အပိုင်း၃၆၅
Viewers 67k

🍵Chapter 365




ရှောင်ယန်းယန်က ပိုချဉ်းကပ်ရလွယ်၏။မိန်းမလှလေးများရှိနေသရွေ့ မျက်ခုံးများတွန့်သွားသည်အထိ သွားကျိုးလေးများဖြင့်ပြုံးပြမည်ဖြစ်ကာ မိန်းကလေးများအား သူ့ကိုနှလုံးသားပေးချင်လာအောင် ချစ်စရာကောင်းပြနေပေသည်။


ရှောင်ယန်းယန်က ရုတ်တရက်ပင် ဘွဲ့နှင်းသဘင်၌ အကျော်ကြားဆုံးသူလေးဖြစ်လာကာ လူတိုင်းက သူနှင့်အတူဓာတ်ပုံရိုက်ရန်တိုးဝှေ့နေကြသည်။


ယောက်ျားလေးအတန်းဖော်များက ထိုသည်ကိုမြင်သောအခါ သူတို့လည်းလာပြီးအတူဓာတ်ပုံရိုက်ချင်လာကြသည်။စိတ်မကောင်းစရာမှာ ဒီတစ်ကြိမ်တွင်မူ ရှောင်ယန်းယန်က လိုက်မလျောတော့ပေ။


.... မပြုံးဘူး..ဖင်ဘဲပေးမယ်။..


ထုံရွှယ်လူသည် သူမကလေးနှစ်ယောက်၏အပြုအမူများကြောင့် အံ့ဩသွားရသည်။


အခမ်းအနားပြီးသောအခါ ထုံရွှယ်လူတို့မိသားစုက စားသောက်ဆိုင်၌ဂုဏ်ပြုပွဲလုပ်ရန်သွားတော့မည့်အချိန်တွင် မိန်းကလေးတစ်ဦးကရုတ်တရက်ရှေ့ထွက်လာလေသည်။


“ရှောင်း အတန်းဖော်ရှောင်း ငါနင့်ကိုပြောစရာရှိတယ်”


ထိုမိန်းမလေးက အရပ်ရှည်ကာချောမော၏။ ထုံရွှယ်လူက သူမကိုရင်းနှီးသလိုခံစားရသော်လည်း ဘယ်မှာဆုံဖူးတာလဲမမှတ်မိပေ။


ထုံကျားရှင်းက မျက်စိတစ်ဖက်မှိတ်ကာ လေချွန်လိုက်သည်။


ရှောင်းကျားမင်၏နားရွက်ဖျားများက အနည်းငယ်နီရဲသွားလေသည်။သူက အမူအရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အင်း”


ကောင်မလေး၏မျက်လုံးများကအရောင်တောက်သွားကာ ‌ရှောင်းကျားမင်နောက်မှလိုက်၍ သိပ်မဝေးသောသစ်ပင်ကြီးဆီသို့သွားလိုက်သည်။


ထိုမိန်းကလေးက ရှောင်းကျားမင်ကိုဘာပြောလိုက်တာလဲမသိပေ။ သူမမျက်နှာကနီရဲနေပြီး ကျောင်းလွယ်အိတ်ထဲမှ စာတစ်စောင်နှင့်လက်ဆောင်တစ်ခုကိုထုတ်ကာ ရှောင်းကျားမင်ကိုပေးလာ၏။ သို့သော်ရှောင်းကျားမင်က အစမှအဆုံးတစ်ပုံစံတည်းဖြစ်ကာ သူ့မျက်နှာကအလွန်အေးစက်နေပေသည်။


‌အဆုံးတွင် သူကခေါင်းခါပြကာ လှည့်ထွက်လာလေသည်။မိန်းကလေး၏မျက်နှာက နီသထက်ပိုနီလာပြီး သူ့နောက်ကျောကိုခနလောက်အထိစိုက်ကြည့်နေပြီးမှ မျက်လုံးများကိုပွတ်ကာ ငိုရင်းထွက်ပြေးသွားသည်။


“ကျစ် ကျစ် ဒုတိယအစ်ကို အစ်ကိုကအရမ်းမအေးစက်လွန်းဘူးလား”

