အပိုင်း၃၅၉
Viewers 67k

🍵Chapter 359



အထက်မှ ​ခေါင်း​ဆောင်များ စီစဥ်​ပေး​သော ဌာနသို့ သွားရခြင်းက သူတို့​ပြောနိုင်သည့်အရာ မဟုတ်သဖြင့် သုံး​ယောက်သားက မကြာခင် စကားလမ်း​ကြောင်း ​ပြောင်းလိုက်ကြသည်။ 


ကျိုးရန်က ဖားယားသည့် အပြုံး​လေးတစ်ခုဖြင့် ​ပြောလိုက်သည်။ "ရူ​​ကွေ့ မင်းရဲ့ မိန်းမနဲ့ ငါ့မိန်းမက တစ်​နေ့တည်းမှာ ကိုယ်ဝန်ရှိတဲ့အ​ကြောင်း သိခဲ့ရတာ​လေ... ပြီး​တော့ ငါ့သားနဲ့ မင်းရဲ့သားသမီး​တွေက တစ်​နေ့တည်း ​မွေးခဲ့တာ... ဒါ ​ရေစက်ပါတယ်လို့ မထင်ဘူးလား" 


ဝမ်ရူ​ကွေ့ သူ့ကို မလှုပ်မယှက် ကြည့်လိုက်ပြီး စကားလုံးငါးလုံးကို မရယ်မပြုံးဘဲ ​ပြောလိုက်သည်။ "စဥ်း​တောင် မစဥ်းစားနဲ့" 


ကျိုးရန် ချက်ချင်း ​ပေါက်ကွဲထွက်သွားတော့သည်။ "ဘာလို့ ဒီလို ​လုပ်​နေတာလဲ... ငါ့စကား​တောင် ဆုံး​​​အောင် မ​ပြောရ​သေးဘူး... တန်းငြင်း​နေရတာက... မင်းအတွက် မ​ကောင်းလို့လား" 


ဝမ်ရူ​ကွေ့က ပြန်မ​ဖြေဘဲ ဟွမ်ချီမင် ​လှောင်ရီလိုက်သည်။ "ငါတို့သိလာတာ နှစ်​တွေအများကြီး ကြာ​နေပြီ... မင်းဖင်ကြွလိုက်တာနဲ့ အီး​ပေါက်​တော့မယ်ဆိုတာ သိ​နေတာ... မင်းက ဒီ​လောက်ထိ ဥာဏ်​ပညာကြီးမားမှ​တော့ မင်းဘာ​ပြောချင်လဲ​ဆိုတာ ငါတို့မသိဘဲ ​နေပါ့မလား" 


ဝမ်ရူ​ကွေ့: "..." 


ကျိုးရန်: "မင်းက စကား​ကောင်း​လေး ဝင်​ပြောပြီး ဖားယားလို့ ရတယ်ထင်မ​နေနဲ့... မင်းက ရူ​ကွေ့ကို ဖား​ပြီး ရန်ရန်​လေးကို ​ချွေးမ​တော်ဖို့ ကြိုးစား​နေတာမလား... ငါ့မှာသားတစ်​ယောက်ပဲ ရှိတာ... အနာဂါတ်မှာ ငါတို့ လင်မယား ပိုင်တဲ့ ပစ္စည်း​တွေအားလုံး သူ့ဆီ ​ရောက်သွားမှာပဲ... မင်းနဲ့​တော့ မတူဘူး​လေ... မင်းက သားနှစ်​ယောက် ရှိ​တော့ တစ်ဝက်စီ ခွဲ​ပေးရမှာ...

ရူ​ကွေ့က ဥာဏ်​ကောင်းပြီးသား... ငါ့သားကို ​ရွေးရင် ပိုပြီး အကျိုးရှိတယ်ဆိုတာ သိတယ်" 


ဝမ်ရူ​ကွေ့: "..."


ဟွမ်ချီမင်: "ချီး​ပေ​ကောင်... သူ့စကားကို သွားနားမ​ထောင်နဲ့​နော်... ငါ့မှာ သားနှစ်​ယောက် ရှိ​ပေမယ့် ရန်ရန်​လေးသာ တစ်​ယောက်​ကို ​ရွေးလိုက်ရင် ရှိသမျှ စည်းစိမ်အားလုံး အဲ့ဒီသားကိုပဲ အကုန်​ပေးလိုက်မှာ... ကျန်တဲ့တစ်​ယောက်ကို ဘာမှ မ​ပေး​တော့ဘူး" 


ကျိုးရန်: "..." 


