အပိုင်း၃၇၀
Viewers 67k

🍵Chapter 370




ပေကျင်း‌တွင်နှင်းကျပြီးသည့်နောက်၌ 1985ခုနှစ်၏နွေဦးပွဲတော်သို့ရောက်ရှိလာပြီဖြစ်သည်။


ရှောင်းကျားမင်က အစတွင် နွေဦး‌ပွဲတော်ကိုပြန်မလာနိုင်ကြောင့် ပြောထားသဖြင့် ဗိုလ်မှူး‌ရှောင်းက သူ့မြေးကြီးအကြောင်းကို ရက်အနည်းငယ်ကြာတွေးနေခဲ့သည်။


သို့သော်ပွဲတော်ညတွင် ရှောင်းကျားမင်က အိမ်ရှေ့၌ ရုတ်တရက်ပေါ်လာလေသည်။


လမုန့်လေးနှင့် လျှိုရှားပေါင်တို့သည် နှစ်ဝက်လောက်မတွေ့ခဲ့ရသည့် သူတို့သခင်ပြန်လာသည်ကိုမြင်သောအခါ ပျော်လွန်းသဖြင့်ရှောင်းကျားမင်နားတွင် တိုးဝှေ့နေကြသည်။ သို့သော်ကြောင်ဝါကြီးနှင့် လူကွေ့တို့ကမူ မျက်လုံးတစ်ချက်ဖွင့်ပြီး ကြည့်ရုံလောက်သာလုပ်ကာ ပြန်အိပ်သွားကြသည်။


လူကွေ့က ကောင်းကောင်းအိပ်ကောင်းကောင်းစားနေရ၏။အခုဆိုလျှင် သူကဆယ်ပေါင်ကျော်သွားပြီဖြစ်ကာ ကြောင်ဝါကြီးကအဝဆုံးဖြစ်သည်။ထိုကိစ္စက တစ်ခါမှကိုပြောလို့မပြီးသွားပေ။


ဗိုလ်မှူး‌ရှောင်းက ရှောင်းကျားမင်ပြန်လာသည်ကိုမြင်သောအခါ လမုန့်လေးနှင့်လျှိုရှားပေါင်တို့နီးပါးပျော်နေပေသည်။ သူက ရှောင်းကျားမင်ပုခုံးကိုပုတ်ကာ တတွတ်တွတ်ပြောနေ၏။

“ပြန်လာတာကောင်းတယ် ပြန်လာတာကောင်းတယ်”


ထို့နောက် စားပြီးပြီလား၊ အပြင်မှအေးလား၊ ရေချိုးချင်လား စသဖြင့် မေးခွန်းမျိုးစုံမေးလာ၏။ဗိုလ်မှူး‌ရှောင်းက ချက်ချင်းဆိုသလိုပင် စကားများတတ်သည့် ချစ်စရာအဖိုးကြီးအသွင်ပြောင်းသွားသည်။


ရှောင်းကျားမင်က အရင်တုန်းကနှင့်တူတူပင် စိတ်မရှည်တာမျိုးမရှိပေ။

“အဖိုး အလုပ်ရှုပ်မခံပါနဲ့ ကျွန်တော်စားပြီးသွားပါပြီ၊ အစ်မဆီစကားသွားပြောပြီးမှ ရေချိုးလိုက်မယ်”


ဗိုလ်မှူး‌ရှောင်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း သွားလေ”


ရှောင်းကျားမင်က လက်ထဲတွင် ရှန်းကျန့်မြို့ထွက်ပစ္စည်းများကိုသယ်ကာ ဘေးအိမ်သို့လျှောက်လာခဲ့သည်။အမြွှာလေးနှစ်ယောက်အတွက် အဝတ်များ၊အရုပ်နှင့်စာအုပ်များလည်းပါ၏။


ထုံရွှယ်လူက ဘေးအိမ်မှအသံများကိုကြားသော်လည်း ရှောင်းကျားမင်ပြန်လာသည်ဟုမထင်ထားခဲ့ပေ။

“နင်ပြောတော့ ပြန်လာဖို့အချိန်မရဘူးဆို”


သူတို့အချင်းချင်းမတွေ့ရသည်မှာ နှစ်ဝက်ကျော်သွားပြီဖြစ်သည်။ရှောင်းကျားမင်က အရပ်ပိုရှည်လာကာ နည်းနည်းလည်းပိန်သွား၏။သို့သော်သူ့ပုံစံကစိတ်အားတက်ကြွနေပေသည်။


