အပိုင်း ၁၇၅
Viewers 16k

Chapter 175

နောက်ဆုံး စစ်ဆေးရေးဂိတ်


လင်းလုံက သူတို့ကို ကူညီပေးသဖြင့် စစ်ဆေးရေးဂိတ်များကို ကျော်ဖြတ်သွားနိုင်ကြသည်။ ပထမဆုံး စစ်ဆေးရေးဂိတ်သို့ရောက်ရန် ရက်နှစ်ဆယ် ကြာခဲ့သော်လည်း နောက်ထပ် ရှစ်ခုကို တစ်ရက်အတွင်း ရောက်ရှိနိုင်ခဲ့သည်။ 


[ စစ်ဆေးရေးဂိတ် စုစုပေါင်း အရေအတွက် : ကိုးခု ]


" အရှင်မ ကျွန်တော်တို့ တစ်ခုပဲ ကျန်တော့တယ်နော် ..."

ပိုင်ရိ ပြုံးပျော်နေပြီး လင်းလုံဘက်သို့ လှည့်လိုက်သည်။


" ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး ... ကျွန်တော် စစ်ဆေးရဂိတ် ကိုးခုကို ရောက်ခဲ့တာ ပထမဆုံးအကြိမ်ပဲ ..."


" ဘယ်သူက မင်းရဲ့ အစ်ကိုကြီးလဲ ..."

လင်းလုံ ရွံရှာစွာ နောက်ပြန်ဆုတ်သွားပြီး မထီမဲ့မြင် ပြုလိုက်သည်။ 


" ဟမ့် အာကာသဝင်ပေါက်တွေပဲ ဖွင့်ပေးတာလေ အဲ့လောက် ပျော်နေစရာ လိုလို့လား ... ငါ ကြွားတာတော့ မဟုတ်ပါဘူး ဒါက လူတွေကို ဂြိုလ်တစ်ခုတည်းပေါ်မှာပဲ နေရာကူးပြောင်းပေးတာလေ  ...  ငါသွားချင်တဲ့ တခြားဘယ်ဂ်ြိုလ်ပေါ်မဆို ဝင်ပေါက်တွေ ဖွင့်နိုင်တယ်  ... မင်းတို့လို မျိုးမစစ်လေးတွေရဲ့ ကျေးဇူးတင်တာကို ငါဂရုစိုက်ရမှာလား ..." 


“…”


ဂရုမစိုက်တဲ့ လူတစ်ယောက်အတွက် အဲ့အပြုံးကြီးက တောက်ပမနေလွန်းဘူးလား ... သူ့ရဲ့ စကားတွေက ရက်စက်ပေမယ့် ခန္ဓာကိုယ်ကတော့ ပွင့်လင်းနေလွန်းတယ် ..."


╮(╯▽╰)╭


သူတို့၏ ခရီးစဉ်အတွင်း ပိုင်ရိနှင့် လီကျန်းက လင်းလုံ သူတို့ကို ဘာကြောင့် မျိုးမစစ်ဟု ခေါ်သည်ကို နားမလည်ပေ။ သို့သော် သူတို့က သူ၏မာနထောင်လွှားနည်းများနှင့် သိသာထင်ရှားသော အထင်အမြင်သေးမှုကို ကျင့်သားရလာပုံရပြီး အနည်းငယ်မျှ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ကြပေ။


သူတို့ ကျယ်လောင်စွာ ရယ်လိုက်ကြသည်။

" ဒီဟာ နောက်ဆုံး စစ်ဆေးရေးဂိတ်ပဲ ... အစ်ကိုကြီး ကျွန်တော်တို့ အားကိုးမယ်နော် ကျွန်တော်တို့ ဆက်ခံသူ ရ မရက အစ်ကိုကြီးအပေါ် မူတည်နေတယ် ... "


" ဘယ်သူ့ရဲ့ ဆက်ခံသူလဲ ..."

လင်းလုံ ကြောင်အသွားသည်။ 


သူ မေးမည့်အချိန်တွင် ယောင်စစ်က သူ့ကို ဘေးသို့ တွန်းထုတ်၍ စကားဝိုင်းမှ ထွက်စေလိုက်သည်။ 


" ဘာမှမဟုတ်ဖူး တကယ် ဘာမှမဟုတ်ဖူး ... နောက်ဆုံးနေရာကို မြန်မြန် သွားရအောင် ..."


