အပိုင်း ၃၀
Viewers 12k

Chapter 30



"ဘယ်သူ လုပ်ရဲသလဲ ..."

ယွင်ချင်းစီ၏ အသံကို ကြားရကာမှ ဆူပွက်နေသော လီယင်း၏ စိတ်အစုံတို့ ပြန်လည်တည်ငြိမ်လာတော့သည်။ လက်ချောင်းတို့ကို တင်းတင်းဆုပ်ကာ သူ့ဘက်လှည့်ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"သူ့ကို ကာကွယ်ပေးချင်နေတာလား ..."

ယွင်ချင်းစီက ဖြူလျော်နေသော ဗျပ်စောင်းတီးသူကို စိုက်ကြည့်လိုက်သည်။ မျက်လွှာချလျက် နှုတ်ခမ်းထောင့်စွန်းတွင် သွေးများ တရစပ် စီးကျနေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။

အနားသို့ ခပ်သွက်သွက်သွားကာ သူ့ကို ထူမ ပေးရန် ပြင်လိုက်သော်ငြား လက်တစ်ဖက်၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။

ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ သူ့ကြောင့် ရွမ်လျန်မှာ လုံလောက်သည်ထက်ပင် ပိုမိုကာ ဒုက္ခခံရပြီးဖြစ်ကြောင်း သတိရသွားသည့်အတွက် လက်ကိုသာ လွှတ်ချလိုက်တော့သည်။

ဘေးနားရှိ ရွမ်လျန်က မနည်းအားတင်းကာ ဒူးပြန်ထောက်၍ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"ဒီငယ်သားမှာ အပြစ်ရှိ ..."

"မင်းက ဘာပြစ်မှုကို ကျူးလွန်လို့ အပြစ်ရှိတာလဲ ..."

ယွင်ချင်းစီက မေးကို မြင့်မြင့်မြှောက်ကာ လီယင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"လျှိုလူကြီးမင်း အရှင်က ကိုယ်ထိလက်ရောက် အပြစ်ပေးပြီးပြီဆိုတော့ ရွမ်လျန်ကို တော်ဝင်ဆေးရုံကို ခေါ်သွားပြီး စစ်ဆေးပေးဖို့ လူကြီးမင်းကိုပဲ အကူအညီ တောင်းရတော့မယ် တကယ်လို့ တစ်ခုခု လွဲချော်သွားရင် ..."

သူက တစ်ခွန်းချင်း ပြောလိုက်သည်။

"ဒီဧကရီက အရှင့်ကို စွန့်ခွါပြီး ပျင်းစရာကောင်းတဲ့ နန်းတော်ထဲမှာ မနေတော့ဘူး ..."

ဓားစာခံတစ်ယောက်ရဲ့ ဘဝကို လုံးဝ မနေနိုင်တော့ဘူး ...

လီယင်း၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့၏။

ယွင်ချင်းစီမှာ လွန်စွာ သဘောတွေ့သွားတော့သည်။

လီယင်းက သူ အမတ်ချုပ်စံအိမ်ကို ပြန်မှာတော့ တကယ် ကြောက်တဲ့ပုံပဲ ...

စိတ်သက်သာရာ ရစွာဖြင့် မျက်လွှာချလိုက်စဉ် ရွမ်လျန်ထံမှ ချောင်းဆိုးသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။  လက်ချောင်းများ အကြားမှပင် သွေးများ ယိုစီးလာရာ လျှိုကျီရူက လီယင်းကို အကဲခတ်ကြည့်ပြီးကာမှ သူ့ကို အမြန် ကူတွဲပေးလိုက်သည်။

ရွမ်လျန့်က နုံအစွာဖြင့် ပြောလိုက်၏။

"ဧကရီကို ကျေးဇူးတင်ပါတယ် ..."