“အစကပြန်လာဖို့အချိန်မရပေမယ့် တရုတ်အက္ခရာတွေမြင်နိုင်တဲ့ ပေဂျာကိုတီထွင်‌နိုင်သွားပြီလေ အဲ့ဒါကြောင့်ပြန်လာခဲ့တာ”

 

သူက ဤသတင်းကောင်းကို သူ့မိသားစုနှင့်မျှဝေချင်ခဲ့သည်။


တရုတ်အက္ခရာပြပေဂျာကို တရားဝင်မထုတ်ပြ‌ရသေးသော်လည်း မှာယူသူအများကြီးရှိနေပြီဖြစ်ကာ အကုန်လုံးကအော်ဒါအကြီးစားများဖြစ်သည်။


ထုံရွှယ်လူက အံ့ဩသွားပြီးမှ ပြုံးလိုက်သည်။

“ကောင်းလိုက်တာ ငါကအဲ့ဒါလုပ်ဖို့ကြာမယ်ထင်ထားတာ”


စီးပွားရေးနတ်ဘုရားပီသစွာပင် ဒီလိုအချိန်တိုလေးအတွင်း၌ တရုတ်အက္ခရာပြပေဂျာရနိုင်သည့်နည်းလမ်းကို ရှာဖွေနိုင်ပြီး အော်ဒါများတောင်ရလာခဲ့သည်။


ရှောင်းကျားမင်က သူ့အစ်မကြောင့် စိတ်တက်ကြွသွားကာ သူ့မျက်လုံးများက ပျော်ရွှင်မှုများဖြင့်ပြည့်နှက်လာသည်။

“အစ်မ ပေဂျာတွေကိုမထုတ်ရသေးတာကြောင့် အစ်မကို ပိုက်ဆံပြန်ပေးနိုင်ဦးမှာမဟုတ်ဘူး”


ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။

“ရပါတယ် အစ်မက ပိုက်ဆံသိမ်းဖို့ကိုဘဲစောင့်နေတော့မယ်”


ရှောင်းကျားမင်က သူ့အစ်မတစ်ယောက် သူ့ကိုအားမနာနေသည်ကိုတွေ့လိုက်ရရာ ပိုပျော်သွား၏။သူက ယူလာသည့်ပစ္စည်းများကို ထုတ်လိုက်သည်။ရှန်းကျန့်မြို့ထွက်အထူးပစ္စည်းများအပြင် တရုတ်အက္ခရာပြပေဂျာငါးလုံးလည်းပါပြီး သူ့အစ်မနှင့်ယောက်ဖကို ပထမဦးဆုံးသုံးစေချင်၏။ထုံရွှယ်လူလည်း မငြင်းလိုက်ပေ။


ပစ္စည်းများကိုထုတ်ပြီးသောအခါ ရှောင်းကျားမင်ကအနားတစ်ဝိုက်ကိုလျှောက်ကြည့်လိုက်သည်။

“အစ်မ ရန်ရန်နဲ့ ယန်းယန်တို့ရောဘယ်မှာလဲ”


ထုံရွှယ်လူ:“ သူတို့နှစ်ယောက်က စာကြည့်ခန်းထဲမှာ”


ထို့သို့ပြောကာ သူတို့နှစ်ယောက်က စာကြည့်ခန်းဆီလျှောက်သွားကြသည်။


စာကြည့်ခန်းထဲတွင် ရှောင်ရန်ရန်က အိပ်ငိုက်တာကိုမထိန်းနိုင်တော့ပေ။ပေါက်စီလုံးလေးက မျက်နှာနီနီလေးဖြင့်အိပ်ပျော်နေကာ သူမအိပ်နေသည့်ပုံစံက အလွန်ချစ်စရာကောင်းလှသည်။ 


သူမက တင်ပါးကိုကုတ်ကာ အိပ်ရာပေါ်တွင်ခေါင်းတင်ပြီး အိပ်ပျော်နေ၏။


သူ့တူမ၏ချစ်စရာကောင်းသည် အိပ်ပျော်ပုံကိုမြင်လိုက်ရသောအခါ ရှောင်းကျားမင်ကပြုံးလိုက်ပြီး သူမကိုယ်ကိုပြင်ပေးရန် လျှောက်သွားလိုက်သည်။


