ဤကား ကျေးလက်ဒေသ ဖြစ်သည်။ လွန်ခဲ့သော နှစ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ တစ်ယောက်မျှ မရှိသော်လည်း မြေကြီးထဲတွင် သဘာဝအလျောက် ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များ အမြဲရှိသည်။
စွင်းမုန့်တသည် ဟင်းသီးဟင်းရွက်တချို့ကို လျင်မြန်စွာ ယူလာသည် : " ယန်သခင်လေး၊ ဒီအသီးအရွက်တွေကို ရေဆေးပြီးပြီ။ "
ထို့နောက် သူသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးကို ဆွဲခေါ်ကာ ဆိုသည်။ " ယန်သခင်လေး၊ ဒီကောင်လေးက ရေစွမ်းအားရှင်ပါ။ မင်း သူ့ကို အလုပ်လုပ်ခိုင်းနိုင်တယ်။ "
ယန်ကျင်းဇီ : " ...... "
စွင်းမုန့်တသည် နောက်တစ်ယောက်ကို ဆွဲခေါ်ပြန်သည်။ " သူက မီးစွမ်းအားရှင်။ သူ့ရဲ့ မီးထိန်းချုပ်နိုင်စွမ်းက တော်တော်ကောင်းတယ်။ သူ မင်းအတွက် မီးမွှေးပေးလိမ့်မယ်။ "
ယန်ကျင်းဇီ : " ...... "
နောက်ဆုံးတွင် စွင်းမုန့်တသည် သာမန်လူတစ်ဦးကိုလည်း ရှာတွေ့လာသည် : " ယန်သခင်လေး၊ ဒီတစ်ယောက်က အခြေစိုက်စခန်းငယ်က။ သူက အရမ်းနာမည်ကြီးတဲ့ စားဖိုမှူးတစ်ယောက်ပါ! "
စွင်းမုန့်တ၏ ဤစီစဉ်မှုဟာ တကယ့်ကို ဂရုတစိုက်ရှိလှသည်။
သို့သော် ယန်ကျင်းဇီက မလိုအပ်ပေ။
သူသည် ကျိုးဝမ်ရှိူ့နှင့် နှစ်ယောက်တစ်ကမ္ဘာတည်း နေထိုင်ချင်သည်။ ဘာလို့ သူက ဒီလူတွေကို အနားမှာ ထားဖို့ လိုအပ်မှာလဲ?
ယန်ကျင်းဇီသည် ရေစွမ်းအားရှင်မှ ရေတချို့ တောင်းလိုက်ပြီး တခြားသူများကို မောင်းထုတ်ကာ ဟင်းချက်ရန် ပြင်ဆင်နေသည်။
သို့သော် ကျိုးဝမ်ရှိူ့ကပင် အလုပ်အများစုကို လုပ်ခဲ့သည်။ သူ၏ တစ်ခုတည်းသော လုပ်စရာမှာ ပါဝင်ပစ္စည်းများကို အိုးထဲသို့ ပစ်ထည့်ရခြင်းဖြစ်သည်...
အဝေးရှိ စွင်းမုန့်တနှင့် တခြားသူများ ဤမြင်ကွင်းကို မြင်လိုက်ရသည် : " ... "
သူတို့သည် ယန်ကျင်းဇီက သူ ဟင်းချက်ချင်သည်ဟု ပြောသည်မှာ အရသာရှိသော အစားအစာကို စားချင်သောကြောင့်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုမူ... ထိုသို့ဖြစ်ပုံမရချေ။ ဝါသနာတစ်ခု ဖြစ်နိုင်သည်။
ဟင်းချက်ဝါသနာ။
ယန်ကျင်းဇီသည် စွင်းမုန့်တက သူ့အား လက်လွတ်စပယ် ဟင်းချက်နေသူအဖြစ် သံသယရှိနေကြောင်း မသိပေ။
သူသည် စွင်းမုန့်တကဲ့သို့ လူများကို သဘောကျနေဆဲဖြစ်သည်။ ထို့အပြင် သူတို့က သူ့ကို ပစ္စည်းများစွာကိုလည်း ပေးခဲ့သည်...
ယန်ကျင်းဇီသည် သူနှင့် ကျိုးဝမ်ရှိူ့တို့အတွက် ချက်ပြုတ်ပြီးနောက် အိုးထဲသို့ ရေထည့်ပြီး ဟင်းနုနွယ်ရွက်အစိမ်းများကို ပစ်ထည့်ကာ ကြက်ဥတစ်လုံးကို ခေါက်ခွဲထည့်၍ စွင်းမုန့်တနှင့် အခြားသူများ ပေးသော ပစ္စည်းအနည်းငယိကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို ကမ္ဘာမပျက်ခင်က ထုတ်လုပ်ခဲ့ရာ သက်တမ်းကုန်ဆုံးပြီးဖြစ်သည်။ သူသည် ဝက်ပေါင်ခြောက်ကို လှီးဖြတ်ပြီး အိုးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် စွင်းမုန့်တကို ကြည့်လိုက်၏ : " ငါ စွပ်ပြုတ်တစ်အိုး ချက်ထားတယ်။ မင်းတို့ ယူသောက်လို့ရတယ်။ "
သူ ထည့်လိုက်သည်မှာ သက်တမ်းကုန်နေသော ဝက်အူချောင်းပုံစံ ဝက်ပေါင်ခြောက် ဖြစ်သော်ငြား ဤခေတ်ကာလ၌ သက်တမ်းလွန် ဝက်အူချောင်းပုံစံ ဝက်ပေါင်ခြောက်နှင့် စားရသည်ကပင် ကောင်းမွန်နေပြီဖြစ်သည်။ ထို့အပြင် သူက အတွင်းပိုင်းရှိ အညစ်အကြေးများကိုလည်း ကူညီဖယ်ရှားပေးထားသေးသည်။
စွင်းမုန့်တသည် သက်တမ်းလွန် ဝက်အူချောင်းပုံစံ ဝက်ပေါင်ခြောက်ကို မနှစ်သက်ခြင်းမျိုး လုံးဝ မရှိဘဲ အလွန်စိတ်လှုပ်ရှားသွားသည် : " ကျေးဇူးတင်ပါတယ် ယန်သခင်လေး။ "
ယန်ကျင်းဇီက ဟင်းချက်နေတုန်း သူတို့အတွက် တွေးပေးသေးတယ်၊ သူက သူတို့အပေါ် ဘယ်လောက်ကြင်နာလိုက်သလဲ!