ဒီလို တိုက်ခိုက်​နေစရာ လို​သေးလို့လား... 


ဝမ်ရူ​ကွေ့က ထိုနှစ်​ယောက်ကို ကြည့်ကာ ​ပြောလိုက်သည်။ "မင်းတို့သား​တွေကို တစ်​ယောက်မှ မ​ရွေးဘူး" 


​ရှောင်ရန်ရန်​လေးက သုံးနှစ်ပဲ ရှိ​သေးတာကို... ​အဲ့ဒီနှစ်​ကောင်က ​အသည်းအသန်ချွေးမ​တော်ချင်​နေပြီ... ငါ့သမီးကို သူတို့နဲ့ ​ဝေး​ဝေးမှာ ထားမှဖြစ်မယ်... ဒင်းတို့​တွေ အိမ်မက်ပဲ မက်​နေလိုက်...


ဝမ်ရူ​ကွေ့ ထွက်သွားသည်ကို မြင်​သောအခါ ကျိုးရန်နှင့် ဟွမ်ချီမင်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး အတူတူ သက်ပြင်းချလိုက်ကြသည်။ 


ဝမ်ရူကွေ့ကို ထိုမျှ​လောက် ဆွဲ​ခေါ်​နေရခြင်းမှာ ချစ်စရာသမီး​လေး ရှိသည့်အတွက်​ကြောင့်တင် မဟုတ်​ပေ။ 


အမှန်တွင် နှစ်​ယောက်သားက သူတို့၏ ဇနီးများကို သမီးတစ်​ယောက် ​ထပ်မွေး​စေချင်ခဲ့ကြ​သော်လည်း ထိုအစီအစဥ်မှာ အ​ပြောင်းအလဲများ​ကြောင့် အလုပ်မဖြစ်ခဲ့​ပေ။ 


အစိုးရဘက်မှ မနှစ်ကစ၍ မိသားစုအ​ရေအတွက်ကန့်သတ်သည့်  အစီအစဥ်ကို စတင်​ဆောင်ရွက်​နေပြီဖြစ်၍ က​လေးထပ်ယူရန် အခွင့်အ​ရေး မရှိ​​တော့​ပေ။ 


သူတို့အတွက် ချစ်စရာ ​ကောင်းတဲ့သမီး​လေးဆိုတာ ရှိလာမှာ မဟုတ်​တော့ဘူး... 


🍵

​နောက်တစ်ရက်တွင် ထုံရွှယ်လူက စီစဥ်ထားသည့်အတိုင်း ကျန်းပိုင်​ဟွေ့နှင့် လျန်ထျန်းယိကို သွားကြို​ပေးရန် ကျန်းကျွင်းလိကို လွှတ်​လိုက်သည်။ 


အ​ကြောင်းတစ်ခုအရ သူတို့က အစိုးရဘက်မှ ​အ​ခိုင်အမာ ထောက်ပံ့​ပေးထားသည့်  ပညာ​တော်သင်များဖြစ်၍ သူတို့မသွားလျှင်ပင် သက်ဆိုင်ရာဌာနများက သူတို့ကို သွားကြို​ပေးရန် လူလွှတ်​ပေးကြ​မည် ဖြစ်သည်။ 


ယ​နေ့တွင် သူမက ရှန်းကျန့်မှ အကြီးစား ​ဖောက်သည်တစ်​ယောက် ရရှိခဲ့ပြီး ​ဆေးအရက် ​ကော်ပို​ရေးရှင်းအ​ကြောင်း ​​ဆွေး​နွေးကြမည် ဖြစ်သည်။ 


ကျန်းဟွာကျယ်က ရှန်းကျန့်​ရွေ့ဖုန်း ကူးသန်း​ရောင်းဝယ်​ရေး ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး ဤတစ်ကြိမ်၌ လူကိုယ်တိုင် လာ​ရောက်မည်ပင်။ 


သူ မလာခင်က လန်ထင်း​ဆေးအရက်၏ ပိုင်ရှင်က ထိုမျှ​လောက်ထိ ငယ်ရွယ်​နေဦးမည် မဆိုထားနှင့် ထိုမျှ​လောက် ​ချော​မောလှပမည်ဟု မထင်ထားခဲ့​ပေ။ 


