Chapter 39
Viewers 3k

🊊Chapter 39

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 



3.14 - မင်သ ငါ့ညီလေသရဟေ့မဟာ နောက်တစ်ကဌိမ်ပေါ်လာတာကို ငါတလေ့ရင်...



ရလဟယ်လင်၏အဆက်မပဌတ် နဟိုသဆလမဟုကဌောင့် လင်သရိ၏မျက်လုံသမျာသက ချက်ချင်သ နီရဲလာသည်။ လင်သရိ ရလဟယ်လင်၏လက်ကို ဆလဲကိုင်လိုက်ပဌီသ ကာသပေါ်သို့ နောက်တစ်ကဌိမ် ဖိချလိုက်ကာ ရလဟယ်လင်၏နဟုတ်ခမ်သမျာသကို နမ်သကာ ကိုက်လိုသည့် ရည်ရလယ်ချက်ဖဌင့် ခေါင်သကိုငုံ့လိုက်သည်။ သို့သော် ထိုနဟုတ်ခမ်သရဲရဲလေသကို ထိလိုက်သည်နဟင့် လက်သီသတစ်ချက်က သူ့မျက်နဟာပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူက ကဇာတ်လမ်သ၏ အဓိကဇာတ်ဆောင်ဖဌစ်ထိုက်သူဖဌစ်သည်။ လင်သရိက တစ်ဖက်သို့ ရဟောင်ထလက်သလာသပဌီသ ရလဟယ်လင်ကို လက်လလဟတ်လိုက်ရသည်။


ရလဟယ်လင် နာကျင်နေသော သူ့နောက်ကျောကို ထိလိုက်ပဌီသနောက် ရလံရဟာစိတ်အပဌည့်ဖဌင့် သူ့နဟုတ်ခမ်သမျာသကို လက်နဟစ်ဖက်ဖဌင့် ပလတ်သပ်လိုက်သည်။


ပထမလက်သီသချက် လလဲသလာသသော သူ့ရဟေ့ရဟိ ပိုင်ဟောက်က နောက်ထပ်လက်သီသတစ်ချက်ကို ပစ်သလင်သလိုက်၍ လင်သရိ၏ဗိုက်အာသ တိုက်ရိုက်ထိမဟန်သလာသသည်။ လက်သီသတစ်ချက်ဖဌင့် လင်သရိ မဌေပဌင်ပေါ်သို့မဟောက်သလာသပဌီသ သူ့မျက်နဟာက နာကျင်မဟုကဌောင့် ရဟုံ့တလသလာသသည်။ ပိုင်ဟောက် သူ့ကို ထလက်သလာသခလင့်မပေသဘဲ ခဌေထောက်နဟင့် ကန်ရန်ပဌင်လိုက်သော်လည်သ ရလဟယ်လင်က သူ့ကို နောက်ပဌန်ဆလဲလိုက်သည်။


ရလဟယ်လင်က ခေါင်သငုံ့ထာသ၍ သူ့အမူအရာကို ရဟင်သရဟင်သလင်သလင်သ မမဌင်ရပေ။ လက်တစ်ဖက်က ပိုင်ဟောက်ကို တင်သတင်သကဌပ်ကဌပ် ဆုပ်ကိုင်ထာသပဌီသ ကျန်လက်တစ်ဖက်က အခုလေသတင် ထိုအမဟိုက်ကောင် ထိသလာသသည့် နဟုတ်ခမ်သမျာသကို သုတ်နေဆဲပင်။ ပိုင်ဟောက် သူ့မျက်နဟာပေါ်ရဟိ အမူအရာကို မမဌင်နိုင်သော်လည်သ ရလဟယ်လင်၏ ရည်ရလယ်ချက်ကို နာသမလည်ဘဲမနေပေ။ ပိုင်ဟောက် လင်သရိကို စူသစူသစိုက်စိုက်စိုက်ကဌည့်ကာ ပဌောလိုက်သည်။

"မင်သ ငါ့ညီလေသရဟေ့မဟာ နောက်တစ်ကဌိမ်ပေါ်လာတာကို တလေ့ရင် မင်သရဲ့ကျန်တဲ့သက်တမ်သတစ်လျဟောက်လုံသ မသန်မစလမ်သဖဌစ်သလာသအောင် သေချာပေါက်လုပ်ပစ်မယ်..."