ထုံကျားရှင်းက အလေးမထားစွာပြောလာ၏။


ရှောင်းကျားမင်က သူ့ကိုတစ်ချက်ကြည့်ကာ အကိုကြီးတစ်ယောက်၏အာဏာထုတ်ပြလိုက်သည်။

“ပေါက်ကရတွေလိုက်မပြောနဲ့၊ မင်းကငယ်သေးတယ်၊ ကျောင်းစာတွေကိုဘဲအာရုံစိုက်ထား အချစ်ရေးအကြောင်းဘဲတွေးမ‌နေနဲ့”


ထုံကျားရှင်းပြန်မပြောရသေးခင်မှာဘဲ ရှောင်းမျန်မျန်ကဝင်ပြောလာသည်။

“ဒုတိယအစ်ကို စိတ်မပူနဲ့၊ တတိယအစ်ကိုငယ်ငယ်က သူတစ်သက်လုံးလူပျိုကြီးလုပ်မယ်လို့ ကျိန်ခဲ့တယ်၊ ဗုဒ္ဓရှေ့မှာဆုတောင်းပြီးသား၊ ဗုဒ္ဓကလည်းသူ့ဆုတောင်းကိုဖြည့်ဆည်းပေးလိမ့်မယ်၊ သေချာပေါက်သူကတစ်ယောက်တည်းနေသွားရမှာ”


ထုံကျားရှင်း: "... ..."


သူမလုပ်ပါဘူး၊ အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ ကလေးတွေကနားလည်မှာမဟုတ်ဘူး။


ဘေးမှ ဝေ့ကျူးကျူးကနှာခေါင်းရှူံ့သည်။

“တကယ်တော့ ဆုတောင်းနေစရာတောင်မလိုပါဘူး သူ့ပုံစံနဲ့ဆိုရင် ဘယ်မိန်းကလေးမှသူ့ကိုကြိုက်မှာမဟုတ်ဘူး”


ထုံကျားရှင်း: "..."


ရှောင်းမျန်မျန်က ကလေးကြယ်ပွင့်လေးဖြစ်နေပြီဖြစ်သောကြောင့် သူမကထုံရွှယ်လူလုပ်ထားပေသည့် မျက်နှာအုပ်ကိုတပ်ကာ ရုပ်ဖျက်ပြီးလာခဲ့သည်။ လူတိုင်းကို သူမ နေမကောင်းလို့ဟုသာ အကြောင်းပြထားလိုက်၏။


ထို့အပြင်ဦးထုပ်တစ်လုံးပါဆောင်းထားသဖြင့် ဘယ်သူကမှ သူမကို မမှတ်မိပေ။


****

ကျောင်းဝင်းထဲမှထွက်လာပြီးနောက် ထုံရွှယ်လူက ခုနတုန်းကမိန်းကလေးအား ဘာကြောင့်ရင်းနှီးနေသည်ကို သတိရသွားသည်။


ထိုမိန်းကလေးက ချမ်ချိုက်ရှင်းနှင့်အနည်းငယ်ဆင်၏။


ချမ်ချိုက်ရှင်းက သူမကျောင်းတက်စဉ်က သူမအပေါ် ပစ်မှတ်ထားခဲ့သောသူဖြစ်သည်။နောက်ပိုင်းတွင်သူမပြန်တုံ့ပြန်လိုက်သည်ကို ကြောက်သွားသဖြင့် အကွက်များမရွှေ့လာတော့ပေ။ သူမဘွဲ့ရပြီးနောက်၌ အချင်းချင်းထပ်မဆက်သွယ်ဖြစ်ကြတော့ပေ။


ဘွဲ့ရပြီးနှစ်အတော်ကြာသွားသည်အထိ ချမ်ချိုက်ရှင်းအကြောင်းဘာသတင်းမှမကြားရတော့ပေ။


ထိုအချိန်တုန်းက ချမ်ချိုက်ရှင်းတစ်ယောက် သူမအပေါ်အငြိုးထားသည့်အကြောင်းရင်းကို အခုထိမသိသေးပေ။


**

ဘွဲ့ရပြီးသုံး‌ရက်မြောက်နေ့တွင် ရှောင်းကျားမင်က သူ့ပစ္စည်းများကိုထုပ်ပိုးကာ စီးပွားရေးတစ်ခုစတင်ရန်အတွက် သူ့မိတ်ဆွေများနှင့်အတူ ရှန်းကျန့်မြို့သို့ဦးတည်လိုက်သည်။