ထိုအချိန်တွင် သူက ထုံရွှယ်လူကို အံ့အားသင့်​နေ​သော မျက်လုံးများဖြင့် ကြည့်လာသည်။ "သူ​ဌေးထုံ... ကျွန်​​တော်က​တော့ ရွှံ့​တွေ​တောင် မမြင်ဘူး" 


ကျန်းဟွာကျယ်က စကားပြန်တစ်​​ယောက် ​ခေါ်လာခဲ့သည်။ သူ ယခင်က မန်ဒရင်းကို တစ်ခွန်းမှ မ​ပြောချင်ခဲ့​ပေ။ ယခုတွင် ထုံရွှယ်လူကို ​တွေ့လိုက်ရသည့်အခါ စကားပြန်ကို​မေ့သွားပြီး ပလပ်စတစ်ပူပူ မန်ဒရင်းကို ​ပြောမိသွားသည်။ 


ထုံရွှယ်လူက သူ့ကို လက်ဆွဲနှုတ်ဆက်ကာ အင်္ဂလိပ်စကားဖြင့် ​ပြောလိုက်သည်။ "ဟယ်လို ဥက္ကဌကျန်း... ​တွေ့ရတာ ဝမ်းသာပါတယ်... မန်ဒရင်းစကား မ​ပြောချင်ရင် အင်္ဂလိပ်လို ​ပြောပြီး ဆက်သွယ်လို့ ရပါတယ်" 


ပြောပြီး​နောက် လက်ပြန်ရုတ်လိုက်သည်။ 


ကျန်းဟွာကျယ် အလွန်အံ့အားသင့်သွားသည်။ "မင်းတို့လို ပြည်မကြီးကလူ​တွေက အင်္ဂလိပ်စကား မ​ပြောတတ်​လောက်ဘူးလို့ ထင်ထားတာ" 


သူ​ပြော၍ မဆုံးခင်မှာပင် ထုံရွှယ်လူ ​ဖြတ်​ပြောလိုက်သည်။ "ရှန်းကျန့်က တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ... ပြီးရင် 1997မှာ ပြည်မကြီးနဲ့ ပြန်လည်​ပေါင်းစည်းလိမ့်မယ်... ပြီး​တော့ ကျွန်မတို့ ပြည်မကြီးကလူ​တွေက အင်္ဂလိပ်စကား ​ပြောတတ်ရုံတင်မကဘူး... ဒုံးကျည်နဲ့ နျူကလီးယားလက်နက်​တွေကိုပါ တိုးတက်​အောင် လုပ်​ဆောင်​နေပါပြီ... အစိုးရဘက်က ပထမဆုံး လူလုပ်ဂြိုလ်တုတစ်ခုကို လွန်ခဲ့တဲ့ နှစ်​တွေက ​အောင်​​အောင်မြင်မြင် လွှတ်တင်ခဲ့တယ်... တရုတ်က အတိတ်ကို ချန်လှပ်ထားပြီး တိုးတက်မှု​တွေ အဆက်မပြတ် လုပ်​ဆောင်​နေတာပါ" 


"သူ​ဌေးကျန်းအ​နေနဲ့ အသိပညာ​တွေ တိုးတက်​အောင် လုပ်သင့်တယ်... မဟုတ်ရင် လူ​တွေက ​ရှင့်ကို ရေတွင်းထဲက ဖားလို့ ထင်သွားကြလိမ့်မယ်" 


1980နှင့် 1990 ​နှောင်းပိုင်းကာလများတွင် တရုတ်ပြည်ကြီးက ရှန်းကျန့်နှင့် စီးပွား​ရေး ပူး​ပေါင်းလုပ်​ဆောင်မှုများ လုပ်​ဆောင်ခဲ့သည့်အခါ ရှန်းကျန့်မှ လူများက သာလွန်မြင့်မြတ်သည့်ဟန်များ လုပ်​လေ့ရှိကြသည်။ သူတို့က ပြည်မကြီးသားများအ​ပေါ် အထင်​သေးနှိမ့်ချကြ​သော်လည်း ပြည်မကြီးသားများထံမှလည်း အကျိုးအမြတ် ရယူလိုကြ​သေးသညိ။ 


အချို့​သော ပြည်မကြီးသားများက ​ငွေမျက်နှာ​ကြောင့် နှိမ့်ချတတ်ကြပြီး ​ငွေရနိုင်လျှင်ပင် အထင်​သေးခံရသည့်အတွက် စိတ်ထဲမထည့်​တတ်ကြ​သော်လည်း ထုံရွှယ်လူက ထိုသို့လုပ်မည် မဟုတ်​ပေ။ 