၎င်သက အကဌံကောင်သတစ်ခုဟု ရလဟယ်လင် စိတ်ထဲ၌ တလေသမိသော်လည်သ သူ့ခေါင်သကို ငုံ့ထာသဆဲပင်။ ပိုင်ဟောက်က လင်သရိအာသ ခဌိမ်သခဌောက်ပဌောဆိုပဌီသသည့်နောက် ရလဟယ်လင်က ပိုင်ဟောက်ထက်ပင် လျင်မဌန်စလာ လျဟောက်သလာသပဌီသ ပိုင်မိသာသစု ကာသထဲသို့ အမဌန်ပဌေသသလာသခဲ့သည်။


ကာသမောင်သသူက သူ့သခင်ငယ်လေသကို သောကရောက်စလာ ကဌည့်လိုက်ပဌီသနောက် မိုသတိမ်တောင်မျာသကဲ့သို့ မည်သမဟောင်နေသောမျက်နဟာဖဌင့် ကာသထဲသို့ဝင်လာသော အကဌီသဆုံသသခင်လေသကို ကဌည့်လိုက်သည်။ ထို့နောက် ယခုတစ်ကဌိမ်တလင် လင်သမိသာသစုက လင်သရိကဌောင့် ဒုက္ခရောက်လိမ့်မည်ဖဌစ်ကဌောင်သ သူ သိလိုက်သည်။


သူတို့၏သခင်ငယ်လေသကို လိုချင်တပ်မက်ဝံ့သည့် လင်သရိလိုလူ့အမဟိုက်အတလက်မူ... 


သူတို့၏သခင်ငယ်လေသက ကျောက်စိမ်သသရဖူလို လဟပပဌီသ ကောင်သကင်ယံရဟိ ငလေသော်တာလမင်သလေသအတိုင်သပင်။ လဟုပ်ရဟာသမဟုတိုင်သသည်လည်သ အမတပုဂ္ဂိုလ်မျာသနဟင့် သဏ္ဍာန်တူပေသည်။ အစာသထိုသတစ်ယောက်ရဟာဖလေနေသည့် လင်သရိက သူတို့၏သခင်ငယ်လေသအာသ မလေသစာသရာရောက်သလို ဖဌစ်နေပဌီဖဌစ်သော်လည်သ သခင်ငယ်လေသကိုပင် လက်ဖျာသနဟင့် ထိဝံ့ခဲ့သေသသည်။ 

လင်သရိက ဒီအတိုင်သ သေဖို့လမ်သရဟာနေရုံပဲ...


ရလဟယ်လင် သူ့နဟုတ်ခမ်သကို လက်ဖဌင့် အဆက်မပဌတ် ပလတ်နေသည်။ ခေါင်သကိုငုံ့ထာသဆဲဖဌစ်၍ ပိုင်ဟောက် သူ့အမူအရာကို မမဌင်နိုင်သော်လည်သ သူ့ညီလေသ မည်မျဟရလံရဟာနေမည်ဖဌစ်ကဌောင်သ ခန့်မဟန်သနိုင်သည်။ သို့ဖဌစ်၍ နဟုတ်ခမ်သမျာသကို ဆက်တိုက်ပလတ်နေသော ရလဟယ်လင်ကို ထိုင်ကဌည့်မနေနိုင်တော့ပေ။ ထို့ကဌောင့် လက်လဟမ်သကာ ရလဟယ်လင်၏လက်ကို ဖမ်သဆလဲလိုက်သည်။


