အပိုင်း ၉၇ ( Little White Face - 25 end )
Viewers 10k


နောက်ဆုံးတစ်ခါ ယန်ကျင်းဇီက အံ့အားသင့်ဖွယ် အင်အားကို ရုတ်တရက် ထုတ်ပြခဲ့သောအခါ ကျိုးဝမ်ရှိူ့သည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားခဲ့ရပြီး ယခု ထိုသို့ပို၍ပင် ခံစားလာရသည်။


ယန်ကျင်းဇီသည် အလွန်သန်မာသော်လည်း မလှုပ်ရှားမီ ခေါင်းကိုက်ကာ မူးလဲတတ်သည်... ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီက ကျန်းမာရေးမကောင်းလှဟု အမြဲခံစားရသောကြောင့် သူ့ကို အဖြူရောင်ကျောက်စိမ်းပုလင်းအဖြစ် သဘောထားပြီး ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။


သို့သော် မနေ့ည၌ ဤကျောက်စိမ်းဖြူပုလင်းက သူ့အား တစ်ညလုံး မရပ်မနား 'Pa Pa Pa Pa' လုပ်သွားသည်။ 


ကျိုးဝမ်ရှိူ့ : " ... "


ဤသို့ကြုံတွေ့ရသောအခါ သူသည် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း နည်းနည်းစိတ်ဓာတ်ကျမိသည်။


ဤလူ၏ ကိုယ်ခန္ဓာပေါ်တွင် မည်သည့်ကြွက်သားမျှ မရှိသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဘာကြောင့် သူက ရုတ်တရက်ကြီး ကြွက်သားအပြည့်နဲ့ ပေါ်လာတာလဲ?


ကျိုးဝမ်ရှိူ့သည် ‌မနေ့ညက ပင်ပန်းခဲ့ပြီး စကားပြောရန် အချိန်မရှိခဲ့သော်လည်း ယနေ့တွင် သူက စောစောအိပ်ရာထသည်...


ကျိုးဝမ်ရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည် : " မင်း ကြွက်သားတွေ ဘယ်လိုဖြစ်တာလဲ? "


" ငါ ညတိုင်း လေ့ကျင့်ခန်းလုပ်တယ်! " ယန်ကျင်းဇီက ဆိုသည် : " ပြီးတော့... မင်း သိပါတယ်။ ငါ သဘာဝလွန်စွမ်းရည် နိုးကြားပြီးပြီ။ " ဘာပဲဖြစ်ဖြစ် သူ ကျိုးဝမ်ရှိူ့ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရှုံးလို့မဖြစ်ဘူး။ အဲ့ဒါကြောင့် သူ အရင်က လေ့ကျင့်ခန်းလုပ်တိုင်း အရမ်းကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တာ!


ကျိုးဝမ်ရှိူ့ : " ... " ဒီပြောင်းလဲမှုက များလွန်းတယ်!


" မင်း မကြိုက်ဘူးလား? " ယန်ကျင်းဇီက မေးသည်။


ကျိုးဝမ်ရှိူ့က ရှက်သွားပြီး သူ့ကို တွန်းထုတ်ကာ ထသွားသည်။


မနေ့ညက အလုပ်ကြိုးစားခဲ့သူမှာ အမှန်တကယ်ပင် သူ မဟုတ်သော်ငြား သူ အနည်းငယ် အဆင်‌မပြေဖြစ်နေသည်... ယန်ကျင်းဇီရဲ့ နည်းစနစ်က ဆိုးလွန်းတယ်!


မဟုတ်ဘူး။ ယန်ကျင်းဇီရဲ့ နည်းစနစ်က ဆိုးတာ မဟုတ်ဘူး။ လုံးဝကို နည်းစနစ် မရှိတာ!


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ အိပ်ရာထသည်ကို တွေ့သောအခါ သူလည်း ချက်ချင်း ထလာသည် : " ဝမ်ရှိူ့၊ ခဏလေး၊ ငါ အခုချက်ချင်း မင်းအတွက် ဟင်းချက်ပေးမယ်။ "


စိတ်ပျော်နေတော့ အခု ယန်ကျင်းဇီ တစ်ခုခု အရမ်းလုပ်ချင်နေတယ်!


ကျိုးဝမ်ရှိူ့သည်... ယန်ကျင်းဇီက အင်အားပြည့်ဝပြီး လန်းဆန်းနေသည်ကို တွေ့သောအခါ ကူညီရန် ပျင်းရိသွားသည်။ သူသည် သူ့စွမ်းအားကို အသုံးပြု၍ အိပ်ရာခင်းများကို မီးရှို့လိုက်သည်။


အိမ်ထဲတွင် မရှိသင့်သော သဲလွန်စအားလုံးကို ရှင်းလင်းပြီးနောက် ကျိုးဝမ်ရှိူ့သည် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ သူသည် ယန်ကျင်းဇီ၏ ဓားကို အလျင်အမြန် အသုံးပြုပြီး ရေဆေးပြီးသား ပါဝင်ပစ္စည်းများကို သပ်သပ်ရပ်ရပ် လှီးဖြတ်လိုက်ပုံကို တွေ့လိုက်ရသည်။ ယန်ကျင်းဇီ၏ ဓားကိုင်စွမ်းရည်က သူ့ထက် များစွာသာလွန်သည်။


ကြည့်ရတာ ဒီမှာ သူ့ကို မလိုအပ်ပုံပဲ...


