အပိုင်း ၉၆ ( Little White Face 24 )
Viewers 10k


C ခရိုင် အခြေစိုက်စခန်းမှ လူများသည် ခင်းကျင်းထားသော စောင်များဖြင့် ဖုံးအုပ်ထားသည့် ခေါက်ကုလားထိုင်ရှည်များ၊ လက်ရာမြောက်သော ရွက်ဖျင်တဲများ၊ သစ်သားအမာစား ကော်ဖီစားပွဲငယ်များနှင့် အဆာပြေမုန့်မျိုးစုံတို့ကို ကြည့်နေကြပြီး အားလုံး စိတ်ရှုပ်သွားကြသည်။

 

ဒါက အရမ်း… ဒါ ဘယ်သူလဲ?


ဒါဆို တကယ့် တာဝန်ရှိအစစ်က ဒီလူလား?


သူတို့ တွန့်ဆုတ်နေစဉ် အစောက အစွမ်းထက်သော မီးစွမ်းအားရှင်သည် လူတစ်စု ခြံရံ‌ထားသော အမျိုးသားထံသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။


" ဝမ်ရှိူ့၊ လာပြီး အနားယူပါဦးလား? " ယန်ကျင်းဇီသည် သူ လှဲနေသော ကြီးမားသော ခေါက်ကုလားထိုင်ရှည်ကို ညွှန်ပြလိုက်သည်။ ရှက်ရွံ့မှု၊ မဟုတ်ဘူး၊ ပျော်ရွှင်မှုဟာ သူ့တစ်ယောက်တည်းအတွက် မဖြစ်သင့်ပေ... သူနဲ့ အတူတူ ခံစားဖို့ ကျိုးဝမ်ရှိူ့ကိုလည်း ခေါ်ရမယ်!


ကျိုးဝမ်ရှိူ့ : " ... မလိုဘူး။ "


ကျိုးဝမ်ရှိူ့သည် ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ယန်ကျင်းဇီအနားတွင် ထိုင်ကာ ယန်ကျင်းဇီကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။


ယန်ကျင်းဇီ ဇွန်ဘီသတ်သည့်အကြိမ်တိုင်း သူ စိုးရိမ်ပူပန်မိသည်။ ယန်ကျင်းဇီက အဆင်ပြေသွားလိမ့်မည်ဟု အကြိမ်များစွာ ပြောခဲ့လျှင်တောင်မှပေါ့။


" ငါ အဆင်ပြေတယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအား ဆိုသည်ကား ပိုသုံးလေလေ ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်လေလေ ဖြစ်ပြီး ပိုပို၍ ကျင့်သားရလာလေလေလည်း ဖြစ်သည်။ သူသည် ယခုအခါ ကျင့်သားရသွားပြီးဖြစ်ကာ လွန်လွန်ကဲကဲ မလုပ်သရွေ့ အဆင်ပြေပေလိမ့်မည်။


ဒါတင်မကဘဲ ညတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နေ့ဘက်မှာ ဒြပ်စင်မျိုးစုံနဲ့ ပြန်လည်ပြုပြင်ထားတဲ့ သူ့ခန္ဓာကိုယ်ကလည်း အရမ်းကောင်းလာပြီ!


ယန်ကျင်းဇီ တစ်ခုခုလုပ်ဖို့ မစောင့်နိုင်တော့ပေ။


သို့သော် ယခုတလော သူတို့သည် ဇွန်ဘီများနောက်သို့ လိုက်နေသည်... သူတို့ အလုပ်အရမ်းများပြီး တစ်ခါတစ်လေ ကားထဲတွင် တစ်ညလုံး အချိန်ဖြုန်းဖြစ်ကြသဖြင့် သူတို့ ဘာမှမလုပ်နိုင်ချေ။


C ခရိုင် အခြေစိုက်စခန်းငယ်မှ အသက်ရှင်ကျန်ရစ်သူများသည် အခြေချရန် တစ်စုံတစ်ဦးကို လိုအပ်သော်လည်း ယင်းကို ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ စိတ်ပူစရာမလိုသောကြောင့် သူတို့ သိပ်ဂရုမစိုက်ကြတော့ပေ။


