Chapter 5
Viewers 1k

🦊Chapter 5

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

 (Arc - 1.5)




သူ့အရှင်ဖြစ်သူထံမှ ကိုယ်ထင်ပြရန်လာအခေါ်ခံလိုက်ရပြီးနောက် အကူစနစ်လေးမှာ အောက်သို့ပစ်ချခံလိုက်ရသည့်အပြင် သူ့လည်ပင်းအား စစ်သူကြီးဆီမှဆောင့်ဆွဲကိုပါ ခံလိုက်ရသည်။


"…"


မိုးကောင်းကင်ကြီးရေ… ဒီကမ္ဘာကြီးက ပိုအဆင်ပြေနိုင်ပါ့မလား…အကူစနစ်လေးကို ဒီလိုစော်ကားရင် မိုးကြိုးပစ်ခံရမှာကို…သူ မကြောက်ဘူးလား..


အရှင်…ကျနော် အရှင့်ကိုမြင်ပြီးပြီ…အရှင်က ငတုံးပဲ…


သူ့အရှင်က မေးကိုပင့်ကာ ပြုံးလိုက်ပြီး စစ်သူကြီးကိုငုံ့ကြည့်ကာ အလွန်အကြူး ထရယ်လိုက်ပြန်သည်။

အကူစနစ်လေးက ဆက်မစောင့်ကြည့်နိုင်တော့ပေ။သူ့အရှင်ဖြစ်သူက အလုပ်ပြီးဆုံးရန်အတွက် အချိုသတ်သည့်နည်းကိုပင်အသုံးပြုခဲ့သည်။ အရှင်နှင့်ပတ်သက်၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် သဘောတရားမျိုးမရှိဟုခံစားရသည်။


ကံကောင်းထောက်မစွာပင် စစ်သူကြီး၏ကိုယ်ကျင့်တ ရား နှင့်စိတ်အခြေအနေမှာ အတော်ပင် ခိုင်မြဲသည်ဟု ယူဆရသည်။ သူ ယခင်က အာရုံပျံ့လွင့်ခဲ့သော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက သူ့လက်ထဲတွင် တဆတ်ဆတ်တုန်ယင်နေသော ဖြူဆွတ်နေသည့်မြေခွေးငယ်လေးကို ငေးကြည့်ပြီးနောက် ပြတင်းပေါက်ခုံဘောင်ပေါ်ရှိ အနီရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်သည်။


ယနေ့တွင် ဧရာဇ်စာမေးပွဲ အောင်မြင်သွားသောကိုယ်စားလှယ်လောင်းများစာရင်းကိုထုတ်ပြန်ခဲ့ပြီး ထိုကဲ့သို့သောဝတ်စားဆင်ယင်နိုင်သူမှာပထမအဆင့်ရထားသောသူသာဖြစ်နိုင်သည်။


 ဧကရာဇ်က နံပါတ်တစ်ပညာရှင်ကိုသာ ခန့်အပ်ရမည်ဖြစ်လေရာ ထိုထိပ်တန်းကိုယ်စားလှယ်လောင်းလေးသာ ဖြစ်လိမ့်မည်။


စစ်သူကြီး၏အိမ်တော်တွင်လည်း ယခုနှစ်ဧကရာဇ်စာမေးပွဲမတွင်ပါ၀င်ခဲ့သည့် လူငယ်တစ်ဦး ရှိသည်။


သို့သော် သူကနှစ်ပေါင်းများစွာ ဗဟိုအစိုးရရုံးတွင်ရှိနေခဲ့ရသည့်အတွက် နှစ်စဉ်စာမေးပွဲများတွင်ပါ၀င်ခဲ့သည့် ထိပ်တန်းပညာရှင်များ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ အရာအားလုံး ပုံမှန်တိုင်းပင်ဖြစ်ကြောင်း ခံစားရသည်။ သူတို့ကို မရှိမဖြစ် မလိုအပ်ပေ။ ထို့ကြောင့် သူက ထိုနှစ်အခြေအနေအပေါ် သိပ်အာရုံစူးစိုက်မှု မပေးခဲ့ပေ။ အဆင့်သတ်မှတ်ချက်အတွက်လည်း အချိန်မဖြုန်းခဲ့ပေ။ ယခု ဒီလူ့ပုံစံအရ သူတို့ နန်းတွင်းစာမေးပွဲအား အလျင်အမြန်ကျင်းပသင့်ပြီဖြစ်သည်။ 


"ဘာဖြစ်လို့လဲ…"