ယွင်ချင်းစီက ပြန်မဖြေ။

လီယင်းက ရုတ်ချည်း ရောက်လာကာ သူ့စိတ်ထဲ မနှစ်မြို့သူကို သတ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။ ဤသည်မှာ အတိတ်ကာလများက လီယင်းနှင့် လားလားမျှ မတူညီပေ။ လီယင်းသည် ကြင်နာသိမ်မွေ့သူတစ်ဦးအဖြစ်သာ နေထိုင်ခဲ့ကာ ပြီးခဲ့သည့်အခေါက်က ရွမ်လျန့်အား သူ့ကို သေရည်ဆက်သခွင့် ပေးခဲ့သည့်အကြောင်း ပြောနေရန်ပင် မလိုအပ်ချေ။

မည်သို့ပင်ဖြစ်စေ သူသည် အစာလုခံရသည့် ခွေးတစ်ကောင်နှယ် စိတ်ရူးပေါက်ကာ သောင်းကျန်းရမည့်အစား အကျိုးအကြောင်းကိုသာလျှင် ဦးစွာ မေးသင့်ပေသည်။

အစေခံများက သိတတ်စွာဖြင့် နောက်ဆုတ်သွားကြ၏။

ယွင်ချင်းစီရော လီယင်းပါ နှစ်ယောက်လုံး မတ်တပ်ရပ်နေကြဆဲပင်။

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြကာ မည်သူကမှ အကြည့်လွှဲမသွား။

နောက်ဆုံးတွင် လီယင်းဘက်မှ စတင်ကာ ယွင်ချင်းစီအနားသို့တိုးလျက် ပြောလိုက်သည်။

"ဧကရီက ဂီတသံ နားဆင်ဖို့ ဖျော်ဖြေရေးသမားတွေကို ခေါ်ဆောင်ခဲ့တယ်ဆို ကိုယ်တော်လည်း အတူတူ နားထောင်ချင်ပါရဲ့ ..."

"အရှင့်စကားတွေကို ရင်းနှီးနေသလိုပဲနော် ..."

ယွင်ချင်းစီက တစ်ခဏမျှ ဆိုင်းတွသွားပြီးကာမှ ပြုံးကာ ပြောလိုက်သည်။

"မှတ်မိပြီ အရှင့်ရဲ့ ကြင်ယာတော်တွေနဲ့အတူ ဂီတသံ နားဆင်နေတုန်း ဒီငယ်သား ရောက်သွားတော့လည်း ဒီလိုပဲ ပြောခဲ့တယ်လေ ..."

လီယင်း၏ အသက်ရှူသံတို့ မြန်ဆန်သွားတော့သည်။

"မင်း ကိုယ့်ကို လက်တုန့်ပြန်‌ချင်နေတာလား ..."

"လက်တုန့်ပြန်တယ် ..."

ယွင်ချင်းစီမှာ လီယင်း ဘာကြောင့် ဤသို့ တွေးမိမှန်း နားမလည်နိုင်။ သူက ပြောလိုက်သည်။

"ကျွန်တော်က ဂီတဆရာထံကနေ ဗျပ်စောင်း ဘယ်လိုတီးရမလဲ ‌သင်ယူချင်ရုံတင်ပါ  ကိုယ်လုပ်တော်တွေနဲ့အတူ စိတ်အေးလက်အေး တေးသံ နားဆင်တဲ့ အရှင့်လိုပေါ့ ..."

"‌ဗျပ်စောင်းတီးတာ သင်ချင်တယ် ... ဒါဆို စောစောက သူ ဘယ်လိုသီချင်းကို တီးသွားတာလဲ ..."

"ကြည့်ရတာ အရှင်က ဒီသီချင်းကို ကြားဖူးတယ်ထင်တယ် ..."

ယွင်ချင်းစီက ပြန်မေးလိုက်သည်။

"ဘယ်နေရာကနေများ နားဆင်ခဲ့တာပါလိမ့် ဒီသီချင်းက နန်းတော်ထဲမှာ တားမြစ်ထားတာ မဟုတ်လား ..."

လီယင်း၏ အကြည့်တို့ စိုစွတ်လာကာ ပြောလိုက်သည်။

"မြို့စားစံအိမ်ရဲ့ အနောက်ဘက်ခြံဝင်း ကိုယ် အဲဒီ့နေရာမှာ နားထောင်ခဲ့တာ ..."

"တကယ်လား ..."

ယွင်ချင်းစီ၏ မျက်ဝန်းတို့ အေးစက်ကျဉ်းမြောင်းသွားတော့သည်။

"ဒီလိုဆို နန်းတော်ထဲက ဂီတပညာရှင်တွေက အရှင့်အတွက် မလုံလောက်သေးဘူးဆိုတဲ့ သဘောလား ..."