ယန်ကျင်းဇီ ချက်ပြုတ်ထားသော ဟင်းလျာများ အရသာမကောင်းလောက် ဟူသော အချက်အတွက်မူ... တကယ်တော့ သူတို့သည်လည်း ယန်ကျင်းဇီ၏ ချက်ပြုတ်ခြင်းအဆင့်လောက်သာ ရှိသည်။
ထို့အပြင် ယခု သူတို့တွင် ဟင်းချက်ရန် အချိန်မရှိတော့။ သူတို့သည် အစာခြောက်တချို့ကို စားပြီး ပေါ့ပေါ့ပါးပါး ရေနှင့်မျှောချလိုက်ရန်သာ တွေးထားခဲ့သည်... ပူပူနွေးနွေး စွပ်ပြုတ်တစ်ခွက် စားရသည်မှာလည်း တကယ့်ကို အတော်လေး ကောင်းမွန်လှသည်။
ဤသို့စဉ်းစားရင်း စွင်းမုန့်တသည် သူ၏ ရဲဘော်ရဲဘက်ဘေးသို့ စွပ်ပြုတ်ကို ယူဆောင်သွားသည်။
" ယန်သခင်လေးစီက စွပ်ပြုတ်! " စွင်းမုန့်တက ဆိုသည်။ " ယန်သခင်လေးက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ "
စွပ်ပြုတ်ကို ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း ဤလူများက ဂရုမစိုက်ပေ။ ရှောက်ကွမ်ချင်က ချက်ချင်း တစ်ပန်းကန်စာကို ခပ်ယူလိုက်သည် : " သူက တကယ် ကောင်းတယ်။ " အခြားလူများကို ဇွန်ဘီများ သွားသတ်ရန် သူ မေးသောအခါ လူမည်မျှက အပြန်အပြန်အလှန်အလှန် တွန်းထုတ်ခဲ့သည်ကို သူ မမှတ်မိသော်လည်း ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့က ချက်ချင်း သဘောတူခဲ့ရာ သူ ကျေးဇူးတင်မိသည်။
ထိုအတွေးနှင့် ရှောက်ကွမ်ချင်သည် ပန်းကန်လုံးကို ကောက်ယူပြီး စွပ်ပြုတ်သောက်လိုက်သည်။
ယနေ့ကား အတော်လေး အေးပြီး ရှောက်ကွမ်ချင်နှင့် တခြားသူများသည် တစ်လမ်းလုံး ဆိုင်ကယ်မောင်းလာသဖြင့် ပိုအေးကြသည်။ ထို့ကြောင့် စွပ်ပြုတ်ကို လက်ထဲတွင် ကိုင်ထားသောအခါ သူသည် သောက်ပြီး အထဲရှိ ဟင်းနုနွယ်ရွက်များကိုပါ သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
စွပ်ပြုတ်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်နေစဉ် သူ့မျက်နှာက ပြောင်းလဲသွားပြီး အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။
" လောင်ရှောက်၊ မင်း ဘာဖြစ်နေတာလဲ? " စွင်းမုန့်တသည် စွပ်ပြုတ်ခပ်နေခြင်းကို ရပ်လိုက်သည်။ ဒီစွပ်ပြုတ်... တော်တော်လေး ဆိုးနေတာတော့ မဟုတ်ဘူးမလား?
ရှောက်ကွမ်ချင်တွင် ခံစားချက်များ ပြည့်လျှံနေသည် : " အရမ်းအရသာရှိတယ်။ ဒါက ငါ့ဘဝတစ်လျှောက် ငါ စားဖူးသမျှထဲ အကောင်းဆုံးစွပ်ပြုတ်ပဲ။ "
ထိုသို့ပြောပြီးနောက် ရှောက်ကွမ်ချင်၏ စွပ်ပြုတ်သောက်သော အပြုအမူများမှာ နှေးကွေးသွားသည်။ သူသည် ယစ်မူးပျော်ဝင်နေသော အမူအရာနှင့် ပမာဏအနည်းငယ်ကိုသာ စတင်စားသောက်နေသည်။
စွင်းမုန့်တ : " ...... " ယန်ကျင်းဇီ ချက်တာ အေးအေးလူလူပဲ။ အရသာကောင်းနိုင်လို့လား? စားလို့ကောင်းတယ် ဆိုရင် ဘာလို့ နည်းနည်းစီ သောက်နေတာလဲ?