ထုံရွှယ်လူက သူ့ကိုစုယွဲ့ရှန်းနှင့်မိတ်ဆက်ပေးလိုက်ကာ အခက်အခဲတစ်ခုခုကြုံပါက စုမိသားစုကိုအကူအညီသွားတောင်းနိုင်ကြောင်းပြောပြလိုက်သည်။


ဗိုလ်မှူးရှောင်းသည် ငယ်ရွယ်စဉ်က အလွန်သွေးအေး‌ခဲ့သော်လည်း အသက်ကြီးလာလေလေ မျက်ရည်လွယ်လာလေပင်ဖြစ်သည်။သူ့မြေးကြီးက တောင်ဘက်သို့တစ်ယောက်တည်းခရီးထွက်မည်ကိုမြင်သောအခါ အရာရာကိုသတိထားရန်တစ်ချိန်လုံးတတွတ်တွတ်ပြောနေခဲ့၏။


ရှောင်းကျားမင်က စိတ်မရှည်တာမျိုးမဖြစ်ဘဲ ပြောသမျှတိုင်းကို နာနာခံခံတုံ့ပြန်သည်။


ရှောင်းကျားမင်ကိုနှုတ်ဆက်ပြီးနောက်တွင် နှစ်တစ်နှစ်၏အပူဆုံးရာသီသို့ဝင်ရောက်လာပြီဖြစ်သည်။


ယနေ့တွင်ထုံရွှယ်လူက ရုံးခန်းထဲ၌အလုပ်လုပ်နေချိန်၌ ရုံးခန်းတံခါးကရုတ်တရက်ပွင့်လာလေသည်။


သူမက တံခါးမခေါက်ဘဲ ဘယ်သူဝင်လာတာလဲဆိုတာကိုသိချင်သွားသည်။သူမမော့ကြည့်လိုက်သောအခါ ဝမ်ရူကွေ့က တံခါးဝတွင်ရပ်ပြီး မျက်လုံးထဲတွင်နူးညံ့မှုအပြည့်နှင့်သူမကိုငေးကြည့်နေသည်ကို မြင်လိုက်ရသည်။


ထုံရွှယ်လူက ပျော်သွားသည်။

“ရှင်ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ”


ဝမ်ရူကွေ့က ပြန်မဖြေဘဲ သူ့နောက်မှတံခါးကိုလော့ပြန်ချကာ ခြေတံရှည်များဖြင့် သူမဆီသို့ဦးတည်လာသည်။


ထုံရွှယ်လူက သူဒီနေ့တွင်နည်းနည်းထူးဆန်းနေသည်ဟုခံစားရသဖြင့် သူအနား‌ရောက်လာသောအခါ မေးရန်လုပ်လိုက်သည်။


သူက သူမမေးစေ့ကိုကိုင်ပြီးခေါင်းမော့စေကာ သူမနှုတ်ခမ်းများကို တံဆိပ်နှိပ်လာလေသည်။


သူက နူးညံ့မှု၊မက်မောမှုအပြည့်ဖြင့် သူမကိုနမ်းရှိုက်လာသည်။


သူက အရင်ဆုံးသူမနှုတ်ခမ်းများကို ညင်သာစွာဖိကပ်လာပြီး ထို့နောက်တွင်မှ သူမနှုတ်ခမ်းများကိုစုပ်ယူလာ၏။


ထို့နောက် သူကတစ်ဖန်ကြမ်းတမ်းလာကာ သူမနှုတ်ခမ်းနှင့်သွားများကို ကလော်ပြီး အထဲသို့နယ်ချဲ့လာသည်။


ထုံရွှယ်လူက အသက်ရှူမရတော့သည်အထိ အနမ်းခံလိုက်ရသည်။


သို့သော်ဝမ်ရူကွေ့က အလွှတ်ပေးမည့်ပုံစံမရှိပေ။


ရုတ်တရက် သူမလောကကြီးက ချာချာလည်သွားကာ ဝမ်ရူကွေ့၏ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။


ဝမ်ရူကွေ့က သူမကိုစားပွဲပေါ်သို့တင်ပေးလာသည်။


စားပွဲကအေးစက်နေကာ သူ့အသက်ရှူသံကမူ နွေးထွေးနေ၏။


အပူနှင့်အအေးဝိရောဓိနှစ်ခုက သူမကိုတုန်ရင်သွားစေသည်။


ဝမ်ရူကွေ့က သူမကိုစားပွဲပေါ်တွင်တင်ပေးပြီးနောက် ထပ်နမ်းချင်လာ၍ ကိုယ်ကိုကိုင်းလိုက်သည်။