အတိတ်ဘဝက ထိုအကြောင်းကို မသိခဲ့။

စကားကျွံသွားကြောင်း သတိပြုမိလိုက်သည့် လီယင်းက ချက်ခြင်း ရှင်းပြလိုက်တော့သည်။

"ကိုယ် မင်းအပေါ်ကို ဘယ်တုန်းကမှ  မ‌ဖောက်ပြန်ခဲ့ဖူးပါဘူး အဲဒီ့ကို သွားတာကလည်း စကားပြောစရာရှိ ..."

"ပြီးတော့ အဲဒီမှာ ရှိနေတုန်းကို အဆိုအကလေးတွေလည်း ရှုစားခဲ့သေးတယ်လေ ဟုတ်တယ်မဟုတ်လား ..."

ယွင်ချင်းစီက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ လဲကျနေသော ကန့်လန့်ကာကို ကြည့်ရင်း ပြောလိုက်သည်။

"အရှင် ကျွန်တော် အရှင့်ရဲ့ ဧကရီနေရာကို ဆက်ပြီး နေဖို့ ဆန္ဒရှိတယ် ဆိုတာက ဒီနေရာက ဩဇာအာဏာကို သဘောကျလို့ပါ ..."

ပြီးတော့ မင်းအမေနဲ့လည်း ရန်ကြွေး မရှင်းရသေးလို့ပေါ့ ...

သူက ထပ်ပြောလိုက်သည်။

"အရှင် ဘယ်သူ့ကို ရှာလဲ ဂရုမစိုက်ပါဘူး ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ် အရှင်ရော ကျွန်တော်ရော ဒီထိမ်းမြားမှုက ဘာအတွက်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားလေ နှစ်ဦးနှစ်ဖက် အကျိုးအတွက် ကျွန်တော်ကလည်း အရှင် ယွင်မိသားစုကို ထိန်းချုပ်နိုင်မယ့် နယ်ရုပ်အဖြစ် နေပေးမယ် အရှင်ကလည်း ဧကရီတစ်ပါး ခံစားထိုက်တဲ့ အကျိုး‌ခံစားခွင့်တွေ အကုန်လုံးကို ပေးပေါ့ ..."

"ကိုယ်က မင်းကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ပဲ ထင်နေတာလား ..."

"မဟုတ်ရင်ရော ..."

လီယင်းက သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ ရှေ့သို့တိုးကာ သုန်မှုန်စွာဖြင့် ပြောလိုက်သည်။

"ဧကရီတစ်ပါး ခံစားထိုက်တဲ့ ရပိုင်ခွင့်တွေထဲမှာ အမျိုးသားအချစ်တော် ထားတာ မပါဘူး ..."

"ကျွန်တော်က ဘယ်တုန်းကမှ အရှင့်အပေါ် မဖောက်ပြားဖူးပါဘူး ..."

ယွင်ချင်းစီက သူ့ကို လေးနက်တည်ကြည်စွာဖြင့် ကြည့်လိုက်သည်။

"သူ့ကို ခေါ်တယ်ဆိုတာကလည်း ဗျပ်စောင်းတီးတာကို သင်ယူချင်လို့ရယ် ပြီးတော့ တေးသံကို နားဆင်ချင်လို့ရယ်တင် ..."

"မင်းက ကိုယ့်စကားတွေ သုံးပြီး ပြန်ချေပနေတာပဲ ..."

"အဲဒီလို ဖြစ်သွားလား ..."

ယွင်ချင်းစီက တစ်ခဏမျှတွေးကာ ထေ့ငေါ့ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ နှစ်ယောက်လုံးက အမှန်တွေပဲ ပြောနေလို့ နေမှာပေါ့ ..."

လီယင်းမှာ ဒေါသပုန်ထသွားရတော့၏။ သူ့ကို သေလောက်အောင် ချစ်ကြိုက်ခဲ့ပါသည့် နယ်ရုပ်လေးက သူ့ကို မချစ်တော့ကြောင်း သိလိုက်ရသည့်အခါ တစ်ခုခု ပျောက်ဆုံးသွားသည်ဟု ခံစားမိလာမည်ဖြစ်သည်။

သို့သော် များမကြာမီမှာပင် သူ့စိတ်ကို ပြန်လည်ထိန်းချုပ်ကာ ထိုနယ်ရုပ်က သူ့ကို အမှန်တကယ် မချစ်တော့ခြင်း ဟုတ်မဟုတ် စစ်ဆေးပေမည် ဖြစ်သည်။