ဒီတော့... တကယ်တမ်းကျ ဒီစွပ်ပြုတ်ကို သောက်ဖို့ အရမ်းခက်ခဲတာ ဟုတ်တယ်မလား?
သို့သော် ယန်ကျင်းဇီ ချက်ထားခြင်းဖြစ်ရာ သောက်ဖို့ ခက်ခဲသည်ဆိုလျှင်တောင်မှ သူတို့ သောက်ရပေမည်။
စွင်းမုန့်တသည် စွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ပြီး မကြောက်မရွံ့ စိတ်ဓာတ်ဖြင့် တစ်ငုံသောက်လိုက်သည်။
စွင်းမုန့်တ၏ မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားသည် : " အရမ်းအရသာရှိတယ်! ဒီကမ္ဘာမှာ ဒီလောက် အရသာရှိတဲ့ စွပ်ပြုတ် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး! "
S မြို့ကြီး အခြေစိုက်စခန်းမှ ကျန်လူများ : " ...... " မင်းတို့ ယန်ကျင်းဇီကို ဖားချင်တယ် ဆိုရင်တောင် အရမ်းအကျယ်ချဲ့နေစရာ မလိုဘူးမလား? မင်းတို့က ဒီလိုလုပ်ပြီး ဒီစိတ်မသက်မသာဖြစ်ဖွယ်ကောင်းတဲ့ စွပ်ပြုတ်ကို သောက်ဖို့အတွက် ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား?
သို့ရာတွင် ထိုသို့တွေးကြသော်ငြား လူအများအပြားက စွပ်ပြုတ်သောက်ကြဆဲဖြစ်သည်။
ယန်ကျင်းဇီသည် သူတို့၏ ကယ်တင်ရှင် ဖြစ်သည်။ စွပ်ပြုတ် မည်မျှပင် ဆိုးရွားနေပါစေ၊ သူတို့ မဖြုန်းတီးနိုင်ပေ။
နောက်ဆုံးမှာတော့…
" အရမ်းအရသာရှိတယ်! "
" ကမ္ဘာပျက်ပြီးကတည်းက ဘာမှအရသာမရှိဘူးလို့ ငါ ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒါက... အရသာရှိလွန်းတယ်။ "
" ယန်သခင်လေးရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်လား? သူကိုယ်တိုင် ချက်ချင်တာ မဆန်းဘူး! "
" ငါ့မိန်းမကို လွမ်းတယ်… "
…
စွင်းမုန့်တသည် သူ့ဇနီးကို လွမ်းသည်ဟု ပြောသူကို ခေါင်းရိုက်လိုက်သည် – ယန်သခင်လေး ချက်တဲ့ စွပ်ပြုတ်ကို သောက်နေရင်းနဲ့ ဘာလို့ မင်းက မင်းမိန်းမကို လွမ်းတာတုန်း?
ဒါပေမယ့်... ယန်သခင်လေးက တကယ် အံ့ဩစရာကောင်းတယ်။ သူ ချက်တဲ့ စွပ်ပြုတ်က အရမ်းအရသာရှိတယ်!
S မြို့ကြီး အခြေစိုက်စခန်းမှ လူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အချင်းချင်း လုကြတော့သည်။
ကျိုးဝမ်ရှိူ့သည် အဝေးမှ မြင်ကွင်းကို သတိပြုမိသည်။
ဒါဆို... သူ ယန်ကျင်းဇီနဲ့ အတူစားတိုင်း အထူးတလည် ကောင်းမွန်နေတယ်လို့ ခံစားရတာက အချစ်ရဲ့စွမ်းအားကြောင့် မဟုတ်ဘူးပေါ့?
" စွင်းမုန့်တ " ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက ရုတ်တရက် လှမ်းခေါ်သည်။
" ယန်သခင်လေး၊ တစ်ခုခုဖြစ်လို့လား? " စွင်းမုန့်တသည် သူ့ပန်းကန်လုံး ကိုင်လျက် ရောက်လာသည်။
" အဲ့ဒီ့လူက ဇွန်ဘီဖြစ်တော့မယ်။ သူ့ကို ဒီခေါ်လာခဲ့။ " ယန်ကျင်းဇီသည် ထောင့်ထဲတွင် တစ်ယောက်တည်း ဖြစ်နေသော လူသားတစ်ဦးကို ညွှန်ပြလိုက်သည်။
စွင်းမုန့်တသည် အံ့အားသင့်သွားပြီး ထိုနေရာသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ခဏအကြာတွင် သူသည် အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာသည်။
" ယန်သခင်လေး၊ သူ အကိုက်ခံထားရတာ အမှန်ပဲ။ သူက တောင့်ခံထားပြီး ဆက်ပြီးတောင့်ခံနိုင်မလား သိချင်ရုံပါ... သူ့မှာ မကောင်းတဲ့ ရည်ရွက်ချက် မရှိပါဘူး။ သူက သူ့ကိုယ်သူ ပစ်ဖို့ အသင့်ပြင့်ထားပြီးပြီ။ " စွင်းမုန့်တက ပြောသည်။
လူအများစုသည် ဇွန်ဘီအဖြစ် အသွင်ပြောင်းတော့မည့် လူများက သူတို့နှင့် အတူရှိနေခြင်းကို မနှစ်သက်ကြချေ။ သူသည် ယန်ကျင်းဇီ စိတ်မပျော်ရွှင်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကူညီရှင်းပြပေးခဲ့၏။
" ငါ သိတယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။
ဤစွမ်းအားရှင်သည် ငယ်ရွယ်သော်လည်း သန်မာသော သဘာဝလွန်စွမ်းရည် အရည်အချင်း ရှိသည်။ ထို့ကြောင့် သူသည် အဆင့်မြင့်ဇွန်ဘီ အကိုက်ခံရသောအခါ အချိန်အကြာကြီး တောင့်ခံထားနိုင်ခဲ့သည်။ သို့သော် သူသည် ဆက်လက်တောင့်ခံနိုင်တော့မည် မဟုတ်ချေ...