ဘာလို့ သူ(ရွှယ်လင်)က သူ့ကို မြေခွေးနှင့်ပစ်ပေါက်ရတာလဲ…


အမှန်တကယ်မှာ ရွှယ်လင်က ပန်းတစ်ပွင့် ပစ်ချခဲ့ချင်သော်လည်း သေချာစဉ်းစားကြည့်သောအခါ ပန်းတစ်ပွင့်ဆိုလျှင် ပရောပရည်ဆန်နေမည်ဟု ထင်မိသည်။ စစ်သူကြီး အမျက်ထွက်သွားလျှင် မတန်ပေ။ 


ကံမကောင်းစွာဖြင့် သူပစ်ချရန် သင့်လျော်သောအရာလည်း ရှိမနေပေ။အကယ်၍ သူက ပြတင်းပေါက်ဘောင်ကြီးကို သတိမဲ့စွာပစ်ချလိုက်လျင်လည်း စစ်သူကြီးကိုထိသည်ဖြစ်စေ မထိသည်ဖြစ်စေ အရေးမကြီးပေ။အဓိကအချက်မှာ ရွှယ်လင်ကိုယ်တိုင် စိတ်ရှုပ်၍ ချီတုံချတုံဖြစ်ခြင်းအမျိုးမျိုးကို ခံစားနေရခြင်းပင်။


နောက်ဆုံးတွင် ဇာတ်လမ်းက ဖန့်ကျင်းလျန် နှင့် စီမန်ချင်း တို့ ပုံစံအတိုင်း ပိုတိုးတက်လာပုံရသည်။

(ဖန့်ကျင်းလျန်ဇာတ်ကားထဲမှ ဇာတ်ကောင်နာမည်များဖြစ်သည်။)


သူ ထိုအကြောင်း စဉ်းစားနေစဉ် စစ်သူကြီးက သူ့ပြတင်းပေါက်အောက်တွင် မြင်းစီးကာ ဖြည်းဖြည်းချင်းဖြတ်သွားနေပေပြီ။ 


ရွှယ်လင်ကအကူစနစ်လေးအား ကိုယ်ထင်ပြရန် အမိန့်ပေးခဲ့ပြီး သူ့ကိုချီလိုက်ကာ အောက်ထပ်သို့ပစ်ချလိုက်ရာ အကူစနစ်လေးအား သေလုနီးပါးကြောက်လန့်သွားစေသည်။


၎င်းမှာ အနည်းငယ်မသင့်လျော်သော်လည်း ထိုသူ၏ မျက်လုံးများက သူ့အပေါ်ရောက်ရှိနေပြီဖြစ်သောကြောင့် ရွှယ်လင် တွေးမနေတော့ဘဲ အေးဆေးစွာ ပြုံးပြကာ သူ့အင်္ကျီလက်များကို ပြန်ပြင်ရင်း စကားစပြောလိုက်သည်။


“ ဒီနေ့က နန်းတွင်းစာမေးပွဲနေ့ပါ… ဒါပေမယ့် ကျွန်တော့်ကိုအကြောင်းကြားဖို့လာတဲ့ လူကနန်းတော်ထဲဘယ်လိုဝင်ရမယ်ဆိုတာကျွန်တော့်ကိုမပြောသွားဘူး.. စစ်သူကြီးလည်း မြင်းစီးရင်းဖြတ်သွားတယ်ဆိုတော့... အဲ့ဒါကြောင့်ပဲ ဒီလိုလုပ်လိုက်တာပါ... စစ်သူကြီးက သဘောထားကြီးကြီးနဲ့ လမ်းညွှန်ပြပေးလိမ့်မယ်လို့မျော်လင့်ပါတယ်…”


စစ်သူကြီး မူလကပြောရန်ရည်ရွယ်ထားသောစကားလုံးများသည် သူ့စကားများကြောင့် တိုက်ရိုက်ကြားဖြတ်ခံလိုက်ရသည်။ သူက ထိုလူအား စိတ်ရှုပ်ထွေးသောမျက်လုံးများနှင့် ကြည့်လိုက်ပြီး ဦးနှောက်ထဲတွင်လည်း အတောမသတ်နိုင်သောအတွေးများနှင့်.. နောက်ဆုံးတွင်အသံတိတ် သက်ပြင်းချလိုက်သည်။

“ အခု ဧကရာဇ်က ဘာ လုပ်ဖို့ရည်ရွယ်နေတာလဲ …” 


ရွှယ်လင် ကသူ့ပခုံးများ တွန့်ပြလိုက်သည်။


 “ ကျွန်တော်လည်းမသိဘူး…ဒါက…ကျွန်တော့်ကိုတော်တော်လေးခေါင်းကိုက်စေပေမဲ့ နန်းတော်ထဲကိုသွားဖို့လိုနေတုန်းပါပဲ…” 