လီယင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် အနားသို့ အသံတိတ် ချဉ်းကပ်လာသည်။ ယွင်ချင်းစီကလည်း သူ့ကို မရှောင်ရှား။ လီယင်း၏ နှာချောင်းထိပ်ဖျားက သူနှင့် ထိလုထိခင် ဖြစ်ကာ အသက်ရှူငွေ့များကိုပင် ခံစားလာရတော့သည်။

"မင်းသာ ဧကရီတစ်ပါးရဲ့ ရပိုင်ခွင့်ကို တောင်းဆိုချင်ရင် ဘာလို့ ဒေါသတကြီးနဲ့ ကိုယ်နဲ့အတူတူ အိပ်ဆောင်ဝင်ဖို့ကို ငြင်းဆန်ချင်နေရတာလဲ ..."

"ကျွန်တော်က ဘယ်တုန်းကမှ အရှင့်ကို ဒေါသ မထွက်ခဲ့ဖူးပါဘူး ..."

ယွင်ချင်းစီက အလျော့မပေးစတမ်း ပြန်ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော်က အိပ်ဆောင်ဝင်ဖို့ ငြင်းဆန်တာလား ဒါမှမဟုတ် အရှင်ကပဲ အိပ်ဆောင်ဝင်ချင်တဲ့ ကျွန်တော့်ကို အိပ်ယာပေါ်ကနေ ကန်ချခဲ့တာလား ..."

လီယင်းက ချောင်းဟန့်ကာ ပြောလိုက်သည်။

"အဲဒါကြောင့် ဟိုဖျော်ဖြေရေးသမားကို လိုတာထက်ပိုပြီး မျက်နှာသာ ပေးတာလား ..."

"နောက်တစ်ကြိမ် ထပ်ပြောမယ် ..."

ယွင်ချင်းစီမှာ ဒေါသစိတ်ကို မချုပ်တည်းနိုင်တော့။

"သူ့ကို ခေါ်တာက ဗျပ်စောင်းတီးသင်ဖို့ တစ်ခုတည်းပဲ ပြောရရင် ဂီတဌာနကို သွားပြီး ဆရာတစ်ယောက် ရှာလာခဲ့လို့ စပြောတာလည်း အရှင်ပဲလေ ဘာဖြစ်လို့ ချက်ခြင်းကြီး စိတ်ပြောင်းသွားရပြန်တာလဲဆိုတာကို လုံးဝ နားမလည်တော့ဘူး ..."

သူက လီယင်းကို စိုက်ကြည့်လိုက်သည်။

လီယင်းက သူ့အကြည့်တို့ကို ရှောင်တိမ်းကာ ပြောလိုက်သည်။

"ဗျပ်စောင်းတီး သင်ရုံပဲဆိုတာ သေချာလား ..."

"ပြီးတော့ အလှလေးကိုလည်း ရှုစားရင်းပေါ့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဘာလဲ မရဘူးလား ..."

လီယင်းက နှုတ်ခမ်းတို့ကို ကိုက်ကာ သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ ပြောလိုက်သည်။

"ကိုယ်ကရော ဘယ်လိုလဲ ကြည့်မကောင်းဘူးလား ..."

ဧကရာဇ်လီသည်  အမှန်တကယ်ပင် ကြည့်ကောင်းချောမောသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းက ယွင်ချင်းစီ၏ အကြိုက်နှင့် တစ်ထပ်တည်းပင်။

အထူးသဖြင့် သူ့နှာတံကို အကြိုက်ဆုံးဖြစ်သည်။ ရှည်လျားချွန်မြကာ သူ့ကို နမ်းလိုက်လေတိုင်း ထိုနှာတံထိပ်ဖျားနှင့် ထိမိရာနေရာတိုင်း လွန်စွာ စိတ်ကြည်နူးဖွယ် အထိအတွေ့ကို ခံစားလိုက်ရတော့သည်။

လီယင်းက သူ့ကိုယ်သူ သာမန်လူတစ်ဦးနှင့် နှိုင်းယှဉ်ကာ ‌ပြောလိမ့်မည်ဟု လုံးဝ ထင်မှတ်မထား။ သို့သော် ‌သရော်လိုစိတ်ကိုလည်း ထိန်းချုပ်၍ မရပေ။

"အရှင့်ကို မတပ်မက်ရဲပါဘူး ..."

လီယင်းက လက်ကိုမြှောက်ကာ တစ်ဖန် ပြန်ချပြီးကာမှ ပြောလိုက်သည်။

"သူ့ကို အရမ်းကို သဘောကျတာလား ..."