ထုံရွှယ်လူက နောက်သို့ဆုတ်ကာ သူ့နှုတ်ခမ်းများကို သူမလက်ချောင်းဖြင့်လှမ်းပိတ်လိုက်သည်။ထို့နောက် သူမက အသက်ရှူမမှန်သော လေသံဖြင့်ပြောလိုက်သည်။

“ပါမောက္ခဝမ် ရှင်ကရုံးခန်းထဲမှာ......လိုချင်လို့လား”


အခုချိန်တွင် ဝမ်ရူကွေ့၏မျက်လုံးများက နက်ရှိုင်းနေကာ ခုနတုန်းကလှုပ်ရှားမှုများကြောင့် အင်္ကျီဖြူ၏ကြယ်သီးတစ်လုံးပြုတ်နေပြီး အပေါ်အောက်လှုပ်ရှားနေသည့် သူ၏လည်စလုတ်ကိုမြင်နေရသည်။


ညှပ်ရိုးကလည်း သူမအာရုံကိုဖမ်းစားနေ၏။


ဆွဲဆောင်မှုရှိနေသော်ငြား အလေးအနက်ရှိ‌သည့်ပုံဖြင့် ဖော်ပြမရနိုင်သည့် အပျော်အပါးကိုရှောင်ရှားနေသည့်ခံစားချက်မျိုးရသည်။


ထုံရွှယ်လူက နှုတ်ခမ်းသပ်လိုက်ကာ ပါမောက္ခဝမ်က ဒီနေ့အရမ်းအရိုင်းဆန်နေတာဘဲဟု တွေးလိုက်မိသည်။


ဝမ်ရူကွေ့က သူမနှုတ်ခမ်းကိုနမ်းကာ အက်ကွဲနေသောအသံဖြင့်ပြောလာသည်။

“ခေါင်းဆောင်က ကိုယ့်ကို ပထမသုတေသနအဖွဲ့အစည်းရဲ့လက်ထောက်ခေါင်းဆောင်နေရာကို ရာထူးတိုးခံလိုက်ရပြီလို့ ပြောလာတယ်”


ထုံရွှယ်လူက ခနလောက်ကြက်သေသေသွားပြီးနောက် သူ့အနမ်းများမှမလွှတ်မြောက်သေးသဖြင့် မျက်ရည်ဝိုင်းနေသောမျက်လုံးများဖြင့် သူ့ကိုမော့ကြည့်လာသည်။


သူမက အလွန်လိမ္မာသည့်ပုံပေါ်ကာ တစ်ချိန်တည်းတွင် ဆွဲဆောင်မှုလည်းရှိသဖြင့် သူ့နှလုံးသားကိုယားယံလာစေရာ မနေနိုင်ဘဲ ထပ်နမ်းလိုက်သည်။


နောက်ထပ်အနမ်းရှည်ကြီးပြီးသည့်နောက်တွင် လူနှစ်ယောက်၏နှာခေါင်းထိပ်များက အချင်းချင်းထိနေကာ သူတို့၏အသက်ရှူသံများက အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။


ထို့နောက်ဝမ်ရူကွေ့က ဆက်ပြောလာသည်ကိုကြားလိုက်ရသည်။

“ပြီးတော့ နိုင်ငံတော်က ကိုယ့်ကို ‘ထူးထူးချွန်ချွန်ထောက်ပံ့ပေးတဲ့ နိုင်ငံတော်ရဲ့သုတေသီ’အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ပထမအဆင့်အာဇာနည်ဆုကိုပေးချင်နေတယ်”


ထုံရွှယ်လူ:? ! ! !


ထုံရွှယ်လူက အံ့ဩသွားသည်။ သူမက အချိန်တစ်ခုကြာပြီးမှ သတိပြန်ဝင်လာသည်။

“ရှင်ပြောတာတကယ်ဘဲလား”


ဝမ်ရူကွေ့က သူမကိုမျက်ဝန်းနက်များဖြင့်ကြည့်နေ၏။

“အင်း တကယ်”


ထုံရွှယ်လူကပြုံးလိုက်ကာ ရှေ့ကိုတိုးလာပြီး သူ့နှုတ်ခမ်းကိုဖက်နမ်းလိုက်သည်။

“ငါ့ယောက်ျားက အရမ်းအံ့ဩဖို့ကောင်းတာဘဲ”