ရှောင်ရန်ရန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နိုးလာ၏။သူမက အိပ်ချင်ပြေသေးပုံမပေါ်ပေ။

“မေမေ ရန်ရန် ဒုတိယဦးလေးကိုအိပ်မက်မက်တယ်”


ထုံရွှယ်လူက သူမပါးဖောင်းဖောင်းလေးကို ဆွဲလိုက်သည်။

“အိပ်မက်မဟုတ်ဘူး သမီးရဲ့ဒုတိယဦးလေးက တကယ်ပြန်လာတာ”


ရှောင်ရန်ရန်က သူမမျက်လုံးများကို လက်တုတ်တုတ်လေးများဖြင့် ပွတ်လိုက်သည်။အကြိမ်အနည်းငယ်လောက်ပွတ်ပြီးသော်လည်း သူမရှေ့မှပုံရိပ်က မပျောက်ကွယ်သွားပေ။


ရှောင်ရန်ရန်က ကမန်းကတန်းပြေးလာ၏။

“ဒုတိယဦးလေးပြန်လာပြီ ရန်ရန်ကဦးလေးကိုအရမ်းလွမ်းနေတာ”


သူ့လက်ထဲမှပေါက်စီလုံးလေးကိုကြည့်ကာ ရှောင်းကျားမင်ကသူ့နှလုံးသားလည်း ပူဖောင်းလေးလိုနူးညံ့သွားသည်ဟု ခံစားလိုက်ရသည်။

“ဦးလေးလည်း သမီးကိုအရမ်းသတိရနေတာ”


အပြင်မှပြန်လာသည့် ဝမ်ရူကွေ့က ရှောင်းကျားမင်လက်ထဲမှသူ့သမီးကိုမြင်လိုက်ရသောအခါ ပါးစပ်အပြည့်လီမွန်စားလိုက်ရသည်။


တစ်ဖက်တွင် ရှောင်ယန်းယန်က သူ့အစ်မနှင့်တစ်ပုံစံတည်းအိပ်မောကျနေ၏။ထုံရွှယ်လူက ရယ်ရမလို၊ငိုရမလိုဖြစ်ကာ သူ့ဆီသွားလိုက်သည်။


သူ့အစ်မနှင့်မတူစွာပင် ရှောင်ယန်းယန်ကအကြိမ်အနည်းငယ်လှုပ်နိုးခံရသော်လည်း မနိုးပေ။ကောင်လေးက စားစရာများကိုအိပ်မက်မက်နေသည့်ပုံပေါ်ကာ ပါးစပ်က ဝါးနေ၏။ထို့နောက် လက်သီးဆုပ်ကာ ကလေးသံလေးဖြင့်ပြောလာသည်ကိုကြားလိုက်ရသည်။

“ဝက်ခြေထောက်က အရသာရှိတယ်၊ အရမ်းအရသာရှိတယ်”


လူတိုင်းကမထိန်းနိုင်ဘဲ အော်ရယ်လိုက်ကြသည်။


နွေဦးပွဲတော်တွင် ရှောင်ယန်းယန်နှင့် ရှောင်ရန်ရန်တို့သည် သူတို့အဘိုး၊မိဘနှင့်လူကြီးများဆီမှ စာအိတ်နီရသည့် ဒုတိယဦးလေးဆီမှလည်းရသွားသည်။


ထုံကျားရှင်းက သူ့ဒုတိယအစ်ကိုစာအိတ်နီပေးနေသည်ကိုမြင်သောအခါ အမြွှာနှစ်ယောက်လုသွားမည်ကြောက်သဖြင့် စာအိတ်နှစ်ခုကို ကမန်းကတန်းရင်ဘတ်ထဲထိုးထည့်လိုက်သည်။


အစ်ကိုနှစ်ယောက်ကပေးနေပြီဖြစ်ရာ ရှောင်းမျန်မျန်လည်းဒီတိုင်းနေ၍မရတော့ပေ။


သူမက ငယ်သေးသော်လည်း ရုပ်ရှင်ရိုက်ကာ သီချင်းခွေများထုတ်ထားသဖြင့် ပိုက်ဆံမပြတ်ပေ။ထိုပိုက်ဆံများသည် သူမတစ်ဘဝလုံးထိုင်စားနေဖို့လုံလောက်၏။