အ​ရောင်းအဝယ်ကိစ္စကြီး ဖြစ်ခဲ့လျှင်ပင် ထိုသူနှင့် ပူး​ပေါင်း​ဆောင်ရွက်မည် မဟုတ်​​ပေ။ ကမ္ဘာကြီးက ကျယ်​ပြောသဖြင့် လူများအား ​လေးစားတတ်သည့် လူတစ်​ယောက်ကို အမြဲတမ်း ရှာ​တွေ့နိုင်​ပေမည်။ 


​လေထုက စက္ကန့်အနည်းငယ်​လောက်ထိ တိတ်​ဆိတ်သွား​လေသည်။ 


ရုံးခန်းထဲမှ ဝန်ထမ်းများမှာ ထုံရွှယ်လူ​​လောက် အင်္ဂလိပ်စကား ​​ကောင်း​ကောင်း မ​ပြောတတ်ကြ​ပေ။ ထုံရွှယ်လူ ​ပြောသည့်စကားကို နားမလည်​သော်ငြား ​အ​ခြေအ​နေမဟန်သည်ကို ခံစားမိနိုင်ကြသည်။ 


လူတိုင်းက ကျန်းဟွာကျယ် စိတ်​ဆိုးသွား​တော့မည်ဟု ​တွေး​နေစဥ်မှာပင် သူ​ခေါင်း​မော့လာပြီး ရယ်​မောလိုက်သည်ကို ​တွေ့လိုက်ကြရသည်။ 


"သူ​ဌေးထုံက အမျိုးသမီးလုပ်ငန်းရှင်​တွေရဲ့ သူရဲ​ကောင်းလို့ ​ခေါ်ဖို့ ထိုက်တန်ပါတယ်... ခုနက ကျွန်​တော် စကား​ပြောမှားသွားတယ်... မင်းနဲ့ ပြည်မကြီးကလူအားလုံးကို ​တောင်းပန်ပါရ​စေ" 


ထုံရွှယ်လူ: "ရှင်​တောင်းပန်တာကို လက်ခံပါတယ်... မစ္စတာကျန်း... ထိုင်ပါဦး" 


ထို့နောက် သူတို့က ပူး​ပေါင်း​ဆောင်ရွက်မည့် ပ​ရောဂျက်များအ​ပေါ် စတင်​ဆွေး​နွေးခဲ့ကြသည်။ 


ကျန်းဟွာကျယ်က လိမ္မာပါးနပ်ပြီး လုပ်ရည်ကိုင်ရည် ရှိသည့် စီးပွား​ရေးသမားတစ်​ယောက် ဖြစ်သဖြင့် သူတို့အတွက် အကျိုးအမြတ်များစွာ ​​တောင်း​​ဆိုလာခဲ့သည်။ 


သူတို့သာ အခြား​သောလူများ ဖြစ်ပါက ပူး​ပေါင်း​ဆောင်ရွက်မှု ​အောင်မြင်​စေရန် အကုန် လိုက်​လျော​ပေးမည်ဖြစ်သည်။ 


သို့​သော်လည်း ထုံရွှယ်လူအတွက်​ မရနိုင်​​ပေ။ သူမက သူမအတွက် တိုက်ခိုက်​မည် ဖြစ်သည်။ 


သူမက ကိုယ်တိုင်ထုတ် ​ဆေးအရက်များနှင့် ​နောင်တွင် ရှိလာမည့် ​​​စျေး​ရောင်းချန်နယ်များကိုအသုံးပြုထားသည်။ အတိုချုံ့​ပြောရလျှင် ကျန်းဟွာကျယ်ကို ​ပြောပြသည့် အချက်အလက်များ အစီအစဥ်များက သူမနှင့် မပူး​ပေါင်းလျှင် ဆုံးရှုံးရမည့်သူမှာ သူဖြစ်သွားမည့်အ​ကြောင်း ​ပြောပြ​နေခြင်း ဖြစ်သည်။ 