နင်တော့ သေချင်နေတာပဲ ... နှစ်ပေါင်းသန်းနဲ့ချီ တစ်ယောက်တည်း နေလာတဲ့သူရှေ့မှာ ဆက်ခံသူအကြောင်း ပြောရတယ်လို့ ... အနာပေါ်  ဆားဖြူးနေသလိုပဲ ... တကယ်လို့ အရွယ်ရောက်ခြင်း အခမ်းအနားက ဆက်ခံသူရဖို့ လိုအပ်ချက်တစ်ခု ဆိုတာကိုသာသိရင် သူ ဒေါသထွက်ပြီး အားလုံးကို ထားခဲ့လိမ့်မယ် ...


စကားလမ်းကြောင်းပြောင်းရန်အတွက် ယောင်စစ် မြေပုံဖွင့်ပြီး စစချင်းမြင်သည့် စစ်ဆေးရေးဂိတ်ကို ပြလိုက်သည်။ 

" ဒီဟာ ... နောက်ထပ် ဒီနေရာကို သွားရအောင် ... နောက်ဆုံး စစ်ဆေးရေးဂိတ်မှာ စာရင်းသွင်းပြီးရင် မစ်ရှင် အောင်မြင်သွားပြီ ... ရှင်လည်း ပြန်လည်တည်ဆောက်တာ ဆက်လုပ်နိုင်ပြီလေ ..." 


" တကယ်လား ..."

လင်းလုံ သူမကို သင်္ကာမကင်းကြည့်လိုက်သော်လည်း ဆက်ခံသူအကြောင်း စကားမစတော့ပေ။ သူ မြေပုံကိုကြည့်၍ တည်နေရာ အတည်ပြုလိုက်သည်။ 


" ဒါက နောက်ဆုံးနေရာဆိုတာ သေချာရဲ့လား ... ရှေ့မှာ ဘာမှ မရှိတော့ဘူးလား ..."


" စိတ်မပူပါနဲ့ ... ဒါ သေချာပေါက် နောက်ဆုံးပဲ ... ရှင့်မှာ ပြဿနာရှိလို့လား ..."


" မင်း နောက်နေတာပဲ ဖြစ်ရမယ် ..."

သူ မဲ့ပြုံးပြုံးလိုက်သည်။


" ငါ့မှာ ဘာပြဿနာ ရှိရမှာလဲ ... နေရာကူးပြောင်းဝင်ပေါက်လေး ဖွင့်ပေးရုံပဲလေ ... အဲ့‌လောက်လေးက ငါ့ကို ပြဿနာပေးနိုင်မယ် ထင်လို့လား ... "


နောက်ထပ်လှိုင်းတစ်ခုနှင့်အတူ အလင်းတန်းတစ်ခု တောက်ပလာပြီး သေးငယ်သော အပေါက်တစ်ခု ပေါ်လာသည်။ ၎င်းက ကျယ်လာတော့မည့်အချိန်၌ ပြန်ပိတ်ပြီး ပျောက်ကွယ်သွားသည်။


" သေစမ်း ... ငါတို့ ဝင်လို့မရတော့ဘူး ..."


“…”


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."

လင်းလုံ မျက်မှောင်ကြုတ်ပြီး လက်မြှောက်လိုက်ပြန်သည်။ အာကာသဝင်ပေါက်မှာ အပြည့်အဝ မပွင့်မီမှာပင် ပြန်ပိတ်သွားပြန်သည်။


" ဘာမှားနေပါလိမ့် ..."

ယောင်စစ် မေးလိုက်သည်။


လင်းလုံ မျက်မှောင်ကြုတ်ထားပြန်သည်။


" ကြည့်ရတာ စွမ်းရည်တွေကို တားမြစ်ထားတဲ့ အားတစ်ခု ရှိနေပုံပဲ ... အာကာသဝင်ပေါက်ကို  အဲ့နေရာအထိ တိုက်ရိုက်ဖွင့်လို့ မရဘူး ..."

လက်ဝှေ့ယမ်းလိုက်ပြီး ဘေးတွင် နောက်ထပ်ဝင်ပေါက်တစ်ခု ဖွင့်လိုက်သည့်အခါ အောင်မြင်စွာ ပေါ်ထွက်လာသည်။ 


" ‌ဝင်ပေါက်တစ်ခုကို တတ်နိုင်သမျှ အနီးဆုံးနေရာမှာ ဖွင့်ထားပေးတယ် ... သူတို့မှာ ဘာတွေ ရှိနေလဲဆိုတာ ငါသိချင်တယ် ..."  


ခြေလှမ်းလှမ်း၍ ရှေ့မှ ဦးဆောင်ဝင်သွားသည်။


" အယ် ... နေပါဦး ..."

