အပိုင်း ၁၇၃
Viewers 16k

Chapter 173

ပထမဆုံး စစ်ဆေးရေးဂိတ်


" သေစမ်း ... အဲ့ဒါဘာကြီးတုန်း ..."

ယောင်စစ် ပါးစပ်အဟောင်းသားဖြင့် ရှေ့ကို စိုက်ကြည့်နေသည်။ ဧရိယာတစ်ခုလုံးကို တွင်းနက်များဖြင့် ဖုံးလွှမ်းထားပြီး ၎င်းတို့ကိုကြည့်ရသည်မှာ ပိုးကောင်တွင်းများနှင့် တူနေသည်။


" သူတို့က ဝါးမျိုစားသောက်တတ်တဲ့ ဝင်ပေါက်တွေပဲ ..."

ထိုနေရာမှ တွင်းနက်များကို မြင်သည့်အခါ ပိုင်ရိ၏ မျက်နှာက ဖြူဖျော့သွားသည်။


" ဒီတွင်းနက်တွေ အားလုံးရဲ့ တည်ရှိမှုကို အာကာသ ဆုံမှတ်တစ်ခုပေါ်မှာ ရှိနေတဲ့ ဂြိုလ်တွေကပဲ ရှင်းပြနိုင်တယ် ... ဒါပေမဲ့ အကြီးအကဲကောင်စီက ဒီလိုနေရာမျိုးမှာ စစ်ဆေးရေးဂိတ်ကို ထားမယ်လို့ မထင်ခဲ့မိဘူး ..."


၎င်းတို့မှာ ထိလိုက်ရုံဖြင့် ဆုတ်ဖြဲခံရနိုင်ချေရှိပြီး စစ်ဆေးချက် တစ်ခုအတွက်ဆိုလျှင် ရက်စက်လွန်းလှသည်။ ပထမဆုံးနေရာသည် သတိကြီးစွာ ထားရန်လိုသည့် နေရာမျိုး ဖြစ်နေသည်။


" အယ် ... စစ်ဆေးရေးဂိတ်က ဟိုနားလေးမှာပဲထင်တယ် ..."

လီကျန့် ရှေ့သို့ ညွှန်ပြလိုက်သည်။


ယောင်စစ် ခေါင်းမော့ကြည့်လိုက်သည့်အခါ မနီးမဝေးတွင် ကြီးမားသည့်ကျောက်တုံးကြီးပေါ်၍ အနီရောင်စက်တစ်ခု တည်ရှိနေသည်။ ၎င်း၏အထက်တွင် အနီရောင်သင်္ကေတနှင့် " စစ်ဆေးရေးဂိတ် " ဟု ရေးထားသည်။


မီတာရာပေါင်း အနည်းငယ်မျှသာ ဖြစ်သည့်အတွက် အလွန်မဝေးပေ။ သို့သော် ထိုနေရာမရောက်မီ တွင်းနက် ဆယ်ခုခန့်ရှိနေပြီး အချို့က ရွေ့လျားနေကြသညိ။


" ငါတို့ ဘာလုပ်ကြမလဲ ..."

ပိုင်ရိ တွန့်ဆုတ်သွားသည်။


" ဒီ စစ်ဆေးရေးဂိတ်ကို လက်လျှော့လိုက်ကြမလား အရမ်း အန္တရာယ်များလွန်းတယ် ..."


ယောင်စစ် စိတ်ထဲမှ အချိန်ကို ရေတွက်နေသည်။ 


" ရောက်နေပြီးမှတော့ ကြိုးစားကြည့်ကြမယ်လေ ..."

သူတို့ ဤစစ်ဆေးရေးဂိတ်ကိုရောက်ရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။‌ နောက်ထပ် စစ်ဆေးရေးဂိတ် ကိုးခုကို သွားရန်ကျန်သေးသောကြောင့် ဤတစ်ခုကို  လက်လျှော့လိုက်ပါက အချိန်ဖြုန်းသကဲ့သို့ ဖြစ်သွားလိမ့်မည်။


" ပိုင်ရိ ဒီတွင်းနက်တွေကို စကင်န်ကူဖတ်ပေးပြီး သူတို့လှုပ်ရှားမှုပုံစံတွေကို ရှာပေးပါ ... အဲ့ဒါပြီးရင် အလုံခြုံဆုံးလမ်းကြောင်းကို ရှာနိုင်ပြီမလား ..."