ထို့ကြောင့် သူမက ကလေးနှစ်ယောက်အတွက် ယွမ်တစ်ရာပါသည့်စာအိတ်နီနှစ်လုံးထည့်ပေးလိုက်သည်။


အဆုံးတွင် အမြွှာလေးနှစ်ယောက်က စာအိတ်နီအများကြီးရခဲ့သဖြင့် အလွန်ပျော်နေကြသည်။


သို့သော်ဤပျော်ရွှင်မှုက သိပ်မကြာပေ။ထုံရွှယ်လူက ‘အမေသိမ်းထားပေးမယ်’ဟူသောစကားဖြင့် ထိုပိုက်ဆံများကိုသိမ်းသွားလေသည်။


မိဘတွေသိမ်းသွားတဲ့ စာအိတ်နီကပြန်ရဦးမှာလား။


အဖြေကတော့ မရနိုင်တော့ပေ။


**


နွေဦးပွဲတော်ပြီးသည့်နောက်တွင် ကျန်းပိုင်ဟွေ့က ၇ပေါင်နှင့်၇အောင်စရှိသည့် ဖက်တီးလေးကိုမွေးဖွားခဲ့သည်။


ထုံရွှယ်လူက ဖန်ကျင်းယွမ်၊ကျန်းတန့်ဟုန်တို့နှင့်အတူ သစ်သီးနှင့်အားဖြည့်စရာများကိုဝယ်ကာ အလည်သွားကြသည်။


ကျန်းပိုင်ဟွေ့၏ယောက္ခမက ထုံရွှယ်လူကိုအမြွှာလေးနှစ်ယောက်၏သေးခံပေးသဖြင့် အလွန်ကျေးဇူးတင်နေ၏။


ထုံရွှယ်လူတို့ဆေးရုံရောက်‌လာသောအခါ လျန်ထျန်းယိကိုမတွေ့ရပေ။


သူကအလွန်အလုပ်များနေသည့်ပုံပေါ်ကာ သူတို့ပြန်ခါနီးမှပေါ်လာလေသည်။


နွေဦးပွဲတော်ပြီးသည့်နောက်တွင် လူတိုင်းကအလုပ်ပြန်ရှုပ်လာကြသည်။


ထုံရွှယ်လူက ထိုနွေဦးလေထုထဲဝင်ပါတော့မည့်အချိန်တွင် ကိစ္စတစ်ခုဖြစ်လာခဲ့သည်။


နိုင်ငံတော်၏နောက်ဆုံးပေါ်ဒုံးကျည် ‘တုန်းဖန်း-5’က ပေါက်ကြားသွားလေသည်။ ၎င်းက စစ်ရေးနယ်ပယ်တွင် သူလျှိုများရှိနေသောကြောင့်ဖြစ်နိုင်၏။


တုန်းဖန်း-5သည် ကမ္ဘာ့တိုက်အချင်းချင်းကြားမှဒုံးကျည်ဆိုင်ရာလက်နက်ဖြစ်ကာ ရန်သူ့ပေါ်တွင် နျူကလိယစွမ်းအင်ဖြင့်ပစ်ခတ်သည့် အရေးကြီးသော ဒုံးကျည်ဖြစ်သည်။ သမိုင်းတွင် ရုရှားနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သာ ဤဒုံးကျည်နည်းပညာကို ပိုင်ဆိုင်ထား၏။


တရုတ်က ဤနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း ကြေညာခဲ့သည့်တတိယမြောက်တိုင်းပြည်ဖြစ်သည်။


တုန်းဖန်း-5၏ ပစ်ကွင်းအကွာအဝေးသည် ကီလိုမီတာ12000ကျော်သည်ဟု ကြေညာထားကာ အမေရိကန်အတွက် ပြင်းထန်သည့်ခြိမ်းခြောက်မှုတစ်ခုဖြစ်ရန်လုံလောက်သည်။


နိုင်ငံတော်က တုန်းဖန်း-5အကြောင်းကို အမျိုးသားတပ်မတော်နေ့တွင် ဖော်ပြရန်စီစဉ်ထားသော်လည်း ထိုသို့မလုပ်နိုင်ခင်မှာပင် သတင်းများကပြည်ပကိုပျံ့နှံ့သွား၏။