သူက ထူးကဲခန့်ညားစွာ မွေးဖွားလာခဲ့သော်လည်း ဘာမျှမသိနားမလည်သော အပြစ်ကင်းသည့်အမူအရာမျိုး ပေါင်းထည့်လိုက်သည့်အခါ အလွန်အမင်းစင်ကြယ်သန့်ရှင်းပုံပေါ်နေခဲ့သည်။


ထိုသို့ ပုံစံနှစ်မျိုးရှိနေသောလူမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးသည့် ချုံဟွေ့နှလုံးသားထဲ စိတ်လှုပ်ရှားသွားသည်။


“ ကျွန်တော်နဲ့ စစ်သူကြီးက တစ်မျိုးတစ်ဖုံ သိကြတယ်ဆိုထဲက စစ်သူကြီး ကျွန်တော့်ကိုငြင်းမှာ မဟုတ်ဘူးလို့ထင်လိုက်မိတာပါ…” 


ရွှယ်လင်က ထိုစကားကို နောက်ဆုံးတွင် ထပ်ထည့်ပြောလိုက်သည်။


ချုံဟွေ့ အံ့အားသင့်သွား၏။ သူက သူ့မြေခွေးနှင့် ပစ်ပေါက်မခံရမီ ထိုထူးဆန်းကာ စိတ်ဝင်စားဖွယ်ကောင်းသောသူနှင့် မည်သို့ဆုံခဲ့ရသည်ကို လုံးဝပြန်မမှတ်မိပေ။


ရွှယ်လင်က သူ ရှားရှားပါးပါးအံ့အားသင့်နေမှုကိုမြင်တွေ့ရသောအခါ ပြုံးလိုက်သည်။


“ စစ်သူကြီးမေ့နေတာလား… လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်တော်အကြာကြီး သိမ်းထားခဲ့တဲ့ လူအများတောင်းဆိုခဲ့တဲ့ ပန်းချီကားက စစ်သူကြီးအိမ်တော်ထဲရောက်သွားတယ်လေ…"


ချုံဟွေ့ အံ့ဩရပြန်သည်။ သူက တောက်ပနေသောမျက်လုံးများဖြင့် ရွှယ်လင့် အကြည့်များထဲတွင် အသိစိတ်ကိုရှာဖွေနေသည်။ 


ကံမကောင်းစွာဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများမှာ နှစ်တစ်ထောင်သက်တမ်းရှိသော မြေခွေး၏ စိတ်ဝိဉာဉ်အတွက် လုံးဝအသုံးမ၀င်ပေ။ ရွှယ်လင်က လုံးဝအေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။


မင်းရဲ့ထူးချွန်တဲ့လက်ထောက်တပ်မှူးက အဲ့ပန်းချီကားကို ယူသွားတာတောင်ကြာပြီ…အခုမင်းရဲ့မျက်နှာကိုလှည့်ထားပြီး တစ်ယောက်ယောက်ကိုမသိဘူးလို့ပြောနေတာလား…


မကြာသေးမီက စစ်မှုရေးရာကိစ္စများနှင့် ဖြေရှင်းရခြင်း မှလွဲ၍ ချုံဟွေ့၏ကျန်သောအချိန်များကို ထိုပန်းချီကားတွင်သာ မြှုပ်နှံထားသည်။သူ ကျကျနနဆွေးနွေး ရန်အတွက် ပန်းချီဆရာအား အမြဲရှာတွေ့ချင်နေခဲ့သည်။ သို့သော် ယခု ထိုလူက သူ့ရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သောကြောင့် ရုတ်တရက်ဘာလုပ်ရမည်မှန်းမသိသော ခံစားချက်ဝင်လာသည်။


“ မင်းရဲ့ ထူးချွန်တဲ့ လက်ထောက်တပ်မှူး…” 


လှေကားထစ်များမှဆင်းလာရင်း သူပစ်ချလိုက်သောအကူစနစ်လေးကိုပြန်ယူချီလိုက်သည်။ ရွှယ်လင်က အကူစနစ်လေး၏ ဦးခေါင်းကိုအသာပုတ်ကာ သားမွေးများကို ပွတ်သပ်လိုက်သည်။ ထိုအကူစနစ်လေးက ခေါင်းကို တဖက်သို့လှည့်ထားပြီး သူ့ကိုကြည့်ရန် ဆန္ဒမရှိပေ။


“ မြင်းပေါ်တက်… ” 


ခဏကြာသောအခါ စစ်သူကြီးက အေးဆေးတည်ငြိမ်သောမျက်နှာနှင့် သူ့ပါးစပ်ကိုဖွင့်ဟ၍ပြောလိုက်သည်။


ရွှယ်လင် နားမလည်နိုင်စွာ မျက်တောင်တဖျတ်ဖျတ်ခတ်၍ကြည့်လိုက်၏။


“ ဒီဟာလား…မြင်းမစီးနိုင်ဘူး…”