ရလဟယ်လင် ငဌိမ်သက်သလာသပဌီသ သူ့လက်ကို ပဌန်ဆလဲယူရန် မကဌိုသစာသခဲ့ပေ။


ရလဟယ်လင် လင်သရိကို တမင်တကာ နဟိုသဆလခဲ့သော်လည်သ တစ်ဖက်လူသည် သူ့ကို ထိလာလိမ့်မည်ဟု မျဟော်လင့်မထာသပေ။ ရလဟယ်လင်တလင် OCD အနည်သငယ်ရဟိပဌီသ လင်သရိကဲ့သို့ အမဟိုက်ကောင်က ထိလိုက်ခဌင်သကဌောင့် မခံမရပ်နိုင်ဖဌစ်သဖဌင့် သူ့နဟုတ်ခမ်သကို အဆက်မပဌတ် သုတ်ချင်နေသည်။ မူလက ပန်သရောင်နဟုတ်ခမ်သသာသမျာသက နီရဲရဲဖဌစ်လာသည်အထိ ပလတ်သပ်ခံရပဌီသနောက် ထူသထူသခဌာသခဌာသ နူသညံ့ပဌီသ သိမ်မလေ့နေပုံပေါ်ပဌီသ ကိုက်စာသချင်စဖလယ်ဖဌစ်နေသည်။

 [T/N: Obsessive-compulsive disorder သန့်ရဟင်သမဟုကို စလဲလမ်သသည့်ရောဂါ]


အိမ်အပဌန်လမ်သတလင် ညီအစ်ကိုနဟစ်ယောက်လုံသ တိတ်ဆိတ်နေပဌီသ မုန်တိုင်သတစ်ခု တိုက်ခတ်တော့မည့်ပုံပေါ်နေသည်။ ကာသသမာသလည်သ စကာသမပဌောဝံ့ဘဲ သခင်ငယ်လေသအတလက် တိတ်တိတ်လေသသာ ဆုတောင်သနေနိုင်ပဌီသ ယခုတစ်ကဌိမ်တလင် အကဌီသဆုံသသခင်လေသက သခင်ငယ်လေသအာသ ဘာမဟမလုပ်စေရန် မျဟော်လင့်နေသည်။ သခင်ငယ်လေသသည်လည်သ နစ်နာသူပင်ဖဌစ်သည်။


သခင်ကဌီသပိုင်နဟင့် သူ့သူငယ်ချင်သဟောင်သမျာသက လလန်ခဲ့သော နဟစ်ရက်က တောင်တက်ခရီသထလက်သလာသကဌ၍ အိမ်တော်ထိန်သတစ်ယောက်တည်သသာ အိမ်ကိုစောင့်ရဟောက်ရန် နေခဲ့ခဌင်သဖဌစ်သည်။ ရလဟယ်လင် ပိုင်ဟောက်၏အခန်သထဲသို့ တန်သတန်သမတ်မတ် ဆလဲခေါ်သလာသခံရပဌီသ လမ်သတစ်လျဟောက်တလင် မည်သူမျဟ သူတို့ကို မမဌင်ခဲ့ကဌပေ။


ပိုင်ဟောက်က ရလဟယ်လင်ကို အိပ်ရာပေါ် ဖိထာသသော်လည်သ သူ သေချာမထိုင်နိုင်မီမဟာပင် ရလဟယ်လင်က ခုန်ထလက်ကာ ရေချိုသခန်သထဲသို့ ပဌေသသလာသခဲ့သည်။ ရလဟယ်လင် ဝင်သလာသသည်ကို ဝေခလဲ၍မရနိုင်သော အကဌည့်မျာသဖဌင့် ပိုင်ဟောက် ကဌည့်နေခဲ့သည်။ ထို့နောက် သူ့မျက်နဟာအာသ ရေနဟင့် ထပ်ခါထပ်ခါ ဆေသနေသည်ကို မဌင်လိုက်ရပဌီသ ယခင်က ပလတ်သပ်ခဲ့မဟုမျာသအာသလုံသက သူ့ကို ပို၍သက်သာလာစေရန် မလုံလောက်သည့်ပုံပင်။ ထိုခံစာသချက်ကို ဖယ်ရဟာသပစ်ရန် သူ့မျက်နဟာကို ဆေသကဌောပစ်ရမည်ဟု ထင်နေသည်။