ယောင်စစ် သူ့ကို တားမြစ်ချင်သော်လည်း အလွန်နောက်ကျသွားသည်။ အကယ်၍ ဤနေရာက တစ်ခုခုမှားယွင်းနေပါက နောက်ထပ် စစ်ဆေးရေးဂိတ်တစ်ခုကို သွားနိုင်သည်ပင်။ 


အဲ့နေရာကိုပဲ မဖြစ်မနေ သွားဖို့ မလိုဘူးလေ ...


သူမ သက်ပြင်းချပြီး ပိုင်ရိနှင့် လီကျန်းတို့ကို ကြည့်လိုက်သည်။ သူတို့သည်လည်း အံကြိတ်၍ နောက်မှ လိုက်သွားကြသည်။ သူတို့ ဝင်ပေါက်ထဲရောက်သွားသည်နှင့် ထူထပ်သောတောအုပ်မှ သဲကန္တာရဆီသို့ ရောက်သွားသည်။ 


  မိုးကုပ်စက်ဝိုင်းက အလွန်ကျယ်ပြန့်လှသော်လည်း အဆုံးမရှိသော ကုန်းမြေမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပါ။


" စစ်ဆေးရေးရိတ်က ကီလိုမီတာကိုးရာလောက် ဝေးသေးတယ် ..."

ပိုင်ရိ ရှေ့မှဦးဆောင်သွားပြီး မြေပုံကိုကြည့်နေသည်။


" ဘာကို စောင့်နေတာလဲ ... သွားကြမယ်လေ ..."

‌အရှေ့တွင် မည်သည့်အရာများ စောင့်ကြိုနေသည်ကို လင်းလုံ သိရှိလိုသဖြင့် ဦးဆောင်သွားသည်။ 


" ခဏနပေါဦး ..."

ယောင်စစ် ဤတစ်ကြိမ်တွင် သူ၏အင်္ကျီကို မြန်မြန်ဖမ်းဆွဲလိုက်သည်။ လင်းလုံ အာကာသဝင်ပေါက်မှ ပေါ်လာစဉ်က သူမ ကောက်ယူထားသည့် ပျံသန်းရေးကိရိယာများကို ဆွဲထုတ်လိုက်သည်။


 " ဒီ ပျံသန်းရေးကိရိယာတွေက ပါဝါရှိသေးတယ် ... ကျွန်မတို့ ဒါတွေ သုံးသင့်တယ်ထင်တယ်..." 


ကီလိုမီတာ ကိုးရာကျော်ကြီးကို လမ်းလျှောက်သွားမလို့ ကြံစည်နေတာလား ...


ပျက်စီးနေသော ပျံသန်းရေးကိရိယာများကို လင်းလုံ အထင်သေးစွာ ကြည့်လိုက်သည်။ 

" ဟမ့် တစ်စက္ကန့်မှာ မီတာထောင်ဂဏန်းလောက်ပဲ သွားနိုင်တဲ့ ခေတ်နောက်ကျတဲ့ ကိရိယာတွေသုံးတာ မင်းတို့ မျိုးမစစ်တွေပဲရှိတယ် ..."


“…” 


သေလိုက် ... မယူချင်ရင် မယူနဲ့ပေါ့ ...


ယောင်စစ်က ပိုင်ရိနှင့် လီကျန်းကို ပျံသန်းသည့် ကိရိယာများနှင့်  သွားရန်ပြောခဲ့ပြီး စစ်ဆေးရေးဂိတ်ဆီသို့ စတင်ထွက်ခွာခဲ့ကြသည်။ မိုးကုပ်စက်ဝိုင်းပင် မမြင်ရသည့် ကန္တာရကြီးကို သူတို့ ဖြတ်သန်းခဲ့ကြသည်။


ပျံသန်းရေးကိရိယာများက လျင်မြန်စွာ ရွေ့လျားကြပြီး ငါးမိနစ်အတွင်းမှာပင် သူတို့၏ပန်းတိုင်သို့ ရောက်လာကြသည်။


" မင်းတို့တွေ သတိထားကြ ... ငါ့ရဲ့ အာကာသဝင်ပေါက်ကို တားဆီးနိုင်တယ်ဆိုတည်းက အနည်းဆုံး Sအဆင့်ရှိတဲ့ တစ်ခုခုတော့ ရှိရမယ် ...မဟုတ်ဖူး အဲ့ထက်လည်း မြင့်နိုင်တယ် ..."

လင်းလုံ အခိုင်အမာ ပြောလိုက်သည်။


သူတို့သုံးယောက် အသက်ပြင်းပြင်းရှုလိုက်ပြီး နှလုံးများ တဖျပ်ဖျပ်ခုန်လျက် တည်နေရာဆီသို့ သတိထားပြီး လျှောက်လာကြသည်။


ဒါပေမဲ့ ဘာမှလည်းမရှိဘူး ...