ချုံဟွေ့က သူ့မျက်နှာကိုကြည့်လိုက်သည်။ ရွှယ်လင်မျက်လုံးများမှာ သူတို့တွေ့ခဲ့စဉ်ကနှင့် လုံးဝကွဲပြားသည်။ သူ ထိုသို့စိုက်ကြည့်ခံနေရသောကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူ့ခေါင်းကို ဘေးဘက်သို့လှည့်လိုက်သည်။ နားရွက်များလည်း နီရဲနေသည်။

သူ့အရှင်က လူကောင်းသူကောင်းပုံစံမျိုး လုပ်ပြနေကြောင်း အကူစနစ်လေးက စိတ်ထဲမှ တွေးလိုက်သည်။ အမှန်တကယ်လည်း သူပုံစံလေးကဖြူစင်လွန်းသည်။


စစ်သူကြီး၏ မျက်နှာမှာလည်း နီရဲသွားသည်။ ယနေ့ သူ တစ်ခုခုလွဲနေသည်ဟု ခံစားနေရသည်။


“ ငါ့နောက်မှာစီးလို့ရလား …” 


ကမ္ဘာ၏အဓိက gong ဇာတ်ကောင်အနေဖြင့် စစ်သူကြီးမှာ အမြဲကံကောင်းတတ်သည်။သို့သော်လည်း သူက သူ့ရှေ့တွင်ရှိသော သူကို ထူးဆန်းသည့်သဘောကျမှုမျိုးရှိနေသော်လည်း စကားပြောရန်မလွယ်ကူဖြစ်နေ၏။


ရွှယ်လင်ကလည်း စစ်သူကြီး၏စိတ်အနှောင့်အယှက်ဖြစ်နေသောပုံစံကို သဘောမကျပေ။ 


သူ့ဦးနှောက်ကို နည်းနည်းလောက် သုံးလို့မရဘူးလား…


ရွှယ်လင်လည်း အမှန်တကယ်တွင် စစ်သူကြီးနှင့် တရင်းတနှီးမနေချင်ပေ။ 


သူတောင်းဆိုတာကို စောစောစီးစီးသဘောတူလိုက်ရင် စစ်သူကြီး သေသွားမှာစိုးလို့လား….


ယနေ့ ထိုသို့ ဖြစ်ပျက်ရသောအကြောင်းရင်းမှာ အမှန်တကယ်ရိုးရှင်းသည်။ ရွှယ်လင်ပေးလိုက်သော ဆောင်းပါးမှာ ကောင်းမွန်သောအရာများစွာလျှို့ဝှက်ထားသည့် အလွန်ကောင်းသော ဆောင်းပါးတစ်ခုဖြစ်သည်။ တယောက်ယောက် ဂရုတစိုက်ဖတ်နေသမျှကာလပတ်လုံး ထိုဆောင်းပါးထံမှ အချက်အလက်များစွာစုဆောင်းနိုင်လိမ့်မည်ဖြစ်သည်။ သူ့ဆောင်းပါးထဲတွင် ခေါင်းစဉ်ကိုရှင်းရှင်းလင်းလင်းဖြေကြားထားရုံမျှမက စာဖတ်သူများအား အသိပညာကြွယ်စေ၍ အစိုးရရေးရာအကြောင်းများပြောချင်စိတ်ကို ဖြစ်ပေါ်စေသည်။ သူက သူ့ကိုယ်ပိုင်ဘဝဇာတ်လမ်းအချို့ကိုပါ ထည့်သွင်းရေးဝှက်ထားခဲ့ပြီး စာမေးပွဲခန်းတွင် သူနှင့်တူသော ဆောင်းပါးရေးသူတစ်ဦး ရှိလိမ့်မည်ဟုလည်း ဖော်ပြထားသည်။ စာမေးပွဲကာလအတွင်း သူ့ဆောင်းပါးကိုကူးယူသူနှင့်စကားပြောခွင့်ရရန်အတွက် ဧကရာဇ် ခွင့်ပြုပေးလိမ့်မည်ဟုမျှော်လင့်နေသည်။


သူက ထိုဉာဏ်ရည်ကို သူ့ကိုယ်ပိုင်အသုံးပြုမှုအတွက်ထိန်းသိမ်းရန်လိုအပ်သည်ဟု ခံစားရသည်ထက် သူ့ရည်ရွယ်ချက်များကိုသာ အလွန်သိသာထင်ရှားစေချင်မိသည်။သူ စာမေးပွဲအတွင်း ထိုကဲ့သို့လှည့်ကွက်ပြုလုပ်နေခြင်းနှင့်ပတ်သက်၍လည်း ဧကရာဇ်က လုံးဝ မကျေမနပ်ဖြစ်နေခြင်းမျိုး မရှိပေ။


