ကိုင်လိုက်သည်။ "ကိုယ်အဆင်​ပြေတယ်... ဒီတစ်​ခေါက် တကယ်ကြီး ​သေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..." 


ထိုနေ့က ချန်တယုံ သူ့ကို လာရှာခဲ့​သေးသည်။ သူက ထိုအချင်းအရာကို သူတို့၏ ​နောက်ထပ် လှည့်ကွက်များ ဖြစ်မည်ဟု အလိုအ​လျောက် ​တွေးလိုက်မိသည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း ချန်မိသားစုက သူ့ကို အကြိမ်များစွာ ဆက်သွယ်ခဲ့​သေးသည်။ 


သူတို့က ​တောင်းပန်တိုးရှိုးလာကြပြီး သူကလည်း သူတို့၏ ရည်ရွယ်ချက်ကို သိ​နေခဲ့သည်။ 


သို့​သော်လည်း ချန်ရှို့ယွင်တစ်​ယောက် တကယ်ကြီး ​သေသွားလိမ့်မည်ဟု ထင်မထားခဲ့ရုံသာ။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားခဲ့​သေးသည်။ 


သို့​သော်လည်း မသက်မသာ ဖြစ်ခြင်း​တော့ မရှိ​ပေ။ 


ထုံရွှယ်လူက သူ မသက်မသာ ဖြစ်​နေခြင်း မရှိ​ကြောင်း ​တွေ့လိုက်ရသဖြင့် စိတ်​​အေးသွားရသည်။ "ရှင့်အတွက် အစားအ​​သောက် ချက်​ပေးဖို့ မီးဖိုထဲ သွား​တော့မလို့... ရှင်ဘာစားချင်လဲ" 


​နွေး​ထွေး​သော ​နွေဦးရာသီ​နေ​ရောင်​​အောက်တွင် ခြံဝင်းထဲရှိ သစ်ပင်များ၌ အဖူးစိမ်း​လေးများ ဖူးထွက်​နေကြသည်။ လမုန့်​လေးတို့က သဲအိတ်များတင်ထားသည့် နံရံ​အောက်တွင် ​လျှောက်သွား​ကြနေပြီး ​တောင့်​တောင့် ​ဖြောင့်​​ဖြောင့် အ​စောင့်နှ​စ်ယောက်အလား တူ​နေသည်။ 


​ကော်ရစ်ဒါတွင် ​နေပူဆာလှုံ​နေသည့် ​ကြောင်ဝဝကြီးတစ်​ကောင်လည်း ရှိ​နေသည်။ ထို​ကြောင်​လေးကို လွန်ခဲ့သည့် နှစ်နှစ်က ​မွေးခဲ့ခြင်း ဖြစ်ပြီး လိပ်စိမ်း​လေးဟု အမည်ရသည်။ သူ၏ အချိန်အ​တော်ကြာ ဆု​တောင်းခဲ့ရသည့် ​တောင်းဆုလည်း ပြည့်သွား​လေပြီ။ 


​ကြောင်ဝါ​လေးက ဝဖြိုး​​နေ​လေသည်။ လိပ်စိမ်း​လေးက အမ​လေးဖြစ်သည်။ သူမကို ပထမဆုံးအကြိမ် အိမ်​​ခေါ်လာခဲ့စဥ်က ပိန်ပိန်​သေး​သေး​လေး ဖြစ်ခဲ့​သော်လည်း နှစ်နှစ်ကြာ​သောအခါ ​မ​ပေါ့​ပါးတော့ဘဲ ရှောင်ယန်းယန်လိုပင် ပြည့်အင့်ဝပြဲ​နေခဲ့သည်။ 


သခင်ဖြစ်သူ၏ အကြည့်ကို ခံစားမိသည့်အလား မျက်လုံးဖွင့်လာပြီး "​မြောင်"ဟု ​အော်လာခဲ့သည်။ ထို့​နောက် ပျင်းတိပျင်းရွဲ မျက်လုံး မှိတ်ကာ ဆက်အိပ်​နေလိုက်သည်။


ဝမ်ရူ​ကွေ့ အကြည့်ပြန်ရုတ်လိုက်ရာ နံ​ဘေးတွင် မည်သူမှ မရှိ​ကြောင်း ​တွေ့လိုက်ရသည်။ သူမ၏ မျက်နှာ​လေးကို ငုံ့နမ်းလိုက်​လေသည်။ "မင်းချက်တာ ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တယ်" 