သတင်းမှာ အရှေ့နိုင်ငံတစ်ချို့သည် လိမ်လည်လှည့်ဖြားနေပြီး အချက်အလက်များကိုအမှားပြထားကာ ထိုသို့‌သောတိုင်းပြည်များ၏အပြုအမူသည်  ***အလွန်အဓိပ္ပါယ်မရှိဟုဆို၏။


ထိုသတင်းတွင် ဘယ်နိုင်ငံဟူ၍မဖော်ပြထားသလို တုန်းဖန်း-5ဟုမပါသော်လည်း လက်ရှိစစ်ရေးအစီအစဉ်များနှင့် အင်တိုက်အားတိုက်လုပ်ဆောင်မှုများကိုကြည့်လျှင် ဤသတင်းကတရုတ်ကိုဦးတည်နေခြင်းဖြစ်သည်။


ထိုသတင်းထွက်လာသောအခါ သံရုံးကချက်ချင်းပင်တရုတ်ဘာသာအဖြစ်ဘာသာပြန်ပြီး တရုတ်နိုင်ငံသို့တင်ပို့လာခဲ့သည်။ ထိုသတင်းကိုသိလိုက်ရသောအခါ အမျိုးသားလုံခြုံရေးဌာနက သံသယဝင်လာကြသည်။


တုန်းဖန်း-5၏ တကယ်ရောက်နိုင်သောအကွာအဝေးသည် ကီလိုမီတာ12000မကျော်ကာ အမေရိကန်ကိုမခြိမ်းခြောက်နိုင်ပေ။သို့သော်ဤကာလ၏စစ်ရေးတင်းမာမှုများကြောင့် အမေရိကန်နှင့်‌ဆိုဗီယက်ပြည်ထောင်စုသည် က‌မ္ဘာအေးချမ်းရေးအတွက် တရုတ်ကိုဘက်ပေါင်းစုံမှဖိနှိပ်ရန် ကြံစည်နေကြ၏။ သူတို့၏ထည့်သွင်းစဉ်းစားမှုမျိုးစုံသည် တကယ်ပစ်နိုင်သည့်အကွာ‌အဝေးကိုကျော်လွန်သွား‌လေသည်။


အမှန်တွင် ဤကိစ္စမျိုးကိုနိုင်ငံတိုင်းလုပ်ဖူး၏။သို့သော် တစ်ဖက်ပါတီ၏တကယ်ကန့်သတ်ချက်များကို မဖမ်းဆုပ်နိုင်သေးခင်တွင် ဘယ်နိုင်ငံကမှဒီလိုပွင့်ပွင့်လင်းလင်းပျက်ရယ်ပြုတာမျိုးမလုပ်ဖူးပေ။


ပုံမှန်အားဖြင့် အမေရိကန်သည် တရုတ်က သူတို့ကိုခြိမ်းခြောက်နိုင်သည့်ဒုံးကျည်ထုတ်လုပ်ထားသည်ကို တွေ့ရှိသွားပါက သူတို့၏ပထမဆုံးတုံ့ပြန်မှုသည် စိုးရိမ်ပြီး ထိတ်လန့်နေရမှာဖြစ်သည်။သူတို့ကမေးခွန်းထုတ်မည်ဆိုရင်တောင်မှ မသိမသာမျိုးသာဖြစ်သင့်သည်။


အခုတွင် သူတို့ကပွင့်ပွင့်လင်းလင်းပျက်ရယ်ပြုလာရာ ဖြစ်နိုင်ခြေတစ်ခုသာရှိတော့သည်။-


ဒုံးကျည်ဆိုင်ရာအချက်အလက်များက ပေါက်ကြားသွားကာ သူတို့စနစ်ထဲတွင်သူလျှိုတစ်‌ယောက်ရှိနေပြီဖြစ်သည်။


နိုင်ငံခေါင်းဆောင်များက ချက်ချင်းပင် သူလျှိုများကိုရှာပြီး တုံ့ပြန်သောအင်အားမျိုးစုံကို အမြစ်ဖြတ်သုတ်သင်ဖို့ ညွှန်ကြားချက်များပေးလာသည်။


ဤကဲ့သို့ကိစ္စများဖြစ်သောအခါ တရှိန်ထိုးစုံစမ်းစစ်ဆေးမည်ကိုအသာထား ကြီးကြီးကျယ်ကျယ်တောင်မလှုပ်ရှားကြပေ။ထိုမှသာ ရန်သူကိုသတိမပေးမိဘဲ သူလျှိုများက လွတ်သွားခွင့်မရမှာဖြစ်သည်။