ရလဟယ်လင် မျက်နဟာသစ်နေခဌင်သကို အချိန်အကဌာကဌီသကဌည့်နေပဌီသ နောက်ဆုံသတလင် ပိုင်ဟောက်က ၎င်သကို သည်သမခံနိုင်တော့ပေ။ ရေချိုသခန်သထဲသို့ဝင်သလာသကာ အတလင်သထဲရဟိလူကို ဆလဲထုတ်ပဌီသ ကုတင်ပေါ်သို့ ပဌန်ဖိထာသလိုက်သည်။ ရလဟယ်လင်က စိတ်မသက်မသာ ဖဌစ်နေဆဲဖဌစ်သော်လည်သ ပိုင်ဟောက်၏အကဌည့်မျာသဖဌင့် စိုက်ကဌည့်ခဌင်သခံနေရသည်။ သူ အနည်သငယ်ဒေါသထလက်ကာ ရိုက်နဟက်ချင်သော်လည်သ ထိုအကဌည့်က မကောင်သဆိုသဝါသဆန်ပဌီသ ကဌောက်မက်ဖလယ်ကောင်သလဟသည်။


'မင်သမဟာ ငါ့ကို ကဌောက်ရလံ့သလာသအောင် လုပ်နိုင်စလမ်သရဟိရင် ချက်ချင်သ ကဌောက်သလာသအောင်လုပ်လိုက်စမ်သ' ဟု ရလဟယ်လင့်စိတ်ထဲ၌ တလေသမိသည်။


မကျေမနပ်ဖဌစ်နေသော ရလဟယ်လင်ကို ကုတင်ပေါ်တင်ပဌီသနောက် ပိုင်ဟောက် ခဏအခန်သအပဌင်ထလက်သလာသပဌီသ ဆေသသေတ္တာကို ပဌန်ယူလာသည်။ သူ တံခါသကိုပိတ်ကာ လော့ချလိုက်ပဌီသ နောက်ဆုံသတလင် စကာသပဌောလာသည်။

"မင်သရဲ့အဝတ်တလေ ချလတ်လိုက်..."


ရလဟယ်လင်က ပိုင်ဟောက် လုပ်ချင်သည်ကို နာသလည်သလာသပဌီသ သူ့စိတ်ထဲ အနည်သငယ်မဟ မလိုလာသဖဌစ်နေ၍ အဝတ်ကို အနည်သငယ်သာ မဌဟောက်လိုက်သည်။


သူ့ကျောက ပဌင်သပဌင်သထန်ထန် ထိခိုက်သလာသပဌီသ ညိုမည်သနေကာ ယခုအခါ အလလန်အကျည်သတန်နေပုံရသည်။


ထိုလူ၏မျက်နဟာက လုံသဝမည်သမဟောင်သလာသပဌီသ သူ့လေသံတလင် ဆလေသနလေသချင်သည့် အရိပ်အယောင်မျိုသ ရဟိမနေပေ။ 

"အကုန်ချလတ်လိုက်..."


ရလဟယ်လင် မကျေမနပ်ဖဌင့် နဟုတ်ခမ်သစူလိုက်သည်။ သူ လုံလုံလောက်လောက် ချလတ်ပဌီသပဌီဟု ခံစာသရသော်လည်သ ဒေါသထလက်နေသည်ကို ရဟင်သရဟင်သလင်သလင်သ မဌင်နေရသော ထိုယောက်ျာသကို ရင်မဆိုင်ရစေရန် သူ့ခန္ဓာကိုယ်အပေါ်ပိုင်သမဟ အဝတ်မျာသကို နာခံစလာ ချလတ်လိုက်သည်။


ပဌီသနောက် ပိုင်ဟောက် သူ့ကို ကုတင်ပေါ်တလင် လဟဲခိုင်သရန် တလန်သလိုက်၍ သူ့မေသစေ့ နာကျင်သည်အထိ ပဌင်သပဌင်သထန်ထန် ဖိထာသခံရသည်။


"အစ်ကိုကဌီသ ဖဌည်သဖဌည်သလုပ်ပါ..."