ထုံရွှယ်လူက ကျန်းဟွာကျယ်ကဲ့သို့ ​ဖောက်သည်ကြီးကို ဆုံးရှုံးသွားပြီး​နောက် ကုမ္ပဏီဘက်မှ ​အော်ဒါများ မရ​တော့မည့်အ​ပေါ် စိတ်မပူ​ပေ။တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်​​နေပြီး ပြည်တွင်းနှင့် ပြည်​ပ​စျေးကွက်များက ဆယ်စုနှစ်အနည်းငယ်အတွင်း အရှိန်အဟုန်မြင့် တိုးတက်လာမည် ဖြစ်သည်။ 


သူမက ​နောက်ပိုင်းဖွံ့ဖြိုး​ရေးစီး​ကြောင်းများကို သိ​နေပြီး ​​စျေးကွက်ချန်နယ်များစွာနှင့်လည်း ရင်းနှီး​နေကာ ထိုကဲ့သို့ ​ရွှေလက်​ချောင်းကြီး ရှိ​နေသည့်အတွက် မည်သူ့ကိုမှ ​မြှောက်ပင့်ဖားယားလိမ့်မည် မဟုတ်​​ပေ။ 


ကျန်းဟွာကျယ်ကို အဆုံးတွင် လက်ခံသိမ်းသွင်းနိုင်ခဲ့သည်။ 


​​ဆွေး​နွေးမှုမလုပ်ခင်က ထုံရွှယ်လူကို အလှပန်းအိုးတစ်လုံးမျှသာ ဖြစ်သည်ဟု ​တွေးခဲ့သည်။ သူမ၏ အသိပညာ၊ အ​ပြောအဆိုနှင့် စီးပွား​ရေးနည်းလမ်းများက သူ့ထက် မနိမ့်ကျပါ​ပေ။ 


ထို့အပြင် ဤတစ်ကြိမ် မလာခင်ကလည်း စုံစမ်းမှုများ ပြုလုပ်ထားသည်။ လန်တင်း​ဆေးအရက်က ​စျေးကွက်ထဲရှိ ​​ဆေးအရက်များထက် အကျိုးသက်​ရောက်မှု​ကော အရည်အ​သွေးပါ ပို​ကောင်း​နေသည်။  


ရှန်းကျန့်သားများက များစွာ​သော ဖြည့်စွက်စာများနှင့် ​ဆေးအရက်များအ​ပေါ် အမြဲတ​စေ နှစ်ခြိုက်ကြသည်။ ဤ​ဆေးအရက်သာ ရှန်းကျန့်​စျေးကွက်သို့ ​ရောက်လာပါက ​သေချာ​ပေါက် ​ကျော်ကြားလာ​ပေလိမ့်မည်။ 


တစ်ဖက်လူက ​ဖောက်သည်ဆုံးရှုံးမည်ကို အမှန်ပင် ဂရုမထား​ကြောင်း ​တွေ့လိုက်ရသည့်အခါ ကျန်းဟွာကျယ်တစ်​ယောက် အဆုံးတွင် သူမ၏ အစီအစဥ်ကို လက်ခံလိုက်ရ​တော့သည်။ 


ကံ​ကောင်း​ထောက်မစွာဖြင့် ဤအစီအစဥ်မှ ​မြောက်များစွာ ဆုံးရှုံးမည် မဟုတ်​သော်လည်း အမြတ်အများကြီး မရှိ​​ပေ။ 


စာချုပ်ကိစ္စများ ​ဆွေး​နွေးပြီး​နောက် ကျန်းဟွာကျယ် ပြုံး၍ ​ပြောလိုက်သည်။ "သူ​ဌေးထုံက ဒီ​လောက် ငယ်ရွယ်ပြီး လှပတာ ရှန်းကျန့်မှာ သရုပ်​ဆောင်လုပ်ဖို့ စိတ်ဝင်စားလားလို့ ​မေးချင်ပါတယ်... ရှန်းကျန့်မှာ သရုပ်​ဆောင်လုပ်တာက စီးပွား​ရေး လုပ်တာထက် အများကြီး ​ငွေပိုရှာနိုင်တယ်" 


ထုံရွှယ်လူက စိတ်ထဲတွင် မျက်လုံးလှိမ့်လိုက်ပြီး​နောက် အိ​​န္ဒြေရရ အပြုံ​လေးတစ်ခုဖြင့် ငြင်းဆိုလိုက်သည်။ "ကျွန်မက သရုပ်​ဆောင် လုပ်ဖို့ စိတ်မဝင်စားပါဘူး... ကျွန်မ​ယောကျ်ားနဲ့ က​လေး​တွေလည်း ​ပေကျင်းမှာ ရှိ​နေကြ​တော့ သူတို့ကို ထားခဲ့လို့ မဖြစ်ဘူး​လေ" 


အ​တွေ့အကြုံ မရှိတဲ့ မိန်းက​လေး​တွေ​​လောက်ပဲ ကျန်းဟွာကျယ် လှည့်ဖြားလို့ရမယ်... သူမက အချိန်ကူး​ပြောင်းလာသူပဲ​လေ... 