အရာအားလုံးကို လျှို့ဝှက်ပြီးသာလုပ်ဆောင်ကြသည်။


ထုံရွှယ်လူက ထိုသူလျှိုကိစ္စကိုမသိပေ။သို့သော် သူမ၏နွေဦးကုန်စည်ဖလှယ်ပွဲကိုတက်မည့်ကိစ္စက ပယ်ချခံလိုက်ရသည်။


အကြောင်းမှာ သူမ၏ဆေးဖက်ဝင်ဝိုင်များက စံချိန်မမှီသောကြောင့်ဟုဆို၏။


သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ 'မဖြစ်နိုင်ဘူး'ဟူသောစကားဖြစ်သည်။ထို့နောက် သူမက ချက်ချင်းပင် လူကိုယ်တိုင်စစ်ဆေးရန် စက်ရုံသို့ရောက်လာ၏။


စက်ရုံမှတာဝန်ရှိသူမှာ ထုတ်ကုန်ကပြသနာရှိနေကြောင်းကြားလိုက်ရသောအခါ အလွန်စိုးရိမ်သွားသည်။သို့သော် သူကအရာအားလုံးကို လုပ်နည်းအတိုင်းတစ်ဆင့်ချင်းစီလုပ်ပါကြောင်း ကျိန်ဆိုလာ၏။


စက်ရုံတာဝန်ခံမှာ စုယွဲ့ရှန်း၏အသိဖြစ်သည်။သူတို့ပူးပေါင်းသည့်ကာလတစ်လျှောက် အကဲဖြတ်ရလျှင် တစ်ဖက်လူကတကယ်ရိုးသားကာ ယုံကြည်စိတ်ချရသောသူဖြစ်သည်။ထုံရွှယ်လူက သူဝိုင်ထဲတွင်ပြသနာရှာထားသည်ဟု မယုံနိုင်ပေ။


သို့သော်အရာအားလုံးက အချက်အလက်ပေါ်မူတည်၏။ဆေးဖက်ဝင်ဝိုင်တွင် တစ်ခုခုပြသနာရှိနေမှတော့ သူတို့အနေဖြင့် သေချာစစ်ဆေးရလိမ့်မည်။


သူမက ထုတ်လုပ်သည့်အဆင့်တစ်ခုစီကို ကိုယ်တိုင်ကိုယ်ကျစစ်ဆေးကာ ကုန်ကြမ်းမှထုတ်ကုန်ဖြစ်သည်အထိ စောင့်ကြည့်ခဲ့သည်။သို့သော်ဘာအမှားမှမတွေ့ရပေ။


သူမက ‌ဝိုင်တစ်ချို့ကိုကိုယ်တိုင်သောက်ကြည့်လိုက်၏။ဘာအဆင်မပြေမှုမှ မခံစားရပေ။


ထို့အပြင် စက်မှုလုပ်ငန်းစီမံခန့်ခွဲရေးရုံးနှင့် ကုန်သွယ်ရေးဌာနသည် သူမဝိုင်ကိုပြသနာရှိသည်ဟုပြောသော်ငြား သူမ၏ကုမ္ပဏီကိုချိတ်ပိတ်တာမျိုးမလုပ်လာပေ။သူမ၏ဆေးဖက်ဝင်ဝိုင်များကို ဆက်ရောင်းနေနိုင်၏။


၎င်းကအတော်လေးထူးဆန်းသည်။


စက်ရုံတွင်နှစ်ရက်လောက်နေကာထုတ်လုပ်ရေးအပိုင်းတွင် ဘာပြသနာမှမရှိသည်သေချာစေပြီးနောက် ထုံရွှယ်လူကထူးဆန်းမှုကိုခံစားမိသွားသည်။ထို့ကြောင့် သူမကအိမ်တန်းပြန်ကာ သူမ၏အဖိုးနှစ်ယောက်အားပြသနာကိုပြောပြလိုက်သည်။


စစ်မှုထမ်းဟောင်းဗိုလ်မှူးများဖြစ်သည့် အဖိုးဝမ်နှင့်ဗိုလ်မှူးရှောင်းသည် အလွန်အသိပညာကြွယ်ကာ ဤကိစ္စကိုကြားကြားချင်းပင် ပြသနာတစ်ခုကိုအနံ့ခံမိသွားသည်။


အဖိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

“အဖိုးကတော့ တိုင်းပြည်ကိုအ‌န္တရာယ်ဖြစ်စေနိုင်တဲ့ မရိုးသားတဲ့သူ‌တွေရှိနေမှာကို စိုးရိမ်မိတယ်၊ သူလျှိုတို့သူခိုးတို့လိုပေါ့၊ ဒီကိစ္စကိုဘာမှမလုပ်နဲ့ အထက်ကသမီးကိုပြောလာတဲ့အတိုင်းသာ ပူးပေါင်းပေးလိုက်ပါ”


အဖိုးဝမ်နှင့် သဘောထားချင်းတိုက်ဆိုင်သည်မှာ ရှားသည်ဗိုလ်မှူးရှောင်းတောင်မှ ခေါင်းငြိမ့်ထောက်ခံလာသည်။

“ဒီတစ်ခါတော့ ဒီအဖိုးကြီးပြောတာမှန်တယ် သမီးမသိချင်ယောင်ဆောင်ပြီး လုပ်စရာရှိတာကိုဘဲလုပ်ပါ၊ ဒီတလောအတွင်းမှာ တစ်ယောက်ယောက်ကတစ်ခုခုမေးလာရင် ဂရုစိုက်နော် သတိလက်လွတ်မပြုမူလိုက်နဲ့”


သူမ၏အဖိုးနှစ်ယောက်က အလွန်သတိထားနေသည်ကို မြင်သောအခါ ထုံရွှယ်လူက သူလျှိုဟုသောစကားလုံးကို ခန့်မှန်းမိသွားသည်။


အဲ့ဒီလိုဆိုရင် ကိစ္စတွေကအတော်လေးကြီးတာဘဲ။


သို့သော် ဤကိစ္စမျိုးတွင် သူမဝင်မပါနိုင်သည်မှာအမှန်ဖြစ်သည်။သူမအဖိုးနှစ်ယောက်ပြောသလိုပင် ဘာမှမသိဟန်ဆောင်ပြီး ဂရုတစိုက်နေရလိမ့်မည်။


သို့သော် နွေဦးကုန်စည်ဖလှယ်ပွဲကို မတက်လိုက်ရသဖြင့် ကုမ္ပဏီဝန်ထမ်းများက ထိုအကြောင်းကိုပြောကာ ထင်ကြေးမျိုးစုံပေးနေကြသည်။


ထုံရွှယ်လူရုံးသို့ပြန်ရောက်လာသည်နှင့် ဝန်ထမ်းများက သူမအနားတွင်ဝိုင်းကာ မေးခွန်းများမေးလာကြသည်။


“ဒါရိုက်တာထုံ ကျွန်မတို့ရဲ့ဆေးဖက်ဝင်ဝိုင်က အသိမ်းခံရတော့မှာလား”


“အဲ့လိုဆို ကျွန်မတို့ကုမ္ပဏီက ဆက်ဖွင့်နိုင်ပါ့မလား”


“တစ်ယောက်ယောက်က ကျွန်မတို့ကုမ္ပဏီကို ပစ်မှတ်ထားနေတာလားဟင်၊ အရင်တရားစွဲခဲ့တဲ့ စက်ရုံက လက်တုံ့ပြန်နေတာလား”


ထုံရွှယ်လူက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“အားလုံးဘဲ စိတ်ငြိမ်ငြိမ်ထားကြပါ၊ နွေဦးကုန်စည်ဖလှယ်ပွဲမှာ အရည်အချင်းမမှီတာနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်တစ်ခုချင်းစီကို သေချာစီစစ်ပြီးသွားပြီ ဘာပြသနာမှမရှိဘူး အဲ့ဒါကြောင့်ငါတို့ကုမ္ပဏီက အရည်အချင်းမပြည့်မှီတာမျိုးမရှိဘူး လူတိုင်းကစိတ်ချထားလို့ရတယ်”


“လက်တုံ့ပြန်တာလားဘာလားဆိုတာကိုတော့ ငါတို့ခန့်မှန်းနေစရာမလိုဘူး၊ အခုချိန်မှာငါတို့လုပ်ရမှာက ငါတို့ထုတ်ကုန်တွေရဲ့အရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ဘဲ အဲ့လိုမှသာ အခြားသူတွေ ဘာအမှားမှမရှာနိုင်မှာ၊ ငါကနွေဦးကုန်စည်ဖလှယ်ပွဲကို မတက်ရမှတော့ ဒီအချိန်မှာ နင်တို့အားလုံးကို နိုင်ငံတကာကုန်သွယ်ရေးပိုင်းမှာ လေ့ကျင့်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ပါဝင်ချင်တယ်ဆိုရင် မန်နေဂျာလင်းဆီမှာ လက်မှတ်သွားထိုးပါ”