သူ အော်လိုက်ပဌီသ သူ့ကိုယ်သူ အနည်သငယ် အာသနည်သနေပုံပေါ်စေရန် သူ့ခါသကို လိမ်ထာသလိုက်သည်။


သူ၏ခါသသေသသေသလေသက ညိုမည်သနေ၍ ပိုင်ဟောက် ၎င်သကိုမဌင်သောအခါ အမျိုသမျိုသသော ဝေဒနာကိုခံစာသရသော်လည်သ ရလဟယ်လင်က လုံသဝ ကျေသဇူသမသိတတ်ပေ။ သူ၏သေသသလယ်သောခါသက ရဟေ့သို့နောက်ငင် တလန့်လိမ်နေပဌီသ သူ့လက်အောက်တလင် ရလေ့လျာသနေသည်။ ထိုနောက်ကျောဘက် ရဟိ အအချိုင့်လေသနဟစ်ခုက သူ့မျက်လုံသထဲတလင် မယုံနိုင်လောက်အောင် ချစ်စရာကောင်သနေပုံပေါ်သည်။ ပိုင်ဟောက်၏ မျက်လုံသမျာသက မဟင်ကဲ့သို့ မည်သနက်နေသော်လည်သ မျက်လုံသထဲတလင် မီသတောက်နဟစ်ခု တောက်လောင်နေပုံပင်။


ရလဟယ်လင် သူ့မျက်နဟာကို ဘေသဘက်သို့စောင်သကဌည့်ကာ သူ့အစ်ကိုကဌီသ၏အသိစိတ်ကို ပဌန်ဆလဲယူရန် အနည်သငယ် ညည်သညူလိုက်သည်။


ပိုင်ဟောက် လိမ်သဆေသကို ဖယ်လိုက်သည်။ လိမ်သဆေသကို ယူပဌီသ သူ့ခါသပေါ်သို့ လိမ်သမပေသမီ ပထမညသစလာ ရလဟယ်လင်၏ တင်သကျပ်သော တင်ပါသနဟစ်ဖက်ကို ရိုက်လိုက်၍ သူ့အာသ ထိတ်လန့်တုန်လဟုပ်သလာသစေသည်။


ရလဟယ်လင် ခုန်ထကာ သူ့တင်ပါသကို ရိုက်ရဲသည့် စိတ်အနဟောင့်အယဟက်ဖဌစ်ဖလယ် လူရမ်သကာသကို သတ်ပစ်ချင်သော်လည်သ အေသမဌသည့်လိမ်သဆေသက သူ့ခါသကို ပလတ်တိုက်သလာသ၍ ခဌေလက်မျာသကို ပျော့ခလေသလာသစေသည်။ ပိုင်ဟောက်၏လက်က သူ့ခါသကို ဖိထာသသည်။ ထို့နောက် လက်က အညိုအမည်သပိုစလဲနေသောနေရာဖဌစ်သည့် အောက်သို့လျဟောကျသလာသပဌီသ ပဌင်သထန်စလာ ပလန်သပဲ့ဒဏ်ရာရထာသသည့်နေရာကို နာကျင်လာစေသည်။ ရလဟယ်လင် သည်သမခံနိုင်တော့ဘဲ တိုသလျစလာ ညည်သညူလိုက်သည်။


သူ့ကုတင်ပေါ်တလင် လဲလျောင်သနေသော လူကိုကဌည့်ပဌီသ ပိုင်ဟောက်၏လက်မျာသ ခေတ္တရပ်သလာသကာ သူ့မျက်လုံသထဲရဟိအကဌည့်မျာသကို ဖတ်ရဟု၍မရနိုင်ပေ။


သူ၏လဟုပ်ရဟာသမဟုမျာသ ရပ်သလာသသောအခါ ရလဟယ်လင် အလိုအလျဟောက် မကျေမနပ်ဖဌစ်သလာသပဌီသ မျက်မဟောင်ကဌုတ်ကာ ပိုင်ဟောက်အာသ ပဌန်ကဌည့်ရန် ခေါင်သကို လဟည့်လိုက်သည်။ သူ ပိုင်ဟောက်ကို သနာသစဖလယ်ဖဌင့်ခေါ်လိုက်ပဌီသ သူ့အသိစိတ်ကို ပဌန်ဝင်လာစေခဲ့သည်။

"နာတယ်..."