ယန်ကျင်းဇီ၏ ဓားကိုင်စွမ်းရည်သည် တကယ့်ကို မြန်ဆန်ပြီး ကောင်းမွန်သည်။ သူ့တွင် စိတ်ဝိညာဉ်စွမ်းအား ရှိလေသည်။ သူ ဆန္ဒရှိသရွေ့ ပါဝင်ပစ္စည်းများအားလုံးကို အရွယ်အစားတညီတည်း ဖြစ်အောင် လှီးဖြတ်ရန်မှာ မခက်ခဲချေ။


လှီးဖြတ်ပြီးနောက် ယန်ကျင်းဇီသည် အလွန်ရှားပါးသော အကြော်ဒယ်ထဲတွင် စတင်ချက်ပြုတ်သည်။ အသေအချာပင် သူက အလုပ်များကို ကိုယ်တိုင်လုပ်သော်လည်း ကျိုးဝမ်ရှိူ့က မီးမွှေးသည်။


ယန်ကျင်းဇီသည် ကြော်လှော်ခဲပြီး မကြာခဏ အိုးတစ်လုံးထဲတွင်သာ တိုက်ရိုက်ချက်ပြုတ်လေ့ရှိသည် – သူ အခြေစိုက်စခန်းတွင် ရှိစဉ်က စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍လည်း ဟင်းချက်စွမ်းရည်တချို့ကို ခိုးယူခဲ့သည်။


ခဏအကြာတွင် အရောင်အသွေး အစုံအလင်နှင့် အရသာရှိသော အစားအစာများစွာဟာ စားပွဲပေါ်သို့ ရောက်ရှိလာကြသည်။


ကျိုးဝမ်ရှိူ့သည် အနည်းငယ် အဆင်မပြေဖြစ်နေသေးပြီး တစ်လုတ်စာ စားပြီးနောက် ချက်ချင်း သက်သာသွားသည်။


ယန်ကျင်းဇီက အားနည်းသယောင် ဟန်ဆောင်ခဲ့ပြီး သူ့အား ရက်ပေါင်းများစွာ သောကပွားစေခဲ့ကာ မနေ့ညကလည်း အနည်းငယ် ခံစားခဲ့ရသော်ငြား ဇာတ်သိမ်းက ကောင်းမွန်နေဆဲဖြစ်သည်...


" ဝမ်ရှိူ့၊ များများစားပါ။ " ယန်ကျင်းဇီသည် အစားအသောက်ကောင်းများကို ကျိုးဝမ်ရှိူ့၏ ပန်းကန်ထဲသို့ ထည့်လိုက်သည်။ မနေ့ညက သူ နည်းနည်းလွန်သွားမှန်း သူလည်း သိသည်... အပျော်လွန်သွားလို့လေ!


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို တစ်ချက်မော့ကြည့်ပြီး ခေါင်းငုံ့ကာ ဆက်စားလိုက်သည်။ မနေ့ညက ကိုယ်ကာယ အားစိုက်ထုတ်မှုမှာ အရမ်းများပြားလွန်းသဖြင့် သူ ဗိုက်ဆာနေပြီဖြစ်သည်။


ဤအခိုက်အတန့်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။


ယန်ကျင်းဇီသည် တံခါးကို အမြန်ဖွင့်လိုက်သည်။


တံခါးအပြင်ဘက်တွင် စွင်းမုန့်တနှင့် ရှောက်ကွမ်ချင်တို့ ရှိနေကြပြီး နှစ်ယောက်စလုံး လက်ထဲတွင် ပစ္စည်းများ ကိုင်ထားကြသည်။ သူတို့ ဝင်လိုက်သည်နှင့်တပြိုင်နက် စားပွဲပေါ်မှ စားစရာများကို တွေ့လိုက်ရပြီး သရေကျလာကြ၏။


ယန်ကျင်းဇီ ချက်သော စွပ်ပြုတ်ကို သောက်ပြီးနောက် သူတို့သည် ယန်ကျင်းဇီ၏ လက်ရာကို နက်ရှိုင်းစွာ နှစ်သက်ကြသည်။


သူတို့ အမြဲမစားရတာ ဝမ်းနည်းစရာပင်။


အခု... မနက်အစောကြီးမှာ ယန်ကျင်းဇီက တကယ်ကြီး ဟင်းတွေအများကြီးကို ချက်ထားတယ်!


ကျိုးဝမ်ရှိူ့ရဲ့ဘဝက သာယာလွန်းတယ်!


" မင်းတို့ ကိစ္စတစ်ခုခုရှိလို့လား? " ယန်ကျင်းဇီက မေးသည်။


" ယန်သခင်လေး၊ ငါတို့ မင်းရဲ့ နောက်ထပ်အစီအစဉ်ကို မေးချင်တယ်... " စွင်းမုန့်တသည် ပြုံး၍ ယန်ကျင်းဇီကို ကြည့်လိုက်သည်။


သူတို့သည် ယခု‌တလော S မြို့ကြီးနှင့် အဆက်အသွယ်မရသော်လည်း ယန်ကျင်းဇီ ထိုနေရာသို့ သွားနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်သည်။


ယခုအခါ နိုင်ငံတွင်းရှိ ကြီးမားသော အခြေစိုက်စခန်းများစွာသည် ဆက်သွယ်ထားကြပြီး သူတို့၏မြေပေါ်ရှိ ဇွန်ဘီအားလုံးကို သတ်ပစ်ရန် ကတိပြုထားကြသည်။