S မြို့ကြီး အခြေစိုက်စခန်းမှ ဇွန်ဘီအများအပြား အားလုံး သေသွားပြီ... ကျိုးဝမ်ရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည် : " ကျင်းဇီ၊ မင်း ဘာဆက်လုပ်မှာလဲ? " သူ သိသလောက်တော့ S မြို့ကြီး အခြေစိုက်စခန်းမှ လူများအားလုံးသည် ယန်ကျင်းဇီကို S မြို့ကြီး အခြေစိုက်စခန်းသို့ သွားစေချင်ကြသည်။


ယန်ကျင်းဇီက ပြောသည် : " S မြို့ကြီး အခြေစိုက်စခန်းကို အရင်သွားမယ်။ ပြီးရင် မြောက်ပိုင်းကို သွားမယ်။ "


" မြောက်ဘက် သွားမှာလား? " ကျိုးဝမ်ရှိူ့ အနည်းငယ် အံ့ဩသွားသည်။ ယန်ကျင်းဇီစီမှာ သွားချင်တဲ့နေရာ ရှိပြီးသားလား?


ယန်ကျင်းဇီက ဆိုသည် : " မင်းမိဘတွေက B မြို့ကြီးမှာ ရှိတယ်။ သူတို့ကို ရှာရအောင်။ " ကမ္ဘာပျက်ကပ်သည် ရုတ်တရက် ရောက်ရှိလာပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူအများစုသည် သူတို့၏ မိဘများ၊ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်ခဲ့ကြသည်။ ကျိုးဝမ်ရှိူ့လည်း တစ်ဦးအပါအဝင် ဖြစ်သည်။


ကျိုးဝမ်ရှိူ့က ဤအကြောင်းကို တစ်ခါမှ မပြောဖူးသော်လည်း ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ အတန်းဖော်ဟောင်းများကို မေးမြန်းခဲ့ကာ ကျိုးဝမ်ရှိူ့၏ မိသားစုအကြောင်းကို သိရှိခဲ့ရသည်။ 


ကျိုးဝမ်ရှိူ့၏ မိသားစုက ချမ်းသာကြွယ်ဝပြီး သူ့မိဘများက သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံသည်။ သူသည် သေချာပေါက် သူ့မိဘများထံ သွားချင်‌လိမ့်မည်...


ယန်ကျင်းဇီ၏ စကားကို ကြားသော် ကျိုးဝမ်ရှိူ့က အံ့အားသင့်သွားပြီး ယန်ကျင်းဇီကို တွေဝေလျက် စိုက်ကြည့်နေသည်။


ယန်ကျင်းဇီ သူ့ကို ပြုံးပြလိုက်သည်။ " အဲ့ကိုသွားရင် တစ်လမ်းလုံး ဇွန်ဘီသတ်ရမယ်လို့‌ ခန့်မှန်းထားတယ်။ အဲ့ဒါကြောင့် အရှိန်တော့ နည်းနည်း နှေးလိမ့်မယ်။ "


" ကျေးဇူးတင်ပါတယ်။ " ကျိုးဝမ်ရှိူ့၏ မျက်ဝန်းများမှာ အနည်းငယ် စိုစွတ်နေပြီး သူ့အသံမှာ အနည်းငယ် ထုံထိုင်းနေသည်။


သူသည် အမြဲတမ်း သူ့မိဘများကို ရှာဖွေချင်ခဲ့သော်လည်း သူက အဝေးကြီးတွင် ရောက်နေပြီး လုံလုံလောက်လောက် မသန်မာခဲ့ပေ။


" ဘာလို့ မင်းက ငါ့ကို 'ကျေးဇူးတင်တယ်'လို့ ပြောတာလဲ? မင်း ငါ့ကို တကယ် ကျေးဇူးတင်ချင်ရင် ဘာလို့ မင်း... "


" ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! " ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် အတူတကွ ခေါင်းလှည့်ကြည့်ပြီး ခပ်ဝဝ လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် လှပသော မိန်းကလေးတစ်ယောက်တို့ကို တွေ့လိုက်ရသည်။ လူလတ်ပိုင်းအမျိုးသားက သူ့ဘေးမှ မိန်းကလေးကို ညွှန်ပြပြီး ပြောသည် : " လူကြီးမင်းတို့၊ ဒါ ငါ့သမီးပါ။ ငါ့သမီးကို မင်းတို့နဲ့ နေပြီး ပြုစုခွင့်ပေးပါ! "


ဤလူလတ်ပိုင်းအမျိုးသားသည် စွမ်းအားရှင်တစ်ဦး ဖြစ်ပြီး သူ့အင်အားက မသန်မာသော်လည်း ဤစခန်းငယ်တွင်တော့ သူ့ကို တော်သည်ဟု သတ်မှတ်ကြသည်။ သူသည် ဤစခန်းငယ်၏ ခေါင်းဆောင်များထဲမှ တစ်ယောက် ဖြစ်သည် – အခြေခံအားဖြင့် ဤစခန်းငယ်မှ လူများသည် စခန်းတွင် ပုန်းခိုနေကြပြီး အပြင်မထွက်ကြချေ။ သူတို့သည် ဇွန်ဘီများကို တိုက်ခိုက်လေ့မရှိကြသဖြင့် ယေဘုယျအားဖြင့် သူတို့၏အင်အားမှာ မသန်မာကြပေ။


သူ့သမီး... ဤမိန်းကလေးက အလွန်လှသော်ငြား သူ(မ)က သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အဆုံးသတ်နေ့ရက်များတွင် ကောင်းမွန်စွာ နေထိုင်ရန်မှာ သူ(မ)အတွက် အလွန်ခက်ခဲသည်။


သူ(မ)၏အဖေက သူ၏ ကောင်းမွန်သော သမီးလိမ္မာလေးကို သူတို့ထံသို့ ပို့ခြင်းမှာ သူ့သမီးအတွက် ခိုလှုံရာရှာချင်သောကြောင့်ဖြစ်နိုင်သည်။


တစ်ခုပဲ... သူတို့ လူမှားရှာမိပြီ!


ကျိုးဝမ်ရှိူ့က တွေးတောင်မတွေးဘဲ ငြင်းလိုက်သည် : " မလိုဘူး။ " သူ့ကို ဂရုစိုက်ရန် တခြားသူများကို မလိုအပ်ပေ။ ယန်ကျင်းဇီအတွက်မူ... ရိုးရိုးသားသား ပြောရလျှင် ယန်ကျင်းဇီ၏အနားတွင် ဂရုစိုက်ချင်နေသူ လူအများအပြား ရှိနေလေရာ သူ နည်းနည်း စိတ်ဓာတ်ကျမိသည်။


" ခဏ။ " ယန်ကျင်းဇီက ရုတ်တရက် ပြောလိုက်သည်။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ဆတ်ခနဲ လှည့်ကြည့်လိုက်သော်လည်း ယန်ကျင်းဇီက ကောင်မလေးကို အလေးအနက်ထားကြည့်နေသည်အား တွေ့လိုက်ရသည်။


ယန်ကျင်းဇီက ထပ်ပြောသည် : " မင်း မင်းရဲ့ သမီးကို ငါတို့နဲ့ အတူခေါ်သွားလို့ရတယ်။ ဒါပေမယ့် မင်းရဲ့သမီးက ငါတို့ကို ပြုစုစရာမလိုပါဘူး။ ငါက ယောက်ျားတွေကို ကြိုက်တာ။ "


ယန်ကျင်းဇီ ဤသို့ပြောသော် ကျိုးဝမ်ရှိူ့၏ တောင့်တင်းနေသော ကိုယ်ခန္ဓာမှာ ပြေလျော့သွားသော်လည်း သူ့မျက်ခုံးများကတော့ မဆန့်တန်းနိုင်သေး – ယန်ကျင်းဇီက အဲ့မိန်းမကို ဆက်တိုက်စိုက်ကြည့်နေတယ်!