ထိုစကားများ ဆုံးသည်နှင့် စာကြည့်ခန်းထဲမှ ဆူညံသံ​လေးများ ထွက်​ပေါ်လာခဲ့သည်။ 


"​ဖေ​ဖေက ​မေ​မေ့ကို နမ်းလိုက်ပြန်ပြီ..​. ​ဖေ​ဖေက တစ်​နေ့ကို အကြိမ်အများကြီး နမ်း​နေတာ.... ​ဖေ​ဖေက ရှက်စရာကြီး" 


"​ဖေ​ဖေက ရှက်စရာ မဟုတ်ဘူး... ငါနင့်ဖင်ကို ကန်လိုက်မှာ​နော်" 


ဝမ်ရူ​ကွေ့၏ နားရွက်များ ချက်ချင်းဆိုသလို ရဲဆက်သွားပြီး လှမ်းကြည့်လိုက်ရာ သားနှင့်သမီးတို့က တံခါးဝတွင် လဲ​လျောင်း​နေပြီး သူတို့ကို ​ချောင်းကြည့်​နေ​ကြောင်း သိလိုက်ရသည်။ 


အ​ဖေဖြစ်သူ ​လျှောက်လာ​နေသည်ကို မြင်​သောအခါ နှစ်​ယောက်သားက အာ​ခေါင်ခြစ်​အော်ကာ တစ်အိမ်လုံးအနှံ့​ပြေးလွှား​နေ​လေသည်။ 


ထုံရွှယ်လူ ​ခြေဖျား​ထောက်ကာ ပါးကို လှမ်းနမ်းလိုက်ပြီး​နောက် ပြုံးပြလိုက်သည်။ "ဖွဖွ​လေးပဲ ရိုက်​နော်" 


​ပြောပြီး​နောက် မီးဖို​ချောင်ဘက်သို့ ထွက်သွား​လေသည်။ 


ဝမ်ရူ​ကွေ့က သူမထွက်သွားသည်ကို ကြည့်​နေပြီး​နောက် စာကြည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ 


​ရှောင်ယန်းယန်က ဖခင်ဖြစ်သူ ဝင်လာသည်ကို ကြည့်​နေပြီး​နောက် မျက်လုံးများကို လက်​ဖောင်း​ဖောင်း​လေးများဖြင့် ဖုံးထားလိုက်ပြီး နှုတ်ကလည်း တတွတ်တွတ် ရွတ်​နေသည်။ "​ဖေ​ဖေ ငါ့ကို မ​တွေ့ဘူး... ​ဖေ​ဖေ ငါ့ကို မ​တွေ့ဘူး" 


​ရှောင်ရန်ရန်က မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ်ခတ်ကာ အ​ထင်​သေးမှုများ ပြသလိုက်သည်။ "​ကိုကို နင်က တုံးလိုက်တာ... နင့်ကိုယ်နင် သိက္ခာချပြီး လူ​တွေကို ဆွံ့အသွား​အောင် လုပ်​နေတာပဲ"

ရှောင်ယန်းယန်မှာ မတုံးအပါ​ပေ။ သူက တစ်ခုခု အမှားလုပ်မိ​ကြောင်း သိ​နေသဖြင့် ရူးချင်​ယောင်​ဆောင်ကာ ထိုသို့ ပြုမူလိုက်ခြင်းဖြင့် သူ့အ​ဖေ ဆက်မလိုက်​တော့ရန် ​မျှော်လင့်​နေခဲ့သည်။ 


ဝမ်ရူ​ကွေ့က ချစ်စရာ က​လေး​လေးနှစ်​ယောက်ကို ကြည့်ကာ နှုတ်ခမ်း​ထောင့်​များ ​ကော့တက်သွားပြီး သူတို့​ရှေ့မှ စာရွက်များကို ကြည့်လိုက်သည်။ "အားလုံးပြီးသွားပြီလား" 


"ပြီးသွားပါပြီ" 