" ငါ S မြို့ကြီးကို သွားမယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။


" ယန်သခင်လေး၊ အရမ်းကျေးဇူးတင်တယ်! " စွင်းမုန့်တသည် အနည်းငယ် ခံစားသွားရပြီး ယန်ကျင်းဇီကို ပိုမိုကောင်းမွန်စွာ ဆက်ဆံချင်ခဲ့သည်။


သို့သော် ယန်ကျင်းဇီတွင် သူတို့ကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူက ကျိုးဝမ်ရှိူ့နှင့် စကားသွားပြောနေသည် : " ဝမ်ရှိူ့၊ မင်း နေ့လယ်စာ ဘာစားချင်လဲ? ငါ မင်းအတွက် ချက်ပေးမယ်။ "


" အကုန်အဆင်ပြေတယ်။ " ကျိုးဝမ်ရှိူ့က ပြောသည်။


" စွင်းမုန့်တ ကြက်သားယူလာတယ်။ ငါ မင်းအတွက် ကြက်ပြုတ်ချက်ပေးမယ်။ " ဤသို့ပြောပြီးနောက် ယန်ကျင်းဇီသည် စွင်းမုန့်တနှင့် တခြားသူများကို ကြည့်လိုက်သည် : " ခဏအနားယူပြီးရင် ဒီနေ့ နေ့လယ် ထွက်ကြမယ်။ ပြီးတော့ မနေ့က ကောင်မလေးကိုလည်း ခေါ်ပေးဦး။ " 


ဇွန်ဘီများအားလုံးကို သတ်ပြီးပြီ။ အားလုံး ခဏတာ အနားယူပြီး နေ့ခင်းဘက် ထွက်ခွာရာတွင် ပြဿနာလုံးဝမရှိပေ။ စွင်းမုန့်တ ချက်ချင်း သဘောတူလိုက်သည်။ ယန်ကျင်းဇီက ကောင်မလေးကို လာခိုင်းမှုအတွက်မူ... " ယန်သခင်လေး၊ မင်း သူ(မ)ကို စွမ်းရည်နိုးကြားပေးချင်တာလား? "


ယန်ကျင်းဇီ ခေါင်းညိတ်လိုက်သည်။


" ငါတို့ကြည့်လို့ရမလား? " စွင်းမုန့်တက ဂရုတစိုက် မေးမြန်းသည်။


ယန်ကျင်းဇီက သူ့ကို လှောင်ပြုံးနှင့် ကြည့်သည် : " မင်းတို့ ကြည့်ချင်ရင် ကြည့်လို့ရတယ်။ "


သေချာတာပေါ့၊ စွင်းမုန့်တ ကြည့်ချင်တယ်။ ဒါပေမယ့် သူ ဘာမှမတွေ့ဘူး!


ကောင်မလေးကို ခေါ်လာပြီးနောက် ယန်ကျင်းဇီသည် သူ(မ)ကို ဧည့်ခန်းထဲမှာ တစ်ယောက်တည်း လှည့်ပတ်ခွင့်ပြုထား‌ပြီး သူကတော့ ကျိုးဝမ်ရှိူ့ ပတ်ပတ်လည်တွင် ဆက်တိုက်လှုပ်ရှားနေသည်။


သူတို့ ပို့လိုက်သော အသီးအနှံများကို သူက ရေဆေးပြီး လှီးဖြတ်ကာ ကျိုးဝမ်ရှိူ့ကို ခွံ့ကျွေးသည်။


စွင်းမုန့်တ ဆွံ့အသွားသည်။


ကျိုးဝမ်ရှိူ့ရှေ့က ယန်ကျင်းဇီက ဘယ်လိုလူမျိုးလဲ?


တကယ်တော့ ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့အပေါ် အလွန်ကောင်းသည်။ သို့သော် ယခင်က ယန်ကျင်းဇီတွင် အမြဲတစေ အားအင်ပြတ်လပ်နေသဖြင့် ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီကို ပိုမိုဂရုစိုက်ဖြစ်ခဲ့သည်...


ယခုအခါ ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့အနားတွင် ‌ဇနီးငယ်လေးကဲ့သို့ ပြုမူနေသောအခါ စွင်းမုန့်တ ကျင့်သားမရပေ။


ကျိုးဝမ်ရှိူ့သည် ယခင်ကတည်းက ယန်ကျင်းဇီ ဤသို့ပြုမူခဲ့သောကြောင့် ပုံမှန်အတိုင်း ခံစားရသည်... ပြီးတော့ သူ အခု သိသွားပြီ။ ယန်ကျင်းဇီက အလွန်ကျန်းမာရေးကောင်းသည်။


ယခုလောလောဆယ်တော့ ယန်ကျင်းဇီ၏ ခန္ဓာကိုယ်က အရမ်းကောင်းသည်။


ဆန့်ကျင်ဘက်အားဖြင့် သူသည် မဖော်ပြသော်လည်း တကယ့်ကို အဆင်မပြေဖြစ်နေသည်။


ယန်ကျင်းဇီမှာ ဘာစကေးမှ လုံးဝ မရှိဘူး!!! ဘာလိမ်းဆီမှမရှိတော့ သူ ဒဏ်ရာရသွားတယ်!