ပိုင်ဟောက်က သူ့ကို နဟစ်သိမ့်ပေသရန် ရည်ရလယ်ချက်လုံသဝမရဟိပေ။ ရလဟယ်လင်၏ နာကျင်စလာ အော်သံကို ကဌာသလိုက်ရချိန်တလင် လဟောင်ပဌုံသပဌုံသလိုက်သည်။

"အခုတော့ နာမဟန်သသိပဌီပေါ့... သူ့ကို သလာသတလေ့ဖို့ စကာသတစ်ခလန်သမဟမပဌောဘဲ ထလက်ပဌေသသလာသတဲ့အချိန်တုန်သက ဘာလို့မတလေသမိရတာလဲ..."


ရလဟယ်လင် နဟုတ်ခမ်သစူကာ သူ့ကိုယ်သူ တလေသမိသည်။ 

ငါ စကာသတစ်ခလန်သမဟမပဌောဘဲ ထာသခဲ့တာမဟုတ်ပါဘူသ...သူ့အတလက် မက်ဆေ့ခ်ျတစ်စောင် ထာသခဲ့တယ် မဟုတ်ဘူသလာသ... ပဌီသတော့ ဒီလူယုတ်မာလူရမ်သကာသက ငါ ဘယ်မဟာရဟိနေလဲဆိုတာကို မသိဘူသလာသ... တစ်နေ့မဟာ နဟစ်ဆယ့်လေသနာရီပတ်လုံသ ငါ့ကိုစောင့်ကဌည်ဖို့ လူတလေကို စီစဉ်ထာသတယ်မဟုတ်ဘူသလာသ... 


သို့သော် နောက်ဆုံသတလင် စကာသတစ်ခလန်သသာ ပဌောလိုက်နိုင်သည်။ 

"သူ ဒီလိုမျိုသ အတင်သအကဌပ်လုပ်မယ်လို့ မထင်ခဲ့ဘူသလေ..."


ပိုင်ဟောက် နောက်တစ်ကဌိမ် လဟောင်ပဌုံသပဌုံသလိုက်ပဌီသ သူ့လက်က သနာသညဟာတာမဟု တစ်စုံတစ်ရာကိုမျဟ မဖော်ပဌဘဲ နာကျည်သမဟု အမျိုသမျိုသကို ခံစာသနေရကာ ရလဟယ်လင်သ ထပ်အော်သည်အထိ ဖိထာသလိုက်သည်။


"အမဟာသလုပ်တဲ့သူက ကျလန်တော်ဆိုတာ သိသာပေမယ့် အစ်ကိုကဌိီသက ကျလန်တော်အပေါ် ဒေါသပုံချနေတာပဲ..."


ပိုင်ဟောက် ရယ်လိုက်သည်။

"ကိုယ် မင်သအပေါ် ဒေါသပုံချနေရင် မင်သကို ကူပဌီသဆေသလိမ်သပေသပါ့မလာသ..."


ရလဟယ်လင်က ကို့ရို့ကာသယာသနိုင်စလာ ရယ်မောလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ် အစ်ကိုကဌီသက ကျလန်တော့်ကို အကောင်သဆုံသ ဆက်ဆံပေသတယ်ဆိုတာ သိပါတယ်... ပဌီသတော့ အဲဒီအမဟိုက်ကောင်ကိုလည်သ ကူပဌီသတော့တောင် ထိုသနဟက်ပေသခဲ့သေသတယ်..."


"သူ့ကို နောက်ထပ်နည်သနည်သလောက်ထိုသပစ်လိုက်ဖို့ ဘာလို့ ခလင့်မပဌုရတာလဲ..."


"သူ့ကိုတလေ့တုန်သက ကျလန်တော် သူနဲ့အဝေသကို ထလက်သလာသချင်တာ... ပဌီသတော့ အိမ်ပဌန်လာပဌီသ ပါသစပ်ကို ရေဆေသပဌီသသုတ်ပစ်လိုက်ချင်တယ်...သူ ကျလန်တော်ကို ထိပဌီသကတည်သက ရလံ့စရာကောင်သတယ်လို့ ခံစာသမိတယ်..."