​မောင်နှမနှစ်​ယောက်က တညီတညွတ်တည်း ပြန်​ဖြေလိုက်ကြသည်။ 


ဝမ်ရူ​​ကွေ့က စာရွက်များကို သိမ်းလိုက်ပြီး​နောက် ခပ်မြန်မြန် ကြည့်လိုက်ရာ နှုတ်ခမ်း​ထောင့်​လေးများက ပို​၍ ကော့တက်သွားခဲ့သည်။ 


ထို​​မေးခွန်းစာရွက်နှစ်ခုမှာ မူလတန်း ပထမနှစ်၏ သင်္ချာနှင့် တရုတ်စာ ​မေးခွန်းများ ဖြစ်ပြီး ​မောင်နှမနှစ်​ယောက်က မှန်ကန်စွာ ​ဖြေဆိုနိုင်ခဲ့ကြသည်။ 


သူတို့ မိသားစုက က​လေးနှစ်​ယောက်ကို မူကြိုပို့ခဲ့​သေး​သော်လည်း ထိုနှစ်​ယောက်က တစ်ရက်တည်းနှင့်ပင် ပျင်းသွားခဲ့ကြသည်။ သူတို့က ဆရာသင်သမျှ စာများအားလုံး သိ​နေပြီးသား ဖြစ်သည်ဟု ဆိုကာ က​လေးများက ငိုရန်နှင့် ရွှံ့ထဲတွင် ကစားရန်သာ သိကြသည်ဟု ဆိုခဲ့ကြသည်။ 


နှစ်​ယောက်သားက ​ကျောင်းသုံးရက်တက်ပြီးနောက် မသွားချင်ကြ​တော့​ပေ။ 


​မောင်နှမနှစ်​ယောက်မှာ ခုနစ်လ ရှစ်လသားကတည်းက သာမန်က​လေးများထက် အိုင်ကျူပိုမြင့်​ကြောင်း ပြသခဲ့ကြသည်။ သူတို့က လျင်မြန်စွာသင်ယူနိုင်သည်။ သူတို့နှင့် ​ဆွေး​နွေးပြီး​နောက် အခြားက​လေးများ၏ လမ်းစဥ်အတိုင်း လိုက်ရန် မလိုဟု ​တွေးခဲ့ကြသည်။ 


ထို့​ကြောင့်ယ​နေ့တွင် နှစ်​ယောက်လုံးအတွက် ပထမတန်း စာ​မေးပွဲကို စစ်​ဆေးခဲ့သည်။ သူတို့သာ စာ​မေးပွဲ​အောင်သွားပါက မူကြိုသို့ သွားစရာ မလို​တော့ဘဲ အိမ်တွင် သူတို့ဘာသာ စာ​လေ့လာနိုင်မည် ဖြစ်သည်။ 


သူတို့ နည်းနည်း​လောက် ပိုကြီးလာပါက ​ဥာဏ်ကြီးရှင်တစ်​ယောက်အ​နေဖြင့် ​ကျောင်းပို့နိုင်မည် ဖြစ်သည်။ လက်ရှိတွင် ငယ်လွန်း​သေးသဖြင့် မည်သည့်​ကျောင်းကမှ သူတို့အား လက်ခံရန် ဆန္ဒမရှိကြ​ပေ။ 


"​ဖေ​ဖေ... သားတို့ အမှတ်ပြည့်ရတယ်မလား" ​ရှောင်ယန်းယန်က ဖခင်ဖြစ်သူကို စပျစ်သီးပုံစံ မျက်လုံး​လေးများဖြင့် ကြည့်လိုက်ပြီး ​ပေါက်စီလုံး​လေးက မျက်နှာထက်တွက် ယုံကြည်မှု အပြည့် ရှိ​နေသည့်ပုံပင်။ 


​ရှောင်ရန်ရန်ကလည်း ​မျှော်လင့်ချက် အပြည့်ဖြင့် ​မော့ကြည့်လာသည်။ 


ဝမ်ရူ​ကွေ့က သမီးဖြစ်သူ၏ ​ခေါင်း​လေးကို ပွတ်​ပေးလိုက်သည်။ "အမှတ်ပြည့်ရတာမို့လို့ ​မူကြိုသွားစရာမလို​တော့ဘူး... ဒါ​ပေမယ့် အိမ်မှာ လိမ်လိမ်မာမာ ​နေရမယ်​နော်... ဘိုးဘိုးက အသက်ကြီး​နေပြီ... သူ့ကို ပင်ပန်း​အောင် မလုပ်ရဘူး" 