" ဝမ်ရှိူ့၊ မင်း လှဲပြီး အနားယူလိုက်ဦး။ " ယန်ကျင်းဇီသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ လှဲလျောင်းနေသော ခေါက်ကုလားထိုင်ရှည်ပေါ်တွင် ကျိုးဝမ်ရှိူ့အား အနားယူစေပြီးနောက် ပြောလိုက်သည် : " ငါ ဟင်းရည်သွားပြုတ်တော့မယ်။ "


ကျိုးဝမ်ရှိူ့က ပြောသည် : " ငါ မင်းကို မီးကူမွှေးပေးမယ်။ "


" မရဘူး။ မင်း ဒီတိုင်းလှဲနေပါ။ တခြားသူတွေ ငါ့အတွက် မီးမွှေးပေးလိမ့်မယ်။ " ယခုအခါ S မြို့ကြီး အခြေစိုက်စခန်းမှ လူများစွာက အနီးအနားတွင် ရှိနေလေရာ မီးမွှေးမည့်လူ မရှားပါးချေ။ ဘာလို့ ကျိုးဝမ်ရှိူ့ကို နှောင့်ယှက်ရမှာလဲ?


" ငါ...... "


" မင်း မလှဲရင် ငါ မင်းကို နမ်းမယ်။ " ယန်ကျင်းဇီက ပြောသည်။


ကျိုးဝမ်ရှိူ့ : " ... " ဒီမှာ လူတွေ ရှိနေသေးတယ်!


ကျိုးဝမ်ရှိူ့သည် ခေါက်ကုလားထိုင်ရှည်ပေါ်တွင် လှဲ‌ချလိုက်သည်။


ဤခေါက်ကုလားထိုင်ရှည်က တကယ့်ကို သက်တောင့်သက်သာ ရှိကြောင်း သူ ဝန်ခံရပေမည်။ လှဲပြီးလျှင် ပြန်မထချင်တော့...


ကျိုးဝမ်ရှိူ့ လှဲ‌လိုက်ပြီး ယန်ကျင်းဇီသည် တခြားသူများကို ချက်ချင်းလှမ်းကြည့်ကာ သူတို့ကို ဆူညံသံမပြုလုပ်စေခဲ့ပေ။


တခြားသူများ၏ လှုပ်ရှားမှု မရှိသော်လည်း ဤအချိန်တွင် ပို၍ပင် တိတ်ဆိတ်သွားသည်။ ခဏကြာပြီးနောက် အခန်းထဲတွင် ဘာအသံမှမရှိတော့ချေ။


ယန်ကျင်းဇီသည် ကြက်သားကို အိုးထဲသို့ ထည့်လိုက်သည်။ မီးထိန်းချုပ်ခြင်းတွင် အထူးကျွမ်းကျင်သော S မြို့ကြီး အခြေစိုက်စခန်းမှ မီးစွမ်းအားရှင်က မီးမွှေးပေးသည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ကျိုးဝမ်ရှိူ့၏ ခန္ဓာကိုယ်ကို ထွေးပွေ့လိုက်ပြီး စိတ်ငြိမ်သက်စေရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနေစဉ် မီးဒြပ်စင်ကိုလည်း ကျိုးဝမ်ရှိူ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေသည်။


ဤသည်က သေချာပေါက် ကျိုးဝမ်ရှိူ့ကို အလွန်သက်တောင့်သက်သာ ဖြစ်စေလိမ့်မည်... မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးဝမ်ရှိူ့က တဖြည်းဖြည်း အိပ်မောကျသွားသည်။


သေချာတာပေါ့၊ ယန်ကျင်းဇီသည် သူ ခေါ်ထားသော မိန်းကလေး၏ ပတ်ဝန်းကျင်မှ အမှောင်စွမ်းအင်အားလုံးကို ပျောက်ကွယ်စေရန်လည်း ‌မမေ့လျော့ခဲ့ပေ။


ဤကမ္ဘာကြီးသည် အမှောင်စွမ်းအင်နှင့် ပြည့်နေသော်လည်း အလင်းစွမ်းအင်များစွာ မရှိချေ။ တချို့ကို ဆွဲယူ၍ မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်းက ယန်ကျင်းဇီကို အလုပ်အနည်းငယ်ရှုပ်စေသည်။


ဤမိန်းကလေးက အလွန်ပါရမီပါသည်။ တကယ်တော့ သူ(မ)သည် စွမ်းရည်နိုးကြားလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ(မ)က အမြဲတစေ ‌အမှောင်စွမ်းအင်နှင့် ထိတွေ့နေပြီး ဖိနှိပ်‌ခံနေရသောကြောင့်သာ ဖြစ်သည်... သူ(မ)၏ စွမ်းရည်နိုးထရန်မှာ မခက်ခဲချေ။


ယန်ကျင်းဇီသည် တပြိုင်နက်တည်း အလုပ်ပေါင်းစုံ လုပ်နေသည်။ စွင်းမုန့်တနှင့် တခြားသူများသည် စွမ်းရည်နိုးထခြင်းဖြစ်စဉ်ကို တွေ့မြင်ချင်သော်လည်း ဘာကြောင့်မှန်း သူတို့ မသိပေ။


ယန်ကျင်းဇီက... ဘာမှမလုပ်ဘူး!


သူတို့သည် သူ၏ ကျိုးဝမ်ရှိူ့ကို နေရာတကာ ဂရုစိုက်နေပုံကို တွေ့မြင်နေရပြီး ဂရုစိုက်မှုက သူတို့ကို မနာလိုဖြစ်စေသည်...