သို့သော်လည်း ဧကရာဇ်ဆိုသည်မှာ ဧကရာဇ်သာဖြစ်နေဆဲပင်။ ယနေ့အဖြစ်အပျက်များသို့ ဦးတည်စေသော ရွှယ်လင်စကားလုံးများကိုပေါ့ပေါ့တန်တန်နားထောင်ရန်မသင့်လျော်ကြောင်းလည်း သိသာနေသည်။


ကျောင်းသားများအနေဖြင့် သူတို့၀တ်စုံများကိုပြန်လည်ရယူရန် နန်းတော်ထဲသို့ ၀င်လာရန်လိုအပ်ကြောင်း အသိပေးခဲ့သော်လည်း ၎င်းတို့အားလမ်းညွှန်ရန် လိုအပ်သောမည်သည့်အရာ မည်သည့်အကူမျှ မပေးခဲ့ပေ။


****

စစ်သူကြီး၏အိမ်တော်ထဲမှ သွမ့်ရွှိရန်အတွက် မည်သို့မျှ စိုးရိမ်ပူပန်စရာ မရှိပေ။ 


စစ်သူကြီးပြန်မလာသေးသော်လည်း သူက အိမ်တော်ထိန်းအားအခြေအနေကိုပြောပြလိုက်သည်နှင့်တပြိုင်နက် သူ နန်းတော်ထဲသို့ ၀င်လာနိုင်ရန် ရထားလုံး စီစဉ်ပေးသည်။


လူမြင်ကွင်းတွင် မည်သူမျှ လိုက်မလာခဲ့သော်လည်းအမှန်တကယ်တွင် လျှို့ဝှက်စွာစောင့်ကြည့်ရန်စေလွှတ်ထားသူများရှိသည်။ကိုယ်စားလှယ်လောင်းအားလုံး၏ တုံ့ပြန်မှုက ဧကရာဇ်လက်ထဲတွင်ရှိသည်။ 


သူတို့အားလုံးအနက် အစောဆုံးရောက်လာသူ သွမ့်ရွှိရန် နှင့် စစ်သူကြီးဦးဆောင်မှုနှင့် ဝင်လာသော သွမ့်ချန် တို့မှာ ဧကရာဇ်ကိုယ်တိုင်အလေးပေး ဂရုအစိုက်ဆုံးနှစ်ယောက်ဖြစ်သည်။


စာတမ်းများကို ပြန်လည်သုံးသပ်သော အရာရှိများက သူတို့အား ဦးစွာခေါ်ဆောင်လာကြသောအခါ ဧကရာဇ် အံ့အားသင့်သွားသည်။ဧကရာဇ်က သွမ့်ရွှိရန်၏စာတမ်းများကိုဖတ်ရှုပြီး မျိုးဆက်သစ်များက လူကြီးများထက် သာလွန်သွားလိမ့်မည်ဟု ခံစားရသော်လည်း သွမ့်ချန်၏စာတမ်းများကိုဖတ်ရှုပြီးနောက် အချို့သောလူများမှာ ပါရမီဖြင့်မွေးဖွားလာကြောင်း ဧကရာဇ် သက်ပြင်းချရုံသာ ညည်းတွားနိုင်တော့သည်။


စာတမ်းနှစ်ခုတွင် မတူညီသော ကိုယ်ပိုင်ပုံစံများနှင့်လက်ရေးမူများရှိကြသော်လည်း သူတို့နှစ်ဦးစလုံးသည် တူညီသောအမြင်များကိုမျှဝေခဲ့ကြသည်။ သိပ်မလေးနက်သော အပေါ်ယံအမြင်များနှင့်ပတ်သက်သည့် ပြဿနာများအတွက်ဆွေးနွေးခြင်းပြီးမှသာ ဆောင်းပါးတစ်ခုအဆုံးသတ်သွားသည်။ ဧကရာဇ်အနေနှင့် အသိအမှတ်ပြုနားလည်ပေးသော်လည်း လေးလေးနက်နက်မချီးမွမ်းပေ။


ထို့အပြင် သွမ့်ချန်၏စာတမ်းများကို အမှတ်ပေးသော အသက်ကြီးသည့်တာဝန်ခံဟောင်းတွင် သူ့စာလုံးအလှ အပိုင်းအစတချို့ လက်ဝယ်ရှိသည်။ ဧကရာဇ်က ထိုနှစ်ခုကို အတူတကွဖတ်ရှုပြီးနောက် ပို၍ပင်အံ့အားသင့်ရသည်။ အမျိုးသားပညာရှင်တစ်ဦးအနေဖြင့် ထိုလူငယ်လေး၏အရည်အချင်းသည် ပြိုင်စံရှားဖြစ်သည်။