နွေဦးကုန်စည်ဖလှယ်ပွဲတွင် မပါလိုက်ရသဖြင့် ‌ဝင်ငွေတစ်ချို့ဆုံးရှူံးမည်ဖြစ်သော်လည်း ၎င်းကထုံရွှယ်လူအတွက် ပြသနာကြီးမဟုတ်ပေ။


 အခုချိန်တွင်သူမအနေဖြင့် နိုင်ငံတော်၏လုပ်ဆောင်မှုများကို ပူးပေါင်းပေးပြီး ကသောင်းကနင်းမဖြစ်စေရန်အတွက် လူအများ၏နှလုံးသားကို တည်ငြိမ်အောင်လုပ်ပေးဖို့သာလိုသည်။


ထင်ထားသလိုပင် ထုံရွှယ်လူစကားများကိုကြားလိုက်ရသောအခါ လူတိုင်းကအတော်လေးတည်ငြိမ်သွားပြီး အာရုံစိုက်မှုလည်းပြောင်းလာကြသည်။


“ကျွန်တော်ပါချင်တယ်၊ အစကတည်းက နိုင်ငံတကာကုန်သွယ်ရေးအပိုင်းကိုလေ့လာချင်နေခဲ့တာ ဒါပေမယ့် ဘယ်သွားရမလဲမသိသလို အဲ့ဒါနဲ့ပတ်သက်တဲ့စာအုပ်တွေက အရမ်းနည်းတယ်”


“ကျွန်မလည်းတူတူဘဲ ကျွန်မဆွေမျိုးတွေကို အဲ့ဒါနဲ့ပတ်သက်တဲ့စာအုပ်တွေရှာခိုင်းထားပေမယ့် နားမလည်ဘူး မိုးပေါ်ကစာအုပ်ကိုဖတ်နေရသလိုဘဲ”


“ဒါရိုက်တာထုံကိုကျေးဇူးတင်ပါတယ် ကျွန်မတို့သေချာကြိုးစားပြီးလေ့လာပါ့မယ်”


“ကျေးဇူးပါ ဒါရိုက်တာထုံ”


လူတိုင်းကအလွန်စိတ်လှုပ်ရှားပြီး ထုံရွှယ်လူကိုအလေးအနက်ကျေးဇူးတင်နေကြတာ တစ်ချိန်တည်းတွင် ကုမ္ပဏီကိုပါ အလွန်သံယောစဉ်ဖြစ်လာကြသည်။


ကုမ္ပဏီက နိုင်ငံတကာဈေးကွက်ကိုစဖွင့်ကတည်းက နိုင်ငံတကာကုန်သွယ်ရေးအတွက်တာဝန်ရှိသည့် ဝန်ထမ်းများ၏လစာသည် မိုးထိထောင်တက်သွားသည်။ အထူးသဖြင့် ဆောင်းရာသီကုန်စည်ဖလှယ်ပွဲနောက်ပိုင်းတွင် ဝန်ထမ်းတစ်ချို့၏ကော်မရှင်ခက အစိုးရယူနစ်များ၏ တစ်နှစ်လစာထက်များလာရာ အခြားဝန်ထမ်းများက မနာလိုဖြစ်လာကြသည်။


သို့သော်နိုင်ငံတကာကုန်သွယ်ရေးအလုပ်သည် လူတိုင်းလုပ်နိုင်တာမျိုးမဟုတ်ပေ။အရင်ဆုံးအနေဖြင့် သူတို့ကအင်္ဂလိပ်စာကျွမ်းကျင်ရမည်ဖြစ်က  ဗဟုသုတလည်းစုံရပေမည်။အခုတွင် ကုမ္ပဏီကသူတို့ကိုလေ့ကျင့်ပေးလိုစိတ်ရှိလာရာ သူတို့အတွက်လမ်းဖောက်ပေးလိုက်သလိုပင်ဖြစ်သည်။ အနာဂတ်တွင်သူတို့ကပိုကြိုးစားရလိမ့်မည်။