စွင်းမုန့်တဘေးတွင် ထိုင်နေသော မိန်းကလေးသည် ယခုအချိန်တွင် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး အနည်းငယ်စိုးရိမ်နေမိသည်။


မနေ့က ယန်ကျင်းဇီသည် သူ(မ)က စွမ်းရည်နိုးထနိုင်သည်ဟု ပြောခဲ့သဖြင့် သူ(မ) ပီတိဖြာနေခဲ့သည်။ သူ(မ)သည် သူ(မ)၏ အနာဂတ်ဘဝနှင့်ပတ်သက်၍လည်း စိတ်ကူးယဉ်နေခဲ့ပြီး တစ်ညလုံး အိပ်မပျော်ခဲ့ချေ။


ရလဒ်ကမူ ယနေ့ ဤနေရာသို့ အခေါ်ခံရပြီးနောက် ယန်ကျင်းဇီသည် သူ(မ)ကို ထိုင်ခိုင်းထားပြီး တခြားဘာမှမလုပ်ခိုင်းပေ။


မိန်းမငယ်လေးသည် ကြောင်အနေသည်။


ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် သူ(မ)၏ကိုယ်ထဲတွင် တစ်ခုခုပေါ်လာသည်ဟု သူ(မ) ရုတ်တရက် ခံစားလိုက်ရသည်...


သူ(မ)ရဲ့ စွမ်းရည် နိုးကြားလာပြီ!


မိန်းမငယ်လေးတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး အော်ပြောမိလုနီးပါးပင်။


" မပြောနဲ့။ " ယန်ကျင်းဇီက တိုးတိုးလေး ပြောပြီး သူ(မ)ကို လှမ်းကြည့်သည်။


ခြိမ်းခြောက်သော ဖိအားလှိုင်းတစ်ခုက သူမကို ဖိနှိပ်ခဲ့ပြီး သူ(မ)ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။ ကောင်မလေးက သူ(မ) သိကြောင်း ပြသရန် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။


ထိုအခါမှသာ ယန်ကျင်းဇီသည် သူ(မ)အပေါ် ဖိနှိပ်ထားသော စိတ်ဝိညာဉ်စွမ်းအားကို ပြန်သိမ်းလိုက်ပြီး သူ(မ)ကို ကြည့်လိုက်သည် : " လာ၊ မင်းရဲ့စွမ်းအားကို သုံးကြည့်။ "


မိန်းကလေး၏ ဖခင်သည် စွမ်းအားရှင် ဖြစ်ပြီး သူ(မ)သည်လည်း စွမ်းအားသုံးနည်းကို သိထားသည်။ ဤအချိန်တွင် သူ(မ)က လက်ဆန့်ထုတ်လိုက်ပြီး သူ(မ)လက်ထဲတွင် အလင်းလုံးတစ်လုံး ပေါ်လာသည်။


အခြားသူများ၏ စွမ်းရည်များကို သတ်ဖြတ်ရန် အသုံးပြုသော်လည်း သူ(မ)၏ စွမ်းရည်ကို ကုသရန် အသုံးပြုနိုင်သည်။


ယန်ကျင်းဇီသည် ဤစွမ်းအင်၏ အသုံးဝင်မှုကို သိထားသည်မှာ ကြာပြီဖြစ်သည်။ ယနေ့တွင် အထူးတလည် သူ(မ)၏ စွမ်းရည်ကို ကြိုတင်နိုးကြားစေခဲ့သည်။ ၎င်းမှာလည်း...


" မဆိုးပါဘူး။ " ယန်ကျင်းဇီက ချီးကျူးသည်။


မိန်းကလေး၏ မျက်ဝန်းများ တောက်ပသွားသည်- ဤသို့ချောမောသည့် ယောက်ျားလေး၏ ချီးကျူးခြင်းကို ခံရသည့်အတွက် သဘာဝကျစွာပင် သူ(မ) ပျော်ရွှင်သွားသည်။


" မင်းရဲ့စွမ်းရည်ကို ဝမ်ရှိူ့အပေါ်မှာ သုံးလိုက်။ " ယန်ကျင်းဇီသည် အိပ်ပျော်နေဆဲဖြစ်သော ကျိုးဝမ်ရှိူ့ကို ညွှန်ပြလိုက်သည် – မနေ့က ကျိုးဝမ်ရှိူ့ ဒဏ်ရာနည်းနည်းရခဲ့တယ်။ အဟမ်း!


သူ၏ပျော်ရွှင်မှုအတွက် စောစောကုသခြင်းက ပိုကောင်းသည်။


သဘာဝလွန် အလင်းစွမ်းရည် နိုးထခါစ မိန်းကလေး : " ....... "


ကျိုးဝမ်ရှိူ့က ဘာမှမသိပေ။ သူ နိုးလာသောအခါ လန်းဆန်းနေပြီး မသက်မသာဖြစ်မှုက လုံးဝ ပျောက်ကွယ်သွားသည်ဟုသာ ခံစားလိုက်ရလေသည်။


ထို့အပြင် ယန်ကျင်းဇီက အစားအသောက်များကို ပြင်ဆင်ပြီးပြီဖြစ်ပြီး အတူစားရန်အတွက် သူ့ကို စောင့်နေသည်။


ဒါက ရိုးရိုးရှင်းရှင်း လှပတဲ့ နေ့လေးပဲ!


ကျိုးဝမ်ရှိူ့သည် စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ကြက်ခြေထောက်နှစ်ချောင်းက သူ့ပန်းကန်ထဲတွင် ရှိနေပြီး မကြာမီပင် ကြက်တောင်ပံများလည်း သူ့ပန်းကန်ထဲသို့ ရောက်လာသည်...