​လွန်ခဲ့သည့် နှစ်နှစ်အတွင်း မစ္စတာဝမ်က တဖြည်းဖြည်း မှတ်ဥာဏ် ချွတ်ယွင်းလာခဲ့သည်။ သို့​သော်လည်း သက်​တောင့်သက်သာ ရှိသည့် ဘဝတွင် ​နေရသည့်အပြင် ​စောစီးစွာ ကြိုတင်ကာကွယ်ထားခဲ့သည့်အတွက် ဤဘဝ၌ အယ်လ်ဇိုင်းမား ​ရောဂါကို မခံစားရ​ပေ။ 


"သိပါပြီ ​ဖေ​ဖေ သမီးတို့ လိမ်လိမ်မာမာ ​နေပါ့မယ်"


ထုံရွှယ်လူက ပင်လယ်ကကတစ်ငါး​ပေါင်း၊ ​ကျောက်စိမ်းတိုဖူး၊ ပီယိ ရွှမ်း​ဖေး (အရသာနှစ်မျိုး ဘဲသားလိပ်)၊ အသီးအရွက်​မွှေ​ကြော် တို့ကို ပြုလုပ်ထားပြီး စားပွဲတစ်ခုလုံး ပြည့်​နေသည်။ 


ကကတစ်ငါး​ပေါင်းက ရူ​ကွေ့အကြိုက်ဆုံး ဟင်းဖြစ်ပြီး နူးညံ့အိ​ထွေး​နေကာ အရသာ​လည်း ​​​ပေါ့သည်။သူက ထိုဟင်းကို နှိုက်စား​နေခြင်းဖြစ်သည်။ 


နှစ်နှစ်အတွင်း မစ္စတာဝမ်၏ သွားများက ​ပြောင်းလဲသွားခဲ့ကြပြီး အစာမာများကို ကိုက်မဝါးနိုင်​တော့သဖြင့် ​ကျောက်စိမ်းတိုဖူးကိုသာ အကြိုက်ဆုံး ဖြစ်သည်။   


​ကျောက်စိမ်းတိုဖူး၏ အဓိက ပါဝင်ပစ္စည်းများမှာ တိုဖူးနှင့် ဆလတ်ရွက်ပင်။ ဆလတ်ရွတ်ကို ​ဆေး​ကြောကာ ရှည်​မျော​မျော အ​ချောင်း​လေးများ ဖြစ်​အောင် လှီးရသည်။ တိုဖူးကို အတုံးထူထူလေး တုံးရသည်။ ဆီပူလာ​သောအခါ အနံ့​မွှေး​စေရန် ကြက်သွန်နီ ထည့်၍ ​မွှေ​ကြော် ​ကြော်ရသည်။ ပြီးလျှင် ဆလတ်ရွက်ထဲသို့ ​ရေထည့်ရသည်။ တစ်မိနစ် နှစ်မိနစ်အကြာ တိုဖူးများ ထပ်ထည့်ရသည်။ 


ထိုဟင်းက လုပ်ရမခက်​သော်လည်း အရသာ​ပေါ့ကာ ကျန်းမာ​ရေးနှင့် ညီညွတ်သည့်အတွက် မစ္စတာဝမ်နှင့် ဦး​လေးဇုန်းတို့အတွက် အသင့်​တော်ဆုံးပါပင်။ 


က​လေးနှစ်​ယောက်က ဘဲသားလိပ်များ စားရသည်ကို သ​ဘောအကျဆုံးပါပင်။ 


အရသာနှစ်ထပ် ဘဲသားလိပ်များကို ဘဲ​အ​ရေခွံကင်နှင့် ဥအကာတို့ဖြင့် ​လေး​ထောင့်ရွက်လေးများ လုပ်ပြီး​နောက် ပုစွန်​အနှစ်​၊ ကြက်သွန်မြိတ်နှင့် ပြုတ်ထား​သော ထင်းရှူး​​စေ့များကို အ​ချောင်း​လေးများ ဖြစ်​အောင် လိပ်ကာ ကြက်ဥရည်နှင့် ​ပေါင်မုန့်အကြွပ်သားထဲသို့ နှစ်လိုက်ပြီး တရုတ်နံနံ​စေ့ ဖြူးကာ နှစ်ဖက်လုံးကို ကျပ်တိုက်​ပေးရသည်။ ထ်ု့​နောက် ဆီပူပူတွင် ထည့်​ကြော်ရ​လေသည်။ 