ဤလူများအားလုံးတွင် ကိုယ်ပေါ်၌ အမှောင်စွမ်းအင် အနည်းနှင့်အများတော့ ရှိကြသဖြင့် ယန်ကျင်းဇီသည် ထိုသူ၏ အခြေအနေကို သတိမပြုမိခဲ့ပေ။ ယခုလေးတင် စိတ်ဝိညာဉ်စွမ်းအားဖြင့် တစ်ခေါက်ပတ်ကြည့်လိုက်ရာ တစ်ယောက်တည်း ထိုင်နေပြီး အစားမစားသည်ကို တွေ့လိုက်ရမှသာ တစ်ခုခုမှားနေကြောင်း သူ သိသွားသည်။
" အနာဂတ်မှာ ဒီအသေးအဖွဲကိစ္စတွေအတွက် မင်း ငါ့ကို လာရှာနိုင်တယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ " သူ အဆင်ပြေသွားပြီ။ " သူသည် ဤလူထံမှ အမှောင်စွမ်းအင်ကို ကူညီထုတ်ပေးပြီးပြီဖြစ်သည်။
ယန်ကျင်းဇီ ဘာမှမလုပ်ခဲ့သည်မှာ သိသာသည်။ သူက ရုတ်တရက် ထိုသို့ပြောသောအခါ စွင်းမုန့်တ နားမလည်ခဲ့ပေ။ ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲတော့မည့် စွမ်းအားရှင်သည် သူ့ကိုယ်တစ်လျှောက် သက်သာပြေလျော့သွားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ " ငါ ကောင်းသွားပြီ! ငါ ကောင်းသွားပြီ! "
စွင်းမုန့်တ စိတ်ရှုပ်ထွေးသွားသည်။ ဒါပဲလား?
ဒါက အရမ်းအံ့ဩစရာကောင်းလွန်းတယ်!
ဘယ်လိုလုပ်ပြီး ဇွန်ဘီဖြစ်တော့မယ့် လူတစ်ယောက်က တစ်ချက်မလှုပ်ရှားဘဲနဲ့ ပြန်ပြီးသက်သာနိုင်တာလဲ?
ဒါပေမယ့် ဒီလူရဲ့ မျက်နှာက တကယ် ပိုကောင်းလာတယ်!
စွင်းမုန့်တသည် ခဏတာ စိတ်လှုပ်ရှားနေခဲ့ပြီး ယန်ကျင်းဇီအတွက် အထူးတလည် တစ်ခုခုလုပ်ပေးချင်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ယန်ကျင်းဇီအတွက် သူက အသုံးမဝင်ပုံပေါ်သည်...
သူ ယန်ကျင်းဇီ ဝတ်ဖို့ တစ်ခုခု ဒါမှမဟုတ် အဝတ်အစားအသစ်တွေ ရှာသင့်သလား?
ယန်ကျင်းဇီသည် စွင်းမုန့်တ၏ အတွေးများကို မသိခဲ့ပေ။
သူသည် ဇွန်ဘီအကိုက်ခံရသူတစ်ဦးကို ကုသရန် စိတ်ဝိညာဉ်စွမ်းအားကိုသာ လိုအပ်သည်။ တကယ်ဆိုလျှင် တခြားသူများ သူ့စီ လာစရာပင် မလိုအပ်ချေ... သူသည် ထိုသူကို ခေါ်ခိုင်းလိုက်သည်မှာ သူ့တွင် ဤစွမ်းရည် ရှိကြောင်း လူများ သိစေရန်ဖြစ်သည်။
// အဖိုးထိုက်တန်သော ကျောက်စိမ်းက ၎င်း၏ အပြစ်မဲ့သော ပိုင်ရှင်ကို ထောင်နန်းစံစေသည်။* // သူ့စွမ်းရည်က အံ့ဩစရာကောင်းသည်။ သူ သေချာအသုံးမပြုလျှင် လူအများက သူ့ကို ကဲ့ရဲ့အပြစ်တင်နိုင်လောက်ကြသည်။
ထိုသို့ဖြစ်လေရာ နောက်ထပ်လူတချို့ကို စုဆောင်းပြီး သူ့စွမ်းရည်များကို နောက်ထပ်နည်းနည်း ပိုပြခြင်းက ပိုမိုကောင်းမွန်သည်။ ထိုအခါ တစ်စုံတစ်ယောက်က သူ့ကို တစ်ခုခုလုပ်ချင်လျှင်ပင် သူတို့က နှစ်ခါစဉ်းစားနေရပေလိမ့်မည်။
သေချာသည်မှာ ကမ္ဘာပျက်ကပ်တွင် သာမန်လူတစ်ဦးက သူ့ကို နာကျင်စေမည့်အစား သူ့ကို ကာကွယ်ရန် သေချာပေါက် ကြိုးစားပေလိမ့်မည်ဖြစ်သည်။
ယန်ကျင်းဇီသည် ဇွန်ဘီဖြစ်တော့မည့်လူကို ကုသနိုင်သည်... သတင်းများ ပြန့်သွားသည်နှင့်တပြိုင်နက် လက်ရှိလူများ၏ ယန်ကျင်းဇီကို ကြည့်သော အကြည့်များမှာ ထပ်မံပြောင်းလဲသွားပြန်သည်။