ယန်ကျင်းဇီသည် မူလက တစ်ခုခုကို ပြောချင်သော်ငြား သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ကျိုးဝမ်ရှိူ့၏ သဝန်တိုသော အကြည့်ကို 'မြင်'လိုက်ရပြီး ချက်ချင်းပင် တခြားသူများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ : " ဝမ်ရှိူ့၊ မင်း သဝန်တိုနေတာလား? "


ကျိုးဝမ်ရှိူ့ဟာ တကယ့်ကို အနည်းငယ် ချဉ်နေလေသည်။


ယန်ကျင်းဇီက ဆိုသည် : " ငါ့မှာ ဒီအမျိုးသမီးအပေါ် စိတ်ဝင်စားမှု မရှိဘူး ဆိုတာ ငါ ကျိန်ဆိုပါတယ်။ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်... " သူ၏ ချစ်ခြင်းစကားလုံးများမှာ တည်ငြိမ်ချောမွေ့စွာ တသီကြီး ထွက်ပေါ်လာသည်။


ကျိုးဝမ်ရှိူ့ : " ... " ဒါက ရှက်စရာကောင်းလွန်းတယ်... ဒါပေမယ့် သူ ‌နားထောင်ရတာကို တကယ်ကြိုက်တယ်။


သူ့သမီးကို ခေါ်ဆောင်လာသော လူလတ်ပိုင်းအမျိုးသား : " ... " သူက သူ့သမီးအတွက် ခိုလှုံရာရှာချင်ရုံလေးပါ။ ဘာကြောင့် သူ ဒီမှာ ခွေးစာ စားရတာလဲ?


S မြို့ကြီး အခြေစိုက်စခန်းမှ လူများ : " ... " ယန်ကျင်းဇီက နှုတ်ချိုလွန်းတယ်။ လူတွေကို ချော့မြှူ‌တာ အရမ်းတော်လွန်းတယ်!


သူက ချောမောသည်၊ သန်လည်းသန်မာပြီး လူများကို ချော့မြှူရာတွင်လည်း တော်လွန်းတယ်။ ဘယ်သူမှ သူ့ကို မငြင်းဆန်နိုင်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။


ကျိုးဝမ်ရှိူ့သည် အမှန်တကယ်ပင် တပြိုင်နက် ပျော့ခွေသွားသည် : " ငါလည်း မင်းကိုပဲ ကြိုက်တယ်။ "


ယန်ကျင်းဇီက ဆိုသည် : " ငါ သူ(မ)ကို ပိုအာရုံစိုက်နေတာက သူ(မ)ရဲ့ စွမ်းရည်က အရမ်းထူးခြားနေလို့။ "


" စွမ်းရည်? " ကျိုးဝမ်ရှိူ့ အနည်းငယ် အံ့သြသွားသည်။ သူသည် ဤမိန်းကလေးထံ၌ မည်သည့်သဘာလွန်စွမ်းအင်ကိုမျှ မခံစားရပေ။


" ဟုတ်တယ်။ ဒီအမျိုးသမီးရဲ့ သဘာဝလွန်စွမ်းရည်က အရမ်းထူးခြားတယ်။ " ယန်ကျင်းဇီက ပြောသည်။


လူလတ်ပိုင်းအမျိုးသားက အံ့ဩသွားသည် : " ခဏလေး၊ ငါ့သမီးမှာ ဘာစွမ်းရည်မှ မရှိဘူး... " သူ့သမီးသည် သာမန်လူတစ်ယောက် ဖြစ်သည်။ သူ့သမီးက သာမန်လူတစ်ယောက်ဟုသာ သူ ထင်ခဲ့သည်။ အနှေးနှင့်အမြန် သူသည် သူ(မ)ကို မကာကွယ်နိုင်တော့သည်ကို သိသဖြင့် သန်မာသော အမျိုးသားနှစ်ဦးကို မြင်တွေ့လိုက်ရသောအခါ သူသည် သူ(မ)ကို ခိုလှုံရာရှာပေးချင်ခဲ့သည်။