​ကြော်ထား​သော အရသာနှစ်ထပ် ဘဲသားလိပ်များက အထဲတွင် နူးညံ့​နေကာ အပြင်တွင် ကြွပ်ဆတ်​နေသဖြင့် ဝါးလိုက်တိုင်း တကြွပ်ကြွပ် မည်သွား​လေရာ က​လေးနှစ်​ယောက် အကြိုက်ဆုံးဖြစ်သည်။ 


အဘိုးဝမ် ​မေးလိုက်သည်။ "သမီးအဘိုး​ပြောတယ်... ​နောက်တစ်ပတ် အငယ်​လေး​တွေ အိမ်ပြန်လာကြ​တော့မှာဆို" 


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... ကျားမင်က ဒီနှစ်မှာ ဘွဲ့ရ​တော့မှာ​လေ... သူ​​ပြောတာက​တော့ ရှန်းကျန့်မှာ ကုမ္ပဏီ​ထောင်မယ်လို့ ​ပြောတယ်... အဆုံးသတ်ခါနီး​နေပါပြီ" 


​ရှောင်ကျားမင်က လွန်ခဲ့သည့် သုံးနှစ်ကပင် ချင်းဟွာအမျိုးသားတက္ကသိုလ် ​ငွေ​ကြေးစီမံခန့်ခွဲမှု​မေဂျာသို့ ဝင်ခွင့်ရခဲ့ပြီး ​ကျောင်းမှာလည်း အလွန် ထူးချွန်သည်။ 


ယခင်ဘဝကထက်ပင် စီးပွား​ရေး၌ ပါရမီပါသည်ကို ပြသခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူ့ကို အိမ်မှ ​ငွေ​ပေးစရာ မလို​တော့ဘဲ အိမ်ကို အချိန်နှင့်အမျှ ​ငွေပြန်ယူလာတတ်​သေးသည်။ 


ထုံကျားရှင်းက ​လေ​ကြောင်း တပ်မ​တော် တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ပြီး စစ်တပ်ထဲသို့ ဝင်​ရောက်ရန် အစီအစဥ် ရှိ​နေကာ ​နောက်ပိုင်းတွင် နိုင်ငံ​ရေးလမ်း​ကြောင်း​​ပေါ် ​လျှောက်လှမ်းမည် ဖြစ်သည်။ 


အဘိုး သူ့ကို စစ်တပ်ထဲသို့ ​ခေါ်သွားခဲ့စဥ်က သူသ​ဘောကျလိမ့်မည် မဟုတ် သို့မဟုတ် သူဒဏ်ခံနိုင်မည် မဟုတ်ဟု လူတိုင်း ​တွေးခဲ့ကြသည်။ မထင်မှတ်ထားစွာပင် ခံနိုင်ရည် ရှိခဲ့ရုံသာမက အမျိုးမျိုး​သော ​​လေ့ကျင့်မှုများ၌ ရလဒ်​ကောင်းများ ရရှိခဲ့သည်။ 


ထုံကျားရှင်းက ယခင်ဘဝတွင် ဖက်ရှင်ဒီဇိုင်နာတစ်​ယောက် ဖြစ်ခဲ့သည်။ ယခုတွင် သူ့ဘဝက မျက်လှည့်ဆန်ဆန် ​ပြောင်းလဲသွားခဲ့​လေပြီ။ ယခင်ဘဝက ဇနီးဖြစ်သူနှင့် ​တွေ့ပါဦးမည်လားဟုလည်း ထုံရွှယ်လူ ​တွေးမိ​သေးသည်။ 


အဆုံးတွင် ထုံကျားရှင်းက ယခင်ဘဝ၌ ဇနီးဖြစ်သူ၏ ​သေဆုံးမှုကို ​နောင်တရခဲ့ပြီး တစ်ဘဝလုံးတွင် နာကျင်မှုများဖြင့် ရှင်သန်သွားခဲ့ရ​လေသည်။ 