1980​ပြည့်နှစ်များမှ ရှန်းကျန့် ကြယ်ပွင့်များမှာ လွန်စွာလှပကြ​သော်လည်း လွတ်လပ်မှုမရှိကြ​ပေ။ ထို့အပြင် ​နောက်ပိုင်းမျိုးဆက်များ၏ ဆယ်လီများ အိုင်​​​ဒေါလ်များ​လောက် ​ဝင်ငွေမရကြ။ 


ကျန်းဟွာကျယ်က ထိုစကားကို ကြား​သောအခါ ထိတ်လန့်သွားပြီး ပါးစပ်​ဟောင်း​လောင်း ဖြစ်သွားသည်။ 


"သူ​ဌေးထုံက လက်ထပ်ပြီးသွားပြီလား" 


က​လေးရှိတယ်ဆိုရင် ဘာလို့ မ​တွေ့ရတာလဲ... 


ထုံရွှယ်လူ ​ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်မလက်ထပ်ထားတာ နှစ်နည်းနည်း​လောက် ရှိပြီ... သားနဲ့ သမီးက သုံးနှစ်ပြည့်သွားပြီ​လေ.. ကံ​ကောင်းချင်​တော့ သူတို့အ​ဖေရဲ့ အဘိုးနဲ့ ကျွန်မအဘိုးက စစ်တပ်က အငြိမ်းစား ယူထားကြ​တော့ သူတို့ကို ထိန်း​ပေးနိုင်ကြတယ်... ဒါ​​ကြောင့် ကျွန်မလည်း အပြင်ထွက်ပြီး စီးပွား​ရေး လုပ်နိုင်တာ​ပေါ့" 


ကျန်းဟွာကျယ် သိလိုစိတ်အပြည့်ဖြင့် ​မေးလိုက်သည်။ "က​လေး​တွေ အဘိုးနဲ့ မင်းအဘိုးက အရင်တုန်းက စစ်တပ်မှာ ဘာအလုပ်လုပ်ခဲ့ကြတာလဲ" 


ထုံရွှယ်လူက မတုန်မလှုပ်ဖြင့် ပြန်​ဖြေလိုက်သည်။ "တိုင်းပြည်အတွက် အမှုထမ်းခဲ့တဲ့ သာမန်စစ်သား​တွေပါပဲ" 


ထိုစကားကို ကျန်းဟွာကျယ် ကြား​သောအခါ ထူးမခြားနားပုံစံ ဖြစ်သွားသည်။ ဖြစ်ချင်​တော့ သာမန်စစ်သား​တွေပဲကိုး... 


ထိုအခိုက် ထုံရွှယ်လူက သက်ပြင်းချကာ ​ပြောလိုက်သည်။ "ဗိုလ်မှုးရာထူး​ပဲလေ... သာမန်ပါ​ပဲ... ​ပြောပ​​လောက်စရာ မဟုတ်ပါဘူး" 


ကျန်းဟွာကျယ်: "..." 


အရမ်း အရမ်းကို သာမန်ကျတဲ့ ဗိုလ်မှူးရာထူး​ပေါ့​လေ... 


ထုံရွှယ်လူက ဗာဆိုင်း လက်တစ်ဆုပ်စာ ပြလိုက်ရုံဖြင့် ကျန်းဟွာကျယ်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်သွားသည်။ 


[T/N ပြင်သစ်နိုင်ငံရဲ့ဗာဆိုင်းနန်း​တော်ပါ... လူချမ်းသာ ရာထူးကြီးပုဂ္ဂိုလ်​တွေ ကိန်းကြီးခမ်းကြီးနိုင်တာမျိုးမှာ သုံးတတ်တဲ့ စကားပါ] 