ဤအချိန်တွင်ပဲ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် အဆုံး၌ ဇွန်ဘီများအားလုံးကို သတ်ပြီးပြီဖြစ်၍ ပြန်ရောက်လာကြသည်။
ယန်ကျင်းဇီသည် တစ်ယောက်ယောက် ဇွန်ဘီအကိုက်ခံရလျှင် သူ့စီ ချက်ချင်း လာပါဟု အစောကမှ ရှင်းပြထားသည်... ဤလူများထဲတွင် အမှန်တကယ်ပင် ဇွန်ဘီအကိုက်ခံရသူ လူတချို့ ရှိသည်။
သူတို့အားလုံးသည် စွမ်းအားရှင်များ ဖြစ်ကြပြီး ထိုဇွန်ဘီများက အဆင့်မြင့်ဇွန်ဘီများ မဟုတ်ကြသောကြောင့် သူတို့သည် အကိုက်ခံရလျှင်ပင် ဇွန်ဘီဖြစ်လာကြမည် မဟုတ်ချေ။ သို့သော် သူတို့သည် အဆင်မပြေဖြစ်နေလိမ့်ဦးမည်ဖြစ်သည်။
ယခုမူ ယန်ကျင်းဇီသည် သူတို့ထံမှ အမှောင်စွမ်းအင်များကို ဖယ်ရှားပေးပြီး တိုက်ရိုက်ကူညီလိုက်သည်။
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် ယန်ကျင်းဇီကို ပို၍ပင် ကျေးဇူးတင်ကြသည်။
S မြို့ကြီး အခြေစိုက်စခန်းမှ လူများ ယန်ကျင်းဇီ၏ အခြေအနေကို မေးမြန်းသောအခါ... S မြို့ကြီး အခြေစိုက်စခန်းမှ လူများကို သူတို့က သတိထား၍ ကြည့်လိုက်ကြသည် : " ယန်သခင်လေးက ငါတို့ဥက္ကဌရဲ့ လူ။ တွေးတောင် မတွေးနဲ့၊ နားလည်လား? "
စွင်းမုန့်တ : " ..... " ငါက အဖြောင့်ပါ၊ ကျေးဇူး!
ဇွန်ဘီများ ထွက်ပြေးသွားကြပြီး အများစုက ပင်ပန်းနွမ်းနယ်နေသည်။ လူအုပ်ကြီးသည် ဇာမချဲ့ဘဲ ဤနေရာတွင် တစ်ညတာ အနားယူလိုက်ကြသည်။
ဤရွာထဲမှ အကောင်းဆုံးအိမ်ကို ရှင်းလင်းပြီး ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ကို ပေးလိုက်သည်။
ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ အိပ်မောကျစေရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ပြီးနောက် ညဘက်တွင် သူ့အနား၌ လေ့ကျင့်ခန်းလုပ်သည်။
သူ၏ လေ့ကျင့်ခန်းများမှာ အလွန်ထိရောက်ပြီး သူ့ခန္ဓာကိုယ်က ပိုပိုကောင်းလာသည်။ သူ့မှာ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ရင်ဘတ်ကြွက်သားတွေ ရှိလာဖို့ သိပ်မကြာတော့ဘူး!
ညဝက်ခန့် လေ့ကျင့်ပြီးနောက် နောက်တစ်နေ့တွင် ယန်ကျင်းဇီ အနည်းငယ် ပင်ပန်းနေသည်။
ဆန့်ကျင့်ဘက်အားဖြင့် ကျိုးဝမ်ရှိူ့က... အလွန်ကောင်းကောင်း အိပ်ပျော်ပြန်ပြီး သူ့စွမ်းရည်များ တိုးတက်လာခဲ့သည်။
ဘေးလူများ : " ... " ယန်ကျင်းဇီက အရမ်းအင်အားကြီးပေမယ့် အိပ်ရာထဲမှာ လှဲချခံနေရဦးမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး...
ထွက်ခွာသောအခါ စွင်းမုန့်တသည် ထိုင်ခုံပေါ်၌ ထူထဲသော သားမွေးနှင့် ယန်ကျင်းဇီ ထိုင်စီးရန်အတွက် လုပ်ငန်းသုံးကားတစ်စီးကို ယူလာသည်။
ယန်ကျင်းဇီ : " ... " တကယ်တော့ သူ ဒါ မလိုပါဘူး...
ဒါပေမယ့် ကားခုံကို ချလိုက်ရင် သူ ကောင်းကောင်း အိပ်ပျော်တယ်!