 ဧကရာဇ်က သူ့အား တံခွန်စိုက်ဆုချီးမြှင့်ပြီးခဲ့လျှင် သူ့အရည်အချင်းကို အကောင်းဆုံးအသုံးချရန် မည်သည့်နေရာတွင် ခန့်အပ်ရမည်ကို စတင်စဉ်းစားလိုက်သည်။


ထိုရှုပ်ထွေးမှုကို လျင်မြန်စွာဖြတ်ကျော်နိုင်ရန်အတွက် ရွှယ်လင် မီးကုန်ယမ်းကုန်ကြိုးစားနေပြီးဖြစ်ကာ ပြင်းထန်သောOOC( ပုံမှန်မဟုတ်သောဇာတ်ကောင်) အဆင့်သို့ရောက်ရှိသွားသည်။


 အကူစနစ်လေးက ဆက်မကြည့်နိုင်တော့ပေ။ သူ့အရှင်၏အောင်မြင်ရန် စိတ်အားထက်သန်လွန်းမှုကြောင့်နှင့် ကောင်းသောအရာများဖြစ်လာနိုင်မည်မဟုတ်ပေ။


ချုံဟွေ့ နောက်ဆုံးတွင် သူအရှက်ကင်းမဲ့သောလုပ်ရပ်များအောက်၌ ဆက်လက်ပေတေ၍မနေနိုင်တော့ပေ။ တစ်ဖက်လူက သူ့ဦးခေါင်းကိုအနေခက်စွာကုတ်ခြစ်နေခဲ့ပြီး နောက်ဆုံးတွင် သူ့အားနောက်ထပ်ပန်းချီကားတစ်ချပ်ပေးမည်ဟု ကတိပေးလိုက်သည်။


 နောက်ဆုံးတွင်မှ သူက ကျေနပ်သွားပြီး လူငယ်လေးအား နန်းတော်သို့ ကိုယ်တိုင်ပို့ပေးရန်အတွက် ရထားလုံးပြင်ပေးရန် လူများစီစဉ်ပေးလေသည်။


တစ်နည်းအားဖြင့် စစ်သူကြီး၏အပြုအမူသည် အမှန်တကယ်ပင် ပေဆိုးဆိုး ပုံစံမျိုးဖြစ်သည်။

သူက ရွှယ်လင်အား နန်းတော်တံခါးမှတဆင့် လမ်းတစ်လျှောက်လုံးလိုက်ပို့ပေးသည်။ 


သို့သော်လည်း စစ်သူကြီးဖြစ်နေခဲ့လျှင်ပင် ဧကရာဇ်အမိန့်မပါပဲ နန်းဆောင်ထဲသို့ ၀င်ရောက်ရန်မလွယ်ကူပေ။ ထို့ကြောင့် အောင်နိုင်သူလေး တစ်လှမ်းချင်းဝင်သွားသည်ကိုသာ သူလှမ်းကြည့်နိုင်တော့သည်။


ရယ်စရာကောင်းသည်မှာ လူငယ်ချန်ပီယံလေးက ဒုက္ခရောက်နေချိန် အခွင့်ကောင်းယူခဲ့သောကြောင့် သိပ်မကျေချမ်းပုံရသည်။ 


ထို့ကြောင့် စစ်သူကြီးအား ကောင်းသော မျက်နှာအမူအရာမျိုး မပြခဲ့ပေ။ သူ ရထားပေါ်မှဆင်းသည်နှင့် မထွက်ခွါမီအချိန်တွင် မထီမဲ့မြင်ဖြင့်" ဟွန့် "ကနဲသာ သရော်သံပြုလိုက်သည်။


စစ်သူကြီးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

အဲ့ချန်ပီယံလေးမျက်နှာက…ဘာလို့ အရင်ကထက် ပိုပြီး ဖြူလျော့နေတယ်လို့ ခံစားရတာလဲ…

ရွှယ်လင်က လမ်းတစ်လျှောက် ဦးဆောင်နေပြီး မမြင်ရသောအကူစနစ်လေးအား မကျေမနပ် ညည်းညူနေသည်။ 


“ ဒီခန္ဓာကိုယ်က အရမ်းကြောက်ဖို့ကောင်းတယ်… ပုံမှန်ရထားလုံးကို စီးတာပဲ…နည်းနည်းပိုမြန်ပြီး… လမ်းကပိုပြီး ချိုင့်ခွက်တွေများတာနဲ့တင် ကိုယ်တွင်းသွေးတွေတလိပ်လိပ်တက်နေတာ…အခုချိန် ကြမ်းပြင်ပေါ်မှာလှဲပြီးသွေးတွေ အော့အန်မနေတာပဲ ကောင်းကင်ဘုံကိုကျေးဇူးတင်ရမယ်…”