​ရှောင်းမျန်မျန်က လွန်ခဲ့သည့် သုံးနှစ်က ဒါရိုက်တာဟွမ်၏ တီဗီစီးရီးတွင် ပါဝင်ခဲ့ပြီး ချက်ချင်းဆိုသလို ထွန်း​ပေါက်သွားသည်။ သူမက နိုင်ငံတစ်ဝှမ်း နာမည်ကြီးလာခဲ့ပြီး တိုင်းပြည်ထဲရှိ လူတိုင်း သိကြသည့် က​လေးသရုပ်​ဆောင် ကြွယ်ပွင့်တစ်​ယောက် ဖြစ်လာသည်။ 


​ရေပန်းအစားဆုံးအချိန်များ၌ လမ်း​ပေါင်းများစွာထက် သူမ၏ ပုံ​များကို ​တွေ့ရမည် ဖြစ်ပြီး အိမ်ထဲရှိ တီဗီများအားလုံးတွင် သူမ ပါဝင် သရုပ်​ဆောင်ထားသည့် တီဗီစီးရီးများကို ကြည့်ရှုတတ်ကြသည်။ 


သူမက တီဗီစီးရီးများ၏ ဇာတ်ဝင်​တေးကိုပါ သီဆိုခဲ့ပြီး သုံးနှစ်က​လေးများပင် လိုက်ဆိုကြ​ပေသည်။ 


​ရှောင်ရန်ရန်​လေးက မျက်လုံးရွဲကြီးများ တဖျတ်ဖျတ် ခတ်ကာ ​​ပြောလိုက်သည်။ "ရန်ရန်က ​အန်တီ​လေးကို လွမ်း​နေတာ" 


​ရှောင်ရန်ရန်က ​အေးစက်စက် ​နေတတ်​သော်ငြား လှပပြီး သရုပ်​ဆောင်​ကောင်းသည့် အ​ဒေါ်ဖြစ်သူ ​ရှောင်းမျန်မျန်ကို ​လေးစားသည်။ 


​ရှောင်ယန်းယန်မှာ စကား​ပြောရန် အချိန်မရှိဘဲ ဘဲသားလိပ်များကို ဗိုက်က​လေး ​ဖောင်းကားလာသည်အထိ တစ်လိပ်ပြီးတစ်လိပ် ကိုက်ပြီးရင်း ကိုက်စား​နေသည်။ 


အ​မေဖြစ်သူကို ​​ပေးခဲ့သည့် ဝိတ်ချမည်ဟူ​သော ကတိကိုလည်း ​မေ့သွားခဲ့​လေပြီ။ 


ထိုအချင်းအရာကို မြင်​သောအခါ ထုံရွှယ်လူက ဘဲသားလိပ်များကို ​ဘေးဖယ်ထားလိုက်ပြီး သူ့ကို ထပ်စားခွင့်မပြု​တော့​ပေ။ 


ဝခြင်းက အ​ကြောင်း မဟုတ်​သော်လည်း အစားများခြင်းက ကျန်းမာ​ရေးအတွက် မ​ကောင်း​ပေ။


​ရှောင်ယန်းယန် နှုတ်ခမ်းဆူလိုက်သည်။ "​မေ​မေ... သားတစ်ခု​လေး ထပ်စားချင်တုန်းပဲ... တစ်ခု​လေးပဲ​နော်" 


​ပေါက်ဆီလုံး​လေး၏ မျက်နှာက မတရားခံရသလို ဖြစ်​နေပြီး မျက်လုံး​လေးများက နီရဲလာသဖြင့် အလွန် သနားစရာ ​ကောင်း​နေ​ပေသည်။ 


အဘိုးဝမ်မှာ ထိုမျက်နှာ​လေးကို မျက်နှာလွဲရန် ခံနိုင်ရည် မရှိခဲ့​ပေ။ "ရွှယ်လူ စားခိုင်းလိုက်ပါ... က​လေး ဘယ်​လောက်​တောင် ပိန်​နေလဲ ကြည့်ပါဦး" 


ထုံရွှယ်လူ: "..." 


ဝမ်ရူ​ကွေ့: "..." 


ဒီလို ပိန်နည်းမျိုးလည်း ရှိ​သေးတာလား... အဘိုးက ဒါကို ပိန်တယ်လို့ ထင်​နေတယ်​ပေါ့​လေ... 


**