သူမက ဝမ်ရူကွေ့က လက်ထောက်ခေါင်းဆောင်နေရာသို့ လျင်မြန်စွာရာထူးတိုးခံလိုက်ရမည်ဟုမထင်ထားခဲ့ပေ။ထို့အပြင် ပထမသုတေသနအဖွဲ့အစည်း၏လက်ထောက်ခေါင်းဆောင်နေရာလည်းဖြစ်နေ၏။၎င်းက‌ဌာနခေါင်းဆောင်များကို သူ့ကိုပေးလာသည့်အကြီးမားဆုံးအသိအမှတ်ပြုမှုပင်ဖြစ်သည်။


အရင်တစ်ခေါက်တွင် ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့ကိုသူမရှေ့တွင်နှိမ်ပြောခဲ့သဖြင့် မပျော်မရွှင်ဖြစ်ခဲ့ရသည်။


သူမလူကို သူမသာအပြစ်ပြောခွင့်ရှိသည်။အခြားသူများက သူမလူကိုအထင်သေးချင်ပါက သူမဆန္ဒရှိမရှိအပေါ်မူတည်သေးပေသည်။


ဝမ်ရူကွေ့ကသူမကိုကြည့်နေ၏။သူ့မျက်လုံးထဲမှနူးညံ့မှုများက လျှံကျမတတ်ဖြစ်နေကာ သူမကိုထပ်နမ်းလာသည်။

“ကျေးဇူးပါ”


သူဒီနေ့လိုအောင်မြင်မှုမျိုးရအောင် သူမထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။


သူကျန်းမာရေးမကောင်းချိန်တွင် သူ့အနား၌သူမ မရှိခဲ့ပေးပါက အခုချိန်တွင်အရူးတစ်ယောက်ဖြစ်နေလောက်ပြီဖြစ်သည်။


ထိုသို့ပြောပြီးနောက် သူကသူမကိုထပ်နမ်းလာကာ သူတို့၏လျှာများကယှက်နွယ်နေကြသည်။


ရုံးခန်းထဲမှအပူချိန်က တဖြေးဖြေးနွေးထွေးလာသည်။


သူတို့နှစ်ယောက်က ရုံးခန်းထဲတွင်ခနလောက်ကြာအောင်ကပ်တွယ်နေပြီးမှ ပစ္စည်းများကိုသိမ်းကာ အိမ်ပြန်လာကြသည်။


ဆုချီးမြှင့်ပွဲကိုနောက်လတစ်ရက်နေ့တွင်ကျင်းပမည်ဖြစ်ကာ လဝက်လောက်လိုသေး၏။ အချင်းချင်းဆွေးနွေးပြီးသောအခါ ဝမ်မိသားစုနှင့်ရှောင်းမိသားစုသည် ဆုရသည်အထိစောင့်ပြီးမှ ဆွေမျိုး၊မိတ်ဆွေများကို ဂုဏ်ပြုပွဲဖိတ်ရန်ဆုံးဖြတ်လိုက်သည်။


သို့သော်ထိုနေ့ညနေခင်းတွင် သူတို့မိသားစုက ‌အောင်ပွဲခံရန်အတွက် စားပွဲအပြည့်စားကောင်းဖွယ်ရာများကိုချက်ပြုတ်ခဲ့ကြသည်။


အဖိုးဝမ်က မုတ်ဆိတ်များတုန်သည်အထိပျော်နေကာ သူ့မျက်ရည်များကိုလည်း ခနခနခိုးသုတ်လေသည်။


သို့သော်ဗိုလ်မှူးရှောင်းကိုတွေ့သောအခါ ချက်ချင်းပင်အောင်ပွဲရစစ်သူကြီးလိုဂုဏ်ယူသွားလေသည်။


အဖိုးဝမ်က အနိုင်ရသည့်ကြက်ဖကဲ့သို့ပင် ရင်ဘတ်ကိုကော့ကာ ပြုံးဖြီးဖြီးလုပ်လာ၏။

“ငါ့မြေးက အရမ်းထူးချွန်လိုက်တာ၊ အဓိကကငါနဲ့တူလို့ဘဲ”


ဗိုလ်မှူးရှောင်း: "..."