အနီးကပ်စစ်ဆေးလိုက်သည့်အခါ ၎င်းတို့တွင် ရွေ့လျားမှုပုံစံတစ်ခု ရှိပုံရသည်။အရှိန်အဟုန်ဖြင့် ပျံတက်သွားလျှင် ဖြတ်ကျော်သွားနိုင်သည်။


" ဖြစ်နိုင်ပါတယ် ...ဒါပေမဲ့ ကျွန်တော့်ရဲ့ ကွန်ပျူတာလက်ပတ်က ထိန်းချုပ်ခံထားရတယ် ... အဲ့ဒါကြောင့် ကျွန်တော် တွက်ချက်ချင်ရင်တောင် ..."

ပိုင်ရိ မျက်မှောင်ကြုတ်လိုက်သည်။


" ငါ့ဟာကို သုံးလိုက်ပါ ..."

ယောင်စစ် သူမလက်ထဲမှ ကွန်ပျူတာနှင့် ပစ္စည်းများကို လွှဲပေးလိုက်သည်။ 


" ကောင်းပြီ ကျွန်တော့်ကို အားကိုးလိုက်ပါ ..."

ယောင်စစ်၏ ကွန်ပျူတာကိုယူ၍ အဆက်မပြတ် စာရိုက်နေသည်။ နာရီဝက်ခန့်အကြာတွင် သူ၏မျက်နှာက ပျော်ရွှင်မှုကြောင့် အရောင်တောက်လာသည်။


" ရှာတွေ့ပြီ ..."

မြေပုံကို အကြီးချဲ့ပြီး ယောင်စစ်ကို ပြလိုက်သည်။


" အရှင်မ အခြေအနေက ထင်ထားတာထက် ကောင်းနေတယ် ..‌. လေထဲမှာ ဝါးမျိုစားသောက်တတ်တဲ့ တွင်းတွေ မရှိဘူး ...ဒါကြောင့် အောက်မဆင်းခင် လေထုအပေါ်လွှာကနေသွားရင် တွင်းနက်တွေအားလုံးကို ရှောင်နိုင်လိမ့်မယ် .."


" တော်လိုက်တာ ... ဒါဆို ငါတို့ဘာကို စောင့်နေဦးမှာလဲ ..."

ပိုင်ရိ၏ စကားများက နည်းပညာကျွမ်းကျင်သော လူတစ်ယောက်ပီသပေသည်။ ယောင်စစ် လက်မထောင်ပြ၍ ချီးကျူးလိုက်သည်။ ထို့နောက် ပျံသန်းရေးကိရိယာ အသေးစားများဖြင့် ပျံတက်သွားကြသည် ။


" သွားရအောင် ..."


ပိုင်ရိနှင့် လီကျန်တို့ နောက်မှလ်ိုက်ပြီး အပေါ်တက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်ပေါ်တွင် တွင်းနက်များ သိပ်သည်းမနေပေ။ ထို့ကြောင့် မီတာအနည်းငယ်ခန့် ပျံသွားပြီး စစ်ဆေးရေးဂိတ်အနားတွင် ဆင်းလိုက်ကြသည်။ ထိုနေရာတွင် သူတို့ လွယ်ကူစွာ ရှောင်ရှားနိုင်သည့် အရွယ်ငယ်သည့် တွင်းနက်နှစ်ခု ရှိနေသည်။


" ကျွန်တော်တို့ရောက်ပြီ ..."

ပိုင်ရိ အံ့ဩတကြီးနှင့် အော်လိုက်သည်။ သခင်မလေးနောက်သို့ လိုက်ခဲ့သည်က အကျိုးကျေးဇူး များပေသည်။ 


ကျောက်တုံးကြီးပေါ်သို့ ဆင်းသက်ပြီးသည့်အခါ ဆင်ဆာကဲ့သို့ ပစ္စည်းများ အနီးတွင် ပေါလောမျောနေသည်ကို တွေ့နိုင်သည်။


" သင်္ကေတ လုပ်ရအောင် ..."

ပိုင်ရိ ရှေ့မှသွားပြီး သူ၏လက်ကို ဆင်ဆာပေါ် တင်လိုက်သည်။ အေးစက်သည့် လျှပ်စစ်‌ကြေညာချက်တစ်ခုက သူ့ကို နှုတ်ဆက်လိုက်သည်။


[ ဒင် ... သွေးစုပ်ဖုတ်ကောင် ပိုင်ရိ၏ စစ်ဆေးရေးဂိတ် ရောက်ရှိမှု မှတ်သားလိုက်သည်။ စစ်ဆေးရေးဂိတ် စုစုပေါင်း အရေအတွက် : တစ်ခု ]


လီကျန့် ရှေ့သို့ လျင်မြန်စွာရောက်လာပြီး ပိုင်ရိကဲ့သို့ ဆင်ဆာကို ထိလိုက်သည်။


[ ဒင် ... သွေးစုပ်ဖုတ်ကောင် လီကျန်း၏ စစ်ဆေးရေးဂိတ် ရောက်ရှိမှု မှတ်သားလိုက်သည်။ စစ်ဆေးရေးဂိတ် စုစုပေါင်း အရေအတွက် : တစ်ခု ]


ယောင်စစ် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ အချည်းနှီး မဖြစ်ခဲ့တော့ပေ။ သူမလက်ကို ဆင်ဆာပေါ်လိုက်သော်လည်း ‌စိတ်အားထက်သန်ပြီး အလွန် ခင်မင်ရင်းနှီးသည့် တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။


[ ကျွန်တော်တို့မျိုးနွယ်ရဲ့ သခင်မယောင်စစ်ရဲ့ အရွယ်ရောက်ခြင်းအခမ့းအနား စစ်ဆေးရေးဂိတ် ရောက်ရှိမှုကို မှတ်သားလိုက်ပါပြီ ... ဂုဏ်ပြုပါတယ် အရှင်မ ... သခင်မလေး အောင်မြင်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က S အဆင့်ရှိတဲ့ ဝါးမျိုစားသောက်တဲ့ဝင်ပေါက်ပါ ... ]


[ သခင်မလေးက ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေတာပဲ ... နှစ်ပေါင်းများစွာ ကြာတဲ့အထိ နံပါတ်တစ် ဖြစ်နေဦးမှာပါ ... ဆက်လက်လုပ်ဆောင်ပါ ... စစ်ဆေးရေးဂိတ် နံပါတ် ၂၃က ပျော်ပျော်ရွှင်ရွှင်နဲ့ ထောက်ခံပေးနေမှာပါ ... ကျန်တဲ့ စစ်ဆေးရေးဂိတ်ကိုးခုကို ဆက်သွားပါ ... သခင်မလေးရဲ့ နောက်ထပ် ရည်မှန်းချက်က ကြယ်တွေကြားက ကျယ်ပြန့်တဲ့ သမုဒ္ဒရာကြီးပါ ...]


“…”


ဘယ်လို ပေါတောတောနဲ့ သိသာထင်ရှားနေတဲ့ ကြေညာချက်ကြီးလဲ ... သူ့ဟာက ဘာလို့ သူများတွေနဲ့ မတူရတာလဲ ... ဒီလို ရယ်စရာဇာတ်ညွှန်းကြီးကို ဘယ်သူက ပြောလို့တုန်း ...


(╯‵□′)╯︵┻━┻


“…” ပိုင်ရိ


စစ်ဆေးရေးဂိတ်က သူတို့ကို ခွဲခြားဆက်ဆံတာပဲ ...


“…” လီကျန်း +1


" ထားလိုက်ပါ ... ဒီနေရာက ထွက်သွားရအောင် ..."

ပြန်ရောက်ရင် ရမှတ်တွေကို ကြည်လို့ရတယ် ...


ယောင်စစ် အားလုံးကို ‌ပျံသန်းရေးကိရိယာပေါ်တွင် စုစည်းမည်အပြုတွင် ရင်းနှီးနေသည့် တွန်းအားတစ်ခု သူမကိုယ်တွင်း၌ မြင့်တက်လာသည်။

သူမရဲ့ စွမ်းရည်မလား ...


" သတိထား ..."

ယောင်စစ် အော်လိုက်ပြီး ထိုနှစ်ယောက်ကို ဆွဲလိုက်သည်။ သူတို့အားလုံး ကျောက်တုံးကြီးပေါ် လဲကျသွားသည်။


နောက်ထပ် တစ်စက္ကန့်အကြာတွင် လွင့်မျောနေသည့် စစ်ဆေးရေးဂိတ်ကို သားရဲကြီးတစ်ကောင်က ဝါးမျိုလိုက်သည့်အတွက် ဘက်လိုက်သည့် စစ်ဆေးရေးဂိတ်မှာ ပျောက်ကွယ်သွားသည်။ ၎င်းနေရာတွင် အချင်းလေးမီတာခန့်ရှိသော တွင်းနက်ကြီးအား အစားထိုးလဲလှယ်လိုက်ရာ ၎င်းက ထိမိသမျှအားလုံးကို ဝါးမြိုပြီးလှည့်ပတ်နေလေသည်။

 

သေစမ်း ... တွင်းနက်တွေက ဒီနေရာမှာ ရှိရမှာ မဟုတ်ဖူးလေ ...


" အဲ့တာ ဖုံးကွယ်ထားတဲ့ ဝင်ပေါက်တစ်ခုပဲ ..."

ပိုင်ရိ ခေါင်းကိုရိုက်မိသည့် နာကျင်မှာကို လျစ်လျူရှု့ထားပြီး ထိတ်လန့်သွားသည်။


" ဒီနေရာမှာ နစ်မြုပ်နေတဲ့ ဝင်ပေါက်ရှိမယ် မထင်ထားမိဘူး ...  ကြားအချိန်မှာ ဖြစ်လာလို့ သူ့ကို စကင်န် ဖတ်မရခဲ့ဘူး ..."


" အရှင်မမှာ ပျံသန်းရေးစက်တွေ ရှိသေးလား ..."

ပိုင်ရိ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး သူမဘက်လှည့်ကာ မေးလိုက်သည်။ သူ ထိုဝင်ပေါက်ထဲသို့ စုပ်ယူမခံချင်ပေ။


" ထုတ်လို့ မရဘူး ..."

ယောင်စစ် ခေါင်းခါလိုက်သည်။

" အရမ်းကြီးနေတော့ ထုတ်လိုက်တဲ့အချိန် တစ်ဝက်လောက်ကို အနက်ရောင်ဝင်ပေါက်ထဲ စုပ်ယူခံလိုက်ရလိမ့်မယ် ..."


" ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ ..."

ထို ဝင်ပေါက်က အဆမတန်ကြီးလာပြီး စုပ်ယူနိုင်စွမ်းများလာသည်နှင့် ပိုင်ရိ ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။ လေက ပြင်းပြင်းထန်ထန် တိုက်ခတ်နေ၍ ‌မတ်မတ်ရပ်မရ ဖြစ်နေသည်။ သူတို့နောက်ဘက်တွင်လည်း တွင်းများစွာ ရှိနေသည့်အတွက် နောက်ပြန်ဆုတ်၍မရ ဖြစ်နေသည်။


" ကျွန်တော်တို့ လက်လျှော့လိုက်သင့်လား ..."


ယောင်စစ် နှုတ်ခမ်းကိုက်ပြီး သူတို့၏ ပြဿနာကို ချင့်ချိန်တွေးတောနေသည်။

" ငါ့ရဲ့စွမ်းရည်ကို သုံးရင်ရော ..."


" ဪ ဟုတ်သားပဲ ... သခင်မလေးရဲ့ အာကာသစွမ်းရည် ... "

ပိုင်ရိ မျက်လုံးများ အရောင်တောက်သွားပြီး သူမကို ကြည့်နေသည်။


" သခင်မလေး အဲ့ဒီတွင်းနက်ကြီးနဲ့ အရွယ်အစားတူတဲ့ ဝင်ပေါက်တစ်ခု ဖန်တီးနိုင်ရင်   ပျောက်သွားမယ်ထင်တယ် ..." 


လီကျန့်၏ မျက်လုံးများသည်လည်း အရောင်တောက်နေသည်။ သူက ယောင်စစ်ကို အံ့ဩမှုများဖြင့် စိုက်ကြည့်နေသည်။

" အဖေ့မှာ ဒီလို သန်မာတဲ့ စွမ်းရည်ရှိတာ မသိခဲ့ဘူး ... အံ့ဩစရာကောင်းလိုက်တာ ..." 


" ဒီလို အသုံးဝင်မှန်းသိရင် သခင်မလေးကိုပဲ အားကိုးလိုက်မယ်နော် ..."


" အဖေ ‌လုပ်ပြလိုက်စမ်းပါ ... ကျွန်တော်ယုံကြည်တယ် ..."


ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ 

နင်တို့တွေ ငါ့ရဲ့စွမ်းရည်ကို အမြင်မှားနေတာလား ...


ပြီးတော့ ...


" ငါ့ကို အဖေလို့ ဆက်မခေါ်ဘူးဆိုရင် ငါတို့သူငယ်ချင်းအဖြစ်‌ ‌နေလို့ရသေးတယ် ..."