" မလိုပါဘူး။ " ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီကို ကူရာမဲ့စွာ ကြည့်လာသည်။


" ငါ မင်းကို စားစေချင်တယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ သူ့မိသားစုဝင် ဥက္ကဌကို အမှန်တကယ်ပင် သူ ပိုပိုသဘောကျလာပြီး ကောင်းမွန်သော ပစ္စည်းများအားလုံးကို လက်ဆောင်ပေးရန် မစောင့်နိုင်တော့။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီအား ကြက်ခြေထောက်နှင့် ကြက်တောင်ပံများကို တစ်ဝက်ခွဲပေးလိုက်သည် : " စားလို့ကောင်းတယ်။ "


ယန်ကျင်းဇီက ပြုံးပြီး စားသည်။


စားပြီးသည်နှင့် သူတို့သည် S မြို့ကြီးသို့ ခရီးဆက်ကြသည်။


သူတို့တွင် စွမ်းအားရှင် ၁,၀၀၀ ကျော် ရှိပြီး ယခုအခါ အဆင့်မြင့်ဇွန်ဘီများ၏ ခြိမ်းခြောက်မှုလည်း မရှိတော့ချေ။ ထို့ကြောင့် သူတို့သည် အပြန်လမ်းတွင် ချောမွေ့စွာ လမ်းလျှောက်လာခဲ့ကြပြီး သဘာဝကျစွာပင် စွင်းမုန့်တနှင် တခြားသူများကို အလွန်ပျော်ရွှင်စေလေသည်။


အထူးသဖြင့် ဇွန်ဘီကူသတ်ပေးရန် မလိုတော့သောကြောင့် ယခင်က တစ်နေ့လုံး မလှုပ်မယှက် လှဲလျောင်းနေခဲ့သော ယန်ကျင်းဇီတွင်ပင် တက်ကြွမှုများ ပြည့်နှက်နေသည်...


တခြားသူများ၏ ထင်မြင်ယူဆချက်ကို ယန်ကျင်းဇီ သိလျှင် သူက သေချာပေါက် ၎င်းကို ချေပလိမ့်မည်။


သူ့တွင် အားပြည့်နေသည်မှာ ဇွန်ဘီမသတ်ရသောကြောင့် မဟုတ်ဘဲ သူ၏ ညဘက် လေ့ကျင့်ခန်းနည်းလမ်းကို ပြောင်းလိုက်သောကြောင့် ဖြစ်သည်... သူက ညတိုင်း အလုပ်ကြိုးစားနေခဲ့တာ ဘယ်လိုလုပ် သူ့မှာ နောက်တစ်နေ့ လျှောက်ပြေးဖို့ အင်အားကျန်ပါတော့မလဲ? ယခုတော့ ကွဲပြားသွားပြီဖြစ်သည်။ ယနေ့ည သူ့လေ့ကျင့်ခန်းက အလွန်ကောင်းရာ သူ့ကို နောက်တစ်နေ့တွင် သက်တောင့်သက်သာ ရှိစေပြီး အရာရာတိုင်းတွင် အင်အားပြည့်ဝနေသကဲ့သို့ ခံစားရစေသည်။


ဘယ်သူက တစ်နေ့လုံး လှဲနေရတာကို မငြီးငွေ့မှာလဲ?


အားအင်ပြည့်ဝနေသော ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့နောက်သို့ လျှောက်လိုက်နေသည်။


ကျိုးဝမ်ရှိူ့ : " ...... " ဒီလူက လွန်လွန်းတယ် ဟုတ်တယ်မလား? သူ့ကို နေ့တိုင်းညတိုင်း ကပ်တွယ်နေတဲ့အပြင် ကောင်မလေးတစ်ယောက်ကိုလည်း မနက်တိုင်း သူ့ကို ကုခိုင်းတယ်။ ပြီးတော့ ညကျရင် ဆက်ပြီး လူးလှိမ့်တယ်...


အသင်းထဲမှာ လူတွေအများကြီး ရှိတာတောင် ယန်ကျင်းဇီက ညတိုင်း သန့်ရှင်းတဲ့ အိမ်တစ်လုံး လိုချင်တယ်... တခြားသူတွေ ဘယ်လိုထင်ကြမလဲ မသိဘူး။


သူ ဘာဖြစ်ချင်သလဲ?


ယန်ကျင်းဇီက ပျော်ချင်ရုံလေးပါ!


ကမ္ဘာပျက်ကပ်မှာ သေချာပေါက် သူတို့မှာ အချိန်ရှိတုန်း ပျော်ထားရမှာပေါ့!


လူတိုင်းသည် တစ်လမ်းလုံး လမ်းလျှောက်သွားကြကာ တစ်လခွဲကြာပြီးနောက် S မြို့ကြီးသို့ ရောက်သွားကြသည်။


S မြို့ကြီး အခြေစိုက်စခန်းမှ စွမ်းအားရှင်တချို့သည် အချိန်စော၍ ပြန်ရောက်နေခဲ့ကြသည်။ သဘာဝကျစွာပင် လူတချို့သည် ယန်ကျင်းဇီ၏ အကြောင်းကို သတင်းတင်ပြထားသဖြင့် သူတို့ မရောက်သေးမီတွင်ပင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်။


ရောက်ရှိလာသူများအားလုံးမှာ S မြို့ကြီးမှ ထိပ်တန်းစွမ်းအားရှင်များ ဖြစ်ကြသည်။ သူတို့ ရောက်လာသောအခါ ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့အတွက် ချက်ပြုတ်နေသည်။


ကျိုးဝမ်ရှိူ့ကမူ... ကျိုးဝမ်ရှိူ့၏ ယခုတလော ကိုယ်ခန္ဓာအခြေအနေမှာ ကောင်းလွန်းနေသည်။ သူ့အင်အားကို အသုံးချစရာနေရာ မရှိ‌သောကြောင့် သူသည် ယခုလက်ရှိတွင် စွင်းမုန့်တနှင့် ရှောက်ကွမ်ချင်တို့ လူနှစ်‌ယောက်နှင့်အတူ ယှဉ်ပြိုင်တိုက်ခိုက်နေသည်။


သူတစ်ယောက်တည်းနှင့် နှစ်‌ယောက်စလုံးကို တကယ် ဖိနှိပ်ထားနိုင်ခဲ့သည်...