ကျန်းဟွာကျယ်မှာ ယခင်က ​အထက်စီးဆန်သည့် ပုံစံ ရှိခဲ့​သော်လည်း ထိုစကားကို ကြားပြီး​​နောက်တွင် ထုံရွှယ်လူအ​ပေါ် သ​ဘောထားများက အ​တော်​လေး ​လေး​လေးစားစား ဖြစ်သွားသည်။ 


** 


ထုံရွှယ်လူက ယွမ်သုံးသိန်းတန် ​အ​ရောင်းအဝယ် အော်ဒါကြီးတစ်ခုကို ​ပြောဆို​နေချိန်တွင် ကျန်းပိုင်​​ဟွေ့နှင့် လျန်ထျန်းယိတို့က ​လေဆိပ်တွင် ​ရောက်​နေကာ အဆုံးတွင် အမိ​​​မြေသို့ ပြန်​ရောက်လာခဲ့သည်။ 


ကျန်းပိုင်​ဟွေ့က ခရီး​ဆောင်အိတ်ကို ဆွဲကာ အဖြူ​ရောင် ဝတ်စုံ​လေး ဝတ်ဆင်ထားပြီး ​နေကာမျက်မှန်တပ်လျက် ဆံပင်များ ဝဲပျံကာဖြင့် ထွက်​ပေါက် ရှိရာသို့ ​လျှောက်လာခဲ့သည်။ 


လျန်ထျန်းယိက အနက်​ရောင် အ​နောက်တိုင်း ဝတ်စုံ ဝတ်​ဆင်ထားပြီး တိုင်းပြည်မှ ထွက်သွားစဥ်က ပုံစံနှင့် လုံးဝကွဲပြား​နေသည်။


ကျန်းကျွင်းလိက လက်ထဲတွင် ကတ်ပြားတစ်ခုကိုင်ထားပြီး သူတို့ထွက်လာ​သောအခါ သူ့ဆီ​ရောက်မလာခင်အထိ မမှတ်မိလုနီးပါး ဖြစ်သွားသည်။ 


ထိုမှသာ တွန့်ဆုတ်ဆုတ်ဖြင့် ​ခေါ်လိုက်သည်။ "ပိုင်​ဟွေ့... ဝမ်းကွဲပိုင်​ဟွေ့လား..." 


ကျန်းပိုင်​ဟွေ့က ​နေကာမျက်မှန်ကို ဆွဲချွတ်ကာ ​ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ "နင် တစ်​ယောက်တည်းပဲလား" 


ကျန်းကျွင်းလိ ​ခေါင်းငြိမ့်ပြလိုက်သည်။ "သူ​ဌေးထုံက ဒီ​နေ့ အ​ရေးကြီးတဲ့ ​ဖောက်သည်နဲ့ ​တွေ့ရမှာမို့ မလာနိုင်ဘူး... ဒါ​ပေမယ့် ကျွန်​တော် တစ်​ယောက်တည်း မဟုတ်ပါဘူး... အစ်မကျင်းယွမ်လည်း ကြိုဖို့ လူလွှတ်လိုက်​သေးတယ်... အပြင်မှာ ကား​စောင့်​​နေတယ်" 


ကျန်းပိုင်​ဟွေ့၏ မျက်နှာထက် မ​ပျော်ရွှင်မှုများ ဖြတ်​ပြေးသွား​သော်လည်း အ​ပေါ်ယံတွင် ပြုံးပြလိုက်သည်။ "သူ​ဌေးထုံဆို​တော့... နင်​ပြောတာ ရွှယ်လူလား... ငါတကယ်​တောင်းပန်ပါတယ်... မ​နေ့က မ​တော်တဆတစ်ခု ဖြစ်သွားတယ်... သူတို့ကို အ​ကြောင်းကြားဖို့ ​မေ့သွားလို့... ရွှယ်လူ စိတ်ဆိုးမ​နေပါဘူး​နော်" 


ကျန်းကျွင်းလိ ​ခေါင်းခါပြလိုက်သည်။ "ဒါ​တော့ ကျွန်​တော်လည်း မသိဘူး.... ဒါ​ပေမယ့် ​သူဌေးထုံက စိတ်ရင်း​ကောင်းတဲ့သူပါ... ဒါကို စိတ်ထဲမထား​လောက်ပါဘူး" 


ကျန်းပိုင်​ဟွေ့က လက်ထဲမှ ခရီး​ဆောင်အိတ်ကို တွန်း​ပေးလိုက်သည်။ "​ကောင်းတာ​ပေါ့... ကားက အပြင်မှာမလား... မြန်မြန် သွားရ​အောင်... ငါတကယ် ပင်ပန်း​နေပြီ" 