အရင်တစ်ခါတုန်းက သူပြောခဲ့တာကြီးမလား။


သူပြောခဲ့တာကို ပြန်ပြောနေရတာ စိတ်ဝင်စားဖို့ကောင်းလို့လား။


အဖိုးဝမ်ကမူ အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟုထင်နေ၏။

“ရူကွေ့ရဲ့အောင်မြင်မှုက ငါ့ဆုံးမသင်ကြားမှုရဲ့အောင်မြင်မှုကိုဖော်ပြနေတာဘဲ၊ အဲ့ဒါကြောင့်မလို့ ဒီနေ့ကစပြီး အမြွှာလေးနှစ်ယောက်ရဲ့ ပညာရေးကိုငါဘဲတာဝန်ယူလိုက်မယ်”


ဗိုလ်မှူးရှောင်း၏မျက်လုံးများက ခေါင်းလောင်းလိုပြူးသွားသည်။

“အဖိုးကြီး မင်းကြွားချင်တာဟုတ်ပါပြီ၊ မင်းကတကယ်ကိုတော်ပါတယ်၊ ငါ့မြေးနဲ့မြေးမတွေကရော မတော်လို့လား သူတို့ကလည်းနည်းနည်းလေးတောင်နိမ့်မကျနေပါဘူးနော်”


ပြောရမည်ဆိုလျှင် ထုံရွှယ်လူက အင်္ဂလိပ်စာတော်ကာ အချက်အပြုတ်တွင်ထိပ်တန်းဖြစ်သည်။ပိုက်ဆံရှာရာ‌တွင်လည်းတော်၏။

 

ရှောင်းကျားမင်က ချင်းဟွာတက္ကသိုလ်၏ထိပ်တန်းကျောင်းသားဖြစ်ကာ သူ့မေဂျာတွင်လေးနှစ်လုံးပထမချိတ်ခဲ့သည်။ဌာနမှပါမောက္ခများသည် ဘွဲ့လွန်ဆက်သင်စေချင်သော်လည်း ရှောင်းကျားမင်က ငြင်းဆန်ခဲ့ကာ ဘွဲ့ရပြီးသိပ်မကြာခင်မှာဘဲ စီးပွားရေးတစ်ခုကိုစတင်ခဲ့သည်။


ထုံကျားရှင်းက လေတပ်လေကြောင်းတက္ကသိုလ်တွင် ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်သည်။သူကရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုမျိုးစုံတွင် ထိပ်ဆုံးသုံးယောက်အတွင်းဝင်၏။သူ၏ပုံဆွဲစွမ်းရည်က ပရော်ဖက်ရှင်နယ်ဒီဇိုင်းနာများထက် အပုံကြီးသာလေသည်။သူ့အနာဂတ်က အကန့်အသတ်မရှိပေ။


ရှောင်းမျန်မျန်သည် အသက်ရှစ်နှစ်အရွယ်မှာကတည်းက တစ်နိုင်ငံလုံးအနှံ့ကျော်ကြားနေပြီဖြစ်သည်။ သူမက တိုင်းပြည်ထဲတွင် နာမည်အကြီး‌ဆုံးကလေးဖြစ်သည်။သူမ၏သီချင်းဆိုသံက ဟွမ်ရင်းထက်တောင်ချိုသာသေးသည်။သူမ၏သီချင်းခွေများက ရောင်းအားအလွန်ကောင်းကာ တောက်ပသောအနာဂတ်ရှိ၏။


သူ့မြေးနဲ့မြေးမတွေမှာ ဘယ်သူကများ ဝမ်ရူကွေ့ထက်နိမ့်ကျနေလို့လဲ။


အဖိုးဝမ်ကချောင်းဟန့်လိုက်သည်။

“အခုဆို ရွှယ်လူက ငါတို့ဝမ်မိသားစုရဲ့ မြေးချွေးမဖြစ်နေပြီ.......”


“***ပဲ ဘယ်လိုမြေရှင်ပဒေသရာဇ်အတွေးတွေနဲ့ပြောနေတာလဲ ”


ဗိုလ်မှူးရှောင်းက လက်သင့်မခံပေ။

“ရွှယ်လူက ရူကွေ့ကိုလက်ထပ်ထားရုံလေးဘဲ၊ မင်းတို့မိသားစုကိုရောင်းထားတာမဟုတ်ဘူးဟ ၊ ရွှယ်လူကအခုထိငါတို့ရှောင်းမိသားစုဝင်ဖြစ်နေတုန်းဘဲ”