" မင်းက ယန်ကျင်းဇီလား? မင်းက အရမ်းသန်မာတယ်! " S မြို့ကြီး အခြေစိုက်စခန်းမှ လူက ကျိုးဝမ်ရှိူ့ကို တွေ့တွေ့ချင်း ပြောလာသည်။


ကျိုးဝမ်ရှိူ့ : " ... ငါ ယန်ကျင်းဇီ မဟုတ်ဘူး။ "


" အဲ့ဒါ ယန်ကျင်းဇီ။ " စွင်းမုန့်တသည် စကားပြောပြီးနောက် မလှမ်းမကမ်းရှိ အေပရွန်ဝတ်ဆင်လျက်ဖြင့် ယောက်မတစ်ချောင်း ကိုင်ဆောင်ထားသော ယန်ကျင်းဇီကို ညွှန်ပြလိုက်သည် – ယန်ကျင်းဇီက အခုတလော နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေအများကြီးကို ချက်ပြုတ်နေခဲ့တယ်။ သူ သေလောက်အောင် စားချင်နေပေမယ့် သူ မစားနိုင်ဘူး။ 


ကျိုးဝမ်ရှိူ့ရဲ့ဘဝက အရမ်းကောင်းလွန်းတယ်!


S မြို့ကြီးမှ လူများ : " ...... "


ယန်ကျင်းဇီသည် ထမင်းစားပြီးနောက် S မြို့ကြီး အခြေစိုက်စခန်းမှ လူများနှင့် စကားစမြည်ပြောသည်။


လူသားမျိုးနွယ်၏ သေခြင်းရှင်ခြင်း ကိစ္စနှင့်ပတ်သက်သောကြောင့် ယန်ကျင်းဇီသည် ဘာမှမဖုံးကွယ်ဘဲ သူ သိထားသမျှကို ပြောပြသည်။ သူသည် ဇွန်ဘီများထံမှ ထုတ်ယူထားသော အမှောင်စွမ်းအင်ဖြင့် စုစည်းထားသည့် အနက်ရောင်ဥက္ကာခဲကို ထုတ်ပေးလိုက်သည်။


ဤပစ္စည်းများကို ယခုအချိန်တွင် ကွယ်ဝှက်ထား‌နိုင်သော်လည်း အနာဂတ်တွင်... ၎င်းတို့ကို ကမ္ဘာမြေကြီးမှ ထုတ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။


ထို့အပြင် ယန်ကျင်းဇီသည် S မြို့ကြီး အခြေစိုက်စခန်းမှ လူများ၏ တောင်းဆိုချက်ကိုလည်း သဘောတူခဲ့သည် – နေရာအမျိုးမျိုးသို့ သွားရောက်၍ ဇွန်ဘီသတ်ရန် ဖြစ်သည်။


လူများကို စွမ်းရည်နိုးကြားရန် ကူညီပေးခြင်းကဲ့သို့သော ကိစ္စမျိုးများကိုလည်း သူ သေချာပေါက် လုပ်ပေးနိုင်သည်။ သူ တတ်စွမ်းနိုင်သမျှကို လုပ်ပေးရန် ဆန္ဒရှိသည်။


ယန်ကျင်းဇီသည် S မြို့ကြီး အခြေစိုက်စခန်းတွင် ဆယ်ရက် နေထိုင်ခဲ့ပြီး သူ့ဇာတ်လမ်းသည် S မြို့ကြီး အခြေစိုက်စခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။


ဤသည်ကား ကမ္ဘာပျက်ကပ် ဖြစ်သည်။ လူသားမျိုးနွယ်က သူရဲကောင်းတစ်ဦးကို လိုအပ်နေပြီး ယန်ကျင်းဇီသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။


ဆယ်ရက်အကြာတွင် S မြို့ကြီး အခြေစိုက်စခန်းက အဖွဲ့တစ်ဖွဲ့ကို စုစည်းလိုက်ပြီး ယန်ကျင်းဇီနောက်လိုက်ကာ မြောက်ဘက်သို့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြသည်။


ဤအဖွဲ့သည် S မြို့ကြီးမှ အသန်မာဆုံး စွမ်းအားရှင်များ၊ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ စွမ်းအားရှင် ထောင်ပေါင်းများစွာတို့အပြင် တခြားပညာရပ်များ၏ အတော်ဆုံးများကို အတူစုစည်းထားပြီး ဤကမ္ဘာပျက်ကပ်၏ အသန်မာဆုံးအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်မှာ သေချာသည်။


အဖွဲ့က ထွက်ခွာတော့မည်ဖြစ်သည်။ မထွက်ခွာမီ ယန်ကျင်းဇီသည် S မြို့ကြီး အခြေစိုက်စခန်း၏ တာဝန်ရှိသူနှင့် သူ့နောက်လိုက်သော အဖွဲ့၏ တာဝန်ခံတို့နှင့် သွားရောက်တွေ့ဆုံခဲ့သည်။