ဒီကိစ္စကို မပြီးသေးဘူးလား ...

ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် သူက ဘုရင်ဆိုမှတော့ ...

ယွင်ချင်းစီက လှောင်ရယ်လိုစိတ်အပြည့်ဖြင့် တွေးလိုက်သည်။

သူကတော့ ရင်ခွင်ထဲမှာ လူတွေ အများကြီး ထည့်ထားမယ် ဒါပေမယ့် ဧကရီရဲ့ နှလုံးသားကတော့ သူ့အပေါ် ကျောက်စိမ်းလို အပြစ်အနာအဆာ ကင်းစင်နေရမယ်ပေါ့ ဟုတ်လား ...

သူက လီယင်းကို သတိပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့ ဒီနေရာမှာ ရှိနေသေးသရွေ့ အရှင့်အပေါ် မဖောက်ပြားပါဘူး ..."

တစ်ဖက်သို့ လှည့်လိုက်သော်ငြား ချက်ခြင်းပင် လီယင်း၏ လှမ်းဆွဲခြင်းကို ခံလိုက်ရသည်။

"မင်းက ဒီရာထူးကို အရမ်း သဘောကျမှတော့ ... ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရမယ် မဟုတ်လား ..."

ယွင်ချင်းစီက သူ့လက်ကို စိုက်ကြည့်လိုက်သည်။

"ကိုယ် သူ့ကို မထိဘူး ..."

လီယင်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါပေမယ့် အခုကနေစပြီး ကိုယ့်ရဲ့ ဧကရီက ညတိုင်း ကိုယ်တော်နဲ့အတူတူ အဖော်ပြု အိပ်စက်ပေးရမယ် ..."

ထိုသူက အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ လေသံမှာ လွန်စွာ တိုးညင်းနူးညံ့နေပေသည်။

ယွင်ချင်းစီက ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို မကြုံတွေ့ဖူး။ သူတို့ လက်ထပ်ပြီးသည့်ညက ဖြစ်ရပ်ကို ယခုထိ မှတ်မိနေသေးသည်။ လီယင်းက သူနှင့်အတူ မင်္ဂလာကုတင်ပေါ် အကြာကြီး ထိုင်နေသည့်အတွက် သူက လီယင်းကို လမ်းဖယ်ကာ အိပ်ယာခန်းဆီးကို ပိတ်ချလိုက်ရတော့သည်။

ဆယ်ကျော်သက်အရွယ်ကာလအတွင်း လီယင်းသည် သူ့ကိုယ်သူ အမြဲလိုလို ထိန်းချုပ်ကန့်သတ်ကာ အတွေးဟူသမျှ တစ်ခုကိုမှ မထုတ်ပြ။ ယွင်ချင်းစီက လီယင်းသည် သူ့အပေါ် ရှက်စိတ်ကြောင့် ထိန်းချုပ်ထားရသည်ဟု ထင်ထားခဲ့သော်ငြား ယခု ပြန်စဉ်းစားကြည့်ကာမှ လီယင်းက သူ့ကို ထိကိုင်ချင်စိတ် မရှိခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

အတော်လေးကို ရယ်စရာကောင်းတာပဲ ...

"အရှင် ဒါက ခြိမ်းခြောက်တာလား ..."

ခြိမ်းခြောက်သည်ဟု ထင်ရသော်ငြား အမှန်တကယ်တွင်မူ လီယင်းက သူ့ကိုယ်သူ ပေးအပ်နေခြင်း ဖြစ်ပြီး ယွင်ချင်းစီက နားမလည်ခြင်းသာ ဖြစ်ပေသည်။

"မဟုတ်ပါဘူး ..."

လီယင်းက သူ့အင်္ကျီလက် အနားစကို လွှတ်ပေးကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဗျပ်စောင်းတီး သင်တာက မှားတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး ဒီတိုင်း သီချင်းက အထိန်းအကွပ် မဲ့လွန်းတယ်လို့ ခံစားမိလို့ပါ ..."

"ကောင်းပါပြီ နောက်ဆို ဒီငယ်သားအနေနဲ့ ဗျပ်စောင်းတီး သင်ချင်တိုင်း ဆရာ့ကို နန်းပြင်ခေါ်သွားလိုက်ပါ့မယ် ..."