အဖိုးဝမ်က ချောင်းထပ်ဟန့်လိုက်သည်။

“ရွှယ်လူရဲ့ မျိုးရိုးနာမည်က ရှောင်းမဟုတ်ဘူး ထုံရွှယ်လူကွ သူတို့ထူးချွန်တာ မင်းနဲ့ဘယ်လိုများဆိုင်လို့လဲ မင်းက ဒီကိုလာပြီးဈေးဆစ်နေတယ်”


ဗိုလ်မှူးရှောင်းက အဖိုးဝမ်ကိုစိုက်ကြည့်နေကာ သူ့မျက်လုံးများက ပြုတ်ထွက်လာတော့မတတ်ပြူးကျယ်နေ၏။

“...ဘာဘဲဖြစ်ဖြစ် တွေးတောင်မတွေးလိုက်နဲ့ အမြွှာလေးနှစ်ယောက်ရဲ့ပညာရေးကိုငါဘဲတာဝန်ယူမှာ”


အဖိုးဝမ်က နှာခေါင်းရှူံ့ပြသည်။

“ငါအခုဘဲတွေးနေတာ၊ မနက်ဖြန်ကျရင် ခြံတံခါးကိုပိတ်ထားတော့မယ်၊ အခုကစပြီး မင်းအိမ်ကမင်းအိမ်၊ ငါ့အိမ်ကငါ့အိမ်ဘဲ၊ မြစ်ရေက ရေတွင်းထဲကရေနဲ့မရောဘူးကွ”


ထုံရွှယ်လူ: "..." 


ဝမ်ရူကွေ့: "..."


လင်မယားနှစ်ယောက်က အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။ အကြည့်တစ်ချက်နဲ့ပင် တစ်ဖက်လူ၏မျက်လုံးထဲမှ ကူကယ်ရာမဲ့မှုများကို အချင်းချင်းမြင်နေရသည်။


အကြီးအကဲတစ်ယောက်ရှိသောမိသားစုသည် ရတနာနှင့်တူသည်ဟုဆို၏။သူတို့မိသားစုတွင်မူ အကြီးအကဲသုံးယောက်ရှိကာ နေ့တိုင်းငြင်းခုန်နေကြသဖြင့် အတော်လေးအသက်ဝင်လှသည်။


အဆုံးတွင် ထုံရွှယ်လူက နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပြီး အဖိုးဝမ်အား ကလေးနှစ်ယောက်ကိုလက်ရေးလှသင်စေကာ ဗိုလ်မှူးရှောင်းကိုမူ ကလေးများ၏ကျန်းမာရေးကိုထိန်းသိမ်းရန်အတွက်ကိုယ်ခံပညာကို သင်ကြားစေသည်။


အဖိုးဝမ်၏လက်ရေးလှပညာက ကျွမ်းကျင်ကာ လက်ရေးလှပညာရပ်၊လက်ရေးဆက်ရေးနည်းနှင့်အခြားအလှရေးပညာရပ်များတွင် အကြီးအကျယ်အောင်မြင်မှုများရှိသည်။ကလေးနှစ်ယောက်ကို လက်ရေးလှသင်ပေးရန်အတွက် အဖိုးဝမ်ကအသင့်တော်ဆုံးဖြစ်သည်။


ဗိုလ်မှူးရှောင်းက ကိုယ်ခံပညာဘဲသင်ပေးရမည်ကို နည်းသည်ဟုထင်၏။သေချာတွေးကြည့်ပြီးနောက်တွင် သူက အမြွှာလေးနှစ်ယောက်အား ပုလွေနှင့်အခြားဂီတတူရိယာများတီးနည်းကို သင်ပေးရန်လုပ်လိုက်သည်။


ထုံရွှယ်လူက‌ ကလေးနှစ်ယောက်ကိုဘာလုပ်ရမည်ဟူ၍မကန့်သတ်ထားပေ။ သူမအမြင်တွင် ကလေးများကငယ်သေးသဖြင့် တတ်နိုင်သမျှများများကစားပြီး ကလေးဘဝလေးကိုပျော်ရွှင်စွာနေသင့်သည်ဟုထင်၏။


ကစားရင်းဖြင့် ဝါသနာပါရာ၊အရည်အချင်းရှိသည်များကိုတွေ့ရှိလာပြီး နောက်ပိုင်းတွင်ထိုတစ်မျိုးတည်းကိုသာအာရုံစိုက်လေ့လာသွားနိုင်သည်။


**