စွင်းမုန့်တသည် အခြေစိုက်စခန်းငယ်မှ လူများကို သူတို့၏ အခြေစိုက်စခန်းသို့ ပြန်ပို့ပြီးနောက်တွင် ယန်ကျင်းဇီနှင့် တခြားသူများကို ခေါ်ဆောင်သွား၍ ဇွန်ဘီများကို ရှာဖွေရန် ရည်ရွယ်ထားသည်။
အရင်က သူတို့ ဇွန်ဘီတွေ အလိုက်ခံရတယ်။ အခု... သူတို့ ဇွန်ဘီတွေနောက်ကို လိုက်နေပြီ!
ဒါတွေအကုန်လုံး ယန်ကျင်းဇီရဲ့ကျေးဇူးကြောင့်ပဲ!
S မြို့ကြီး အခြေစိုက်စခန်းမှ လူများအားလုံးသည် ယန်ကျင်းဇီကို ကောင်းမွန်စွာ ခစားရန် မစောင့်နိုင်ကြတော့ပေ။
ကျိုးဝမ်ရှိူ့ : " ...... "
အနည်းငယ် စိတ်ဓာတ်ကျသော်ငြား ယန်ကျင်းဇီကို ထိုကဲ့သို့သော လူအုပ်ကြီးက ကာကွယ်ထားသောကြောင့် သူလည်း စိတ်သက်သာရာရပြီး အနည်းငယ် စိတ်လွတ်လက်လွတ် ဇွန်ဘီများကို သတ်၍ လေ့ကျင့်နိုင်သည်။
မကြာသေးမီက သူ၏စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာပြီး အထူးသဖြင့် သူသည် အခြားသူများနှင့် လေ့ကျင့်လိုသည်။
ကားခေါင်မိုးပေါ်တွင် ရပ်လျက်ဖြင့် ကျိုးဝမ်ရှိူ့သည် လျင်မြန်စွာ သူ့စွမ်းအားများကို အသုံးပြုလိုက်သည်။သူသည် အနီးနားပတ်ဝန်းကျင်မှ ဇွန်ဘီများအားလုံးကို မီးလုံးများနှင့် ခေါင်းထိသေဆုံးစေခဲ့သည်။
စွင်းမုန့်တနှင့် အခြားသူများ : " ... " ကျိုးဝမ်ရှိူ့က သူတို့ထက်တောင် သာသေးတယ်!
အဘယ့်ကြောင့် ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို ရွေးချယ်ခဲ့ကြောင်း သူတို့ နားလည်လာပြီ။
ယန်ကျင်းဇီက အရမ်းသန်မာသည်။ မည်သို့ပင်ဖြစ်စေ သူသည် သူ့ထက် ပိုမိုသန်မာသူကို မရှာတွေ့နိုင်သဖြင့် ဒုတိယအသန်မာဆုံးကို ရှာဖွေခဲ့သည်။
အခြေစိုက်စခန်းငယ်မှ လူများကို ပြန်ပို့ပြီးနောက် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းနှင့် S မြို့ကြီး အခြေစိုက်စခန်းတို့မှ လူများ ပါဝင်သော အသင်းသည် ဇွန်ဘီစစ်တပ်နောက်သို့ စတင်လိုက်တော့သည်...
ဇွန်ဘီများမှာ များလွန်းသည်။ ယန်ကျင်းဇီသည် တစ်ကြိမ်လျှင် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းကိုသာ အများဆုံး သတ်သည်။ သူ တစ်စိတ်တစ်ပိုင်း သတ်ပြီးတိုင်း အဆင့်မြင့်ဇွန်ဘီများသည် အလယ်အလတ်အဆင့် ဇွန်ဘီများနှင့် အဆင့်နိမ့်ဇွန်ဘီများကို ဟန့်တားရန် တွန်းပို့ကာ ထွက်ပြေးသွားကြလိမ့်မည်ဖြစ်သည်။
ဤအကြောင်းကြောင့် သူတို့သည် ဇွန်ဘီအုပ်စုကို အကြိမ်ပေါင်းများစွာ ရှာမတွေ့လုနီးပါး ဖြစ်ခဲ့သည်... နောက်ပိုင်းတွင် သူတို့ ၎င်းတို့ကို ပြန်ရှာတွေ့နိုင်သော်လည်း ယင်းတို့အားလုံးကား အဖြစ်ဆိုးများကြောင့်သာ ဖြစ်သည်။
ဇွန်ဘီများ၏ ဉာဏ်ရည်က သိပ်မကောင်းချေ။ သူတို့က အန္တရာယ်ကို သတိပြုမိသော်လည်း ရှေ့သို့ပြေးသောအခါ လမ်းတွင် တွေ့နိုင်သည့် အမျိုးမျိုးသော အခြေစိုက်စခန်းငယ်များရှိ သက်ရှိလူသားများကြောင့် ဆွဲဆောင်ခံရပြီး ထို့နောက်တွင် သူတို့က နှောင့်နှေးသွားမည်ဖြစ်သည်...