လီယင်းက သူ့ကို စိုက်ကြည့်နေပြီးကာမှ အကြည့်တို့ကို ရုတ်သိမ်းကာ အသံတိတ်သွားတော့သည်။

ယွင်ချင်းစီက ဆက်ပြောလိုက်သည်။

"တကယ်လို့ အရှင် တစ်ခုခု လိုချင်ရင် ဘာလို့ ကျွန်တော်နဲ့ လာညှိနှိုင်းနေရတာလဲ ရွမ်လျန်ကို ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် ကျွန်တော့်ကို အိပ်ယာထဲမှာ အလုပ်အကျွေးပြုဖို့ အမိန့်ပေးတာမျိုးလေ တစ်လောကလုံး အပိုင်စား ရထားတာကိုက အရှင့်အတွက် မလုံလောက်သေးဘူးလား ဒီငယ်သားက မလိုလားပါဘူး ဆိုရင်တောင် ရွေးချယ်စရာ မရှိဘူးပေါ့ ဟုတ်လား ..."

"ကိုယ် မင်းကို တွန်းအားပေးနေတာ မဟုတ် ..."

လီယင်းက နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်၏။ ရှင်းပြရန်ပင် အခက်တွေ့နေသည့်ဟန်။

"အခု ကိုယ့်စကားတွေက စိတ်လိုက်မာန်ပါ ဖြစ်လွန်းသွားတယ် မင်းကို မပျော်မရွှင် ဖြစ်သွားစေဖို့ မရည်ရွယ်ပါဘူး ..."

သူ့အသံမှာ ပို၍ပင် တိုးညင်းလာတော့သည်။

"မင်းကို မပျော်မရွှင် ဖြစ်သွားအောင် လုပ်ချင်တာ မဟုတ်ပါဘူး ..."

ယွင်ချင်းစီက သူ့အကြံအစည်ကို နားမလည်နိုင်တော့။ ပြန်လည်မွေးဖွားလာပြီးနောက် တွေ့ကြုံလာရသည့် လီယင်း၏ အပြုအမူများမှာ ထင်မှတ်မထားသည်များသာ ဖြစ်သည့်အတွက် သူ့စိတ်တို့လည်း ထွေပြားလာရတော့သည်။

မတ်တပ်ထရပ်ကာ ဖြူလွလွ လက်ချောင်းတို့ကို လီယင်း၏ ပုခုံးပေါ်သို့ နေရာချထားလိုက်၏။ ရွှေချည်ထိုးထားသည့် အနက်ရောင် ဝတ်ရုံလွှာကြောင့် သူ့လက်ဖျားထိပ်တို့တွင်ပင် အသရေတင့်မှုတို့ ကပ်ငြိလာသည့်နှယ်။ လီယင်းက သူ့ကို မျက်တောင်တဖျတ်ဖျတ်ခတ်ကာ တစူးတစိုက် စိုက်ကြည့်လိုက်သည်။

"အရှင် ... အရှင်က ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း မြတ်နိုးတယ်ဆိုတာ သိပါတယ် ..."

သူ့အသံမှာ လွန်စွာ လေးနက်ကာ နူးညံ့ညင်သာနေပေသည်။

"အရှင့်အနေနဲ့ ကျွန်တော့်ကို ရှင်းပြနေစရာ မလိုအပ်ပါဘူး အရှင်နဲ့ ကျွန်တော် လက်ထပ်ထားတာပဲ နှစ်တွေ အများကြီး ကြာလှနေပြီကို အရှင် မပြောတောင် ကျွန်တော် နားလည်နေပြီးသားပါ ဘာလို့ဆို ကျွန်တော်ကလည်း အရှင့်လိုပဲ ခံစားရလို့လေ ကျွန်တော်က အမြဲတမ်း အရှင့်ကိုပဲ မြတ်နိုးခဲ့တာ အရှင်က ကျွန်တော့် တစ်သက်တာအတွက် တစ်ဦးတည်းသော ချစ်ရသူပဲ ..."

လီယင်း၏ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီကာ သူ့အကြည့်ထဲတွင် နက်ရှိုင်းလှသည့် အနက်ရောင် လှိုင်းတံပိုးတို့ ထွက်ပေါ်လာတော့သည်။ အသံမှာလည်း တစ်ခဏမျှ ကွဲအက်နက်ရှိုင်းသွားတော့၏။

"ချင်းစီ ..."

ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားကာ အကြည့်ထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ လျှံကျလာတော့သည်။

"ကျွန်တော့်ကို ဒီလိုမျိုး ပြောစေချင်တာလား ..."

လီယင်း၏ အကြည့်ထဲရှိ ဒီရေလှိုင်းတို့ အေးခဲသွားတော့သည်။

ယွင်ချင်းစီက ပြက်ရယ်ပြုလိုက်၏။ လီယင်း ပုခုံးပေါ် တင်ထားသည့် လက်တို့ကို နောက်ပြန်ဆုတ်လိုက်သည်။

"မဟုတ်မှလွဲရော ကျွန်တော့်စကားတွေက ကောင်းကောင်းကြီး ရှင်းရှင်းလင်းလင်း မရှိသေးလို့လား ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲက အာဏာအတွက် အကျိုးတူပူးပေါင်းမှု တစ်ခုပဲ အရှင်တို့ လီမိသားစုရဲ့ ထီးနန်းအတွက် ပြီးတော့ ကျွန်တော့်တို့ ယွင်မိသားစု တစ်ခုလုံးအတွက် အရှင်နဲ့ ကျွန်တော် နှစ်ယောက်လုံးက နယ်ရုပ်သာသာပဲ နယ်ရုပ်တွေ အကြားမှာ ဘာခံစားချက်မှ မရှိရဘူး ..."

သူက လီယင်းကို လွှတ်ပေးလိုက်ကာ ကိုယ်ကို ကိုင်းပြီး ရွံရှာမှုအပြည့်ဖြင့် ပြောလိုက်သည်။

"ငါ့ကို အရမ်းကို ချစ်မြတ်နိုးသလိုမျိုး လုပ်ပြနေတာတွေ ရပ်တန်းက ရပ်လိုက်တော့ လီယင်း ငါ အရမ်း ပင်ပန်းနေပြီ တကယ်လို့ မင်းဘက်ကသာ စစ်မှန်ရိုးသားမှုလေး နည်းနည်းလောက်ပဲ ပြပေးမယ် ဆိုရင်တောင် မင်းကို လေးလေးစားစား ဆက်ဆံပေးဦးမှာပါ ..."

လီယင်းက မလှုပ်မယှက် ရပ်နေလိုက်သည်။

ယွင်ချင်းစီက တစ်ဖက်လှည့်ကာ ထိုင်ခုံပေါ် သွားထိုင်လိုက်၏။

"လက်ထပ်ထားတယ် ဆိုတာကလွဲရင် မင်းရော ငါရောမှာ ကိုယ့်ကိုယ်ပိုင်ဘဝနဲ့ကိုယ်ပဲ မင်းကိုယ်တိုင်တောင် မင်းစိတ်ဆန္ဒ အလိုပြည့်ဖို့ ပျော်ရွှင်မှု ရှာသေးတာပဲကို ဘာလို့ ငါကကျ ပျင်းရိမှုတွေ ပပျောက်ဖို့ ဗျပ်စောင်းတီးတဲ့သူ တစ်ယောက်လောက် ရှာလို့ မရရတာလဲ ..."

"မင်းက ဧကရာဇ် ပြီးတော့ တော်ဝင်သွေးသား ငါတို့နှစ်ယောက်က မတူညီတဲ့ အသိုင်းအဝိုင်းကနေ မွေးဖွားလာတယ်ဆိုတာ နားလည်ထားပြီးသား မင်းကို လေးလည်း လေးစားတယ် ဒါပေမယ့် မင်းဘက်ကလည်း ငါ့ကို နည်းနည်းလောက်ဖြစ်ဖြစ် လေးစားပေးလို့ ရမလား ..."

ယွင်ချင်းစီက ပြောလိုက်ငည်။

"ပင်ပန်းလွန်းလို့ အနားယူလိုက်ချင်နေပြီလို့ ..  ငါ့ကို နေရာလွတ်လေး နည်းနည်းလောက်တောင် မပေးနိုင်ဘူးလား ..."

လီယင်းကို မော့ကာကြည့်လိုက်သည်။

"မင်းကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့တဲ့ လေးနှစ်တာကို ထောက်ထားသောအားဖြင့် .. ငါ့ကို ကျေးဇူးပြုပြီး ကြင်နာပေးပါ ..."

လေးနှစ်တာ ... ယွင်ချင်းစီသည် သူ့ကို လေးနှစ်မက ချစ်ခဲ့ရသူ ဖြစ်သည်။