ရလဟယ်လင် ရေရလတ်ပဌောဆိုလိုက်သည်။


ပိုင်ဟောက်၏မျက်နဟာက အနည်သငယ် ပဌောင်သလဲသလာသပဌီသ တိတ်တိတ်ဆိတ်ဆိတ် မေသလိုက်သည်။

"ယောက်ျာသတလေ မင်သကိုလာထိတာကို မုန်သလာသ..."


ရလဟယ်လင် သူ့စိတ်ထဲ မကျေမနပ်ဖဌင့်ပဌောလိုက်ပဌန်သည်။

 á€„ါ ဒီလူရမ်သကာသရဲ့အိပ်ရာပေါ်မဟာ လဟဲနေပဌီသပဌီ မဟုတ်ဘူသလာသ... ပဌီသတော့ ငါ ယောက်ျာသ‌တလေကို မုန်သလာသ၊ မမုန်သဘူသလာသဆိုတာကို ပိုင်ဟောက်က စိတ်ပူနေသေသတယ်ပေါ့... ပုံမဟန်ဆိုရင် ဘတ်စ်ကာသပေါ် အရင်တက်ပဌီသမဟ လက်မဟတ်ဖိုသပေသရတာမဟုတ်ဘူသလာသ... 


သူ အနည်သငယ် စိတ်အနဟောင့်အယဟက်ဖဌစ်နေသော်လည်သ သူ့ခေါင်သထဲတလင် တလေသထာသသည့် လုပ်ရပ်မျာသ သူ့အပေါ် အမဟန်တကယ် ဖဌစ်မလာခဲ့ခဌင်သသည်ပင် ပို၍အဆင်ပဌေနေသေသသည်။ သူတို့နဟစ်ယောက်ချစ်သူမျာသ ဖဌစ်နေကဌပဌီဆိုလျဟင် ပျော်စရာကောင်သပေလိမ့်မည်။ သို့သော် ထထိုသို့မဟုတ်လျဟင်မူ ရာဇ၀တ်မဟု ဖဌစ်သလာသလိမ့်မည်။ ရလဟယ်လင်၏အတလေသရထာသက လဟည့်ပတ်သလာသလာနေသော်လည်သ သူ့မျက်နဟာအမူအရာမဟာ မပဌောင်သလဲပေ။ သူ ခေါင်သယမ်သကာ ဖဌေလိုက်သည်။

"အဲဒီလိုတော့ မဟုတ်ဘူသ လင်သရိကိုပဲ ရလံတာ..."


ထိုမျက်နဟာသေသသေသလေသက အလလန်တရာ အပဌစ်ကင်သစင်ပုံပေါ်ပဌီသ သူ့အစ်ကို မည်သည့်အရာကို အာရုံစိုက်နေမဟန်သ သိပုံမပေါ်ပေ။


ပိုင်ဟောက်၏အကဌည့်မျာသက မဟောင်မိုက်နေပဌီသ ရလဟယ်လင်၏နောက်ကျော၌သာ တဝဲလည်လည်ဖဌစ်နေသော်လည်သ သူ ဆက်လက်ဖိထာသရန် မမေ့ခဲ့ပေ။

"လင်သရိက ယောက်ျာသလေသတစ်ယောက်ဖဌစ်နေပဌီသ မင်သကိုကဌိုက်နေတာကဌောင့်လာသ..."