အကူစနစ်လေးလည်း မတတ်နိုင်ပေ။


“ နည်းလမ်းမရှိဘူး…ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတိုးတက်စေဖို့ အရပ်ဆယ်မျက်နှာကမ္ဘာက ကူညီပေးနိုင်တဲ့စွမ်းအားက အကန့်အသတ်ရှိတယ်…အရှင့်ရဲ့လက်ရှိပိုအသက်ဝင်တဲ့အခြေအနေကနေ ပြောင်းလဲနိုင်ဖို့ဆို အရှင့်ရဲ့အနာဂတ်ဘဝအင်အားကိုသုံးဖို့ပဲ ကျွန်တော်ရွေးချယ်နိုင်တယ်…ဒါကြောင့်မို့လို့ ကျွန်တော်အရှင့်ကို မတားခဲ့ပေမဲ့ လုပ်ငန်းစဉ်ကိုအရှိန်မြှင့်လိုက်တာနဲ့ပတ်သက်ပြီး အရှင့်ကိုသဘောမတူဘူး….အရှင်ကအရမ်းလောနေပေမယ့်…ဒီခန္ဓာကိုယ်ကကြာရှည်မခံနိုင်ဘူး…”


ရွှယ်လင် နှုတ်ခမ်းဆူသွားသည်။ သူက လူတိုင်း မျက်နှာကို ပါးရိုက်ရန်အတွက် သူ့အလျင်မြန်ဆုံး အမြန်နှုန်းကိုအသုံးပြုနေသည်။ သူအဓိကဇာတ်ကောင် ရှို့(shou)ကို ခဏမြင်နိုင်သမျှကာလပတ်လုံး သူ့ လုပ်စရာတာဝန်တစ်ဝက်မျှ ပြီးပြတ်နေသည်ဟု စဉ်းစား၍ရသည်။ထို့နောက် အဓိကဇာတ်ကောင်၏ကံကို အရပ်ဆယ်မျက်နှာကမ္ဘာမှ ဆွဲထုတ်ပြီး အပြန်အလှန်အနေနှင့် ထိုအရာကို အသုံးချကာ သူ့ခန္ဓာကိုယ်ကို အချိန်ကာလတစ်ခုအတွင်းထောက်ပံ့ရန်နှင့် အဓိကဇတ်ကောင် ရှို့၏ကံကြမ္မာကိုပြောင်းလဲရန် လိုအပ်သောစွမ်းရည်ကိုလဲလှယ်နိုင်သည်။


ရွှယ်လင်က တစ်ဖက်လူမှာ အဓိကဇာတ်ကောင် ရှို့ အားမကြိုက်သရွေ့ အနာဂတ်တွင်ကိစ္စရပ်များစွာ ရှိလိမ့်မည်မဟုတ်ကြောင်း ကောင်းစွာသိသည်။


ယနေ့ သူက အကူစနစ်လေးအား အောက်ထပ်သို့ ပစ်ချလိုက်ခြင်းမျိုး အထူးသဖြင့် ပန်းချီနှင့်စာလုံးအလှများကို စစ်သူကြီးထံသို့ရောင်းချရန် ရှောင်ချင်းအား သူအကြံပေးခဲ့သည့်အကြောင်းရင်းမျိုး စသဖြင့် သူပြုလုပ်နိုင်သည်။


ရွှယ်လင် လုပ်ခဲ့သည့် ခြေလှမ်းတိုင်းမှာ ခန့်မှန်းချက်များနှင့်သာ ပြည့်နှက်နေပြီး သူနှင့်အတူရှိနေသောအဖြူရောင်မြေခွေးအကူစနစ်လေးကသူ့အားမည်သို့ဝေဖန်ရမည်ကိုပင်မသိတော့ပေ။


ယနေ့ခေတ်တွင် ထိုကဲ့သို့သော ရည်မှန်းချက်မျိုး၌ စိတ်နှစ်လေ့ရှိသော အရှင့်လိုလူမျိုးကို ရှာရန်ခက်ခဲသည်။ 


ဘုရားသခင်က သူနဲ့ဘယ်လို သဘောတူညီချက်မျိုး လုပ်ခဲ့တာလဲ…


ဒါပေမယ့် သူ(ရွှယ်လင်)က ဘာလို့အရမ်းယုံကြည်မှု… ရှိနေတာလဲ အဓိကဇာတ်ကောင် ကုန်းက သူ့(ရွှယ်လင်) ကိုမြင်နေသမျှကာလပတ်လုံး အဓိကဇာတ်ကောင်ရှို့ နဲ့ပတ်သက်ပြီး ကောင်းတဲ့ခံစားချက်တွေ ရှိမလာနိုင်ဘူးဆိုပြီး ဘာလို့ တွေးမိနေရတာလဲ….