-_-|||


ကန္တာရပေါ်တွင် အထီးကျန်စွာ လွင့်မျောနေသော စစ်ဆေးရေးဂိတ် တစ်ခုသာရှိသည်။


“…” ယောင်စစ်


“…” ပိုင်ရိ 


“…” လင်းလုံ 


တစ်စုံတစ်ယောက်၏ နှလုံးသားက မြေပြင်ပေါ်သို့ ရောက်လုအထိ ပြင်ပြင်းထန်ထန် ခုန်နေသည်ကို ယောင်စစ် ကြားနေရသည်။


" ဒါ ဒါ မဖြစ်နိုင်ဘူး ... ကာကွယ်ထားတဲ့ အရံအတား တစ်ခုခုက ပုန်းကွယ်နေတာပဲ ဖြစ်ရမယ် ..."


" အင်း အင်း အင်း အချိန်ယူပြီး ရှာလိုက်ပါဦး ကျွန်မတော့ နောက်ဆုံးစစ်ဆေးရေးဂိတ်မှာ စာရင်းသွင်းလိုက်ဦးမယ် ..."

ယောင်စစ် သူ့ကို ပြောပြီး စစ်ဆေးရေးဂိတ်ဆီသို့ ထွက်လာသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသည့်အခါ အခြားနှစ်ယောက်မှာ သူမရှေ့တွင်သာ ရှိနေသေးသည်။


"အယ် ... နင်တို့တွေ မြန်မြန်လာလေ ..."

သူမ ဘာမှ မတွေးပဲ ရေရွတ်လိုက်မိသည်။ ပိုင်ရိက တစ်ယောက်တည်း နေလာသည်မှာ ကြာပြီဖြစ်၍ သူ၏စိုးရိမ်ပူပန်မှုကို သူမ နားလည်ပေးနိုင်သည်။


ထိုသုံးယောက်က သူမကို အလန့်တကြား ကြည့်နေသည်။


" ဘာလို့လဲ ... "

ဘာလို့ သူမကို အလန့်တကြား ကြည့်နေကြတာလဲ ...


"  ...သခင်မလေး ..."

သူမကို ထိတ်လန့်တကြားကြည့်ပြီး သူ၏မျက်လုံးများက ပြူးကျယ်နေသည်။ စစ်ဆေးရေးဂိတ်စက်ကို လှည့်ကြည့်လိုက်သည်။


" ဒါ ... ဒါက ..."


" ဘာများ မှားနေလို့လဲ ..."

ဖြစ်ပျက်နေသည်များကို ယောင်စစ် နားမလည်တော့ပေ။ 


" တကယ်လို့ အလျင်လိုနေရင် ... အရင်ဆုံး စာရင်းသွင်းလိုက်လေ ... ငါတို့နှစ်ယောက်လုံး ဒီမှာ ရှိနေတာပဲ ..."


" အဲ့လိုမဟုတ်ဖူး ..."

ပိုင်ရိ ပြန်ပြောလိုက်သည်။


" ကျွန်တော်တို့ မသွားတာမဟုတ်ပဲ အရှင်မက ကျွန်တော်တို့နောက်က တိုးမလာတာ ..."


ဟမ် ...


ဘာပြောချင်တာလဲ ...


" ဒီနေရာမှာ တကယ်ပဲ ပြဿနာရှိနေတာပဲ ..."

လင်းလုံ မျက်မှောင်ကြုတ်ပြီး ရှေ့တစ်လှမ်းတိုးလာသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသည့်အခါ သူတို့မျက်လုံးရှေ့မှ ပျောက်ကွယ်သွားသည်။ ခဏကြာသည့်အခါ ရင်းနှီးနေသည့်အသံတစ်ခုက သူတို့နောက်မှ ပေါ်လာသည်။


" အဲ့ဒါကြောင့် ငါ့ရဲ့ အာကာသဝင်ပေါက်က မပွင့်တာကိုး ..."


ယောင်စစ် လှည့်ကြည့်လိုက်သည့်အခါ သူမနောက်တွင် ရောက်နေသည့် လင်းလုံကိုကြည့်ပြီး သဘောပေါက်သွားသည်။ သူမထံတွင်လည်း ထိုကဲ့သို့ ဖြစ်သွားသည်ပင်။ စစ်ဆေးရေးဂိတ်သို့ ရောက်ခါနီးပါက အဝေးသို့ နေရာကူးပြောင်းခံရသည်။


(⊙_⊙)


အဲ့တာ လည်နေတဲ့ အာကာသဝင်ပေါက်ကြီးလား ...