ကျန်းကျွင်းလိက သူမ၏ ခရီး​ဆောင်အိတ်နှင့် လက်ဆွဲအိတ်ကို ယူကာ လက်တစ်ဖက်တွင် ကတ်ပြားကို ကိုင်၍ အလျင်အမြန် လိုက်လာခဲ့သည်။ 


လျန်ထျန်းယိက မည်သည့်အရာများ စဥ်းစား​နေသည်ကို မသိရ​ပေ။ သူ့မျက်နှာက အလွန်​လေးနက်​နေပြီး မျက်နှာအမူအယာများကလည်း တင်းမာ​နေသည်။ ထွက်​ပေါက်မှ ထွက်လာသည်အထိ အသံတစ်သံမှ မထွက်ခဲ့​ပေ။ သူက ကျန်းကျွင်းလိကို မြင်သည့်အခါမှသာ ​ခေါင်းငြိမ့်ပြလာပြီး စိုးရိမ်ပူပန်​​နေသည့်ပုံပါပင်။ 


ကျန်းကျွင်းလိ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်း​သွားသည်။ တရုတ်ကို ပြန်လာတာ​တောင် ဘာလို့ ဒီလိုပုံစံဖြစ်​နေရတာလဲ... ​ပျော်ရွှင်ပြီး စိတ်တက်ကြွ​နေသင့်တာ မဟုတ်ဘူးလား... 


သို့​သော်လည်း ဥာဏ်ကြီးရှင်များက သာမန်လူများနှင့် ကွဲပြားကြသည်။ ထို့​ကြောင့် စိတ်ထဲတွင် အ​လေးအနက် မမှတ်ယူလိုက်ပေ။ 


​​​ပေကျင်းတက္ကသိုလ်မှ ဆရာဆရာမများနှင့် ဒရိုင်ဘာများ ​ရောက်လာကြပြီး လျန်ထျန်းယိနှင့် ကျန်းပိုင်​ဟွေ့ကို ​တွေ့​​သောအခါ ​နွေး​နွေး​ထွေး​ထွေး ကြိုဆိုခဲ့ကြပြီး သူတို့၏ ပညာ​ရေး​အောင်မြင်မှုများအတွက် ဂုဏ်ပြုခဲ့ကြသည်။ 


ကျန်းကျွင်းလိ​​​​ရှေ့တွင် ရှိခဲ့သည့်ပုံစံနှင့် မတူဘဲ ကျန်းပိုင်​ဟွေ့မှာ ယခင်က ရှိခဲ့သည့် ပုံစံများအားလုံး ​ပျောက်ဆုံးကာ ​ပျော်ရွှင်စွာ ပြုံးရယ်လျက် မျက်ရည် တစမ်းစမ်း ဖြစ်​သွားသည်။ 


နှုတ်ဆက်စကားများ ​ပြောပြီး​နောက် ဒရိုင်ဘာက ​ကျောင်းကို သတင်းပို့ရန် ​မောင်းပို့​ပေးပြီး​နောက် အိမ်ပြန်လိုက်ပို့​ပေးခဲ့သည်။ 


ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့မှာ အ​​ကြောင်းအရင်းမရှိဘဲ ခရီးစဥ် ​ရွှေ့ဆိုင်းမှုအ​ပေါ် ကြိုတင်အ​ကြောင်းကြားမ​ပေးခဲ့သည့်အတွက် စိတ်မသက်မသာ ဖြစ်​နေကြ​သော်လည်း ထိုဇနီး​မောင်နှံနှစ်​ယောက်က နိုင်ငံခြားသို့ လေးနှစ်တိုင် ထွက်သွားခဲ့ရပြီး ယခုမှ ပြန်​ရောက်လာခြင်း ဖြစ်၍ သူတို့ကလည်း သူငယ်ချင်းများအ​နေဖြင့် ကြိုဆို​ပေးသင့်​ပေသည်။ 


ပြန်လည်ကြိုဆိုပွဲကို ထုံရွှယ်လူ၏ လက်ဖက်စိမ်းစား​သောက်ဆိုင်တွင် ပြုလုပ်​ထားသည်။ 


များမကြာမီ မနက်ဖြန်တွင် ကြိုဆိုဧည့်ခံပွဲ ကျင်းပ​ပေး​တော့မည်ပင်။