C ခရိုင်အနီးတွင် အခြေစိုက်စခန်းငယ်များလည်း ရှိသည်။
ဤနေရာရှိ အသစ်တည်ဆောက်ထားသော အဆင့်မြင့်လူနေရပ်ကွက်သည် C ခရိုင်ရှိ အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်း ဖြစ်သည်။
ဤအဆင့်မြင့်လူနေရပ်ကွက်တွင် နှစ်ထပ်မြေအောက်ကားဂိုဒေါင်၊ ခိုင်ခံ့သော လူနေအိမ်အများအပြားနှင့် ဗီလာဧရိယာတစ်ခု ပါရှိသည်... အသက်ရှင်ကျန်ရစ်သူ ၂၀,၀၀၀ ကျော်သည် ဤနေရာတွင် နေထိုင်ကြသည်။
ဤနေရာမှ အသက်ရှင်ကျန်ရစ်သူများ၏ ဘဝအခြေအနေမှာ သိပ်အဆင်မပြေလှ။ မကြာသေးမီက သူတို့သည် စတင်၍ ရိက္ခာပြတ်လပ်လာသည်။ ၎င်းမှာ စွမ်းအားရှင်များက ရိက္ခာများစွာကို သိမ်းပိုက်ထားပြီး သာမန်လူများကို မပေးသောကြောင့်ဖြစ်ကာ နှစ်ဖက်အကြား ပဋိပက္ခများ စတင်ဖြစ်ပွားလာ၏။
ရလဒ်အားဖြင့် အခြေစိုက်စခန်းတွင် ဆူပူလှုပ်ရှားမှု ရှိခဲ့ပြီး ဇွန်ဘီအုပ်ကြီးတစ်အုပ်က ရုတ်တရက် ရောက်လာကာ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်။
အခြေစိုက်စခန်းရှိ လူများသည် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြသော်လည်း ဇွန်ဘီများအတွက် 'အစာ'များသာ ဖြစ်လာသည်။ နောက်ဆုံးတွင်တော့ ဇွန်ဘီအရေအတွက် တိုးသွားခဲ့သည်...
လူများစွာသည် မြေအောက်ကားဂိုဒေါင်တွင် ပုန်းအောင်းပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားသော်လည်း ထိုဇွန်ဘီများသည် မြေကြီးထဲသို့ တိုက်ရိုက်တွင်းတူးပြီး မြေအောက်ကားဂိုဒေါင်ထဲသို့ ဝင်သွားသည်...
မြေအောက်ကားဂိုဒေါင်ထဲသို့ ဝင်လာသော ဇွန်ဘီများစွာသည် ပတ်ဝန်းကျင်မှ လူများကို ဖမ်းပြီး ကိုက်ကြသည်။ ကျန်လူများသည် ထိတ်လန့်တကြား နောက်ဆုတ်ကြသော်ငြား ထွက်ပြေးဖို့ နေရာမရှိချေ။
ဇွန်ဘီများ အကိုက်ခံရသော လူများလည်း ဇွန်ဘီများ ဖြစ်သွားကြပြီး သူတို့ကို ကိုက်ခဲ့သော ဇွန်ဘီများနှင့်အတူ ကျန်လူများထံသို့ လျှောက်လာသည်...
မြေအောက်ကားဂိုဒေါင်အတွင်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်းက စိတ်ပျက်လက်ပျက်ဖြစ်ကာ ဇွန်ဘီများ၏ စားသောက်ခြင်းကို ခံရတော့မည်မှာ သေချာကြောင်း ခံစားမိသောအခါတွင် ထိုဇွန်ဘီများသည် ရုတ်တရက် လဲကျသွားကာ သာမန်အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။
သူတို့... အကယ်ခံရပြီလား?
C ခရိုင် အခြေစိုက်စခန်းမှ လူများသည် မြေအောက်ကားဂိုဒေါင်မှ ဂရုတစိုက် ထွက်လာကြပြီး အပြင်ဘက်ရှိ ဇွန်ဘီများသည် ပြောင်ရှင်းစွာ အသတ်ခံလိုက်ရကြောင်း တွေ့လိုက်ကြရသည်။
သူတို့ထဲရှိ မီးစွမ်းအားရှင်တစ်ဦးသည် ဖော်မပြနိုင်လောက်သော ကြော့ရှင်းသပ်ရပ်မှုနှင့် အံ့အားသင့်ဖွယ် အင်အားတို့နှင့် ဇွန်ဘီများကို သတ်ဖြတ်ခဲ့သည်။
တခြားသူတွေကို တိုက်ခိုက်နေတဲ့ ဇွန်ဘီတွေ တော်တော်များများကိုလည်း သူက မီးလုံးတစ်လုံးနဲ့ သတ်ပစ်လိုက်တယ်!
" ဥက္ကဌ၊ ငါလည်း လေ့ကျင့်ချင်တယ်! " 'မိစ္ဆာများ' လုယက်ခံရသော ချန်ရှုရှင်းခမျာ စကားမပြောနိုင်တော့ပေ။
သူတို့ဥက္ကဌ ဘာဖြစ်နေတာလဲဟ? အခုတလော သူက သူရဲ့ မပြည့်ဝတဲ့ ဆန္ဒတွေကို ထွက်ပေါက်ရှာနေသလိုမျိုး တစ်နေ့လုံး အပြေးအလွှားနဲ့ ဇွန်ဘီတွေကို သတ်နေတယ်!
ချန်ရှုရှင်းသည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း မသိပေ... သူ(မ) မှန်းဆတာ တကယ်မှန်တယ်!