" သူ(မ)က အခု စွမ်းရည်မနိုးကြားသေးဘူး။ " ယန်ကျင်းဇီ ပြောလိုက်သည်။


" ငါ့သမီးက စွမ်းရည်နိုးထနိုင်မှာလား? " လူလတ်ပိုင်းအမျိုးသားက စိတ်လှုပ်ရှားသွားသည်။


" ရတယ်။ " ယန်ကျင်းဇီက ပြောသည်။ " မင်းတို့နှစ်ယောက် ငါတို့နဲ့ ပူးပေါင်းပြီး ငါတို့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိရင် ငါ မင်းရဲ့သမီး စွမ်းရည်နိုးကြားဖို့ ကူညီပေးနိုင်တယ်။ "


" ငါတို့ ဆန္ဒရှိတယ်! " လူလတ်ပိုင်းအမျိုးသားက မဆိုင်းမတွ ပြောသည်။ ဒီလိုသန်မာတဲ့ အသင်းကို ဘယ်သူက မပူးပေါင်းချင်မှာလဲ! အသင်းဝင်ဖြစ်သွားရင် သူ့သမီးမှာ စွမ်းရည်နိုးထဖို့ အခွင့်အရေး ရှိလာမှာကို မပြောနဲ့ဦး!


" ဒါဆို အတည်ပြုလိုက်ပြီ။ " ယန်ကျင်းဇီ ပြောလိုက်သည်။


ဤအချိန်တွင် တစ်ခုခုမှားယွင်းနေကြောင်း S မြို့ကြီး အခြေစိုက်စခန်းမှ လူများ ရုတ်တရက် သဘောပေါက်သွားသည် : " ခဏလေး... ယန်သခင်လေး၊ မင်း လူတွေကို စွမ်းရည်နိုးကြားပေးနိုင်တာလား? "


ယန်ကျင်းဇီ : " ဟုတ်တယ်။ ငါ သာမန်လူတွေကို သဘာဝလွန်စွမ်းအား နိုးကြားအောင် လုပ်ပေးနိုင်တယ်... ငါ မပြောပြဖူးဘူးလား? " 


စွင်းမုန့်တ၊ ရှောက်ကွမ်ချင် : " မင်း မပြောခဲ့ဖူးဘူး... " 


" ဒါဆို ငါ အခု ပြောလိုက်ပြီ။ " ယန်ကျင်းဇီက ပြောသည်။


စွင်းမုန့်တနှင့် တခြားသူများ : " ...... " 


သာမန်လးတွေကို စွမ်းရည်နိုးကြားပေးနိုင်တာက အရေးကြီးကိစ္စလေ! ဘာလို့ မင်းက အရမ်းပေါ့ပေါ့တန်တန် ပြောနေတာလဲ?!


ယန်ကျင်းဇီသည် သူတို့၏ စိတ်‌ရှုပ်ထွေးနေကြပုံကို ကြည့်၍ ထပ်ပြောလိုက်သည် : " ဒါက အရမ်းအလုပ်များတယ်။ ဇွန်ဘီသတ်ဖို့က ထိပ်တန်းဦးစားပေး မလား? ငါ ဒီကိစ္စကို မငြင်းပါဘူး။ "


သာမန်လူများကို စွမ်းရည်နိုးကြားပေးရန်မှာ သူ့အတွက် များစွာသော အချိန်နှင့်စွမ်းအင်တို့ကို ကုန်ဆုံးစေသည်။ ယခုလက်ရှိတွင် သူ့၌ အချိန်မရှိပေ။


" ဒါဆို ဒီကောင်မလေး... " 


" သူ(မ)က အလင်းဓာတ်ပဲ။ ဇွန်ဘီတွေရဲ့ ရန်သူ။ " ယန်ကျင်းဇီက ပြောသည်။ ဤမိန်းကလေး၏ ခန္ဓာကိုယ်ထဲရှိ အလင်းရောင်သည် သူ တစ်ခါမှ မမြင်ဖူးသော အဖြူရောင် ဖြစ်ပြီး ၎င်းက အလွန်လည်း တောက်ပနေသေးသောကြောင့် သူ(မ)တွင် သန်မာသော အရည်အချင်းရှိကြောင်း ပြသနေသည်။