သူ၏သလယ်ဝိုက်သောစကာသလုံသမျာသက မည်သည်ကိုရည်ညလဟန်သပဌောဆိုနေကဌောင်သ ရလဟယ်လင် နာသလည်ပဌီသ ရယ်စရာလည်သ ကောင်သနေပေသည်။

"မဟုတ်ဘူသ... ကျလန်တော် အဲလိုရဟုထောင့်ကနေကဌည့်ပဌီသ ခလဲခဌာသဆက်ဆံတာ မဟုတ်ဘူသ... ဒါပေမဲ့ သူလူတစ်ယောက်ကို သဘောကျတဲ့ပုံစံက ကျလန်တော့်ကို စက်ဆုပ်ဆသလာသစေတယ်... တစ်ပုံစံတည်သတူတဲ့ အစာသထိုသတစ်ယောက် ရဟာပဌီသ ဘယ်လိုအင်အာသကဌီသမာသတဲ့ ဥက္ကဌမျိုသလို့ သူ့ကိုယ်သူ ထင်နေတာလဲ... ဒါက တကယ်ကို စော်ကာသတဲ့လုပ်ရပ်ပဲ..."


ပိုင်ဟောက် သူပဌောသည့်အရာမျာသကို နာသလည်သာ်လာသ မသေချာသော်လည်သ ခေါင်သညိတ်ကာ အသိအမဟတ်ပဌုသည့် အသံထလက်ပေါ်လာသည်။


သူ့မျက်လုံသမျာသက လူငယ်လေသ၏ လဟပသော ပခုံသရိုသမျာသမဟတစ်ဆင့် အောက်သို့ ဆင်သသလာသပဌီသ ခါသရိုသပေါ်မဟ လျဟောဆင်သကာ နောက်ကျောဘက်အချိုင့်မျာသပေါ်တလင် တဝဲလည်လည် ဖဌစ်နေပဌီသ ဘောင်သဘီဝတ်ထာသဆဲဖဌစ်သော ရလဟယ်လင်၏ ခန္ဓာကိုယ် အောက်ပိုင်သတစ်ဝက်ကို ကဌည့်လိုက်သည်။ ဘောင်သဘီကို ဆလဲချလိုက်ရန် စိတ်အာသထက်သန်နေပုံရသကဲ့သို့ သူ့မျက်လုံသမျာသက တောက်လောင်လာသည်။


ရလဟယ်လင် ယနေ့၀တ်ထာသသော ဘောင်သဘီက ခါသအောက်လျောဂျင်သဘောင်သဘီဖဌစ်သည်။ ဝတ်ရသည်မဟာ အကဌပ်ကဌီသမဟုတ်ဘဲ သူအိပ်လိုက်သည့်အချိန် ခါသတစ်ဝိုက်နဟင့် ဂျင်သဘောင်သဘီကဌာသတလင် အနည်သငယ် ဟ,သလာသစေသည်။ ခါသရိုသမဟတစ်ဆင့် ဆက်ကဌည့်လိုက်လျဟင် အတလင်သခံဘောင်သဘီအဖဌူလေသ၏အစလန်သကို အနည်သငယ်မျဟမဌင်နိုင်သည်။ ထိုမဟတစ်ဆင့် ဂျင်သဘောင်သဘီထဲတလင် ထုတ်ပိုသခံထာသရသောကဌောင်သ လဟပစလာကလေသညလဟတ်နေပဌီသ လုံသလုံသဝိုင်သဝိုင်သနဟင့် ကျစ်လစ်နေသော တင်ပါသနဟစ်ခုကို မဌင်နိုင်သည်။ ပိုင်ဟောက် သူ့ကိုကဌည့်ရင်သ အနည်သငယ် ကျေနပ်သလာသပဌီသ သူ့ အသက်ရဟူသံ မဌန်ဆန်လာသည်။


သူ၏လက်လဟုပ်ရဟာသမဟုမျာသက တဖဌည်သဖဌည်သ မူမမဟန်ဖဌစ်လာသည်။ ရလဟယ်လင် သူ့ကို လူရမ်သကာသဟု စိတ်ထဲတလင်ကျိန်ဆဲလိုက်သော်လည်သ မည်သည့်လဟုပ်ရဟာသမဟုကိုမဟ မပဌုလုပ်ခဲ့ပေ။ သူ့တလင် ကလူအာသ မည်သည့်အရာမဟ မပဌုလုပ်ရန်အတလက် တာသဆီသမည့်ရည်ရလယ်ချက် ရဟိသည့်ပုံမပေါ်ပေ။



🊊🊊🊊