" ငါတို့ နောက်မှ လေ့ကျင့်မယ်။ " ကျိုးဝမ်ရှိူ့က မတ်တပ်ရပ်နေဆဲဖြစ်ပြီး ချန်ရှုရှင်းနှင့် တခြားသူများအားလုံးက သူ့နောက်လိုက်သွားကြသည်။
C ခရိုင် လုံခြုံရေးစခန်းမှ လူများသည် သူတို့ရှေ့မှ လူက ခေါင်းဆောင် ဖြစ်လောက်သည်ဟု ခံစားမိသည်။ သူတို့ ကျိုးဝမ်ရှိူ့ကို စကားပြောတော့မည်အပြု လူနေရပ်ကွက်၏ ဂိတ်တံခါး ရုတ်တရက် ပွင့်လာသည်။
အချိန်အကြာကြီး ဘေးကင်းဧရိယာအဖြစ် အသုံးပြုခံရပြီးနောက် ဤလူနေရပ်ကွက်သည် အလွန်ညစ်ပတ်ပြီး မြေပြင်ပေါ်တွင် ဇွန်ဘီအသေများ ရှိနေသည်...
ဤအခိုက်အတန့်တွင် ရုတ်တရက်ကြီး မီးစွမ်းအားရှင်များသည် မီးလုံးများကို ပစ်လွှတ်ပြီး အညစ်အကြေးများကို မီးရှို့၍ ရှင်းသန့်စေလိုက်သည်။ မီးလောင်ကျွမ်းနေစဉ် လေစွမ်းအားရှင်များကလည်း မနှစ်မြို့ဖွယ်အနံ့ကို လွင့်ပါးစေသည်။ ထို့နောက် မြေစွမ်းအားရှင်များက လမ်းညှိလိုက်ပြန်သည်...
သူတို့၏ရပ်ကွက်တွင် သန့်ရှင်းသပ်ရပ်သော လမ်းမတစ်ခု ရုတ်တရက် ရှိလာပြန်၏။
ဤအခိုက်အတန့်တွင်... လူတစ်ဦးက နောက်ဆုံး ရောက်လာပြီး ဤလမ်းကို လျှောက်လာသည်။
အလွန်ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက ဤကမ္ဘာပျက်ကပ် ခေတ်ကာလနှင့် မလိုက်ဖက်သော တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီး လူတစ်စုက နောက်မှလိုက်ပါနေသည်...
ဤသို့သော အသွင်အပြင်က လူတိုင်းနီးပါး၏ အကြည့်ကို သူ့အပေါ် စူးစိုက်စေလေသည်။
ယန်ကျင်းဇီသည် တစ်နည်းတစ်ဖုံ ရှက်ရွံ့သကဲ့သို့ ခံစားရပြီး သူ့မျက်နှာကို သူ့လက်များဖြင့် ကွယ်ဝှက်ချင်နေသည်။
S မြို့ကြီး အခြေစိုက်စခန်းမှ လူများက ချဲ့ကားလွန်းသည်...
ဤလူများသည် သူ့ကို တောင်းဆိုပြီး သူ့အား ဇွန်ဘီများကို ဆက်လက်သတ်စေချင်သည်။ သူတို့က သူ့ကို အလွန်ကျေးဇူးတင်သောကြောင့် သူတို့က သူ့ကို စတင်ခစားကြတော့သည်... သူတို့က သူ့ကို ကြွေရုပ်လေး ဖြစ်သကဲ့သို့ သူတို့လက်ဖဝါးထဲ ထည့်ကိုင်ထားချင်နေကြလေသည်။
သူသည် အဆုံးသတ်နေ့ရက်များတွင် ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းကို အလွန်ကျေနပ်နေသော်လည်း ရံဖန်ရံခါတွင်တော့ သူ... အနည်းငယ် ရှက်ရွံ့မိသည်။
သေချာတာပေါ့၊ အခုချိန်မှာ ပျော်ရွှင်ဖို့ ပိုပြီးသင့်တော်တယ်။
S မြို့ကြီးက ထွက်ပြေးလာတဲ့ ဇွန်ဘီအုပ်စုကို သတ်ပြီးပြီ!
____
*အဖိုးထိုက်တန်သော ကျောက်စိမ်းက ၎င်း၏ အပြစ်မဲ့သော ပိုင်ရှင်ကို ထောင်နန်းစံစေသည် - အပြစ်မဲ့သူတစ်ဦးသည် သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဒုက္ခရောက်ရသည် ; တစ်ခုတည်းသော အပြစ်မှာ ကျောက်စိမ်းကို သယ်ဆောင်မိသောကြောင့် ဖြစ်သည်။ တခြားသူ၏ လောဘကို ဖြစ်ပေါ်စေသောကြောင့် လူတစ်ဦး၏ ချမ်းသာကြွယ်ဝမှုက သူ၏ ပျက်စီးရာပျက်စီးကြောင်း ဖြစ်လာပေသည်။
ပုံပြင်က သိပ်မသေချာပေမယ့် ရာထူးမြင့်တဲ့ အရာရှိ/ဆွေကြီးမျို
းကြီး တချို့က ရှားပါးရတနာတွေကို စုဆောင်းချင်ပြီး နောက်တော့ အဖိုးထိုက်တန်တဲ့ ကျောက်စိမ်းကို ပိုင်ဆိုင်တဲ့ ဒီအမျိုးသား ပေါ်လာတယ်။ သူက အရာရှိ/ဆွေကြီးမျိုးကြီးကို ကျောက်စိမ်း မဆက်သတဲ့အတွက် အပြစ်တင်ခံရတာ ဒါမှမဟုတ် ဆက်သဖို့ ဖိအားပေးခံရတာမျိုးပါတဲ့။ ( ဒါက eng translator ရဲ့ note ပါ။ )