ကမ္ဘာကြီးက နေရာတိုင်းမှာ မီးခိုးရောင် ဖြစ်နေခြင်းမှာ စိတ်မကောင်းစရာပင်... သူ(မ)က အမှောင်စွမ်းအင်က ဖိနှိပ်ထားသဖြင့် စွမ်းရည်မနိုးထနိုင်ခြင်း ဖြစ်နိုင်လောက်သည်။


" အလင်းဓာတ်လည်း ရှိတာလား? " စွင်းမုန့်တ အံ့ဩသွားသည်။


" ရှိတယ်။ " ယန်ကျင်းဇီက ဆိုသည်။ " ငါ့အထင် နောက်ပိုင်း ငါ ဟင်းချက်ပြီးတိုင်း သူ(မ)ကို စွမ်းရည်သုံးခိုင်းလိုက်မယ်ဆိုရင် အရသာပိုရှိသွားလိမ့်မယ်။ သူ(မ)က ဒဏ်ရာတွေကိုလည်း ကုသနိုင်တယ်... "


နေရာတိုင်းမှာ အမှောင်စွမ်းအင်တွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ ကူညီပေးမယ့် အလင်းစွမ်းအားရှင် ရှိတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ?


ယန်ကျင်းဇီသည် အနာဂတ်ရှိ ပိုမိုကောင်းမွန်သောဘဝတစ်ခုကို စတင်စိတ်ကူးယဉ်နေပြီဖြစ်သည်။


ကောင်မလေးလည်း စိတ်လှုပ်ရှားသွားသည်။ သူ(မ)သည် အသက်ရှင်သန်ရေးအတွက် ကစားစရာ ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့သည်။ အခုတော့... သူ(မ)မှာ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်နိုင်ပြီလား?


" ဒါပေမယ့် သူ(မ) စွမ်းရည်နိုးကြားတာ ကူညီပေးဖို့ အခု ငါ့မှာ အချိန်မရှိသေးဘူး။ " ယန်ကျင်းဇီ ပြောလိုက်သည်။ " ဒီကိစ္စကို မနက်ဖြန်မှ ဆွေးနွေးရအောင်... နောက်ပြီး ဘယ်သူမှ ငါတို့ကို လာမနှောင့်ယှက်ပါနဲ့တော့။ " 


ယန်ကျင်းဇီ ဤသို့ပြောပြီးပြီးချင်း စွင်းမုန့်တသည် လူများကို ချက်ချင်း ခေါ်ထုတ်သွားပြီး တဲ၏ ကန့်လန့်ကာကို ဂရုတစိုက် ဖြေချခဲ့သည်။


ယန်ကျင်းဇီ စွမ်းအားသုံးပြီးတိုင်း ကျိုးဝမ်ရှိူ့က စိုးရိမ်ပူပန်နေလိမ့်မည်။ ဒါက သူ့ကို ခန့်မှန်းမိစေသည် – ယန်ကျင်းဇီတွင် သန်မာသော စွမ်းအား ရှိသော်လည်း စွမ်းအားအသုံးပြုခြင်းသည် အခြေအနေ သက်ရောက်မှု ရှိနိုင်သည်။ ဥပမာအားဖြင့် ၎င်းက ခန္ဓာကိုယ်ကို နာကျင်စေလိမ့်မည်။


ထို့နောက် သူသည် ဆက်လက်စောင့်ကြည့်ပြီး အတည်ပြုခဲ့သည်။


ယန်ကျင်းဇီက နေ့တိုင်း အလုပ်အများကြီး မလုပ်သော်လည်း အမြဲတစေ ပင်ပန်းနေပုံရသည်။ သူက နေ့ခင်းဘက်တွင် အိပ်စက်နေဆဲဖြစ်သည်... သူ့ကျန်းမာရေးက သိပ်မကောင်းဘူး။