 အဆင့်မြင့်ကမ္ဘာမဟုတ်လို့ မဖြစ်မနေလုပ်ရမယ့်ဇာတ်လမ်းက ဇာတ်အိမ်မခိုင်ပေမယ့် ဇာတ်ကောင်ကိုလမ်းကြောင်းလွဲစေဖို့က အရမ်းလွယ်ကူနေတာမှ မဟုတ်တာ….


****


ဧကရာဇ်၏ ခန်းမမှာ ခန့်ညားတောက်ပ၍ အံ့ချီးလောက်သည်။ ထိုခေတ်၏ ဧကရာဇ်မင်းဆက်များက ကောင်းကောင်းမွန်မွန်အုပ်ချုပ်ရန် အလွန်ကြိုးစားခဲ့ကြသည်။ 


ထို့အပြင် စစ်သူကြီးက ထိုဇာတ်လမ်းသွားအရ တရားရုံးတွင်ကောင်းစွာနေနိုင်ပြီး သူ့စွမ်းရည်ကြောင့် ရာဇပလ္လင်၏ရန်သူအဖြစ် မသတ်မှတ်ခံရပေ။ 


ဧကရာဇ်က သူ့အသက်အရွယ်ကြီးရင့်လာချိန်တွင် စစ်တပ်အာဏာနှင့်ပတ်သက်၍ စိတ်ပူပန်လာရသည်။

သို့သော် စစ်သူကြီးနှင့် သွမ့်ရွှိရန်က တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးသော်လည်းကလေးမရှိပေ။ ထို့ကြောင့် သူ့တွင်စစ်တပ်အာဏာရှိနေသော်လည်း ရာဇပလ္လင်တော်ကိုသိမ်းပိုက်ရန်အကြောင်းပြချက်မရှိခဲ့ပေ။ ထို့ကြောင့် သူ့အမြင်တွင် သူတို့အား ဆူးငြောင့်ခလုတ်များအဖြစ်တစ်ခါမျှမသတ်မှတ်ခဲ့ပေ။


ရွှယ်လင်မှာ နောက်ဆုံး ရောက်ရှိရန် ကျန်နေသောသူဖြစ်သည်။ သူ့နာမည်ခေါ်လိုက်သောအချိန်တွင် သွမ့်ရွှိရန် တုန်လှုပ်သွားသည်။သို့သော် သူက သရုပ်ဆောင်ရာတွင်အလွန်တော်ပြီး ဧကရာဇ်၏အစည်းဝေးခန်းမတွင် မည်သည့်မိုက်မဲသောပုံစံမျှ မပြုလုပ်သင့်ကြောင်းသိသည်။ ထို့ကြောင့် သူ့ဦးခေါင်းကို ဦးညွှတ်ထားကာ ဘာမျှမပြောခဲ့ပေ။ အခြားကိုယ်စားလှယ်လောင်းများက ထိုထိပ်တန်းပညာရှင်၏ပြောဆိုပြုမူပုံကို မြင်လိုသော သိချင်စိတ်အချို့နှင့်အတူ ခန်းမတံခါးကိုကြည့်နေကြသည်။


ထို့နောက် သူတို့အားလုံးအံ့ဩသွားကြသည်။

အနီရောင်အဝတ်အစားများ ၀တ်ဆင်ထားသောလူငယ်တစ်ဦးက အဆင်တန်ဆာကျောက်စိမ်းကဲ့သို့ လှပခန့်ညားပြီး သူ၏တည်ကြည်သောကိုယ်ဟန်အနေအထား၊ အပြုံးပျပျတစ်ခုအတွင်းနစ်ဝင်နေသော သူ၏ နှုတ်ခမ်းသားများ၊ အလွန်ကြည့်ကောင်းသော မျက်လုံးတစ်စုံနှင့်ခန်းမတစ်ခုလုံးကို လွှမ်းမိုးခဲ့သည်။ သူ့အကြည့်နှင့် ဆုံလိုက်ရသည့်အခါတိုင်းတွင် ကိုယ်စားလှယ်လောင်းများ၏ မျက်နှာများ နီရဲသွားကြကာ နှလုံးခုန်နှုန်းများလည်းအရှိန်မြင့်တက်လာကြပြီး သူတို့နှင့်ပတ်သက်၍ တစ်ခု

ခုမှားယွင်းနေသည်လားဟုပင် ခံစားကြရသည်။


ပထမဆုရ ပညာရှင်ရဲ့ မယိမ်းမယိုင်နိုင်တဲ့ တိုက်ခိုက်မှုက သူတို့အတွက် တွန်းလှန်ရန် အလွန်အားကြီးလွန်းတယ်။


ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ…