အပိုင်း ၁၇၄
Viewers 19k

Chapter 174

မျောက်တစ်ကောင်က လွှတ်လိုက်သည့် လူတော်တစ်ယောက်


‌ပြင်းထန်သည့်ဖိအား ဟူသည့်အဓိပ္ပါယ်ကို ယောင်စစ် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ အရှေ့မှ အနက်ရောင်ဝင်ပေါက်ကို စိုက်ကြည့်လိုက်သည်။ သူတို့အားလုံး၏ အကြံဉာဏ်များ ကုန်ခမ်းနေပြီဖြစ်၍ သူမ အစွမ်းကုန်ထုတ်သုံး‌ရတော့မည်။ 


ယောင်စစ် အသက်ပြင်းပြင်းရှုလိုက်ပြီး သူမခန္ဓာကိုယ်ထဲမှ စွမ်းအားများကို စုစည်းလိုက်သည်။ ယခင်က ကြောက်မက်ဖွယ် အတွေ့အကြုံများကြောင့် သူမစွမ်းအားများကို တစ်ပြိုင်နက် ထုတ်မသုံးနိုင်ပေ။ ထိုအစား  သတိထား၍ လက်ကိုအပေါ်မြှောက်ကာ အနည်းငယ် လွှတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမ၏ လက်ဖဝါး အရွယ်အစားခန့်ရှိသည့် ခရုပတ်တစ်ခု ပေါ်လာသည်။


သူမ၏ အာကာသစွမ်းရည်အကြောင်းသိ၍ သူမ စိတ်ကြည်နူးသွားသည်။ သူမ၏ အာကာသစွမ်းရည်က ဝင်ပေါက်ထဲသို့ စိမ့်ဝင်သွားသည့် မည်သည့်အရာကိုမဆို ပြန်လည်ရယူနိုင်သည့် တန်ပြန်အစွမ်းတစ်ခုဖြစ်သည်ဟု မူရွှမ်‌ ပြောပြခဲ့ဖူးသည်။

 

ပိုင်ရိ တွေးထားသည်က မှန်ကန်ခဲ့သည်။ စွမ်းအားကြီးနှစ်ရပ်က အပြန်အလှန်တုံ့ပြန်ပြီး တစ်ခုနဲ့တစ်ခု ချေမှုန်းပစ်ကြသည်။ သူမ ဝင်ပေါက်ကိုဖွင့်၍ အရှေ့မှ တွင်းနက်နှင့် အပြန်အလှန် တုံ့ပြန်ပါက သူတို့ အေးအေးဆေးဆေးပင် ထွက်သွားနိုင်သည်။


 ထိုအပြင် ဤနေရာ၌ တွင်းနက်များအပြင် အခြားမည်သည့်အရာကမှ တန်ပြန်နိုင်ခြင်း မရှိပေ။ အဆိုးရွားဆုံး ဖြစ်နိုင်ချေမှာ စစ်ဆေးရေးဂိတ် ပြန်ပေါ်လာခြင်းသာ ဖြစ်သည့်အတွက် တခြားပြဿနာ မရှိပေ။ 


လို့ ထင်ရတာပဲ ...


ဝင်ပေါက်ကို တဖြည်းဖြည်း ချဲ့ထွင်လာသောအခါ ယောင်စစ်၏ အာရုံကြောများ တင်းကျပ်လာသည်။ မကြာမီ ၎င်းက ဖုံးကွယ်ထားသော ဝင်ပေါက်၏ အရွယ်အစားခန့် ဖြစ်လာသည်။


၎င်းက အပြည့်အဝ ပွင့်လာသည့်အခါ သူတို့ မျှော်လင့်ထားသကဲ့သို့ ဝါးမျိုသည့်ဝင်ပေါက်ကို ဟန့်တားလိုက်သည်။ ၎င်း၏စွမ်းအားလည်း လျော့ပါးသွားသည်။ 


အောင်မြင်ပြီ ...


ယောင်စစ် ရင်တုန်နေသော်လည်း ထိုဝင်ပေါက်က သေးငယ်လာသည်အထိ အာရုံစိုက်နေသည်။ ၎င်းက လုံးဝပျောက်ကွယ်သွားသည့်အခါမှ သူမ စိတ်ချနိုင်တော့သည်။ လက်ကိုဝှေ့ယမ်းပြီး စွမ်းရည်အသုံးပြုခြင်းကို ရပ်တန့်လိုက်သည်။


ကောင်းလိုက်တာ ဒီတစ်ခါ ကံမဆိုးတော့ဘူး ... ဒါဆိုရင် ငါ့ရဲ့ တန်ပြန်စွမ်းရည်က ...


" အား ..."


သူမ စိတ်ချလက်ချနေမည်အပြုတွင် ပိတ်သွားသည့်ဝင်ပေါက်က အရိုးများကျိုးကြေသွားသည့် အသံကြီးဖြင့် ပြန်လည်ပွင့်လာသည်။အနက်ရောင်ဝင်ပေါက်မှာ လူတစ်ယောက်၏ ပုံရိပ်ဖြင့် ပြန်ပွင့်လာသည်။ 



အသုံးတော့ ဝင်လိုက်တယ်မလား ...


(╯‵□′)╯︵┻━┻


ဝါးမျိုခံလိုက်ရတဲ့ဟာကို ဘယ်လိုလုပ် ပြန်ထွေးထုတ်လိုက်တာလဲ  ... ပြီးတော့ ထွက်လာတဲ့လူကရော ဘာလဲ ... တစ်ခုဝယ်ရင် တစ်ခု အလကား ရတာလား ...


" မင်း သောက်ရူးလား ..."

ထို ပုံရိပ်က ယောင်စစ်ရှေ့တွင် လေပွေတစ်ခုကဲ့သို့ ပေါ်လာပြီး သူမကို ဒေါသမျက်လုံးများနှင့် ကြည့်နေသည်။ 


နေဦး သူ့ကို ကြည့်ရတာ ရင်းနှီးနေတယ် ...

" အိမ်မှာ ငါ့ဂြိုလ်ကို ပြန်ဆောက်ရင်း အလုပ်များနေတာကို ငါ့ကို ဘာလို့ ဒီနေရာထိ ဆွဲခေါ်လာရတာလဲ ... မင်းကို ဝိညာဉ်သားရဲသွေးခဲတွေ ပို့ပေးခဲ့တယ်မလား ... ဘာတွေများ ထပ်လိုချင်နေတာလဲ ..." 


" လင်း  .. လင်းလုံ ..."


(⊙ o ⊙)


သေစမ်း ... ကြုံရာကျပန်း ပစ္စည်းတွေ ထွေးမထုတ်ဖို့ ကတိပေးထားကြတယ်မလား ... ကြည့်ရတာ သူမအာကာသစွမ်းရည်ရဲ့ သဘာဝက တစ်ခုခုကို ပြန်မထုတ်ရရင် သက်တောင့်သက်သာ မရှိဘူးထင်တယ် ... ဒါပေမဲ့ ဘာလို့ လင်းလုံလဲ ... 


" ရှင် ဘာလို့ ဒီရောက်လာတာလဲ ..."


" ငါ့ကိုများ ပြန်မေးနေသေးတယ် ... ငါက ဘယ်သောက်ရူးကို သွားမေးရမှာလဲ ... မင်းပဲ ဝင်ပေါက်တစ်ခုဖွင့်ပြီး ငါ့ကို အတင်းအကျပ် ဆွဲခေါ်လာတာလေ ..."

သူ့ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကိုပင် ဝါးစားတော့မည်ဟု ထင်ရသည်။


" ဂြိုလ်က အပိုင်းအစတွေကို ပြန်ဆက်ဖို့ အရမ်းအားထုတ်ရတယ် ... အာကာသထဲက လိုင်းတွေကို စမ်းသပ်မလို့ပဲ ရှိသေးတယ် မမေးမမြန်းပဲ ဆွဲခေါ်လာတယ် ... မင်း တမင်လုပ်တာမလား ... ငါမင်းကို စော်ကားမိလို့လား ..."


" အမ် ... အဲ့ဒါ အထင်လွဲတာပါ ..."


သူမ တန်ပြန်အာကာသဝင်ပေါက်ကို ဖွင့်နေစဉ်က သူသည်လည်း သူ၏ အာကာသဝင်ပေါက်ကို စမ်းသပ်နေခဲ့သည်။ 


ဒါဆိုရင် သူ ဆွဲခေါ်ခံရတာ တိုက်ဆိုင်တာ ဟုတ်ရဲ့လား ...အဲ့လို ဖြစ်နိုင်ပါ့မလား ...


(⊙_⊙)


" သခင်မလေး..."

ပိုင်ရိက သူမကို ရုတ်တရက် အော်ခေါ်လိုက်ပြီးမှ သူမရှေ့တွင် ပေါ်လာသည့် လင်းလုံကို မြင်သွားသည်။ သူမ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် စိုးရိမ်တကြီးဖြင့် သူတို့ရှေ့ကို ညွန်ပြလိုက်သည်။

" တွင်းနက်ကို မြန်မြန် ကြည့်လိုက်ဦး ..."


ယောင်စစ် ထိုနေရာကို ကြည့်လိုက်သည်။


သေစမ်း ... 


သူမ၏ အာကာသစွမ်းရည် အသုံးပြုမှု ကျရှုံးခဲ့သည့်အတွက် တွင်းနက်ကြီးမှာ ပိုကြီးလာသည်။ ပတ်ဝန်းကျင်မှ တွင်းနက်များကိုပင် စတင်ဝါးမျိုနေပြီဖြစ်သည်။ အကယ်၍ သူတို့အားလုံးစုဝေးသွားပါက ဂြိုဟ်တစ်ခုလုံး ဒုက္ခရောက်သွားနိုင်သည်။  


" ဒါက ဘယ်နေရာကြီးလဲ ..."

လင်းလုံ မျက်မှောင်ကြုတ်ပြီး သူ၏မျက်နှာတွင် အလိုမကျမှုများ ပေါ်လွင်နေသည်။


"ဟေး ယောင်မျိုးရိုးနဲ့တစ်ယောက် ... တစ်စုံတစ်ယောက်ရဲ့ စာချုပ်ချုပ်ဆိုသူ ... ငါ့ဆီက ဘာလိုချင်လို့ ဒီထိ ဆွဲခေါ်လာတာလဲ ..."


ဘယ်လို နှုတ်ဆက်စကားကြီးလဲ ...


" ခဏနေရင် ရှင်းပြပါ့မယ် ..."

ယောင်စစ်က တွင်းနက်ကို စိုးရိမ်တကြီး ညွှန်ပြလိုက်သည်။ 


" ရှင့်မှာလည်း အာကာသစွမ်းရည်ရှိတယ်မလား ... ဒီအပေါက်ကြီး ပိတ်သွားဖို့ ကျွန်မကို ကူညီပေးပါလား .." 


" ဘာလို့ ကူညီပေးမှာလဲ ... မင်းက ဘယ်သူမို့လဲ ..."

လင်းလုံက လှောင်ပြောင်လိုက်သည်။.


" မင်း ဘယ်သူဆိုတာတောင် ငါ မသိသေးဘူး ဘာလို့ ကူညီရမှာလဲ ... မင်းက စာချုပ်ချုပ်ဆိုနိုင်သူ ဖြစ်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်လွန်းတယ် ထင်နေတာလား ..." 


" ဟမ့် အာကာသစွမ်းရည်ဆိုတာ ဘာသဘောလဲ ... ငါ့ရဲ့စွမ်းရည်တွေက မင်းစိတ်ကူးထားတာထက် ပိုသန်မာတယ် ... ငါက သွေးမျိုးသန့်ဆိုတာ မမေ့နဲ့ မင်းလို မျိုးမစစ်က ဘာသိလို့လဲ ... စကြဝဠာတစ်ခုလုံးမှာ ငါ့ရဲ့ စွမ်းရည်တွေက ... ဒုတိယအကောင်းဆုံးလို့ သတ်မှတ်နိုင်တယ် ... တွင်းနက်ကလေး နည်းနည်းကို ရေးကြီးခွင်ကျယ်လုပ်နေတယ် ..."


သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။


ကြီးမားသည့် အာကာသဝင်ပေါက်များ ပွင့်လာပြီး ကျယ်လောင်သည့် အသံများ ထွက်လာသည်။


တစ်မိနစ်အတွင်း သူတို့ရှေ့မှ တွင်းနက်အားလုံး ပျောက်ကွယ်သွားသည်။ 


ဧရိယာတစ်ခုလုံး ရှင်းလင်းသွားပြီး ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်သွားသည်။


“…” ပိုင်ရိ 


“…” လီကျန်း 


“…” ယောင်စစ် 


" သ သခင်မလေူ သူက ..."


" မျောက်တစ်ကောင်က စေလွှတ်လိုက်တဲ့ လူတော်တစ်ယောက်ပဲ ..."


“…”



" ငါ့ရဲ့ စမ်းသပ်ချက်တွေဆီ ပြန်သွားတော့မယ် ..."

လင်းလုံ လက်ဝှေ့ယမ်းပြီး အာကာသဝင်ပေါက်ကို ဖွင့်ရန် ပြင်နေသည်။ သို့သော် အတွေးတစ်ခုဝင်လာသည်။ ယောင်စစ်ဘက်သို့ အလွန်အမင်း ကြောက်စရာကောင်းသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး  အံကြိတ်ထားသည်။


" အနာဂတ်မှာ ငါ့ကိုကြုံရာကျပန်းနေရာကနေ ဆွဲမခေါ်နဲ့ မဟုတ်ရင် မင်းကို သတ်မိတော့မယ် ..."


" ခဏလေးနေပါဦး ..."

ယောင်စစ် သူ၏ ဝတ်ရုံလက်ကို ဆွဲလိုက်သည်။


" ဘာများ လိုချင်သေးလို့လဲ ..."

သူမလက်များကို ခါလိုက်သည်။


" ဒီမှာ ရောက်နေပြီဆိုတော့ ကြာကြာနေဦးလေ ... "


ယောင်စစ် ပြုံးပြလိုက်သည်။ မမျှော်လင့်ပဲ ရောက်လာသည့် လူတော်တစ်ယောက်ကို ပြန်လွှတ်လိုက်ခြင်းက ဖြုန်းတီးရာကျလိမ့်မည်။ 


" ဒီဂြိုလ်က အရမ်းအန္တရာယ်များပေမယ့် ကျွန်မတို့ အလည်သွားစရာနေရာတွေ ရှိသေးတယ် ... ရှင့်ရဲ့စွမ်းရည်က ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးဆိုတော့ ကျွန်မတို့နဲ့ ဘာလို့တူတူမသွားတာလဲ ..." 


" မင်း ငါ့ကိုဘာလို့ ဆွဲခေါ်လာတာလဲ ..."

သူမကို မယုံသင်္ကာဖြင့် ကြည့်လ်ုက်သည်။


" မင်းရဲ့ သွေးမျိုးသန့်ကြီးက ဘယ်ရောက်နေလို့လဲ ... မင်းကို ဒီနေရာရောက်အောင် ပုတ်ထုတ်လိုက်ရလို့ ဦးနှောက်ကြီး မီးလောင်သွားတာလား ..."


" အခြေအနေက နည်းနည်း အထူးတလည် ဖြစ်နေလို့ပါ ..."


ဒီဂြိုလ်က အဲ့လောက်လှည့်စားတတ်မယ်လို့ ဘယ်သူထင်ထားမှာလဲ ... 


ထို့အပြင် အရွယ်ရောက်ခြင်းစစ်ဆေးချက် ဖြစ်သည့်အတွက် မူရွှမ့်ဆီမှ အကူအညီယူလိုက်ပါက ကလေးလေးဟူသည့် ဂုဏ်ပုဒ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူ့ကို မကူညီခိုင်းချင်ပေ။ ထို့အပြင် သူမ၌ အရှုပ်ထုပ်လေးနှသ်ယောက် ပါလာသည်။


" ဒီတိုင်းပဲ ပြောလိုက်စမ်းပါ ... ကျွန်မကို ကူညီမှာလား ..." 


" မကူညီပါဘူး ..."

သူက ခိုင်ခိုင်မာမာ ငြင်းဆိုလိုက်သည်။


" ငါ နောက်ဆုံး‌တော့ နားလည်သွားပြီ ... မင်းကိုတွေ့တိုင်း ငါ့ဆီမှာ ဘာမှကောင်းတာ မဖြစ်လာဘူး ... အိမ်ကိုပဲ တည့်တည့်ပြန်ပြီး မင်းတို့ကိစ္စတွေထဲ မပါတာကောင်းတယ် ... မင်းတို့ ကြိုက်တာ လုပ်ကြ ..."


စကားတစ်ခွန်းမှ မပြောပဲ သူ ထွက်သွားသည်။


ယောင်စစ် ကြောင်သွားသည်။ ထို့နောက် သူမ နံပတ်စဉ်များ ရေရွတ်နေသည်။

တစ် ... နှစ် ... သုံး ...


သေစမ်း ...


အကွာအဝေး ဆယ်မီတာခန့် မရောက်မီမှာပင် သူ အံကြိတ်ပြီး ပြန်ရောက်လာသည်။


" ပြော ... ဘယ်ကိုသွားချင်တာလဲ ..."


╮(╯▽╰)╭


ဒါဆိုရင် ...


ယောင်စစ် မြေပုံကိုထိလိုက်ပြီး နောက်ထပ် စစ်ဆေးရေးဂိတ်တစ်ခုကို ညွှန်ပြလိုက်သည်။ လင်းလုံက ဝင်ပေါက်တစ်ခု ဖွင့်ပေးပြီး အထဲဝင်သွားသည်။ သူတို့ အထဲသို့  မဝင်လာသည့်အခါ သူက ပြန်လှည့်ကြည့်လိုက်သည်။


" မင်းတို့ အဲ့လောက်တုံးရလား ... ဘာလို့ အဲ့မှာရပ်နေသေးတာလဲ လာကြလေ ..."


“…” ပိုင်ရိ 


“…” လီကျန့်


" သခင်မလေး ... သူ ... သူက နည်းနည်း ..."

ပိုင်ရိ အသံတိုးထားသော်လည်း စကားများ ထွက်မလာတော့ပေ။ 


ယောင်စစ် သက်ပြင်းချလိုက်ပြီး သူ၏ပခုံးကို ပုတ်လိုက်သည်။


" ကောင်လေး အသားကျသွားမှာပါ ..."


“…”


ခေါင်းမာမှုကို ရောဂါတစ်မျိုးဟု သတ်မှတ်နိုင်ပြီး ကုသရန်လည်း လိုအပ်ပေသည်။