၎င်းသည်လည်း သူ၏ ဇွန်ဘီများကို သတ်ဖြတ်ခြင်းနှင့် သက်ဆိုင်သင့်သည်။


ဤအဖြစ်အပျက်ကို သိပြီးနောက် စွင်းမုန့်တသည် ယန်ကျင်းဇီကို ပို၍ပင် ဂရုစိုက်ခဲ့သည်။


ယန်ကျင်းဇီက နေမကောင်းပေမယ့် သူတို့နောက်လိုက်ပြီး ဇွန်ဘီသတ်ဖို့ ဆန္ဒရှိနေတာ ဘယ်လောက် လေးစားစရာကောင်းလိုက်သလဲ! ဖြစ်နိုင်သမျှ အကောင်းဆုံးသော နေရေးထိုင်ရေးကို သေချာပေါက် သူ ဖြည့်ဆည်းပေးရမည်။


စွင်းမုန့်တ၏ အတွေးကိုသာ ယန်ကျင်းဇီ သိလျှင် စွပ်စွဲခံရသကဲ့သို့ သူ ခံစားရမည်မှာ သေချာသည်။


သူ အမြဲပင်ပန်းနေသည်မှာ ညစဉ်ညတိုင်း လေ့ကျင့်ခန်း ဆက်တိုက်လုပ်နေသောကြောင့်ဖြစ်သည်...


သို့သော် ဝန်ဆောင်မှုပေးမည့် တစ်စုံတစ်‌ယောက် ရှိနေသည်မှာ အလွန်အဆင်ပြေသည်ဟု ဆိုရပေမည်။


မူလပိုင်ရှင်သည် အလုပ်မလုပ်ချင်ဘဲ ပြုစုခံရသည်ကို ကြိုက်ပြီး သူလည်း အတူတူပင်။


သို့သော် အချို့သော အချိန်များတွင်တော့ သူလည်း လူများကို 'ခစား'ရန် ဆန္ဒရှိသေးသည်။


သူတို့၏ နှစ်ယောက်တစ်ကမ္ဘာကို နှောင့်ယှက်သူများ ထွက်သွားပြီးနောက် ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည် : " ငါ ခုနက ပြောတာ မပြီးသေးဘူး... မင်း ငါ့ကို ကျေးဇူးတင်ချင်ရင် မင်း လက်တွေ့ကျတဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူးလား? "


စကားပြောနေစဉ် ယန်ကျင်းဇီသည် စတင်လှုပ်ရှားလာသည်။


သူ တကယ် ကံမကောင်းဘူး! သူ ကူးပြောင်းလာစတုန်းက သူ့ခန္ဓာကိုယ်က ဆိုးရွားလွန်းတယ်။ သူ နည်းနည်းပိုကောင်းလာတော့ တစ်ခုပြီးတစ်ခု ကြုံတွေ့ရတဲ့အပြင် ဇွန်ဘီတွေနောက်ကို လိုက်ပြီး သတ်နေရတယ်...


တော်တော်ကြာနေပြီ။ သူနဲ့ ကျိုးဝမ်ရှိူ့ရဲ့ ဆက်ဆံရေးက အရမ်းဖြူစင်နေတုန်းပဲ!


ကျိုးဝမ်ရှိူ့ : " ... "


ယန်ကျင်းဇီ... ကို ကြည့်ရတာ သည်းမခံနိုင်တော့တဲ့ပုံပဲ။


ယန်ကျင်းဇီသည် သူ့ကို နမ်း၍ ထိတွေ့ရခြင်းကို အမြဲသဘောကျပြီး သူလည်း ယန်ကျင်းဇီကို အလွန်စိတ်ဝင်စားသော်ငြား သူတို့နှစ်‌ယောက်၏ ပင်ကိုအရည်အချင်းများက မသင့်တော်လောက်ပေ...