" ငါ ပြောချင်တဲ့ ကိစ္စတွေ ရှိလို့ ငါ မင်းတို့ကို လာရှာတာ။ " ယန်ကျင်းဇီက တိုက်ရိုက်ပြောသည်။


" ယန်သခင်လေး၊ မင်း ပြောစရာရှိတာ ပြောလိုက်ပါ။ " ထိုလူများက တစ်ယောက်ပြီး တစ်‌ယောက် ပြောကြသည်။


ယန်ကျင်းဇီက ပြုံးလိုက်သည် : " ငါ ဇွန်ဘီသတ်ဖို့ ဆန္ဒရှိတာ၊ ဒီကိစ္စတွေကို လုပ်ဖို့ ဆန္ဒရှိတာ အကုန်လုံး ကျိုးဝမ်ရှိူ့ကြောင့်ပဲ။ သူက လုပ်ချင်စိတ်ရှိလို့ ငါလည်း လုပ်ပေးချင်တယ်။ ကျိုးဝမ်ရှိူ့ မရှိရင် ငါလည်း ရှိမလာဘူး။ "


အစပိုင်း၌ သူသည် သူ၏ ကူးပြောင်းလာရခြင်း အကြောင်းအရင်းကို မသိခဲ့သော်လည်း သူ တကယ် ကူးပြောင်းလာသောအခါ အကြောင်းအရင်းကို သူ သိလိုက်သည်။


သူသည် ကျိုးဝမ်ရှိူ့အတွက် ရောက်လာခဲ့သည်။


သူသည် ကျိုးဝမ်ရှိူ့ နေကောင်းကျန်းမာပြီး ဘေးကင်းလုံခြုံရန် မျှော်လင့်ကာ ကျိုးဝမ်ရှိူ့ လုပ်ချင်သမျှကို လုပ်ပေးရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။


ယန်ကျင်းဇီက ရိုးရိုးရှင်းရှင်း ပြောသော်ငြား S မြို့ကြီး အခြေစိုက်စခန်းမှ လူများအားလုံး အံ့ဩသွားကြသည်။


သူတို့အားလုံးသည် ယန်ကျင်းဇီကို တန်ဖိုးထားကြပြီး ကျိုးဝမ်ရှိူ့ကို သိပ်ဂရုမစိုက်ကြပေ။ ဤကမ္ဘာတွင် ယန်ကျင်းဇီကဲ့သို့ ဒုတိယမြောက်လူတစ်‌ယောက် မရှိနိုင်တော့သော်လည်း ကျိုးဝမ်ရှိူ့ကမူ ကွဲပြားသည်။


လက်ရှိလူတချို့တွင် အတွေးငယ်တစ်ခုပင် ပေါ်လာခဲ့သည်။ ယန်ကျင်းဇီက ယောက်ျားများကို သဘောကျလေရာ ကျိုးဝမ်ရှိူ့နှင့် ဆင်တူသော ယောက်ျားအနည်းငယ်ကို သူ့အား ပေးပို့ရန် စဉ်းစားနေခဲ့ကြသည်... တကယ်တော့ သူတို့သည် အဖွဲ့ထဲတွင် လူတစ်ဦးကို စီစဉ်ပြီးပြီဖြစ်သည်။


သို့သော် ယခု ယန်ကျင်းဇီက ဤသို့ပြောလာရာ... ဤလူများသည် ကလိမ်ကကျစ် မလှုပ်ရှားရဲတော့ပေ။


စွင်းမုန့်တနှင့် တခြားလူများလည်း အနည်းငယ် ရှက်ရွံ့သွားကြသည်။ သူတို့သည် ယန်ကျင်းဇီကို အလွန်လေးစားပြီး ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံပုံကို တွေ့ရသောအခါ ကျိုးဝမ်ရှိူ့က အနည်းငယ် မထိုက်တန်ဟု သူတို့ ခံစားခဲ့ကြရသည်။


ယခုအခါ ကျိုးဝမ်ရှိူ့က အရေးပါကြောင်း၊ အလွန့်အလွန် အရေးပါကြောင်းကို ယန်ကျင်းဇီက သူတို့အား ရှင်းရှင်းလင်းလင်း ပြောပြလာသည်။


ယန်ကျင်းဇီသည်လည်း ထိုအရိပ်အယောင်တချို့ကို တွေ့ခဲ့သောကြောင့် ဤသို့ပြောခဲ့ပြီးနောက် ထွက်လာခဲ့သည်။


သူလည်း သူ့ရဲ့ ဝမ်ရှိူ့ကို ရှာချင်တယ်!


အခြေစိုက်စခန်းက ဘဝက အပြင်ဘက်ထက် အများကြီးသာလွန်ပြီး ညဘက်ပျော်ရွှင်မှုကလည်း အနည်းငယ် ပိုပြီးကြွယ်ဝထူးကဲတယ်။ သူ အ

ချိန်မဖြုန်းချင်ဘူး!


တစ်ဖက်တွင်မူ ကျိုးဝမ်ရှိူ့က ရေချိုးနေလေသည်။


ယန်ကျင်းဇီ ဘယ်ရောက်နေသလဲ သူ မသိသော်ငြား ကိစ္စတစ်ခုကတော့ သေချာသည်။ ညနေခင်းတွင် ယန်ကျင်းဇီက သေချာပေါက် သူ့ကို အချိန်အကြာကြီး လူးလှိမ့်ဦးမည်ဖြစ်သည်...


အင်း၊ သူလည်း ကြိုက်သည်။ မဟုတ်လျှင် သူ ရေချိုးခန်းထဲတွင် ရောက်နေမည်မဟုတ်ပေ။