သို့သော် ယန်ကျင်းဇီက လိုလားသဖြင့် သူ ဖြည့်စည်းပေးရပေမည်။


ကျိုးဝမ်ရှိူ့ ယန်ကျင်းဇီကို နမ်းပြီး မေးလိုက်သည်။ " ဒီည? "


" ကောင်းပြီ! " ကျိုးဝမ်ရှိူ့၏ အရိုင်းဆန်သော အကြည့်များကို တွေ့သောအခါ ယန်ကျင်းဇီ၏ နှုတ်ခမ်းထောင့်များမှာ ထပ်မံတွန့်ချိုးသွားရပြန်သည်။


သူနှင့် ကျိုးဝမ်ရှိူ့၊ ပင်ကိုအရည်အချင်းများ မကိုက်ညီမည်ကို သူ စိုးရိမ်မိသည်။


ဒါပေမယ့် ဒါက သူ ချစ်တဲ့ လူပဲ... သူ ဒီတိုင်းပဲ သည်းညည်းခံလိုက်ရမလား?


ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အနည်းငယ် ဝေခွဲမရဖြစ်နေကြသည်။


( T/N : နှစ်ယောက်သား 0 ဖြစ်ရမလား 1 ဖြစ်ရမလား စဉ်း‌စားနေကြတာ :3 )


S မြို့ကြီး အခြေစိုက်စခန်းမှ စွမ်းအားရှင်များသည် ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့အတွက် ညဘက်တွင် အိပ်ရန် နေရာတစ်ခုကို စတင်ပြင်ဆင်နေပြီဖြစ်သည်။


လူနေရပ်ကွက်ရှိ အကောင်းဆုံးအခန်းကို ရွေးပြီးနောက် မူလပရိဘောဂအားလုံးကို ဖယ်ရှားသည်။ ရေစွမ်းအားရှင်များက အခန်းကို ထပ်မံသန့်ရှင်းသည်။ နောက်ဆုံးတွင် နေရာလပ်စွမ်းအားရှင်က ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ အသုံးပြုသော ပရိဘောဂများနှင့် နေ့စဉ်အသုံးအဆောင်များကို ထုတ်ယူ၍ နေရာချလိုက်သည်...


ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ သောကပွား၍ မပြီးဆုံးမီ သူတို့၏ အခန်းမှာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


မကြာခင်ပဲ ညနေခင်း ရောက်လာသည်။


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့နှင့်အတူ အိပ်ခန်းထဲသို့ ဝင်‌သွားသည်။


စဉ်းစားပြီးနောက် ယန်ကျင်းဇီ မနေနိုင်တော့ဘဲ အကြံပြုလိုက်သည်။ " အခုချိန်ကစပြီး တစ်ယောက်ကို တစ်လှည့်ပြောင်းမယ်ဆိုရင်ရော? "


ကျိုးဝမ်ရှိူ့ အနည်းငယ် စိတ်ရှုပ်သွားသည် : " တစ်ယောက်ကို တစ်လှည့်လား? "


" ငါ အမြဲတမ်း အောက်မှာပဲ မနေနိုင်ဘူး။ " ယန်ကျင်းဇီက အံကြိတ်လျက် ပြောသည်။


ကျိုးဝမ်ရှိူ့က ပြောလာသည် : " ခဏ‌၊ မင်း / အောက်လူ / မဖြစ်ချင်ဘူးလား? " 


" ဒါပေါ့! " ယန်ကျင်းဇီက တုန့်ဆိုင်းခြင်းမရှိ။


ကျိုးဝမ်ရှိူ့ : " ... " ဒါဆို သူ အရင်က ဘာတွေ ရုန်းကန်နေခဲ့ရတာလဲ?


တစ်ခုခုမှားနေမှန်း ယန်ကျင်းဇီလည်း သဘောပေါက်သွားသည် : " မင်းက... ‌/ အောက်လူ / ဖြစ်ချင်တာလား? "


ကျို

းဝမ်ရှိူ့က ယန်ကျင်းဇီကို ဟုတ်မှန်ကြောင်း အကြည့်ဖြင့် ကြည့်လာသည်။


ယန်ကျင်းဇီ : " ... " ဒါဆို သူ အရင်က ရုန်းကန်ခဲ့ရတာ ဘာလဲ? ဒီလိုမှန်းသာ သူ သိခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်ကို မလေ့ကျင့်ရသေးတာတောင် သူ လုပ်ပြီးလောက်ပြီ!